Majestic Love Story In Dae Go...

By nuenueki

21.1K 3.5K 677

စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာ... More

မိတ်ဆက်
1.ကံကြမ္မာနှစ်ခုမွေးဖွားလာခြင်း
2.လှည့်စားခံရသောကံကြမ္မာ
3.တွေ့ဆုံခြင်းအစ
4.ပထမဆုံးမိတ်ဆွေ
5.နှစ်ကြိမ်မြောက်ကယ်တင်ရှင်
6.အိမ်ပြန်ခရီး
7.နွေးထွေးသောနှစ်သိမ့်မှု
8.ခွဲခွာချိန်
9.တမ်းတခြင်း
10.သေမင်းတမန်စစ်သူကြီး
11.သမားတော်နဲ့အတိတ်မေ့လူနာ
12. ရှောင်လွှဲ၍မရသော မင်္ဂလာပွဲ
13.ထူးဆန်းသော မင်္ဂလာလက်ဖွဲ့
14.ဖြတ်သန်းခဲ့ရသောအတိတ်
15.ကံကြမ္မာစီစဥ်တဲ့မင်္ဂလာပွဲ
16.ရန်သူတော်ကိုစိတ်ဒုက္ခပေးခြင်း
17.ဖုံးကွယ်ထားသောမျက်နှာ
18. စစ်မှန်သောအိမ်ထောင်ဖက်
19.ကတိ
20.သဲလွန်စ
21. သိုဝှက်မေတ္တာ
22.အောင်နိုင်သူ
23.သေရွာပြန်
24. အတိတ်ကိုတူးဆွခြင်း
25. ဆောန်
26.စစ်ဗျူဟာစာအုပ်စင်ပေါ်က ပန်းပွင့်စာအုပ်
27.အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း
28. နိုင်ငံတော်စျာပန
29. မိုင်းဂါးမျိုးနွယ်သားအဖရဲ့ကျိန်စာသင့်အချစ်ဦးပုံပြင်
30.အပေးအယူ
31.မထင်မှတ်ထားသောလူနာရှင်
32. အမှန်တရားအပိုင်းအစ
32.နောက်ကွယ်မှစီစဥ်သူ
33.အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်း
34.ရပ်တည်ချက်
35.ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း
36.တာဝန်သိစိတ်
37.ပါရမီဖြည့်ဖက်
38.အချစ်=လူသားဆန်မှု
40.ပွဲဦးထွက်အနိုင်ပွဲ
41.လက်ခံရန်ခက်ခဲသော..
42. အန္တရာယ်ကြားကရင်ခုန်သံ
43.မြားဒဏ်ရာ
44.ဓားစာခံရှာဖွေခြင်း
45.အားပေးဖော်
46.အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီတကား
47. ကောင်းကင်မှာလင်းတဲ့ကြယ်
48. အမှာစကား
49. နှလုံးသားခိုးယူခံရခြင်း
50.မထင်မှတ်ထားသောအကူအညီ
51. မထင်မှတ်ထားသောအကူအညီ (2)
52. ကောင်းကင်ဘုံ၏အပြစ်ဒဏ်
53.Majestic Love Story in Dae Goguyeo
Author Note
အမှတ်တရ Section

39. မြတ်နိုးရပါသော

336 64 10
By nuenueki

" ဆောန် "
မျက်စိရှေ့က မြင်ကွင်းကြောင့်
တစ်ကိုယ်စာကြားရရုံ လေသံတိုးတိုးလေးဖြင့်ဆောန် ဟုရေရွတ်လိုက်မိသည်။

လွန်ခဲ့တဲ့အချိန်ပိုင်းလေးအတွင်းမှာတုန်းကတော့ မကြာမီရက်ပိုင်းအတွင်း ဖြစ်ပွားဖို့သေချာနေတဲ့ စစ်ပွဲအတွက် ပြင်ဆင်ရင်း ရှုပ်ထွေးမွန်းကြပ်နေတဲ့စိတ်အစဥ်ဟာ
ဆောန်ကိုတွေ့လိုက်ရတဲ့အချိန်အခိုက်အတန့်လေးအတွင်းမှာ မီးကိုရေနဲ့ငြှိမ်းလိုက်သလို အေးချမ်းဆိတ်ငြိမ်သွားတော့သည်။

၁၀နှစ်သားတုန်းကနှစ်ယောက်အတူအဖမ်းခံကစဥ်ကလည်းထိုသို့ပင်။
နှစ်ယောက်လုံးအဖမ်းခံရတာမို့ ပူပန်လောင်မြိုက်နေသော စိတ်အစဥ်မှာ မတော်တဆ အဝတ်ကိုဖယ်ရှားလိုက်မိပြီးနောက်မြင်လိုက်ရတဲ့မျက်နှာလေးကြောင့် တမုဟုတ်ချင်း ငြိမ်သက်တိတ်ဆိတ်သွားခဲ့ကာ ရင်ထဲမှာ တငြိမ့်ငြိမ့်အေးချမ်းသွားရသည်။

ဆောန်က ဆောင်ဟွန်းအတွက်တော့
ရင်ကိုငြိမ်းအေးစေတဲ့အကြည်ဓာတ်လေး ၊စိတ်ငြိမ်ဆေးလေး၊ အေးချမ်းရာလေးရယ်ပါ။

ကြည်လင်နေသောမျက်နှာလေးမှာ မီးပုံဆီမှထင်ဟပ်နေသောအလင်းရောင်ကြောင့် ​တောက်ပနေပြီး စိတ်အားထက်သန်မှုကြောင့်မျက်လုံးလေးတွေကအရောင်တလက်လက်နှင့်။

လိုက်ချင်တယ်ပြောတုန်းက ခရီးကြမ်းကြီးမှာ တစ်ခုခုထိခိုက်မိသွားမှာ၊ ပင်ပန်းနေရမှာ စိုးရိမ်တဲ့စိတ်ကြောင့် လုံခြုံရာမှာ ထားခဲ့ဖို့ဆုံးဖြတ်ခဲ့သော်လည်း
ယခုလိုသူမသိအောင်တိတ်တိတ်လေးလိုက်လာပြီး အားလုံးနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားနေတဲ့ ပုံရိပ်ကလေးကလည်းမြတ်နိုးဖွယ်အတိပင်။

တော်ဝင်မိသားစုက တော်ဝင်မင်းသားတစ်ပါးဖြစ်ပေမယ့် အခြားတော်ဝင်မိသားစုဝင်တွေလို ရာထူးအာဏာတွေကိုမက်မောခြင်းမရှိဘဲ သိုသိပ်စွာနေထိုင်တတ်သောထိုကောင်လေးက သူ့အတွက်တော့ ဆုလာဒ်လေးတစ်ခုပင်။

