Between The Hate [ Completed ]

By Jeon_Khun

37.8K 4.1K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

26

695 77 205
By Jeon_Khun

#unicode

လီယမ်ပွဲပြီးတော့ သူ၏အိမ်ကိုမပြန်တော့ဘဲသောက်ဖို့အတွက် Barကိုသွားလိုက်သည်။သူသွား
နေကြBarဖြစ်တာမို့ သူငယ်ချင်းတွေလည်းမခေါ်
သွားခဲ့ဘူး။

Barကိုရောက်တော့ လီယမ်သူ့Walletကိုလက်
မောင်းကြားညှပ်ပြီး သူ့ဆံပင်ကိုခါရမ်းကာဖြင့်
အထဲဝင်လာသည်။လူချမ်းသာတွေလာနေကြမို့
Barကလူတော့များမနေဘူး။သူဝင်လာရင်း
ဘားကောင်တာနားမှာ အရက်တွေတစ်ခွက်ပြီး
တစ်ခွက်သောက်နေသည့် သူကိုသတိထားမိကာ
ပြုံးလိုက်မိသည်။

" ဟင်း...သနားစရာကောင်းလိုက်တဲ့သူပါလား၊
နှစ်အကြာကြီးတွဲလာပြီးမှ လက်လွှတ်လိုက်ရတာ
နာကျင်စရာကောင်းတာလေးကို ငါဖြည့်ပေးရင်
ဟိုကောင်သဘောကျမှာမဟုတ်ဘူး "

လီယမ်ကပြောရင်း ဘားကောင်တာနားကိုလျှောက်
လာသည်။မင်းနဲ့ငါတွေ့ကြပြီပေါ့ ဂျောင်ဂုရယ်။
မင်းရဲ့ချစ်သူက ငါ့ကိုစွဲလမ်းအောင်လုပ်ပြမယ်။

" hey!ငါ့ကို ဆေးလိပ်အရင်ထုတ်ပေး... "

လီယမ်ကမင်ဂယူ့ဘေးဝင်ထိုင်ပြီး ကောင်တာက ကောင်လေးကိုဆေးလိပ်ပေးရန်ပြောလိုက်ပြီး
အရက်ကိုခေါင်းမထောင်နိုင်သည်အထိသောက်
နေတဲ့မင်ဂယူကိုလှမ်းကြည့်ကာပြုံးသည်။
ဘယ်လောက်တောင် အသည်းကွဲနေပါလိမ့်။
သောက်တာတွေချည်းက ခပ်ပြင်းပြင်းတွေသာ။

" ဘယ်သူပါလဲလို့ ဂျွန်ဂျောင်ဂုစွန့်ပြစ်လိုက်တဲ့
ကောင်လေးပဲ၊ညဘက်ချစ်သူလေးတို့ပါတီကို
မတက်ဘူးလား၊အာ..မေ့နေတာ အခုလောက်ဆို
မင်္ဂလာဦးလောက်ပြီထင်တယ်... "

လီယမ်က ဝိတ်တာကောင်လေးခြစ်ပေးသည့်
မီးခြစ်ဆံနားဆေးလိပ်တေ့ပြီး တစ်ချက်ဖွာကာ
ပြောတော့ မင်ဂယူကသောက်နေရင်းမှာသူ့ဘက်
လှည့်ကြည့်လာတော့ လီယမ်ပြောသည်။

" မင်း..မင်းဘယ်သူလဲ... "

မင်ဂယူက တစ်ခွက်သောက်ချလိုက်ကာ ပုလင်းမှအရက်ပြန်ထည့်လိုက်ပြီးလှုပ်လိုက်ကာ သောက်ရင်းမေးလေသည်။သည်တော့လီယမ်ကပြုံးရင်း
မင်ဂယူ့ပုခုံးကိုလက်ဖြင့်ပွတ်ဆွဲလိုက်ကာဖြေ၏။

" မင်းကိုလိုချင်လို့လေ... "

လီယမ်စကားကြောင့် မင်ဂယူကသူ့ပုံစံကိုခေါင်းစ
ခြေအဆုံးကြည့်ကာ ခေါင်းခါလိုက်ရင်းရယ်သည်။
ပြီးတော့ လီယမ်သူ့ပေါ်တင်ထားသည့်လက်ကို
ဖယ်ချလိုက်ရင်း...

" စိတ်မဝင်စားဘူး၊မင်းဝေးဝေးသွားတာကောင်း
မယ်... "

" ဟိုကမင်းကိုမချစ်လို့တောင် တစ်ခြားတစ်ယောက်နဲ့လက်ထပ်လိုက်ပြီမဟုတ်လား၊ဒါတောင်
အခုထက်ထိ ဇွဲကမလျှော့သေးဘူးပဲ "

မင်ဂယူကသူ့ကိုမောင်းထုတ်တာတောင် မထွက်သွားသေးဘဲ မင်ဂယူ့ကိုစကားတွေချည်းပြော
နေသည်။မင်ဂယူကတော့ သက်ပြင်းရှည်ချရင်း
လီယမ့်ကိုတောင် ဂရုမစိုက်ဘဲဆက်သောက်နေ၏။

" ဟေး...ကောင်လေး၊သူသောက်နေတာကြာပြီလား၊ဘယ်အချိန်ထည်းကလဲ... "

လီယမ် ဆေးလိပ်ကိုဆေးလိပ်ခွက်၌ဖိချေလိုက်ပြီး
ကောင်လေးပေးသည့်ခွက်ကို ကမ်းယူရင်းသောက်
လိုက်ကာမေးသည်။ကောင်လေးကတော့ သူ့ကို
လက်ချောင်းရှစ်ချောင်းထောင်ပြလာပြီးဖြေ၏။

" ၈နာရီလောက်ထည်းက ရောက်ချလာတာ၊
အခုဆို၁၁ကျော်နေပြီ အိမ်မပြန်နိုင်သေးဘူး "

ကောင်လေးကပြောတော့ လီယမ်ကမင်ဂယူ့ဘက်ကိုလှည့်ကြည့်လိုက်ပြီးပြုံးသည်။အတော့်ကိုဘဲ
ချစ်တက်နေကြတာ။ဂျွန်ဂျောင်ဂုက ဘာတွေများ
မက်မောစရာရှိနေလို့ ကင်မ်ထယ်ယောင်းနဲ့
ကင်မ်မင်ဂယူက တအားစွဲလမ်းနေကြတာလဲ။
သူဖြင့်စဥ်းတောင်မစဥ်းစားနိုင်ဘူး။

" မင်ဂယူ...ငါနဲ့မင်း အပေးအယူလုပ်ကြမလား၊
မင်းနဲ့ငါတွဲကြမလား၊တွဲရင်တော့ မင်းကိုစိတ်မပျက်နိုင်တဲ့မင်းရဲ့ကူးက မင်းရှိပြန်လာမှာ၊ဒါနဲ့
ကလဲ့စားချေလို့ရတယ်နော် မင်ဂယူ... "

လီယမ်ကမေးထောက်ရင်းဖြင့် မင်ဂယူ့ပုခုံးပေါ်လက်တင်ကာ ရှပ်​အင်္ကျီစကိုဆွဲနေရင်းမှပြော၏။
မင်ဂယူကတော့ လီယမ့်စကားကြောင့်အတွေးတွေ
စုနေမိမှာတော့ အသေအချာပါလေ။သို့ပေမဲ့လည်း
ဘာမှဖြစ်ဟန်မပြပါဘဲ ရှေ့ကခွက်ထဲအရည်တွေ
ကုန်အောင်မော့ချပြစ်လိုက်ပြီး လီယမ့်ဘက်ကို
လှည့်လာသည်။

" ကလဲ့စားချေရမယ်လို့ပြောရအောင် မင်းကကူးကိုကလဲ့စားချေဖို့လောက်အထိ မှီနေလို့လား "

မင်ဂယူက ဝိတ်တာကောင်လေးရှေ့ပိုက်ဆံချပေးရင်းပြောလိုက်သည်။တစ်ယောက်ထည်းစိတ်ညစ်
လို့လာသောက်ပါတယ်ဆိုကာမှ ကူးကိုကလဲ့စား
ချေဖို့တွေးနေတဲ့လူနဲ့ လာတိုးနေတာဖြစ်သည်။

" မင်ဂယူ...မင်းငါနဲ့ပူးပေါင်းရင် မင်းအတွက်
ကူးကိုပြန်ရနိုင်သလို ငါလည်းထယ်ယောင်းကို
ပိုင်ဆိုင်မှာနော်... "

လီယမ့်စကားကြောင့် ကုတ်ဝတ်နေသည့်ဂယူ့ရဲ့လက်တို့ရပ်တန့်သွားသည်။လီယမ်ကတော့
မင်ဂယူ့ကိုရင်ထဲထိစေမည့် စကားကိုပြောလိုက်
နိုင်တာမို့ ပြုံးနေတော့သည်။မင်ဂယူကအင်္ကျီဆက်
ဝတ်ရင်းမှ သူ့အိတ်ထဲကဖုန်းကိုထုတ်လိုက်တော့
အရှေ့ဖုန်းမျက်နှာပြင်မှာကူးလေးရဲ့ပုံလေးက
နေရာယူထားတာမို့ လီယမ်မျက်မှောင်ကြုံ့လိုက်
မိသည်။

" ငါလည်းမင်းကိုမတွဲသလို ကူးနဲ့သူ့ကလေးထိခိုက်ရမဲ့အလုပ်ကို ငါမလုပ်နိုင်ဘူး၊ပြီးတော့ အခုက
ငါ့ဘက်ကအသုံးမကျခဲ့တာမို့ ငါဒီလိုဖြစ်တာ၊
ငါပြောလိုက်မယ်...အခုထည်းကမင်းရဲ့ဖျက်ဆီးရေးအကြံတွေကို ရုတ်သိမ်းထားတာကောင်းမယ်
ငါက ကူးနဲ့သူ့ကလေးကိုထိခိုက်မဲ့အလုပ်တွေကို
လုပ်မှာမဟုတ်ဘူး... "

မင်ဂယူထိုသို့ပြောလိုက်ကာ လီယမ့်ရှေ့မှာဘဲ
ကူးရဲ့ပုံလေးကိုနမ်းပြပြီး ထွက်သွားတော့သည်။
လီယမ်က သူသောက်နေသည့်ဖန်ခွက်ကိုခပ်တင်း
တင်းဆုပ်ကိုင်ရင်း အသက်ရှုသံတွေမညီသည်အထိဒေါသထွက်နေသည်လေ။

" မေ့နေလို့...ငါသိပ်မမူးနေပေမဲ့ ငါကကူးကို
တစ်သက်လုံးချစ်နေမဲ့သူဆိုတာ မင်းမှတ်ထား "

လီယမ်တွေးနေရင်း အနောက်ကနေပြန်ရောက်လာ
ပြီးမေ့ကျန်ခဲ့သည့် ကူးပေးဖူးသည့်လက်ကိုင်ပုဝါ
အဖြူရောင်လေးကို လာပြန်ယူရင်းလီယမ့်ကို
စကားဆိုလိုက်ကာ ပြန်ထွက်သွားတော့သည်။

" တောက်!ဘယ်လောက်ထိတောင် အဲ့ကောင်ကို
စွဲလမ်းနေကြတာလဲ မသိဘူး!နှစ်ယောက်လုံးက
အတော့်ကိုအမြင်မကြည်စရာပဲ! "

လီယမ်မှာ နဂိုထည်းကမှလက်ထပ်ပွဲမှာထည်းက
သူ့နဲ့ဒေါ်လေးရှေ့မှာပဲ ကင်မ်ထယ်ယောင်းက
ဟိုကောင့်ကိုအမျိုးစုံနမ်းပြပြီး ဗိုက်ထဲက
မကောင်းဆိုးဝါးကိုပါ ဂရုစိုက်ပြနေတာ။
မြင်နေရသည့်သူ့အဖို့တော့ စိတ်ပျက်စရာ။

" ကြည့်နေစမ်းပါ!ဟန်လီယမ်က မကောင်းဆိုးဝါး
ရော၊ဖြူစင်လွန်းပြနေတဲ့ မင်းကိုရောနှိမ်နင်းမယ်
ဆိုတာသိထားလိုက်... "

လီယမ်ထိုသို့ပြောလိုက်ပြီး သူ့လက်ထဲကခွက်ကို
ဝေ့ယမ်းကာ အကြံတွေအောင်မြင်ဖို့တွေးရင်း
ပျော်ပျော်ကြီးဆက်သောက်နေတော့သည်။
မင်ဂယူ့ဘက်ကငြင်းလိုက်ပေမဲ့လည်း သူ့ဘာသာ၊
သူ့နည်းသူ့ဟန်နဲ့ ကွဲအောင်လုပ်ပြမှာဖြစ်သည်။

- - - - -

တစ်ဖက်က လက်ထပ်ပြီးမင်္ဂလာဦးထားစဖြစ်တဲ့
ထယ်ယောင်းနဲ့ကူးလေးမှာ ဖက်ပြီးကိုအိပ်နေကြ
တာဖြစ်သည်။ကူးလေးမှာလည်း စစချင်းအိပ်
သွားတုန်းကလိုမဟုတ်ဘဲ ထယ်ယောင်းဘက်ကို
လှည့်ကာ ထယ်ယောင်းရင်ခွင်ထဲတိုးဝင်ရင်းဖြင့်
အိပ်နေရင်းမှ ရင်ထဲမအီမသာဖြစ်တာမို့ အန်ချင်
တာကြောင့် ထယ်ယောင်းရင်ခွင်ထဲမှရုန်းသည်။

" အွတ်!..ကင်မ်ထယ်ယောင်း...ငါအန်ချင်တယ်...
ထပါဦး... အွတ်... "

" ဟင်...မောင်ထပြီ..မောင်ထပါပြီ "

အတော့်ကိုအန်ချင်နေတာမို့ ထယ်ယောင်းရင်ခွင်
ထဲမှဖြည်းဖြည်းချင်းစီထရင်း လှုပ်နှိုးတော့သည်။
အခုထက်ထိနှစ်ယောက်သားက အင်္ကျီတောင်
မရှိတာမို့ ထယ်ယောင်းဆို သဘတ်ကောက်ပတ်ပြီး
ကူးကိုပွေ့သယ်သွားသည်။ကူးကတော့အန်ဖို့ဖြစ်
နေလို့ ထယ်ယောင်းပွေ့သယ်နေတာအထိမပြော
တော့ဘူး။

" အွတ်... အွတ်... "

ရေချိုးခန်းထဲရောက်သည်နှင့် ဘေစင်နားမှာ
ထယ်ယောင်းကကူးလေးကိုချပေးပြီး အန်စေ
သည်။ထယ်​ယောင်းက အန်နေသည့်ကူးလေးရဲ့
ကျောပြင်လေးကိုခပ်ဖြည်းဖြည်းပွတ်ပေးရင်း
အနောက်ကနေ ကိုယ်ငယ်လေးကိုထိန်းပေးထား
သည်။

" မောင့်အသက်...ဒါပြီးရင်ဘာသောက်ချင်လဲ၊
မောင့်ကိုပြောလိုက်ပါ၊မောင်မှာလိုက်မယ်လေ "

ထယ်ယောင်းကနှိပ်ပေးရင်းမှပြောတော့ ကူးက
အန်နေရင်းမှ ခေါင်းအသွင်သွင်ခါရမ်းပြသည်။
သည်တော့ ထယ်ယောင်းနှိပ်ပေးရင်းမှကူးက
အန်တာရပ်သွားရော ထယ်ယောင်းရင်ခွင်ထဲ
ဝင်နေလိုက်တော့ ထယ်ယောင်းကကူးလေးကို
ဖက်ထားပေးသည်။

" မောင့်အသက်... "

ထယ်ယောင်းက ကူးလေးမေ့လဲသွားတယ်ထင်ပြီး
ခေါ်လိုက်ပေမဲ့ ကူးလေးကမေ့လဲတာမဟုတ်ဘဲ
သူ့ရင်ခွင်ထဲမှိန်းနေတာဖြစ်သည်။ပြီးမှ အသံသေး
လေးထွက်လာကာ စကားဆိုသည်။

" ကင်မ်ထယ်ယောင်း ငါသန်ရှင်းရေးလုပ်ချင်တယ်၊အခုက သိပ်အဆင်မပြေဘူးရယ်... "

" မောင်သိပြီ၊မောင်နဲ့အတူ သန့်ရှင်းရေးလုပ်မယ်၊
ဒီမှာခဏလေးထိုင် မောင့်အသက်... "

ကူးကသန့်ရှင်းရေးလုပ်ချင်တယ်ပြောတာမို့
ထယ်ယောင်းက ကူးကိုပွေ့မကာဘေစင်ပေါ်တင်
ကာ သဘတ်လေးအုပ်ပေးလို့ငြိမ်နေစေသည်။
ထယ်ယောင်းမှာ ကူးအတွက်ဆိုရင်သူပါရေချိုး
ဖို့အတွက် ရေပူရေအေးစပ်ပေးနေသည်။

ကူးကတော့ ဘေစင်ပေါ်မှာထိုင်ရင်း ထယ်ယောင်း
လုပ်နေသမျှကိုကြည့်နေသည်။ကူးအတွက်ဆိုကာ
ရေနွေးနဲ့ရေအေးစပ်ထည့်ပေးရင်း သေချာကိုင်
ကြည့်နေသည်။အခုအချိန်က မနက်၄နာရီရှိပြီမို့
ထယ်ယောင်းက သူ့အသက်အေးမှာဆိုးလို့ဖြင့်
သေချာလေးရေနွေးစပ်ပေးရင်း အဆင်ပြေတော့
ထယ်ယောင်းက သူ့သဘတ်ကိုချွတ်ချလိုက်၏။

ကူးလေးကြည့်နေရင်းမှ ထယ်ယောင်းက
သူ့သဘတ်ကိုချွတ်ချလိုက်တော့ မျက်နှာကိုတစ်
ဖက်လွှဲလိုက်သည်။ထယ်ယောင်းကသိတော့
ခပ်တိုးတိုးရယ်လိုက်ရင်း ကူးအနားကိုလျှောက်ကာ
နှုတ်ခမ်းကိုစုပ်ယူကာနမ်းလိုက်တော့ ကူးတောင်
အံ့ဩနေသေးသည်။

" မောင်တို့သန့်ရှင်းရေးလုပ်ရအောင်၊အခုနမ်းတာ
မောင်က မောင့်အသက်ကိုအသည်းယားလို့ချစ်လို့
နမ်းလိုက်တာ... "

ထယ်ယောင်းကပြောတော့ ကူးလေးကတစ်ဖက်
သို့မျက်နှာလှည့်လိုက်သည်။ထယ်ယောင်းက
ကူးလေးမျက်နှာထားကြောင့် မျက်နှာညိုးကျသွား
သည်။အခုထက်ထိ ကိုကိုအလှလေးကသူ့ကို
မကြည်ဖြူသေးဘူးပဲ။ဘယ်တော့များမှသူက
ကိုကိုအလှလေးချစ်တာခံရမှာလဲ။

ထယ်ယောင်း သူ့အသက်ရှေ့မျက်နှာပျက်သည့်
ပုံစံမပြချင်တာကြောင့်

" မောင့်အသက်က ရှက်နေတာလား၊မောင်တို့က
ခုနကတောင် နှစ်ယောက်သား-- "

" စကားတွေအပိုပြောမနေဘဲ သန့်ရှင်းချင်တယ်၊
မင်းစိတ်ကြိုက်လည်း ငါ့ကိုလုပ်ပြီးပြီမလား၊
ငါအခုအဆင်မပြေနေဘူး! "

ကူးကရှက်သည်ထက် စိတ်တိုနေသည့်မျက်နှာ
ထားလေးဖြစ်နေတာကြောင့် ထယ်ယောင်းက
ဆက်မပြောနေတော့ဘဲ ကူးကိုပွေ့မကာရေချိုး
ပေးရန် Bathrobeထဲရေစိမ်စေသည်။ပြီးတော့မှ
ထယ်ယောင်းက ကူးကိုသူ့ပေါ်တင်လိုက်စေပြီး
ရေမြှုပ်ထဲဆပ်ပြာထည့်ပေးပြီး ပွတ်ပေးသည်။

ကူးကတော့ ထယ်ယောင်းကိုစိတ်ဆိုးနေတာမို့
ငြိမ်ငြိမ်လေးနေကာ ငြိမ်ခံနေတော့သည်။သို့ပေမဲ့
ထယ်ယောင်းက ကူးလေးကိုသန့်ရှင်းပေးနေရင်းမှ
ကူးရဲ့လည်တိုင်လေးကိုခပ်ဖွဖွနမ်းရင်း ကူးရဲ့ကိုယ်
ပိုင်ရနံ့လေးကို ရှုရှိုက်နေသည်လေ။ကူးတစ်ကိုယ်
လုံးကထယ်ယောင်းပေးထားသည့် အမှတ်သားတွေဖြင့်လှပနေတော့ ထယ်ယောင်းထိုအရာတွေပေါ်ထပ်ဆင့်ကာ အမှတ်သားထပ်ပေးနေတော့
ကူးသဘောမတွေ့ပါလေ။

" တော်တော့လို့!ငါ့ကိုထပ်မနမ်းနဲ့တော့လို့! "

ထယ်ယောင်းကနမ်းသည်ကို ကူးလေးကသဘော
မတွေ့သည်ကြောင့်ငြင်းသည်။ထယ်ယောင်းက
ငြင်းနေသည့်အသံလေးကို အသည်းယားလို့
ကိုယ်ငယ်လေးကိုချုပ်ထားကာ ပါးဖောင်းတွေပါ
ဖက်နမ်းမိသည်။သည်တော့ ကိုကိုအလှလေးက
ရုန်းရင်း ထယ်ယောင်းဆံပင်ကိုလှမ်းဆွဲထား၏။

" တော်တော့လို့ပြောနေတာကို!မင်းဘာဖြစ်နေလဲ "

" အား...မောင်နာတယ်လေကွာ အသက်ရာ... "

ထယ်ယောင်းကချစ်လို့ တစ်ကိုယ်လုံးနမ်းတာကို
ကူးလေးက သဘောမကျတာကြောင့်အော်သည်။
ထယ်ယောင်းကတော့ ကူးလေးသဘောမကျလေ
ပိုနမ်းလေဖြစ်တာကြောင့် ကူးစိတ်မရှည်တော့
ထယ်ယောင်းရဲ့ ပုခုံးကိုအသံမြည်နေသည်ထိ
ချလိုက်သည်။

ဖြန်း!

