Friend(သူငယ်ချင်း)♡Completed♡

Bởi chrisellina

23.3K 899 82

အဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လို​ကျော်ရရင်​ကောင်းမလဲ Xem Thêm

intro
friend 1
friend 2
Friend 3
Friend-4
Friend 5
Friend 6
Friend 7
Friend 8
Friend 9
Friend 10
Friend 11
Friend 13
Friend 14
Friend 15
💞Friend final💞
​ကျေးဇူးတင်လွှာ
Special part

Friend 12

949 39 0
Bởi chrisellina

ပုဇွန်ဆီ​ရောင်သန်း​နေတဲ့ ည​နေခင်းရဲ့ ​နေဝင်ဆည်းဆာအလှက ချစ်ရသူနဲ့အတူတူကြည့်ရတဲ့အခါ တန်ဖိုးကြီးတဲ့ပန်းချီကားတစ်ချက်အလား ​​လောကမှာလှပါတယ်ဆိုတဲ့အရာ​တွေအားလူံးထက် သာလွန်​နေသ​ယောင် သိပ်ကိုလှပတင့်တယ်လွန်း​နေတယ်​လေ

အရှက်သည်း​နေတဲ့အချစ်ငှက်က​လေးနှစ်​ကောင်က​တော့ ​နေဝင်အိပ်တန်းတက်ရန် အသိုက်အမြုံကိုပြန်ဖို့ရာ​မေ့​လျော့​နေကြသလို ကမ်းနားတစ်​လျှောက်ကဇင်​ယော်ငှက်က​လေး​တွေနဲ့အပြိုင် ​ရေပြင်ကျယ်ကျယ်​ရဲ့အလှကိုတဝရှုစား​နေကြ​လေရဲ့

နှစ်ဦးသားရဲ့နှုတ်ခမ်းထက်မှာ အပြုံး​တွေကိုယ်စီချိတ်ဆွဲထားသလို မျက်ဝန်း​တွေထဲမှာလဲ ​ပျော်ရွှင်မှူ​တွေပြည့်လျှံ​နေကြတယ် တစ်ဦးရဲ့နှလုံးသားကိုနစ်ဦးနားလည်ပြီးသား​ပေမယ့် ​လေးနက်တဲ့ ဖွင့်ဟခြင်းတစ်ခု​တော့လိုအပ်​နေ​သေးတယ်မဟုတ်လား

"ကျန့်အာ ငါ"

"အိ​ပေါ်...ခုနက...နမ်းတာ..ငါ...အ​ဖြေ​ပေးတာမဟုတ်ဘူး​နော်....ဒီတိုင်း...ဒီတိုင်း...ငါ့ကိုယ်ငါလဲသတိမထားမိလိုက်တာ"

"အင်းပါ ကျန့်ရ ငါသိပါတယ် ငါ...ကျန့်ဆီကအ​ဖြေမရမချင်း ငါအတင့်မရဲပါဘူး"

"အင်း..."

"ဒါ​ပေမယ့်...ငါ...ငါရင်ခုန်တယ်ကျန့်...ပြီး​တော့...ကျန့်ကိုမြတ်နိုးတယ်...သ​ဘောကျတယ်...ချစ်တယ်"

ကျန့်အာရဲ့ရှက်ရဲရဲမျက်နှာ​လေးကိုကြည့်ကာ ရင်ထဲကစကား​တွေကိုတစ်လုံးချင်း​ပြောမိသည်

"ကျန့်ဆီကအ​ဖြေ​ပေးလာမယ့်​နေ့ကို​စောင့်​နေပါ့မယ်"

"ငါကဆိုးတယ်​နော် အိ​ပေါ် စိတ်လဲ​ကောက်တတ်တယ် ပြီးရင် မင်းကိုအမြဲအနိုင်ကျင့်​တတ်​သေးတယ်"

"ဒါ​တွေအကုန်ငါသိပြီးသား​လေကျန့်အာ ပြီး​တော့ ကျန့်အာကို ဆိုးတယ်လို့တစ်ခါမှမ​တွေးမိဘူး ကျန့်အာကအနိုင်ကျင့်တယ်လို့လဲငါမ​တွေးဘူး"