မိတ်ဆွေသူငယ်ချင်းလည်းမရှိ လူစိမ်းများနှင့်လည်းစကားကောင်းကောင်းမပြောဖူးသည့် ဆောန်မှာ အခုတော့ လူစိမ်းများနှင့် ဝိုင်းဖွဲ့ထိုင်ပြီး စကားပြောနေတာကိုမြင်ရတာ ရင်ထဲမှာ ဝမ်းနည်းဝမ်းသာဖြစ်ရတော့သည်။

မျက်နှာကိုလည်းဖုံးကွယ်မထားတော့ဘဲ အကြောက်တရားနဲ့သိမ်ငယ်စိတ်ကို ကြိုးစားတွန်းလှန်နေတဲ့ဆောန်ကိုမြင်ရတော့ အားအင်တို့ကပို၍တိုးလာရသည်။

ဆောန်ရှိရာကိုလှမ်းမျှော်ငေးရင်း အချိန်အတန်ကြာသည့်တိုင်အကြည့်တို့လွှဲမဖယ်ချင်တော့ဘဲ ပို၍နီးကပ်ချင်လာသည်။

" ဟုန်ရှစ် ငါ့ကိုတစ်ခုလောက်ကူညီပါလား"
ဟုန်ရှစ်ကိုအကူအညီတောင်းပြီးနောက်ဆောင်ဟွန်း တဲရှိရာသို့ပြန်လာခဲ့​တော့သည်။
.
.
.
မီးပုံမှာစုဝေးထိုင်ရင်း ဟွန်းဘေးနားက လက်ထောက်စစ်သူကြီး ဟုန်ရှစ်တစ်ယောက် ဆောနူးတို့မီးပုံရှိရာကိုလာနေတာကြောင့်ရင်ထဲထိတ်ခနဲဖြစ်သွားသည်။

လက်ထောက်စစ်သူကြီး ဟုန်ရှစ်သာ သူလိုက်လာမှန်းသိသွားရင် ဟွန်းဆီသတင်းပို့မှာမလွဲပေ။
ဟွန်းသိသွားပါက စိတ်ဆိုးလောက်မည်ထင်သည်။
တစ်ခုကောင်းသည်က သူ့မျက်နှာကအဝတ်စကိုဖယ်ရှားထားစဥ်အချိန်ကာလများမှာ လက်ထောက်စစ်သူကြီး ဟုန်ရှစ်နှင့် မဆုံဖူးတာကြောင့် ထိုသူက သူ့မျက်နှာကိုမမြင်ဖူးပေ။

" ဒီမှာဗျ ဒီထဲမှာ ဆေးပညာတတ်ကျွမ်းနားလည်တဲ့သူများပါသလား။
ပါရင် လူနာတစ်ယောက်ရှိလို့ အကူအညီတောင်းချင်လို့ပါ "
အခုလေးတင်ပဲမိတ်ဆက်ထားခဲ့တာမို့ မီးပုံဘေးမှာထိုင်နေသူအားလုံးက ဆောနူးကိုသမားတော်မှန်းသိကြပြီးဖြစ်တာကြောင့် ဆောနူးထံသို့ အကြည့်များစုပြုံရောက်လာကြသည်။

" ကျွန် ကျွန်တော်က သမားတော်ပါ။ လူနာလိုက်ကြည့်ပေးနိုင်ပါတယ် ဒါပေမယ့် ခဏတော့စောင့်ပါဦး ဆေးအိတ်ယူပြီးလိုက်ခဲ့ပါမယ်"

ပြောပြောဆိုဆိုနဲ့တဲအတွင်းဝင်ကာ အပ်များထည့်ထားသောဆေးအိတ်ကိုယူပြီး လက်ထောက်စစ်သူကြီးချုပ်နောက်သို့လိုက်လာခဲ့သည်။

ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးနောက်ဆောနူး လက်ထောက်စစ်သူကြီးဟုန်ရှစ်ကို လူနာအကြေယင်းမေးမြန်းတော့သည်။

" လူနာက ဘယ်သူလဲ ဘာဖြစ်တာလဲဗျ"

" ဘယ်သူ့ကိုမှပြောလို့မဖြစ်ဘူးနော် လူနာက စစ်သူကြီးချုပ်ပါပဲ ခေါင်းကိုက်လို့တဲ့ "

လူနာကစစ်သူကြီးချုပ်ဆိုတဲ့စကားကြောင့် ဆောနူးခြေလှမ်းတို့ရပ်တန့်သွားတော့သည်။

သူမသိအောင် တိတ်တိတ်လေးခိုးပြီး လိုက်လာကာမှ သူ့ဆီကို ကိုယ့်ခြေထောက်နဲ့ကိုယ်တည့်တည့်ကြီးသွားမည့်အဖြစ်။
မလိုက်ဘူးဟုငြင်းလိုက်လို့လည်းမဖြစ် ဟွန်းရဲ့ခေါင်းကိုက်ရောဂါအကြောင်းအသိဆုံးက ဆောနူးကိုယ်တိုင်ပဲမို့ အခြားသူလာကုပေးရင်းက ပိုဆိုးသွားမှာမျိုးကိုလည်းစိတ်ပူသည်။

" ခဏ ခဏ စောင့်ပေးပါဦး ကျွန်တော်ယူစရာလေးကျန်နေသေးလို့ "
လက်ထောက်စစ်သူကြီး ဟုန်ရှစ်ကိုနောက်တစ်ကြိမ်ထပ်စောင့်ခိုင်းပြီး မျက်နှာကိုဖုံးဖို့အဝတ်သွားယူလိုက်သည်။

အိမ်မှပဲနေခဲမယ်လို့ပြောထားတာမို့ မျက်နှာကိုဖုံးထားရင် ဟွန်းသူ့ကို မမှတ်မိဖို့မျှော်လင့်ရမည်။

" ကျွန်တော်ချောင်းနည်းဆိုးနေလို့ စစ်သူကြီးချုပ်နားကို ဒီအတိုင်းကပ်သွားရင်အားနာစရာကြီးဖြစ်နေမှာ အဲဒါကြောင့် မျက်နှာကိုစည်းထားဖို့လိုပါတာကြောင့်ပါ "
မလုံမလဲဖြင့် ချောင်းအနည်းငယ်ဆိုးချင်ယောင်ဆောင်ကာ လက်ထောက်စစ်သူကြီးဟုန်ရှစ်ကို ဖြေရှင်းချက်ပေးမိတော့ သူကခေါင်းငြိမ့်ပြသည်။

ဟွန်းရဲ့တဲက ဆောနူးတို့ရှိတဲ့နေရာနဲ့ အနည်းငယ်လှမ်းတာကြောင့် မရောက်မချင်းဟန်ဆောင်ချောင်းဆိုးနေရသည်မှာ လည်ချောင်းတွေပင် နာချင်ချင်။

