စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

42K 1.5K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 17

1.2K 47 3
By Ex_0069

Unicode
Episode _ 17

" ဗျာ... "×2

တေလွန်းနဲ့ကျွန်တော့်ဆီကနေ တစ်ပြိုင်တည်းထွက်လာတဲ့အသံကြောင့် အဘနဲ့ဖေသောင်းက မျက်မှောင်ကျုံ့သည်။ ဒီကိစ္စကြီးက အဲ့လောက်မြန်မြန်ဖြစ်သွားမယ်လို့ သူရော၊ ကျွန်တော်ရော တကယ် မထင်ထား၊ မဟုတ် တွေးပင် မတွေးထားသည့်အချိန်ပင်။

" အဘ ကျွန်တော်တို့က ငယ်.. "

" တကယ်လား.. အဘ "

တေလွန်းကို ကြည့်လိုက်တော့လည်း တော်တော်အံ့သြသွားတဲ့ပုံပင်၊ အဘနဲ့ဖေသောင်းကို မယုံကြည်နိုင်သလို ကြည့်နေသည်။ ကျွန်တော်လည်း တေလွန်းလိုပဲ ဒီကိစ္စက အရမ်းကိုမြန်ဆန်လွန်းပြီး အံ့သြသည်ထက်ပိုအံ့သြရသည်။ ပြီးတော့ ကျွန်တော်အနေနဲ့လည်း ဒီကိစ္စကို အခုချိန်မှာ လက်မခံနိုင်သေး၊ ကျွန်တော်တို့က အသက်ပင်ကောင်းကောင်းမပြည့်သေးဘူးမလား။ ပညာရေးကလည်း ဆုံးခန်းမတိုင်သေးဘူးလေ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေနိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်သေးဘူးလေ။ ဒါ့ကြောင့် ကျွန်တော် ဒီကိစ္စကို ငြင်းရမည်။ ဒါပေမဲ့ တေလွန်းရဲ့ကြားဖြတ်ပြောလိုက်တဲ့စကားကြောင့် ကျွန်တော် တေလွန်းကို နားမလည်နိုင်ဘဲ ကြည့်မိသည်။ ဒါကြီးက ပျော်နေတဲ့အသံကြီးမဟုတ်လား။

" အေး...၊ မင်းတို့ကို လက်ထပ်ပေးဖို့ ငါတို့မိဘတွေအကုန်တိုင်ပင်ပြီးပြီ....၊ ဘဘုန်းကလည်း သဘောတူတယ်....၊ နောက်လထဲမှာ မင်္ဂလာရက်ကိုသတ်မှတ်ထားပြီးပြီ.... "

" ဖေသောင်း... သား လက်မခံ.. "

" ကျုပ် သဘောတူတယ်နော်... ဦးကြီးသာငြိမ်း "

" တေလွန်း!!... "

" ဘာလဲ...၊ မဟုတ်လည်း မင်းနဲ့ငါက တစ်ချိန်ကျရင် လက်ထပ်ရမဲ့သူတွေပဲဟာကို...၊ ဝေးတာနဲ့နီးသွားတာလေးပဲကွာ.... "

" ဒါပေမဲ့ ငါတို့က အသက်မပြည့်သေးဘူးလေ "

" မလိုပါဘူး....၊ တကယ်ဆို.... မင်းရော ငါရော ဆယ့်ရှစ်နှစ်ပြည့်ဖို့သုံးပုံပုံတစ်ပုံတောင် မကျန်တော့ဘူး... "

ကျုပ် တကယ် ဝမ်းသာတယ်ဗျာ။ ကျုပ် ဆင်ပေါက်နဲ့လက်ထပ်ရတော့မယ်တဲ့။ ဆင်ပေါက်က ကျုပ်အပိုင်ဖြစ်တော့မှာပေါ့။ အရင်ကတော့ အဲ့ကိစ္စကို အချိန်တန်ရင်ဖြစ်လာမဲ့ကိစ္စမို့ ဒီအတိုင်းလေးပဲ လွှတ်ထားပေမဲ့ အခုတော့ အဲ့လိုလုပ်လို့မရတော့ဘူးလေ။ ဘာလို့ဆို ကျုပ် ဆင်ပေါက်ကို စိတ်မချတော့ဘူး၊ သူငယ်ချင်းဆိုတဲ့ ဟို ဟန်သာဆိုတဲ့ကောင်ကိုတောင် ကျုပ်သဝန်တိုရလွန်းလို့ ရူးတော့မလိုပဲ၊ အကယ်၍များ ဆင်ပေါက်က အခြားသူကိုချစ်မိသွားခဲ့ရင်ဆိုတဲ့စိတ်ကြောင့် ကျုပ်မှာ မျောက် မီးခဲကိုင်ထားရသလိုပဲဗျာ။ ဒါ့ကြောင့် အခုလို အဘတို့က စီစဥ်ပေးမှတော့ ကျုပ်က မပျော်ဘဲနေပါတော့မလား။

" အဲ့တာဆို အဘတို့စီစဥ်ထားတဲ့အတိုင်း တန်ဆောင်းမုန်းလပြည့်ကျော်ဆယ်ရက်နေ့မှာ ငါ့သားနဲ့ငါ့တူတေလွန်းကို အဘတို့ကိုယ်တိုင် လက်ထပ်ပေးမယ်.... "

" ဟုတ်ကဲ့ ဦးကြီးသာငြိမ်း... "

" အဘ!... သား သဘောမတူသေးဘူးလေ...၊ တေလွန်း ဒီကိစ္စက မင်းတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူးလေ.... "

" သားငယ် ဒီကိစ္စစီစဥ်ရတာက တကယ်တော့ သားငယ်အတွက်အဓိကစဥ်းစားထားတာ...၊ သားငယ် ငြင်းလို့မရဘူး "

" ဖေသောင်း... "

" ဟုတ်တယ် သား...၊ အဘတို့က သားရဲ့ဘဝအတွက်အရေးကြီးလို့ အခုလိုစီစဥ်ရတာ....၊ သား မငြင်းပါနဲ့.... "

" အဘ... "

ဒီစကားဝိုင်းမှာ ကျွန်တော့်စကားကိုဘယ်သူမှနားမထောင်တဲ့အပြင် သုံးယောက်တစ်ယောက်မို့ ကျွန်တော့်ဘက်က ငြင်းဆန်လို့မရတော့ပေ။ ထို့ကြောင့် ကျွန်တော်လည်း စိတ်ရှုပ်မခံနေတော့ဘဲ အဘတို့ကိုအရှုံးပေးပြီး ခေါင်းငုံ့ကာသက်ပြင်းချလိုက်တော့သည်။

" ဟင်း..! "

" ဖေသောင်းကို ပြော....၊ ငါ့သားငယ်မှာ ငတေ့ကို ငြင်းရတဲ့အကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိနေတာလား..... "

ဒါကြီးက သူ့ကို ဖေသောင်းက အခြားတစ်ယောက်ရှိနေလားဆိုပြီးမေးလိုက်တာလား...။ မဟုတ်ဘူးလေ...၊ ဖေသောင်းက သဘောရိုးနဲ့မေးပေမဲ့ ကျွန်တော့်ဘေးက စနေသားက အဲ့လောက်ရိုးရိုးမတွေးဘူးလေ။

