စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း...

بواسطة Mortal-Edge

27.9K 2.6K 8

Book 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ် المزيد

အပိုင်း (၁၉၈) အင်္ကျီထပ်ကျ
အပိုင်း (၁၉၉) အင်္ကျီထပ်ကျ (၃)
အပိုင်း (၂၀၀) သရုပ်မှန်ပေါ်သွားခြင်း (၁)
အပိုင်း (၂၀၁) သရုပ်မှန်ပေါ်သွားခြင်း (၂)
အပိုင်း (၂၀၂) သရုပ်မှန်ပေါ်သွားခြင်း (၃)
အပိုင်း (၂၀၃) ဂူထဲကအခန်း (၁)
အပိုင်း (၂၀၄) လိုဏ်ဂူထဲကအခန်း (၂)
အပိုင်း (၂၀၅) တစ်ခန်းထဲ (၁)
အပိုင်း (၂၀၆) တစ်ခန်းထဲ (၂)
အပိုင်း ( ၂၀၇) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၁)
အပိုင်း ( ၂၀၈) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၂)
အပိုင်း (၂၀၉) ဖျော်ဖြေရေးလောကမှအနားယူခြင်း (၃)
အပိုင်း (၂၁၀) သူ့ဓာတ်ပုံ (၁)
အပိုင်း (၂၁၁) သူ့ဓာတ်ပုံ (၂)
အပိုင်း (၂၁၂) သူ့ဓာတ်ပုံ (၃)
အပိုင်း (၂၁၃) တန်ပြန်ပါးရိုက်ခြင်း (၁)
အပိုင်း (၂၁၄) တန်ပြန်ပါးရိုက်ခြင်း (၂)
အပိုင်း (၂၁၅) တန်ပြန်ပါးရိုက်ခြင်း (၃)
အပိုင်း (၂၁၆) ကိုယ် မင်းကို အဖော်ပြုဖို့ လာခဲ့တယ် (၁)
အပိုင်း (၂၁၇) ကိုယ် မင်းကို အဖော်ပြုဖို့ လာခဲ့တယ် (၂)
အပိုင်း (၂၁၈) ကိုယ် မင်းကို အဖော်ပြုဖို့လာခဲ့တယ် (၃)
အပိုင်း (၂၁၉) ပြိုလဲခြင်း (၁)
အပိုင်း (၂၂၀) ပြိုလဲခြင်း (၂)
အပိုင်း (၂၂၁) ပြိုလဲခြင်း (၃)
အပိုင်း (၂၂၂) လက်ထပ်ခွင့် (၁)
အပိုင်း (၂၂၃) လက်ထပ်ခွင့် (၂)
အပိုင်း (၂၂၄) လက်ထပ်ခွင့် (၃)
အပိုင်း (၂၂၆) ဇာတ်သိမ်း (၂)
အပိုင်း (၂၂၇) ဇာတ်သိမ်း (၃)
အပိုင်း (၂၂၈) ဇာတ်သိမ်း (၄)
အပိုင်း (၂၂၉) ဇာတ်သိမ်း (၅)
အပိုင်း (၂၃၀) ဇာတ်သိမ်းပိုင်း (၆)

အပိုင်း (၂၂၅) ဇာတ်သိမ်း (၁)

866 80 0
بواسطة Mortal-Edge

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၂၅) ဇာတ်သိမ်း (၁)

ချောင်မော့ယွီသည် အစီအစဥ်တင်ဆက်သူက စင်ပေါ်ရောက်လာသဖြင့် မှတ်ချင်းများကို ပြီးအောင် မကြည့်လိုက်ရချေ။ သူတို့သည် ညစာစားပွဲ စတင်ကြောင်း ကြေညာလိုက်တော့သည်။

ပထမဆုံး ကော်မတီအကြီးအကဲက မိန့်ခွန်းအရင်ပြောလိုက်၏။ သူသည် ဟာသနှောကာ ယုံကြည်မှုအပြည့်ဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ ပတ်ဝန်းကျင်အခြေအနေသည် ထိုနောက်တွင် ပေါ့ပါးလာတော့သည်။

ချောင်မော့ယွီသည် မှတ်ချက်များကို လျစ်လျူရှုလိုက်ပြီး သူ့မိန့်ခွန်းကို သေသေချာချာ နားထောင်နေလိုက်သည်။