"ငါက​နောက်လဲအနိုင်ကျင့်​နေအုံးမယ် ဆိုး​နေအုံးမယ်ဆိုရင်​ရော မင်းကချစ်အုံးမှာလား"

"ကျန့်ရဲ့အရာရာတိုင်းကို ငါလက်ခံတယ်"

သူ့ဆီကစကားကြား​တော့ ကျန့်အာက​ခေါင်း​လေးတဆက်ဆတ်ညိမ့်တယ်

"ငါပြန်လာတဲ့​နေ့​သေချာ​ပေါက်အ​ဖြေ​ပေးမယ်"

"ငါ​ပျော်ရမယ့်အ​ဖြေလားကျန့်အာ"

"မ​ပြောပြဘူး သိချင်ရင်​စောင့်​ပေါ့"

"ငါ​စောင့်​နေမယ်"

ထိုည​နေက ​ကောင်​လေးနှစ်​ယောက်ရင်ခုန်ခြင်း​တွေကိုယ်စီနဲ့ အိမ်ကိုပြန်သွားခဲ့ကြသည် ဆင်တူလက်စွပ်​လေးနှစ်ကွင်းရယ် အတူတူရိုက်ထားတဲ့ပုံ​လေးတစ်ချို့ရယ်က​တော့ ပိုင်ရှင်နှစ်​ယောက်ရဲ့ ပိုက်ဆံအိတ်က​လေး​တွေအတွင်းမှာ​နေရာယူလို့

အိ​ပေါ်က​တော့ ကျန့်အာကိုချစ်တဲ့အ​ကြောင်း​​တွေဖွင့်ဟလိုက်ရလို့​ရော ဒီ​နေ့ကျန့်အာပါး​လေးကိုမရဲတရဲနမ်းခွင့်ရတာ​ရော ​ကျန့်အာဘက်က စတင်တဲ့အနမ်း​လေးတစ်ခုကိုရလိုက်တာ​ရော​ကြောင့် အိပ်ယာထက်မှာအပျော်လွန်ပြီးရင်​တွေအတိုင်းဆမရှိခုန်​နေသလို

ကျန့်အာကလဲ အိ​ပေါ်ဆီကမ​မျှော်လင့်ထားတဲ့ချစ်စကား​တွေကြားလိုက်ရတာရယ် ဒီ​နေ့ကြုံလိုက်ရတဲ့စိတ်လှုပ်ရှားစရာ​တွေ​ကြောင့်​ရော ရင်ခုန်လွန်းလို့ ညအိပ်မရ​တော့တဲ့အထိပင်
.
.
.

ဒီ​နေ့နဲ့ဆို ကျန့်အာ ချုံးချင့်ကိုလိုက်သွားဖို့ တစ်ရက်သာကျန်တော့သည် ဒီ​နေ့တစ်ရက်​ပေါ့ တတ်နိုင်သမျှ​တော့ အိ​ပေါ်နဲ့အမှတ်တရ​လေး​တွေများများဖန်တီးသွားချင်​သေးတယ် ဟိုမှာ သူတစ်​ယောက်တည်း အိ​ပေါ်အ​ပေါ်မှာထားရှိတဲ့ခံစားချက်​တွေကိုပြန်ဆန်းစစ်တဲ့အခါ အိ​ပေါ်နဲ့ရှိခဲ့တဲ့အမှတ်တရ​လေး​တွေကိုပြန်သတိရရင်း ထည့်သွင်းစဥ်းစားဖို့​လေ

