စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

Galing kay Ex_0069

38.3K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... Higit pa

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 19

1K 35 16
Galing kay Ex_0069

Unicode
Episode _ 19

တေလွန်းနဲ့ကျွန်တော် လက်ထပ်မဲ့အကြောင်းကို ကျွန်တော်တို့အမေတွေရဲ့ကောင်းမှုကြောင့် အနီးအနားကရွာတွေကပါသိသွားကြသည်။ ထိုရွာတွေထဲက တချို့သူတွေက ကျွန်တော်တို့ကို ထူးဆန်းသလို၊ ရွံရှာပြီးလက်မခံသလိုရှိကြပေမဲ့ အများစုကတော့ ကျွန်တော်တို့ကို လက်ခံကြသည်။ ကိုယ့်ရပ်ကိုယ့်ရွာကတော့ ကျွန်တော်တို့အကြောင်းကို ကျွန်တော်တို့ငယ်ငယ်လေးကတည်းကသိထားပြီးသားမို့ လက်မခံတဲ့သူလည်းမရှိသလို ပြစ်တင်ရှုံ့ချမဲ့သူတွေလည်း မရှိပေ။ ထို့ပြင် ကျွန်တော်တို့အတွက် သူတို့က ဝမ်းသာပေးကြသည်။

ဆရာအောင်ထူးမော်နဲ့တိုးလွင်ကလည်း ကျွန်တော်တို့ကိစ္စကိုစီစဥ်နေတုန်း ဆရာအောင်ထူးမော်ရဲ့အမေနဲ့တိုးလွင်ရဲ့အဒေါ်တို့ကို သူတို့နှစ်ယောက်အကြောင်း ဖွင့်ပြောခဲ့သည်။ အုပ်ထိန်းသူတွေကလည်း ကျွန်တော်တို့ကိစ္စကို နားလည်ပေးထားတဲ့ရွာသူရွာသားတွေပဲမို့ ဆရာအောင်ထူးမော်တို့ကိစ္စကို လက်ခံပေးခဲ့သည်။ သို့သော် လွယ်လွယ်ကူကူတော့မဟုတ်။ အသက်အရွယ်ချင်းကွာခြားသည်ကတစ်ကြောင်း၊ ယောက်ျားလေးနှစ်ဦးမို့ တချိန်ချိန်မှာပြဿနာတချို့ဖြစ်လာနိုင်သည်ကတစ်ကြောင်း၊ ထို့ကြောင့် ဆရာအောင်ထူးမော်နဲ့တိုးလွင်ကို ကတိတွေအထပ်ထပ်တောင်းပြီးမှ ခွင့်ပြုပေးသည်။

" ဆင်ပေါက်! "

" အမလေး.. ဗုဒ္ဓမြတ်စွာ ကြွ! "

" ဟား...ဟား.... ဘာတွေ တွေးနေတာလဲ၊ ငါရောက်နေတာတောင် မသိရလောက်တဲ့အထိ..၊ "

" ဘာမှ မတွေးဘူး....၊ ဒီမှာ မင်္ဂလာပွဲအတွက်ဖိတ်ရမဲ့သူတွေကို စာရင်းလုပ်နေတာ "

" ပြပါအုံး... မောင့်ကို "

" တေလွန်း!.. မင်း ဘယ်လိုဖြစ်နေတာလဲ "

တေလွန်းက ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ပါးကိုနားပြီး ကျွန်တော့်ပခုံးပေါ်ခေါင်းမှီလိုက်တာကြောင့် အိမ်မှာဘယ်သူမှမရှိပေမဲ့ ကျွန်တော်အမြန်တွန်းလွှတ်မိသည်။ သူ့ကိုယ်သူလည်း မောင်တဲ့။ ဒီကောင် တေလွန်းက အရှက်ကိုမရှိဘူး။

" ဟာ.. ဘာလုပ်တာလဲ၊ မင်းနဲ့ငါက မကြာခင်မှာ ယူတော့မဲ့သူတွေနော်... "

ကျုပ်ရဲ့ခေါင်းကိုတွန်းလွှတ်တဲ့ဆင်ပေါက်ကို ကျုပ် မျက်မှောင်ကျုံ့ရင်း အလိုမကျစွာပြောမိတယ်။

" ယူမှ မယူရသေးဘဲ....၊ အဲ့တော့ မင်းနဲ့ငါက အခုထိ ဘာမှမဆိုင်သေးဘူး...၊ ပြီးတော့ အဲ့ဒီ မောင်.. ဆိုတာကြီးကို မပြောစမ်းပါနဲ့..... "

ကျုပ်ကိုပြန်ရန်တွေ့နေရင်းနဲ့မှ နောက်ဆုံးစကားနားရောက်တော့ မျက်နှာလွဲကာခေါင်းငုံ့သွားတဲ့ ကျုပ်ရဲ့ဆင်ပေါက်လေး။ ဟား.... ဒီကောင်က တကယ်တော့ ရှက်နေတာပဲ။

" မောင့်ရဲ့ဆင်ပေါက်လေးက ရှက်နေတာလား....၊ အိမ်မှာ ဘယ်သူမှမရှိပါဘူးကွာ "

" ဘာ.. ဘာကိုရှက်ရမှာလဲ.. မရှက်ပါဘူး၊ ပြီးတော့ ဟုတ်တယ်..၊ အိမ်မှာ ဘယ်သူမှမရှိဘူး အဲ့တော့ မင်း ပြန်တော့! သွား "

" မပြန်နိုင်ပါဘူးဗျာ..... အိမ်မှာ ဘယ်သူမှမရှိဘူးဆိုတော့ မောင့်ရဲ့ဆင်ပေါက်လေးကို မောင်က ဘယ်စိတ်ချနိုင်ပါ့မလဲ...၊ ပြီးတော့ မောင့်ဆင်ပေါက်လေးက တစ်ယောက်တည်းဆိုတော့ ပျင်းနေမှာပေါ့... မောင်က အဖော်လာလုပ်ပေးတာလေ... ဟင်း... ဟင်း.. "

" မင်း.. မင်းနော်၊ ဘယ်လိုကြီး ရယ်နေတာလဲ.. ရုပ်ကိုက မဟုတ်တာလုပ်တော့မဲ့ရုပ်ကြီးနဲ့... သွား! ပြန်တော့ "

ပြီတီတီရုပ်ကြီးနဲ့ကျွန်တော့်တစ်ကိုယ်လုံးကိုစိုက်ကြည့်ပြီး အရသာခံသလိုလျှာသပ်ပြီးပြောတဲ့တေလွန်းကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထကာ အနည်းငယ်ကြောက်လန့်စိတ်တို့ဝင်မိတယ်။

" ရော်... ဇွတ်ကို နှင်နေတာပါလား...၊ မပြန်ဘူးဆို မပြန်ဘူးကွာ! "

