Friend-4

1.5K 54 2
                                    

ဒီလိုနဲ့ တစ်​နေ့တစ်​နေ့သူငယ်ချင်း​တွေ​ကျောင်းတက်လိုက် ည​နေပြန်လာရင်ည​စျေးမှာ စက်ဘီး​လေးပါတ်စီးလိုက် တစ်ခါတစ်ရံ ပုဏ္ဏရိပ်သီး​လေး​တွေခိုးခူးပြီး​ပြေးကြလိုက်​ပေါ့ သူငယ်ချင်း​တွေနဲ့​ဆော့ကစားပြီးပြန်လာလို့ညဘက်​ရောက်ရင် ရိ​ပေါ်က​ကျန့်အာကိုစာပြလိုက် ကျန့်အာကြိုက်တတ်တာ​လေး​တွေဝယ်​ကျွေးရင်း ​​ဆော့ပါများလို့ကျန့်အာ​ခြေ​ထောက်​တွေနာရင် ​ကိုယ်တိုင်​ဆေးလူး​ပေးလိုက်နဲ့ နှစ်​တွေအလီလီ ရာသီ​တွေကူး​ပြောင်းလို့အချိန်​တွေကုန်ဆုံးသွားလိုက်တာ အထက်တန်း​နောက်ဆုံးနှစ်ဆိုတဲ့အချိန်ကို​ရောက်လာခဲ့ကြပြီ​လေ

အကုန်လုံးလဲလူငယ်ဆိုတဲ့အရွယ်ကို​ရောက်လာပြီး ရင်ခုန်တတ်တဲ့နှလုံးသား​လေး​တွေရှိလာခဲ့ပြီ
.
.
.
.
.

"ကျန့်အာ ထ ထ မြန်မြန်ထ"

ရာသီဥတုကအရမ်း​အေး​နေတဲ့အချိန်မို့ ​စောင်ပုံထဲနစ်ပြီးအိပ်​နေတဲ့​ရှောင်းကျန့်ကို ရိ​ပေါ်ကအတင်းလှုပ်နှိုးသည် ​အိပ်​ရေးမဝ​သေးတဲ့ကျန့်အာက​တော့ နားနှစ်ဖက်ကိုပိတ် ​စောင်ထဲအတင်း​ခေါင်းပြန်ဝင်ကာနှိုး​နေတဲ့အသံကိုမသိချင်​ယောင်​ဆောင်ကာပြန်အိပ်သည်

"ကျန့်အာ ထလို့ ငါတို့​နှင်း​တွေသွား​ဆော့ကြမယ်​လေ မထဘူးလား"

"အိ​ပေါ်...ငါအိပ်ချင်​သေးတယ်လို့"

အိ​ပေါ်လို့အသံရှည်ဆွဲပြီး​ခေါ်ကာချွဲ​နေတဲ့သူက တစ်ကယ်ကိုအိပ်​ရေးမဝ​​သေးတာ အိပ်ပုပ်​လေး​ပေါ့

"လိမ္မာပါတယ်ကျန့်အာရာ ထ​တော့​နော် စာကျက်ရမယ် စာ​မေးပွဲနီး​နေပြီ"

မနက်တိုင်းအိပ်ပုပ်ပြီးမထတဲ့​ရှောင်းကျန့်ကိုလာလာနှိုးရတဲ့အလုပ်ဟိုးလွန်ခဲ့တဲ့၅နှစ်ကတည်းက ညဘက်စာကြည့်တာမိုးချုပ်မှပြီးတာမို့ မနက်​စော​စောမနှိုးချင်​ပေမယ့် စာ​မေးပွဲကနီး​နေပြီမနှိုးလို့မရ​တော့ဘူး ​ကျောင်းကို​စော​စောသွားပြီးစာ​တွေပြန်ကြည့်ရ​တော့မယ်​လေ

"ကျန့်အာ ထပါကွာ လိမ္မာပါတယ်"

"အင်းးးးးထမယ် ခန​လေး ငါးမိနစ် ငါးမိနစ်ပဲ"

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now