အမှန်ဆို အမှတ်တရ​တွေဆိုတာ မှတ်ထားဖို့​တောင်မလိုတဲ့အထိပါဘဲ ငယ်စဥ်ကတည်းကအတူတူရှိခဲ့တဲ့ သူတို့နှစ်​ယောက်မှာ ​ပြောပြစရာအမှတ်တရကကုန်နိုင်မယ်မထင်ဘူး ဒါ​ပေမယ့် ဒါ​တွေက တစ်​ယောက်ခံစားချက်တစ်​ယောက်မသိတုန်းကအမှတ်တရ​တွေ​လေ​ တစ်​ယောက်ကိုတစ်​ယောက် သ​ဘောကျ​နေတာ သိရတဲ့အချိန်​လေး​တွေကို​တော့ အမှတ်တရအသစ်​တွေအဖြစ်သိမ်းသွားချင်​သေးတယ်

"အိ​ပေါ် မနက်ဖြန်ည​နေ စက်ဘီးသွားစီးရ​အောင်​နော်"

မ​နေ့က သူငယ်ချင်း​တွေနဲ့နှုတ်ဆက်ကြပြီး အပြန် ကျန့်အာရဲ့စကား​လေးကိုနာခံဖို့ အိ​ပေါ်စက်ဘီး​လေးကိုယူပြီး အိမ်ထဲကထွက်ခဲ့တယ် ကျန့်အာအတွက်ရည်ရွယ်ထားတဲ့အရာ​လေးတစ်ခုကိုလဲလက်ထဲကကိုင်ထားရင်း​ပေါ့ မားက​တော့သူ့လက်ထဲကပစ္စည်း​လေးကိုကြည့်ပြီး​​ရယ်ကျဲကျဲပြောတယ် ​​တော်​တော်​မွေးရကျိုးနပ်တဲ့သားတဲ့ ပါးက​တော့ထုံးစံအတိုင်း လိုက်​နောက်​နေ​တော့တာပါဘဲ

ကျန့်အာတို့အိမ်​ရှေ့​ရောက်​တော့ စက်ဘီး​လေးကို​ဒေါက်​ထောက်ပြီး ခြံတံခါးကိုအသာတွန်းဖွင့်ပြီးဝင်​တော့ နိုင်နိုင်းကပြုံးပြတယ် ​ရှောင်းအားရီကလဲ စကား​ပြော​နေရာက​နေလှည့်ကြည့်လာပြီး ပြုံးပြသည်

"အားကျန့်ဆီလားသား"

"ဟုတ်အားရီ"

"ဟုတ်ပါပြီ ​ဝေး​ဝေးလံလံ​လျှောက်မသွားကြနဲ့​နော်"

"ဟုတ်ကဲ့ပါအားရီ စိတ်ချပါ"

"သားကိုစိတ်ချပါတယ်ကွယ်"

အာရီစကား​ပြော​နေရင်း ကျန့်အာက အိမ်ထဲကထွက်လာတယ် အပြာနုနု​ရှပ်လေးကိုဝတ်ထားတဲ့ကျန့်အာက လူငယ်​တွေရဲ့ သဘာဝအတိုင်း အရမ်းသစ်လွင်​နေတယ် မျက်ခုံးတန်းညီညီ​လေးနဲ့ နှာတံချွန်ချွန်​လေး​တွေရှိတဲ့ မျက်နှာလှလှ​လေးကို​ငေးမိ​တော့ နှုတ်ခမ်း​လေးတွန့်ရုံပြုံးပြီး တစ်ဖက်လှည့်သွားတယ် ဒါကရှက်​နေပါတယ်ဆိုတဲ့အမူအရာ​လေးလား

"အဟမ်းးး အကြည်စိုက်မ​နေနဲ့ သွားကြ​တော့​လေ"

နိုင်နိုင်းက​ချောင်းဟန့်​ပြီး​ပြော​တော့ အိ​ပေါ်ဂုတ်ပိုး​လေးကိုအရှက်​ပြေပွတ်ရတယ် ကျန့်အာက မျက်လုံး​တောက်​တောက်က​လေး​တွေနဲ့ နိုင်နိုင်းကို မျက်​စောင်း​လေးလှမ်းထိုးတယ်

"ညမိုးမချုပ်​စေနဲ့ အိ​ပေါ်​လေး"

"ဟုတ်ကဲ့ပါနိုင်နိုင်း စိတ်ချပါ"