ကျုပ်ကို အတင်းပြန်လွှတ်နေတဲ့ဒီဗုဒ္ဓဟူးသားကို စိတ်မရှည်တော့ပေ။ ထို့ကြောင့် တပင္လိုင်ခွေထိုင်နေတဲ့ဗုဒ္ဓသားရဲ့ပေါင်ပေါ်ကို ခေါင်းအုံးအိပ်လိုက်ပြီး အဲ့ကောင်ရဲ့ဗိုက်မှာမျက်နှာအက်ထားလိုက်တယ်။ ကဲ... မှတ်ကရော။

" ဟ့!.. တေ.. တေလွန်း မင်း ဘာ.. ဘာလုပ်တာလဲ.. "

" ...... "

" အာ.! မ.. မလုပ် မလုပ်နဲ့.. လေ "

ရုတ်တရက် ကျွန်တော့်ရဲ့ပေါင်ပေါ်ခေါင်းအုံးအိပ်ပြီး ကျွန်တော့်ဗိုက်မှာမျက်နှာအပ်လိုက်တဲ့တေလွန်းကြောင့် ကျွန်တော့်မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိအကြောအချင်များ ဆတ်ခနဲတုန်ယင်သွားသည်။ ထို့ပြင် နှလုံးခုန်နှုန်းတွေကလည်း ပုံမှန်ထက်ပိုမြန်လာပြီး စကားများပင် အထစ်ထစ်အငေါ့ငေါ့ဖြင့်၊ ဒီကြားထဲ ကျွန်တော်မေးတာကိုမဖြေဘဲ ကျွန်တော့်ဗိုက်မှာအပ်ထားတဲ့သူ့မျက်နှာကို ပိုပြီးတိုးကပ်ပြီးကိုက်လိုက်တဲ့တေလွန်းကြောင့် ကျွန်တော့်မျက်နှာပြင်တစ်ခုလုံး အပူလောင်သွားသလိုစပ်ဖျင်းဖျင်းနဲ့နီရဲတွတ်သွားသည်။ ကျွန်တော်တို့ထိုင်နေတာက အိမ်ထဲမှာမို့သာ တော်သေးသည်။ မဟုတ်ပါက အခုလိုပုံစံကို အခြားသူတွေသာ မြင်သွားခဲ့လျှင်။ ကျွန်တော်ကိုက မှားတာပါ... တေလွန်းကို မနိုင်မှန်းသိလျက်နဲ့ ပြောမိတဲ့ကျွန်တော်ကိုက မှားတာ။ အရွဲ့တိုက်တတ်တဲ့တေလွန်းကြောင့် အခု ကျွန်တော့်မှာ တေလွန်းတို့အိမ်သွားနေတဲ့ အမေနဲ့အဘတို့အမြန်ပြန်လာဖို့ကိုသာ ဆုတောင်းနေမိတယ်။

" တေ.. တေလွန်း အဲ့လိုကြီးမနေပါနဲ့၊ ဟို... အခြားသူမြင်သွားရင် မ..မကောင်းဘူးလေ "

" ဘာမကောင်းစရာရှိလို့လဲ... ဘယ်သူက မင်းရဲ့အိမ်ထဲထိ တကူးတကကြီးလာကြည့်မှာလဲ... "

" ဒါပေမဲ့ ငါ မနေတတ်ဘူးကွာ...၊ မပြန်ချင်ဘူးဆိုလည်း မပြန်နဲ့လေ... ငါ့ကို ဖိတ်ရမဲ့အိမ်တွေစာရင်းလုပ်တာ ကူပေးနော်.... "

ဆင်ပေါက်ကို ကျုပ် မျက်မှောင်ကျုံ့ပြီး မော့ကြည့်လိုက်တယ်။ ဒီကောင် တကယ်ကြီး တော်တော်ရှက်နေတာပဲ။ ကျုပ်ကိုမကြည့်ဘဲ ခေါင်းကိုလွှဲထားသေးတယ်။ ကျုပ် မော့ကြည့်နေတာကို ဒီကောင် သိလျက်သားနဲ့။ ကျုပ်ရဲ့ဆင်ပေါက်လေးရှက်နေတာက သိပ်အသည်းယားဖို့ကောင်းတာပဲဗျာ။ မျက်နှာပါမက နားရွက်ဖျားတွေပါ ရဲပလောင်းခတ်နေတာပဲ။ ဟား... ကျုပ်ရဲ့ဆင်ပေါက်လေးက ကျုပ်ကြောင့် တော်တော်နေရခက်နေတယ်ထင်တယ်။ ဒါ့ကြောင့်လည်း ကျုပ်ကို ရွေပြည်အေးအသံနဲ့ချော့ပြောတာကိုး။ ဟက်... ကျုပ်ရဲ့ဗုဒ္ဓဟူးသားလေးက ကျုပ်အကြောင်း မသိသေးဘူးဘဲ။ ဒီကကောင်က အချော့မကြိုက်ဘူးများထင်နေတာလား။

" ရတယ်!... မပြန်ရရင် ပြီးရော၊ ဘယ်သူတွေကျန်နေသေးလဲ.. ပြော "

ကျွန်တော့်ပေါင်ပေါ်ခေါင်းအုံးနေရာကနေ ထထိုင်ပြီး ကျွန်တော့်လက်ထဲက စာအုပ်ကိုဆွဲယူကာ မျက်မှောင်ကျုံ့၍ဘေးမှာကပ်ထိုင်နေတဲ့တေလွန်း။ တေလွန်း ကျွန်တော့်ကိုစိတ်ဆိုးသွားတာလား။

" ဟို မင်း စိတ်ဆိုးသွားတာလား... "

ကျွန်တော်မေးလိုက်မှ ပိုပြီးကျုံ့သွားတဲ့မျက်ခုံးတွေနဲ့က တေလွန်း ကျွန်တော့်ကိုတော်တော်စိတ်ဆိုးနေသည်ထင်။

" ငါက အဲ့လိုမျိုးမဟုတ်ပါဘူး... ၊ အဲ့လို ပူးပူးကပ်ကပ်ကြီးမနေဘူးတော့ မနေတတ်လို့ပါ... မင်းကို မလုပ်ဖို့ပြောတာက မင်းကိုအဲ့လိုသဘောမျိုးနဲ့ဆိုလိုပြီးပြောတာမဟုတ်ပါဘူး... တေလွန်း "

" အဲ့တာဆို မင်းက မကြိုက်လို့မဟုတ်ဘူးပေါ့... "

" အင်း... ဟို ဒီတိုင်း မနေတတ်လို့ပါ..၊ ငါ့ကို စိတ်မဆိုးပါနဲ့နော်.... "