" တော်တော့လို့ဆို၊ငါချမ်းနေပြီလို့ဆို! "

" ဟားဟား...ဟုတ်ပြီ၊မောင်သိပြီ၊ထတော့မယ်၊
မောင်လည်း နည်းနည်းသန့်ရှင်းဦးမို့ခဏလေး
သည်းခံပေးပါဦးဗျာ "

" မြန်မြန်လုပ်! "

ထယ်ယောင်းစကားကြောင့် ကူးလေးကလည်း
နှုတ်ခမ်းလေးချွန်ကာပြန်ဖြေသည်။ထိုပုံစံနဲ့
အပြောလေးကို ကင်မ်ထယ်ယောင်းကသဘော
ကျတာကြောင့် ပါးဖောင်းလေးကိုနမ်းကာဖြင့်
သူ့ကိုယ်သူလည်း သန့်ရှင်းသေချာလုပ်ရင်း
အရင်ဦးဆုံးထကာ Bathrobeဝတ်လိုက်သည်။

ပြီးမှကူးလေးကိုလည်း ထစေလိုက်ပြီးသဘတ်အရှည်ဖြင့် ကူးတစ်ကိုယ်လုံးကိုပတ်လိုက်ကာ
အခန်းထဲပြန်ပွေ့သယ်လာသည်။အခန်းထဲရောက်
ထယ်ယောင်းက ကူးအတွက်Bathrobeကိုဝတ်စေ
ပြီးကုတင်ပေါ်ထိုင်စေသည်။ထယ်ယောင်းလည်း ကူးလေးဘေးဝင်ထိုင်ကာ စကားဆိုသည်။

" မောင့်အသက် ခါးအောက်ပိုင်းနာနေတာတွေရှိ
လား၊မောင်ဆေးသွားယူပေးမယ်လေ... "

ထယ်ယောင်းက ကူးလေးရဲ့ရှည်ကျနေသည့်
ဆံပင်လေးတွေကိုသပ်တင်ပေးရင်းမှ မေးသည်။
ကူးက ဝတ်ထားသည့်Bathrobeရဲ့ခါးစည်းကြိုးကိုစီးရင်းမှပြန်ဖြေသည်။

" အင်း...နာတယ်၊နည်းနည်းမူးနေသေးလို့ ဆေး
သောက်လို့ရမလားလို့ ဟိုဆော့ကိုမေးပေးပါလား "

ကူးလေးကထယ်ယောင်းကိုကြည့်ရင်းပြောတော့
ထယ်ယောင်းက အံဇွဲပေါ်မှာတင်ထားသည့်ဖုန်းကို
ကောက်ယူရင်းမှ ကူးကိုထပ်မေးသည်။

" ဘာလိုချင်သေးလဲ၊မောင်ဘာထပ်မှာပေးရမလဲ၊
မောင်လည်းခါးနာသွားလို့ ခါးကပ်ပလာစတာမှာ
လိုက်ရင် မောင့်ကိုကပ်ပေးမလား "

ထယ်ယောင်းစကားကြောင့် ကူးကမျက်စောင်းလေးထိုးကြည့်လာသည်။သူများကအောက်မှာခံ
စားရတာကို သူကြတော့ဘာလို့နာရတာလဲပေါ့။

" မင်းကဘာလို့နာတာလဲ... "

ကူးကမေးတော့ ထယ်ယောင်းကပြုံးလိုက်ပြီး
ကုတင်ထိပ်ကိုခေါင်းအုံးခံကာမှီလိုက်ရင်း
ကူးလေးရဲ့ကိုယ်ငယ်လေးကို မှီနေသည့်သူ့ရင်ခွင်
ထဲထည့်ထားလိုက်ကာ ခေါင်းလုံးလုံးလေးကိုနမ်း
သည်။

" မောင်က နောက်ဆုံးပြီးဆုံးခြင်းကိုမရောက်ခင်
အမြန်လှုပ်ရှားလိုက်တော့ ခါးနာသွားတာပါ၊
မောင်နဲ့အသက် အရင်တစ်ခါတစ်တုန်းကဆိုလည်း
မောင်မဖြစ်ပါဘူး၊ဒီတစ်ခါက မောင်တို့ဆေးမမိဘဲ
လိုအပ်တာခြင်းတူတူမို့ မောင်အမြန်သွားမိတာ "

" ရှက်စရာတွေလာပြောနေတယ်၊သွားစမ်းပါ...
မျိုးစေ့လေးတစ်ခုခုဖြစ်ရင် မင်းနဲ့ငါတွေ့ပြီ! "

ကူးက ထယ်ယောင်းစကားကြောင့်လက်ဖြင့်
ရိုက်ထုရင်းပြောတော့ ထယ်ယောင်းကလည်းရယ်
လိုက်ပြီး သူ့ကိုကိုအလှလေးကိုပိုသိမ်းဖက်ထားသည်။

" မောင်တို့လက်ထပ်ပြီးတာ ဒီနေနဲ့ဆိုတစ်ရက်ရှိပြီ၊
မောင့်အသက်ကိုမှာချင်တာကကွာ မောင့်ကိုမချစ်သေးရင်တောင် ဟိုလူအကြောင်းကိုမတွေးမိပါစေ
နဲ့၊မောင့်အသက်တစ်ခါတွေးမိပြီး ထုတ်ပြောလိုက်
တိုင်း မောင်ကရင်ဘက်ထဲကတအားအောင့်နေတာ၊မောင်က မောင့်အသက်နဲ့မျိုးစေ့လေးကို
ချစ်တာမို့ မောင့်အသက်ကသာမောင့်ကို
ချစ်လာပေးဖို့စဥ်စားထားလိုက်တော့... "

ထယ်ယောင်းက ပြောလိုက်လေတော့ ကူးလေး
ခေတ္တမျှအတွေးလွန်မိသည်။ကင်မ်ထယ်ယောင်း
ပြောတာလည်းဟုတ်သား။ကူးလေးက အခုဆို
လက်ထပ်ပြီးသားအိမ်ထောင်သည်ဖြစ်သွားတာမို့
စည်းကမ်းတွေအားလုံးကိုကူးစောင့်ထိန်းရမည်။
ကင်မ်ထယ်ယောင်းကို မချစ်ဖူးလို့တွေးထားမိလို့။
ကလေးလေးသာ ကူးအတွက်အရေးကြီးသည်။

" အင်း...ဟိုဆော့၊ငါပါ၊အသက်က ခေါင်းမူးလို့
အကိုက်ခဲပျောက်ဆေးရော၊ခေါင်းမူးသက်သာစေ
တဲ့ဆေးပါ သောက်လို့ရနိုင်လားတဲ့ "

' ကိုယ်ဝန်သည်ကို တစ်ခြားဆေးတွေမတိုက်တာ
အကောင်းဆုံးပဲ၊အခုရော ငါစစ်ပေးဖို့လိုလား '

" မလိုအပ်ဘူး၊ငါပြောမဲ့ဆေးတွေသာတစ်ယောက်နဲ့ပို့ခိုင်းပေးလိုက်တော့ "

ဟိုဆော့ကလည်း သူစောစောနိုးနေတာကြောင့်
စိတ်ပူပြီးမေးတော့ ထယ်ယောင်းကမလိုအပ်တာမို့
ဟိုဆော့ကနေတစ်ဆင့် ဆေးသာမှာလိုက်သည်။
ပြီးမှအခြားတစ်ယောက်ပို့ခိုင်းတာက အဆင်ပြေ
တာဖြစ်သည်။

" ကင်မ်ထယ်ယောင်း...ငါ့ကိုဘာလို့အဲ့လောက်ထိ
ချစ်ရတာလဲ၊မင်းနဲ့ငါက ယောကျာ်းလေးချင်း
မဟုတ်လား၊ပြီးတော့ငါဒီမေးခွန်းမေးတယ်ဆိုတာ
ကလေးလေးမွေးပြီးရင် ငါကပြန်သွားရမှာမလား "

ကူးလေးစကားကြောင့် ထယ်ယောင်းမျက်ခုံးတို့
တွန့်ချိုးသွားသည်။သူ့အသက်ကအခုထက်ထိကို
သူဘယ်လောက်ထိချစ်လဲဆိုတာကို မသိသေးပါ။
သူ့ကိုယ်တောင် ကလေးမွေးပြီးရင်ပြန်ပို့မယ်လို့
တောင်ထင်နေသေးသည့် ကိုကိုအလှလေးဖြစ်၏။

" မောင်က မောင့်အသက်ကိုတအားချစ်တာ၊ပြန်ပို့
ဖို့ဆိုတဲ့စကားကိုလည်း မသုံးနဲ့၊မျိုးစေ့လေးမွေး
လာရင် မောင်ကပိုပိုပြီးမောင့်အသက်ဖြစ်တဲ့
ကင်မ်ဂျောင်ဂုကို အရမ်းချစ်တာဗျ၊ပြီးတော့
ယောကျာ်းလေးချင်းဆိုပေမဲ့ မောင်ချစ်ရတဲ့
အသက်က မောင့်အတွက်မျိုးဆက်လေးမွေးပေး
နိုင်သလို၊မောင့်အတွက် မောင့်အသက်က
ချစ်စရာကောင်းတဲ့သူလေးပဲ... "

ထယ်ယောင်းရဲ့စကားကြောင့် ကူးလေးကစိတ်မ
ကြည်တော့သည့် မျက်ဝန်းလေးမှတစ်ဆင့်ကနေ
ပြုံးယောင်သန်းသွားပြီး ကင်မ်ထယ်ယောင်းရင်
ခွင်ထဲပြန်တိုးသွားတော့သည်။ထယ်ယောင်းက
သဘောကျစွာ ပြုံးလိုက်ရင်း ကူးလေးနှုတ်ခမ်းကို
ငုံ့နမ်းသည်။အတူနေတုန်းကလို နူးညံ့သည့်အနမ်း
လေးတွေဖြင့်ဆက်နေတာ။ကူးလေးလည်း မရုန်း
နိုင်တာသိတာမို့ ထယ်ယောင်းပေးသည့်အနမ်း
တွေကို မခံယူရဲသလိုမျက်ဝန်းတွေကိုတင်းတင်း
ပိတ်ထားတာဖြစ်သည်။

ဒေါက်! ဒေါက်!

" ဆရာ...ကျွန်တော်လာပြီ၊ဆေးတွေလာပို့တာပါ၊
ဆရာ့အပိုင်အတွက် မနက်စာလည်းပါတယ် "

အနမ်းတွေဆက်နေသည်က အရှိန်ရနေတာကြောင့်
ထယ်ယောင်းဘက်က နောက်တစ်ဆင့်တက်ဖို့ကြံ
နေရင်း ယောင်းဝူကတံခါးလာခေါက်တာကြောင့်
ကူးလေးက ထယ်ယောင်းကိုတွန်းထုတ်လိုက်၏။

ထယ်ယောင်းကအနမ်းတွေမဆက်လိုက်ရလို့
မျက်မှောင်ကြုံ့လိုက်ပေမဲ့လည်း ရှက်သွားသည့်
ကူးလေးကြောင့် သူပြုံးလိုက်ကာတံခါးသွားဖွင့်ရန်
ထွက်သွားသည်။

ကူးကတော့ ယောင်းဝူအသံကြားတော့လျော့ရဲကျ
နေသည့်အင်္ကျီကိုဆွဲတင်လိုက်ပြီး စောင်ခြုံလိုက်
သည်။ထယ်ယောင်းက ကူးဘက်လှည့်ကြည့်ပြီး
ကူးအဆင်ပြေတော့မှ တံခါးဖွင့်လိုက်တော့သည်။
တံခါးဖွင့်လိုက်ရော ယောင်းဝူကအဝတ်အစားဖရိုဖရဲဖြင့် မနက်စာအတွက်တော့ဘေးမှာဝိတ်တာကောင်လေးကိုခေါ်လာပြီး သူကဆေးပလာစတာနဲ့ဆေးကိုယူလာသေးတာ။

" ငါ့လက်ထဲဆေးဘူးပေး၊မင်းကတော့ မနက်စာ
ဗန်းကိုယူထားလိုက်၊ရော့..ဟိုကောင်လေး..မုန့်ဖိုး
ယူသွားလိုက်... ယောင်းဝူမင်းကတော့ အထဲဝင်
ထားပေး မနက်စာကို "

" ဟုတ်ကဲ့ ဆရာ "

ထယ်ယောင်းက ယောင်းဝူလက်ထဲကဆေးကိုယူပြီးပိုက်ဆံအချို့ကိုပါ ဝိတ်တာလေးလက်ထဲထည့်
ပေးလိုက်သည်။ဝိတ်တာလေးက ပိုက်ဆံကိုယူပြီး
ဗန်းကိုယောင်းဝူလက်ထဲထည့်ပေးကာ နှုတ်ဆက်လို့ပြန်ထွက်သွားသည်။

ဝိတ်တာလေးထွက်သွားတော့ ထယ်ယောင်းက
ဆေးဘူးနဲ့ဆေးပလာစတာကိုယူပြီး ဝင်တော့
ယောင်းဝူကဗန်းချပေးရန်အတွက် အထဲဝင်လာ
တော့ ခေါင်းအုံးကိုမှီပြီးပြုံးပြနေသည့်ကူးလေးကို
တွေ့တော့ စကားဆိုသည်။

" ဆရာ့အပိုင်သက်သာရဲ့လား၊ဆရာကလည်းဗျာ..
ကိုယ်ဝန်သည်ကို ဒီအချိန်ထိကြမ်းထားရလား၊
ဟိုမှာကြည့်ပါဦး...မျက်နှာလေးဖြူဖျော့နေတာ "

" အစ်ကိုအဆင်ပြေပါတယ် ယောင်းဝူရဲ့... "

ယောင်းဝူက စားပွဲပေါ်မှာမနက်စာတင်လိုက်ရင်း
ကုတင်နားကခုံမှာထိုင်ပြီး ကူးအနားကိုတိုးကာ
လက်လေးကိုင်လို့ စကားဆိုနေသည်။ထယ်ယောင်းကဆေးသောက်နေတာမို့ ယောင်းဝူကကူးလေးရဲ့
လက်ကိုကိုင်နေတာကိုမမြင်သေးဘူး။မြင်ရင်တော့
ယောင်းဝူအရိုက်ခံရမှာဖြစ်သည်။

" ဆရာ့အပိုင်အဆင်ပြေရဲ့လား၊မျိုးစေ့လေးရှိတော့ဂရုစိုက်သင့်တာကို၊နာတာကိုက်တာတွေရော
ရှိသေးလား...ရှိရင်ကျွန်တော့်ကိုပြောလိုက်နော် "

" အ..အ...အဆင်ပြေပါတယ်ဆို... "

ကူးကရှက်ရင်းဖြေလိုက်သည်။သည်နေ့ညက
ထယ်ယောင်းနဲ့ကူးလေးရဲ့ မင်္ဂလာဦးညမို့ရှက်နေ
တာကြောင့် စကားပြောရင်းတုန်ရီနေသည်။ဒါကို
ယောင်းဝူက လက်ကိုကိုင်ထားသေးသည်လေ။
ကင်မ်ထယ်ယောင်း အမြန်သိပါစေလို့ ကူးလေး
တွေးမိ၏။မဟုတ်ရင် ကူးရှက်လွန်းလို့မျက်နှာ
ဘယ်ထားရမှန်းမသိဖြစ်သည်။

ဘုန်း!

