CHANDLER { Ongoing }

By Xylo_19

173K 6.7K 328

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 15 U

3.6K 187 7
By Xylo_19

နှစ်ရက်တိတိရှိပြီ။ ချန်ဒလာဘက်က သူ့ကိုရှောင်နေတာနှစ်ရက်တိတိရှိလေပြီ။ပြောရမယ်ဆို သူစိတ်လွတ်သွားတဲ့ညကတည်းကဆိုရလိမ့်မည်။‌ ခြေထောက်ကအနာကလည်း သိပ်မထိတော့ အနည်းငယ်တော့သက်သာလေပြီ။တစ်အိမ်ထဲနေရင်းတောင်ရှောင်နေတော့ ပိုဆိုးသည်။ အိမ်ပေါ်တတိယထပ်ကနေဆင်းမလာ နေ့ခင်းစာ၊ညစာတောင် သွားပို့တာတောင် စားခြင်းမရှိပါဘူးတဲ့လေ။ သူကိုယ်တိုင်ကလည်းခုရက်ပိုင်းမျက်နှာချင်းမဆိုင်ဖြစ်ဒီတစ်ခါ ကိုင်ရသည့်ပရောဂျက်က ကြေးကြီးသည်။Design တစ်ခုချင်းစီတိုင်းကို အသေးစိတ်အာရုံစိုက်နေရသည်။တစ်ခါတစ်လေ ညဘက်‌အိပ်မပျော်လို့ကော်ဖီကိုတောင်မှီဝဲနေရသေးသည်။ ဒီနေ့တော့ ဒီတစ်ပိုင်းပြီးရင် အိမ်နောက်ဘက်ခြံကဂျော့ဆီသွားဖို့စိတ်ကူးထားသည်။မြန်မာနိုင်ငံပြန်ရောက်ရောက်ချင်း တစ်ခါထဲသွားရသေးကာ ခုချိန်ထိမရောက်ဖြစ်။

အလုပ်စားပွဲပေါ်မှာ Laptop ကိုကြည့်နေရင်းအတွေးတွေများလာသောကြောင့်ခေါင်းတွေပါတစ်ဖြေးဖြေးကိုက်လာရသည်။ မျက်လုံးကိုအသာမှိတ်နထင်ကြောလေးတွေအသာနှိပ်ကာ ခနအနားယူလိုက်သည်။

ဂျောက် !

သူအနားယူနေခိုက်တံခါးဖွင့်သံနှင့်အတူ ချန်ဒလာကဝင်လာခဲ့သည်။ ခုချိန်ထိသူ့ကိုလှည့်မကြည့်လုပ်စရာရှိတာများကို လုပ်နေသည်။ယိမ်းယိုင်ကိုယ်တိုင်ကလည်း ချန်ဒလာရဲ့အပြုအမူတစ်ခုစီတိုင်းကိုခနလိုက်ကြည့်ကာ အကြည့်တို့ကို Laptop ဆီသို့သာပြန်ပို့လိုက်သည်။သူဘက်ကစကားစချင်‌ပေမယ့်ဘယ်ကစပြောရမလည်းတကယ်စဉ်းစားမရဘူးလေ..

"" ဒါဘယ်လဲ ! ""

ယိမ်းယိုင်အခန်းအပြင်ဘက်သို့ထွက်သွားရန်ထလိုက်ကာမှချန်ဒလာ့ဘက်မှစကားထွက်လာခြင်း။

"" အောက်ခနဆင်းပြီး ရီ နဲ့သွားနေမလို့ ""

ချန်ဒလာ အလုပ်စားပွဲပေါ်မှာတည်ရှိနေသည့် Laptop ကိုတစ်ချက်လှမ်းကြည့်လိုက်ကာ ..

"" Design ကခုမှစလုံးရေစပဲရှိသေးတယ် နှစ်ရက်လုံးဘာလုပ်နေတာလဲ !! ""

ယိမ်းယိုင်သက်ပြင်းခပ်ညှင်းညှင်းလေးချလိုက်ကာ ..
' မင်းကအခန်းအောင်း ထွက်မလာဘာဖြစ်လို့‌ဖြစ်မှန်းမသိနေနေမှတော့ အလုပ်ထဲစိတ်နှစ်နိုင်ပါ့မလား' လို့ပြန်ပြောလိုက်ချင်သော်လည်းတကယ်တမ်းအပြင်ဘက်တွင်တော့ဆင်ခြေတစ်ခုသာသာပေးလိုက်သည်။ဆင်ခြေတစ်ခုဆိုပေမယ့် တကယ်လည်းသူမလုပ်နိုင်တော့သည့်အရာတစ်ခု။

"" ငါ့အတွက်ဒီတစ်ခါအဆင်မပြေဘူး။ချမှတ်ထားတဲ့ Target နဲ့လုပ်နေရတဲ့အရာကမမျှဘူး ချန်ဒလာ။ ငါနောက်တစ်ခုကိုရှေ့ဆက်လိုက်ရင်လုပ်ပြီးသားအရာတွေက တစ်နေရာမဟုတ်တစ်နေရာ လစ်ဟာသွားတယ် ။ လုပ်နေရင်းအမှားတိုင်းကလည်းဆက်တိုက်ပဲ ဘယ်နေရာကလွဲ,လွဲသွားလည်းမသိတော့ဘူး ""

"" .... ""

"" ငါဒီတိုင်းဌာနမှူးကို အကျိုးအကြောင်းပြောပြီး Project ပြန်အပ်လိုက်ရင်ကောင်းမယ်ထင်တယ်။ဒါကြီးက ငါ့အတွက်တကယ်မလွယ်ကူဘူးချန်ဒလာ။အလွဲလွဲအချော်ချော် မဖြစ်ခင်ပြန်အပ်လိုက်ရမလားလို့လေ ""

သူကသာ ပြောနေရတာချန်ဒလာကနားထောင်နေရဲ့လားတောင်မသိ။ All Black ကိုဝတ်ဆင်ထားကာ လက်မှာလည်း Rolex နာရီကိုပတ်ထားလေသည်။ထို့နောက်ခေါင်းရင်းမှာထားထားသည့် ဖန်ခွက်ကိုယူလိုက်ကာ သူအခန်းထဲဝင်လာကတည်းကတစ်ခါထဲယူလာပုံထင်ရသည့်အရက်ပုလင်းထဲကအရက်တစ်ချို့ကိုဖန်ခွက်ထဲသို့ပြောင်းလဲထည့်‌နေပြန်သည်။တကယ်ပါသူပြောတာ တကယ်အာရုံမရှိပေါ်။ သူ့ကိုနည်းနည်းလေးတောင်ပြန်မကြည့် အရက်ခွက်ကို,ကိုင်ကာသူ့အလုပ်စားပွဲထိုင်ခုံမှာခြေချိတ်ကာဝင်ထိုင်နေပြန်သည်။လက်မှာကိုင်ထားသည့်အရက်ခွက်ကိုလည်း တစ်ဖြေးဖြေးလှုပ်ရမ်းရင်း ...