ကျုပ်ကိုကြည့်ပြီး နားလည်မှုလွဲနေတဲ့ဆင်ပေါက်ကိုကြည့်ပြီး အူးယားကာ ကြိတ်ရယ်ချင်မိတယ်။ ကျုပ်ကို စိတ်ဆိုးတယ်ထင်ပြီးချော့နေတဲ့ပုံစံလေးက တကယ်ဆွဲဖက်ချင်စရာလေး။

" မဆိုးဘူး...၊ မင်းဘာသာ လုပ်စရာရှိတာလုပ်!... ငါပြန်တော့မယ် "

ကျုပ်လည်း ဆင်ပေါက်ရဲ့ပုံစံလေးကိုကြည့်ပြီး စနောက်ချင်လာတဲ့စိတ်ကလေးကြောင့် လက်ထဲကစာအုပ်ကိုပစ်ချကာ မတ်တပ်ထရပ်လိုက်သည်။

" တေလွန်း.. ငါ တကယ် တောင်ပန်ပါတယ်..၊ ငါက တကယ် ဒီတိုင်းပြောမိတာပါ... မင်း အဲ့လိုပြောတာမကြိုက်ရင် ငါ နောက်တစ်ခါ အဲ့ဒီလိုတွေ မပြောတော့ပါဘူး...၊ ငါ့ကို စိတ်မဆိုးပါနဲ့ကွာ... "

" ..... "

" နော်.. ငါ တကယ်တောင်းပန်ပါတယ် "

ကျုပ် ဘယ်လိုစိတ်နဲ့များဆက်ပြီးတင်းခံရမှာလဲ။ ကျုပ်တကယ်စိတ်ဆိုးသွားပြီလို့ အဟုတ်ထင်နေတဲ့ကျုပ်ရဲ့ဆင်ပေါက်လေးက ကျုပ်ရဲ့လက်ကိုအတင်းဆွဲထားပြီး ပြိုတော့မဲ့မိုးလေးလိုငိုချမတက်တောင်းပန်နေတော့ ကျုပ်လည်း ဆက်ပြီးစနောက်ချင်တဲ့စိတ်မရှိတော့ပေ။ ဒါပေမဲ့ အမှန်အတိုင်းပြောပြီး သူ့ကိုစနေတာကိုသိသွားရင်လည်း ကျုပ်ရဲ့ဗုဒ္ဓဟူးငားဆလးက ကျုပ်ကိုအကြီးအကျယ်ပြန်စိတ်ဆိုးတော့မှာကို ကျုပ် ကြိုသိနေတယ်လေ။ အဲ့တာကြောင့် ကျုပ်ကပဲ အနစ်နာခံလိုက်သလို သူတောင်းပန်နေတာကို လက်ခံပြီးခွင့်လွှတ်ပေးသလိုနဲ့ ဒီကိစ္စကိုအဆုံးသတ်လိုက်တော့မယ်။

ကျုပ် ဆင်ပေါက်ရဲ့ဘေးမှာပြန်ထိုင်လိုက်သည်။

" ရတယ် ငါ စိတ်မဆိုးဘူး... ဟုတ်ပြီလား၊ အခု မင်း ဖိတ်ရမဲ့လူတွေစာရင်းက ပြီးပြီလား... မပြီးသေးရင် ငါ ကူ​ရေးပေးမယ်လေ "

" တကယ် စိတ်မဆိုးတော့ဘူးနော်... "

" မင်း ထပ်မေးရင် ငါ တကယ်ထပြန်တော့မှာ... "