ထိုအချိန်တွင် သူမ၏ဖုန်းမှာ တုန်ခါလာပြန်သည်။

သူမသည် ယဲ့ဖေးချန်းပို့လိုက်သည့်စာကို ငုံ့ကြည့်လိုက်၏။ စာတိုတစ်ကြောင်း သာဖြစ်သည်။

မော့ယွီ မစိုးရိမ်နဲ့နော်၊ ကိုယ် ဖြေရှင်းလိုက်မယ်။

သူမသည် စာဖတ်လိုက်ပြီး ပြုံးကာ စာပြန်လိုက်လေသည်။

“အိုကေ”

ယနေ့ညသည် ဆုပေးပွဲအခမ်းအနားဖြစ်၏။ ထို့ကြောင့်ပင် မိန့်ခွန်းပြောကြားပြီးသည်နှင့် တစ်ပြိုင်နက် အစီအစဥ်တင်ဆက်စသူသည် အဓိကဆုအမျိုးမျိုးကို ထုတ်ဖော်ပြောခဲ့သည်။

ဆုများကို ဆုငယ်များမှ နေ၍ ဆုကြီးများအထိ စီစဥ်ထားသည်။ သူတို့သည့် အကောင်းဆုံး အမျိုးသားနှင့် အမျိုးသမီးဇာတ်ဆောင်များ နှင့် ရုပ်ရှင်ဧကရာဇ် နှင့် ရုပ်ရှင်ဧကရီ ဘွဲ့ထူးရရှိသူများကို နောက်ဆုံးမှ ထုတ်ဖော်ကြပေမည်။

[ဒီနေ့ရဲ့ <<အာရုံဦးရဲ့လင်းရောင်ခြည်>> နဲ့ <<သလဲပင်>> ဇာတ်ကားနဲ့အတူ တောက်မန်ရှန်းဟန် ရုပ်ရှင်တွေဟာ ဆုရရှိသူများဖြစ်တယ်ဆိုတာ ရှင်းလင်းပြီးဖြစ်ပါတယ်၊ ဒီရုပ်ရှင် ၃ခုဟာ ဆုရဲ့ 80% ကို ရယူထားကြပါတယ်၊ အကောင်းဆုံး ဒါရိုက်တာဆုကို << အာရုံဦးရဲ့လင်းရောင်ခြည်>>ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖန်းရွှမ်က ရရှိသွားပါတယ်]

“အခု ကျွန်တော်တို့တွေ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ကြေညာပါတော့မယ်”

အစီအစဥ်တင်ဆက်သူသည် အားပါးတရ ပြောလိုက်၏။

“ ဒါပေမဲ့ ဆုကို မကြေညာခင် မစ္စတာယဲ့ဖေးချန်းက ခုနက အသိပေးလာပါတယ်၊ သူက ဖျော်ဖြေရေးလောကက မဟုတ်တော့တဲ့အတွက် မဲပေးခြင်းမှာ မပါဝင်ခဲ့ပါဘူးတဲ့”

ကင်မရာသည် ယဲ့ဖေးချန်း ဘက်သို့ လှည့်မသွားပေ။ ထို့ကြောင့် သူရောက်နေသည်ကို သိကြသည့် ဘေးပတ်ဝန်းကျင်မှလူများအပြင် လူအများစုသည် သူတက်ရောက်မလာဟု ယုံကြည်ထားကြ၏။

“ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် အလားအလာရှိသူတွေကတော့...)

အစီအစဥ်တင်ဆက်သူသည် အဆိုပြုချက်တွင်ပါဝင်သည့်နာမည်စာရင်းကို စတင် ဖတ်ကြားလိုက်လေသည်။

ဖန်သားပြင်ပေါ်တွင် ကင်မရာသည် အဆက်မပြတ်ပြောင်းလဲ နေ၏။ သို့သော် အစီအစဥ်တင်ဆက်သူ အဖြေကို ကြေညာလိုက်သည့်အချိန်၌ အားလုံးသည် ရှော့ခ်ရသွားကြတော့သည်။

အကြောင်းမှာ သာမန်သရုပ်ဆောင်တစ်ယောက်သာ ဖြစ်သော <<တောက်မန်ရှန်းဟန်>>၏ အဓိကအမျိုးသားဇာတ်ဆောင် ဖြစ်နေသောကြောင့်ပင်။

သူသည် ဒီနှစ်အတွက် လုံးဝမျှော်လင့်မထားသည့် ဆုရှင်ဖြစ်လာ၏။ အကြောင်းမှာ သည်ရုပ်ရှင်ကို ချောင်မော့ယွီက အလင်းဖွင့်ပေးခဲ့ခြင်းကြောင့်ပင်။ လူများသည် မင်းသားကို ကြည့်လိုက်ပြီး သူမကိုလည်း ကြည့်လိုက်ကြလေသည်။