" ဒါနဲ့ခင်ဗျားကို ကျွန်တော် သိနေသလိုပဲ။
ခင်ဗျားက ဟိုဆေးဆိုင်ကနေမှတစ်ဆင့်ဆက်သွယ်လို့ရတဲ့ နတ်ဆေးသမားတော်နဲ့တူလိုက်တာ တကယ်ပဲခင်ဗျားလား မထင်ထားဘူး သမားတော်ကြီးက သတ္တိရှိပြီး မှန်ကန်တဲ့ဘက်မှာ ရပ်တည်နေတာပဲ ကျွန်တော်လေးစားတယ်ဗျာ"

ထိုစကားကြောင့်ဆောနူး ဒူးတွေတုန်ချင်လာသည်။
ဟုန်ရှစ်လိုဘေးလူကတောင် မှတ်မိနေမှတော့ ဟွန်းကသူ့ကိုမမှတ်မိဖို့ဆိုတာသိပ်မဖြစ်နိုင်ပေ။

ဟွန်သာသိသွားရင် သူ့ကိုဘယ်လောက်တောင်စိတ်ဆိုးလိုက်မလဲ။

ဟွန်းရဲ့တဲရှေ့ရောက်ချိန်မှာတော့ တဲထဲကိုဝင်လိုက်ဖို့ခြေလှမ်းတွေတွန့်ဆုတ်နေခဲ့သည်။
ထွက်သွားဖို့ပြင်နေတဲ့
လက်ထောက်စစ်သူကြီးဟုန်ရှစ်ရဲ့အင်္ကျီစကို လှမ်းဆွဲလိုက်ပြီး
"တစ်ယောက်တည်း မဝင်ရဲဘူး " ဟု ပြောလိုက်မိသေးသည်။
အပြင်လူတစ်ယောက်ယောက်ရှိနေရင် ဟွန်းသူ့အပေါ်စိတ်ဆိုးခဲ့ရင်တောင် အာရုံလွှဲလို့ရနိုင်လောက်မည်ဟူသောမျှော်လင့်ချက်လေးကြောင့်ပေါ့။

" စိတ်မပူပါနဲ့ စစ်သူကြီးချုပ်က အခုစိတ်အခြေအနေကောင်းနေပါတယ် ဒေါသလည်းကြီးမနေဘူး။

သမားတော်လာရင် တစ်ယောက်တည်းဝင်ခဲ့ခိုင်းဖို့ပြောထားလို့ကျွန်တေယ်လိုက်မဝင်တော့ဘူး
တကယ်လို့ဆေးဝယ်ဖို့ အကူအညီလိုခဲ့ရင်ကျွန်တော်ဟိုဘက်ကတဲထဲမှာရှိပါတယ် အချိန်မရွေးခေါ်လိုက်ပါ "
ဟုဆိုကာ ထွက်သွားလေသည်။

ဆောနူးလည်း စိတ်ကိုအားတင်းပြီး တဲအတွင်းသို့တစ်လှမ်းခြင်းဝင်ခဲ့သည်။
တဲအတွင်းမှာ မီးရောင်ကမတော်လေးမှိန်ဖျော့နေတာမို့ကံကောင်းရင်ဟွန်းကသူ့ကိုသတိမထားမိတာမျိုးလည်း ဖြစ်နိုင်လောက်မည်။

တဲအတွင်းကစားပွဲငယ်လေးပေါ်မှာတော့ စာရွက်တွေမြေပုံတွေအများအပြားရှိနေပြီး အလုပ်တွေဖိစီးနေပုံရတဲ့ဟွန်းကတော့ ကုတင်ပေါ်မှာ လဲလျောင်းလျှက်ရှိသည်။

ဟွန်းကိုမြင်လိုက်ရတော့ စိုးရိမ်စိတ်တွေရှိနေသည့်ကြားမှပင် ရင်ထဲသိမ့်ခနဲနွေးသွားသည်။
ကြီးမြတ်တဲ့ဂိုဂူလျောပြည်ကြီးရဲ့ ပြည်သူပြည်သားများ အားကိုးရာ စစ်သူကြီးချုပ်ဖြစ်တဲ့ ဟွန်းက ဆောနူးအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက် လက်တွဲဖော်ကောင်းတစ်ယောက် အိမ်သားတစ်ယောက်ဖြစ်ပေသည်။
ထို့ထက်ပို၍ ဆောနူးကိုယ်တိုင်က ဟွန်းအတွက်
နိုင်ငံကောင်းစားဖို့ အတူတူတော်လှန်ရေးလုပ်ကြမည့် အတူတိုက်ပွဲဝင်ကြမည့် သေတူရှင်မကွာ ရဲဖော်ရဲဖက်တစ်ဦးလည်းဖြစ်ချင်သည်။

" သမားတော်ရောက်လာပြီလား "

အေးစက်နေသောဟွန်းရဲ့လေသံကြောင့်ဆောနူးအတွေးတို့တိခနဲပြတ်တောက်သွားရသည်။
ဟွန်းက လှဲနေရာမှ ဖြည်းညင်းစွာထလာရင်း ဆောနူးရှိရာသို့လျှောက်လှမ်းလာသည်။

" အဟွတ် အဟွတ်
ကျွန်တော်ချောင်းဆိုးနေတာမို့ အနားကိုအရမ်းမကပ်ဖို့ပြောချင်ပါတယ်စစ်သူကြီးချုပ်ခင်ဗျာ"

မျက်နှာချင်းဆိုင်ရမှာရှက်ရွံစွာနဲ့ ဟွန်းကိုကျောပေးလိုက်ပြီး
အသံကိုလည်းအနည်းငယ်ပြောင်းကာပြောလိုက်တာမို့ ဟွန်းကချက်ချင်းမှတ်မိပုံတော့မရပေ။

" သမားတော်က ချောင်းဆိုးနေလို့ဘယ်ဖြစ်မလဲ အနားကိုလာခဲ့ "

" မလာ မလာချင်"
ဆောနူးငြင်းမယ်ပြင်လိုက်စဥ်မှာဘဲ နောက်ကျောဆီမှသိမ်းဖက်လိုက်တာကိုခံစားလိုက်ရတာကြောင့် ကိုယ်ကိုကျုံ့ထားလိုက်မိသည်။

" သမားတော်ကိုကြည့်ရတာ တစ်ယောက်ယောက်နဲ့တူသလိုခံစားနေတယ်လိမ်လိမ်မာမာနဲ့ အိမ်မှာနေခဲ့ပါမယ်လို့ပြောတဲ့တစ်ယောက်ယောက်လေ။"