"" လွယ်လွယ်ကူကူရတဲ့အရာဆိုတာမရှိဘူး။ လွယ်လွယ်ကူကူရတဲ့အရာတိုင်းကလည်းဘယ်တော့မှကြာရှည်မခံဘူး ! ""

"" ဒါမယ့် .. ငါ ""

"" ကိုယ့်,ကိုယ်ကို ဘယ်တော့မှအထင်မသေးနဲ့ !
ခင်ဗျားက ခင်ဗျားထင်ထားတာထက် အရာရာကိုရင်ဆိုင်နိုင်တဲ့လူ ! အတွေးတွေကလိုတာထက်ပိုလာရင် အလုပ်တွေကိုနှောင့်နှေးနေစေလိမ့်မယ် ခင်ဗျားအတွေးတွေကို ထိန်းချုပ်ထား !! professional jewellery designer ကခင်ဗျားရည်မှန်းချက်ဆို ရည်မှန်းချက်အကြီးကြီးထား သေးသေးလေးကနေစလုပ် ဝါသနာနဲ့ရည်မှန်းချက်ထပ်တူကျနေရင် သေးနုတ်တယ်ဆိုတာမရှိဘူး လဲကျတဲ့အခါရှိနိုင်သလို ပြုတ်ကျတဲ့ခါလည်းရှိနိုင်တာပဲ ပြုတ်ကျရင်ပြန်တတ် အေး ပြုတ်ကျလို့ထပ်ရိုက်ချခံရလည်း မရောက်မချင်းတတ်ပေါ့! ""

"" ... ""

"" မှား,မှာကိုလည်းစိတ်ပူမ‌နေနဲ့ မှားခဲ့ရင်တောင်အဲ့အမှားတွေထဲကငါဘယ်နားလွဲ‌ချော်ခဲ့တာလည်းဆိုတဲ့သင်ခန်းစာအသစ်တွေကိုယူ။ စောက်သုံးမကျလိုနေနေမနေနဲ့ !! ""

ချန်ဒလာက သူ့ဖြစ်နေတာကိုခရေစေ့တွင်းကျကိုပြောနေတာ။ တစ်ခြားသူတွေနဲ့သာ ယိမ်းယိုင်မှာကတ်ကတ်လန်အောင်စွာစိလန်တတ်ပေမယ့် ချန်ဒလာနှင့်‌ တော့မတူမျက်နှာချင်းဆိုင်လိုက်သည်ကို စကားတို့တိုရေရေရာရာမပြောနိုင်တော့။မပြောနိုင်တာထက်မပြောချင်တာဆို ပိုမှန်မည်။

ချန်ဒလာကဖန်ခွက်ထဲကအရက်တွေကို ကုန်စင်အောင်မော့သောက်ချလိုက်ပြီး အပြင်ထွက်ဖို့ပြင်ဆင်နေပြန်သည်။

"" ဒါဘယ်လဲ ချန်ဒလာ ! ဒီနေ့အလုပ်ပိတ်ရက်လေ ""

"" ခင်ဗျားကိစ္စမဟုတ်ဘူး ! ""

"" ငါသိချင်တယ် ! ""

"" ပေးသိရအောင် ခင်ဗျားကဘာမို့လို့လဲဟမ် ! ကိုယ့်အဆင့်ကိုယ်သိ။ အဟက် !! ကျုပ်ကိုလိုက်စပ်စု‌နေမယ့်အစား ကိုယ့်ကိုယ်ကို အဖြစ်ရှိအောင်အရင်လုပ်စမ်းပါ !!

ချန်ဒလာထွက်သွားသည့်တိုင်သူကြောင်တောင်တောင်ကြီးငေးကြည့်နေမိသည်။ချန်ဒလာဟာအရင်ကနဲ့မတူစွာပြောင်းလဲသွားခဲ့သည်။ဒါဟာသူ့ကိုလှည့်စားနေခဲ့တာလား ၊ ကစားနေခဲ့တာပဲလား။ သူ့ဘက်ကခြေလှမ်းတိုးလာလေ ချန်ဒလာဘက်ကခြေတစ်လှမ်းဆုတ်လာလေသလိုဖြစ်လာနေပြီ။သူစိမ်းဆန်ဆန်အကြည့်တွေက သူ့ရင်ကိုဓါးနဲ့မွှန်းချလိုက်သလိုပင်။ ဒီလိုပဲလား တစ်ချိန်ကချန်ဒလာကကောဒီလိုပဲခံစားခဲ့ရတာပဲလား ...

ယိမ်းယိုင်တွေးနေရင်းနဲ့မှ ပိတ်ထားသည့်တံခါးကိုလှမ်းကြည့်နေမိသည်။ တစ်ခန်းလုံး၌တိတ်ဆိတ်ငြိမ်သက်မှုတွေသာရှိနေကာ အထီးကျန်သလိုလိုဖြစ်လာခဲ့‌မိသည်။ရွေးချယ်မှုတစ်ခုပြုလုပ်ပြီးတိုင်းနောက်ပြန်မလှည့်ရဘူးတဲ့ အရင်ကကော ခုချိန်ထိကောထင်ပါတယ် သူ့ရဲ့‌ရွေးချယ်မှုတိုင်းက ချန်ဒလာတစ်ဦးထဲကိုသာဦးတည်နေခဲ့တဲ့မြှားတစ်စင်းလို ..