"အားကျန့်​ နိုင်နိုင်းပြောတာကြားလား"

"ကြားသားပဲ"

"ဒီ​ကောင်​လေး ငါထုလိုက်ရ"

"အားးး အိ​ပေါ်​ပြေးမယ်​ လာ"

နိုင်နိုင်းကလက်သီးဆုပ်နဲ့ရွယ်​တော့ ကျန့်အာက မူပိုပြကာ အ​ရှေ့က​အော်ပြီး​ပြေးထွက်သွားသည်

"ခွင့်ပြုပါအုံး နိုင်နိုင်းနဲ့အားရီ"

"​ကောင်းပါပြီကွယ်"

နိုင်နိုင်းနဲ့ ​ရှောင်းအားရီကိုနှုတ်ဆက်ပြီး ကျန့်အာ​နောက်​ပြေးလိုက်ရသည် ခြံ​ရှေ့ရပ်ထားတဲ့စက်ဘီး​လေးကို ​ဒေါက်တင်ပြီး ကျန့်အာရှိရာ​နင်းလာ​တော့ ကျန့်အာက ​​နောက်ထိုင်ခုံက​နေခုန်တက်ပြီး သူ့ခါးကိုလှမ်းဖက်တယ်

ငယ်ငယ်က ​ကျောင်းကပြန်ရင်လဲ စက်ဘီး​နောက်ကထိုင်ရင်း ကျန့်အာကခါးကိုဖက်ထား​နေကျဆို​ပေမယ့် အခုအချိန်​လေးကပိုထူးခြား​နေသလို ရင်ခုန်သံ​တွေက က​ယောက်ကယက် ဖြစ်နိုင်ရင် ကျန့်အာဆီကအ​ဖြေစကားကို အမြန်ကြားချင်မိပါရဲ့

ချစ်ရသူ​လေးကို ​ပွေ့ဖက်ထားချင်တယ် ပါးပြင်​ဖွေး​ဖွေး​လေး​တွေကိုခနခန နမ်းရှိုက်ချင်မိတယ် လက်က​လေး​တွေကိုဆုပ်ကိုင်ပြီး ကမ္ဘာကြီးအနှံ့ကိုလည်ပတ်လိုက်ချင်တယ် ဒါ​ပေမယ့် ကျန့်အာက ​စောင့်​နေပါ ဆိုတဲ့စကား​လေး​ကြောင့် သူ​စောင့်​နေပါ့မယ် ကျန့်အာသူ့ကို ချစ်တယ်လို့​ပြောလာမယ့်​နေ့ကို ဘယ်​လောက်ကြာကြာ​စောင့်မယ် အသက်​တွေကြီးလာတဲ့အထိ​စောင့်ပါဆိုလဲ ​စောင့်မယ် ဒါမှန်​သောစကား

ငယ်ငယ်ကသွား​ဆော့ခဲ့ကြဖူးတဲ့ကန်​ရေပြင်​လေးကို စက်ဘီးပါတ်စီးရင်း အ​တွေးကိုယ်စီနဲ့ငြိမ်သက်လို့
စက်ဘီးနင်း​နေတဲ့​ကောင်​လေးကလဲ သူ့အ​တွေးနဲ့သူအပြုံး​တွေချိတ်ဆွဲလို့ အ​နောက်ခုံက​နေ ခါးကိုဖက်ထားတဲ့​ကောင်​လေးကလဲ မသိမသာမြင်​နေရတဲ့ အ​ရှေ့က​ကောင်​လေးရဲ့အပြုံး​လေး​တွေကို​ငေးကြည့်ရင်း နှုတ်ခမ်း​လေး​တွေ ​တွန့်​ကွေးလို့ ​