" အာ့!ဆရာ...နာတယ်လေ... "

ထယ်ယောင်းမှယောင်းဝူကို အနောက်ကနေ
ရေဘူးနဲ့ခေါင်းကိုကောက်ထုလိုက်ခြင်းဖြစ်၏။
ထယ်ယောင်းက ဆေးသောက်ပြီးဖုန်းကိုင်နေလို့
လှည့်မကြည့်နိုင်သည်ကို ယောင်းဝူကသူ့အသက်
လက်ကိုကိုင်ပြီး စိတ်ပူပေးနေတာ။ပြီးမှဖုန်းကိုချ
ပြီးလှည့်ကြည့်လိုက်တော့ သူ့အသက်ကိုလက်ကို
ကိုင်ထားတာမို့ အနောက်ကနေခေါင်းကိုရိုက်ထု
လိုက်ခြင်းဖြစ်သည်။

" ဟေ့ကောင်!မင်းဒါဘာလုပ်တာလဲ "

ထယ်ယောင်းကအော်ရော ချက်ချင်းကိုကူးလေး
လက်ကိုလွှတ်ချလိုက်ပြီး ထရပ်တော့သည်။
ထယ်ယောင်းဆိုသည်လည်း ကူးလေးရဲ့လက်ကို
Wet tissueဖြင့်ချက်ချင်းသုတ်တော့သည်။

" ကင်မ်ထယ်ယောင်း...ယောင်းဝူကိုတအားမလုပ်
ပါနဲ့နော်၊သူလည်း နာမှာပေါ့မဟုတ်လား၊ငါလက်ကို
ကိုင်လိုက်တာနဲ့ ဘာမှသိပ်မဖြစ်သွားပါဘူး "

ကူးလေးပြောသည်ကို နားမထောင်ပါဘဲချက်ချင်း
ထသွားကာ ရေချိုးခန်းထဲပြေးဝင်သွားသည်။
ယောင်းဝူက ကူးလေးကိုရယ်ပြနေပေမဲ့လည်း
ထယ်ယောင်း ဆပ်ပြာနဲ့ရေဇလားနဲ့ပြန်ယူလာခဲ့ပြီး
ကူးလက်လေးနဲ့သူ့လက်လေးကိုပေါင်းလို့ဆပ်ပြာ
ဖြင့်ပွတ်ဆေးပြီး Wet Tissueဖြင့်ပြန်ဆေးပေး
သည်။အရမ်းကိုပိုနေတာ့တာပဲ။

" ယောင်းဝူ!ငါ့အသက်က အခုကိုယ်ဝန်သည်ကွ၊
မင်းအပြင်ကနေဟိုထိဒီထိလုပ်လာပြီးမှ အသက်ကိုပြီးစလွယ်လာမကိုင်ရဘူး၊ပြီးတော့ ငါ့အပိုင်ကို
ဒီတစ်ခါကိုင်တာ နောက်ဆုံးဖြစ်ပါစေ၊မဟုတ်ရင်
မင်းအသက်ကို ဟောဒီလိုသတ်မှာ!ကြားလား! "

" ဟဲဟဲ..ကြားပါတယ် ဆရာရဲ့၊မသိလို့ကိုင်မိတာ၊
နောက်မဖြစ်စေရပါဘူး ဆရာ... "

ယောင်းဝူကရယ်ကြဲကြဲနဲ့ပြောရင်း တောင်းပန်ဖို့
ကူးလေးကိုစကားဆိုသည်။ထယ်ယောင်းကတော့
လက်ဆေးပြီးတာတောင် ကူးလေးရဲ့လက်ကိုနမ်း
နေတုန်းပင်။ကူးလေးကတော့ရှက်လို့ ခေါင်းငုံ့ကာ
ထယ်ယောင်းအနားကိုတိုးကပ်ရင်းပြောသည်။

" ကင်မ်ထယ်ယောင်း သူ့ကိုပြန်ခိုင်းလိုက်လေ၊
အခုငါတို့ဝတ်ထားတဲ့ပုံစံတွေကို သူမြင်ဖို့မသင့်
ဘူးလေနော်၊ပြန်လွှတ်လိုက်တော့နော်... "

ကူးလေးက အသံအေးအေးချွဲသံလေးဖြင့်ပြောတော့ ထယ်ယောင်းကပြုံးလိုက်ကာပြန်ဖြေ၏။

" ဟုတ်ပြီ၊မောင်ပြန်လွှတ်လိုက်ပါ့မယ်၊ယောင်းဝူ
မင်းပြန်တော့..မနက်ကြ ငါတို့အိမ်ကိုပြန်မှာမို့
ဖုန်းခေါ်လိုက်ရင် အဆင်သင့်လုပ်ထားလိုက် "

ထယ်ယောင်းက သူ့အသက်လေးနဲ့စကာပြောရင်း
ယောင်းဝူကိုပြောလိုက်တော့သည်။ယောင်းဝူက
နှစ်ယောက်သားကိုကြည့်ရင်းပြုံးကာဖြေသည်။

" ဟုတ်ကဲ့ဆရာ၊ဆရာတို့ ကောင်းသောမနက်ခင်းပါ၊အေးဆေးပြန်အနားယူကြပါ... "

ယောင်းဝူကနှုတ်ဆက်ပြီးထွက်သွားတော့ ကူးကို
ထယ်ယောင်းကပွေ့ချီလိုက်ကာ မနက်စာစားရန်
ခေါ်လိုက်ပြီး အသေအချာစီခွံ့ကျွေးနေသည်။ပြီးမှ
ထယ်ယောင်းက ကူးလေးကိုတွဲရင်းလမ်းလျှောက်
ကြသည်။အဆင်ပြေလောက်ပြီဆိုမှ ကူးလေးတို့
ပြန်အိပ်ဖြစ်ကြသည်။မနက်ကျရင်တော့ နိုးဖို့က
အတော့်ကိုနောက်ကျတော့မှာဖြစ်သည်။

- - - - -

ကင်မ်အိမ်တော်မှာတော့ ကင်မ်ထယ်ယောင်းရဲ့
မိဘတွေနဲ့အဖိုးက ကူးလေးတို့လာမည်ကိုသိလို့
တစ်အိမ်လုံးကိုသန့်ရှင်းနေစေသည်။ကူးလေးတင်
မဟုတ်ဘဲ မျိုးစေ့လေးပါရှိနေတာကြောင့်အိမ်ကို
သန့်ရှင်းအောင်ထားရမည်မဟုတ်လား။

" ဥက္ကဌကတော်...သခင်လေးတို့အခန်းက ဓာတ်ပုံ
ဘယ်လိုထားရမလဲမသိဘူး၊လက်ထပ်ပွဲဓာတ်ပုံကို
ဘယ်နေရာလောက် ထားပေးရမလဲ... "

ထယ်ယောင်းအမေက ထယ်ယောင်းတ်ို့အခန်းကို
ကြည့်ပေးနေရင်း အိမ်တော်ထိန်းကလက်ထပ်ပွဲက
ဓာတ်ပုံကိုကပ်တော့မှာမို့ ထယ်ယောင်းအမေကို
လာမေးလေသည်။

" သားက အဖိုးတန်လေးပုံတွေကိုဖယ်မယ်မထင်
ဘူးကွယ်၊ဒါကြောင့် ဒီကပန်းချီကားကြီးကိုဖြုတ်
လိုက်ပြီး လက်ထပ်ပွဲကပုံကိုဒီနားမှာလုပ်လိုက်ပါ "

" ကောင်းပါပြီ ဥက္ကဌကတော်... "

အိမ်တော်ထိန်းက ပန်းချီကပ်ဖို့အတွက်လာမေး
ရသေးသည်။ပြီးတော့မှအဖြေကိုသိရော ပန်းချီ
ကားကြီးတစ်ခုကိုဖယ်ပြီး နောက်တစ်ခုကိုတော့
လက်ထပ်ပွဲကဓာတ်ပုံအပြည့်ကိုကပ်ထား၏။

သူမကြည့်ပြီးပြုံးလိုက်သည်။သူမ၏သားလေးနဲ့
သမက်လေးက အရမ်းကိုလိုက်ဖက်သည့်စုံတွဲလေး
ပင်ဖြစ်သည်။ပုံထဲမှာလည်း သားထယ်ကခန့်ညား
စွာပြုံးနေသလို သားကူးလေးသည်လည်းခပ်အေး
အေးလေးပြုံးနေပေမဲ့ ချစ်စရာကောင်းစွာပင်ဖြစ်
သည်။နှစ်ယောက်လုံးက လိုက်ဖက်ကြတာမို့သူမ
မျက်ရည်ဝဲမိသည်။ဒါဖြင့်ရင်တော့လား မွေးလာမဲ့မြေးလေးက သားထယ်နဲ့သာတူမည်ဟုကောက်
ချက်ချမိသည်။အကယ်လို့သားကူးလေးနဲ့တူရင်
တောင် ချစ်စရာကောင်းသည်မဟုတ်လား။

" အချစ်...သားတို့အခန်းကအစုံဖြစ်သွားပြီမလား၊
အဖိုးတန်လေးအမေက သားကူးလေးရဲ့အဝတ်စား
Luggageကြီးကိုပို့ပေးထားတယ်၊ကိုယ်တို့ကဝယ်
ပေးထားဖို့အစီစဥ်ရှိတယ်ပြောတာကို အဖိုးတန်
လေးက အသစ်တွေမဝတ်တက်ဘူးတဲ့ဗျာ "

ထယ်ယောင်းအဖေက ထယ်ယောင်းတို့အခန်းထဲ
ရောက်နေသည့် သူ၏ဇနီးဘေးနားလာကာအဖိုး
တန်လေးကူးရဲ့ အမေအကြောင်းပြောနေသည်။
သူမလည်း ထိုစကားကြောင့်ပြုံးလိုက်ရင်း....

" သားကူးလေးက တကယ့်ကိုအလိမ္မာလေးပါ၊
ကျွန်မဖြင့် သားကူးလေးကိုရော၊နောက်ဆိုထွက်
လာတော့မဲ့ မြေးပေါက်လေးကိုပိုချစ်ရတော့မယ် "

သူမက သူမ၏အဖိုးတန်သမက်လေးကြောင့်ပျော်
မြူပြီး သဘောကျစွာဖြေတော့သည်။ဒယ်ဒီက
သူ့ဇနီးမေးဖျားလေးကနေတစ်ဆင့် သူ့ဘက်ကိုဆွဲ
လှည့်စေလိုက်ပြီး စကားဆို၏။

" ကိုယ့်ကိုမချစ်ဘူးလား အချစ်လေးက "

ထယ်ယောင်းအဖေက သူ့ဇနီးကိုသိပ်ချစ်သည်။
အခုတောင်သူ့ဇနီးလေးက သမက်လေးနဲ့မြေးကို
ချစ်ပြနေလို့ မနာလိုက်တက်သေးတာ။

" အကိုနော်...အသက်ကဖြင့်ကြီးနေပြီ၊နောက်ဆို
မြေးတောင်ရတော့မှာကို တအားတွေပိုနေတာပဲ၊
သားထယ်က ဘယ်သူ့ပုံစံတွေတူနေလဲဆိုတာက
သိသာနေပါပြီ... "

" ကိုယ့်သားဆိုတော့ ကိုယ်နဲ့တူတာပါပဲ၊ဘာလိုလိုနဲ့
ကိုယ်တို့တောင် အဖိုးနဲ့အဖွားဖြစ်ပြီ အချစ်ရာ... "

ထယ်ယောင်းအဖေကဆိုတော့ သူမလည်းလိုက်ပြုံးမိပါသည်။သားထယ်လေးက အသက်ငယ်
ငယ်လေးသာရှိသေးတာ ကလေးအဖေတောင်
စောစောဖြစ်သွားတာ။အိမ်ထောင်သည်ဖြစ်ဖို့ထိ
သားထယ်က သားကူးလေးနဲ့ကြမှစိတ်ကူးယဥ်ခဲ့
တာသာဖြစ်သည်။အခုတော့ စိတ်ကူးယဥ်တဲ့တိုင်း
လက်တွေ့ဖြစ်သွားပါတော့သည်။

" နောက်ဆိုကိုယ်တို့ မြေးမျိုးစေ့လေးအတွက်
အခန်းတစ်ခန်းထားပေးရမယ်၊သားတို့ရောက်ရင်
အဖိုးတန်လေးအတွက် စားချင်တာတွေချက်ဖို့လည်းပြောထားရဦးမယ်၊သားတို့အခန်းပြီးပြီမလားအချစ်၊ကိုယ့်တို့ထမင်းချက်ဖို့ပြောရအောင် "

" အင်း...သားကူးလေးတို့ သူ့အမေကိုတွေ့ပြီး
လာခဲ့ကြမယ်ထင်တယ်၊သားကူးလေးအမေက
ဘူဆန်မှာ သူငယ်ချင်းတွေ့စရာရှိတယ်ဆိုလို့
ခဏပြန်ရမယ်ပြောနေလို့ သားကူးလေးတို့က
တွေ့ပြီးမှလာလိမ့်မယ်၊သားကူးလေးအမေက
သားကူးလေးကြိုက်တာတွေပြောပြပေးသွား
တယ်၊ကျွန်မကိုယ်တိုင်ချက်ပေးချင်လို့ "

" ကိုယ်လည်းကူပေးမယ် အချစ် "

သူမကပြောရင်းဖြင့် အရင်ဆုံးအောက်ထပ်သို့
ဆင်းသွားတော့ ထယ်ယောင်းအဖေမှာလည်း
သူ့သားတို့အခန်းကိုတံခါးကိုပိတ်ကာဖြင့်
ထွက်သွားတော့သည်။သူတို့သားလေးမလာခင်
နေ့လယ်စာကျွေးချင်လို့ သေချာပြင်ဆင်ထားဖို့
ကင်မ်လင်မယားက ချက်ပေးချင်သည်ပေါ့။

- - - - -

ခဏအကြာတော့ ကူးလေးတို့ကားကခြံထဲရောက်
သည်နှင့် ထယ်ယောင်းမိဘတွေကထွက်ကြိုရင်း
အဖိုးကလည်း ခြံထဲမှာစာဖတ်ရင်းမှလာကြို၏။
ထို့အတူ အိမ်အကူအလုပ်သမားအားလုံးလည်း
ပါဝင်ပါသည်။ကူးလေးကို ထယ်ယောင်းရဲ့အဒေါ်မှလွဲလို့တစ်အိမ်သားလုံးက နွေးထွေးစွာကြိုဆိုကြသည်။

ကူးတို့အိပ်ယာထသည်က နောက်ကျနေတာမို့
ရေချိုးပြီးနောက် ကူးကမနက်စာနည်းနည်းစားပြီး
အားဆေးသောက်ထားရသည်။ထယ်ယောင်းနဲ့အတူအိမ်တော်ကိုမပြန်ခင် ကူးရဲ့အမေအိမ်သို့
ခဏဝင်ခဲ့ကြသေးသည်။မေမေကဘူဆန်ကိုသွား
ပြန်လည်မှာမို့ ကင်မ်အိမ်တော်ကိုမလာနိုင်ဘူး။
ထို့အတူကင်မ်ထယ်ယောင်းလည်း အလုပ်မှာ
ကိစ္စလေးရှိလာလို့ဆိုပြီးသွားရတာမို့ ကူးလေးက
ယောင်းဝူနဲ့သာ ကင်မ်အိမ်တော်ကိုလာခဲ့ရသည်။

ကင်မ်အိမ်တော်ကိုရောက်တော့ အားလုံးကအပြင်
ထွက်ပြီးတောင် လာကြိုကြသည်။ယောင်းဝူက
ကားရပ်ပြီးသည်နှင့် သူ့အတွက်တံခါးလာဖွင့်ပေး
သည်။ကူးကားထဲကထွက်ရော အဖေနဲ့အမေက
အေပရွန်ကြီးဝတ်ကာ ထွက်ကြိုနေကြသည်လေ။

" အဖိုးတန်လေး အိမ်ကိုရောက်လာတဲ့အတွက်
ကြိုဆိုပါတယ်ဗျာ "

ကူးလေးအံ့ဩနေတုန်းရှိသေး အဖိုးကစာဖတ်နေသည့်နေရာကနေ ကူးလေးကိုနှုတ်ဆက်သည်။
ကူးလေး ခါးလေးကိုင်းလို့နှုတ်ဆက်ပြီး ထယ်ယောင်းမိဘတွေကိုရော ခါးလေးကိုင်းလို့အရို
အသေပေးနှုတ်ဆက်သည်။အမေကကူးလေးရဲ့လက်ကိုဆွဲကာ မေးတော့သည်။

" သားထယ်က ဖုန်းဆက်ထားတယ်၊သူအလုပ်ကို
သွားနေတာမို့ သားကူးလေးကိုယောင်းဝူနဲ့လွှတ်
ပေးလိုက်တယ်တဲ့...လာပါဦးကွယ်၊အမေတို့ကူးလေး ညကကောင်းကောင်းအိပ်ပျော်ရဲ့လား... "

ထယ်ယောင်းအမေကမေးတော့ ကူးလေးညက
ကိစ္စတွေကိုပြန်တွေးမိရင်း ပါးဖောင်းလေးရဲတက်သွားကာရှက်သွားသည်လေ။ယောင်းဝူကတော့
ထယ်ယောင်းအမေမေးကထည်းက ပြုံးစိစိဖြစ်
နေတာမို့ သူကပိုအကြောင်းသိသည်။ဘယ်လောက်
အိပ်ပျော်လဲတော့မသိပေမဲ့ ဆရာကြမ်းထားတာ
ဆရာ့အပိုင်မျက်နှာမှာ ပင်ပန်းမှုတွေအထင်းသား။

ကင်မ်ထယ်ယောင်းအဖေကတော့ သိနေဟန်ဖြင့်
ရယ်လိုက်ရင်း သူ့ဇနီးကိုပြန်ပြောနေတော့သည်။

" အချစ်ကလည်း မစပါနဲ့ကွာ၊အဖိုးတန်လေးက
ရှက်နေတော့မှာပဲ၊အဖိုးတန်လေးဗိုက်ဆာနေတော့
မှာ၊ကိုယ်တို့ချက်ထားတာတွေ စားပါစေဦး "

" ဟုတ်သားပဲ..အမေကစတာနော်သားကူးလေး၊
အဲ့လောက်ထိလည်း ရှက်မနေပါနဲ့အမေတို့က
နားလည်ပါတယ်ကွယ်... "

" ဟုတ်ပါ့၊ငါ့မြေးလေးရှက်နေတော့မှာပဲ၊အရမ်း
ဝိုင်းစမနေကြပါနဲ့ကွာ... "

အဖိုးကသူနားနေသည့်နေရာကနေ စနောက်ရင်းပြောတော့ ကင်မ်လင်မယားနှစ်ယောက်ကရယ်
သည်။ကူးကတော့ လူကြီးတွေရဲ့စကားကြောင့်
ညကအကြောင်းတွေတွေးမိရင်း ရှက်နေသည်။

" မေမေတို့အထဲဝင်ရအောင် အဖိုးတန်လေး... "

" ဟုတ်ကဲ့ မေမေ၊ကျေးဇူးပါနော် ယောင်းဝူ၊
အစ်ကိုအိမ်ရောက်ပြီလို့ ထယ်ယောင်းကိုပြန်ပြော
လိုက်နော်... "

ကူးကထိုသို့ပြောတော့ ယောင်းဝူကခေါင်းငြိမ့်ရင်း
နှုတ်ဆက်သည်။ကူးကိုတော့အမေရောအဖေက ကူးလေးကိုဘေးကတွဲရင်းအိမ်ထဲသို့ခေါ်သွား
သည်။

အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းမှာဒေါ်လေးက
Tvကြည့်ရင်းအသီးစားနေတာမို့ ကူးလေးက
မနှုတ်ဆက်ရင်ရိုင်းရာကျမည်မို့ နှုတ်ဆက်လိုက်
တော့သည်။

" ဒေါ်လေး...မင်္ဂလာပါနော်၊နောက်ဆို ကူးကဒီအိမ်
တော်မှာရှိတော့မှာမို့ ဒေါ်လေးကတူအရင်းလေးလို
သဘောထားပြီး ကူးကိုဂရုစိုက်ပေးပါဦးနော်... "

ကူးလေးဘက်က ရိုသေစွာခါးလေးကိုင်းလို့နှုတ်
ဆက်လိုက်ပေမဲ့လည်း ဒေါ်လေးကတော့ကူးလေး
ပြောတာကိုဂရုမစိုက်ဘဲ Tvကြည့်နေဆဲဖြစ်၏။
ကူးကတော့ နှုတ်ဆက်တာကိုလက်မခံသည့်
ဒေါ်လေးကြောင့် မျက်နှာလေးငယ်သွားတော့
ကူးအမေက သိသည့်ဟန်စကားစသည်။

" သားကူးလေး...မေမေတို့ထမင်းစားခန်းထဲ
သွားရအောင်၊ထမင်းစားကြမယ်လေနော်... "

" ဟုတ်ကဲ့..မေမေ၊ဒေါ်လေး ကူးထမင်းစားလိုက်
ပါဦးမယ်နော်ဗျ... "

ကူးလေးက မျိုးစေ့လေးရှိရာရပ်ဝန်းလေးကိုဖိကိုင်
လိုက်ရင်း ဒေါ်လေးကိုနှုတ်ဆက်ကာဖြင့်
ထယ်ယောင်းအမေနဲ့ထမင်းစားခန်းဘက်ပါသွား
တော့သည်။ထယ်ယောင်းအဖေကတော့ သူ့အစ်မ
လုပ်ပုံကိုသဘောမကျတာကြောင့် ခပ်စူးစူးကြည့်
လိုက်ကာ စကားဆိုသည်။

" အဖိုးတန်လေးက ငါတို့အိမ်တော်ရဲ့အရေးပါဆုံး
သူမို့ အဖိုးတန်လေးကိုစိတ်မကောင်းဖြစ်အောင်
မလုပ်ပါနဲ့၊ငါသဘောမတွေ့ဘူး၊နင့်အကျင့်တွေကို
သေချာပြင်စမ်းပါ! "

ထယ်ယောင်းအဖေကပြောတာတောင် အသီးစား
မပျက်ဘဲလှည့်ကြည့်လာကာ စကားဆိုသည်။

" ငါ့ဘက်ကသူ့ကိုနှုတ်ဆက်ဖို့မပြောခဲ့ဘူးလေ၊
သူ့ဘာသာနှုတ်ဆက်တာ၊ငါကဂရုစိုက်ဖို့လိုလို့လား၊အာရုံမနောက်ချင်ဘူးကွယ်... "

" ငါတို့အဖိုးတန်လေးရဲ့ မေတ္တာတွေမဆူးပါစေနဲ့လို့
ငါဆုတောင်းတယ် ကင်မ်ယွန်းဆောင်း.. "

ထိုသို့ပြောကာထွက်သွားတော့ ဒေါ်လေးကနှုတ်ခမ်းကိုက်လို့ လှည့်ကြည့်လာသည်။သူမ
စိတ်ပျက်စွာကြည့်လိုက်ရင်းမှ....