•~•~•~•~•~•~•~•~

"" သခင်လေး ချန်ဒလာ သူ့ကိုလွှတ်လိုက်တာ အဆင်ပြေပါ့မလား ""

"" မပြေစရာ ဘာစောက်ကြောင်းရှိလဲ ""

"" အိုလစ်က ‌အဲ့အပိုင်းနဲ့သိပ်မကျွမ်းဘူးလေ '"'

"" စောက်ပေါက်ပိတ် ! စောက်စိတ်ကကြည်နေတာမဟုတ်ဘူး !! ""

လောက်ကိုင်ဘက်ကကိစ္စတွေကိုသခင်လေးကအမြဲသူ့ကိုပဲခိုင်းလေ့ခိုင်းထရှိသည်။ အိုလစ်ကိုတစ်ခါမှမခိုင်းလှ လုပ်လိုက်တိုင်းစောက်တစ်လွဲကြီးမို့ပင်။ ခုတော့သွားတာသုံးရက်ကြာသွားတယ် အခြေအနေကခုထိတိုးတတ်မလာသေး။

Ti ! Ti ! TI !

"" ပြော ! ""

"" သခင်လေး ,သခင်လေးပြောသလိုပဲ စိုက်ခင်းကပန်းတွေရဲ့ သုံးပုံပုနှစ်ပုံပဲ လောက်ကိုင်ဘက်ကိုရောက်နေတာပါ ! ထိုင်းဘက်ကလူတွေကလည်းပြန်ပြီးစည်းရုံးရခက်နေတယ်သခင်လေး ! ""

ချန်ဒလာ Club ကိုရောက်တာတောင် အာရုံမရှ်ိ။ ကြာလေ,ကြာလေ သူတို့ဘက်ကသစ္စာဖောက်တွေကများလာလေဖြစ်နေသည်။ သူတို့ဘက်ကို နှောင့်ယှက်နေသူရှိသော်လည်း သူဖော်မထုတ်သေး။ကြည့်ရတာဒီလူက သူနဲ့အကြီးအကျယ်ပွဲကြီးကောင်းတစ်ခုကစားချင်နေတဲ့ပုံ ဒီလိုဆို‌တော့လည်းသူကပါလိုက်လျောညီထွေးကစားရုံပေါ့ ကစားပွဲတွေမရှိရတာဘယ်လောက်တောင်ပျင်းနေစရာကောင်းနေလိုက်ပြီလဲ။

"" ရှမ်းပြည်ဘက်က ပန်းစိုက်ခင်း‌တွေတစ်ခုမကျန်စောင့်ကြည့်ထား။ကြည့်ကြပ်ရေး ဦးသာထင်ကိုပြောလိုက် ချန်ဒလာကိုသွေးတိုးမစမ်းချင်နဲ့လို့ ငါ့ကိုထိရင်ရင်သူပြန်ရမှာနောင်တ,တရားပဲပြန်ရလိမ့်မယ် !! ""

"" ဟုတ်ကဲ့သခင်လေး !! ""

ဖုန်းသံတို့ပြတ်လပ်သွားသည်နှင့် ရှေ့ရှိ Dancing Floor မှာကနေကြည့်ပျိုမဒီရဲ့ကောက်ကြောင်းတွေကို အရက်သောက်လိုက်နှင့်အရသာခံခံမြှေးကြည့်နေမိသည်။

မတ်စ် ငြိမ်ချက်‌အားကောင်းနေသည့်သခင်လေးကိုကြည့်ကာကျောချမ်းလာရသည်။သခင်လေးရဲ့မျက်လုံးတွေကလည်းဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နှင့်လှုပ်ရှားနေသည်။ ဒီလိုဖြစ်နေတာ တစ်ခုမှကောင်းတာရှိလာမှာမဟုတ် မုန်တိုင်းမလာခင်လေပြေတိုက်နေသလိုမျိုးပင်။ ခနနေသူတော့ပွဲကြည့်ပွဲကောင်းကြည့်ရတော့မယ်ထင်တယ် ...

"" အိုလစ်က ဒီလိုကျတော့လည်းဘယ်ဆိုးလို့လဲ ! ""

"" အဟက် ! မတ်စ်မင်းကအတိုက်အခိုက်ပိုင်းမှာ ထူးချွန်ရင် အိုလစ်က စုံစမ်းစစ်ဆေးတဲ့နေရာမှာထူးချွန်တယ် ! ""

"" ... ""

"" အဲ့ကောင်စုံထောက်မလုပ်ပဲ ငါ့ဆီမှာစောက်ထုံလာဖြစ်နေရှာတာတော့သနားစရာ !! ""

နှစ်ယောက်သားကနေတဲ့လူတွေဆီသို့သာ အာရုံပြန်စိုက်လိုက်သည်။Dancing floor ပေါ်မှာအာရုံစိုက်နေရင်း မတ်စ်ကိုပျိုမဒီလေးတစ်ယောက်က မျက်စပြစ်ပြနေလေသည်။ကြာလာတော့မတ်စ်ကိုယ်တိုင်‌လည်း မရိုးမရွဖြစ်လာတော့သည်။ ဆေးဆိုးပန်းရိုက်မျက်နှာဟာ တကယ့်ကို စိတ်ရှိလက်ရှိတိုင်းပစ်မှားချင်လောက်အောင်ထိစွဲဆောင်လွန်းနေသည်။

ချန်ဒလာကိုလှည့်ကြည့်တော့လည်း အကြည့်တို့က ဝေဝေဝါးဝါးတည်တည်ကျကျမရှိ။ CLub လာပြီးတရားလာမှတ်နေသလားထင်ရလောက်အောင်ပင်။အဖော်မရှိလို့ခေါ်လာတာဖြစ်ပေမယ့်ဒီတိုင်းကြီးတော့ပြန်မသွားချင် တစ်ယောက်လောက်တော့အဖော်ဆွဲသွားရမည် .. မတ်စ် ချန်‌ဒလာ့ကိုသတိပေးမနေတော့ပဲ ဒီတိုင်းသာကောက်ထွက်လာလိုက်တော့သည်။ ဖြစ်ချင်တာဖြစ် နောက်မှရှင်းပဲ ...