" မဟုတ်ဘူး...၊ သားမှာ ချစ်ရတဲ့သူမရှိပါဘူး... ဖေသောင်း၊ အဲ့လိုမျိုး... လုံးဝမရှိပါဘူး "

ကျွန်တော် ဖေသောင်းရဲ့စကားကိုချက်ချင်းခေါင်းရမ်းပြကာ အသည်းအသန်ရှင်းပြလိုက်တယ်။ ပြီးတော့ ကျွန်တော့်ဘေးက စနေသားကိုမသိမသာလေးကြည့်မိတော့ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေတယ်လေ။ ဘုရား..သကြားမလို့ အဲ့အပြုံးက ကောင်းသောအပြုံးဖြစ်ပါစေ။ ဟန်သာနဲ့ပေါင်းတာတောင် မကြိုက်တဲ့ အဲ့ဒီစနေသားက ဖေသောင်းရဲ့စကားကြောင့် ကျွန်တော့်ကိုအထင်လွဲသွားမှာ ကျွန်တော် တကယ်ကြောက်တယ်။

" အဲ့တာဆို မငြင်းနဲ့တော့....၊ အဘတို့ အကုန်စီစဥ်ပြီးပြီ....၊ မင်းတို့ရဲ့အမေတွေလည်း အခြားရွာက ဆွေမျိုးတွေကို မင်းတို့မင်္ဂလာပွဲအတွက် သွားဖိတ်နေပြီ... "

" ဗျာ "×2

ဒါက ကျွန်တော်တို့ကိုခေါ်ပြီး တိုင်ပင်တာမှမဟုတ်တာ၊ အဘတို့က သူတို့စီစဥ်ထားပြီးသား... အဲ့အတိုင်းပဲ လုပ်ဆိုပြီး အမိန့်ပေးနေတာနဲ့ တူမနေဘူးလား။ တေလွန်းလည်း အဘတို့စကားကိုကြားတော့ တော်တော်အံ့သြသွားသည်က ဒီတစ်ခါတော့ အမှန်တကယ်ပင်။ ကျွန်တော်တို့ထင်တာက အမေနဲ့မေကြိုင်ကို အခြားရွာသွားလည်တယ်လို့ပဲ ထင်ထားတာလေ။