အချို့သည် သူမနှင့် ခင်မင်ရန်ကြိုးစားနေကြပြီး အချို့မှာ Weiboပေါ်က ကံဆိုးသည့်အဖြစ်ကြောင့် ပျော်ရွှင်နေကြလေသည်။ သို့သော် အများစုမှာ ချောင်မော့ယွီ၏ ‘တာအို အစွမ်း’ ကြောင့် ထိတ်လန့်သွားကာ တုန်လှုပ်သွားကြတော့သည်။

ထိုမင်းသားသည် စင်ပေါ်သို့ တက်လာ၏။ သူသည် စိတ်လှုပ်ရှားနေသဖြင့် သူ့အသံမှာ တုန်ယင်နေပြီး ရှိုက်ကြီးတငင် ငိုချတော့မည့်နှယ်။

သူသည် ဖျော်ဖြေရေးလောကသို့ ဝင်လာခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း သူသည် လုံးဝ နာမည်မရခဲ့ချေ။ သို့သော် ဤရုပ်ရှင်ကားကြောင့် သူ့ဘဝသည် လုံးဝပြောင်းလဲသွားခဲ့သည်။

သူသည် သူ့သဘောထားခံစားချက်များကို ရိုးသားစွာထုတ်ပြောခဲ့ပြီး နောက်ဆုံးတွင် သူသည် ချောင်မော့ယွီကို ကျေးဇူးတင်စကားပြောလိုက်လေသည်။ သူသည် သူမ၏အကူအညီအတွက် ကျေးဇူးတင်ရပြီး သူမကို ဦးညွှတ်လိုက်လေသည်။

ချောင်မော့ယွီသည် သူမ၏လက်ဖဝါးများကို တိတ်ဆိတ်စွာ အချင်းချင်း ပွတ်သပ်လိုက်၏။

ငါလေးက Weibo ပေါ်မှာ ရှာဖွေမှုအများဆုံးနေရာကို ခဏတိုင်း အလည်ရောက်နေတဲ့သူလေဟယ်။ သူ ငါ့နှိမ့်နှိမ့်ချချလေး ထားပေးလို့ မရဘူးလားလို့။

မင်းသားသည် Star Shadow ဒိုင်းဆုကို လက်ခံပြီးနောက် မျက်ရည်ဝဲသည့်မျက်လုံးများနှင့် စင်ပေါ်က ဆင်းလာလေသည်။ အစီအစဥ်တင်ဆက်သူသည် မိုက်ခရိုဖုန်းရှေ့တွင် ရပ်ကာ ပြောလိုက်၏။

“ အခု ကျွန်တော်တို့ရဲ့ နောက်ဆုံးဆုကို ကြေညာပါတော့မယ် - အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၊ နောက်ဆုံး ဒီဆုကို ဘယ်သူရသွားမလဲ ကြည့်လိုက်ရအောင်ဗျာ၊ ကျွန်တော်တို့ကော်မတီရဲ့ အထူးဧည့်သည်တော် မစ္စတာဟွမ်ကို ဆုချီးမြင့်ပေးဖို့ ဖိတ်ခေါ်ပါတယ်”

ချောင်မော့ယွီသည် ဟွမ်ချူကို စင်ပေါ်တွင် တွေ့လိုက်ရသောအခါ လုံးဝ ရှော့ခ်ရသွားတော့သည်။

သူဆိုလို့ သူက ဘယ်သူများလဲဟယ်။ နောက်ဆုံးဆုကို ပေးဖို့ သူ့ကို ဘာလို့ ဖိတ်တာတဲ့လဲ။

သူမသည် နဂိုက စိတ်လှုပ်ရှားနေသော်လည်း ယခုမူ သူမ၏ခံစားချက်များကို သိချင်စိတ်က လွှမ်းမိုးသွားတော့သည်။

မည်သို့ဆိုစေ စင်ပေါ်တွင်ရောက်နေသည့် ဟွမ်ချူသည် ချောင်မော့ယွီထက်ပင် ပို၍ စိတ်လှုပ်ရှားနေလေသည်။

သူသည် ဆုရရှိသူ၏နာမည်ကို ကိုင်ထားသော်လည်း အဖြေကို သေချာမသိချေ။ သို့သော် သူသည် ချောင်မော့ယွီ ဖြစ်နေရန် ဆုတောင်းနေလိုက်၏။