မတ်စ်ထွက်ပြီးမကြာလိုက် ချန်ဒလာတို့ဝိုင်းဘေးနား လူငယ်တစ်ခုကဝင်ထိုင်လာသည်။ ပုံစံကြည့်ရုံနှင့် ဘယ်အတန်းအစားဆိုကအစသိသည်။ ခုံတွေဟာအရမ်းနီးကပ်လွန်းတော့ တစ်ဖက်ဝိုင်းပြောစကားတွေကိုအတိုင်းသားကြားနေရသည်။ သူနားမထောင်လို့ တစ်ဖက်လှည့်လိုက်သော်လည်း သူရင်းနှင်းနေတဲ့နာမည်ကိုကြားလိုက်သောကြောင့် သူ့ရဲ့နားကားကားလေးတွေကို ခနလောက်စွင့်နေလိုက်သည်။

"" ဟေး ! မင်းတို့သိလား တစ်နေ့ကကွာ ငါ့အဖေရှယ်ယာဝင်ထားတဲ့ Dynamite Company လိုက်သွားတာကွာ အဲ့က ဝန်ထမ်းတွေက တကယ်ရေလည်လန်းတယ်ကွာ။ အဲ့ထဲမှာမှ ငါ့အကြိုက်လေး‌တွေ့ခဲ့တာရှိတယ် ဆံပင်ကောက်ကောက်လေးနဲ့ကွာ နာမည်ကကွာ ဘာလဲ ယိမ်းနဲ့စတယ် ဖင်ကိုလုံး .... ""

ခွမ်း !!

ချန်ဒလာ ခုနအာချောင်နေတဲ့ကောင်ကိုနောက်ကနေ ခြေနှင့်ဆောင့်ကန်လိုက်ခြင်း။ ထိုကောင်လေးကလည်း ကန်အားပြင်းထန်လွန်းသောကြောင့် ရှေ့ရှိစားပွဲနှင့်ရိုက်မိကာခေါင်းတောင်ပေါက်ထွက်သွားမလားပင် ...

"" ဟား ဘာလုပ်တာလဲ ""

ခွပ် !! ခွပ် !!

သူ့ထံ လက်သီးတစ်ခွက်ပစ်ခွင်းဝင်လာသူ၏လက်ကို လှန်ချိုးချကာ အောက်မေးကနေစ တစ်ချက်ချင်း အပေါ်ကိုလှန်ထိုးလိုက်သည်။ သူ့လက်ဆသူသိသည်။အနည်းဆုံးသွားတန်းလေးချောင်းပင်။ ဒီလိုကြောင့်လည်းအလည်ကို‌တည့်တည့်ရွေးထိုးတာ ..

"" ခွေးမသားတွေ !! ""

ခွပ် ခွပ် !!

"' အဲ့လောက်လီးတောင်နေလား ဟမ် ""

"" သခင်လေး စိတ်လျော့ !! စိတ်လျော့ ""

မတ်စ် ကနေရင်းသူတို့ထိုင်နေသည့်ထိုင်နားမှရုတ်ရုတ်သဲသဲကြောင့်အမြန်တိုးကာထွက်လာခဲ့ရသည်။အစ်ကို‌လေးသာဆိုမလွယ် မစောင့်ရှောက်‌ရကောင်းလားဆိုပြီးဟယ်ရီ့လက်သံကိုအရင်ရမှာ။အနားလည်းရောက်ကော All Black ဝတ်ဆင်ထားသူ့လူက တစ်ဖက်လူ၏ငယ်ပါတည့်တည့်ကိုဆောင့်ကန်ချနေသည်။ သူများငယ်ပါကို အားရပါးရဆောင့်နင်းနေသည်မှာဘယ်သူမှမဟုတ် သူ့ရဲ့နှစ်ယောက်မရှိတဲ့ သခင်လေး။ သူပြောပါသည် ပွဲကြီးပွဲကောင်းကြည့်ရတော့မှာပါလို့ ...

မတ်စ် သခင်လေးနောက်ကျောကနေသိုင်းဖက်ကနေသိုင်းဖတ်ကာ နောက်သို့တစ်ဖြေးဖြေးဆွဲထုတ်ချလိုက်သည်။

ဂွပ် !!

"" မအေ-ိုးမျိုး လီးမို့ငါ့ကို လာဆွဲတာလား ""

နောက်မှဆွဲတားသူတောင်မချန်ရ ဗိုက်ကြောကိုတံတောင်နဲ့တွတ်လိုက်သူကြောင့် ‌သခင်လေးကိုလွှတ်ကာ ကိုယ့်ဗိုက်ကိုသာပြန်ဖိနေရသည်။ကျန်တဲ့အချိန်ဆို မနာပေမယ့်သခင်လေးရဲ့ဒေါသထွက်နေသည့်အချိန်ကြောင့်ထင်သည် မခံနိုင်လောက်အောင်ထိုးအောင့်လာသည်။

တစ်ဖက်က,ကလေးတွေကလည်းတစ်ဖြေးဖြေးအုံကျလာကာ ချန်ဒလာ့ကိုရရင်ရသလိုဝိုင်းဖိုက်ကျတော့မည်ပုံ .. မတ်စ်နှောင့်နှေးမနေတော့ပဲ Club ရဲ့အပေါ်ထပ်မှာ အလုပ်ကိစ္စဆွေးနွေးသူအား အမြန်တတ်ကာပြေးခေါ်ရတော့သည်။

ဒုန်း ! ဒုန်း !

"" အစ်ကိုလေးဟယ်ရီ ! ""

အကြာကြီးမခေါ်လိုက်ရ တံခါးပွင့်လာခြင်းနှင့်အတူ ဟယ်ရီမျက်နှာဟာ ဘာဖြစ်တာလည်းဆိုသည့်အရိပ်အယောင်တွေ ..

"" အောက်မှာ သခင်လေး .. ""

အရိပ်ပြအကောင်မြင်ဆိုသည့်အတိုင်း အမူအယာလေးတစ်ချက်ပြလိုက်ရုံဖြင့် ဘယ်ကိုဦးတည်နေသလဲဆိုတာခန့်မှန်းရသည်မှာသူတို့လိုမာဖီးယားကြီးတွေအတွက်အလွယ်လေး ..

