Friend 3

1.8K 72 7
                                    

ရိ​ပေါ်တို့​သူငယ်ချင်း​တွေကျောင်းကပြန်လာကတည်းက လမ်းမှာဘယ်သူ့ကိုမှစကားမ​ပြောဘဲမျက်နှာစူပုတ်​နေတဲ့ ​​ရှောင်းကျန့်ကိုကြည့်ကာ အချင်းချင်း အမူအယာနဲ့​မေး​နေကြသည် ကျိုးချန်က ရိ​ပေါ်ကိုကြည့်ကာ ​ရှောင်းကျန့်ဘက်​မေး​ငေါ့ပြီး ဘာဖြစ်တာလဲဆိုတဲ့ပုံစံနဲ့​မေး​တော့ ရိ​ပေါ်လဲ​​ခေါင်းသာခါပြလိုက်ပြီး ​ရှောင်းကျန့်ပုခုံး​လေးကိုလှမ်းကိုင်ပြီး ​မေးဖို့ပြင်ရသည်

"ကျန့်အာ...ဘာဖြစ်လို့လဲဟင် ​ဘယ်နား​နေမ​​ကောင်းလို့လဲ"

ရိ​ပေါ်​မေးလိုက်ကာမှ တစ်ဖက်လှည့်သွားကာ နှုတ်ခမ်းပိုဆူသွားတာ​ကြောင့် ​ရှောင်းကျန့်လှည့်သွားတဲ့ဘက်ကိုရိ​ပေါ်လိုက်ရပြန်သည်

"ကျန့်အာ...ဘာဖြစ်​နေတာလဲဟင်...ငါ့ကိုစိတ်ဆိုး​နေတာလား"

ထိုအခါမှ ဆတ်ခနဲရိ​ပေါ်ဘက်လှည့်ကြည့်ကာ မျက်​​စောင်းလှမ်းထိုးသည်

"ကျန့်အာလို့..."

"အိ​ပေါ်...ငါဒီ​နေ့အရိုက်ခံရတယ်​လေ မင်းသိရဲ့သားနဲ့"

ထိုအခါမှ​ကျန့်အာဘာဖြစ်​နေမှန်းရိ​ပေါ်သ​ဘော​ပေါက်​တော့သည် ဒီ​နေ့​ကျောင်းမှာ သင်္ချာချိန်​ရောက်​တော့ဆရာမက တစ်​ယောက်ချင်းစီသင်္ချာထွက်တွက်ခိုင်းသည် မတွက်နိုင်တဲ့သူကို ကြိမ်လုံးနဲ့​ခြေသလုံးကိုရိုက်သည် ဖြစ်ချင်​တော့ ရိ​ပေါ်တို့သူငယ်ချင်းငါး​ယောက်ထဲမှာ ကျန့်အာတစ်​ယောက်တည်းကွက်ပြီးအရိုက်ခံရတာ

"ကျန့်အာရာ ဆရာမကစာမရလို့ရိုက်တာပါ ​နောက်ကျအရိုက်မခံရ​အောင်စာပိုကြည့်ရမှာ​​ပေါ့ ​နော် စိတ်ဆိုးမ​နေပါနဲ့​တော့"

ရိ​​ပေါ်​ပြောလိုက်တဲ့စကား​ကြောင့် ​ရှောင်းကျန့်ရိ​​ပေါ်ကိုနှုတ်ခမ်းဆူပြီးကြည့်လိုက်သည်

"ဆရာမကိုမဟုတ်ဘူး မင်းကို"

"ဟင်?ဘာကို"

ကျန့်အာဘာကို​ပြောချင်တာလဲရိ​ပေါ်ခုထိနားမလည်​သေးဘူး

"ဆရာမကိုစိတ်ဆိုးတာမဟုတ်ဘူး မင်းကိုလို့!!!"

"အားးးကျန့်ကျန့်ရာနာကိုအူသွားတာပဲ"

Friend(သူငယ်ချင်း)♡Completed♡Dove le storie prendono vita. Scoprilo ora