သူသည် ပထမစာအိတ်ကို ဖွင့်လိုက်ပြီး တည်ကြည်သောအသံဖြင့် ပြောလိုက်၏။

“ ကျွန်တော် အခု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု စာရင်းဝင်သူများကို ကြေညာပါမယ် ၊ <<ချင်>> ကားမှ ကျန့်ရှောင် ၊<<ညကျောင်း>> မှ ချန်ရိလင် ၊ <<သလဲပင်>> မှ ချောင်မော့ယွီ နဲ့ <<ချန်းအိမ်တော်>> မှ ဝမ်လင်”

အစီအစဥ်တင်ဆက်သူသည် မင်းသမီးတစ်ယောက်နာမည် ဖတ်လိုက်တိုင်း ဖန်သားပြင်ပေါ်တွင် သူတို့ကို အခြေခံမိတ်ဆက်ပုံများကို ဖော်ပြနေသည်။ နောက်ဆုံးတွင် ကင်မရာသည် အပိုင်းလေးပိုင်းကွဲသွားသည်။ ချောင်မော့ယွီသည် ဘယ်ဘက်အောက်ခြေတွင် ရှိနေသည်။ ကင်မရာသည် အဆက်မပြတ်ပြောင်းနေပြီး မင်းသမီးလေးယောက်ကို ဖန်သားပြင်ပေါ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

ဟွမ်ချူသည် နောက်စာအိတ်တစ်ခုကို ဖွင့်လိုက်၏။ သူ ပြောလိုက်၏။

“ အကောင်းဆုံးအမျိူးသမီးဇာတ်ဆောင်ဆု -“

သို့သော် သူကြေညာ မပြီးခင်မှာပင် ဖန်သားပြင်သည် ရုတ်တရက်ပြောင်းသွားတော့သည်။ အားလုံးက ဓာတ်ပုံများကို မြင်လိုက်ချိန်၌ မှင်တက်အံ့ဩသွားတော့သည်။ သူတို့အားလုံးသည် ချောင်မော့ယွီကို ကြည့်လိုက်ကြလေသည်။

ဖန်သားပြင်ပေါ်တွင် ဓာတ်ပုံနှစ်ပုံရှိနေ၏။ တစ်ပုံမှာ ချောင်မော့ယွီက လော့လော့ကို ကျောင်းပို့နေသည့်ပုံဖြစ်ပြီး တခြားပုံမှာ သူမနှင့် ယဲ့ဖေးချန်းတို့ လက်တွဲကာ စိတ်ကူးယဥ်ဆန်ဆန် လမ်းလျှောက်နေကြသည့်ပုံဖြစ်သည်။

[ပန်းပွင့်အသစ်လေး ချောင်မော့ယွီက အပြစ်ကင်းတဲ့အမျိုးသမီးလား ဒါမှမဟုတ် မိခင်တစ်ယောက်လား၊ မစ္စတာယဲ့ ရှင်ကော သိလား]

ထိုမြင်ကွင်းကို မြင်သွားပြီး အားလုံးသည် အထိတ်တလန့် ဖြစ်သွားကြပြီးနောက် စတင်ဆွေးနွေးကြတော့သည်။ စကားဝိုင်းသည် လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။

စင်ပေါ်တွင် အစီအစဥ်တင်ဆက်သူ၏မျက်နှာအမူအရာလည်း ပြောင်းသွားတော့သည်။သူသည် အားလုံးကို အလောတကြီး ပြောလိုက်၏။

“ တောင်းပန်ပါတယ်ဗျာ၊ တစ်ခုခု မှားနေတာဖြစ်ပါမယ်၊ ကျွန်တော်ဒါကို ချက်ချင်းဖြေရှင်းလိုက်ပါမယ်”

ထို့နောက် သူသည် စင်အနောက်ဖက်သို့ မြန်မြန်သွားလိုက်လေသည်။

ထိုအရာမြင်ပြီးခဲ့သောဟွမ်ချူသည် သူမကို စိတ်ဝင်တစားကြည့်လိုက်လေသည်။

အဟဲ တခြားလူတွေကတော့ ဒီဇာတ်လမ်းရဲ့အတွင်းပိုင်းကို သိကြမှာမဟုတ်ပေမဲ့ ကျုပ်ကတော့ သိပြီးသားလေ။ ယဲ့ဖေးချန်းက ဒီကိစ္စနဲ့ နောက်ကွယ်ကလူကို ဘယ်လိုကိုင်တွယ်မလဲ သိချင်လိုက်တာ။

...