"" ဟာကွာ။ မတ်စ် ဒီလူ့ကိုကောင်းကောင်းဧည့်ခံထား ဘာသံကြားကြားဆင်းမလာပဲ ဆွဲထားငါပြောတာနားလည်ထား !! ""

‌မှာစရာရှိတာမှာပြီးသည်နှင့် အောက်ထပ်သို့ဒုန်းဆိုင်းပြေးဆင်းလာခဲ့တော့သည်။ဟယ်ရီ အောက်ရောက်တော့ သက်လတ်ပိုင်းခြားလူတွေနဲ့ သခင်ငယ်လေး။ သခင်လေးရဲ့ဆဲသံဟာ မိုးမွှန်နေအောင်ပင်။မိုးဖြိုမယ်ဆိုရင်တောင် လူငှားစရာမလို သခင်လေးရဲ့ပါးစပ်ပေါက်နဲ့တင်ပြည့်စုံနေလေသည်။သခင်လေးရဲ့ဆဲဆိုသံဟာ တကယ်ကိုမိုးမွှန်လို့ လမ်းမမြင်ကမ်းမမြင်။ ဟယ်ရီခေါင်းတုံးကို တစ်ချက်ပွတ်ချကာလူတစ်ယောက်ရဲ့အပေါ်ကနေဖိကာထိုးနေသည့် သူခင်လေးရဲ့ကိုယ်လုံးကြီးကာ မချကာ ...

"" သခင်လေးရယ် တော်ပါတော့ .. ပါးစပ်ကလည်းဆဲတာလေးလည်းလျော့စမ်းပါ လူအများကြီးပဲ !! ""

ချန်ဒလာ, လာဆွဲနေသူကိုတစ်ချက်မော့ကြည့်ကာ..

"" အေး ငါကဆဲပြီးမထိုးလို့ မေတ္တာသုတ်ရွတ်ပြီးထိုးပေးရမှာလားကွ !! ""

တစ်ဖက်ကလူတွေကလည်းသူကကြားထဲနေဆွဲပေးတာတောင် ဆက်ထိုးချင်နေသည့်ပုံ ဒီလိုဆိုတော့လည်းဟယ်ရီတို့ကသခင်လေးကိုထိရင်တော့ငြိမ်ခံနေစရာစောက်ကြောင်းမရှ်ိ။ဆရာနှင့်တပည့်ဆက်ဆံရေးထက်ချန်ဒလာနှင့်ဟယ်ရီကသူငယ်ချင်းဆက်ဆံရေးပင်။ဟယ်ရီကလည်းခေသူမဟုတ်ဝန်ကြီးဒက်ဆီယမ်၏သား၊အမဖြစ်သူကမ်မလီ၏တစ်ဦးတည်းသောမောင်လေးပင်။ ချန်ဒလာ့ကိုထိတာ သူ့ကိုထိသလိုပင်။

ဘေးရှိ Bar တန်းမှ ဖင်ထိုင်ခုံကိုဆွဲယူချကာ တစ်ဖက်ကောင်‌တွေထဲမှတစ်ကောင်၏ ခေါင်းကို အားပြင်းပြင်းရိုက်ချလိုက်သည်။ရိုက်ခံလိုက်ရသည့်နေရာက သွေးများဟာဖြာခနဲ။ ချန်ဒလာဟာလည်းနည်းတူ ခုမှ အာချောင်နေတဲ့ကောင်၏ ဆံပင်တို့ကိုစုကိုင်ကာ စားပွဲနှင့်ခေါင်းကို သုံးလေးချက်လောင်ဆင့်ကာ,ဆင့်ကာရိုက်ချနေသည်။

အားး !!

"" ချန်ဒလာဟေဒန်ဆိုတဲ့ငါပိုင်တဲ့လူကို နောက်ခါနည်းနည်းလေးတောင် ပါးစပ်အရသာမခံစေနဲ့ !! ""

နောက်ပါးမှမတ်တပ်ရပ်နေသည့် ဟယ်ရီ့ကိုမျက်စပြစ်ပြလိုက်လေသည်နှင့် ဟယ်ရီက ချန်ဒလာ့လက်ထဲကို တစ်လက်ကိုင်ဓါးသေးသေးလေးတစ်လက်ထိုးထည့်ပေးလာသည်။ ထိုဓါးကိုယူလိုက်ပြီးသည်နှင့် အောက်ရှိခေါင်းလေး၏ ဆံပင်တို့ကို ဆွဲလှန်ချကာ ပါးတစ်ဖက်ကို ဓါးသွားဖြင့်အဆင်းလိုက်ကြီးခြစ်ချလိုက်၏။

အားး !!

ချန်ဒလာပုံစံဟာတကယ်ကို အနားမကပ်ရဲလောက်‌အောင်ပဲ အံကိုကြိတ်ကာမျက်ဝန်းတွေဟာလည်းနီရဲနေလေသည်။ တကယ့်ကို မသိသူအဖို့ Physco ဆန်ဆန် ... လုပ်ရဲရင်ခံရဲမည်။ကိုယ့်ထမင်းကိုမစားပဲ အာချောင်နေခဲ့ရင်လည်း ထိုက်တန်တဲ့အပြစ်ဒဏ်ဟာ ဒီထက်တောင်ဆိုးနိုင်သေးသည်။ ကြည့်ထား ငါ့လူကိုလာထိရင် ဘယ်လိုခံစားရမလည်းဆိုတာကြည့်ထား ...

"" ယိမ်းယိုင်မှိုင်းကိုထိတဲ့လူမှန်သမျှ ငါ့အကြည့်အောက်မှာတင်ပြာဖြစ်သွားစေရမယ် !! ""

Club ပိုင်ရှင်ဖြစ်ဟန်တူသည့်လူက အခုမှတိတ်တိတ်လေးထွက်လာကာထွက်သွားပြီဖြစ်တဲ့ကျောပြင်ကြီးနှစ်‌ခုကိုကြည့်ကာ သက်ပြင်းအကြိမ်ကြိမ်ချမိသည်။
တကယ် ဒီလိုအပျက်အစီးတွေကြားဘယ်သူ့သွားတိုင်ရမလည်းတောင်မသိ။ရဲသွားပြန်ရင်လိုက်လည်း ဥပဒေကိုလက်တစ်လုံးခြားလုပ်နေသူပီပီသူကပဲပညာပြန်ပြသွားအုန်းမည်။ တကယ်ကိုခက်တယ် ...

