အပိုင်း (၂၂၈) ဇာတ်သိမ်း (၄)

778 79 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၂၈) ဇာတ်သိမ်း (၄)

ချောင်မော့ယွီသည် ဒါရိုက်တာချန်း၏ဖုန်းကို လက်ခံရရှိခဲ့ပြီး သူတို့က ပြောလိုက်၏။

“မော့ယွီ  ငါ နောက်ထပ် ဒရာမာအသစ်ရိုက်ဖို့ဆုံးဖြတ်ထားတယ်၊ နင် အားအောင်လုပ်ထားရမယ်နော်”

ချောင်မော့ယွီ သဘောတူလိုက်၏။ သူမနှင့် ယဲ့ဖေးချန်းတို့သည် သူတို့၏သားလေးကို ပေါ်ပေါ်ထင်ထင် သွားကြိုခဲ့ကြသည်။

ယနေ့တွင် သူတို့သည် ယဲ့အိမ်တော်၌ စားသောက်ကြမည်ဖြစ်သည်။ အိမ်သို့ အောင်အောင်မြင်မြင် ပြန်ရောက်လာကြ၏။ သူတို့သည် ယဲ့အိမ်တော်သို့ ရောက်လာချိန်တွင် လော့လော့သည် တူတူပုန်းတမ်းကစားနေ၏။ တံခါးခေါင်းလောင်း မြည်လာ၏။

ယဲ့ဖေးချန်းသည် တံခါး သွားဖွင့်လိုက်ရာ ဟွမ်ချူကို တွေ့လိုက်ရ၏။

“ ဟယ်လို အန်ကယ်ဟွမ်”

ဟွမ်ချူသည် ယဲ့ဖေးချန်းကို ခပ်ယဲ့ယဲ့ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် အခန်းထဲတွင် ချောင်မော့ယွီကို တွေ့လိုက်ရချိန်တွင် သူသည် ချက်ချင်းလိုပင် အားတက်သရောပြုံးလိုက်တော့သည်။

“ရုပ်ရှင်ဧကရီချောင် တွေ့ရတာဝမ်းသာပါတယ်”

ချောင်မော့ယွီသည် ပြုံးကာ ပြောလိုက်၏။

“ အန်ကယ်ဟွမ် အဲလောက်ယဥ်ကျေးစရာမလိုပါဘူး”

ထိုအချိန်၌ တူတူပုန်းတမ်းကစားနေသည့် လော့လော့သည် ပြေးထွက်လာ၏။ သူသည် ဟွမ်ချူကို မော့ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်မျှ မှင်တက်သွားလေသည်။

ဟွမ်ချူသည် သူ့ကို တွေ့လိုက်သည့် အခိုက်တန့်တွင် သူ့မျကလုံးများသည် အရောင်တောက် သွားတော့သည်။

ဒါက ငါရှာနေတဲ့ သန့်ရှင်းစင်ကြယ်တဲ့မျိုးဆက်သစ် သူငယ်လေးပေါ့လေ။ သူ့မှာ ချောင်မော့ယွီလို ကံကောင်းတဲ့အရည်အသွေးတစ်ခု မရှိထားပေမဲ့ သူ့ပုံက အင်မတန်ဉာဏ်ကောင်းတဲ့ပုံပဲ။

သူသည် ဒူးထောက်ချလိုက်ပြီး သူ့ကိုယ်သူယုံကြည်ထားသည့် သိမ်မွေ့နွေးထွေးဆုံးလေသံဖြင့် ပြောလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Tempat cerita menjadi hidup. Temukan sekarang