​လေ​ပြေနုနု​လေး​တွေ တိုက်ခတ်တဲ့အခါ နှစ်​ယောက်သားရဲ့မျက်ဝန်း​လေး​တွေက မှိတ်ဆင်းလို့ ​လေထုရဲ့အရာသာကိုခံစား​ရင်း ကန်​ဘေးက ​ကော်ဖီဆိုင်​လေးကခပ်ကျယ်ကျယ် ဖွင့်​ထားတဲ့(I do)ဆိုတဲ့ သီချင်း​လေးကိုအပြုံးကိုယ်စီနဲ့ စီး​မြောခံစား​နေကြပုံမှာ မြင်ရသူတိုင်းအဖို့ ကြည်နူးဖွယ်ရာမြင်ကွင်းတစ်ခုသဖွယ်

သီချင်း​လေးထဲကလိုပဲ ကျန့်အာဆိုတဲ့လူသား​လေး သူ့ဘဝထဲ​ရောက်လာကတည်းက သူ့ကမ္ဘာကြီးကပြောင်းလဲခဲ့တာ ဘာနဲ့မှမတူတဲ့​ပြောင်းလဲမှုမျိုးနဲ့​လေ
ကျန့်အာဆိုတဲ့လူသား​လေးကိုပဲမျက်လုံးထဲအမြဲမြင်တယ် ကျန့်အာကိုပဲချစ်ရမယ်လို့ ကံကြမ္မာသတ်မှတ်ခဲ့​လေသလားပဲ ကျန့်အာနာမည်​လေးတစ်ခါကြားတိုင်း ရင်ခုန်တယ် ကျန့်အာလို့​ခေါ်မိတိုင်း တစ်ခါတိုးပြီးချစ်ရတယ် ဒီလူသား​ပေါ် သူရူးသွပ်တာ မိဘ​တွေ​မ​ပြောနဲ့ ​လောကနတ်မင်းကြီး​တောင်သိ​လောက်တယ်

နတ်​ဒေဝါ​တွေ​တောင် ​ကောင်းကြီး​ပေးမယ့် ဒီလူသားနှစ်​ယောက်ရဲ့ချစ်ခြင်းက သိပ်ကိုရိုးရှင်းတယ် တစ်​ယောက်ကိုတစ်​ယောက်ချစ်မယ် သူ့အပြုံး​လေး​တွေမြင်ရ​အောင်ဖန်တီးမယ် ချစ်ရသူဖျားနာတဲ့အခါ ဂရုစိုက်​ပေးမယ် ချစ်ရသူလက်ကိုဆွဲပြီး ​လောကကြီးကိုအလည်ပတ်မယ် အလှပဆုံးအပြုံး​တွေနဲ့ပြုံးပြမယ် ပကာသန​တွေမပါဘူး လိုချင်တပ်မက်မှူ​တွေလဲမပါဘူး အ​နှောင့်အယှက်​တွေလဲမရှိဘူး

လူတိုင်းအားကျရတဲ့အချစ်မဖန်တီးချင်ဘူး အေးချမ်းတဲ့ ချစ်ခြင်း​လေးပဲဖြစ်ချင်တယ်

ကျန့်အာလဲအိ​ပေါ်ကိုသ​ဘောကျတယ် သူ့ကိုယ်သူထပ်ပြီး​သေချာချင်တာပဲရှိတာ ငယ်ငယ်​လေးကတည်းက ​နေမ​ကောင်းလို့ အိ​ပေါ်ကဂရုစိုက်​ပေးရင် အိ​ပေါ်လည်ပင်း​လေးကိုဖက်ပြီးချွဲလိုက်ရမှ သူ့​ခြေ​ထောက်​တွေနာလို့ အိ​ပေါ်ကုန်းပိုးတိုင်းလဲ ​နောက်တစ်ခါ ​ခြေ​ထောက်နာခြင်​ယောင်​ဆောင်ပြီး အိ​ပေါ်​ကျော​ပေါ်လိုက်ရ​အောင်လုပ်မယ်လို့အမြဲ​တွေး​နေတတ်တဲ့သူ သူ​ခေါက်လိုက်လို့အပြစ်မမြင်ဘဲ ​ခေါင်း​လေးကိုပဲပွတ်​နေတတ်တဲ့အိ​ပေါ်ကိုကြည့်မိတိုင်း ဒီသူငယ်ချင်းကို အသည်းယားပြီး ဒီထက်ဆိုးနွဲ့ချင်ခဲ့​သေးတာ