" အစ်မကိုတောင် နာမည်တပ်ပြီးခေါ်သွားတယ်၊
ဒယ်ဒီရော၊သူတို့ရောက အဖိုးတန်လေး၊အဖိုးတန်
လေးဆိုတာကို မပျက်ကြဘူး...ငါ့အပေါ်တောင်
မေတ္တာထားပေးနေရင် ငါ့ဘက်ကတော့မရှိဘူး "

သူမပြောရင်းအသီးဆက်စားကာ Tvကြည့်၏။
ကြည့်နေရင်းမှသတိရကာ လီယမ်လေးကိုတော့
ဖုန်းဆက်လိုက်သေးသည်။အိမ်လာလည်ဖို့တွက်။
ဟိုကောင်လေးတစ်ယောက်ထည်းအိမ်ရောက်နေလို့ လီယမ်လေးနဲ့ပေးတွေ့စေချင်မိပါသည်။

- - - - -

ထမင်းစားခန်းဘက်မှာတော့ ကူးလေးကိုတော့
အဖိုးထိုင်သည့်နေရာမှာထိုင်စေရင်း အမေက
စားပွဲတန်းအရှည်၌ အပြည့်ချက်ထားသည့်
ဟင်းတွေအားကူးလေးကိုထည့်ပေးနေသည်။
ထယ်ယောင်းရဲ့ဒယ်ဒီရောပဲပေါ့။သူတို့သမက်
လေးကိုသိပ်ချစ်နေကြတာ။

" သားကူးလေးအတွက် အသားကြိုက်တယ်ဆိုလို့
လေ၊မေမေတို့က ဝက်အသားကိုကင်ပေးထားတာ၊
ပြီးတော့ သားကူးလေးစားတက်တဲ့ခေါက်ဆွဲအေး
အသုပ်လေးကိုပါလုပ်ထားပေးတယ်၊သားကူးရဲ့
အကြိုက်တွေကို မေမေတို့မနေ့ကထည်းကမေး
ဖြစ်သွားတယ်၊ဒါတောင်လိုနေသေးရင်ဘာထပ်
ချက်ပေးရမလဲပြောလေ... "

" ဟုတ်တယ်၊ဒယ်ဒီတို့က အဖိုးတန်လေးအတွက်
သေချာလုပ်ပေးထားတာ၊ဒယ်ဒီတို့ကိုချစ်ရင်တော့
အဖိုးတန်လေးက များများစားပြီးကျန်းကျန်းမာမာ
နေပေးရမယ်... "

အမေရောဒယ်ဒီရောက ပြုံးရင်းပြောလာတော့
ကူးလေး မျက်ရည်ဝဲမိပါသည်။ကူးကအဲ့လောက်
ထိမပြည့်စုံတာတောင်ချစ်ပေးပြီး သူဌေးတွေမို့
ယောကျာ်းလေးကိုတောင် သမက်အဖြစ်လက်ခံ
ပေးလို့ ကျေးဇူးတင်မိပါသည်။

" ကူးကလည်းအများကြီးကျေးဇူးတင်ပါနော် အဖေနဲ့အမေ့ကို၊ကူးအပေါ်ကို အများကြီးနွေးထွေး
ပေးတဲ့အတွက် ကူးကလည်းကျန်းကျန်းမာမာနဲ့
မျိုးစေ့လေးအတွက် အားရှိအောင်နေပါ့မယ် "

ကူးလေးကပြောတော့ ထယ်ယောင်းအမေက
ကူးရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးရင်းမှဖြေ၏။'ကျေးဇူးတင်ပါတယ်'တဲ့လေ။ကူးလေးက
ယောကျာ်းရကံကောင်းသလို ယောက္ခမရတာလည်းကံကောင်းပါသည်လေ။

" အဖိုးတန်လေးရောမျိုးစေ့လေးပါ ဗိုက်ဆာနေ
တော့မယ်၊စားတော့လေ၊ဒယ်ဒီတို့ကို လိုအပ်တာ
တွေရှိရင်လည်း ပြောဦး... "

" ဟုတ်...ပါးပါးရဲ့ကလေးလေးရေ၊ပါးပါးတို့
ကလေးလေးရဲ့အဖိုးနဲ့အဖွားချက်ပေးထားတာတွေကိုအများကြီးစားကြမယ်နော်... "

ချစ်စရာကောင်းစွာပြောလိုက်ပြီး ထမင်းကိုဆက်
စားနေတော့ လူအပ်တာတွေကိုလည်းလိုက်ထည့်
ပေးနေသည်။သည်လိုနဲ့ကူးလေးထမင်းစားလို့
ပြီးတာတောင် ပန်းကန်ဆေးဖို့တောင်မထိစေဘဲ
စတော်ဘယ်ရီလေးတွေကို သေချာစိပ်ပေးကာ
ဧည့်ခန်းမှာအေးဆေးထိုင်စားစေသည်။ဒေါ်လေးကအမြင်မကြည်လို့ ရှိမနေတော့ဘူး။

ဒယ်ဒီကတော့ အလုပ်ကိစ္စရှိလို့စကားမပြောနိုင်သေးဘဲ စာကြည့်ခန်းထဲဝင်သွားသည်။မေမေကကူးညနေအဆာပြေစားဖို့ ဖက်ထုပ်လေးတွေလုပ်
ပေးနေသည်။သည်တော့ ဧည့်ခန်းထဲကူးလေးက
စတော်ဘယ်ရီစားရင်း ထိုင်နေတော့သည်။

ကူးလေးစတော်ဘယ်ရီစားရင်း ကောင်မလေးငယ်
ငယ်လေးက လှေကားနားမှာထားသည့်ပန်းအိုးကို
လဲပေးနေတာမို့ ကလေးမလေးကြည့်ရတာငယ်
သေးလို့ ပန်းအိုးကိုမနိုင်ပုံပဲမို့ ကူးသွားကူညီရန်
ထလိုက်သည်။

" မီးမီးလေး အဆင်ပြေရဲ့လား၊မနိုင်ဘူးမလား "

ကူးကအနားသွားကာမေးတော့ ကလေးမလေးက
သူ့ကိုပြုံးပြုံးလေးကြည့်လာပြီး ပန်းအိုးကိုပြန်တင်ကာနှုတ်ဆက်တော့သည်။

" ကိုကို မင်္ဂလာပါနော်... "

" မီးမီးလေးက လိမ္မာလိုက်တာ၊အသက်ကဘယ်
လောက်လဲ... ကျောင်းရောမတက်ဘူးလား "

ကူးလေးကမေးတော့ ကလေးမလေးကပြုံးရင်း
ပြန်ဖြေလာသည်လေ။

" မီးမီးအသက်က၁၂နှစ်ပါ ကိုကို၊မီးမီးကို ဒီအိမ်တော်ကဖိုးဖိုးကြီးက ကျောင်းထားပေးတယ်၊
ကျောင်းပိတ်လို့ လူကြီးတွေကိုကူညီပေးချင်လို့
ပန်းခြောက်နေတာတွေ့လို့ ပန်းအိုးလဲပေးဖို့လေ "

" အို...ဒါနဲ့များ တစ်ခြားတစ်ယောက်ကိုခေါ်ခိုင်း
ပါလား၊မီးမီးလေးက ငယ်သေးတယ်လေ၊ပန်းအိုးကကွဲလွယ်တယ်၊မီးမီးလေးရဲ့လက်တွေကိုရှလိမ့်
မယ်၊ကိုကိုလုပ်ပေးမယ်နော်... "

ကူးလေးက ပန်းအိုးကိုယူလိုက်တော့ ကလေးမလေးက အရပ်မမှီတာမို့ခြေဖျားထောက်ကာ
တားလာသည်လေ။ကူးလေးကတော့ပြုံးလိုက်၏။

" ကိုကိုက ကလေးလေးရှိနေလို့မလုပ်ရဘူးလေ၊
မီးမီးက ကူညီပေးမယ် ကိုကို့ကို၊မီးမီးကို ပန်းအိုး
ပေးပါနော်... ကိုကို!!!  "

ခွမ်း!

" အင့်...ကလေးလေး... "

ကူးလေးရှိက ပန်းအိုးပြန်ယူလိုက်ရင်း ကူးလေးက
ကလေးမမှီအောင် ပန်းအိုးကိုယူလိုက်တုန်းရှိသေး
အနောက်ကနေ ကူးလေးကိုတစ်စုံတစ်ယောက်က
ဝင်တိုက်လိုက်တာမို့ ကူးလေးလက်ထဲကပန်းအိုး
လည်းကြကွဲသွားရင်း ကူးလေးလည်းယိုင်ကြသွား
တာမို့ လှေကားအစွန်းကိုကိုင်လိုက်တာမို့ရယ်
ကလေးမလေးကလည်း ကိုင်ထားတာမို့ထိုင်ရပ်
မကျသွားတာဖြစ်သည်။

" ဟူး...တော်ပါသေးရဲ့... "

ကူးလေးကထို့သို့ပြောလိုက်ပေမဲ့လည်း အနောက်မှ
လီယမ်က ကူးလေးတို့ကိုကြည့်ရင်းခပ်မဲ့မဲ့စကား
ဆိုလိုက်သည်။ကူးလေးက ကလေးလေးကြောင့်
လီယမ့်ကိုခပ်စူးစူးကြည့်နေမိသည်။

" အို...မတော်တဆနော် ဂျောင်ဂုရှီး၊လီယမ်က
အလုပ်များလို့ ဝင်တိုက်မိသွားတာ... "

လီယမ်ကကူးကိုကြည့်နေရင်းမှ ကူးလည်တိုင်က
ထယ်ယောင်းပေးထားသည့်အမှတ်အသားတစ်ချို့အပြင် လက်တိုဝတ်သားသည့်အင်္ကျီကြောင့် လက်မောင်းမှာပါ ထယ်ယောင်းပေးထားတဲ့
အမှတ်အသားတွေကိုတွေ့တာမို့ အံကြိတ်ကာ
မေးလိုက်သည်ဆိုပိုမှန်မည်။

" သားကူးလေး...ဘာဖြစ်သွားတာလဲ... "

လီယမ်ကကူးလေးကို ရွဲသလိုစကားပြောနေရင်း
ထယ်ယောင်းအမေက ပန်းအိုးကြကွဲသံကိုကြားလို့
အပြင်ကိုထွက်လာကာ ဗိုက်ကိုကိုင်ထားသည့်ကူး
လေးကိုတွေ့တော့ စိတ်ပူကာလာမေးသည်။

" ကြီးကြီး...ဒီကကိုကိုက မီးမီးကိုပန်းအိုးကူလဲ
ပေးမယ်ပြောနေလို့ မီးမီးကတားနေရင်းကို
သူက ကိုကို့ကိုဝင်တိုက်သွားတာ၊နေရာတွေအကျယ်ကြီးကို ကိုကို့ဘက်ကိုလျှောက်လာတာ "

" လီယမ်က မတော်တဆဖြစ်သွားတာပါအန်တီ "

လီယမ်က မျက်နှာငယ်လေးဖြင့်ထယ်ယောင်း
အမေကိုကြည့်ရင်းပြောတော့ အမေကလီယမ့်ကို
မကြည်သလိုကြည့်နေရင်းစကားဆိုသည်။

" နောက်ဆို လမ်းလျှောက်ရင်အရှေ့အနောက်
ကြည့်လျှောက်ပါ၊အခုဖြစ်ပုံမျိုးကြောင့်
သားကူးလေးတစ်ခုခုဖြစ်မှာကိုအန်တီလည်း
မကြိုက်သလို၊သားထယ်သိရင် မကောင်းဘူး၊
သတိထားနေပါ... "

" ဟုတ်ကဲ့... "

လီယမ်မကျေနပ်ကာ ပြောလိုက်တော့ကူးလေးက
ဗိုက်ထဲကမျိုးစေ့လေးဘာမှမဖြစ်သွားတာကြောင့်
သက်ပြင်းရှည်ချလိုက်မိပါသည်။

" အမေ...ကူးအသီးတွေကို အခန်းထဲစားလို့ရမလားဟင်... "

" ရတာပေါ့၊မေမေတို့အခန်းထဲသွားရအောင်၊
သားထယ်က ပြန်လာနေပြီတဲ့၊မီးမီးလေးက
အခန်းထဲပြန်နားပြီးစားကျက်တော့နော်၊ကြီးကြီး
ဒီကိုကို့ကိုအခန်းထဲလိုက်ပို့လိုက်ဦးမယ်... "

လီယမ်ရှေ့တွင် မေမေကသူ့သမက်လေးကိုဘယ်
လောက်ချစ်ကြောင်းပြနေတော့ လီယမ်စိတ်တိုကာ
အံကိုခပ်တင်းတင်းကြိတ်ထားမိပါသည်။ကူးနဲ့
မေမေနဲ့ကတော့ လီယမ်ကိုတောင်ဂရုမစိုက်ဘဲ
အပေါ်ထပ်သို့တက်သွားပေမဲ့ ကူးကတော့စိတ်ထဲ
အတွေးများနေတော့ပါသည်လေ။

ကူးလေးကတော့ လီယမ့်ကိုသာအကြည့်စူးစူး
တွေနဲ့ကြည့်နေတာ။အခုထက်ထိရင်တုန်နေသေး
တာဖြစ်သည်။အကယ်လို့ ကူးသာလှေကားလက်
ရန်းတိုင်ကိုမကိုင်မိရင် ကူးရဲ့ကလေးလေးက
မရှိတော့မှာဖြစ်သည်။မဖြစ်တော့ဘူး ကူးအရာရာ
သတိထားမှဖြစ်တော့မည်။

To be continued ~

အရင်နေ့တွေက နေမကောင်းလို့Updateမရှိမိတဲ့
အတွက် စောင့်ကြရတယ်ဆိုလို့အားနာပါတယ်ဗျ။
စာဖတ်သူလေးတွေလည်း ကျန်းမာရေးကိုဂရုစိုက်
ကြပါဗျာ။

မနက်ဖြန်လည်း updateလေးလာပါ့မယ်ဗျ။

> >

#zawgyi

လီယမ္ပြဲၿပီးေတာ့ သူ၏အိမ္ကိုမျပန္ေတာ့ဘဲေသာက္ဖို႔အတြက္ Barကိုသြားလိုက္သည္။သူသြား
ေနၾကBarျဖစ္တာမို႔ သူငယ္ခ်င္းေတြလည္းမေခၚ
သြားခဲ့ဘူး။

Barကိုေရာက္ေတာ့ လီယမ္သူ႔Walletကိုလက္
ေမာင္းၾကားညႇပ္ၿပီး သူ႔ဆံပင္ကိုခါရမ္းကာျဖင့္
အထဲဝင္လာသည္။လူခ်မ္းသာေတြလာေနၾကမို႔
Barကလူေတာ့မ်ားမေနဘူး။သူဝင္လာရင္း
ဘားေကာင္တာနားမွာ အရက္ေတြတစ္ခြက္ၿပီး
တစ္ခြက္ေသာက္ေနသည့္ သူကိုသတိထားမိကာ
ၿပဳံးလိုက္မိသည္။

" ဟင္း...သနားစရာေကာင္းလိုက္တဲ့သူပါလား၊
ႏွစ္အၾကာႀကီးတြဲလာၿပီးမွ လက္လႊတ္လိုက္ရတာ
နာက်င္စရာေကာင္းတာေလးကို ငါျဖည့္ေပးရင္
ဟိုေကာင္သေဘာက်မွာမဟုတ္ဘူး "

လီယမ္ကေျပာရင္း ဘားေကာင္တာနားကိုေလွ်ာက္
လာသည္။မင္းနဲ႔ငါေတြ႕ၾကၿပီေပါ့ ေဂ်ာင္ဂုရယ္။
မင္းရဲ႕ခ်စ္သူက ငါ့ကိုစြဲလမ္းေအာင္လုပ္ျပမယ္။

" hey!ငါ့ကို ေဆးလိပ္အရင္ထုတ္ေပး... "

လီယမ္ကမင္ဂယူ႔ေဘးဝင္ထိုင္ၿပီး ေကာင္တာက ေကာင္ေလးကိုေဆးလိပ္ေပးရန္ေျပာလိုက္ၿပီး
အရက္ကိုေခါင္းမေထာင္ႏိုင္သည္အထိေသာက္
ေနတဲ့မင္ဂယူကိုလွမ္းၾကည့္ကာၿပဳံးသည္။
ဘယ္ေလာက္ေတာင္ အသည္းကြဲေနပါလိမ့္။
ေသာက္တာေတြခ်ည္းက ခပ္ျပင္းျပင္းေတြသာ။

" ဘယ္သူပါလဲလို႔ ဂြၽန္ေဂ်ာင္ဂုစြန္႔ျပစ္လိုက္တဲ့
ေကာင္ေလးပဲ၊ညဘက္ခ်စ္သူေလးတို႔ပါတီကို
မတက္ဘူးလား၊အာ..ေမ့ေနတာ အခုေလာက္ဆို
မဂၤလာဦးေလာက္ၿပီထင္တယ္... "

လီယမ္က ဝိတ္တာေကာင္ေလးျခစ္ေပးသည့္
မီးျခစ္ဆံနားေဆးလိပ္ေတ့ၿပီး တစ္ခ်က္ဖြာကာ
ေျပာေတာ့ မင္ဂယူကေသာက္ေနရင္းမွာသူ႔ဘက္
လွည့္ၾကည့္လာေတာ့ လီယမ္ေျပာသည္။

" မင္း..မင္းဘယ္သူလဲ... "

မင္ဂယူက တစ္ခြက္ေသာက္ခ်လိုက္ကာ ပုလင္းမွအရက္ျပန္ထည့္လိုက္ၿပီးလႈပ္လိုက္ကာ ေသာက္ရင္းေမးေလသည္။သည္ေတာ့လီယမ္ကၿပဳံးရင္း
မင္ဂယူ႔ပုခုံးကိုလက္ျဖင့္ပြတ္ဆြဲလိုက္ကာေျဖ၏။

" မင္းကိုလိုခ်င္လို႔ေလ... "

လီယမ္စကားေၾကာင့္ မင္ဂယူကသူ႔ပုံစံကိုေခါင္းစ
ေျခအဆုံးၾကည့္ကာ ေခါင္းခါလိုက္ရင္းရယ္သည္။
ၿပီးေတာ့ လီယမ္သူ႔ေပၚတင္ထားသည့္လက္ကို
ဖယ္ခ်လိုက္ရင္း...