ဟွန်းကသူ့ကိုခဏလေးမြင်ရုံနဲ့တင်တန်းမှတ်မိသွားတာကြောင့် ဟွန်းစိတ်မဆိုးအောင် ဘယ်လိုချော့ရမလဲဟု ခေါင်းထဲမှာ အသည်းအသန်တွေးနေမိတော့သည်။

" ဘာလို့ကိုယ့်စကားကို နားမထောင်တာလဲဆောန်"

နောက်ကျောမှသိုင်းဖက်ထားရင်းနဲ့ နားသယ်စပ်နားနှင့် လည်တိုင်ပေါ်သို့ မထိတထိကျရောက်လာတဲ့အနမ်းတွေကြောင့်ဆောနူးရင်ခုန်သံတွေမြန်ဆန်လာသည်။

" ဘယ်လိုလုပ်ဒီလောက်မြန်မြန်မှတ်မိသွားတာလဲ ငါ့ကိုသေချာတောင်မကြည့်ရသေးဘဲနဲ့ "

မချင့်မရဲမေးမိတော့ ရယ်သံခပ်တိုးတိုးကနားနားမှာဝေ့ဝဲသွားသည်။

" မျက်လုံးလေးတွေကိုပဲမြင်ဖူးခဲ့တဲ့ချိန်ကတည်းက ငြိတွယ်ခဲ့ရတဲ့သူပါ။

မင်းကိုကိုယ်ကမမှတ်မိစရာအကြောင်းရှိပါ့မလား အရိပ်ကလေးပဲမြင်ရင်တောင်မှတ်မိတယ်။

ပြောပါဦးကိုယ်မသိအောင် တိတ်တိတ်လေးလိုက်လာရတဲ့အကြောင်းအရင်းလေး "

ဟွန်းက သူ့ကိုစိတ်ဆိုးနေတာလားမဆိူးနေတာလားဆောနူးကိုယ်တိုင်လည်းဝေခွဲမရပေ။
ဟွန်းမသိအောင် လုပ်ခဲ့မိတာမို့ ဘာပဲဖြစ်ဖြစ်အကျိုးအကြောင်းပြောပြပြီးတောင်းပန်ရန်သာဆုံးဖြတ်လိုက်သည်။

သိုင်းဖက်ထားတဲ့ ဟွန်းလက်တွေကိုအသာအယာဖယ်ခွာကာ ဟွန်းဘက်ကိုလှည့်လိုက်သည်။

ထို့နောက် ဟွန်းရင်ခွင်ထဲတိုးဝင်ဖက်တွယ်လိုက်ပြီး ရင်ခွင်ဆီသိူ့မျက်နှာအပ်ကာ တောင်းပန်စကားခပ်တိုးတိုးဆိုမိတော့သည်။

.
.

သိုင်းဖက်ထားတဲ့လက်ကိုဖယ်ခွာပြီး ရင်ခွင်ထဲတိုးဝင်လာတဲ့ ဆောန်ရဲ့အပြုအမူလေးကြောင့် ဆောင်ဟွန်းအသည်းတယားယားရှိရသည်။
အနားကပ်ရင်တောင်ရှက်နေတတ်တဲ့ဆောန်က အခုတော့ စိတ်လိုလက်ရသူ့ရင်ခွင်ထဲ ကိုယ်တိုင်တိုးဝင်လာတာမို့ ခါးလေးကိုမလွတ်တမ်းဖက်တွယ်ထားလိုက်သည်။

" ငါ အိမ်မှာပဲနေပြီးမင်းကိုစိတ်ပူနေရတာနဲ့စာရင် မင်းနဲ့အတူတူတိုက်ပွဲဝင်ချင်တယ်။

မင်းဘဝရဲ့အရေးကြီးတဲ့အချိန်တိုင်းမှာအတူရှိနေချင်တယ်

မင်းငါ့ကိုစိတ်ပူသလို ငါလည်းမင်းကိုစိတ်ပူတယ်ဟွန်း။

အများကြီးမပြောတတ်ပေမယ့် ဒါက ငါ့ရဲ့အချစ်ကိုဖော်ပြတဲ့ပုံစံတစ်မျိုးပဲ။

မင်းကိုချစ်တာမို့ မင်းနဲ့ သေတူရှင်မကွာ ရှိချင်တယ်
အဲဒါကြောင့် ငါ့ကို စိတ်မဆိုးပါနဲ့."

ဆောန်ရဲ့စကားတို့က သူ့ရင်ထဲကိုတငြိမ့်ငြိမ့်စီးဝင်လာသည်။
စိတ်ဆိုးမှာကြောက်လို့အသည်းအသန် ရှင်းပြနေတဲ့ အကောင်ပေါက်လေးက မြတ်နိုးဖွယ်အတိ။

စိတ်ဆိုးမှာစိုးရုံသက်သက်ပြောတဲ့စကားတွေမဟုတ်ဘဲ စိတ်ထဲကနေတကယ်ကို လေးနက်စွာပြောတဲ့စကားတွေမှန်းဆောင်ဟွန်းသဘောပေါက်ပါသည်။

ရင်ခွင်ထဲမှာဖွက်ထားတဲ့ မျက်နှာလေးကို လက်ဖြင့်အသာအယာဆွဲယူကာ မေးဖျားလေးကို မော့စေပြီး ဆောန်ရဲ့မျက်ဝန်းညိုတွေကနေတစ်ဆင့် ရင်ထဲအထိမြင်အောင်ကြည့်လိုက်သည်။

" မင်းရဲ့စိတ်ရင်းကိုသိနေတာပဲ ကိုယ်မင်းကိုဘယ်လိုလုပ်စိတ်ဆိုးရက်ပါ့မလဲအချစ်ရယ်"

ဖက်တွယ်နေသောကိုယ်ငယ်လေးကိုပွေ့ချီကာ အားနည်းဖျော့တော့နေသော ဆီမီးတိုင်ကိုငြှိမ်းလိုက်သည်။
ထို့နောက် အိပ်ယာပေါ်မှာလဲလျောင်းစေပြီး သူ့ကိုယ်လေးပေါ်မှာအုပ်မိုးကာ လွမ်းခဲ့ရတဲ့နေ့တွေအတွက်ပါ အတိုးချ၍ အနမ်းများကိုအသက်ဝင်စေလိုက်သည်။

" ဟွန်း "

တိုးညင်းသော ရေရွတ်သံလေးက နှလုံးသားဆီသို့ လာရိုက်ခတ်သည်။
အဆုံးမရှိသောမြတ်နိုးခြင်းများစွာဖြင့်
ဆောန်ကို သူ့အပိုင်အဖြစ် အကြိမ်ကြိမ်အခါခါတံဆိပ်ခတ်လိုက်မိချေသည်။...

"သိပ်ချစ်တာပဲ ဆောန်ရယ်.."