ဒါပေမဲ့ တဖြည်းဖြည်း ကျေနပ်ပီတိအပြည့်ဖြစ်လာတဲ့တေလွန်းမျက်နှာက ကျွန်တော့်ရဲ့အတွေးတွေကို မီးရှို့လိုက်သလိုပဲ။ အဲ့စနေသားက တကယ် အံ့သြသွားတာမှန်ပေမဲ့ ထိုမျှနဲ့တင်မတင်းတိမ်သေး၊ ဆက်ပြီး အမေတို့ရဲ့လုပ်ရပ်ကို ကျေနပ်ပီတိဖြစ်ပြီး ပျော်သွားသည်တဲ့လား။ ဒီကောင် ဘာဖြစ်သွားတာလဲ။

~~~~~~~~~~~~~~~~~~~~~~~

" တေလွန်း.... "

" အင်း... ဘာလဲ "

" မင်း ဘာဖြစ်သွားတာလဲ "

" ဘာကိုတုန်းကွ... မင်းရဲ့စကားက အစမရှိအဆုံးမရှိနဲ့ "

ရွာကနေ မြို့ကိုသွားတဲ့ကားပေါ်မှာ ဆင်ပေါက်ရဲ့အစအဆုံးမရှိတဲ့စကားကြောင့် ကျုပ် ပြန်ပြီးမေးလိုက်တယ်။

" ငါတို့ကိစ္စလေ...၊ မင်း ဘာလို့ လက်ခံလိုက်ရတာလဲ "

" ငါက ငြင်းရမှာလား... အဲ့တာဆို! "

ကျုပ် အသံက နည်းနည်းမာသွားတယ်။

" ငါ ပြောချင်တာ အဲ့လိုသဘောမျိုးမဟုတ်တာကို မင်း သိရဲ့သားနဲ့.... "

ဆင်ပေါက်ပြောတဲ့အဓိပ္ပါယ်ကို ကျုပ်သိပေမဲ့ အခုထိ ကျုပ်နဲ့လက်ထပ်ရမှာကိုတွေဝေနေတဲ့ဆင်ပေါက်ကို ကျုပ် တကယ်ဒေါသထွက်မိတယ်။

" ဟင်း.... ငါ မင်းကို စိတ်မချလို့ "

" ဘာကို စိတ်မချတာလဲ... "

" မင်း တော်တော်လျှာရှည်တာပဲ...၊ မဟုတ်လည်း ငါတို့က ယူရမဲ့သူတွေလေ...၊ တော်ပြီ... ကျောင်းရောက်တာနဲ့ အဝေးသင်ပြန်ပြောင်းဖို့စီစဥ်ရမှာ.. ငါ့ရဲ့ကျောင်းကို အရင်သွားမယ်၊ ပြီးမှ မင်းရဲ့ကျောင်းကို ငါ လိုက်ပို့ပေးမယ် "

ကျုပ်တို့ အခုတစ်ခေါက် မြို့ပေါ်ကိုသွားတာက တက္ကသိုလ်အဝေးသင်တက်ဖို့ကို စီစဥ်ဖို့ရာဖြစ်သည်။ ဒီအကြံကလည်း ကျုပ်ရဲ့အကြံပဲ။ ဆင်ပေါက်နဲ့ကျုပ် လက်ထပ်ပြီး တစ်ယောက်တစ်နေရာဆီ ကျောင်းတက်နေရတယ်ဆိုတာက ဘဝင်မကျချင်စရာ၊ ဒါ့ကြောင့် သူရော ကျုပ်ရော အဝေးသင်ပြောင်းဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။ ဆင်ပေါက်ကိုပြောရင် လက်မခံဖို့က းမျာစတာကြောင့် ဦးကြီးသာငြိမ်းနဲ့အဘကို အပူကပ်ပြီး တဆင့်ပြောခိုင်းရတယ်။ ဒါတောင် ဆင်ပေါက်က အင်တင်တင်လုပ်နေပြီး အမေနဲ့အရီးလေးနန်းမှုံကပါ ဝင်ပြောတော့မှ လက်ခံတော့သည်။

" မင်းသဘောကျတာ လုပ်တော့! "

ဆင်ပေါက်က ကျုပ်ကို ရွဲ့ပြောလိုက်သလား၊ အတည်ပြောလိုက်သလားတော့မသိ။ ကျုပ်ကတော့ ဆင်ပေါက်ပြောသလို ကျုပ်သဘောအတိုင်းသာလုပ်ဖို့ အစကတည်းက ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

ကျုပ်ရဲ့အဆောင်ကိုရောက်တော့ အဆောင်မှူးကို အကျိုးအကြောင်းဝင်ပြောပြီး အဆောင်လခကိုပါ တစ်ခါတည်းချေပေးခဲ့တယ်။ ပြီးတာနဲ့ ကျောင်းကိစ္စကို အားချင်းစီစဥ်သည်။

" တေလွန်း..... "

" အော်... မစောမူယာ "

" ဟုတ်တယ်...၊ ကျောင်းပြန်တက်ပြီလား.... အမ မင်းအကြောင်းကို မင်းရဲ့သူငယ်ချင်းကိုတောင်မေးနေသေးတာ...၊ ရွာမှာကိစ္စရှိလို့ဆို... "

" ဟုတ်တယ် မစောမူယာ...၊ ကျွန်တော် အခုလာတာကလည်း အဲ့ကိစ္စပဲဗျ "

" ဘယ်လို... "

" အော် ကျွန်တော့်စကားကို နားရှုပ်သွားတယ်ထင်တယ်...၊ ကျွန်တော် အခုလာတာက ကျောင်းကနေအဝေးသင်ယူမလို့လေ...၊ ကျွန်တော် ရွာမှာပဲ နေတော့မှာဗျ "

" အို... ဘာလို့လဲ တေလွန်းရဲ့၊ တစ်ခုခုအဆင်မပြေလို့လား... အမကိုပြောလေကွယ်..၊ အမကူညီနိုင်တာရှိရင် ကူညီပေးမှာပေါ့.....၊ ဟို ငွေရေးကြေးရေးကိစ္စများ.. "

" အဲ့လိုမဟုတ်ပါဘူး... မစောမူယာ၊ ကျွန်တော် အဝေးသင်ပြောင်းရတာက အခြားကိစ္စကြောင့်ပါ .... "

ကျွန်တော့်ရှေ့မှာ နွားပြာကြီးအောက်သွားလွတ်နေသလိုပြုံးနေတဲ့တေလွန်းကို ကျွန်တော် တော်တော်အမြင်ကပ်မိသည်။ ကျွန်တော်.. ကျွန်တော်နဲ့... စကားပြောပုံက တော်တော့်ကိုယဥ်ကျေးနေပါရောလား။ သူ့ရှေ့က မိန်းကလေးကိုလည်း တရိုတသေ မစောမူယာ.. မစောမူယာနဲ့။ မြင်နေရ.. ကြားနေရတာက အဆင်မပြေဘူး။ မစောမူယာဆိုသည့်မိန်းကလေးကလည်း တော်တော့်ကိုလှသည်။ မိန်းမတစ်ယောက်မှာရှိသင့်တဲ့ရှိုက်ကြီးဖိုငင်အမို့အမောက်နှင့်မျက်နှာကလည်းမိတ်ကပ်လိမ်းထား၍လားမသိ တော်တော်ကိုလှလွန်းနေသည်။ ပြီးတော့ သူ့ရဲ့စကားအသွားအလာတွေနဲ့ တေလွန်းကိုကြည့်နေတဲ့အကြည့်တွေက အရောင်တွေပါနေမှန်း ဘေးကနေကြည့်နေတဲ့ကျွန်တော်ပင် ခံစားရသည်။

" ဘာကိစ္စမို့ အဝေးသင်ပြောင်းရတဲ့အထိများဖြစ်ရတာလဲ... ဟို အမကို တစ်မျိုးတော့မထင်ပါနဲ့ကွယ်...၊ အမက ဒီတိုင်း သိချင်လို့ပါ... "