Zawgyi

စာစဥ္နာမည္- စီအီးအိုရဲ႕ ဗီလိန္သူငယ္ခ်င္း
ဘာသာျပန္သူ Yuuki

အပိုင္း (၂၂၅) ဇာတ္သိမ္း (၁)

ေခ်ာင္ေမာ့ယြီသည္ အစီအစဥ္တင္ဆက္သူက စင္ေပၚေရာက္လာသျဖင့္ မွတ္ခ်င္းမ်ားကို ၿပီးေအာင္ မၾကည့္လိုက္ရေခ်။ သူတို႔သည္ ညစာစားပြဲ စတင္ေၾကာင္း ေၾကညာလိုက္ေတာ့သည္။

ပထမဆုံး ေကာ္မတီအႀကီးအကဲက မိန့္ခြန္းအရင္ေျပာလိုက္၏။ သူသည္ ဟာသေႏွာကာ ယုံၾကည္မႈအျပည့္ျဖင့္ ပြင့္ပြင့္လင္းလင္း ေျပာလိုက္၏။ ပတ္ဝန္းက်င္အေျခအေနသည္ ထိုေနာက္တြင္ ေပါ့ပါးလာေတာ့သည္။

ေခ်ာင္ေမာ့ယြီသည္ မွတ္ခ်က္မ်ားကို လ်စ္လ်ဴရႈလိုက္ၿပီး သူ႕မိန့္ခြန္းကို ေသေသခ်ာခ်ာ နားေထာင္ေနလိုက္သည္။

ထိုအခ်ိန္တြင္ သူမ၏ဖုန္းမွာ တုန္ခါလာျပန္သည္။

သူမသည္ ယဲ့ေဖးခ်န္းပို႔လိုက္သည့္စာကို ငုံ႕ၾကည့္လိုက္၏။ စာတိုတစ္ေၾကာင္း သာျဖစ္သည္။

ေမာ့ယြီ မစိုးရိမ္နဲ႕ေနာ္၊ ကိုယ္ ေျဖရွင္းလိုက္မယ္။

သူမသည္ စာဖတ္လိုက္ၿပီး ၿပဳံးကာ စာျပန္လိုက္ေလသည္။

“အိုေက”

ယေန႕ညသည္ ဆုေပးပြဲအခမ္းအနားျဖစ္၏။ ထို႔ေၾကာင့္ပင္ မိန့္ခြန္းေျပာၾကားၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ အစီအစဥ္တင္ဆက္စသူသည္ အဓိကဆုအမ်ိဳးမ်ိဳးကို ထုတ္ေဖာ္ေျပာခဲ့သည္။

ဆုမ်ားကို ဆုငယ္မ်ားမွ ေန၍ ဆုႀကီးမ်ားအထိ စီစဥ္ထားသည္။ သူတို႔သည့္ အေကာင္းဆုံး အမ်ိဳးသားႏွင့္ အမ်ိဳးသမီးဇာတ္ေဆာင္မ်ား ႏွင့္ ႐ုပ္ရွင္ဧကရာဇ္ ႏွင့္ ႐ုပ္ရွင္ဧကရီ ဘြဲ႕ထူးရရွိသူမ်ားကို ေနာက္ဆုံးမွ ထုတ္ေဖာ္ၾကေပမည္။

[ဒီေန႕ရဲ႕ <<အာ႐ုံဦးရဲ႕လင္းေရာင္ျခည္>> နဲ႕ <<သလဲပင္>> ဇာတ္ကားနဲ႕အတူ ေတာက္မန္ရွန္းဟန္ ႐ုပ္ရွင္ေတြဟာ ဆုရရွိသူမ်ားျဖစ္တယ္ဆိုတာ ရွင္းလင္းၿပီးျဖစ္ပါတယ္၊ ဒီ႐ုပ္ရွင္ ၃ခုဟာ ဆုရဲ႕ 80% ကို ရယူထားၾကပါတယ္၊ အေကာင္းဆုံး ဒါရိုက္တာဆုကို << အာ႐ုံဦးရဲ႕လင္းေရာင္ျခည္>>ကို ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာ ဖန္း႐ႊမ္က ရရွိသြားပါတယ္]

“အခု ကြၽန္ေတာ္တို႔ေတြ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ေၾကညာပါေတာ့မယ္”