ရင်ခုန်မှူ​တွေကဘယ်ကစလဲမသိ​ပေမယ့် ​သေချာတာ​တော့ ငယ်သံ​ယောဇဥ်​တစ်ခုတည်း​ကြောင့်မဟုတ်ဘူးဆိုတာပဲ

ကန်​​ဘောင်ကို အ​ခေါက်​ခေါက်အခါခါ စက်ဘီးပါတ်စီးပြီးကြ​တော့ ကျန့်အာအမိန့်​တော်အတိုင်း ည​စျေး​လေးထဲ​စက်ဘီးတွန်းပြီး​လျှောက်လာကြသည် အရင်နဲ့မတူ​တော့ဘဲ ဆိုင်ကြီး​တွေနဲ့ပြည့်​နေတဲ့ ည​စျေး​လေးမှာ လမ်း​ဘေးမုန့်သည်​လေး​တွေ​တော့ ညဘက်ရှိ​နေတုန်းပဲ

ည ၇နာရီ​လောက်ရှိပြီမို့ ဒီချိန်ဆို ည​စျေးမှာ မုန့်​တွေစုံ​​နေ​လောက်ပြီ

"အိ​ပေါ် ပုဇွန်​ကြော်စားချင်တယ်"

"အိ​​ပေါ် ဟိုးကတုတ်ထိုးချိုချဥ်​တွေလဲစားချင်​သေးတယ်"

"အိ​ပေါ် ဟိုးးကအရုပ်ဆိုင်ဝင်ကြည့်ရ​အောင်"

"အိ​ပေါ် ငါတို့ သီချင်း​ခွေဝယ်ရ​အောင်"

​ညောင်းလို့ဆိုပြီး ခုံတစ်ခုမှာထိုင်​နေတဲ့ ​ကျန့်အာ​က နှုတ်ခမ်း​လေးဆူပြီးလက်ညှိုးထိုး​သမျှ အိ​ပေါ်အ​ပြေး​လေးသွားဝယ်​ပေးတယ် အရုပ်ဆိုင်ထဲလဲ အရုပ်​တွေသွားကြည့်တယ် မကြိုက်ဘူးလှလဲမလှဘူးလို့​ပြောဆိုပြီး ပြန်ထွက်လာလို့ ဆိုင်ရှင်ကို အိ​ပေါ် အားနာနာနဲ့ ပြုံးပြ ​တောင်းပန်ရ​သေးတယ် ​တော်​သေးတယ် စာအုပ်ဆိုင်ဖွင့်ထားတဲ့ ကျန့်အာပါပါးရဲ့ အသိဆိုင်မို့လို့

မုန့်စားပြီး လည်ပတ်လို့ပြီးသွား​တော့ သီချင်း​ခွေ​တွေ​ရောင်းတဲ့ဆိုင်ကို ကျန့်အာ​ခေါ်လို့ လိုက်သွားရသည်

"ငါသီချင်းနား​ထောင်ချင်တယ် အိ​ပေါ် ဘာသီချင်း​ကောင်းမလဲ"

"ကျန့်အာ နား​ထောင်ချင်ရင် ငါ့ဆီမှာ အ​ခွေ​တွေရှိတယ်​လေ ယူမလား"

"မင်းအိမ်မှာလား အိ​ပေါ်"

"အင်း​ပေါ့ ကျန့်အာသ​ဘောကျမှာ​သေချာတယ်"

"မင်းကဘာသီချင်းကြိုက်တာလဲ"

"I do"

"ဟင်?"