အံမယ်..။ တစ်မျိုးတော့မထင်ပါနဲ့ကွယ် တဲ့။ ​အဲ့လိုပြောတာကိုက တစ်မျိုးထင်ချင်စရာကောင်းနေမှန်း ဒီမိနိးကလေးက မသိလေသလား၊ သို့မဟုတ် တမင်တကာပင် သိရဲ့သားနဲ့ တေလွန်းကို ကြာပစ်နေသလား။ ကျွန်တော်တွေးရင်း ကျွန်တော့်ဘေးက တေလွန်းကိုတော်တော်စိတ်တိုလာတယ်။ မကြာခင် ကျွန်တော်နဲ့လက်ထပ်မဲ့ကောင်က ကျွန်တော် သူ့ဘေးမှာမတ်တပ်ရပ်နေမှန်း သတိရသေးရဲ့လား။ မစောမူယာဆိုသည့်မိန်းကလေးကလည်း တေလွန်းဘေးမှာရပ်နေတဲ့ကျွန်တော့်ကို အခုချိန်ထိမမြင်သေးတာကို ကျွန်တော့်မှာအံ့သြလို့မှမဆုံး။ အဲ့ဒီမိန်းကလေးရဲ့မျက်လုံးထဲမှာ တေလွန်းတသ်ယောက်တည်းကိုပဲ တွေ့တာလား။ ကျွန်တော့်ကိုပဲ တမင်တကာ အဖက်မလုပ်တာလား။ လောလောဆယ်တော့ အဲ့တာတွေထက် မစောမူယာမေးတဲ့မေးခွန်းကို တေလွန်း ဘယ်လိုပြန်ဖြေမလဲဆိုတာကို ကျွန်တော်သိပ်သိချင်နေမိတယ်။ ဒီကောင် အမှန်အတိုင်းဖြေမလား။ ဒါမှမဟုတ် ဝေ့လည်ကြောင်ပတ်လုပ်ပြီး ဖြေမလားဆိုတာကို ကျွန်တော် စောင့်ကြည့်နေတယ်။ ဒီကောင့်အဖြေက ကျွန်တော့်အပေါ်တော်တော်သက်ရောက်မည်ကို ကျွန်တော့်စိတ်ထဲကရော...၊ နှလုံးသားထဲကရော...၊ ဦးနှောက်ထဲကပါ ကြိုသိနေတယ်။ စိတ်လှုပ်ရှားစွာနဲ့ပဲ ကျွန်တော် တေလွန်းပြောလာမဲ့အဖြေကို မစောမူယာထက် ပိုပြီးကြားချင်နေမိတယ်။

" ကျွန်တော် လက်ထပ်တော့မှာမလို့လေ.... "

" ဘယ်လို...၊ အမ နားကြားများမှားသွားသလား...၊ တေလွန်းမှာ ရည်ရွယ်ထားတဲ့သူရှိနေတာလား "

မယုံသင်္ကာနဲ့မေးနေတဲ့မစောမူယာပုံစံက ကျုပ်စကားကို တော်တော်လန့်သွားတယ်ထင်တယ်။ ကြည့်ရတာ ကျုပ်အကြောင်းကို နိုင်ထွန်းဆီကနေ အနည်းအကျဥ်းတော့ စုံစမ်းထားလောက်တယ်။ ဒါပေမဲ့ ကျုပ်ကို ရည်းစားထားစေချင်နေတဲ့နိုင်ထွန်းက အခုကိစ္စကို လုံးဝပြောပြလိမ့်မည်မဟုတ်ပေ။

" ဟုတ်တယ်ဗျ...၊ ကျွန်တော်တို့က ငယ်ငယ်လေးကတည်းက နှစ်အိမ့်တစ်အိမ်နေလာခဲ့ကြတာလေ....၊ မိဘတွေကလည်း အစကတည်းက ကျွန်တော်တို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့စီစဥ်ထားပြီးသားဗျ "

တေလွန်းရဲ့စကားတွေကြောင့် ကျွန်တော် တကယ်အံ့သြသွားသည်။ အခုလိုအမှန်အတိုင်းဝန်ခံနေတဲ့တေလွန်းကို ကျွန်တော် အံ့အားသင့်စွာကြောင်အပြီးကြည့်နေမိတယ်။ မစောမူယာကို တေလွန်း လိမ်ပြောမယ်လို့ထက်ပေမဲ့ တကယ်လိမ်ပြောခဲ့ရင် ကျွန်တော် တော်တော်ဝမ်းနည်းရလိမ့်မည်မှာ မလွဲဧကန်ပင်။ ဒါပေမဲ့ ဒီလိုမျိုးအမှန်အတိုင်းပြောလိုက်တော့လည်း ကျွန်တော် စိုးရိမ်စိတ်တွေဝင်လာတယ်။ ဒီကိစ္စကြောင့် တေလွန်းကို အထင်သေးသွားမဲ့မစောမူယာရဲ့အကြည့်တွေ၊ အခြားသူတွေသိသွားပြီး ၎င်းတို့ရဲ့ပါးစပ်ကထွက်လာမဲ့စကားတွေကိုတွေးပြီး ကျွန်တော် တေလွန်းကို ဆက်မပြောဖို့တားချင်ပေမဲ့ တကယ်တမ်း ကျွန်တော်လုပ်နေမိတာက တေလွန်းကို ငေးကြည့်နေရုံသာ။

" အော်... အင်း အင်းပါ၊ ဂုဏ်ယူပါတယ်ကွယ်..၊ အမ သိချင်လိုက်တာ...၊ တေလွန်းရဲ့ကံကောင်းလွန်းတဲ့ကောင်မလေးကို...၊ သူက တော်တော်လှမှာပဲနော်.... "

" ဟား.... မစောမူယာ ပြောတဲ့စကားက မမှားပေမဲ့ မှန်လည်းမမှန်ဘူးဗျ....၊ သူက ကျွန်တော့်ကိုရလို့ ကံကောင်းတယ်ဆိုတာ မှန်ပေမဲ့ လှတယ်ဆိုတာကတော့ မမှန်ဘူးဗျ "

တေလွန်းကို ကျွန်တော် မျက်စောင်းထိုးမိတယ်။ ဒီစကားက သူ့ကိုယ်သူ အမွှန်းတင်လွန်းနေတာမဟုတ်ဘူးလား။

" ပြီးတော့.. သူက မစောမူယာပြောသလို မိန်းကလေးမဟုတ်ဘူး... ကျွန်ဆတာ့်လိုပဲ မျိုးတူယောက်ျားလေးတစ်ယောက်ဗျ!... "

" ရှင်..!! "

" ဟင်... "

ကျွန်တော်နဲ့မစောမူယာထံမှ တေလွန်းရဲ့စကားကြောင့် အလန့်တကြားအာမေဋိတ်သံပြိုင်ထွက်လာသည်။

" ဟုတ်တယ်ဗျ...၊ မစောမူယာနဲ့ တစ်ခါတည်းမိတ်ဆက်ပေးမယ်... ဒါက "

ကျုပ်ရဲ့ဘေးက မအူမလည်လုပ်နေတဲ့ဆင်ပေါက်ရဲ့လက်မောင်းကိုဆွဲပြီး ကျုပ်အနားကပ်စေကာ ဆင်ပေါက်ရဲ့ပခုံးပေါ်လက်တင်လိုက်သည်။

" ရှင်မွှေးတဲ့...၊ ကျွန်တော်နဲ့လက်ထပ်ပြီး ကျွန်တော့်ရဲ့သက်ဆိုင်သူအမျိုးသားလေးဖြစ်လာမှာလေ....၊ မစောမူယာပြောသလို လှတယ်တော့မဟုတ်ဘူး... ဒါပေမဲ့ ချစ်စရာကောင်းတယ်မဟုတ်လား.... "

" အယ်.. ဟို.. ဟို တေလွန်း.. မင်း အမကို လာနောက်နေတာလား "

" ရော်... ကျွန်တော်က မစောမူယာကို မနောက်ပါဘူးဗျာ...၊ ဒါက နောက်စရာကိစ္စမှမဟုတ်ဘဲ... မစောမူယာက ကျွန်တော့်ကို နောက်နေတယ်လို့ထင်ရင် နိုင်ထွန်းကိုမေးကြည့်ပါ...၊ ဒီကိစ္စက နိုင်ထွန်းလည်း သိပြီးသားလေ...၊ မဟုတ်ဘူး... ကျွန်တော်တို့တစ်ရွာလုံး သိတယ်လို့ပြောရမယ်.... "

" ဟင်.. ဟို အမ...၊ အော်... မေ့နေလိုက်တာ အမ ကိစ္စလေးတစ်ခုရှိသေးတယ်.. အခုမှသတိရတယ်.. အမကိုခွင့်ပြုပါအုန်းနော်... အရေးကြီးကိစ္စမို့ "

" ရပါတယ်ဗျ... "

မစောမူယာမှာ ကျုပ်ရဲ့စကားဆုံးသည်နှင့် ကျုပ်တို့အနားကနေ ​ခပ်သွက်သွက်လေးထွက်သွားသည်။

Next episode ........

Zawgyi
Episode _ 17

" ဗ်ာ... "×2

ေတလြန္းနဲ႔ကြၽန္ေတာ့္ဆီကေန တစ္ၿပိဳင္တည္းထြက္လာတဲ့အသံေၾကာင့္ အဘနဲ႔ေဖေသာင္းက မ်က္ေမွာင္က်ံဳ႔သည္။ ဒီကိစၥႀကီးက အဲ့ေလာက္ျမန္ျမန္ျဖစ္သြားမယ္လို႔ သူေရာ၊ ကြၽန္ေတာ္ေရာ တကယ္ မထင္ထား၊ မဟုတ္ ေတြးပင္ မေတြးထားသည့္အခ်ိန္ပင္။

" အဘ ကြၽန္ေတာ္တို႔က ငယ္.. "

" တကယ္လား.. အဘ "