" မင်းကလည်း.... "

~~~~~~~~~~~~~~~~~~~~~~~~~

" ဟဲ့... ဇော်ဝင်း ငါ့ရှေ့က ဖယ်စမ်းပါဟယ်...၊ ဒီမှာ အဘတို့အတွက် ထမင်းပို့ဖို့နောက်ကျနေပါပြီဆိုမှ.... "

" မရဘူးဗျာ... မမစု ကျုပ်ကို အဖြေပြန်ပေးတော့၊ ကျုပ်တို့သူငယ်ချင်းတွေထဲမှာ ရည်းစားမရှိတာဆိုလို့ ကျုပ်တစ်ယောက်တည်းပဲ ကျန်တော့တာဗျ...၊ ကျုပ်ကို ဒီကောင်တွေကြောသွားမှာ ကျုပ်မခံနိုင်ဘူးဗျာ... မမစု ကျုပ်ကို အဖြေပြန်ပေးတော့ "

" အောင်မာ!.. ဘာကို နင်တစ်ယောက်တည်းလဲ.. နိုင်ထွန်းရှိနေသေးတာပဲ "

" ဒါပေမဲ့ နိုင်ထွန်းက ဒီမှာမဟုတ်ဘူးလေ...၊ ဒီမှာရှိတဲ့သူတွေထဲမှာ ကျုပ်တစ်ယောက်ပဲ ရည်းသားမရှိတာက မဖြစ်သင့်ဘူး...၊ လုပ်ဗျာ.. မမစု ကျွန်တော့်ကို အဖြေပေးလိုက်ပါတော့ "

" အော်.. ဟဲ့! နင့်ဟာက အဖြေတောင်းတာလား.. ဓားမြတိုက်နေတာလား.. ဟမ်၊ ပြီးတော့ ငါ နင့်ကိုပြောပြီးသားလေ... ငါက ပညာတက်ဘွဲ့ရတဲ့သူကိုပဲ စဥ်းစားပေးမှာလို့... "

စုစုစံရဲ့စကားကြောင့် ဇော်ဝင်းရဲ့မျက်နှာက အိုကျသွားသည်။ ဒီလိုကျတော့လည်း စုစုစံခင်ဗျာ ဇော်ဝင်းကိုကြည့်ပြီး သနားသွားရပြန်သည်။ ဇော်ဝင်းကလည်း သူ့မောင်ရဲ့သူငယ်ချင်းဆိုပေမဲ့ ကိုယ့်မောင်လေးလိုသံယောစဥ်ရှိပြီးခင်တွယ်ရတဲ့သူမလား။ အခုလိုဝမ်းနည်းနေတော့ သူလည်း ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ ဒါပေမဲ့ သူ့ရဲ့အိမ်ထောင်ဖက်အတွက် သတ်မှတ်ထားတဲ့စံနှုန်းတွေကိုတော့ သူ လုံးဝပြောင်းလဲပေးမည်မဟုတ်။ အကယ်၍ သူသတ်မှတ်ထားတဲ့အရည်းအချင်းရှိတဲ့အိမ်ထောင်ဘက်မျိုးကို သူ မရခဲ့ဘူးဆိုရင်တောင် သူ အပျိုကြီးပဲလုပ်မည်။ အိမ်ထောင်ဖက်တစ်ယောက်အဖြစ်သတ်မှတ်ထားတဲ့ သူ့ရဲ့သတ်မှတ်ချက်စံနှုန်းတွေကိုတော့ ဘယ်တော့မှလျော့ပေးလိမ့်မည်မဟုတ်။ ဒါက သူတို့မိန်းကလေးအတွက် ကိုယ့်တန်ဖိုးကို ကိုယ်တိုင်တန်ဖိုးထားရာလည်းရောက်သလို... ကိုယ့်ရဲ့သိက္ခာ၊ အဆင့်အတန်းနဲ့ ဘဝ၊အနာဂတ်ကို ကိုယ်တိုင်ရေးဆွဲခြင်းသာဖြစ်သည်။

" နင် တကယ်လို့ ငါ့ကိုတကယ်ချစ်ရင်.. ကြိုးစားပေါ့...၊ ငါ စောင့်ပေးနိုင်ပါတယ်... ဒါပေမဲ့ ဒီကြားထဲမှာ နင့်ဘက်က အကြောင်းအမျိုးမျိုးကြောင့် အခြားသူအပေါ်စိတ်ယိုင်သွားတာမျိုး...၊ ဒါမှမဟုတ် နောက်တစ်ချိန်မှာ ငါ့အပေါ်စိတ်ကုန်သွားတာမျိုးဖြစ်လာခဲ့ရင်တော့ ငါ နင့်ကို ဘယ်တော့မှလက်ခံမှာမဟုတ်တော့ဘူး "

" အဲ့လို လုံးဝဖြစ်မှာမဟုတ်ဘူး...!!! "

စုစုစံရဲ့စကားကို ဇော်ဝင်းက ဒေါသထွက်သွားဟန်၊ ခက်ထန်စွာ ပြန်ချေပသည်။ စုစုစံလည်း သူ့စကားက ဇော်ဝင်းရဲ့မာနကို ထိပါးစော်ကားသလိုဖြစ်သွားမှန်း ပြန်သတိထားမိပြီး စကားလမ်းကြောင်းလွဲဖို့ပြင်လိုက်သည်။

" ကဲပါ... အဘတို့အတွက် ထမင်းပို့ဖို့ နောက်ကျနေပြီ... သွားတော့မယ်၊ အမပြောတာကို မမေ့နဲ့နော်...၊ အမ မင်းကို စောင့်ပေးနိုင်တယ်... "

စုစုစံက ထိုစကားကိုပြောပြီးတာနဲ့ ဇော်ဝင်းကိုရှောင်ကာ တေလွန်းတို့အိမ်အသစ်အတွက်ပြင်ဆင်နေတဲ့အဘတိုါရှိရာကို အမြန်သွားခဲ့သည်။ သူ ထမင်းပို့ဖို့အတော်နောက်ကျနေပြီမလား။ ဇော်ဝင်းရဲ့မာနကိုစော်ကားသလိုဖြစ်သွားတဲ့အတွက် ဇော်ဝင်းကိုတောင်းပန်ခဲ့သင့်ပေမဲ့ သူ မတောင်းပန်တော့ဘူး။ ဇော်ဝင်တို့အရွယ်က အခုလို မခံချင်စိတ်လေးနဲ့ကြိုးစားရင် ဘယ်လောက်ခက်ခဲတဲ့အရာဖြစ်နေပါစေ မဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့အရွယ်တွေမလား။ သူ့စကားက ဇော်ဝင်းအတွက် တွန်အားတစ်ခုဖြစ်သွားရင် သူ ကျေနပ်သည်။ လွဲမှားတဲ့လမ်းကြောင်ူအပေါ် မရောက်သွားပါစေနဲ့လို့တော့ သူ ဆုတောင်းမိတာပေါ့။

ဇော်ဝင်းကတော့ ထွက်သွားတဲ့စုစုစံရဲ့နောက်ကျောကိုကြည့်ပြီး အံကိုခပ်တင်းတင်းကြွတ်ကာ လက်သီးစုတ်ကိုတင်းကျပ်နေအောင်ဆုပ်ပြီး တောက်ခေါက်လိုက်သည်။ မမစုက သူ့ကို မယုံကြည်တဲ့အပြင် သူ့အချစ်ကိုပါ စော်ကားသွားသည်မလား။ ပြီးတော့ သူ့ကိုလည်း အထင်သေးတဲ့စကားလုံးတွေနဲ့ပြောသွားသည်။ စုစုစံရဲ့နောက်ကျောကို သူ့အမြင်အာရုံကနေပျောက်ကွယ်သွားပြီဆိုမှ ဇော်ဝင်းလည်း သူ အခုမတ်တပ်ရပ်နေတဲ့နေရာကနေ ထွက်သွားတဲ့စုစုစံရဲ့ဆန့်ကျင်ဘက်ကိုမျက်နှာမူပြီး ထွက်သွားသည်။ ဒီအတိုင်းတော့ မဟုတ်။ လုံးဝကိုပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချပြီး လှည့်ထွက်ခဲ့ခြင်းဖြစ်သည်။