အစီအစဥ္တင္ဆက္သူသည္ အားပါးတရ ေျပာလိုက္၏။

“ ဒါေပမဲ့ ဆုကို မေၾကညာခင္ မစၥတာယဲ့ေဖးခ်န္းက ခုနက အသိေပးလာပါတယ္၊ သူက ေဖ်ာ္ေျဖေရးေလာကက မဟုတ္ေတာ့တဲ့အတြက္ မဲေပးျခင္းမွာ မပါဝင္ခဲ့ပါဘူးတဲ့”

ကင္မရာသည္ ယဲ့ေဖးခ်န္း ဘက္သို႔ လွည့္မသြားေပ။ ထို႔ေၾကာင့္ သူေရာက္ေနသည္ကို သိၾကသည့္ ေဘးပတ္ဝန္းက်င္မွလူမ်ားအျပင္ လူအမ်ားစုသည္ သူတက္ေရာက္မလာဟု ယုံၾကည္ထားၾက၏။

“ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုအတြက္ အလားအလာရွိသူေတြကေတာ့...)

အစီအစဥ္တင္ဆက္သူသည္ အဆိုျပဳခ်က္တြင္ပါဝင္သည့္နာမည္စာရင္းကို စတင္ ဖတ္ၾကားလိုက္ေလသည္။

ဖန္သားျပင္ေပၚတြင္ ကင္မရာသည္ အဆက္မျပတ္ေျပာင္းလဲ ေန၏။ သို႔ေသာ္ အစီအစဥ္တင္ဆက္သူ အေျဖကို ေၾကညာလိုက္သည့္အခ်ိန္၌ အားလုံးသည္ ေရွာ့ခ္ရသြားၾကေတာ့သည္။

အေၾကာင္းမွာ သာမန္သ႐ုပ္ေဆာင္တစ္ေယာက္သာ ျဖစ္ေသာ <<ေတာက္မန္ရွန္းဟန္>>၏ အဓိကအမ်ိဳးသားဇာတ္ေဆာင္ ျဖစ္ေနေသာေၾကာင့္ပင္။

သူသည္ ဒီႏွစ္အတြက္ လုံးဝေမွ်ာ္လင့္မထားသည့္ ဆုရွင္ျဖစ္လာ၏။ အေၾကာင္းမွာ သည္႐ုပ္ရွင္ကို ေခ်ာင္ေမာ့ယြီက အလင္းဖြင့္ေပးခဲ့ျခင္းေၾကာင့္ပင္။ လူမ်ားသည္ မင္းသားကို ၾကည့္လိုက္ၿပီး သူမကိုလည္း ၾကည့္လိုက္ၾကေလသည္။

အခ်ိဳ႕သည္ သူမႏွင့္ ခင္မင္ရန္ႀကိဳးစားေနၾကၿပီး အခ်ိဳ႕မွာ Weiboေပၚက ကံဆိုးသည့္အျဖစ္ေၾကာင့္ ေပ်ာ္႐ႊင္ေနၾကေလသည္။ သို႔ေသာ္ အမ်ားစုမွာ ေခ်ာင္ေမာ့ယြီ၏ ‘တာအို အစြမ္း’ ေၾကာင့္ ထိတ္လန့္သြားကာ တုန္လႈပ္သြားၾကေတာ့သည္။

ထိုမင္းသားသည္ စင္ေပၚသို႔ တက္လာ၏။ သူသည္ စိတ္လႈပ္ရွားေနသျဖင့္ သူ႕အသံမွာ တုန္ယင္ေနၿပီး ရွိုက္ႀကီးတငင္ ငိုခ်ေတာ့မည့္ႏွယ္။

သူသည္ ေဖ်ာ္ေျဖေရးေလာကသို႔ ဝင္လာခဲ့သည္မွာ ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း သူသည္ လုံးဝ နာမည္မရခဲ့ေခ်။ သို႔ေသာ္ ဤ႐ုပ္ရွင္ကားေၾကာင့္ သူ႕ဘဝသည္ လုံးဝေျပာင္းလဲသြားခဲ့သည္။

သူသည္ သူ႕သေဘာထားခံစားခ်က္မ်ားကို ရိုးသားစြာထုတ္ေျပာခဲ့ၿပီး ေနာက္ဆုံးတြင္ သူသည္ ေခ်ာင္ေမာ့ယြီကို ေက်းဇူးတင္စကားေျပာလိုက္ေလသည္။ သူသည္ သူမ၏အကူအညီအတြက္ ေက်းဇူးတင္ရၿပီး သူမကို ဦးၫႊတ္လိုက္ေလသည္။