ေတလြန္းကို ၾကည့္လိုက္ေတာ့လည္း ေတာ္ေတာ္အံ့ၾသသြားတဲ့ပံုပင္၊ အဘနဲ႔ေဖေသာင္းကို မယံုၾကည္ႏိုင္သလို ၾကည့္ေနသည္။ ကြၽန္ေတာ္လည္း ေတလြန္းလိုပဲ ဒီကိစၥက အရမ္းကိုျမန္ဆန္လြန္းၿပီး အံ့ၾသသည္ထက္ပိုအံ့ၾသရသည္။ ၿပီးေတာ့ ကြၽန္ေတာ္အေနနဲ႔လည္း ဒီကိစၥကို အခုခ်ိန္မွာ လက္မခံႏိုင္ေသး၊ ကြၽန္ေတာ္တို႔က အသက္ပင္ေကာင္းေကာင္းမျပည့္ေသးဘူးမလား။ ပညာေရးကလည္း ဆံုးခန္းမတိုင္ေသးဘူးေလ။ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ေနႏိုင္ဖို႔ဆိုတာကလည္း မျဖစ္ႏိုင္ေသးဘူးေလ။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ ဒီကိစၥကို ျငင္းရမည္။ ဒါေပမဲ့ ေတလြန္းရဲ့ၾကားျဖတ္ေျပာလိုက္တဲ့စကားေၾကာင့္ ကြၽန္ေတာ္ ေတလြန္းကို နားမလည္ႏိုင္ဘဲ ၾကည့္မိသည္။ ဒါႀကီးက ေပ်ာ္ေနတဲ့အသံႀကီးမဟုတ္လား။

" ေအး...၊ မင္းတို႔ကို လက္ထပ္ေပးဖို႔ ငါတို႔မိဘေတြအကုန္တိုင္ပင္ၿပီးၿပီ....၊ ဘဘုန္းကလည္း သေဘာတူတယ္....၊ ေနာက္လထဲမွာ မဂၤလာရက္ကိုသတ္မွတ္ထားၿပီးၿပီ.... "

" ေဖေသာင္း... သား လက္မခံ.. "

" က်ဳပ္ သေဘာတူတယ္ေနာ္... ၪီးႀကီးသာၿငိမ္း "

" ေတလြန္း!!... "

" ဘာလဲ...၊ မဟုတ္လည္း မင္းနဲ႔ငါက တစ္ခ်ိန္က်ရင္ လက္ထပ္ရမဲ့သူေတြပဲဟာကို...၊ ေဝးတာနဲ႔နီးသြားတာေလးပဲကြာ.... "

" ဒါေပမဲ့ ငါတို႔က အသက္မျပည့္ေသးဘူးေလ "

" မလိုပါဘူး....၊ တကယ္ဆို.... မင္းေရာ ငါေရာ ဆယ့္ရွစ္ႏွစ္ျပည့္ဖို႔သံုးပံုပံုတစ္ပံုေတာင္ မက်န္ေတာ့ဘူး... "

က်ဳပ္ တကယ္ ဝမ္းသာတယ္ဗ်ာ။ က်ဳပ္ ဆင္ေပါက္နဲ႔လက္ထပ္ရေတာ့မယ္တဲ့။ ဆင္ေပါက္က က်ဳပ္အပိုင္ျဖစ္ေတာ့မွာေပါ့။ အရင္ကေတာ့ အဲ့ကိစၥကို အခ်ိန္တန္ရင္ျဖစ္လာမဲ့ကိစၥမို႔ ဒီအတိုင္းေလးပဲ လႊတ္ထားေပမဲ့ အခုေတာ့ အဲ့လိုလုပ္လို႔မရေတာ့ဘူးေလ။ ဘာလို႔ဆို က်ဳပ္ ဆင္ေပါက္ကို စိတ္မခ်ေတာ့ဘူး၊ သူငယ္ခ်င္းဆိုတဲ့ ဟို ဟန္သာဆိုတဲ့ေကာင္ကိုေတာင္ က်ဳပ္သဝန္တိုရလြန္းလို႔ ရူးေတာ့မလိုပဲ၊ အကယ္၍မ်ား ဆင္ေပါက္က အျခားသူကိုခ်စ္မိသြားခဲ့ရင္ဆိုတဲ့စိတ္ေၾကာင့္ က်ဳပ္မွာ ေမ်ာက္ မီးခဲကိုင္ထားရသလိုပဲဗ်ာ။ ဒါ့ေၾကာင့္ အခုလို အဘတို႔က စီစဥ္ေပးမွေတာ့ က်ဳပ္က မေပ်ာ္ဘဲေနပါေတာ့မလား။

" အဲ့တာဆို အဘတို႔စီစဥ္ထားတဲ့အတိုင္း တန္ေဆာင္းမုန္းလျပည့္ေက်ာ္ဆယ္ရက္ေန့မွာ ငါ့သားနဲ႔ငါ့တူေတလြန္းကို အဘတို႔ကိုယ္တိုင္ လက္ထပ္ေပးမယ္.... "

" ဟုတ္ကဲ့ ၪီးႀကီးသာၿငိမ္း... "

" အဘ!... သား သေဘာမတူေသးဘူးေလ...၊ ေတလြန္း ဒီကိစၥက မင္းတစ္ေယာက္တည္း ဆံုးျဖတ္လို႔မရဘူးေလ.... "

" သားငယ္ ဒီကိစၥစီစဥ္ရတာက တကယ္ေတာ့ သားငယ္အတြက္အဓိကစဥ္းစားထားတာ...၊ သားငယ္ ျငင္းလို႔မရဘူး "

" ေဖေသာင္း... "

" ဟုတ္တယ္ သား...၊ အဘတို႔က သားရဲ့ဘဝအတြက္အေရးႀကီးလို႔ အခုလိုစီစဥ္ရတာ....၊ သား မျငင္းပါနဲ႔.... "

" အဘ... "

ဒီစကားဝိုင္းမွာ ကြၽန္ေတာ့္စကားကိုဘယ္သူမွနားမေထာင္တဲ့အျပင္ သံုးေယာက္တစ္ေယာက္မို႔ ကြၽန္ေတာ့္ဘက္က ျငင္းဆန္လို႔မရေတာ့ေပ။ ထို႔ေၾကာင့္ ကြၽန္ေတာ္လည္း စိတ္ရႈပ္မခံေနေတာ့ဘဲ အဘတို႔ကိုအရႈံးေပးၿပီး ေခါင္းငံု႔ကာသက္ျပင္းခ်လိုက္ေတာ့သည္။

" ဟင္း..! "

" ေဖေသာင္းကို ေျပာ....၊ ငါ့သားငယ္မွာ ငေတ့ကို ျငင္းရတဲ့အေၾကာင္းျပခ်က္ခိုင္ခိုင္လံုလံုရိွေနတာလား..... "

ဒါႀကီးက သူ႔ကို ေဖေသာင္းက အျခားတစ္ေယာက္ရိွေနလားဆိုၿပီးေမးလိုက္တာလား...။ မဟုတ္ဘူးေလ...၊ ေဖေသာင္းက သေဘာရိုးနဲ႔ေမးေပမဲ့ ကြၽန္ေတာ့္ေဘးက စေနသားက အဲ့ေလာက္ရိုးရိုးမေတြးဘူးေလ။

" မဟုတ္ဘူး...၊ သားမွာ ခ်စ္ရတဲ့သူမရိွပါဘူး... ေဖေသာင္း၊ အဲ့လိုမ်ိဳး... လံုးဝမရိွပါဘူး "

ကြၽန္ေတာ္ ေဖေသာင္းရဲ့စကားကိုခ်က္ခ်င္းေခါင္းရမ္းျပကာ အသည္းအသန္ရွင္းျပလိုက္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ေဘးက စေနသားကိုမသိမသာေလးၾကည့္မိေတာ့ ကြၽန္ေတာ့္ကို ၿပံဳးၿပံဳးႀကီးၾကည့္ေနတယ္ေလ။ ဘုရား..သၾကားမလို႔ အဲ့အၿပံဳးက ေကာင္းေသာအၿပံဳးျဖစ္ပါေစ။ ဟန္သာနဲ႔ေပါင္းတာေတာင္ မႀကိဳက္တဲ့ အဲ့ဒီစေနသားက ေဖေသာင္းရဲ့စကားေၾကာင့္ ကြၽန္ေတာ့္ကိုအထင္လြဲသြားမွာ ကြၽန္ေတာ္ တကယ္ေၾကာက္တယ္။

" အဲ့တာဆို မျငင္းနဲ႔ေတာ့....၊ အဘတို႔ အကုန္စီစဥ္ၿပီးၿပီ....၊ မင္းတို႔ရဲ့အေမေတြလည္း အျခားရြာက ေဆြမ်ိဳးေတြကို မင္းတို႔မဂၤလာပြဲအတြက္ သြားဖိတ္ေနၿပီ... "

" ဗ်ာ "×2

ဒါက ကြၽန္ေတာ္တို႔ကိုေခၚၿပီး တိုင္ပင္တာမွမဟုတ္တာ၊ အဘတို႔က သူတို႔စီစဥ္ထားၿပီးသား... အဲ့အတိုင္းပဲ လုပ္ဆိုၿပီး အမိန္႔ေပးေနတာနဲ႔ တူမေနဘူးလား။ ေတလြန္းလည္း အဘတို႔စကားကိုၾကားေတာ့ ေတာ္ေတာ္အံ့ၾသသြားသည္က ဒီတစ္ခါေတာ့ အမွန္တကယ္ပင္။ ကြၽန္ေတာ္တို႔ထင္တာက အေမနဲ႔ေမႀကိဳင္ကို အျခားရြာသြားလည္တယ္လို႔ပဲ ထင္ထားတာေလ။

ဒါေပမဲ့ တျဖည္းျဖည္း ေက်နပ္ပီတိအျပည့္ျဖစ္လာတဲ့ေတလြန္းမ်က္ႏွာက ကြၽန္ေတာ့္ရဲ့အေတြးေတြကို မီးရိႈ႔လိုက္သလိုပဲ။ အဲ့စေနသားက တကယ္ အံ့ၾသသြားတာမွန္ေပမဲ့ ထိုမ်ွနဲ႔တင္မတင္းတိမ္ေသး၊ ဆက္ၿပီး အေမတို႔ရဲ့လုပ္ရပ္ကို ေက်နပ္ပီတိျဖစ္ၿပီး ေပ်ာ္သြားသည္တဲ့လား။ ဒီေကာင္ ဘာျဖစ္သြားတာလဲ။