Next episode ............

Zawgyi
Episode _ 19

ေတလြန္းနဲ႔ကြၽန္ေတာ္ လက္ထပ္မဲ့အေၾကာင္းကို ကြၽန္ေတာ္တို႔အေမေတြရဲ့ေကာင္းမႈေၾကာင့္ အနီးအနားကရြာေတြကပါသိသြားၾကသည္။ ထိုရြာေတြထဲက တခ်ိဳ႕သူေတြက ကြၽန္ေတာ္တို႔ကို ထူးဆန္းသလို၊ ရြံရွာၿပီးလက္မခံသလိုရိွၾကေပမဲ့ အမ်ားစုကေတာ့ ကြၽန္ေတာ္တို႔ကို လက္ခံၾကသည္။ ကိုယ့္ရပ္ကိုယ့္ရြာကေတာ့ ကြၽန္ေတာ္တို႔အေၾကာင္းကို ကြၽန္ေတာ္တို႔ငယ္ငယ္ေလးကတည္းကသိထားၿပီးသားမို႔ လက္မခံတဲ့သူလည္းမရိွသလို ျပစ္တင္ရႈံ႔ခ်မဲ့သူေတြလည္း မရိွေပ။ ထို႔ျပင္ ကြၽန္ေတာ္တို႔အတြက္ သူတို႔က ဝမ္းသာေပးၾကသည္။

ဆရာေအာင္ထူးေမာ္နဲ႔တိုးလြင္ကလည္း ကြၽန္ေတာ္တို႔ကိစၥကိုစီစဥ္ေနတုန္း ဆရာေအာင္ထူးေမာ္ရဲ့အေမနဲ႔တိုးလြင္ရဲ့အေဒၚတို႔ကို သူတို႔ႏွစ္ေယာက္အေၾကာင္း ဖြင့္ေျပာခဲ့သည္။ အုပ္ထိန္းသူေတြကလည္း ကြၽန္ေတာ္တို႔ကိစၥကို နားလည္ေပးထားတဲ့ရြာသူရြာသားေတြပဲမို႔ ဆရာေအာင္ထူးေမာ္တို႔ကိစၥကို လက္ခံေပးခဲ့သည္။ သို႔ေသာ္ လြယ္လြယ္ကူကူေတာ့မဟုတ္။ အသက္အရြယ္ခ်င္းကြာျခားသည္ကတစ္ေၾကာင္း၊ ေယာက္်ားေလးႏွစ္ၪီးမို႔ တခ်ိန္ခ်ိန္မွာျပႆနာတခ်ိဳ႕ျဖစ္လာႏိုင္သည္ကတစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဆရာေအာင္ထူးေမာ္နဲ႔တိုးလြင္ကို ကတိေတြအထပ္ထပ္ေတာင္းၿပီးမွ ခြင့္ျပဳေပးသည္။

" ဆင္ေပါက္! "

" အမေလး.. ဗုဒၶျမတ္စြာ ႂကြ! "

" ဟား...ဟား.... ဘာေတြ ေတြးေနတာလဲ၊ ငါေရာက္ေနတာေတာင္ မသိရေလာက္တဲ့အထိ..၊ "

" ဘာမွ မေတြးဘူး....၊ ဒီမွာ မဂၤလာပြဲအတြက္ဖိတ္ရမဲ့သူေတြကို စာရင္းလုပ္ေနတာ "

" ျပပါအံုး... ေမာင့္ကို "

" ေတလြန္း!.. မင္း ဘယ္လိုျဖစ္ေနတာလဲ "

ေတလြန္းက ေျပာေျပာဆိုဆိုနဲ႔ ကြၽန္ေတာ့္ပါးကိုနားၿပီး ကြၽန္ေတာ့္ပခံုးေပၚေခါင္းမွီလိုက္တာေၾကာင့္ အိမ္မွာဘယ္သူမွမရိွေပမဲ့ ကြၽန္ေတာ္အျမန္တြန္းလႊတ္မိသည္။ သူ႔ကိုယ္သူလည္း ေမာင္တဲ့။ ဒီေကာင္ ေတလြန္းက အရွက္ကိုမရိွဘူး။

" ဟာ.. ဘာလုပ္တာလဲ၊ မင္းနဲ႔ငါက မၾကာခင္မွာ ယူေတာ့မဲ့သူေတြေနာ္... "

က်ဳပ္ရဲ့ေခါင္းကိုတြန္းလႊတ္တဲ့ဆင္ေပါက္ကို က်ဳပ္ မ်က္ေမွာင္က်ံဳ႔ရင္း အလိုမက်စြာေျပာမိတယ္။

" ယူမွ မယူရေသးဘဲ....၊ အဲ့ေတာ့ မင္းနဲ႔ငါက အခုထိ ဘာမွမဆိုင္ေသးဘူး...၊ ၿပီးေတာ့ အဲ့ဒီ ေမာင္.. ဆိုတာႀကီးကို မေျပာစမ္းပါနဲ႔..... "

က်ဳပ္ကိုျပန္ရန္ေတြ့ေနရင္းနဲ႔မွ ေနာက္ဆံုးစကားနားေရာက္ေတာ့ မ်က္ႏွာလြဲကာေခါင္းငံု႔သြားတဲ့ က်ဳပ္ရဲ့ဆင္ေပါက္ေလး။ ဟား.... ဒီေကာင္က တကယ္ေတာ့ ရွက္ေနတာပဲ။

" ေမာင့္ရဲ့ဆင္ေပါက္ေလးက ရွက္ေနတာလား....၊ အိမ္မွာ ဘယ္သူမွမရိွပါဘူးကြာ "

" ဘာ.. ဘာကိုရွက္ရမွာလဲ.. မရွက္ပါဘူး၊ ၿပီးေတာ့ ဟုတ္တယ္..၊ အိမ္မွာ ဘယ္သူမွမရိွဘူး အဲ့ေတာ့ မင္း ျပန္ေတာ့! သြား "

" မျပန္ႏိုင္ပါဘူးဗ်ာ..... အိမ္မွာ ဘယ္သူမွမရိွဘူးဆိုေတာ့ ေမာင့္ရဲ့ဆင္ေပါက္ေလးကို ေမာင္က ဘယ္စိတ္ခ်ႏိုင္ပါ့မလဲ...၊ ၿပီးေတာ့ ေမာင့္ဆင္ေပါက္ေလးက တစ္ေယာက္တည္းဆိုေတာ့ ပ်င္းေနမွာေပါ့... ေမာင္က အေဖာ္လာလုပ္ေပးတာေလ... ဟင္း... ဟင္း.. "

" မင္း.. မင္းေနာ္၊ ဘယ္လိုႀကီး ရယ္ေနတာလဲ.. ရုပ္ကိုက မဟုတ္တာလုပ္ေတာ့မဲ့ရုပ္ႀကီးနဲ႔... သြား! ျပန္ေတာ့ "

ၿပီတီတီရုပ္ႀကီးနဲ႔ကြၽန္ေတာ့္တစ္ကိုယ္လံုးကိုစိုက္ၾကည့္ၿပီး အရသာခံသလိုလ်ွာသပ္ၿပီးေျပာတဲ့ေတလြန္းေၾကာင့္ ကြၽန္ေတာ့္တစ္ကိုယ္လံုး ၾကက္သီးေမႊးၫွင္းမ်ားထကာ အနည္းငယ္ေၾကာက္လန္႔စိတ္တို႔ဝင္မိတယ္။

" ေရာ္... ဇြတ္ကို ႏွင္ေနတာပါလား...၊ မျပန္ဘူးဆို မျပန္ဘူးကြာ! "

က်ဳပ္ကို အတင္းျပန္လႊတ္ေနတဲ့ဒီဗုဒၶဟူးသားကို စိတ္မရွည္ေတာ့ေပ။ ထို႔ေၾကာင့္ တပငႅိုင္ေခြထိုင္ေနတဲ့ဗုဒၶသားရဲ့ေပါင္ေပၚကို ေခါင္းအံုးအိပ္လိုက္ၿပီး အဲ့ေကာင္ရဲ့ဗိုက္မွာမ်က္ႏွာအက္ထားလိုက္တယ္။ ကဲ... မွတ္ကေရာ။

" ဟ့!.. ေတ.. ေတလြန္း မင္း ဘာ.. ဘာလုပ္တာလဲ.. "

" ...... "

" အာ.! မ.. မလုပ္ မလုပ္နဲ႔.. ေလ "