ေခ်ာင္ေမာ့ယြီသည္ သူမ၏လက္ဖဝါးမ်ားကို တိတ္ဆိတ္စြာ အခ်င္းခ်င္း ပြတ္သပ္လိုက္၏။

ငါေလးက Weibo ေပၚမွာ ရွာေဖြမႈအမ်ားဆုံးေနရာကို ခဏတိုင္း အလည္ေရာက္ေနတဲ့သူေလဟယ္။ သူ ငါ့ႏွိမ့္ႏွိမ့္ခ်ခ်ေလး ထားေပးလို႔ မရဘူးလားလို႔။

မင္းသားသည္ Star Shadow ဒိုင္းဆုကို လက္ခံၿပီးေနာက္ မ်က္ရည္ဝဲသည့္မ်က္လုံးမ်ားႏွင့္ စင္ေပၚက ဆင္းလာေလသည္။ အစီအစဥ္တင္ဆက္သူသည္ မိုက္ခရိုဖုန္းေရွ႕တြင္ ရပ္ကာ ေျပာလိုက္၏။

“ အခု ကြၽန္ေတာ္တို႔ရဲ႕ ေနာက္ဆုံးဆုကို ေၾကညာပါေတာ့မယ္ - အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု ၊ ေနာက္ဆုံး ဒီဆုကို ဘယ္သူရသြားမလဲ ၾကည့္လိုက္ရေအာင္ဗ်ာ၊ ကြၽန္ေတာ္တို႔ေကာ္မတီရဲ႕ အထူးဧည့္သည္ေတာ္ မစၥတာဟြမ္ကို ဆုခ်ီးျမင့္ေပးဖို႔ ဖိတ္ေခၚပါတယ္”

ေခ်ာင္ေမာ့ယြီသည္ ဟြမ္ခ်ဴကို စင္ေပၚတြင္ ေတြ႕လိုက္ရေသာအခါ လုံးဝ ေရွာ့ခ္ရသြားေတာ့သည္။

သူဆိုလို႔ သူက ဘယ္သူမ်ားလဲဟယ္။ ေနာက္ဆုံးဆုကို ေပးဖို႔ သူ႕ကို ဘာလို႔ ဖိတ္တာတဲ့လဲ။

သူမသည္ နဂိုက စိတ္လႈပ္ရွားေနေသာ္လည္း ယခုမူ သူမ၏ခံစားခ်က္မ်ားကို သိခ်င္စိတ္က လႊမ္းမိုးသြားေတာ့သည္။

မည္သို႔ဆိုေစ စင္ေပၚတြင္ေရာက္ေနသည့္ ဟြမ္ခ်ဴသည္ ေခ်ာင္ေမာ့ယြီထက္ပင္ ပို၍ စိတ္လႈပ္ရွားေနေလသည္။

သူသည္ ဆုရရွိသူ၏နာမည္ကို ကိုင္ထားေသာ္လည္း အေျဖကို ေသခ်ာမသိေခ်။ သို႔ေသာ္ သူသည္ ေခ်ာင္ေမာ့ယြီ ျဖစ္ေနရန္ ဆုေတာင္းေနလိုက္၏။

သူသည္ ပထမစာအိတ္ကို ဖြင့္လိုက္ၿပီး တည္ၾကည္ေသာအသံျဖင့္ ေျပာလိုက္၏။

“ ကြၽန္ေတာ္ အခု အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု စာရင္းဝင္သူမ်ားကို ေၾကညာပါမယ္ ၊ <<ခ်င္>> ကားမွ က်န့္ေရွာင္ ၊<<ညေက်ာင္း>> မွ ခ်န္ရိလင္ ၊ <<သလဲပင္>> မွ ေခ်ာင္ေမာ့ယြီ နဲ႕ <<ခ်န္းအိမ္ေတာ္>> မွ ဝမ္လင္”