~~~~~~~~~~~~~~~~~~~~~~~

" ေတလြန္း.... "

" အင္း... ဘာလဲ "

" မင္း ဘာျဖစ္သြားတာလဲ "

" ဘာကိုတုန္းကြ... မင္းရဲ့စကားက အစမရိွအဆံုးမရိွနဲ႔ "

ရြာကေန ၿမိဳ႔ကိုသြားတဲ့ကားေပၚမွာ ဆင္ေပါက္ရဲ့အစအဆံုးမရိွတဲ့စကားေၾကာင့္ က်ဳပ္ ျပန္ၿပီးေမးလိုက္တယ္။

" ငါတို႔ကိစၥေလ...၊ မင္း ဘာလို႔ လက္ခံလိုက္ရတာလဲ "

" ငါက ျငင္းရမွာလား... အဲ့တာဆို! "

က်ဳပ္ အသံက နည္းနည္းမာသြားတယ္။

" ငါ ေျပာခ်င္တာ အဲ့လိုသေဘာမ်ိဳးမဟုတ္တာကို မင္း သိရဲ့သားနဲ႔.... "

ဆင္ေပါက္ေျပာတဲ့အဓိပၸါယ္ကို က်ဳပ္သိေပမဲ့ အခုထိ က်ဳပ္နဲ႔လက္ထပ္ရမွာကိုေတြေဝေနတဲ့ဆင္ေပါက္ကို က်ဳပ္ တကယ္ေဒါသထြက္မိတယ္။

" ဟင္း.... ငါ မင္းကို စိတ္မခ်လို႔ "

" ဘာကို စိတ္မခ်တာလဲ... "

" မင္း ေတာ္ေတာ္လ်ွာရွည္တာပဲ...၊ မဟုတ္လည္း ငါတို႔က ယူရမဲ့သူေတြေလ...၊ ေတာ္ၿပီ... ေက်ာင္းေရာက္တာနဲ႔ အေဝးသင္ျပန္ေျပာင္းဖို႔စီစဥ္ရမွာ.. ငါ့ရဲ့ေက်ာင္းကို အရင္သြားမယ္၊ ၿပီးမွ မင္းရဲ့ေက်ာင္းကို ငါ လိုက္ပို႔ေပးမယ္ "

က်ဳပ္တို႔ အခုတစ္ေခါက္ ၿမိဳ႔ေပၚကိုသြားတာက တကၠသိုလ္အေဝးသင္တက္ဖို႔ကို စီစဥ္ဖို႔ရာျဖစ္သည္။ ဒီအႀကံကလည္း က်ဳပ္ရဲ့အႀကံပဲ။ ဆင္ေပါက္နဲ႔က်ဳပ္ လက္ထပ္ၿပီး တစ္ေယာက္တစ္ေနရာဆီ ေက်ာင္းတက္ေနရတယ္ဆိုတာက ဘဝင္မက်ခ်င္စရာ၊ ဒါ့ေၾကာင့္ သူေရာ က်ဳပ္ေရာ အေဝးသင္ေျပာင္းဖို႔ က်ဳပ္ဆံုးျဖတ္လိုက္တယ္။ ဆင္ေပါက္ကိုေျပာရင္ လက္မခံဖို႔က းမ်ာစတာေၾကာင့္ ၪီးႀကီးသာၿငိမ္းနဲ႔အဘကို အပူကပ္ၿပီး တဆင့္ေျပာခိုင္းရတယ္။ ဒါေတာင္ ဆင္ေပါက္က အင္တင္တင္လုပ္ေနၿပီး အေမနဲ႔အရီးေလးနန္းမႈံကပါ ဝင္ေျပာေတာ့မွ လက္ခံေတာ့သည္။

" မင္းသေဘာက်တာ လုပ္ေတာ့! "

ဆင္ေပါက္က က်ဳပ္ကို ရြဲ႔ေျပာလိုက္သလား၊ အတည္ေျပာလိုက္သလားေတာ့မသိ။ က်ဳပ္ကေတာ့ ဆင္ေပါက္ေျပာသလို က်ဳပ္သေဘာအတိုင္းသာလုပ္ဖို႔ အစကတည္းက ဆံုးျဖတ္ထားၿပီးသားျဖစ္သည္။

က်ဳပ္ရဲ့အေဆာင္ကိုေရာက္ေတာ့ အေဆာင္မွဴးကို အက်ိဳးအေၾကာင္းဝင္ေျပာၿပီး အေဆာင္လခကိုပါ တစ္ခါတည္းေခ်ေပးခဲ့တယ္။ ၿပီးတာနဲ႔ ေက်ာင္းကိစၥကို အားခ်င္းစီစဥ္သည္။

" ေတလြန္း..... "

" ေအာ္... မေစာမူယာ "

" ဟုတ္တယ္...၊ ေက်ာင္းျပန္တက္ၿပီလား.... အမ မင္းအေၾကာင္းကို မင္းရဲ့သူငယ္ခ်င္းကိုေတာင္ေမးေနေသးတာ...၊ ရြာမွာကိစၥရိွလို႔ဆို... "

" ဟုတ္တယ္ မေစာမူယာ...၊ ကြၽန္ေတာ္ အခုလာတာကလည္း အဲ့ကိစၥပဲဗ် "

" ဘယ္လို... "

" ေအာ္ ကြၽန္ေတာ့္စကားကို နားရႈပ္သြားတယ္ထင္တယ္...၊ ကြၽန္ေတာ္ အခုလာတာက ေက်ာင္းကေနအေဝးသင္ယူမလို႔ေလ...၊ ကြၽန္ေတာ္ ရြာမွာပဲ ေနေတာ့မွာဗ် "