"" တကယ့်ကို နှစ်ယောက်ပေါင်းလောင်းကျော်တွေ ""

ခုမှ ကြည့်နေကြသည့်လူတွေကလည်းအလျှိုလျှိုထွက်ကုန်ကြသည်။ ပြန်သူကပြန်ဒီ Club မှာကြာကြာမနေချင်တော့သည့်လူကများလှသည်။ ထို Club ထဲမှာလည်းပွဲအစအဆုံးကြည့်ရှုသူများထဲမှာလည်း အကြောင်းအရာမတူညီစွာရောက်ရှိနေကြသည့်စောဝန်းနှင့်မျိုးပင်မှိုင်းနှစ်ယောက်လုံးလည်းရှိနေခဲ့ကြသည်။

"" ချန်ဒလာ မင်းကသူ့ကိုဒီလောက်ဖြစ်ပြလေ ငါကမင်းကို ပိုလိုချင်လာလေပဲ ! ""

•~•~•~•~•~•~•~•~•~•~

"" သခင်လေးဒီတိုင်းပြန်လို့ဖြစ်ပါ့မလား ""

Club အပြင်ရောက်သည်နှင့် ချန်ဒလာ့ကိုပြန်ပို့ပေးရန် မတ်စ်ကိုစောင့်နေသော်လည်းတစ်ဖက်ကဧည့်သည်ကဘယ်‌ လောက်ရစ်နေမှန်းမသိတော်တော်ကြာပြန်မလာအရစ်ရှည်နေတာ။
'ဘယ်ထိတောင် လိုက်ပို့နေရတာလဲကွာ '

သခင်လေးကလည်း အရက်ဝင်ထားတော့ဒီတိုင်းကြီးပြန်မလွှတ်ချင် မတ်စ်ကိုသာစောင့်နေလိုက်ရသည်။ ဘာတွေစိတ်မကြည်လို့ ဒီလောက်တောင်ထင်တိုင်းကျဲနေတာလည်းသူတောင်စဉ်းစားမရ။ ကားနောက်ခိုင်းထဲဝင်ထိုင်ကာ မျက်စိမှိတ်အနားယူနေသူကိုသာ ကြည့်နေလိုက်သည်။ ဟယ်ရီ့တို့မျိုးဟာ အကောင်ကြီးကြီးလူတွေထဲကပဲဖြစ်ကာ အတွင်းဝန်ကြီးတွေနှင့်တောင် ရင်ဘောင်တန်းနိုင်သည့်လူမျိုးပင်။ ချန်ဒလာဟာ သူ့အပေါ်အသက်ကြွေးနှစ်ခါတိတိတင်ဖူးသည်။ နောက်ပြီးအသက်ကလည်းလေးနှစ်ကွာတာ ရှေ့ဆောင်လမ်းပြသူငယ်ချင်းတစ်ယောက်လည်းဖြစ်သည်။ ချန်ဒလာ့လက်အောက်ထဲစဝင်တုန်းကဆို ချန်ဒလာကလက်မခံခဲ့။တစ်ပါးသူ၏လက်အောက်ထဲဝင်ပြီဆို လိုက်နာရမယ့်စည်းကမ်းတွေဟာအများကြီးပင်။ သစ္စာတရားကိုလက်ကိုင်ထားသည့်သူတို့လိုလူတွေအတွက် သူတို့ရဲ့အသက်သည်ခေါင်းဆောင်ပါးစပ်ဖျားတွင်သာ ..
သေဆိုသေ ရှင်ဆိုရှင် ခေါင်းဆောင်နှုတ်တစ်ခုစကားတစ်ခုသာ သူတို့အတွက်အခရာ။

"" ကျစ် ! မတ်စ်ရာကြာလိုက်တာ .. ""

"" အဘိုးကြီးပေါ့ သေအောင်စောက်ရစ်,ရစ်နေတာ ""

"" သွားတော့ သခင်လေးကို အိမ်ပြန်လိုက်ပို့ပြီး ဂိုဏ်းကိုတန်းပြန် လမ်းမှာ One night Stand ဆွဲမနေနဲ့ !! ဂိုဏ်းမှာ အိုလစ်မရှိဘူး နားလည်လား !! ""

"" Yes Sir ! ""

သူ့ရှေ့မှကားမဲလေးမြင်ကွင်းထဲမှ ပျောက်သွားသည့်အချိန်မှသာ Grab ခေါ်ဖို့ပြင်လိုက်သည်။ လူပြတ်သည့်နေရာဖြစ်သည့်အတွက် Taxi ငှားရန်လည်းအဆင်မပြေ။ နောက်ပြီးသူနေတဲ့နေရာကမြို့ထဲမှာမဟုတ် မြို့ပြင်နားလောက်တွင် ဘယ်သူမှလည်းလိုက်ချင်မှာမဟုတ်ပေ။

Ti ! Ti ! Ti !