" စိတ္မဝင္စားဘူး၊မင္းေဝးေဝးသြားတာေကာင္း
မယ္... "

" ဟိုကမင္းကိုမခ်စ္လို႔ေတာင္ တစ္ျခားတစ္ေယာက္နဲ႔လက္ထပ္လိုက္ၿပီမဟုတ္လား၊ဒါေတာင္
အခုထက္ထိ ဇြဲကမေလွ်ာ့ေသးဘူးပဲ "

မင္ဂယူကသူ႔ကိုေမာင္းထုတ္တာေတာင္ မထြက္သြားေသးဘဲ မင္ဂယူ႔ကိုစကားေတြခ်ည္းေျပာ
ေနသည္။မင္ဂယူကေတာ့ သက္ျပင္းရွည္ခ်ရင္း
လီယမ့္ကိုေတာင္ ဂ႐ုမစိုက္ဘဲဆက္ေသာက္ေန၏။

" ေဟး...ေကာင္ေလး၊သူေသာက္ေနတာၾကာၿပီလား၊ဘယ္အခ်ိန္ထည္းကလဲ... "

လီယမ္ ေဆးလိပ္ကိုေဆးလိပ္ခြက္၌ဖိေခ်လိုက္ၿပီး
ေကာင္ေလးေပးသည့္ခြက္ကို ကမ္းယူရင္းေသာက္
လိုက္ကာေမးသည္။ေကာင္ေလးကေတာ့ သူ႔ကို
လက္ေခ်ာင္းရွစ္ေခ်ာင္းေထာင္ျပလာၿပီးေျဖ၏။

" ၈နာရီေလာက္ထည္းက ေရာက္ခ်လာတာ၊
အခုဆို၁၁ေက်ာ္ေနၿပီ အိမ္မျပန္ႏိုင္ေသးဘူး "

ေကာင္ေလးကေျပာေတာ့ လီယမ္ကမင္ဂယူ႔ဘက္ကိုလွည့္ၾကည့္လိုက္ၿပီးၿပဳံးသည္။အေတာ့္ကိုဘဲ
ခ်စ္တက္ေနၾကတာ။ဂြၽန္ေဂ်ာင္ဂုက ဘာေတြမ်ား
မက္ေမာစရာရွိေနလို႔ ကင္မ္ထယ္ေယာင္းနဲ႔
ကင္မ္မင္ဂယူက တအားစြဲလမ္းေနၾကတာလဲ။
သူျဖင့္စဥ္းေတာင္မစဥ္းစားႏိုင္ဘူး။

" မင္ဂယူ...ငါနဲ႔မင္း အေပးအယူလုပ္ၾကမလား၊
မင္းနဲ႔ငါတြဲၾကမလား၊တြဲရင္ေတာ့ မင္းကိုစိတ္မပ်က္ႏိုင္တဲ့မင္းရဲ႕ကူးက မင္းရွိျပန္လာမွာ၊ဒါနဲ႔
ကလဲ့စားေခ်လို႔ရတယ္ေနာ္ မင္ဂယူ... "

လီယမ္ကေမးေထာက္ရင္းျဖင့္ မင္ဂယူ႔ပုခုံးေပၚလက္တင္ကာ ရွပ္​အက်ႌစကိုဆြဲေနရင္းမွေျပာ၏။
မင္ဂယူကေတာ့ လီယမ့္စကားေၾကာင့္အေတြးေတြ
စုေနမိမွာေတာ့ အေသအခ်ာပါေလ။သို႔ေပမဲ့လည္း
ဘာမွျဖစ္ဟန္မျပပါဘဲ ေရွ႕ကခြက္ထဲအရည္ေတြ
ကုန္ေအာင္ေမာ့ခ်ျပစ္လိုက္ၿပီး လီယမ့္ဘက္ကို
လွည့္လာသည္။

" ကလဲ့စားေခ်ရမယ္လို႔ေျပာရေအာင္ မင္းကကူးကိုကလဲ့စားေခ်ဖို႔ေလာက္အထိ မွီေနလို႔လား "

မင္ဂယူက ဝိတ္တာေကာင္ေလးေရွ႕ပိုက္ဆံခ်ေပးရင္းေျပာလိုက္သည္။တစ္ေယာက္ထည္းစိတ္ညစ္
လို႔လာေသာက္ပါတယ္ဆိုကာမွ ကူးကိုကလဲ့စား
ေခ်ဖို႔ေတြးေနတဲ့လူနဲ႔ လာတိုးေနတာျဖစ္သည္။

" မင္ဂယူ...မင္းငါနဲ႔ပူးေပါင္းရင္ မင္းအတြက္
ကူးကိုျပန္ရႏိုင္သလို ငါလည္းထယ္ေယာင္းကို
ပိုင္ဆိုင္မွာေနာ္... "

လီယမ့္စကားေၾကာင့္ ကုတ္ဝတ္ေနသည့္ဂယူ႔ရဲ႕လက္တို႔ရပ္တန္႔သြားသည္။လီယမ္ကေတာ့
မင္ဂယူ႔ကိုရင္ထဲထိေစမည့္ စကားကိုေျပာလိုက္
ႏိုင္တာမို႔ ၿပဳံးေနေတာ့သည္။မင္ဂယူကအက်ႌဆက္
ဝတ္ရင္းမွ သူ႔အိတ္ထဲကဖုန္းကိုထုတ္လိုက္ေတာ့
အေရွ႕ဖုန္းမ်က္ႏွာျပင္မွာကူးေလးရဲ႕ပုံေလးက
ေနရာယူထားတာမို႔ လီယမ္မ်က္ေမွာင္ႀကဳံ႕လိုက္
မိသည္။

" ငါလည္းမင္းကိုမတြဲသလို ကူးနဲ႔သူ႔ကေလးထိခိုက္ရမဲ့အလုပ္ကို ငါမလုပ္ႏိုင္ဘူး၊ၿပီးေတာ့ အခုက
ငါ့ဘက္ကအသုံးမက်ခဲ့တာမို႔ ငါဒီလိုျဖစ္တာ၊
ငါေျပာလိုက္မယ္...အခုထည္းကမင္းရဲ႕ဖ်က္ဆီးေရးအႀကံေတြကို ႐ုတ္သိမ္းထားတာေကာင္းမယ္
ငါက ကူးနဲ႔သူ႔ကေလးကိုထိခိုက္မဲ့အလုပ္ေတြကို
လုပ္မွာမဟုတ္ဘူး... "

မင္ဂယူထိုသို႔ေျပာလိုက္ကာ လီယမ့္ေရွ႕မွာဘဲ
ကူးရဲ႕ပုံေလးကိုနမ္းျပၿပီး ထြက္သြားေတာ့သည္။
လီယမ္က သူေသာက္ေနသည့္ဖန္ခြက္ကိုခပ္တင္း
တင္းဆုပ္ကိုင္ရင္း အသက္ရႈသံေတြမညီသည္အထိေဒါသထြက္ေနသည္ေလ။

" ေမ့ေနလို႔...ငါသိပ္မမူးေနေပမဲ့ ငါကကူးကို
တစ္သက္လုံးခ်စ္ေနမဲ့သူဆိုတာ မင္းမွတ္ထား "

လီယမ္ေတြးေနရင္း အေနာက္ကေနျပန္ေရာက္လာ
ၿပီးေမ့က်န္ခဲ့သည့္ ကူးေပးဖူးသည့္လက္ကိုင္ပုဝါ
အျဖဴေရာင္ေလးကို လာျပန္ယူရင္းလီယမ့္ကို
စကားဆိုလိုက္ကာ ျပန္ထြက္သြားေတာ့သည္။

" ေတာက္!ဘယ္ေလာက္ထိေတာင္ အဲ့ေကာင္ကို
စြဲလမ္းေနၾကတာလဲ မသိဘူး!ႏွစ္ေယာက္လုံးက
အေတာ့္ကိုအျမင္မၾကည္စရာပဲ! "

လီယမ္မွာ နဂိုထည္းကမွလက္ထပ္ပြဲမွာထည္းက
သူ႔နဲ႔ေဒၚေလးေရွ႕မွာပဲ ကင္မ္ထယ္ေယာင္းက
ဟိုေကာင့္ကိုအမ်ိဳးစုံနမ္းျပၿပီး ဗိုက္ထဲက
မေကာင္းဆိုးဝါးကိုပါ ဂ႐ုစိုက္ျပေနတာ။
ျမင္ေနရသည့္သူ႔အဖို႔ေတာ့ စိတ္ပ်က္စရာ။

" ၾကည့္ေနစမ္းပါ!ဟန္လီယမ္က မေကာင္းဆိုးဝါး
ေရာ၊ျဖဴစင္လြန္းျပေနတဲ့ မင္းကိုေရာႏွိမ္နင္းမယ္
ဆိုတာသိထားလိုက္... "

လီယမ္ထိုသို႔ေျပာလိုက္ၿပီး သူ႔လက္ထဲကခြက္ကို
ေဝ့ယမ္းကာ အႀကံေတြေအာင္ျမင္ဖို႔ေတြးရင္း
ေပ်ာ္ေပ်ာ္ႀကီးဆက္ေသာက္ေနေတာ့သည္။
မင္ဂယူ႔ဘက္ကျငင္းလိုက္ေပမဲ့လည္း သူ႔ဘာသာ၊
သူ႔နည္းသူ႔ဟန္နဲ႔ ကြဲေအာင္လုပ္ျပမွာျဖစ္သည္။

- - - - -

တစ္ဖက္က လက္ထပ္ၿပီးမဂၤလာဦးထားစျဖစ္တဲ့
ထယ္ေယာင္းနဲ႔ကူးေလးမွာ ဖက္ၿပီးကိုအိပ္ေနၾက
တာျဖစ္သည္။ကူးေလးမွာလည္း စစခ်င္းအိပ္
သြားတုန္းကလိုမဟုတ္ဘဲ ထယ္ေယာင္းဘက္ကို
လွည့္ကာ ထယ္ေယာင္းရင္ခြင္ထဲတိုးဝင္ရင္းျဖင့္
အိပ္ေနရင္းမွ ရင္ထဲမအီမသာျဖစ္တာမို႔ အန္ခ်င္
တာေၾကာင့္ ထယ္ေယာင္းရင္ခြင္ထဲမွ႐ုန္းသည္။

" အြတ္!..ကင္မ္ထယ္ေယာင္း...ငါအန္ခ်င္တယ္...
ထပါဦး... အြတ္... "

" ဟင္...ေမာင္ထၿပီ..ေမာင္ထပါၿပီ "

အေတာ့္ကိုအန္ခ်င္ေနတာမို႔ ထယ္ေယာင္းရင္ခြင္
ထဲမွျဖည္းျဖည္းခ်င္းစီထရင္း လႈပ္ႏႈိးေတာ့သည္။
အခုထက္ထိႏွစ္ေယာက္သားက အက်ႌေတာင္
မရွိတာမို႔ ထယ္ေယာင္းဆို သဘတ္ေကာက္ပတ္ၿပီး
ကူးကိုေပြ႕သယ္သြားသည္။ကူးကေတာ့အန္ဖို႔ျဖစ္
ေနလို႔ ထယ္ေယာင္းေပြ႕သယ္ေနတာအထိမေျပာ
ေတာ့ဘူး။

" အြတ္... အြတ္... "

ေရခ်ိဳးခန္းထဲေရာက္သည္ႏွင့္ ေဘစင္နားမွာ
ထယ္ေယာင္းကကူးေလးကိုခ်ေပးၿပီး အန္ေစ
သည္။ထယ္​ေယာင္းက အန္ေနသည့္ကူးေလးရဲ႕
ေက်ာျပင္ေလးကိုခပ္ျဖည္းျဖည္းပြတ္ေပးရင္း
အေနာက္ကေန ကိုယ္ငယ္ေလးကိုထိန္းေပးထား
သည္။

" ေမာင့္အသက္...ဒါၿပီးရင္ဘာေသာက္ခ်င္လဲ၊
ေမာင့္ကိုေျပာလိုက္ပါ၊ေမာင္မွာလိုက္မယ္ေလ "

ထယ္ေယာင္းကႏွိပ္ေပးရင္းမွေျပာေတာ့ ကူးက
အန္ေနရင္းမွ ေခါင္းအသြင္သြင္ခါရမ္းျပသည္။
သည္ေတာ့ ထယ္ေယာင္းႏွိပ္ေပးရင္းမွကူးက
အန္တာရပ္သြားေရာ ထယ္ေယာင္းရင္ခြင္ထဲ
ဝင္ေနလိုက္ေတာ့ ထယ္ေယာင္းကကူးေလးကို
ဖက္ထားေပးသည္။

" ေမာင့္အသက္... "

ထယ္ေယာင္းက ကူးေလးေမ့လဲသြားတယ္ထင္ၿပီး
ေခၚလိုက္ေပမဲ့ ကူးေလးကေမ့လဲတာမဟုတ္ဘဲ
သူ႔ရင္ခြင္ထဲမွိန္းေနတာျဖစ္သည္။ၿပီးမွ အသံေသး
ေလးထြက္လာကာ စကားဆိုသည္။

" ကင္မ္ထယ္ေယာင္း ငါသန္ရွင္းေရးလုပ္ခ်င္တယ္၊အခုက သိပ္အဆင္မေျပဘူးရယ္... "

" ေမာင္သိၿပီ၊ေမာင္နဲ႔အတူ သန္႔ရွင္းေရးလုပ္မယ္၊
ဒီမွာခဏေလးထိုင္ ေမာင့္အသက္... "

ကူးကသန္႔ရွင္းေရးလုပ္ခ်င္တယ္ေျပာတာမို႔
ထယ္ေယာင္းက ကူးကိုေပြ႕မကာေဘစင္ေပၚတင္
ကာ သဘတ္ေလးအုပ္ေပးလို႔ၿငိမ္ေနေစသည္။
ထယ္ေယာင္းမွာ ကူးအတြက္ဆိုရင္သူပါေရခ်ိဳး
ဖို႔အတြက္ ေရပူေရေအးစပ္ေပးေနသည္။

ကူးကေတာ့ ေဘစင္ေပၚမွာထိုင္ရင္း ထယ္ေယာင္း
လုပ္ေနသမွ်ကိုၾကည့္ေနသည္။ကူးအတြက္ဆိုကာ
ေရေႏြးနဲ႔ေရေအးစပ္ထည့္ေပးရင္း ေသခ်ာကိုင္
ၾကည့္ေနသည္။အခုအခ်ိန္က မနက္၄နာရီရွိၿပီမို႔
ထယ္ေယာင္းက သူ႔အသက္ေအးမွာဆိုးလို႔ျဖင့္
ေသခ်ာေလးေရေႏြးစပ္ေပးရင္း အဆင္ေျပေတာ့
ထယ္ေယာင္းက သူ႔သဘတ္ကိုခြၽတ္ခ်လိုက္၏။

ကူးေလးၾကည့္ေနရင္းမွ ထယ္ေယာင္းက
သူ႔သဘတ္ကိုခြၽတ္ခ်လိုက္ေတာ့ မ်က္ႏွာကိုတစ္
ဖက္လႊဲလိုက္သည္။ထယ္ေယာင္းကသိေတာ့
ခပ္တိုးတိုးရယ္လိုက္ရင္း ကူးအနားကိုေလွ်ာက္ကာ
ႏႈတ္ခမ္းကိုစုပ္ယူကာနမ္းလိုက္ေတာ့ ကူးေတာင္
အံ့ဩေနေသးသည္။

" ေမာင္တို႔သန္႔ရွင္းေရးလုပ္ရေအာင္၊အခုနမ္းတာ
ေမာင္က ေမာင့္အသက္ကိုအသည္းယားလို႔ခ်စ္လို႔
နမ္းလိုက္တာ... "

ထယ္ေယာင္းကေျပာေတာ့ ကူးေလးကတစ္ဖက္
သို႔မ်က္ႏွာလွည့္လိုက္သည္။ထယ္ေယာင္းက
ကူးေလးမ်က္ႏွာထားေၾကာင့္ မ်က္ႏွာညိဳးက်သြား
သည္။အခုထက္ထိ ကိုကိုအလွေလးကသူ႔ကို
မၾကည္ျဖဴေသးဘူးပဲ။ဘယ္ေတာ့မ်ားမွသူက
ကိုကိုအလွေလးခ်စ္တာခံရမွာလဲ။

ထယ္ေယာင္း သူ႔အသက္ေရွ႕မ်က္ႏွာပ်က္သည့္
ပုံစံမျပခ်င္တာေၾကာင့္

" ေမာင့္အသက္က ရွက္ေနတာလား၊ေမာင္တို႔က
ခုနကေတာင္ ႏွစ္ေယာက္သား-- "

" စကားေတြအပိုေျပာမေနဘဲ သန္႔ရွင္းခ်င္တယ္၊
မင္းစိတ္ႀကိဳက္လည္း ငါ့ကိုလုပ္ၿပီးၿပီမလား၊
ငါအခုအဆင္မေျပေနဘူး! "

ကူးကရွက္သည္ထက္ စိတ္တိုေနသည့္မ်က္ႏွာ
ထားေလးျဖစ္ေနတာေၾကာင့္ ထယ္ေယာင္းက
ဆက္မေျပာေနေတာ့ဘဲ ကူးကိုေပြ႕မကာေရခ်ိဳး
ေပးရန္ Bathrobeထဲေရစိမ္ေစသည္။ၿပီးေတာ့မွ
ထယ္ေယာင္းက ကူးကိုသူ႔ေပၚတင္လိုက္ေစၿပီး
ေရျမႇဳပ္ထဲဆပ္ျပာထည့္ေပးၿပီး ပြတ္ေပးသည္။

ကူးကေတာ့ ထယ္ေယာင္းကိုစိတ္ဆိုးေနတာမို႔
ၿငိမ္ၿငိမ္ေလးေနကာ ၿငိမ္ခံေနေတာ့သည္။သို႔ေပမဲ့
ထယ္ေယာင္းက ကူးေလးကိုသန္႔ရွင္းေပးေနရင္းမွ
ကူးရဲ႕လည္တိုင္ေလးကိုခပ္ဖြဖြနမ္းရင္း ကူးရဲ႕ကိုယ္
ပိုင္ရနံ႔ေလးကို ရႈရႈိက္ေနသည္ေလ။ကူးတစ္ကိုယ္
လုံးကထယ္ေယာင္းေပးထားသည့္ အမွတ္သားေတြျဖင့္လွပေနေတာ့ ထယ္ေယာင္းထိုအရာေတြေပၚထပ္ဆင့္ကာ အမွတ္သားထပ္ေပးေနေတာ့
ကူးသေဘာမေတြ႕ပါေလ။

" ေတာ္ေတာ့လို႔!ငါ့ကိုထပ္မနမ္းနဲ႔ေတာ့လို႔! "

ထယ္ေယာင္းကနမ္းသည္ကို ကူးေလးကသေဘာ
မေတြ႕သည္ေၾကာင့္ျငင္းသည္။ထယ္ေယာင္းက
ျငင္းေနသည့္အသံေလးကို အသည္းယားလို႔
ကိုယ္ငယ္ေလးကိုခ်ဳပ္ထားကာ ပါးေဖာင္းေတြပါ
ဖက္နမ္းမိသည္။သည္ေတာ့ ကိုကိုအလွေလးက
႐ုန္းရင္း ထယ္ေယာင္းဆံပင္ကိုလွမ္းဆြဲထား၏။

" ေတာ္ေတာ့လို႔ေျပာေနတာကို!မင္းဘာျဖစ္ေနလဲ "

" အား...ေမာင္နာတယ္ေလကြာ အသက္ရာ... "

ထယ္ေယာင္းကခ်စ္လို႔ တစ္ကိုယ္လုံးနမ္းတာကို
ကူးေလးက သေဘာမက်တာေၾကာင့္ေအာ္သည္။
ထယ္ေယာင္းကေတာ့ ကူးေလးသေဘာမက်ေလ
ပိုနမ္းေလျဖစ္တာေၾကာင့္ ကူးစိတ္မရွည္ေတာ့
ထယ္ေယာင္းရဲ႕ ပုခုံးကိုအသံျမည္ေနသည္ထိ
ခ်လိုက္သည္။

ျဖန္း!

