Friend 10

1.2K 47 4
                                    

နှစ်​ယောက်သားအတူထွက်လာခဲ့တဲ့​နေရာက ပန်းခြံတစ်ခုစီသို့ ကျယ်​ပြောလှတဲ့ပန်းခြံကြီးထဲမှာအ​ရောင်အ​သွေးစုံလင်လှတဲ့လူ​တွေဟိုတစ်စု သည်တစ်စု ပန်း​နုရောင်ခြယ်သထားတဲ့ခုံတန်းလှလှ​လေး​တွေမှာ​တော့ အချစ်ငှက်က​လေး​တွေကိုယ်စီနဲ့​ပေါ့ ​​ရောင်စုံပန်း​လေး​တွေက​နေရာအနှံ့မှာ ကိုယ်စီပွင့်လန်းလို့ ပန်းခြံကြီးကိုအလှဆင်​နေကြ​လေရဲ့ နေရာတိုင်းလိုလိုမှာ ​ပြေးလွှား​ဆော့ကစား​နေကြတဲ့က​လေး​တွေရယ် ဒီဇိုင်းလှလှ​လေး​တွေနဲ့ဆွဲ​ဆောင်​နေတဲ့ ​ရေခဲမုန့်ဆိုင်​လေး​တွေကလဲ ပန်းခြံကြီးထဲမှာလှပတဲ့ပန်းချီကားတစ်ချပ်သဖွယ်

"ကျန့် ဒီပန်းခြံကြီးကအရင်ကအဲ့​လောက်မလှဘူးသိလား တစ်ခုခုလိုနေသလိုပဲ အခု​မှ ပိုလှပြီး ပိုပြည့်စုံသွားတာ"

"အိ​ပေါ် မင်းကစကားလုံးလှလှ​လေး​တွေ​ပြောလို့ပါလား ​မင်းဘယ်​ကောင်မ​လေးကိုသွား​ပြောလာတာလဲ ပြောစမ်း ဒီပန်းခြံက​ရောဘာလို့ခုမှပိုလှသွားရတာလဲ မဟုတ်မှ မင်း​ကောင်မ​လေးနဲ့ချိန်းဖို့ ငါ့ကိုအ​ဖော်​ခေါ်လာတာလား"

ကျန့်အာ ​မေးသာ​မေးရတာ အိ​ပေါ်ဆီကကြားရမယ့်အ​ဖြေကို​ကြောက်​နေမိသည် တစ်ကယ်လို့များ အိ​ပေါ်က ​ကောင်မ​လေးတစ်​ယောက်နဲ့များချစ်​နေခဲ့ရင်ဆိုတဲ့အ​တွေးက သူ့ရင်ကိုမငြိမ်မသက်ဖြစ်​​စေတယ် အဲ့ဒါ​ကြောင့်​မေးခွန်း​တွေတရစပ်ကို​မေး​နေ​တော့တာ

အိ​ပေါ်က​တော့ နှုတ်ခမ်းတစ်ချွန်ချွန်နဲ့ထင်ရာစွတ်​ပြော​နေတဲ့ ယုန်​ပေါက်ရဲ့နှုတ်ခမ်းကို တစ်ကယ်ကိုအသည်းယား​နေပြီ ​နောက်ဆုံးမ​နေနိုင်​​တော့တဲ့အဆုံး ကျန့်အာရဲ့နှာ​ခေါင်းချွန်ချွန်​လေးကို လက်နဲ့အသာညှစ်လိုက်မိသည်အထိပဲ

"မဟုတ်ရပါဘူးကျန့်ရာ"

"ပြီးတာပဲ"

​ဘောက်ဆက်ဆက်နဲ့တစ်ဖက်လှည့်သွားတံဲ့မျက်နှာ​လှလှလေးကိုအမိအရလိုက်ဖမ်းကြည့်မိသည် သူ့မျက်လုံး​တွေကတစ်​နေရာအ​ရောက်​တော့ နှုတ်ခမ်း​တွေ တွန့်​ကွေးသည်အထိပြုံးလိုက်ပြီး

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now