ရုတ္တရက္ ကြၽန္ေတာ့္ရဲ့ေပါင္ေပၚေခါင္းအံုးအိပ္ၿပီး ကြၽန္ေတာ့္ဗိုက္မွာမ်က္ႏွာအပ္လိုက္တဲ့ေတလြန္းေၾကာင့္ ကြၽန္ေတာ့္မွာ ခႏၶာကိုယ္တစ္ခုလံုးရိွအေၾကာအခ်င္မ်ား ဆတ္ခနဲတုန္ယင္သြားသည္။ ထို႔ျပင္ ႏွလံုးခုန္ႏႈန္းေတြကလည္း ပံုမွန္ထက္ပိုျမန္လာၿပီး စကားမ်ားပင္ အထစ္ထစ္အေငါ့ေငါ့ျဖင့္၊ ဒီၾကားထဲ ကြၽန္ေတာ္ေမးတာကိုမေျဖဘဲ ကြၽန္ေတာ့္ဗိုက္မွာအပ္ထားတဲ့သူ႔မ်က္ႏွာကို ပိုၿပီးတိုးကပ္ၿပီးကိုက္လိုက္တဲ့ေတလြန္းေၾကာင့္ ကြၽန္ေတာ့္မ်က္ႏွာျပင္တစ္ခုလံုး အပူေလာင္သြားသလိုစပ္ဖ်င္းဖ်င္းနဲ႔နီရဲတြတ္သြားသည္။ ကြၽန္ေတာ္တို႔ထိုင္ေနတာက အိမ္ထဲမွာမို႔သာ ေတာ္ေသးသည္။ မဟုတ္ပါက အခုလိုပံုစံကို အျခားသူေတြသာ ျမင္သြားခဲ့လ်ွင္။ ကြၽန္ေတာ္ကိုက မွားတာပါ... ေတလြန္းကို မႏိုင္မွန္းသိလ်က္နဲ႔ ေျပာမိတဲ့ကြၽန္ေတာ္ကိုက မွားတာ။ အရြဲ႔တိုက္တတ္တဲ့ေတလြန္းေၾကာင့္ အခု ကြၽန္ေတာ့္မွာ ေတလြန္းတို႔အိမ္သြားေနတဲ့ အေမနဲ႔အဘတို႔အျမန္ျပန္လာဖို႔ကိုသာ ဆုေတာင္းေနမိတယ္။

" ေတ.. ေတလြန္း အဲ့လိုႀကီးမေနပါနဲ႔၊ ဟို... အျခားသူျမင္သြားရင္ မ..မေကာင္းဘူးေလ "

" ဘာမေကာင္းစရာရိွလို႔လဲ... ဘယ္သူက မင္းရဲ့အိမ္ထဲထိ တကူးတကႀကီးလာၾကည့္မွာလဲ... "

" ဒါေပမဲ့ ငါ မေနတတ္ဘူးကြာ...၊ မျပန္ခ်င္ဘူးဆိုလည္း မျပန္နဲ႔ေလ... ငါ့ကို ဖိတ္ရမဲ့အိမ္ေတြစာရင္းလုပ္တာ ကူေပးေနာ္.... "

ဆင္ေပါက္ကို က်ဳပ္ မ်က္ေမွာင္က်ံဳ႔ၿပီး ေမာ့ၾကည့္လိုက္တယ္။ ဒီေကာင္ တကယ္ႀကီး ေတာ္ေတာ္ရွက္ေနတာပဲ။ က်ဳပ္ကိုမၾကည့္ဘဲ ေခါင္းကိုလႊဲထားေသးတယ္။ က်ဳပ္ ေမာ့ၾကည့္ေနတာကို ဒီေကာင္ သိလ်က္သားနဲ႔။ က်ဳပ္ရဲ့ဆင္ေပါက္ေလးရွက္ေနတာက သိပ္အသည္းယားဖို႔ေကာင္းတာပဲဗ်ာ။ မ်က္ႏွာပါမက နားရြက္ဖ်ားေတြပါ ရဲပေလာင္းခတ္ေနတာပဲ။ ဟား... က်ဳပ္ရဲ့ဆင္ေပါက္ေလးက က်ဳပ္ေၾကာင့္ ေတာ္ေတာ္ေနရခက္ေနတယ္ထင္တယ္။ ဒါ့ေၾကာင့္လည္း က်ဳပ္ကို ေရျြပည္ေအးအသံနဲ႔ေခ်ာ့ေျပာတာကိုး။ ဟက္... က်ဳပ္ရဲ့ဗုဒၶဟူးသားေလးက က်ဳပ္အေၾကာင္း မသိေသးဘူးဘဲ။ ဒီကေကာင္က အေခ်ာ့မႀကိဳက္ဘူးမ်ားထင္ေနတာလား။

" ရတယ္!... မျပန္ရရင္ ၿပီးေရာ၊ ဘယ္သူေတြက်န္ေနေသးလဲ.. ေျပာ "

ကြၽန္ေတာ့္ေပါင္ေပၚေခါင္းအံုးေနရာကေန ထထိုင္ၿပီး ကြၽန္ေတာ့္လက္ထဲက စာအုပ္ကိုဆြဲယူကာ မ်က္ေမွာင္က်ံဳ႔၍ေဘးမွာကပ္ထိုင္ေနတဲ့ေတလြန္း။ ေတလြန္း ကြၽန္ေတာ့္ကိုစိတ္ဆိုးသြားတာလား။

" ဟို မင္း စိတ္ဆိုးသြားတာလား... "

ကြၽန္ေတာ္ေမးလိုက္မွ ပိုၿပီးက်ံဳ႔သြားတဲ့မ်က္ခံုးေတြနဲ႔က ေတလြန္း ကြၽန္ေတာ့္ကိုေတာ္ေတာ္စိတ္ဆိုးေနသည္ထင္။

" ငါက အဲ့လိုမ်ိဳးမဟုတ္ပါဘူး... ၊ အဲ့လို ပူးပူးကပ္ကပ္ႀကီးမေနဘူးေတာ့ မေနတတ္လို႔ပါ... မင္းကို မလုပ္ဖို႔ေျပာတာက မင္းကိုအဲ့လိုသေဘာမ်ိဳးနဲ႔ဆိုလိုၿပီးေျပာတာမဟုတ္ပါဘူး... ေတလြန္း "

" အဲ့တာဆို မင္းက မႀကိဳက္လို႔မဟုတ္ဘူးေပါ့... "

" အင္း... ဟို ဒီတိုင္း မေနတတ္လို႔ပါ..၊ ငါ့ကို စိတ္မဆိုးပါနဲ႔ေနာ္.... "

က်ဳပ္ကိုၾကည့္ၿပီး နားလည္မႈလြဲေနတဲ့ဆင္ေပါက္ကိုၾကည့္ၿပီး အူးယားကာ ႀကိတ္ရယ္ခ်င္မိတယ္။ က်ဳပ္ကို စိတ္ဆိုးတယ္ထင္ၿပီးေခ်ာ့ေနတဲ့ပံုစံေလးက တကယ္ဆြဲဖက္ခ်င္စရာေလး။

" မဆိုးဘူး...၊ မင္းဘာသာ လုပ္စရာရိွတာလုပ္!... ငါျပန္ေတာ့မယ္ "

က်ဳပ္လည္း ဆင္ေပါက္ရဲ့ပံုစံေလးကိုၾကည့္ၿပီး စေနာက္ခ်င္လာတဲ့စိတ္ကေလးေၾကာင့္ လက္ထဲကစာအုပ္ကိုပစ္ခ်ကာ မတ္တပ္ထရပ္လိုက္သည္။

" ေတလြန္း.. ငါ တကယ္ ေတာင္ပန္ပါတယ္..၊ ငါက တကယ္ ဒီတိုင္းေျပာမိတာပါ... မင္း အဲ့လိုေျပာတာမႀကိဳက္ရင္ ငါ ေနာက္တစ္ခါ အဲ့ဒီလိုေတြ မေျပာေတာ့ပါဘူး...၊ ငါ့ကို စိတ္မဆိုးပါနဲ႔ကြာ... "

" ..... "

" ေနာ္.. ငါ တကယ္ေတာင္းပန္ပါတယ္ "

က်ဳပ္ ဘယ္လိုစိတ္နဲ႔မ်ားဆက္ၿပီးတင္းခံရမွာလဲ။ က်ဳပ္တကယ္စိတ္ဆိုးသြားၿပီလို႔ အဟုတ္ထင္ေနတဲ့က်ဳပ္ရဲ့ဆင္ေပါက္ေလးက က်ဳပ္ရဲ့လက္ကိုအတင္းဆြဲထားၿပီး ၿပိဳေတာ့မဲ့မိုးေလးလိုငိုခ်မတက္ေတာင္းပန္ေနေတာ့ က်ဳပ္လည္း ဆက္ၿပီးစေနာက္ခ်င္တဲ့စိတ္မရိွေတာ့ေပ။ ဒါေပမဲ့ အမွန္အတိုင္းေျပာၿပီး သူ႔ကိုစေနတာကိုသိသြားရင္လည္း က်ဳပ္ရဲ့ဗုဒၶဟူးငားဆလးက က်ဳပ္ကိုအႀကီးအက်ယ္ျပန္စိတ္ဆိုးေတာ့မွာကို က်ဳပ္ ႀကိဳသိေနတယ္ေလ။ အဲ့တာေၾကာင့္ က်ဳပ္ကပဲ အနစ္နာခံလိုက္သလို သူေတာင္းပန္ေနတာကို လက္ခံၿပီးခြင့္လႊတ္ေပးသလိုနဲ႔ ဒီကိစၥကိုအဆံုးသတ္လိုက္ေတာ့မယ္။

က်ဳပ္ ဆင္ေပါက္ရဲ့ေဘးမွာျပန္ထိုင္လိုက္သည္။

" ရတယ္ ငါ စိတ္မဆိုးဘူး... ဟုတ္ၿပီလား၊ အခု မင္း ဖိတ္ရမဲ့လူေတြစာရင္းက ၿပီးၿပီလား... မၿပီးေသးရင္ ငါ ကူ​ေရးေပးမယ္ေလ "

" တကယ္ စိတ္မဆိုးေတာ့ဘူးေနာ္... "

" မင္း ထပ္ေမးရင္ ငါ တကယ္ထျပန္ေတာ့မွာ... "

" မင္းကလည္း.... "