" အို... ဘာလို႔လဲ ေတလြန္းရဲ့၊ တစ္ခုခုအဆင္မေျပလို႔လား... အမကိုေျပာေလကြယ္..၊ အမကူညီႏိုင္တာရိွရင္ ကူညီေပးမွာေပါ့.....၊ ဟို ေငြေရးေၾကးေရးကိစၥမ်ား.. "

" အဲ့လိုမဟုတ္ပါဘူး... မေစာမူယာ၊ ကြၽန္ေတာ္ အေဝးသင္ေျပာင္းရတာက အျခားကိစၥေၾကာင့္ပါ .... "

ကြၽန္ေတာ့္ေရ႔ွမွာ ႏြားျပာႀကီးေအာက္သြားလြတ္ေနသလိုၿပံဳးေနတဲ့ေတလြန္းကို ကြၽန္ေတာ္ ေတာ္ေတာ္အျမင္ကပ္မိသည္။ ကြၽန္ေတာ္.. ကြၽန္ေတာ္နဲ႔... စကားေျပာပံုက ေတာ္ေတာ့္ကိုယဥ္ေက်းေနပါေရာလား။ သူ႔ေရ႔ွက မိန္းကေလးကိုလည္း တရိုတေသ မေစာမူယာ.. မေစာမူယာနဲ႔။ ျမင္ေနရ.. ၾကားေနရတာက အဆင္မေျပဘူး။ မေစာမူယာဆိုသည့္မိန္းကေလးကလည္း ေတာ္ေတာ့္ကိုလွသည္။ မိန္းမတစ္ေယာက္မွာရိွသင့္တဲ့ရိႈက္ႀကီးဖိုငင္အမို႔အေမာက္ႏွင့္မ်က္ႏွာကလည္းမိတ္ကပ္လိမ္းထား၍လားမသိ ေတာ္ေတာ္ကိုလွလြန္းေနသည္။ ၿပီးေတာ့ သူ႔ရဲ့စကားအသြားအလာေတြနဲ႔ ေတလြန္းကိုၾကည့္ေနတဲ့အၾကည့္ေတြက အေရာင္ေတြပါေနမွန္း ေဘးကေနၾကည့္ေနတဲ့ကြၽန္ေတာ္ပင္ ခံစားရသည္။

" ဘာကိစၥမို႔ အေဝးသင္ေျပာင္းရတဲ့အထိမ်ားျဖစ္ရတာလဲ... ဟို အမကို တစ္မ်ိဳးေတာ့မထင္ပါနဲ႔ကြယ္...၊ အမက ဒီတိုင္း သိခ်င္လို႔ပါ... "

အံမယ္..။ တစ္မ်ိဳးေတာ့မထင္ပါနဲ႔ကြယ္ တဲ့။ ​အဲ့လိုေျပာတာကိုက တစ္မ်ိဳးထင္ခ်င္စရာေကာင္းေနမွန္း ဒီမိနိးကေလးက မသိေလသလား၊ သို႔မဟုတ္ တမင္တကာပင္ သိရဲ့သားနဲ႔ ေတလြန္းကို ၾကာပစ္ေနသလား။ ကြၽန္ေတာ္ေတြးရင္း ကြၽန္ေတာ့္ေဘးက ေတလြန္းကိုေတာ္ေတာ္စိတ္တိုလာတယ္။ မၾကာခင္ ကြၽန္ေတာ္နဲ႔လက္ထပ္မဲ့ေကာင္က ကြၽန္ေတာ္ သူ႔ေဘးမွာမတ္တပ္ရပ္ေနမွန္း သတိရေသးရဲ့လား။ မေစာမူယာဆိုသည့္မိန္းကေလးကလည္း ေတလြန္းေဘးမွာရပ္ေနတဲ့ကြၽန္ေတာ့္ကို အခုခ်ိန္ထိမျမင္ေသးတာကို ကြၽန္ေတာ့္မွာအံ့ၾသလို႔မွမဆံုး။ အဲ့ဒီမိန္းကေလးရဲ့မ်က္လံုးထဲမွာ ေတလြန္းတသ္ေယာက္တည္းကိုပဲ ေတြ့တာလား။ ကြၽန္ေတာ့္ကိုပဲ တမင္တကာ အဖက္မလုပ္တာလား။ ေလာေလာဆယ္ေတာ့ အဲ့တာေတြထက္ မေစာမူယာေမးတဲ့ေမးခြန္းကို ေတလြန္း ဘယ္လိုျပန္ေျဖမလဲဆိုတာကို ကြၽန္ေတာ္သိပ္သိခ်င္ေနမိတယ္။ ဒီေကာင္ အမွန္အတိုင္းေျဖမလား။ ဒါမွမဟုတ္ ေဝ့လည္ေၾကာင္ပတ္လုပ္ၿပီး ေျဖမလားဆိုတာကို ကြၽန္ေတာ္ ေစာင့္ၾကည့္ေနတယ္။ ဒီေကာင့္အေျဖက ကြၽန္ေတာ့္အေပၚေတာ္ေတာ္သက္ေရာက္မည္ကို ကြၽန္ေတာ့္စိတ္ထဲကေရာ...၊ ႏွလံုးသားထဲကေရာ...၊ ၪီးေနွာက္ထဲကပါ ႀကိဳသိေနတယ္။ စိတ္လႈပ္ရွားစြာနဲ႔ပဲ ကြၽန္ေတာ္ ေတလြန္းေျပာလာမဲ့အေျဖကို မေစာမူယာထက္ ပိုၿပီးၾကားခ်င္ေနမိတယ္။

" ကြၽန္ေတာ္ လက္ထပ္ေတာ့မွာမလို႔ေလ.... "

" ဘယ္လို...၊ အမ နားၾကားမ်ားမွားသြားသလား...၊ ေတလြန္းမွာ ရည္ရြယ္ထားတဲ့သူရိွေနတာလား "

မယံုသကၤာနဲ႔ေမးေနတဲ့မေစာမူယာပံုစံက က်ဳပ္စကားကို ေတာ္ေတာ္လန္႔သြားတယ္ထင္တယ္။ ၾကည့္ရတာ က်ဳပ္အေၾကာင္းကို ႏိုင္ထြန္းဆီကေန အနည္းအက်ဥ္းေတာ့ စံုစမ္းထားေလာက္တယ္။ ဒါေပမဲ့ က်ဳပ္ကို ရည္းစားထားေစခ်င္ေနတဲ့ႏိုင္ထြန္းက အခုကိစၥကို လံုးဝေျပာျပလိမ့္မည္မဟုတ္ေပ။

" ဟုတ္တယ္ဗ်...၊ ကြၽန္ေတာ္တို႔က ငယ္ငယ္ေလးကတည္းက ႏွစ္အိမ့္တစ္အိမ္ေနလာခဲ့ၾကတာေလ....၊ မိဘေတြကလည္း အစကတည္းက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုလက္ထပ္ေပးဖို႔စီစဥ္ထားၿပီးသားဗ် "