Zawgyi

" ေဆာန္ "
မ်က္စိေရွ႕က ျမင္ကြင္းေၾကာင့္
တစ္ကိုယ္စာၾကားရ႐ုံ ေလသံတိုးတိုးေလးျဖင့္ေဆာန္ ဟုေရ႐ြတ္လိုက္မိသည္။

လြန္ခဲ့တဲ့အခ်ိန္ပိုင္းေလးအတြင္းမွာတုန္းကေတာ့ မၾကာမီရက္ပိုင္းအတြင္း ျဖစ္ပြားဖို႔ေသခ်ာေနတဲ့ စစ္ပြဲအတြက္ ျပင္ဆင္ရင္း ရႈပ္ေထြးမြန္းၾကပ္ေနတဲ့စိတ္အစဥ္ဟာ
ေဆာန္ကိုေတြ႕လိုက္ရတဲ့အခ်ိန္အခိုက္အတန့္ေလးအတြင္းမွာ မီးကိုေရနဲ႕ျငႇိမ္းလိုက္သလို ေအးခ်မ္းဆိတ္ၿငိမ္သြားေတာ့သည္။

၁၀ႏွစ္သားတုန္းကႏွစ္ေယာက္အတူအဖမ္းခံကစဥ္ကလည္းထိုသို႔ပင္။
ႏွစ္ေယာက္လုံးအဖမ္းခံရတာမို႔ ပူပန္ေလာင္ၿမိဳက္ေနေသာ စိတ္အစဥ္မွာ မေတာ္တဆ အဝတ္ကိုဖယ္ရွားလိုက္မိၿပီးေနာက္ျမင္လိုက္ရတဲ့မ်က္ႏွာေလးေၾကာင့္ တမုဟုတ္ခ်င္း ၿငိမ္သက္တိတ္ဆိတ္သြားခဲ့ကာ ရင္ထဲမွာ တၿငိမ့္ၿငိမ့္ေအးခ်မ္းသြားရသည္။

ေဆာန္က ေဆာင္ဟြန္းအတြက္ေတာ့
ရင္ကိုၿငိမ္းေအးေစတဲ့အၾကည္ဓာတ္ေလး ၊စိတ္ၿငိမ္ေဆးေလး၊ ေအးခ်မ္းရာေလးရယ္ပါ။

ၾကည္လင္ေနေသာမ်က္ႏွာေလးမွာ မီးပုံဆီမွထင္ဟပ္ေနေသာအလင္းေရာင္ေၾကာင့္ ေတာက္ပေနၿပီး စိတ္အားထက္သန္မႈေၾကာင့္မ်က္လုံးေလးေတြကအေရာင္တလက္လက္ႏွင့္။

လိုက္ခ်င္တယ္ေျပာတုန္းက ခရီးၾကမ္းႀကီးမွာ တစ္ခုခုထိခိုက္မိသြားမွာ၊ ပင္ပန္းေနရမွာ စိုးရိမ္တဲ့စိတ္ေၾကာင့္ လုံၿခဳံရာမွာ ထားခဲ့ဖို႔ဆုံးျဖတ္ခဲ့ေသာ္လည္း
ယခုလိုသူမသိေအာင္တိတ္တိတ္ေလးလိုက္လာၿပီး အားလုံးနဲ႕ လိုက္ေလ်ာညီေထြေနနိုင္ဖို႔ ႀကိဳးစားေနတဲ့ ပုံရိပ္ကေလးကလည္းျမတ္နိုးဖြယ္အတိပင္။

ေတာ္ဝင္မိသားစုက ေတာ္ဝင္မင္းသားတစ္ပါးျဖစ္ေပမယ့္ အျခားေတာ္ဝင္မိသားစုဝင္ေတြလို ရာထူးအာဏာေတြကိုမက္ေမာျခင္းမရွိဘဲ သိုသိပ္စြာေနထိုင္တတ္ေသာထိုေကာင္ေလးက သူ႕အတြက္ေတာ့ ဆုလာဒ္ေလးတစ္ခုပင္။

မိတ္ေဆြသူငယ္ခ်င္းလည္းမရွိ လူစိမ္းမ်ားႏွင့္လည္းစကားေကာင္းေကာင္းမေျပာဖူးသည့္ ေဆာန္မွာ အခုေတာ့ လူစိမ္းမ်ားႏွင့္ ဝိုင္းဖြဲ႕ထိုင္ၿပီး စကားေျပာေနတာကိုျမင္ရတာ ရင္ထဲမွာ ဝမ္းနည္းဝမ္းသာျဖစ္ရေတာ့သည္။

မ်က္ႏွာကိုလည္းဖုံးကြယ္မထားေတာ့ဘဲ အေၾကာက္တရားနဲ႕သိမ္ငယ္စိတ္ကို ႀကိဳးစားတြန္းလွန္ေနတဲ့ေဆာန္ကိုျမင္ရေတာ့ အားအင္တို႔ကပို၍တိုးလာရသည္။

ေဆာန္ရွိရာကိုလွမ္းေမွ်ာ္ေငးရင္း အခ်ိန္အတန္ၾကာသည့္တိုင္အၾကည့္တို႔လႊဲမဖယ္ခ်င္ေတာ့ဘဲ ပို၍နီးကပ္ခ်င္လာသည္။

" ဟုန္ရွစ္ ငါ့ကိုတစ္ခုေလာက္ကူညီပါလား"
ဟုန္ရွစ္ကိုအကူအညီေတာင္းၿပီးေနာက္ေဆာင္ဟြန္း တဲရွိရာသို႔ျပန္လာခဲ့ေတာ့သည္။
.
.
.
မီးပုံမွာစုေဝးထိုင္ရင္း ဟြန္းေဘးနားက လက္ေထာက္စစ္သူႀကီး ဟုန္ရွစ္တစ္ေယာက္ ေဆာႏူးတို႔မီးပုံရွိရာကိုလာေနတာေၾကာင့္ရင္ထဲထိတ္ခနဲျဖစ္သြားသည္။

လက္ေထာက္စစ္သူႀကီး ဟုန္ရွစ္သာ သူလိုက္လာမွန္းသိသြားရင္ ဟြန္းဆီသတင္းပို႔မွာမလြဲေပ။
ဟြန္းသိသြားပါက စိတ္ဆိုးေလာက္မည္ထင္သည္။
တစ္ခုေကာင္းသည္က သူ႕မ်က္ႏွာကအဝတ္စကိုဖယ္ရွားထားစဥ္အခ်ိန္ကာလမ်ားမွာ လက္ေထာက္စစ္သူႀကီး ဟုန္ရွစ္ႏွင့္ မဆုံဖူးတာေၾကာင့္ ထိုသူက သူ႕မ်က္ႏွာကိုမျမင္ဖူးေပ။