အစီအစဥ္တင္ဆက္သူသည္ မင္းသမီးတစ္ေယာက္နာမည္ ဖတ္လိုက္တိုင္း ဖန္သားျပင္ေပၚတြင္ သူတို႔ကို အေျခခံမိတ္ဆက္ပုံမ်ားကို ေဖာ္ျပေနသည္။ ေနာက္ဆုံးတြင္ ကင္မရာသည္ အပိုင္းေလးပိုင္းကြဲသြားသည္။ ေခ်ာင္ေမာ့ယြီသည္ ဘယ္ဘက္ေအာက္ေျခတြင္ ရွိေနသည္။ ကင္မရာသည္ အဆက္မျပတ္ေျပာင္းေနၿပီး မင္းသမီးေလးေယာက္ကို ဖန္သားျပင္ေပၚတြင္ ရွင္းရွင္းလင္းလင္း ေဖာ္ျပထားသည္။

ဟြမ္ခ်ဴသည္ ေနာက္စာအိတ္တစ္ခုကို ဖြင့္လိုက္၏။ သူ ေျပာလိုက္၏။

“ အေကာင္းဆုံးအမ်ိဴးသမီးဇာတ္ေဆာင္ဆု -“

သို႔ေသာ္ သူေၾကညာ မၿပီးခင္မွာပင္ ဖန္သားျပင္သည္ ႐ုတ္တရက္ေျပာင္းသြားေတာ့သည္။ အားလုံးက ဓာတ္ပုံမ်ားကို ျမင္လိုက္ခ်ိန္၌ မွင္တက္အံ့ဩသြားေတာ့သည္။ သူတို႔အားလုံးသည္ ေခ်ာင္ေမာ့ယြီကို ၾကည့္လိုက္ၾကေလသည္။

ဖန္သားျပင္ေပၚတြင္ ဓာတ္ပုံႏွစ္ပုံရွိေန၏။ တစ္ပုံမွာ ေခ်ာင္ေမာ့ယြီက ေလာ့ေလာ့ကို ေက်ာင္းပို႔ေနသည့္ပုံျဖစ္ၿပီး တျခားပုံမွာ သူမႏွင့္ ယဲ့ေဖးခ်န္းတို႔ လက္တြဲကာ စိတ္ကူးယဥ္ဆန္ဆန္ လမ္းေလွ်ာက္ေနၾကသည့္ပုံျဖစ္သည္။

[ပန္းပြင့္အသစ္ေလး ေခ်ာင္ေမာ့ယြီက အျပစ္ကင္းတဲ့အမ်ိဳးသမီးလား ဒါမွမဟုတ္ မိခင္တစ္ေယာက္လား၊ မစၥတာယဲ့ ရွင္ေကာ သိလား]

ထိုျမင္ကြင္းကို ျမင္သြားၿပီး အားလုံးသည္ အထိတ္တလန့္ ျဖစ္သြားၾကၿပီးေနာက္ စတင္ေဆြးေႏြးၾကေတာ့သည္။ စကားဝိုင္းသည္ လႈပ္လႈပ္ရွားရွားျဖစ္သြားေတာ့သည္။

စင္ေပၚတြင္ အစီအစဥ္တင္ဆက္သူ၏မ်က္ႏွာအမူအရာလည္း ေျပာင္းသြားေတာ့သည္။သူသည္ အားလုံးကို အေလာတႀကီး ေျပာလိုက္၏။

“ ေတာင္းပန္ပါတယ္ဗ်ာ၊ တစ္ခုခု မွားေနတာျဖစ္ပါမယ္၊ ကြၽန္ေတာ္ဒါကို ခ်က္ခ်င္းေျဖရွင္းလိုက္ပါမယ္”

ထို႔ေနာက္ သူသည္ စင္အေနာက္ဖက္သို႔ ျမန္ျမန္သြားလိုက္ေလသည္။

ထိုအရာျမင္ၿပီးခဲ့ေသာဟြမ္ခ်ဴသည္ သူမကို စိတ္ဝင္တစားၾကည့္လိုက္ေလသည္။

အဟဲ တျခားလူေတြကေတာ့ ဒီဇာတ္လမ္းရဲ႕အတြင္းပိုင္းကို သိၾကမွာမဟုတ္ေပမဲ့ က်ဳပ္ကေတာ့ သိၿပီးသားေလ။ ယဲ့ေဖးခ်န္းက ဒီကိစၥနဲ႕ ေနာက္ကြယ္ကလူကို ဘယ္လိုကိုင္တြယ္မလဲ သိခ်င္လိုက္တာ။

...

واصل القراءة

ستعجبك أيضاً

1.8M 45.7K 67
When Ana confronts her new neighbour after being kept up all night by his sex noises, she's mortified to discover he's none other than Freddie-the po...
823K 25.4K 66
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
2.9M 75K 23
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
4.3M 269K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...