~~~~~~~~~~~~~~~~~~~~~~~~~

" ဟဲ့... ေဇာ္ဝင္း ငါ့ေရ႔ွက ဖယ္စမ္းပါဟယ္...၊ ဒီမွာ အဘတို႔အတြက္ ထမင္းပို႔ဖို႔ေနာက္က်ေနပါၿပီဆိုမွ.... "

" မရဘူးဗ်ာ... မမစု က်ဳပ္ကို အေျဖျပန္ေပးေတာ့၊ က်ဳပ္တို႔သူငယ္ခ်င္းေတြထဲမွာ ရည္းစားမရိွတာဆိုလို႔ က်ဳပ္တစ္ေယာက္တည္းပဲ က်န္ေတာ့တာဗ်...၊ က်ဳပ္ကို ဒီေကာင္ေတြေၾကာသြားမွာ က်ဳပ္မခံႏိုင္ဘူးဗ်ာ... မမစု က်ဳပ္ကို အေျဖျပန္ေပးေတာ့ "

" ေအာင္မာ!.. ဘာကို နင္တစ္ေယာက္တည္းလဲ.. ႏိုင္ထြန္းရိွေနေသးတာပဲ "

" ဒါေပမဲ့ ႏိုင္ထြန္းက ဒီမွာမဟုတ္ဘူးေလ...၊ ဒီမွာရိွတဲ့သူေတြထဲမွာ က်ဳပ္တစ္ေယာက္ပဲ ရည္းသားမရိွတာက မျဖစ္သင့္ဘူး...၊ လုပ္ဗ်ာ.. မမစု ကြၽန္ေတာ့္ကို အေျဖေပးလိုက္ပါေတာ့ "

" ေအာ္.. ဟဲ့! နင့္ဟာက အေျဖေတာင္းတာလား.. ဓားျမတိုက္ေနတာလား.. ဟမ္၊ ၿပီးေတာ့ ငါ နင့္ကိုေျပာၿပီးသားေလ... ငါက ပညာတက္ဘြဲ႔ရတဲ့သူကိုပဲ စဥ္းစားေပးမွာလို႔... "

စုစုစံရဲ့စကားေၾကာင့္ ေဇာ္ဝင္းရဲ့မ်က္ႏွာက အိုက်သြားသည္။ ဒီလိုက်ေတာ့လည္း စုစုစံခင္ဗ်ာ ေဇာ္ဝင္းကိုၾကည့္ၿပီး သနားသြားရျပန္သည္။ ေဇာ္ဝင္းကလည္း သူ႔ေမာင္ရဲ့သူငယ္ခ်င္းဆိုေပမဲ့ ကိုယ့္ေမာင္ေလးလိုသံေယာစဥ္ရိွၿပီးခင္တြယ္ရတဲ့သူမလား။ အခုလိုဝမ္းနည္းေနေတာ့ သူလည္း ဘယ္စိတ္ေကာင္းႏိုင္ပါ့မလဲ။ ဒါေပမဲ့ သူ႔ရဲ့အိမ္ေထာင္ဖက္အတြက္ သတ္မွတ္ထားတဲ့စံႏႈန္းေတြကိုေတာ့ သူ လံုးဝေျပာင္းလဲေပးမည္မဟုတ္။ အကယ္၍ သူသတ္မွတ္ထားတဲ့အရည္းအခ်င္းရိွတဲ့အိမ္ေထာင္ဘက္မ်ိဳးကို သူ မရခဲ့ဘူးဆိုရင္ေတာင္ သူ အပ်ိဳႀကီးပဲလုပ္မည္။ အိမ္ေထာင္ဖက္တစ္ေယာက္အျဖစ္သတ္မွတ္ထားတဲ့ သူ႔ရဲ့သတ္မွတ္ခ်က္စံႏႈန္းေတြကိုေတာ့ ဘယ္ေတာ့မွေလ်ာ့ေပးလိမ့္မည္မဟုတ္။ ဒါက သူတို႔မိန္းကေလးအတြက္ ကိုယ့္တန္ဖိုးကို ကိုယ္တိုင္တန္ဖိုးထားရာလည္းေရာက္သလို... ကိုယ့္ရဲ့သိကၡာ၊ အဆင့္အတန္းနဲ႔ ဘဝ၊အနာဂတ္ကို ကိုယ္တိုင္ေရးဆြဲျခင္းသာျဖစ္သည္။