" ဒီမွာဗ် ဒီထဲမွာ ေဆးပညာတတ္ကြၽမ္းနားလည္တဲ့သူမ်ားပါသလား။
ပါရင္ လူနာတစ္ေယာက္ရွိလို႔ အကူအညီေတာင္းခ်င္လို႔ပါ "
အခုေလးတင္ပဲမိတ္ဆက္ထားခဲ့တာမို႔ မီးပုံေဘးမွာထိုင္ေနသူအားလုံးက ေဆာႏူးကိုသမားေတာ္မွန္းသိၾကၿပီးျဖစ္တာေၾကာင့္ ေဆာႏူးထံသို႔ အၾကည့္မ်ားစုၿပဳံေရာက္လာၾကသည္။

" ကြၽန္ ကြၽန္ေတာ္က သမားေတာ္ပါ။ လူနာလိုက္ၾကည့္ေပးနိုင္ပါတယ္ ဒါေပမယ့္ ခဏေတာ့ေစာင့္ပါဦး ေဆးအိတ္ယူၿပီးလိုက္ခဲ့ပါမယ္"

ေျပာေျပာဆိုဆိုနဲ႕တဲအတြင္းဝင္ကာ အပ္မ်ားထည့္ထားေသာေဆးအိတ္ကိုယူၿပီး လက္ေထာက္စစ္သူႀကီးခ်ဳပ္ေနာက္သို႔လိုက္လာခဲ့သည္။

ေျခလွမ္းအနည္းငယ္မွ်လွမ္းၿပီးေနာက္ေဆာႏူး လက္ေထာက္စစ္သူႀကီးဟုန္ရွစ္ကို လူနာအေၾကယင္းေမးျမန္းေတာ့သည္။

" လူနာက ဘယ္သူလဲ ဘာျဖစ္တာလဲဗ်"

" ဘယ္သူ႕ကိုမွေျပာလို႔မျဖစ္ဘူးေနာ္ လူနာက စစ္သူႀကီးခ်ဳပ္ပါပဲ ေခါင္းကိုက္လို႔တဲ့ "

လူနာကစစ္သူႀကီးခ်ဳပ္ဆိုတဲ့စကားေၾကာင့္ ေဆာႏူးေျခလွမ္းတို႔ရပ္တန့္သြားေတာ့သည္။

သူမသိေအာင္ တိတ္တိတ္ေလးခိုးၿပီး လိုက္လာကာမွ သူ႕ဆီကို ကိုယ့္ေျခေထာက္နဲ႕ကိုယ္တည့္တည့္ႀကီးသြားမည့္အျဖစ္။
မလိုက္ဘူးဟုျငင္းလိုက္လို႔လည္းမျဖစ္ ဟြန္းရဲ႕ေခါင္းကိုက္ေရာဂါအေၾကာင္းအသိဆုံးက ေဆာႏူးကိုယ္တိုင္ပဲမို႔ အျခားသူလာကုေပးရင္းက ပိုဆိုးသြားမွာမ်ိဳးကိုလည္းစိတ္ပူသည္။

" ခဏ ခဏ ေစာင့္ေပးပါဦး ကြၽန္ေတာ္ယူစရာေလးက်န္ေနေသးလို႔ "
လက္ေထာက္စစ္သူႀကီး ဟုန္ရွစ္ကိုေနာက္တစ္ႀကိမ္ထပ္ေစာင့္ခိုင္းၿပီး မ်က္ႏွာကိုဖုံးဖို႔အဝတ္သြားယူလိုက္သည္။

အိမ္မွပဲေနခဲမယ္လို႔ေျပာထားတာမို႔ မ်က္ႏွာကိုဖုံးထားရင္ ဟြန္းသူ႕ကို မမွတ္မိဖို႔ေမွ်ာ္လင့္ရမည္။

" ကြၽန္ေတာ္ေခ်ာင္းနည္းဆိုးေနလို႔ စစ္သူႀကီးခ်ဳပ္နားကို ဒီအတိုင္းကပ္သြားရင္အားနာစရာႀကီးျဖစ္ေနမွာ အဲဒါေၾကာင့္ မ်က္ႏွာကိုစည္းထားဖို႔လိုပါတာေၾကာင့္ပါ "
မလုံမလဲျဖင့္ ေခ်ာင္းအနည္းငယ္ဆိုးခ်င္ေယာင္ေဆာင္ကာ လက္ေထာက္စစ္သူႀကီးဟုန္ရွစ္ကို ေျဖရွင္းခ်က္ေပးမိေတာ့ သူကေခါင္းၿငိမ့္ျပသည္။

ဟြန္းရဲ႕တဲက ေဆာႏူးတို႔ရွိတဲ့ေနရာနဲ႕ အနည္းငယ္လွမ္းတာေၾကာင့္ မေရာက္မခ်င္းဟန္ေဆာင္ေခ်ာင္းဆိုးေနရသည္မွာ လည္ေခ်ာင္းေတြပင္ နာခ်င္ခ်င္။

" ဒါနဲ႕ခင္ဗ်ားကို ကြၽန္ေတာ္ သိေနသလိုပဲ။
ခင္ဗ်ားက ဟိုေဆးဆိုင္ကေနမွတစ္ဆင့္ဆက္သြယ္လို႔ရတဲ့ နတ္ေဆးသမားေတာ္နဲ႕တူလိုက္တာ တကယ္ပဲခင္ဗ်ားလား မထင္ထားဘူး သမားေတာ္ႀကီးက သတၱိရွိၿပီး မွန္ကန္တဲ့ဘက္မွာ ရပ္တည္ေနတာပဲ ကြၽန္ေတာ္ေလးစားတယ္ဗ်ာ"

ထိုစကားေၾကာင့္ေဆာႏူး ဒူးေတြတုန္ခ်င္လာသည္။
ဟုန္ရွစ္လိုေဘးလူကေတာင္ မွတ္မိေနမွေတာ့ ဟြန္းကသူ႕ကိုမမွတ္မိဖို႔ဆိုတာသိပ္မျဖစ္နိုင္ေပ။

ဟြန္သာသိသြားရင္ သူ႕ကိုဘယ္ေလာက္ေတာင္စိတ္ဆိုးလိုက္မလဲ။

ဟြန္းရဲ႕တဲေရွ႕ေရာက္ခ်ိန္မွာေတာ့ တဲထဲကိုဝင္လိုက္ဖို႔ေျခလွမ္းေတြတြန့္ဆုတ္ေနခဲ့သည္။
ထြက္သြားဖို႔ျပင္ေနတဲ့
လက္ေထာက္စစ္သူႀကီးဟုန္ရွစ္ရဲ႕အကၤ်ီစကို လွမ္းဆြဲလိုက္ၿပီး
"တစ္ေယာက္တည္း မဝင္ရဲဘူး " ဟု ေျပာလိုက္မိေသးသည္။
အျပင္လူတစ္ေယာက္ေယာက္ရွိေနရင္ ဟြန္းသူ႕အေပၚစိတ္ဆိုးခဲ့ရင္ေတာင္ အာ႐ုံလႊဲလို႔ရနိုင္ေလာက္မည္ဟူေသာေမွ်ာ္လင့္ခ်က္ေလးေၾကာင့္ေပါ့။