ဖုန်းလှမ်းဆက်ဖို့ဘောင်းဘီအိတ်ကပ်ထဲမှထုတ်နေရင်းမှ သူ့ရှေ့တည့်တည့်ကိုထိုးရပ်လာသည့်ကားဖြူလေး။ခြေထောက်တွေကိုတတ်ကျိတ်ဖို့ တကယ့်ကိုကပ်သီးလေးပင်။ ခုနကရန်ပွဲကဒေါသတွေကြောင့်ကော လူကနည်းနည်းတော့ဒေါသလက်စကျန်ရှိနေသေးသည်။

သူ့အနားလာရပ်နေသည့်‌ကား၏အထဲကလူကိုအပြင်ထွက်ဖို့တံခါးခေါက်ဖို့လက်ရွယ်လိုက်သည်နှင့် ကားမှန်လေးဟာတစ်ဖြေးဖြေးအောက်သို့နိမ့်ကျလာသည်။အထဲကလူကိုတွေ့တော့ ဟယ်ရီအလန့်တကြားမျက်ဝန်းတွေကပြူးကျယ်သွားကာ နှုတ်ခမ်းဖျားမှလည်း ' ကိုကိုက ဒီကိုဘယ်လိုလုပ်ပြီး '

"" ကားပေါ်တတ် ! ""

"" ရတယ်ကိုကို ကျွန်တော် Grab ခေါ်ထားတယ် ""

ကိုကို့ရဲ့ကားပေါ် သူမတတ်ချင်လို။ဘာလို့ဆိုသူ့ကိုယ်၌ သွေးနံ့တို့နှင့်အရက်နံ့တို့ကရောယှက်နေလေသည်။ ဒါကြောင့်ကိုကိုစိတ်ကွက်သွားမှာနည်းနည်းလေးတောင်မလိုလား။

"" ငါစကားနှစ်ခါ ပြောရတာမကြိုက်ဘူး။တတ်ဆို တတ် ""

သူ့ဘက်ကအတွန့်တတ်လိုက်သည်နှင့် မျက်ခုံးတွေဟာတစ်ဖြေးဖြေးတွန့်ချိုးလာသည်။ သူ့စကားကိုလွန်ဆန်နေတာလားဆိုသည့်အကြည့်မျိုး။ တကယ့်တော့ သူ‌ငြင်းဆန်နေခြင်းမဟုတ် ချစ်ရသူ၏မျက်နှာကိုကြည့်ရခြင်းဟာ ‌သူ့ရဲ့အပူမီးတွေ ၊ အတ္တမီးတွေကို ခနလေးအတွင်းမှာပင်ကုစားနိုင်သည်။ ဟယ်ရီခပ်ပါးပါးလေးပြုံးကာ ခေါင်းတုံးကိုဘယ်ညာယိမ်းလိုက်ကာ ကားထဲသို့ဝင်ထိုင်လိုက်သည်။

' သူတကယ်ကို အများကြီးပျော်ဝင်နေပြီဖြစ်သည် '

"" မင်းတို့ ဘာလို့အဲ့လောက်ဆိုးရတာလဲ ! ""

ကိုကို့ရဲ့မလိုသလိုအသံလေးက ကားထဲဖင်ပူအောင်မထိုင်ရဆူအောင့်အောင့်လေးထွက်လာသည်။

"" ဗျာ ! ""

"" club ထဲမှာငါရှိတယ်လေ ! မင်းတို့ကိစ္စအစအဆုံးမြင်တယ် ! ""

"" မြင်တော့လည်း ကောင်းတာပေါ့ ! ကျွန်တော်ဘယ်လောက်အားကိုးရလည်းတွေ့လား !! ""

"" ကျစ် ! စိတ်ရှုပ်စရာ .. ငါ့မျက်လုံးထဲမှာတော့တစ်ချက်မှအမြင်မကြည်ဘူး ! ""

"" အမြင်ကြည်စရာမလိုဘူး ! အမြင်ကြည်အောင်ကြည့်တတ်ဖို့လည်းလိုတယ် ""

"" တောက် ! တင်ခေါ်လာမိတာကိုက မှားတာ !! ""

"" အဲ့တော့ ကျွန်တော်ဆင်းပေးရမလားကိုကို ""

တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်လိုက်သည်။ ‌မျိုးပင်မှိုင်းသူ့ကိုကောင်းစေချင်လို့ပြောခဲ့သည့်စကားပင်။ဒါကိုဒီကောင်လေးက ပက်ခနဲ၊ပက်ခနဲနေအောင်ပြန်ပြောလေသည်။သူ့ဘက်ကကိုယ်နဲ့မဆိုင်ရင် စကားမပြောနဲ့အကြည့်တစ်ချက်တောင်စွန့်ကြည့်သူမဟုတ်။ ဒါမယ့်ဒီကောင်လေးကတော့ခြွင်းချက်။ ညီလေးတစ်ယောက်လိုမို့ သူကြုံတုန်းပြောပြမိတာကို ...

တီ! တီ! တီ !

ဖုန်းသံကြောင့် နှစ်ယောက်လုံးအကြည့်ကိုလွှဲလိုက်ကြသည်။သူ့ဆီကိုဒီအချိန်ဆက်မည့်လူဟာနှင်းက လွဲပြီးဘယ်သူမှသိပ်မရှိဘူးဆိုတာသူသိသည်။ ဒါကြောင့်သူဖုန်းကို ခပ်မြန်မြန်ပင်ကိုင်လိုက်သည်။သမီးရည်းစားကြားတွင်နည်းနည်းလေးတောင်စိတ်ခု‌စရာမပေးချင်။ ဘာပဲဆိုဆိုနှင်းဟာသူနဲ့တစ်ချိန်ကျပတ်သတ်လာတော့မည့်လူ။

"" ဟယ်လို နှင်း ! ""

"" ကိုမျိုး ဘာလုပ်နေတာလဲ။ ဟင်ကားသံတွေနဲ့ အိမ်မှာမဟုတ်ဘူးလား ""

"" အစ်ကို အိမ်ပြန်နေပါပြီ။ အလုပ်ကိစ္စမပြီးပြတ်သေးလို့ပါ ""

"" ဒါဆို ကားကိုဂရုစိုက်မောင်းနော်။အိမ်ပြန်ရောက်ရင်နှင်းကိုဖုန်းပြန်ဆက်ရမယ်နော်ကိုမျိုး နှင်းထပ်မပြောရစေနဲ့။ ""

"" အစ်ကို ပြန်ဆက်လိုက်ပါ့မယ်။စိတ်မပူပါနဲ့နှင်းရဲ့ ""

"" ဟုတ်ကဲ့ပါရှင် .. ကိုမျိုး  ""

"" ဗျာ ! ""

"" ချစ်တယ်နော် ""

မျိုးပင်မှိုင်းစိတ်လိုလက်ရတစ်ချက်ပြုံးလိုက်ကာ

"" အင်း အစ်ကိုကော ""

ကားထဲတွင်နှစ်ယောက်ထဲရှိသည့်အတွက် အသံတို့ကိုပြတ်သားစွာကြားနေရသည်။သူမကြားချင်မှအဆုံး စကားသံတို့ဟာ သူ့နားထဲမရောက်ချင်လောက်အောင်ပင်။သူအနားရှိနေသေးတာကောသတိရရဲ့လား..