" ေတာ္ေတာ့လို႔ဆို၊ငါခ်မ္းေနၿပီလို႔ဆို! "

" ဟားဟား...ဟုတ္ၿပီ၊ေမာင္သိၿပီ၊ထေတာ့မယ္၊
ေမာင္လည္း နည္းနည္းသန္႔ရွင္းဦးမို႔ခဏေလး
သည္းခံေပးပါဦးဗ်ာ "

" ျမန္ျမန္လုပ္! "

ထယ္ေယာင္းစကားေၾကာင့္ ကူးေလးကလည္း
ႏႈတ္ခမ္းေလးခြၽန္ကာျပန္ေျဖသည္။ထိုပုံစံနဲ႔
အေျပာေလးကို ကင္မ္ထယ္ေယာင္းကသေဘာ
က်တာေၾကာင့္ ပါးေဖာင္းေလးကိုနမ္းကာျဖင့္
သူ႔ကိုယ္သူလည္း သန္႔ရွင္းေသခ်ာလုပ္ရင္း
အရင္ဦးဆုံးထကာ Bathrobeဝတ္လိုက္သည္။

ၿပီးမွကူးေလးကိုလည္း ထေစလိုက္ၿပီးသဘတ္အရွည္ျဖင့္ ကူးတစ္ကိုယ္လုံးကိုပတ္လိုက္ကာ
အခန္းထဲျပန္ေပြ႕သယ္လာသည္။အခန္းထဲေရာက္
ထယ္ေယာင္းက ကူးအတြက္Bathrobeကိုဝတ္ေစ
ၿပီးကုတင္ေပၚထိုင္ေစသည္။ထယ္ေယာင္းလည္း ကူးေလးေဘးဝင္ထိုင္ကာ စကားဆိုသည္။

" ေမာင့္အသက္ ခါးေအာက္ပိုင္းနာေနတာေတြရွိ
လား၊ေမာင္ေဆးသြားယူေပးမယ္ေလ... "

ထယ္ေယာင္းက ကူးေလးရဲ႕ရွည္က်ေနသည့္
ဆံပင္ေလးေတြကိုသပ္တင္ေပးရင္းမွ ေမးသည္။
ကူးက ဝတ္ထားသည့္Bathrobeရဲ႕ခါးစည္းႀကိဳးကိုစီးရင္းမွျပန္ေျဖသည္။

" အင္း...နာတယ္၊နည္းနည္းမူးေနေသးလို႔ ေဆး
ေသာက္လို႔ရမလားလို႔ ဟိုေဆာ့ကိုေမးေပးပါလား "

ကူးေလးကထယ္ေယာင္းကိုၾကည့္ရင္းေျပာေတာ့
ထယ္ေယာင္းက အံဇြဲေပၚမွာတင္ထားသည့္ဖုန္းကို
ေကာက္ယူရင္းမွ ကူးကိုထပ္ေမးသည္။

" ဘာလိုခ်င္ေသးလဲ၊ေမာင္ဘာထပ္မွာေပးရမလဲ၊
ေမာင္လည္းခါးနာသြားလို႔ ခါးကပ္ပလာစတာမွာ
လိုက္ရင္ ေမာင့္ကိုကပ္ေပးမလား "

ထယ္ေယာင္းစကားေၾကာင့္ ကူးကမ်က္ေစာင္းေလးထိုးၾကည့္လာသည္။သူမ်ားကေအာက္မွာခံ
စားရတာကို သူၾကေတာ့ဘာလို႔နာရတာလဲေပါ့။

" မင္းကဘာလို႔နာတာလဲ... "

ကူးကေမးေတာ့ ထယ္ေယာင္းကၿပဳံးလိုက္ၿပီး
ကုတင္ထိပ္ကိုေခါင္းအုံးခံကာမွီလိုက္ရင္း
ကူးေလးရဲ႕ကိုယ္ငယ္ေလးကို မွီေနသည့္သူ႔ရင္ခြင္
ထဲထည့္ထားလိုက္ကာ ေခါင္းလုံးလုံးေလးကိုနမ္း
သည္။

" ေမာင္က ေနာက္ဆုံးၿပီးဆုံးျခင္းကိုမေရာက္ခင္
အျမန္လႈပ္ရွားလိုက္ေတာ့ ခါးနာသြားတာပါ၊
ေမာင္နဲ႔အသက္ အရင္တစ္ခါတစ္တုန္းကဆိုလည္း
ေမာင္မျဖစ္ပါဘူး၊ဒီတစ္ခါက ေမာင္တို႔ေဆးမမိဘဲ
လိုအပ္တာျခင္းတူတူမို႔ ေမာင္အျမန္သြားမိတာ "

" ရွက္စရာေတြလာေျပာေနတယ္၊သြားစမ္းပါ...
မ်ိဳးေစ့ေလးတစ္ခုခုျဖစ္ရင္ မင္းနဲ႔ငါေတြ႕ၿပီ! "

ကူးက ထယ္ေယာင္းစကားေၾကာင့္လက္ျဖင့္
႐ိုက္ထုရင္းေျပာေတာ့ ထယ္ေယာင္းကလည္းရယ္
လိုက္ၿပီး သူ႔ကိုကိုအလွေလးကိုပိုသိမ္းဖက္ထားသည္။

" ေမာင္တို႔လက္ထပ္ၿပီးတာ ဒီေနနဲ႔ဆိုတစ္ရက္ရွိၿပီ၊
ေမာင့္အသက္ကိုမွာခ်င္တာကကြာ ေမာင့္ကိုမခ်စ္ေသးရင္ေတာင္ ဟိုလူအေၾကာင္းကိုမေတြးမိပါေစ
နဲ႔၊ေမာင့္အသက္တစ္ခါေတြးမိၿပီး ထုတ္ေျပာလိုက္
တိုင္း ေမာင္ကရင္ဘက္ထဲကတအားေအာင့္ေနတာ၊ေမာင္က ေမာင့္အသက္နဲ႔မ်ိဳးေစ့ေလးကို
ခ်စ္တာမို႔ ေမာင့္အသက္ကသာေမာင့္ကို
ခ်စ္လာေပးဖို႔စဥ္စားထားလိုက္ေတာ့... "

ထယ္ေယာင္းက ေျပာလိုက္ေလေတာ့ ကူးေလး
ေခတၱမွ်အေတြးလြန္မိသည္။ကင္မ္ထယ္ေယာင္း
ေျပာတာလည္းဟုတ္သား။ကူးေလးက အခုဆို
လက္ထပ္ၿပီးသားအိမ္ေထာင္သည္ျဖစ္သြားတာမို႔
စည္းကမ္းေတြအားလုံးကိုကူးေစာင့္ထိန္းရမည္။
ကင္မ္ထယ္ေယာင္းကို မခ်စ္ဖူးလို႔ေတြးထားမိလို႔။
ကေလးေလးသာ ကူးအတြက္အေရးႀကီးသည္။

" အင္း...ဟိုေဆာ့၊ငါပါ၊အသက္က ေခါင္းမူးလို႔
အကိုက္ခဲေပ်ာက္ေဆးေရာ၊ေခါင္းမူးသက္သာေစ
တဲ့ေဆးပါ ေသာက္လို႔ရႏိုင္လားတဲ့ "

' ကိုယ္ဝန္သည္ကို တစ္ျခားေဆးေတြမတိုက္တာ
အေကာင္းဆုံးပဲ၊အခုေရာ ငါစစ္ေပးဖို႔လိုလား '

" မလိုအပ္ဘူး၊ငါေျပာမဲ့ေဆးေတြသာတစ္ေယာက္နဲ႔ပို႔ခိုင္းေပးလိုက္ေတာ့ "

ဟိုေဆာ့ကလည္း သူေစာေစာႏိုးေနတာေၾကာင့္
စိတ္ပူၿပီးေမးေတာ့ ထယ္ေယာင္းကမလိုအပ္တာမို႔
ဟိုေဆာ့ကေနတစ္ဆင့္ ေဆးသာမွာလိုက္သည္။
ၿပီးမွအျခားတစ္ေယာက္ပို႔ခိုင္းတာက အဆင္ေျပ
တာျဖစ္သည္။

" ကင္မ္ထယ္ေယာင္း...ငါ့ကိုဘာလို႔အဲ့ေလာက္ထိ
ခ်စ္ရတာလဲ၊မင္းနဲ႔ငါက ေယာက်ာ္းေလးခ်င္း
မဟုတ္လား၊ၿပီးေတာ့ငါဒီေမးခြန္းေမးတယ္ဆိုတာ
ကေလးေလးေမြးၿပီးရင္ ငါကျပန္သြားရမွာမလား "

ကူးေလးစကားေၾကာင့္ ထယ္ေယာင္းမ်က္ခုံးတို႔
တြန္႔ခ်ိဳးသြားသည္။သူ႔အသက္ကအခုထက္ထိကို
သူဘယ္ေလာက္ထိခ်စ္လဲဆိုတာကို မသိေသးပါ။
သူ႔ကိုယ္ေတာင္ ကေလးေမြးၿပီးရင္ျပန္ပို႔မယ္လို႔
ေတာင္ထင္ေနေသးသည့္ ကိုကိုအလွေလးျဖစ္၏။

" ေမာင္က ေမာင့္အသက္ကိုတအားခ်စ္တာ၊ျပန္ပို႔
ဖို႔ဆိုတဲ့စကားကိုလည္း မသုံးနဲ႔၊မ်ိဳးေစ့ေလးေမြး
လာရင္ ေမာင္ကပိုပိုၿပီးေမာင့္အသက္ျဖစ္တဲ့
ကင္မ္ေဂ်ာင္ဂုကို အရမ္းခ်စ္တာဗ်၊ၿပီးေတာ့
ေယာက်ာ္းေလးခ်င္းဆိုေပမဲ့ ေမာင္ခ်စ္ရတဲ့
အသက္က ေမာင့္အတြက္မ်ိဳးဆက္ေလးေမြးေပး
ႏိုင္သလို၊ေမာင့္အတြက္ ေမာင့္အသက္က
ခ်စ္စရာေကာင္းတဲ့သူေလးပဲ... "

ထယ္ေယာင္းရဲ႕စကားေၾကာင့္ ကူးေလးကစိတ္မ
ၾကည္ေတာ့သည့္ မ်က္ဝန္းေလးမွတစ္ဆင့္ကေန
ၿပဳံးေယာင္သန္းသြားၿပီး ကင္မ္ထယ္ေယာင္းရင္
ခြင္ထဲျပန္တိုးသြားေတာ့သည္။ထယ္ေယာင္းက
သေဘာက်စြာ ၿပဳံးလိုက္ရင္း ကူးေလးႏႈတ္ခမ္းကို
ငုံ႔နမ္းသည္။အတူေနတုန္းကလို ႏူးညံ့သည့္အနမ္း
ေလးေတြျဖင့္ဆက္ေနတာ။ကူးေလးလည္း မ႐ုန္း
ႏိုင္တာသိတာမို႔ ထယ္ေယာင္းေပးသည့္အနမ္း
ေတြကို မခံယူရဲသလိုမ်က္ဝန္းေတြကိုတင္းတင္း
ပိတ္ထားတာျဖစ္သည္။

ေဒါက္! ေဒါက္!

" ဆရာ...ကြၽန္ေတာ္လာၿပီ၊ေဆးေတြလာပို႔တာပါ၊
ဆရာ့အပိုင္အတြက္ မနက္စာလည္းပါတယ္ "

အနမ္းေတြဆက္ေနသည္က အရွိန္ရေနတာေၾကာင့္
ထယ္ေယာင္းဘက္က ေနာက္တစ္ဆင့္တက္ဖို႔ႀကံ
ေနရင္း ေယာင္းဝူကတံခါးလာေခါက္တာေၾကာင့္
ကူးေလးက ထယ္ေယာင္းကိုတြန္းထုတ္လိုက္၏။

ထယ္ေယာင္းကအနမ္းေတြမဆက္လိုက္ရလို႔
မ်က္ေမွာင္ႀကဳံ႕လိုက္ေပမဲ့လည္း ရွက္သြားသည့္
ကူးေလးေၾကာင့္ သူၿပဳံးလိုက္ကာတံခါးသြားဖြင့္ရန္
ထြက္သြားသည္။

ကူးကေတာ့ ေယာင္းဝူအသံၾကားေတာ့ေလ်ာ့ရဲက်
ေနသည့္အက်ႌကိုဆြဲတင္လိုက္ၿပီး ေစာင္ၿခဳံလိုက္
သည္။ထယ္ေယာင္းက ကူးဘက္လွည့္ၾကည့္ၿပီး
ကူးအဆင္ေျပေတာ့မွ တံခါးဖြင့္လိုက္ေတာ့သည္။
တံခါးဖြင့္လိုက္ေရာ ေယာင္းဝူကအဝတ္အစားဖ႐ိုဖရဲျဖင့္ မနက္စာအတြက္ေတာ့ေဘးမွာဝိတ္တာေကာင္ေလးကိုေခၚလာၿပီး သူကေဆးပလာစတာနဲ႔ေဆးကိုယူလာေသးတာ။

" ငါ့လက္ထဲေဆးဘူးေပး၊မင္းကေတာ့ မနက္စာ
ဗန္းကိုယူထားလိုက္၊ေရာ့..ဟိုေကာင္ေလး..မုန္႔ဖိုး
ယူသြားလိုက္... ေယာင္းဝူမင္းကေတာ့ အထဲဝင္
ထားေပး မနက္စာကို "

" ဟုတ္ကဲ့ ဆရာ "

ထယ္ေယာင္းက ေယာင္းဝူလက္ထဲကေဆးကိုယူၿပီးပိုက္ဆံအခ်ိဳ႕ကိုပါ ဝိတ္တာေလးလက္ထဲထည့္
ေပးလိုက္သည္။ဝိတ္တာေလးက ပိုက္ဆံကိုယူၿပီး
ဗန္းကိုေယာင္းဝူလက္ထဲထည့္ေပးကာ ႏႈတ္ဆက္လို႔ျပန္ထြက္သြားသည္။

ဝိတ္တာေလးထြက္သြားေတာ့ ထယ္ေယာင္းက
ေဆးဘူးနဲ႔ေဆးပလာစတာကိုယူၿပီး ဝင္ေတာ့
ေယာင္းဝူကဗန္းခ်ေပးရန္အတြက္ အထဲဝင္လာ
ေတာ့ ေခါင္းအုံးကိုမွီၿပီးၿပဳံးျပေနသည့္ကူးေလးကို
ေတြ႕ေတာ့ စကားဆိုသည္။

" ဆရာ့အပိုင္သက္သာရဲ႕လား၊ဆရာကလည္းဗ်ာ..
ကိုယ္ဝန္သည္ကို ဒီအခ်ိန္ထိၾကမ္းထားရလား၊
ဟိုမွာၾကည့္ပါဦး...မ်က္ႏွာေလးျဖဴေဖ်ာ့ေနတာ "

" အစ္ကိုအဆင္ေျပပါတယ္ ေယာင္းဝူရဲ႕... "

ေယာင္းဝူက စားပြဲေပၚမွာမနက္စာတင္လိုက္ရင္း
ကုတင္နားကခုံမွာထိုင္ၿပီး ကူးအနားကိုတိုးကာ
လက္ေလးကိုင္လို႔ စကားဆိုေနသည္။ထယ္ေယာင္းကေဆးေသာက္ေနတာမို႔ ေယာင္းဝူကကူးေလးရဲ႕
လက္ကိုကိုင္ေနတာကိုမျမင္ေသးဘူး။ျမင္ရင္ေတာ့
ေယာင္းဝူအ႐ိုက္ခံရမွာျဖစ္သည္။

" ဆရာ့အပိုင္အဆင္ေျပရဲ႕လား၊မ်ိဳးေစ့ေလးရွိေတာ့ဂ႐ုစိုက္သင့္တာကို၊နာတာကိုက္တာေတြေရာ
ရွိေသးလား...ရွိရင္ကြၽန္ေတာ့္ကိုေျပာလိုက္ေနာ္ "

" အ..အ...အဆင္ေျပပါတယ္ဆို... "

ကူးကရွက္ရင္းေျဖလိုက္သည္။သည္ေန႔ညက
ထယ္ေယာင္းနဲ႔ကူးေလးရဲ႕ မဂၤလာဦးညမို႔ရွက္ေန
တာေၾကာင့္ စကားေျပာရင္းတုန္ရီေနသည္။ဒါကို
ေယာင္းဝူက လက္ကိုကိုင္ထားေသးသည္ေလ။
ကင္မ္ထယ္ေယာင္း အျမန္သိပါေစလို႔ ကူးေလး
ေတြးမိ၏။မဟုတ္ရင္ ကူးရွက္လြန္းလို႔မ်က္ႏွာ
ဘယ္ထားရမွန္းမသိျဖစ္သည္။

ဘုန္း!