" နင္ တကယ္လို႔ ငါ့ကိုတကယ္ခ်စ္ရင္.. ႀကိဳးစားေပါ့...၊ ငါ ေစာင့္ေပးႏိုင္ပါတယ္... ဒါေပမဲ့ ဒီၾကားထဲမွာ နင့္ဘက္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျခားသူအေပၚစိတ္ယိုင္သြားတာမ်ိဳး...၊ ဒါမွမဟုတ္ ေနာက္တစ္ခ်ိန္မွာ ငါ့အေပၚစိတ္ကုန္သြားတာမ်ိဳးျဖစ္လာခဲ့ရင္ေတာ့ ငါ နင့္ကို ဘယ္ေတာ့မွလက္ခံမွာမဟုတ္ေတာ့ဘူး "

" အဲ့လို လံုးဝျဖစ္မွာမဟုတ္ဘူး...!!! "

စုစုစံရဲ့စကားကို ေဇာ္ဝင္းက ေဒါသထြက္သြားဟန္၊ ခက္ထန္စြာ ျပန္ေခ်ပသည္။ စုစုစံလည္း သူ႔စကားက ေဇာ္ဝင္းရဲ့မာနကို ထိပါးေစာ္ကားသလိုျဖစ္သြားမွန္း ျပန္သတိထားမိၿပီး စကားလမ္းေၾကာင္းလြဲဖို႔ျပင္လိုက္သည္။

" ကဲပါ... အဘတို႔အတြက္ ထမင္းပို႔ဖို႔ ေနာက္က်ေနၿပီ... သြားေတာ့မယ္၊ အမေျပာတာကို မေမ့နဲ႔ေနာ္...၊ အမ မင္းကို ေစာင့္ေပးႏိုင္တယ္... "

စုစုစံက ထိုစကားကိုေျပာၿပီးတာနဲ႔ ေဇာ္ဝင္းကိုေရွာင္ကာ ေတလြန္းတို႔အိမ္အသစ္အတြက္ျပင္ဆင္ေနတဲ့အဘတိုါရိွရာကို အျမန္သြားခဲ့သည္။ သူ ထမင္းပို႔ဖို႔အေတာ္ေနာက္က်ေနၿပီမလား။ ေဇာ္ဝင္းရဲ့မာနကိုေစာ္ကားသလိုျဖစ္သြားတဲ့အတြက္ ေဇာ္ဝင္းကိုေတာင္းပန္ခဲ့သင့္ေပမဲ့ သူ မေတာင္းပန္ေတာ့ဘူး။ ေဇာ္ဝင္တို႔အရြယ္က အခုလို မခံခ်င္စိတ္ေလးနဲ႔ႀကိဳးစားရင္ ဘယ္ေလာက္ခက္ခဲတဲ့အရာျဖစ္ေနပါေစ မျဖစ္ျဖစ္ေအာင္လုပ္ႏိုင္တဲ့အရြယ္ေတြမလား။ သူ႔စကားက ေဇာ္ဝင္းအတြက္ တြန္အားတစ္ခုျဖစ္သြားရင္ သူ ေက်နပ္သည္။ လြဲမွားတဲ့လမ္းေၾကာင္ူအေပၚ မေရာက္သြားပါေစနဲ႔လို႔ေတာ့ သူ ဆုေတာင္းမိတာေပါ့။

ေဇာ္ဝင္းကေတာ့ ထြက္သြားတဲ့စုစုစံရဲ့ေနာက္ေက်ာကိုၾကည့္ၿပီး အံကိုခပ္တင္းတင္းႂကြတ္ကာ လက္သီးစုတ္ကိုတင္းက်ပ္ေနေအာင္ဆုပ္ၿပီး ေတာက္ေခါက္လိုက္သည္။ မမစုက သူ႔ကို မယံုၾကည္တဲ့အျပင္ သူ႔အခ်စ္ကိုပါ ေစာ္ကားသြားသည္မလား။ ၿပီးေတာ့ သူ႔ကိုလည္း အထင္ေသးတဲ့စကားလံုးေတြနဲ႔ေျပာသြားသည္။ စုစုစံရဲ့ေနာက္ေက်ာကို သူ႔အျမင္အာရံုကေနေပ်ာက္ကြယ္သြားၿပီဆိုမွ ေဇာ္ဝင္းလည္း သူ အခုမတ္တပ္ရပ္ေနတဲ့ေနရာကေန ထြက္သြားတဲ့စုစုစံရဲ့ဆန္႔က်င္ဘက္ကိုမ်က္ႏွာမူၿပီး ထြက္သြားသည္။ ဒီအတိုင္းေတာ့ မဟုတ္။ လံုးဝကိုျပတ္သားတဲ့ဆံုးျဖတ္ခ်က္တစ္ခုကို အခိုင္အမာခ်ၿပီး လွည့္ထြက္ခဲ့ျခင္းျဖစ္သည္။

Next episode ............

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

1.5K 95 4
စိတ်ကူးပေါက်တိုင်း ရေးရေးတင်ဖြစ်မည့် ဝတ္ထုတိုများ စုစည်းမှုဖြစ်ပါသည်။
6.5M 179K 55
⭐️ ᴛʜᴇ ᴍᴏꜱᴛ ʀᴇᴀᴅ ꜱᴛᴀʀ ᴡᴀʀꜱ ꜰᴀɴꜰɪᴄᴛɪᴏɴ ᴏɴ ᴡᴀᴛᴛᴘᴀᴅ ⭐️ ʜɪɢʜᴇꜱᴛ ʀᴀɴᴋɪɴɢꜱ ꜱᴏ ꜰᴀʀ: #1 ɪɴ ꜱᴛᴀʀ ᴡᴀʀꜱ (2017) #1 ɪɴ ᴋʏʟᴏ (2021) #1 IN KYLOREN (2015-2022) #13...
7.3M 302K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
43.7M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...