" စိတ္မပူပါနဲ႕ စစ္သူႀကီးခ်ဳပ္က အခုစိတ္အေျခအေနေကာင္းေနပါတယ္ ေဒါသလည္းႀကီးမေနဘူး။

သမားေတာ္လာရင္ တစ္ေယာက္တည္းဝင္ခဲ့ခိုင္းဖို႔ေျပာထားလို႔ကြၽန္ေတယ္လိုက္မဝင္ေတာ့ဘူး
တကယ္လို႔ေဆးဝယ္ဖို႔ အကူအညီလိုခဲ့ရင္ကြၽန္ေတာ္ဟိုဘက္ကတဲထဲမွာရွိပါတယ္ အခ်ိန္မေ႐ြးေခၚလိုက္ပါ "
ဟုဆိုကာ ထြက္သြားေလသည္။

ေဆာႏူးလည္း စိတ္ကိုအားတင္းၿပီး တဲအတြင္းသို႔တစ္လွမ္းျခင္းဝင္ခဲ့သည္။
တဲအတြင္းမွာ မီးေရာင္ကမေတာ္ေလးမွိန္ေဖ်ာ့ေနတာမို႔ကံေကာင္းရင္ဟြန္းကသူ႕ကိုသတိမထားမိတာမ်ိဳးလည္း ျဖစ္နိုင္ေလာက္မည္။

တဲအတြင္းကစားပြဲငယ္ေလးေပၚမွာေတာ့ စာ႐ြက္ေတြေျမပုံေတြအမ်ားအျပားရွိေနၿပီး အလုပ္ေတြဖိစီးေနပုံရတဲ့ဟြန္းကေတာ့ ကုတင္ေပၚမွာ လဲေလ်ာင္းလွ်က္ရွိသည္။

ဟြန္းကိုျမင္လိုက္ရေတာ့ စိုးရိမ္စိတ္ေတြရွိေနသည့္ၾကားမွပင္ ရင္ထဲသိမ့္ခနဲႏြေးသြားသည္။
ႀကီးျမတ္တဲ့ဂိုဂူေလ်ာျပည္ႀကီးရဲ႕ ျပည္သူျပည္သားမ်ား အားကိုးရာ စစ္သူႀကီးခ်ဳပ္ျဖစ္တဲ့ ဟြန္းက ေဆာႏူးအတြက္လည္း မိတ္ေဆြေကာင္းတစ္ေယာက္ လက္တြဲေဖာ္ေကာင္းတစ္ေယာက္ အိမ္သားတစ္ေယာက္ျဖစ္ေပသည္။
ထို႔ထက္ပို၍ ေဆာႏူးကိုယ္တိုင္က ဟြန္းအတြက္
နိုင္ငံေကာင္းစားဖို႔ အတူတူေတာ္လွန္ေရးလုပ္ၾကမည့္ အတူတိုက္ပြဲဝင္ၾကမည့္ ေသတူရွင္မကြာ ရဲေဖာ္ရဲဖက္တစ္ဦးလည္းျဖစ္ခ်င္သည္။

" သမားေတာ္ေရာက္လာၿပီလား "

ေအးစက္ေနေသာဟြန္းရဲ႕ေလသံေၾကာင့္ေဆာႏူးအေတြးတို႔တိခနဲျပတ္ေတာက္သြားရသည္။
ဟြန္းက လွဲေနရာမွ ျဖည္းညင္းစြာထလာရင္း ေဆာႏူးရွိရာသို႔ေလွ်ာက္လွမ္းလာသည္။

" အဟြတ္ အဟြတ္
ကြၽန္ေတာ္ေခ်ာင္းဆိုးေနတာမို႔ အနားကိုအရမ္းမကပ္ဖို႔ေျပာခ်င္ပါတယ္စစ္သူႀကီးခ်ဳပ္ခင္ဗ်ာ"

မ်က္ႏွာခ်င္းဆိုင္ရမွာရွက္႐ြံစြာနဲ႕ ဟြန္းကိုေက်ာေပးလိုက္ၿပီး
အသံကိုလည္းအနည္းငယ္ေျပာင္းကာေျပာလိုက္တာမို႔ ဟြန္းကခ်က္ခ်င္းမွတ္မိပုံေတာ့မရေပ။

" သမားေတာ္က ေခ်ာင္းဆိုးေနလို႔ဘယ္ျဖစ္မလဲ အနားကိုလာခဲ့ "

" မလာ မလာခ်င္"
ေဆာႏူးျငင္းမယ္ျပင္လိုက္စဥ္မွာဘဲ ေနာက္ေက်ာဆီမွသိမ္းဖက္လိုက္တာကိုခံစားလိုက္ရတာေၾကာင့္ ကိုယ္ကိုက်ဳံ႕ထားလိုက္မိသည္။

" သမားေတာ္ကိုၾကည့္ရတာ တစ္ေယာက္ေယာက္နဲ႕တူသလိုခံစားေနတယ္လိမ္လိမ္မာမာနဲ႕ အိမ္မွာေနခဲ့ပါမယ္လို႔ေျပာတဲ့တစ္ေယာက္ေယာက္ေလ။"

ဟြန္းကသူ႕ကိုခဏေလးျမင္႐ုံနဲ႕တင္တန္းမွတ္မိသြားနာေၾကာင့္ ဟြန္းစိတ္မဆိုးေအာင္ ဘယ္လိုေခ်ာ့ရမလဲဟု ေခါင္းထဲမွာ အသည္းအသန္ေတြးေနမိေတာ့သည္။

" ဘာလို႔ကိုယ့္စကားကို နားမေထာင္တာလဲေဆာန္"

ေနာက္ေက်ာမွသိုင္းဖက္ထားရင္းနဲ႕ နားသယ္စပ္နားႏွင့္ လည္တိုင္ေပၚသို႔ မထိတထိက်ေရာက္လာတဲ့အနမ္းေတြေၾကာင့္ေဆာႏူးရင္ခုန္သံေတြျမန္ဆန္လာသည္။

" ဘယ္လိုလုပ္ဒဖိေလာက္ျမန္ျမန္မွတ္မိသြားတာလဲ ငါ့ကိုေသခ်ာေတာင္မၾကည့္ရေသးဘဲနဲ႕ "