" အာ့!ဆရာ...နာတယ္ေလ... "

ထယ္ေယာင္းမွေယာင္းဝူကို အေနာက္ကေန
ေရဘူးနဲ႔ေခါင္းကိုေကာက္ထုလိုက္ျခင္းျဖစ္၏။
ထယ္ေယာင္းက ေဆးေသာက္ၿပီးဖုန္းကိုင္ေနလို႔
လွည့္မၾကည့္ႏိုင္သည္ကို ေယာင္းဝူကသူ႔အသက္
လက္ကိုကိုင္ၿပီး စိတ္ပူေပးေနတာ။ၿပီးမွဖုန္းကိုခ်
ၿပီးလွည့္ၾကည့္လိုက္ေတာ့ သူ႔အသက္ကိုလက္ကို
ကိုင္ထားတာမို႔ အေနာက္ကေနေခါင္းကို႐ိုက္ထု
လိုက္ျခင္းျဖစ္သည္။

" ေဟ့ေကာင္!မင္းဒါဘာလုပ္တာလဲ "

ထယ္ေယာင္းကေအာ္ေရာ ခ်က္ခ်င္းကိုကူးေလး
လက္ကိုလႊတ္ခ်လိုက္ၿပီး ထရပ္ေတာ့သည္။
ထယ္ေယာင္းဆိုသည္လည္း ကူးေလးရဲ႕လက္ကို
Wet tissueျဖင့္ခ်က္ခ်င္းသုတ္ေတာ့သည္။

" ကင္မ္ထယ္ေယာင္း...ေယာင္းဝူကိုတအားမလုပ္
ပါနဲ႔ေနာ္၊သူလည္း နာမွာေပါ့မဟုတ္လား၊ငါလက္ကို
ကိုင္လိုက္တာနဲ႔ ဘာမွသိပ္မျဖစ္သြားပါဘူး "

ကူးေလးေျပာသည္ကို နားမေထာင္ပါဘဲခ်က္ခ်င္း
ထသြားကာ ေရခ်ိဳးခန္းထဲေျပးဝင္သြားသည္။
ေယာင္းဝူက ကူးေလးကိုရယ္ျပေနေပမဲ့လည္း
ထယ္ေယာင္း ဆပ္ျပာနဲ႔ေရဇလားနဲ႔ျပန္ယူလာခဲ့ၿပီး
ကူးလက္ေလးနဲ႔သူ႔လက္ေလးကိုေပါင္းလို႔ဆပ္ျပာ
ျဖင့္ပြတ္ေဆးၿပီး Wet Tissueျဖင့္ျပန္ေဆးေပး
သည္။အရမ္းကိုပိုေနတာ့တာပဲ။

" ေယာင္းဝူ!ငါ့အသက္က အခုကိုယ္ဝန္သည္ကြ၊
မင္းအျပင္ကေနဟိုထိဒီထိလုပ္လာၿပီးမွ အသက္ကိုၿပီးစလြယ္လာမကိုင္ရဘူး၊ၿပီးေတာ့ ငါ့အပိုင္ကို
ဒီတစ္ခါကိုင္တာ ေနာက္ဆုံးျဖစ္ပါေစ၊မဟုတ္ရင္
မင္းအသက္ကို ေဟာဒီလိုသတ္မွာ!ၾကားလား! "

" ဟဲဟဲ..ၾကားပါတယ္ ဆရာရဲ႕၊မသိလို႔ကိုင္မိတာ၊
ေနာက္မျဖစ္ေစရပါဘူး ဆရာ... "

ေယာင္းဝူကရယ္ႀကဲႀကဲနဲ႔ေျပာရင္း ေတာင္းပန္ဖို႔
ကူးေလးကိုစကားဆိုသည္။ထယ္ေယာင္းကေတာ့
လက္ေဆးၿပီးတာေတာင္ ကူးေလးရဲ႕လက္ကိုနမ္း
ေနတုန္းပင္။ကူးေလးကေတာ့ရွက္လို႔ ေခါင္းငုံ႔ကာ
ထယ္ေယာင္းအနားကိုတိုးကပ္ရင္းေျပာသည္။

" ကင္မ္ထယ္ေယာင္း သူ႔ကိုျပန္ခိုင္းလိုက္ေလ၊
အခုငါတို႔ဝတ္ထားတဲ့ပုံစံေတြကို သူျမင္ဖို႔မသင့္
ဘူးေလေနာ္၊ျပန္လႊတ္လိုက္ေတာ့ေနာ္... "

ကူးေလးက အသံေအးေအးခြၽဲသံေလးျဖင့္ေျပာေတာ့ ထယ္ေယာင္းကၿပဳံးလိုက္ကာျပန္ေျဖ၏။

" ဟုတ္ၿပီ၊ေမာင္ျပန္လႊတ္လိုက္ပါ့မယ္၊ေယာင္းဝူ
မင္းျပန္ေတာ့..မနက္ၾက ငါတို႔အိမ္ကိုျပန္မွာမို႔
ဖုန္းေခၚလိုက္ရင္ အဆင္သင့္လုပ္ထားလိုက္ "

ထယ္ေယာင္းက သူ႔အသက္ေလးနဲ႔စကာေျပာရင္း
ေယာင္းဝူကိုေျပာလိုက္ေတာ့သည္။ေယာင္းဝူက
ႏွစ္ေယာက္သားကိုၾကည့္ရင္းၿပဳံးကာေျဖသည္။

" ဟုတ္ကဲ့ဆရာ၊ဆရာတို႔ ေကာင္းေသာမနက္ခင္းပါ၊ေအးေဆးျပန္အနားယူၾကပါ... "

ေယာင္းဝူကႏႈတ္ဆက္ၿပီးထြက္သြားေတာ့ ကူးကို
ထယ္ေယာင္းကေပြ႕ခ်ီလိုက္ကာ မနက္စာစားရန္
ေခၚလိုက္ၿပီး အေသအခ်ာစီခြံ႕ေကြၽးေနသည္။ၿပီးမွ
ထယ္ေယာင္းက ကူးေလးကိုတြဲရင္းလမ္းေလွ်ာက္
ၾကသည္။အဆင္ေျပေလာက္ၿပီဆိုမွ ကူးေလးတို႔
ျပန္အိပ္ျဖစ္ၾကသည္။မနက္က်ရင္ေတာ့ ႏိုးဖို႔က
အေတာ့္ကိုေနာက္က်ေတာ့မွာျဖစ္သည္။

- - - - -

ကင္မ္အိမ္ေတာ္မွာေတာ့ ကင္မ္ထယ္ေယာင္းရဲ႕
မိဘေတြနဲ႔အဖိုးက ကူးေလးတို႔လာမည္ကိုသိလို႔
တစ္အိမ္လုံးကိုသန္႔ရွင္းေနေစသည္။ကူးေလးတင္
မဟုတ္ဘဲ မ်ိဳးေစ့ေလးပါရွိေနတာေၾကာင့္အိမ္ကို
သန္႔ရွင္းေအာင္ထားရမည္မဟုတ္လား။

" ဥကၠဌကေတာ္...သခင္ေလးတို႔အခန္းက ဓာတ္ပုံ
ဘယ္လိုထားရမလဲမသိဘူး၊လက္ထပ္ပြဲဓာတ္ပုံကို
ဘယ္ေနရာေလာက္ ထားေပးရမလဲ... "

ထယ္ေယာင္းအေမက ထယ္ေယာင္းတ္ို႔အခန္းကို
ၾကည့္ေပးေနရင္း အိမ္ေတာ္ထိန္းကလက္ထပ္ပြဲက
ဓာတ္ပုံကိုကပ္ေတာ့မွာမို႔ ထယ္ေယာင္းအေမကို
လာေမးေလသည္။

" သားက အဖိုးတန္ေလးပုံေတြကိုဖယ္မယ္မထင္
ဘူးကြယ္၊ဒါေၾကာင့္ ဒီကပန္းခ်ီကားႀကီးကိုျဖဳတ္
လိုက္ၿပီး လက္ထပ္ပြဲကပုံကိုဒီနားမွာလုပ္လိုက္ပါ "

" ေကာင္းပါၿပီ ဥကၠဌကေတာ္... "

အိမ္ေတာ္ထိန္းက ပန္းခ်ီကပ္ဖို႔အတြက္လာေမး
ရေသးသည္။ၿပီးေတာ့မွအေျဖကိုသိေရာ ပန္းခ်ီ
ကားႀကီးတစ္ခုကိုဖယ္ၿပီး ေနာက္တစ္ခုကိုေတာ့
လက္ထပ္ပြဲကဓာတ္ပုံအျပည့္ကိုကပ္ထား၏။

သူမၾကည့္ၿပီးၿပဳံးလိုက္သည္။သူမ၏သားေလးနဲ႔
သမက္ေလးက အရမ္းကိုလိုက္ဖက္သည့္စုံတြဲေလး
ပင္ျဖစ္သည္။ပုံထဲမွာလည္း သားထယ္ကခန္႔ညား
စြာၿပဳံးေနသလို သားကူးေလးသည္လည္းခပ္ေအး
ေအးေလးၿပဳံးေနေပမဲ့ ခ်စ္စရာေကာင္းစြာပင္ျဖစ္
သည္။ႏွစ္ေယာက္လုံးက လိုက္ဖက္ၾကတာမို႔သူမ
မ်က္ရည္ဝဲမိသည္။ဒါျဖင့္ရင္ေတာ့လား ေမြးလာမဲ့ေျမးေလးက သားထယ္နဲ႔သာတူမည္ဟုေကာက္
ခ်က္ခ်မိသည္။အကယ္လို႔သားကူးေလးနဲ႔တူရင္
ေတာင္ ခ်စ္စရာေကာင္းသည္မဟုတ္လား။

" အခ်စ္...သားတို႔အခန္းကအစုံျဖစ္သြားၿပီမလား၊
အဖိုးတန္ေလးအေမက သားကူးေလးရဲ႕အဝတ္စား
Luggageႀကီးကိုပို႔ေပးထားတယ္၊ကိုယ္တို႔ကဝယ္
ေပးထားဖို႔အစီစဥ္ရွိတယ္ေျပာတာကို အဖိုးတန္
ေလးက အသစ္ေတြမဝတ္တက္ဘူးတဲ့ဗ်ာ "

ထယ္ေယာင္းအေဖက ထယ္ေယာင္းတို႔အခန္းထဲ
ေရာက္ေနသည့္ သူ၏ဇနီးေဘးနားလာကာအဖိုး
တန္ေလးကူးရဲ႕ အေမအေၾကာင္းေျပာေနသည္။
သူမလည္း ထိုစကားေၾကာင့္ၿပဳံးလိုက္ရင္း....

" သားကူးေလးက တကယ့္ကိုအလိမၼာေလးပါ၊
ကြၽန္မျဖင့္ သားကူးေလးကိုေရာ၊ေနာက္ဆိုထြက္
လာေတာ့မဲ့ ေျမးေပါက္ေလးကိုပိုခ်စ္ရေတာ့မယ္ "

သူမက သူမ၏အဖိုးတန္သမက္ေလးေၾကာင့္ေပ်ာ္
ျမဴၿပီး သေဘာက်စြာေျဖေတာ့သည္။ဒယ္ဒီက
သူ႔ဇနီးေမးဖ်ားေလးကေနတစ္ဆင့္ သူ႔ဘက္ကိုဆြဲ
လွည့္ေစလိုက္ၿပီး စကားဆို၏။

" ကိုယ့္ကိုမခ်စ္ဘူးလား အခ်စ္ေလးက "

ထယ္ေယာင္းအေဖက သူ႔ဇနီးကိုသိပ္ခ်စ္သည္။
အခုေတာင္သူ႔ဇနီးေလးက သမက္ေလးနဲ႔ေျမးကို
ခ်စ္ျပေနလို႔ မနာလိုက္တက္ေသးတာ။

" အကိုေနာ္...အသက္ကျဖင့္ႀကီးေနၿပီ၊ေနာက္ဆို
ေျမးေတာင္ရေတာ့မွာကို တအားေတြပိုေနတာပဲ၊
သားထယ္က ဘယ္သူ႔ပုံစံေတြတူေနလဲဆိုတာက
သိသာေနပါၿပီ... "

" ကိုယ့္သားဆိုေတာ့ ကိုယ္နဲ႔တူတာပါပဲ၊ဘာလိုလိုနဲ႔
ကိုယ္တို႔ေတာင္ အဖိုးနဲ႔အဖြားျဖစ္ၿပီ အခ်စ္ရာ... "

ထယ္ေယာင္းအေဖကဆိုေတာ့ သူမလည္းလိုက္ၿပဳံးမိပါသည္။သားထယ္ေလးက အသက္ငယ္
ငယ္ေလးသာရွိေသးတာ ကေလးအေဖေတာင္
ေစာေစာျဖစ္သြားတာ။အိမ္ေထာင္သည္ျဖစ္ဖို႔ထိ
သားထယ္က သားကူးေလးနဲ႔ၾကမွစိတ္ကူးယဥ္ခဲ့
တာသာျဖစ္သည္။အခုေတာ့ စိတ္ကူးယဥ္တဲ့တိုင္း
လက္ေတြ႕ျဖစ္သြားပါေတာ့သည္။

" ေနာက္ဆိုကိုယ္တို႔ ေျမးမ်ိဳးေစ့ေလးအတြက္
အခန္းတစ္ခန္းထားေပးရမယ္၊သားတို႔ေရာက္ရင္
အဖိုးတန္ေလးအတြက္ စားခ်င္တာေတြခ်က္ဖို႔လည္းေျပာထားရဦးမယ္၊သားတို႔အခန္းၿပီးၿပီမလားအခ်စ္၊ကိုယ့္တို႔ထမင္းခ်က္ဖို႔ေျပာရေအာင္ "

" အင္း...သားကူးေလးတို႔ သူ႔အေမကိုေတြ႕ၿပီး
လာခဲ့ၾကမယ္ထင္တယ္၊သားကူးေလးအေမက
ဘူဆန္မွာ သူငယ္ခ်င္းေတြ႕စရာရွိတယ္ဆိုလို႔
ခဏျပန္ရမယ္ေျပာေနလို႔ သားကူးေလးတို႔က
ေတြ႕ၿပီးမွလာလိမ့္မယ္၊သားကူးေလးအေမက
သားကူးေလးႀကိဳက္တာေတြေျပာျပေပးသြား
တယ္၊ကြၽန္မကိုယ္တိုင္ခ်က္ေပးခ်င္လို႔ "

" ကိုယ္လည္းကူေပးမယ္ အခ်စ္ "

သူမကေျပာရင္းျဖင့္ အရင္ဆုံးေအာက္ထပ္သို႔
ဆင္းသြားေတာ့ ထယ္ေယာင္းအေဖမွာလည္း
သူ႔သားတို႔အခန္းကိုတံခါးကိုပိတ္ကာျဖင့္
ထြက္သြားေတာ့သည္။သူတို႔သားေလးမလာခင္
ေန႔လယ္စာေကြၽးခ်င္လို႔ ေသခ်ာျပင္ဆင္ထားဖို႔
ကင္မ္လင္မယားက ခ်က္ေပးခ်င္သည္ေပါ့။

- - - - -

ခဏအၾကာေတာ့ ကူးေလးတို႔ကားကၿခံထဲေရာက္
သည္ႏွင့္ ထယ္ေယာင္းမိဘေတြကထြက္ႀကိဳရင္း
အဖိုးကလည္း ၿခံထဲမွာစာဖတ္ရင္းမွလာႀကိဳ၏။
ထို႔အတူ အိမ္အကူအလုပ္သမားအားလုံးလည္း
ပါဝင္ပါသည္။ကူးေလးကို ထယ္ေယာင္းရဲ႕အေဒၚမွလြဲလို႔တစ္အိမ္သားလုံးက ေႏြးေထြးစြာႀကိဳဆိုၾကသည္။

ကူးတို႔အိပ္ယာထသည္က ေနာက္က်ေနတာမို႔
ေရခ်ိဳးၿပီးေနာက္ ကူးကမနက္စာနည္းနည္းစားၿပီး
အားေဆးေသာက္ထားရသည္။ထယ္ေယာင္းနဲ႔အတူအိမ္ေတာ္ကိုမျပန္ခင္ ကူးရဲ႕အေမအိမ္သို႔
ခဏဝင္ခဲ့ၾကေသးသည္။ေမေမကဘူဆန္ကိုသြား
ျပန္လည္မွာမို႔ ကင္မ္အိမ္ေတာ္ကိုမလာႏိုင္ဘူး။
ထို႔အတူကင္မ္ထယ္ေယာင္းလည္း အလုပ္မွာ
ကိစၥေလးရွိလာလို႔ဆိုၿပီးသြားရတာမို႔ ကူးေလးက
ေယာင္းဝူနဲ႔သာ ကင္မ္အိမ္ေတာ္ကိုလာခဲ့ရသည္။

ကင္မ္အိမ္ေတာ္ကိုေရာက္ေတာ့ အားလုံးကအျပင္
ထြက္ၿပီးေတာင္ လာႀကိဳၾကသည္။ေယာင္းဝူက
ကားရပ္ၿပီးသည္ႏွင့္ သူ႔အတြက္တံခါးလာဖြင့္ေပး
သည္။ကူးကားထဲကထြက္ေရာ အေဖနဲ႔အေမက
ေအပ႐ြန္ႀကီးဝတ္ကာ ထြက္ႀကိဳေနၾကသည္ေလ။

" အဖိုးတန္ေလး အိမ္ကိုေရာက္လာတဲ့အတြက္
ႀကိဳဆိုပါတယ္ဗ်ာ "

ကူးေလးအံ့ဩေနတုန္းရွိေသး အဖိုးကစာဖတ္ေနသည့္ေနရာကေန ကူးေလးကိုႏႈတ္ဆက္သည္။
ကူးေလး ခါးေလးကိုင္းလို႔ႏႈတ္ဆက္ၿပီး ထယ္ေယာင္းမိဘေတြကိုေရာ ခါးေလးကိုင္းလို႔အ႐ို
အေသေပးႏႈတ္ဆက္သည္။အေမကကူးေလးရဲ႕လက္ကိုဆြဲကာ ေမးေတာ့သည္။

" သားထယ္က ဖုန္းဆက္ထားတယ္၊သူအလုပ္ကို
သြားေနတာမို႔ သားကူးေလးကိုေယာင္းဝူနဲ႔လႊတ္
ေပးလိုက္တယ္တဲ့...လာပါဦးကြယ္၊အေမတို႔ကူးေလး ညကေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား... "

ထယ္ေယာင္းအေမကေမးေတာ့ ကူးေလးညက
ကိစၥေတြကိုျပန္ေတြးမိရင္း ပါးေဖာင္းေလးရဲတက္သြားကာရွက္သြားသည္ေလ။ေယာင္းဝူကေတာ့
ထယ္ေယာင္းအေမေမးကထည္းက ၿပဳံးစိစိျဖစ္
ေနတာမို႔ သူကပိုအေၾကာင္းသိသည္။ဘယ္ေလာက္
အိပ္ေပ်ာ္လဲေတာ့မသိေပမဲ့ ဆရာၾကမ္းထားတာ
ဆရာ့အပိုင္မ်က္ႏွာမွာ ပင္ပန္းမႈေတြအထင္းသား။

ကင္မ္ထယ္ေယာင္းအေဖကေတာ့ သိေနဟန္ျဖင့္
ရယ္လိုက္ရင္း သူ႔ဇနီးကိုျပန္ေျပာေနေတာ့သည္။

" အခ်စ္ကလည္း မစပါနဲ႔ကြာ၊အဖိုးတန္ေလးက
ရွက္ေနေတာ့မွာပဲ၊အဖိုးတန္ေလးဗိုက္ဆာေနေတာ့
မွာ၊ကိုယ္တို႔ခ်က္ထားတာေတြ စားပါေစဦး "

" ဟုတ္သားပဲ..အေမကစတာေနာ္သားကူးေလး၊
အဲ့ေလာက္ထိလည္း ရွက္မေနပါနဲ႔အေမတို႔က
နားလည္ပါတယ္ကြယ္... "

" ဟုတ္ပါ့၊ငါ့ေျမးေလးရွက္ေနေတာ့မွာပဲ၊အရမ္း
ဝိုင္းစမေနၾကပါနဲ႔ကြာ... "

အဖိုးကသူနားေနသည့္ေနရာကေန စေနာက္ရင္းေျပာေတာ့ ကင္မ္လင္မယားႏွစ္ေယာက္ကရယ္
သည္။ကူးကေတာ့ လူႀကီးေတြရဲ႕စကားေၾကာင့္
ညကအေၾကာင္းေတြေတြးမိရင္း ရွက္ေနသည္။

" ေမေမတို႔အထဲဝင္ရေအာင္ အဖိုးတန္ေလး... "

" ဟုတ္ကဲ့ ေမေမ၊ေက်းဇူးပါေနာ္ ေယာင္းဝူ၊
အစ္ကိုအိမ္ေရာက္ၿပီလို႔ ထယ္ေယာင္းကိုျပန္ေျပာ
လိုက္ေနာ္... "