"" ဆောတီး ငါမင်းရှိနေတာ မေ့သွားတယ် ""

သူ့ဘက်ကိုလှည့်ကြည့်လိုက်သည်နှင့် ကိုကို့မျက်နှာပေါ်ကအပြုံးတို့ဟာရုတ်ချည်းပျောက်ကွယ်ကုန်သည်။တစ်ပါးသူကြောင့်စတင်ခဲ့သည့် အပြုံးဟာ သူ့ထံပါးသို့ရောက်လာချိန်မှာတော့ မြူတစ်မှုန်လောက်တောင်လှမ်းလို့မမြင်နိုင်ခဲ့။

သူ့ကြောင့်မဟုတ်တဲ့ကိုကို့ရဲ့အပြုံးတွေကိုကြည့်ရတာဟာလည်း တကယ့်ကိုအကောင်း‌ဆုံးဆေးတစ်ခု။အချိန်ကြာမြင့်စွာအိပ်စက်နေသည့် သူ့နှစ်လုံးသားတစ်ခုလုံးကိုအကို့ရဲ့အပြုံးတစ်ချက်ဖြင့် ပြန်လည်နိုးထလာအောင်ပြုလုပ်နိုင်သည်။ချစ်ရသူတွေကို ထွေးပွေ့ခွင့်ရတဲ့သူတွေကိုမေးချင်မိပါရဲ့ဘယ်လိုကုသိုလ်တွေများ လုပ်နေကြသလဲလို့။ ကျွန်တော်ကတော့ အကုသိုလ်အားကြီးလို့ထင်တယ် ငေးကြည့်နေရုံကလွဲ ဘာမှမတတ်နိုင်သေးဘူး။

တကယ်ကိုပါပဲ။ကိုကို့ရဲ့စကားတစ်ခွန်းဟာလည်းသူ့ရင်ကိုမွန်းကျပ်သွားစေသည်။ ကိုကို့‌ ရှေ့ထင်သာမြင်သာရှိ‌ နေနိုင်ဖို့သူဘာ‌တွေလုပ်ရမလဲ။ဒီတိုင်းရှိ နေသည့်ဆက်ဆံ‌ ရေးအတိုင်းရှိနေတာပိုကောင်းလေသလား။သူ့စိတ်သူ့တိုင်းသာဆို စိတ်ထဲရှိတဲ့အတိုင်းနှင်းဆိုသည့်ထိုအမျိုးသမီးကို ကိုကို့နားကနေအဝေးဆုံးခေါ်ထုတ်သွားချင်သည်။ သုံးပွင့်ဆိုင်လာသည့်အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ဆိုရအောင်လည်းအစကတည်းက ဟယ်ရီဆိုသည့်လူကဘေးလူအပြင်လူ။ ဘေးကနေမမှီနိုင်သည့်လမင်းကို မျှော်နေရသည့်ခွေးတစ်ကောင်သာသာ။ နာကျင်ရသည် သို့သော် ပြုံးရသည်။ ချစ်တဲ့စိတ်တွေအပြည့်ရှိသည် သို့သော် ချုပ်ထိန်းထားရသည်။ကျွန်တော်ကလည်းချစ်သလိုကိုကိုကလည်းချစ်သည်။သို့သော် ကျွန်တော်ချစ်တာကိုကိုဖြစ်သလို ကိုကိုချစ်သည့်လူသည်ကားထိုမိန်းကလေး။

"" ကိုကို ကျွန်တော်ရယ်ရတယ်မလား ! ""

"" ဘာကိုလဲ .. ""

"" ပိုင်လည်းမပိုင် ၊ ဆိုင်လည်းမဆိုင်တဲ့လူကို သဝန်တိုနေရတယ် ""

"" မင်းကိစ္စက ငါနဲ့ဘာဆိုင်လို့လဲဟယ်ရီ ! ""

ဟယ်ရီကားမောင်းနေသူကို နင့်နင့်သည်းသည်းကြည့်လိုက်သည်။ သူ့ရဲ့ခုခံစားချက်က တစ်ခုခု‌ကိုထပ်ပြီးပေါက်ကွဲချင်နေသလိုလိုပင်။တစ်ပြိုင်နက်ထဲမှာပါပဲ သူဘာကိုမှမလုပ်ချင်လောက်အောင် လက်တစ်ချောင်းမြှောက်ဖို့တောင်မစွမ်းသာခဲ့။

' ကျွန်တော်ခံယူထားတဲ့အချစ်ကရယူခြင်းမဟုတ်ဘူး ။ဒါမယ့်လည်းတစ်ခါတစ်လေ ကိုကို့ဘေးကလူလိုအနားရှိချင်တယ် အင်းတစ်ခါတစ်လေပေါ့ '

•~•~•~•~•~•~•~•~•~•~•~•~•~

17 • 2 • 2024 •
Xylo

ဇိုင်လို          .. နင့်စိတ်ကိုငါလည်းမခန့်မှန်းတတ်                              တော့ဘူး။

ချန်ဒလာ     .. ကျုပ်က Virgo sign လေ။

>>• သာယာသောညနေချမ်း‌လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့် •<<

Continue Reading

You'll Also Like

7.1K 416 23
~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအခ...
55.9K 1.1K 12
"So I'm going to be staying with your son for three weeks?" She answered, "Yes Rachel, trust me, he's a nice guy. His name is Cory. I'm sure you'll l...
37.7K 963 22
Your life was in ruins. That was it. You were the most miserable person as you thought that nothing can save you. But at the breaking point of your l...
681 98 4
وەن شۆت ( کورتە چیرۆک ) بۆ هەموو کەیپۆپ و ئەکتەر و هەرچیەک بتانەوێت🤍 چیرۆکەکان موڵکی خۆمن بردن و کۆپیکردنی لاوازیت دەسەلمێنێت جا خۆت ریپۆرت باران مە...