မခ်င့္မရဲေမးမိေတာ့ ရယ္သံခပ္တိုးတိုးကနားနားမွာေဝ့ဝဲသြားသည္။

" မ်က္လုံးေလးေတြကိုပဲျမင္ဖူးခဲ့တဲ့ခ်ိန္ကတည္းက ၿငိတြယ္ခဲ့ရတဲ့သူပါ။
မင္းကိုကိုယ္ကမမွတ္မိစရာအေၾကာင္းရွိပါ့မလား အရိပ္ကေလးပဲျမင္ရင္ေတာင္မွတ္မိတယ္။
ေျပာပါဦးကိုယ္မသိေအာင္ တိတ္တိတ္ေလးလိုက္လာရတဲ့အေၾကာင္းအရင္းေလး "

ဟြန္းက သူ႕ကိုစိတ္ဆိုးေနတာလားမဆိူးေနတာလားေဆာႏူးကိုယ္တိုင္လည္းေဝခြဲမရေပ။ ဟြနမသိေအာင္ လုပ္ခဲ့မိတာမို႔ ဘာပဲျဖစ္ျဖစ္အက်ိဳးအေၾကာင္းေျပာျပၿပီးေတာင္းပန္ရန္သာဆုံးျဖတ္လိုက္သည္။

သိုင္းဖက္ထားတဲ့ ဟြန္းလက္ေတြကိုအသာအယာဖယ္ခြာကာ ဟြန္းဘက္ကိုလွည့္လိုက္သည္။
ထို႔ေနာက္ ဟြန္းရင္ခြင္ထဲတိုးဝင္ဖက္တြယ္လိုက္ၿပီး ရင္ခြင္ဆီသိူ႕မ်က္ႏွာအပ္ကာ ေတာင္းပန္စကားခပ္တိုးတိုးဆိုမိေတာ့သည္။

.
.

သိုင္းဖက္ထားတဲ့လက္ကိုဖယ္ခြာၿပီး ရင္ခြင္ထဲတိုးဝင္လာတဲ့ ေဆာန္ရဲ႕အျပဳအမူေလးေၾကာင့္ ေဆာင္ဟြန္းအသည္းတယားယားရွိရသည္။
အနားကပ္ရင္ေတာင္ရွက္ေနတတ္တဲ့ေဆာန္က အခုေတာ့ စိတ္လိုလက္ရသူ႕ရင္ခြင္ထဲ ကိုယ္တိုင္တိုးဝင္လာတာမို႔ ခါးေလးကိုမလြတ္တမ္းဖက္တြယ္ထားလိုက္သည္။

" ငါ အိမ္မွာပဲေနၿပီးမင္းကိုစိတ္ပူေနရတာနဲ႕စာရင္ မင္းနဲ႕အတူတူတိုက္ပြဲဝင္ခ်င္တယ္။
မင္းဘဝရဲ႕အေရးႀကီးတဲ့အခ်ိန္တိုင္းမွာအတူရွိေနခ်င္တယ္
မင္းငါ့ကိုစိတ္ပူသလို ငါလည္းမင္းကိုစိတ္ပူတယ္ဟြန္း။
အမ်ားႀကီးမေျပာတတ္ေပမယ့္ ဒါက ငါ့ရဲ႕အခ်စ္ကိုေဖာ္ျပတဲ့ပုံစံတစ္မ်ိဳးပဲ။
မင္းကိုခ်စ္တာမို႔ မင္းနဲ႕ ေသတူရွင္မကြာ ရွိခ်င္တယ္
အဲဒါေၾကာင့္ ငါ့ကို စိတ္မဆိုးပါနဲ႕.+"

ေဆာန္ရဲ႕စကားတို႔က သူ႕ရင္ထဲကိုတၿငိမ့္ၿငိမ့္စီးဝင္လာသည္။
စိတ္ဆိုးမွာေၾကာက္လို႔အသည္းအသန္ ရွင္းျပေနတဲ့ အေကာင္ေပါက္ေလးက ျမတ္နိုးဖြယ္အတိ။

စိတ္ဆိုးမွာစိုး႐ုံသက္သက္ေျပာတဲ့စကားေတြမဟုတ္ဘဲ စိတ္ထဲကေနတကယ္ကို ေလးနက္စြာေျပာတဲ့စကားေတြမွန္းေဆာင္ဟြန္းသေဘာေပါက္ပါသည္။

ရင္ခြင္ထဲမွာဖြက္ထားတဲ့ မ်က္ႏွာေလးကို လက္ျဖင့္အသာအယာဆြဲယူကာ ေမးဖ်ားေလးကို ေမာ့ေစၿပီး ေဆာန္ရဲ႕မ်က္ဝန္းညိုေတြကေနတစ္ဆင့္ ရင္ထဲအထိျမင္ေအာင္ၾကည့္လိုက္သည္။

" မင္းရဲ႕စိတ္ရင္းကိုသိေနတာပဲ ကိုယ္မင္းကိုဘယ္လိုလုပ္စိတ္ဆိုးရက္ပါ့မလဲအခ်စ္ရယ္"

ဖက္တြယ္ေနေသာကိုယ္ငယ္ေလးကိုေပြ႕ခ်ီကာ အားနည္းေဖ်ာ့ေတာ့ေနေသာ ဆီမီးတိုင္ကိုျငႇိမ္းလိုက္သည္။
ထို႔ေနာက္ အိပ္ယာေပၚမွာလဲေလ်ာင္းေစၿပီး သူ႕ကိုယ္ေလးေပၚမွာအုပ္မိုးကာ လြမ္းခဲ့ရတဲ့ေန႕ေတြအတြက္ပါ အတိုးခ်၍ အနမ္းမ်ားကိုအသက္ဝင္ေစလိုက္သည္။

" ဟြန္း "

တိုးညင္းေသာ ေရ႐ြတ္သံေလးက ႏွလုံးသားဆီသို႔ လာရိုက္ခတ္သည္။
အဆုံးမရွိေသာျမတ္နိုးျခင္းမ်ားစြာျဖင့္ ေဆာန္ကို သူ႕အပိုင္အျဖစ္ အႀကိမ္ႀကိမ္အခါခါတံဆိပ္ခတ္လိုက္မိေခ်သည္။...

"သိပ္ခ်စ္တာပဲ ေဆာန္ရယ္.."















Continue Reading

You'll Also Like

738K 27.2K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.1M 36.5K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
191K 4K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
3.1K 368 4
စိတ်ကူးဆန်တဲ့ type ဖြစ်တာကြောင့်သဘောကျမှဖတ်ပါ အာဏာရှင်စနစ်ဖြစ်ပြီး ပိုက်ဆံရှိမှလူရာဝင်တဲ့ခေတ်ပုံစံလေးပါသမိုင်းအကြောင်းစီစစ်ထားခြင်းမရှိတာကြောင့်အမှား...