ကူးကထိုသို႔ေျပာေတာ့ ေယာင္းဝူကေခါင္းၿငိမ့္ရင္း
ႏႈတ္ဆက္သည္။ကူးကိုေတာ့အေမေရာအေဖက ကူးေလးကိုေဘးကတြဲရင္းအိမ္ထဲသို႔ေခၚသြား
သည္။

အိမ္ထဲဝင္ဝင္ခ်င္း ဧည့္ခန္းမွာေဒၚေလးက
Tvၾကည့္ရင္းအသီးစားေနတာမို႔ ကူးေလးက
မႏႈတ္ဆက္ရင္႐ိုင္းရာက်မည္မို႔ ႏႈတ္ဆက္လိုက္
ေတာ့သည္။

" ေဒၚေလး...မဂၤလာပါေနာ္၊ေနာက္ဆို ကူးကဒီအိမ္
ေတာ္မွာရွိေတာ့မွာမို႔ ေဒၚေလးကတူအရင္းေလးလို
သေဘာထားၿပီး ကူးကိုဂ႐ုစိုက္ေပးပါဦးေနာ္... "

ကူးေလးဘက္က ႐ိုေသစြာခါးေလးကိုင္းလို႔ႏႈတ္
ဆက္လိုက္ေပမဲ့လည္း ေဒၚေလးကေတာ့ကူးေလး
ေျပာတာကိုဂ႐ုမစိုက္ဘဲ Tvၾကည့္ေနဆဲျဖစ္၏။
ကူးကေတာ့ ႏႈတ္ဆက္တာကိုလက္မခံသည့္
ေဒၚေလးေၾကာင့္ မ်က္ႏွာေလးငယ္သြားေတာ့
ကူးအေမက သိသည့္ဟန္စကားစသည္။

" သားကူးေလး...ေမေမတို႔ထမင္းစားခန္းထဲ
သြားရေအာင္၊ထမင္းစားၾကမယ္ေလေနာ္... "

" ဟုတ္ကဲ့..ေမေမ၊ေဒၚေလး ကူးထမင္းစားလိုက္
ပါဦးမယ္ေနာ္ဗ်... "

ကူးေလးက မ်ိဳးေစ့ေလးရွိရာရပ္ဝန္းေလးကိုဖိကိုင္
လိုက္ရင္း ေဒၚေလးကိုႏႈတ္ဆက္ကာျဖင့္
ထယ္ေယာင္းအေမနဲ႔ထမင္းစားခန္းဘက္ပါသြား
ေတာ့သည္။ထယ္ေယာင္းအေဖကေတာ့ သူ႔အစ္မ
လုပ္ပုံကိုသေဘာမက်တာေၾကာင့္ ခပ္စူးစူးၾကည့္
လိုက္ကာ စကားဆိုသည္။

" အဖိုးတန္ေလးက ငါတို႔အိမ္ေတာ္ရဲ႕အေရးပါဆုံး
သူမို႔ အဖိုးတန္ေလးကိုစိတ္မေကာင္းျဖစ္ေအာင္
မလုပ္ပါနဲ႔၊ငါသေဘာမေတြ႕ဘူး၊နင့္အက်င့္ေတြကို
ေသခ်ာျပင္စမ္းပါ! "

ထယ္ေယာင္းအေဖကေျပာတာေတာင္ အသီးစား
မပ်က္ဘဲလွည့္ၾကည့္လာကာ စကားဆိုသည္။

" ငါ့ဘက္ကသူ႔ကိုႏႈတ္ဆက္ဖို႔မေျပာခဲ့ဘူးေလ၊
သူ႔ဘာသာႏႈတ္ဆက္တာ၊ငါကဂ႐ုစိုက္ဖို႔လိုလို႔လား၊အာ႐ုံမေနာက္ခ်င္ဘူးကြယ္... "

" ငါတို႔အဖိုးတန္ေလးရဲ႕ ေမတၱာေတြမဆူးပါေစနဲ႔လို႔
ငါဆုေတာင္းတယ္ ကင္မ္ယြန္းေဆာင္း.. "

ထိုသို႔ေျပာကာထြက္သြားေတာ့ ေဒၚေလးကႏႈတ္ခမ္းကိုက္လို႔ လွည့္ၾကည့္လာသည္။သူမ
စိတ္ပ်က္စြာၾကည့္လိုက္ရင္းမွ....

" အစ္မကိုေတာင္ နာမည္တပ္ၿပီးေခၚသြားတယ္၊
ဒယ္ဒီေရာ၊သူတို႔ေရာက အဖိုးတန္ေလး၊အဖိုးတန္
ေလးဆိုတာကို မပ်က္ၾကဘူး...ငါ့အေပၚေတာင္
ေမတၱာထားေပးေနရင္ ငါ့ဘက္ကေတာ့မရွိဘူး "

သူမေျပာရင္းအသီးဆက္စားကာ Tvၾကည့္၏။
ၾကည့္ေနရင္းမွသတိရကာ လီယမ္ေလးကိုေတာ့
ဖုန္းဆက္လိုက္ေသးသည္။အိမ္လာလည္ဖို႔တြက္။
ဟိုေကာင္ေလးတစ္ေယာက္ထည္းအိမ္ေရာက္ေနလို႔ လီယမ္ေလးနဲ႔ေပးေတြ႕ေစခ်င္မိပါသည္။

- - - - -

ထမင္းစားခန္းဘက္မွာေတာ့ ကူးေလးကိုေတာ့
အဖိုးထိုင္သည့္ေနရာမွာထိုင္ေစရင္း အေမက
စားပြဲတန္းအရွည္၌ အျပည့္ခ်က္ထားသည့္
ဟင္းေတြအားကူးေလးကိုထည့္ေပးေနသည္။
ထယ္ေယာင္းရဲ႕ဒယ္ဒီေရာပဲေပါ့။သူတို႔သမက္
ေလးကိုသိပ္ခ်စ္ေနၾကတာ။

" သားကူးေလးအတြက္ အသားႀကိဳက္တယ္ဆိုလို႔
ေလ၊ေမေမတို႔က ဝက္အသားကိုကင္ေပးထားတာ၊
ၿပီးေတာ့ သားကူးေလးစားတက္တဲ့ေခါက္ဆြဲေအး
အသုပ္ေလးကိုပါလုပ္ထားေပးတယ္၊သားကူးရဲ႕
အႀကိဳက္ေတြကို ေမေမတို႔မေန႔ကထည္းကေမး
ျဖစ္သြားတယ္၊ဒါေတာင္လိုေနေသးရင္ဘာထပ္
ခ်က္ေပးရမလဲေျပာေလ... "

" ဟုတ္တယ္၊ဒယ္ဒီတို႔က အဖိုးတန္ေလးအတြက္
ေသခ်ာလုပ္ေပးထားတာ၊ဒယ္ဒီတို႔ကိုခ်စ္ရင္ေတာ့
အဖိုးတန္ေလးက မ်ားမ်ားစားၿပီးက်န္းက်န္းမာမာ
ေနေပးရမယ္... "

အေမေရာဒယ္ဒီေရာက ၿပဳံးရင္းေျပာလာေတာ့
ကူးေလး မ်က္ရည္ဝဲမိပါသည္။ကူးကအဲ့ေလာက္
ထိမျပည့္စုံတာေတာင္ခ်စ္ေပးၿပီး သူေဌးေတြမို႔
ေယာက်ာ္းေလးကိုေတာင္ သမက္အျဖစ္လက္ခံ
ေပးလို႔ ေက်းဇူးတင္မိပါသည္။

" ကူးကလည္းအမ်ားႀကီးေက်းဇူးတင္ပါေနာ္ အေဖနဲ႔အေမ့ကို၊ကူးအေပၚကို အမ်ားႀကီးေႏြးေထြး
ေပးတဲ့အတြက္ ကူးကလည္းက်န္းက်န္းမာမာနဲ႔
မ်ိဳးေစ့ေလးအတြက္ အားရွိေအာင္ေနပါ့မယ္ "

ကူးေလးကေျပာေတာ့ ထယ္ေယာင္းအေမက
ကူးရဲ႕ဆံပင္ေလးေတြကိုသပ္တင္ေပးရင္းမွေျဖ၏။'ေက်းဇူးတင္ပါတယ္'တဲ့ေလ။ကူးေလးက
ေယာက်ာ္းရကံေကာင္းသလို ေယာကၡမရတာလည္းကံေကာင္းပါသည္ေလ။

" အဖိုးတန္ေလးေရာမ်ိဳးေစ့ေလးပါ ဗိုက္ဆာေန
ေတာ့မယ္၊စားေတာ့ေလ၊ဒယ္ဒီတို႔ကို လိုအပ္တာ
ေတြရွိရင္လည္း ေျပာဦး... "

" ဟုတ္...ပါးပါးရဲ႕ကေလးေလးေရ၊ပါးပါးတို႔
ကေလးေလးရဲ႕အဖိုးနဲ႔အဖြားခ်က္ေပးထားတာေတြကိုအမ်ားႀကီးစားၾကမယ္ေနာ္... "

ခ်စ္စရာေကာင္းစြာေျပာလိုက္ၿပီး ထမင္းကိုဆက္
စားေနေတာ့ လူအပ္တာေတြကိုလည္းလိုက္ထည့္
ေပးေနသည္။သည္လိုနဲ႔ကူးေလးထမင္းစားလို႔
ၿပီးတာေတာင္ ပန္းကန္ေဆးဖို႔ေတာင္မထိေစဘဲ
စေတာ္ဘယ္ရီေလးေတြကို ေသခ်ာစိပ္ေပးကာ
ဧည့္ခန္းမွာေအးေဆးထိုင္စားေစသည္။ေဒၚေလးကအျမင္မၾကည္လို႔ ရွိမေနေတာ့ဘူး။

ဒယ္ဒီကေတာ့ အလုပ္ကိစၥရွိလို႔စကားမေျပာႏိုင္ေသးဘဲ စာၾကည့္ခန္းထဲဝင္သြားသည္။ေမေမကကူးညေနအဆာေျပစားဖို႔ ဖက္ထုပ္ေလးေတြလုပ္
ေပးေနသည္။သည္ေတာ့ ဧည့္ခန္းထဲကူးေလးက
စေတာ္ဘယ္ရီစားရင္း ထိုင္ေနေတာ့သည္။

ကူးေလးစေတာ္ဘယ္ရီစားရင္း ေကာင္မေလးငယ္
ငယ္ေလးက ေလွကားနားမွာထားသည့္ပန္းအိုးကို
လဲေပးေနတာမို႔ ကေလးမေလးၾကည့္ရတာငယ္
ေသးလို႔ ပန္းအိုးကိုမႏိုင္ပုံပဲမို႔ ကူးသြားကူညီရန္
ထလိုက္သည္။

" မီးမီးေလး အဆင္ေျပရဲ႕လား၊မႏိုင္ဘူးမလား "

ကူးကအနားသြားကာေမးေတာ့ ကေလးမေလးက
သူ႔ကိုၿပဳံးၿပဳံးေလးၾကည့္လာၿပီး ပန္းအိုးကိုျပန္တင္ကာႏႈတ္ဆက္ေတာ့သည္။

" ကိုကို မဂၤလာပါေနာ္... "

" မီးမီးေလးက လိမၼာလိုက္တာ၊အသက္ကဘယ္
ေလာက္လဲ... ေက်ာင္းေရာမတက္ဘူးလား "

ကူးေလးကေမးေတာ့ ကေလးမေလးကၿပဳံးရင္း
ျပန္ေျဖလာသည္ေလ။

" မီးမီးအသက္က၁၂ႏွစ္ပါ ကိုကို၊မီးမီးကို ဒီအိမ္ေတာ္ကဖိုးဖိုးႀကီးက ေက်ာင္းထားေပးတယ္၊
ေက်ာင္းပိတ္လို႔ လူႀကီးေတြကိုကူညီေပးခ်င္လို႔
ပန္းေျခာက္ေနတာေတြ႕လို႔ ပန္းအိုးလဲေပးဖို႔ေလ "

" အို...ဒါနဲ႔မ်ား တစ္ျခားတစ္ေယာက္ကိုေခၚခိုင္း
ပါလား၊မီးမီးေလးက ငယ္ေသးတယ္ေလ၊ပန္းအိုးကကြဲလြယ္တယ္၊မီးမီးေလးရဲ႕လက္ေတြကိုရွလိမ့္
မယ္၊ကိုကိုလုပ္ေပးမယ္ေနာ္... "

ကူးေလးက ပန္းအိုးကိုယူလိုက္ေတာ့ ကေလးမေလးက အရပ္မမွီတာမို႔ေျခဖ်ားေထာက္ကာ
တားလာသည္ေလ။ကူးေလးကေတာ့ၿပဳံးလိုက္၏။

" ကိုကိုက ကေလးေလးရွိေနလို႔မလုပ္ရဘူးေလ၊
မီးမီးက ကူညီေပးမယ္ ကိုကို႔ကို၊မီးမီးကို ပန္းအိုး
ေပးပါေနာ္... ကိုကို!!!  "

ခြမ္း!

" အင့္...ကေလးေလး... "

ကူးေလးရွိက ပန္းအိုးျပန္ယူလိုက္ရင္း ကူးေလးက
ကေလးမမွီေအာင္ ပန္းအိုးကိုယူလိုက္တုန္းရွိေသး
အေနာက္ကေန ကူးေလးကိုတစ္စုံတစ္ေယာက္က
ဝင္တိုက္လိုက္တာမို႔ ကူးေလးလက္ထဲကပန္းအိုး
လည္းၾကကြဲသြားရင္း ကူးေလးလည္းယိုင္ၾကသြား
တာမို႔ ေလွကားအစြန္းကိုကိုင္လိုက္တာမို႔ရယ္
ကေလးမေလးကလည္း ကိုင္ထားတာမို႔ထိုင္ရပ္
မက်သြားတာျဖစ္သည္။

" ဟူး...ေတာ္ပါေသးရဲ႕... "

ကူးေလးကထို႔သို႔ေျပာလိုက္ေပမဲ့လည္း အေနာက္မွ
လီယမ္က ကူးေလးတို႔ကိုၾကည့္ရင္းခပ္မဲ့မဲ့စကား
ဆိုလိုက္သည္။ကူးေလးက ကေလးေလးေၾကာင့္
လီယမ့္ကိုခပ္စူးစူးၾကည့္ေနမိသည္။

" အို...မေတာ္တဆေနာ္ ေဂ်ာင္ဂုရွီး၊လီယမ္က
အလုပ္မ်ားလို႔ ဝင္တိုက္မိသြားတာ... "

လီယမ္ကကူးကိုၾကည့္ေနရင္းမွ ကူးလည္တိုင္က
ထယ္ေယာင္းေပးထားသည့္အမွတ္အသားတစ္ခ်ိဳ႕အျပင္ လက္တိုဝတ္သားသည့္အက်ႌေၾကာင့္ လက္ေမာင္းမွာပါ ထယ္ေယာင္းေပးထားတဲ့
အမွတ္အသားေတြကိုေတြ႕တာမို႔ အံႀကိတ္ကာ
ေမးလိုက္သည္ဆိုပိုမွန္မည္။

" သားကူးေလး...ဘာျဖစ္သြားတာလဲ... "

လီယမ္ကကူးေလးကို ႐ြဲသလိုစကားေျပာေနရင္း
ထယ္ေယာင္းအေမက ပန္းအိုးၾကကြဲသံကိုၾကားလို႔
အျပင္ကိုထြက္လာကာ ဗိုက္ကိုကိုင္ထားသည့္ကူး
ေလးကိုေတြ႕ေတာ့ စိတ္ပူကာလာေမးသည္။

" ႀကီးႀကီး...ဒီကကိုကိုက မီးမီးကိုပန္းအိုးကူလဲ
ေပးမယ္ေျပာေနလို႔ မီးမီးကတားေနရင္းကို
သူက ကိုကို႔ကိုဝင္တိုက္သြားတာ၊ေနရာေတြအက်ယ္ႀကီးကို ကိုကို႔ဘက္ကိုေလွ်ာက္လာတာ "

" လီယမ္က မေတာ္တဆျဖစ္သြားတာပါအန္တီ "

လီယမ္က မ်က္ႏွာငယ္ေလးျဖင့္ထယ္ေယာင္း
အေမကိုၾကည့္ရင္းေျပာေတာ့ အေမကလီယမ့္ကို
မၾကည္သလိုၾကည့္ေနရင္းစကားဆိုသည္။

" ေနာက္ဆို လမ္းေလွ်ာက္ရင္အေရွ႕အေနာက္
ၾကည့္ေလွ်ာက္ပါ၊အခုျဖစ္ပုံမ်ိဳးေၾကာင့္
သားကူးေလးတစ္ခုခုျဖစ္မွာကိုအန္တီလည္း
မႀကိဳက္သလို၊သားထယ္သိရင္ မေကာင္းဘူး၊
သတိထားေနပါ... "

" ဟုတ္ကဲ့... "

လီယမ္မေက်နပ္ကာ ေျပာလိုက္ေတာ့ကူးေလးက
ဗိုက္ထဲကမ်ိဳးေစ့ေလးဘာမွမျဖစ္သြားတာေၾကာင့္
သက္ျပင္းရွည္ခ်လိုက္မိပါသည္။

" အေမ...ကူးအသီးေတြကို အခန္းထဲစားလို႔ရမလားဟင္... "

" ရတာေပါ့၊ေမေမတို႔အခန္းထဲသြားရေအာင္၊
သားထယ္က ျပန္လာေနၿပီတဲ့၊မီးမီးေလးက
အခန္းထဲျပန္နားၿပီးစားက်က္ေတာ့ေနာ္၊ႀကီးႀကီး
ဒီကိုကို႔ကိုအခန္းထဲလိုက္ပို႔လိုက္ဦးမယ္... "

လီယမ္ေရွ႕တြင္ ေမေမကသူ႔သမက္ေလးကိုဘယ္
ေလာက္ခ်စ္ေၾကာင္းျပေနေတာ့ လီယမ္စိတ္တိုကာ
အံကိုခပ္တင္းတင္းႀကိတ္ထားမိပါသည္။ကူးနဲ႔
ေမေမနဲ႔ကေတာ့ လီယမ္ကိုေတာင္ဂ႐ုမစိုက္ဘဲ
အေပၚထပ္သို႔တက္သြားေပမဲ့ ကူးကေတာ့စိတ္ထဲ
အေတြးမ်ားေနေတာ့ပါသည္ေလ။

ကူးေလးကေတာ့ လီယမ့္ကိုသာအၾကည့္စူးစူး
ေတြနဲ႔ၾကည့္ေနတာ။အခုထက္ထိရင္တုန္ေနေသး
တာျဖစ္သည္။အကယ္လို႔ ကူးသာေလွကားလက္
ရန္းတိုင္ကိုမကိုင္မိရင္ ကူးရဲ႕ကေလးေလးက
မရွိေတာ့မွာျဖစ္သည္။မျဖစ္ေတာ့ဘူး ကူးအရာရာ
သတိထားမွျဖစ္ေတာ့မည္။

To be continued ~

အရင္ေန႔ေတြက ေနမေကာင္းလို႔Updateမရွိမိတဲ့
အတြက္ ေစာင့္ၾကရတယ္ဆိုလို႔အားနာပါတယ္ဗ်။
စာဖတ္သူေလးေတြလည္း က်န္းမာေရးကိုဂ႐ုစိုက္
ၾကပါဗ်ာ။

မနက္ျဖန္လည္း updateေလးလာပါ့မယ္ဗ်။

> >

Continue Reading

You'll Also Like

600K 36.6K 101
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
38.6K 1.6K 46
You're a woman with something to prove. He's a man with an empire to uphold. You race cars while he runs operations. The only thing liking the two of...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
1M 54.4K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...