ေတလြန္းရဲ့စကားေတြေၾကာင့္ ကြၽန္ေတာ္ တကယ္အံ့ၾသသြားသည္။ အခုလိုအမွန္အတိုင္းဝန္ခံေနတဲ့ေတလြန္းကို ကြၽန္ေတာ္ အံ့အားသင့္စြာေၾကာင္အၿပီးၾကည့္ေနမိတယ္။ မေစာမူယာကို ေတလြန္း လိမ္ေျပာမယ္လို႔ထက္ေပမဲ့ တကယ္လိမ္ေျပာခဲ့ရင္ ကြၽန္ေတာ္ ေတာ္ေတာ္ဝမ္းနည္းရလိမ့္မည္မွာ မလြဲဧကန္ပင္။ ဒါေပမဲ့ ဒီလိုမ်ိဳးအမွန္အတိုင္းေျပာလိုက္ေတာ့လည္း ကြၽန္ေတာ္ စိုးရိမ္စိတ္ေတြဝင္လာတယ္။ ဒီကိစၥေၾကာင့္ ေတလြန္းကို အထင္ေသးသြားမဲ့မေစာမူယာရဲ့အၾကည့္ေတြ၊ အျခားသူေတြသိသြားၿပီး ၄တို႔ရဲ့ပါးစပ္ကထြက္လာမဲ့စကားေတြကိုေတြးၿပီး ကြၽန္ေတာ္ ေတလြန္းကို ဆက္မေျပာဖို႔တားခ်င္ေပမဲ့ တကယ္တမ္း ကြၽန္ေတာ္လုပ္ေနမိတာက ေတလြန္းကို ေငးၾကည့္ေနရံုသာ။

" ေအာ္... အင္း အင္းပါ၊ ဂုဏ္ယူပါတယ္ကြယ္..၊ အမ သိခ်င္လိုက္တာ...၊ ေတလြန္းရဲ့ကံေကာင္းလြန္းတဲ့ေကာင္မေလးကို...၊ သူက ေတာ္ေတာ္လွမွာပဲေနာ္.... "

" ဟား.... မေစာမူယာ ေျပာတဲ့စကားက မမွားေပမဲ့ မွန္လည္းမမွန္ဘူးဗ်....၊ သူက ကြၽန္ေတာ့္ကိုရလို႔ ကံေကာင္းတယ္ဆိုတာ မွန္ေပမဲ့ လွတယ္ဆိုတာကေတာ့ မမွန္ဘူးဗ် "

ေတလြန္းကို ကြၽန္ေတာ္ မ်က္ေစာင္းထိုးမိတယ္။ ဒီစကားက သူ႔ကိုယ္သူ အမႊန္းတင္လြန္းေနတာမဟုတ္ဘူးလား။

" ၿပီးေတာ့.. သူက မေစာမူယာေျပာသလို မိန္းကေလးမဟုတ္ဘူး... ကြၽန္ဆတာ့္လိုပဲ မ်ိဳးတူေယာက္်ားေလးတစ္ေယာက္ဗ်!... "

" ရွင္..!! "

" ဟင္... "

ကြၽန္ေတာ္နဲ႔မေစာမူယာထံမွ ေတလြန္းရဲ့စကားေၾကာင့္ အလန္႔တၾကားအာေမဋိတ္သံၿပိဳင္ထြက္လာသည္။

" ဟုတ္တယ္ဗ်...၊ မေစာမူယာနဲ႔ တစ္ခါတည္းမိတ္ဆက္ေပးမယ္... ဒါက "

က်ဳပ္ရဲ့ေဘးက မအူမလည္လုပ္ေနတဲ့ဆင္ေပါက္ရဲ့လက္ေမာင္းကိုဆြဲၿပီး က်ဳပ္အနားကပ္ေစကာ ဆင္ေပါက္ရဲ့ပခံုးေပၚလက္တင္လိုက္သည္။

" ရွင္ေမႊးတဲ့...၊ ကြၽန္ေတာ္နဲ႔လက္ထပ္ၿပီး ကြၽန္ေတာ့္ရဲ့သက္ဆိုင္သူအမ်ိဳးသားေလးျဖစ္လာမွာေလ....၊ မေစာမူယာေျပာသလို လွတယ္ေတာ့မဟုတ္ဘူး... ဒါေပမဲ့ ခ်စ္စရာေကာင္းတယ္မဟုတ္လား.... "

" အယ္.. ဟို.. ဟို ေတလြန္း.. မင္း အမကို လာေနာက္ေနတာလား "

" ေရာ္... ကြၽန္ေတာ္က မေစာမူယာကို မေနာက္ပါဘူးဗ်ာ...၊ ဒါက ေနာက္စရာကိစၥမွမဟုတ္ဘဲ... မေစာမူယာက ကြၽန္ေတာ့္ကို ေနာက္ေနတယ္လို႔ထင္ရင္ ႏိုင္ထြန္းကိုေမးၾကည့္ပါ...၊ ဒီကိစၥက ႏိုင္ထြန္းလည္း သိၿပီးသားေလ...၊ မဟုတ္ဘူး... ကြၽန္ေတာ္တို႔တစ္ရြာလံုး သိတယ္လို႔ေျပာရမယ္.... "

" ဟင္.. ဟို အမ...၊ ေအာ္... ေမ့ေနလိုက္တာ အမ ကိစၥေလးတစ္ခုရိွေသးတယ္.. အခုမွသတိရတယ္.. အမကိုခြင့္ျပဳပါအုန္းေနာ္... အေရးႀကီးကိစၥမို႔ "

" ရပါတယ္ဗ်... "

မေစာမူယာမွာ က်ဳပ္ရဲ့စကားဆံုးသည္ႏွင့္ က်ဳပ္တို႔အနားကေန ​ခပ္သြက္သြက္ေလးထြက္သြားသည္။

Next episode ........

Continue Reading

You'll Also Like

18.4K 563 11
"မင်းက ပန်းသေနေတာလား? ငါကပဲ ဆွဲဆောင်မှု မရှိတာလား?" "မဟုတ်ပါဘူး သူဌေး ကျတော့်ရဲ့ ပထမဆုံးအကြိမ်မို့ အပြန်အလှန်ချစ်တဲ့ သူအတွက်ပဲ သုံးချင်လို့ပါ" "ဟေး မ...
51.5K 2.3K 17
သူဌေးရဲ့သားနဲ့ ဒရိုင်ဘာရဲ့ မြေးတို့ကြားက တစ်ယောက်က နီးစပ်အောင်ကြိုးစားနေပြီး သူ့ရဲ့ ကြိုးစားပုံ ကြိုးစားနည်းက မမှန်တော့ အဝေးကို တွန်းပို့နေသလို ဖြစ်န...
8.6K 95 43
CRINGE WARNING I WROTE THIS WHEN I WAS DUMB AND EMOTIONAL 𝓐𝓷 𝓐𝓲𝓭𝓪𝓷𝓖𝓪𝓵𝓵𝓪𝓰𝓱𝓮𝓻 𝓼𝓽𝓸𝓻𝔂 𝓪𝓫𝓸𝓾𝓽 𝓪 𝓽𝔂𝓹𝓮 𝓸𝓯 𝓵𝓸𝓿𝓮 𝓽𝓱�...
2.8K 215 13
ကျွန်တော်တို့ ကိုယ်စီအိမ်ကလေးတွေအကြောင်းပြောကြမလား။ မင်းတို့မှာ အိမ်လေးတစ်လုံးရှိလား။