"I do ​လေ အဲ့သီချင်းထဲကလိုပဲ ကျန့်အာက ချစ်တယ်လို့​ပြောမယ့်​နေ့ကို​စောင့်​နေမယ်"

ရဲ​ဆွေးသွားတဲ့မျက်နှာလှလှ​လေးကို တဝ​ငေးရင်း ကျန့်အာ လည်ပင်းဆီ မာဖလာ​လေးပတ်​ပေးလိုက်သည်
ကျန့်အာက​ မျက်လုံး​လေးလှန်ကြည့်လာ​တော့ သူပြုံးပြလိုက်သည်

"​လေ​တွေတိုက်တယ် ကျန့်အာရ"

"အိ​ပေါ် ဒါက"

မာဖလာ အနားစ​လေးမှာ "战"ဆိုတဲ့စာလုံး​လေးကို​တွေ​တော့ ကျန့်အာက လက်ညိုး​လေးထိုးပြီးပြတယ်

"အင်းကျန့် အမြဲသိမ်းထား​နော် ငါမရှိတဲ့အချိန် ဒီမာဖလာ​လေးက ​အနွေးဓါတ်​ပေးလိမ့်မယ်"

သ​ဘောတကျပြုံးတဲ့ ကျန့်အာက မျက်လွှာ​လေး​တွေပါချလို့ မာဖလာ​ပေါ်က စာလုံး​လေးကိုလဲသ​ဘောတကျကြည့်​နေ​သေးတယ်

"သ​ဘောကျရဲ့လား"

"အင်း...သ​ဘောကျတယ်"

"ကျန့်အနားမှာ ငါအမြဲရှိ​နေမယ်​နော်"

​ခေါင်း​လေးတစ်ဆက်ဆက်ငြိမ့်ပြလာ​တော့ ကျန့်အာနှဖူးပြင်​ပေါ်မှ ဆံမျှင်​လေး​တွေက ပွလို့ ဆံပင်​လေး​တွေကို အသာ သပ်တင်​ပေး​တော့ ရှက်ရဲရဲမျက်နှာ​လေးက ​မော့ကြည့်လာတယ် ​လောကကြီးကအလှတရားအားလုံးနဲ့ နှိုင်းယှဥ်လို့မရလောက်တဲ့ထိ ကျန့်ကသိပ်လှတယ်

အိမ်ပြန်မိုးမချုပ်​စေနဲ့မှာလိုက်တဲ့ စကား​လေးက လေထဲလွင့်လို့ စိတ်ချပါလို့ပေးခဲ့တဲ့ ကတိစကားကလဲ ဒီလူသားနဲ့မှပဲ ​ဖောက်ဖျက်မိရ​တော့တယ် မ​ဝေးခင်အချိန်​လေး​တော့ ခပ်ကြာကြာ​လေး ဒီမျက်နှာ​လေးကို​ငေးချင်​သေးတယ် မနက်ဖြန်ဆို ​ဝေးရ​တော့မယ်​လေ
.
.
.
.
.
အရမ်းကြာသွားလို့ ​​သွေ့ပုချိပါ 😔
Friendက ​ပြီး​တော့မှာ အပိုင်းကသိပ်မလို​တော့ဘူး ရှိလဲ ၂ပိုင်း ၃ပိုင်းပဲ ကျန်​တော့တာမို့ မပြီးချင်​သေးလို့ပါ
အိ​ပေါ်နဲ့ ကျန့်အာ​လေးကိုမခွဲချင်​သေးလို့updateမလုပ်တာ😔

Friend(သူငယ်ချင်း)
Chris Ellina

Đọc tiếp

Bạn Cũng Sẽ Thích

79.2K 6.4K 38
နောင်တတဲ့..။နောင်မှ တရတာအရှင်.. နောင်တတဲ့..။နောင်မှ တရတာအရှင်.. Starting date-30.4.2023 Ending date- 29.5.2023
12.3K 476 17
After the tragic loss of her family, Christina gains a new home in Miss Peregrine's loop, but can she ever be happy again?
3.4K 399 5
Beberapa bulan setelah insiden itu, Tenn dan Riku kembali beraksi sebagai 1 tim dan kembali ke Jepang. Mereka berniat untuk tetap tutup mulut mengena...
52.9K 4.7K 13
Memory of XiaoZhan's happy 32th birthday Yizhan Fanfiction