Dog Training (mm-translation)

Od Belle-425

21.3K 1.7K 128

Original name - 训犬 (Xùn quǎn) Original author - 雁一夏 (Yàn yī xià) Eng name - Dog Training Eng translator - Min... Více

Synopsis
Chapter 1- Prologue (18+)
Chapter 2- ရွမ်ရွမ်
Chapter 3- S အဆင့်အယ်လ်ဖာ
Chapter 4 - နာကြည်းမှုနှင့်နာကျင်မှု
Chapter 5 - ဒီလောက်ပါပဲ
Chapter 6 - လက်စားချေဖို့အချိန်ကောင်းမဟုတ်သေးဘူး
Chapter 7 - ဖယ်ရိုမုန်းများထုတ်လွှတ်ခြင်း
Chapter 8 - သူ့ကိုကုတင်ပေါ်ပဲခေါ်သွားချင်တာ
Chapter 9 - ကြက်ဥထမင်းကြော်
❌အသိပေးစာ❌
Chapter 11 - လူပိုတစ်ယောက်တိုးလာပြီ
Chapter 12 - နှစ်ဦးနှစ်ဖက်အတွက်အကောင်းဆုံး
Chapter 13 - အဲ့မှာပဲရပ်မနေနဲ့
Chapter 14 - ပျိုးမကြဲပဲရိတ်သိမ်းခြင်း
Chapter 15 - ကိုယ်ထိန်းချုပ်ဆေးတွေ မသောက်ချင်ဘူး
Chapter 16 - ငါမင်းကို နောက်နေတာမဟုတ်ဘူး
Chapter 17 - ကိုယ်အဆင်မပြေဘူး
Chapter 18 - အားရှောင်၊ ကျေးဇူးပြုပြီး
Chapter 19 - blank space

Chapter 10 - ကိုယ်ကအမြဲတမ်းဒီလိုပါပဲ

561 55 2
Od Belle-425

[Unicode]

အပြည့်အဝအနားယူပြီးနောက်သုံးရက်မြောက်နေ့တွင် ဖုန်းကျန့်သည်သက်သာလုနီးပါးဖြစ်နေပြီဖြစ်သည်။သူပြန်လည်သက်သာလာသည်နှင် ရွမ်ရှောင်းကနှင်ထုတ်ရန်စဉ်းစားလိုက်သော်လည်း ထိုအချိန်မှာပင်ဆိုင်အတွက်မှာထားသောပစ္စည်းများရောက်လာခဲ့သည်။

နောက်ထပ်ဝန်ထမ်းမငှားရသေးသဖြင့် ဖုန်းကျန့်ကအလုပ်သမားများကိုညွှန်ကြားပြီး ကုန်ပစ္စည်း များကိုရွေ့ပြောင်းခြင်းဖြင့်တစ်‌နေ့လုံးအလုပ်များနေခဲ့သည်။

စတုတ္ထမြောက်နေ့တွင်ဖုန်းကျန့်က ရွမ်ရှောင်းဆီမှယွမ်တစ်ရာတောင်းလိုက်သည်။ထို့နောက်အနီးအနားရှိဈေးကိုသွားပြီး ငါးနှင့်ဟင်းသီးဟင်းရွက်များဝယ်ယူခဲ့သည်။နေ့လည်စာအဖြစ် ဟင်းသီးဟင်းရွက်နှစ်ပွဲနှင့် ငါးကြင်းဆီပြန်အစပ်တစ်ပွဲချက်လိုက်သည်။

ရွမ်ရှောင်းကအရသာပြင်းသောအစားအစားများကိုမကြိုက်ပေ။သို့သော်ဖုန်းကျန့်ချက်သည့် ငါးကြင်းဆီပြန်အစပ်ကတော့ထူးထူးခြားခြားစားကောင်းလေသည်။မူလကအရသာမြည်းကြည့်ရုံသာစဉ်းစားထားသော်လည်း ရွမ်ရှောင်းသည်မရပ်တန့်နိုင်တော့ပဲအကုန်စားလိုက်မိသည်။

ရွမ်‌ရှောင်းကကိုယ့်ဘာကိုယ်စားနေသော်လည်း ဖုန်းကျန့်ကသူငါးစားရတာကြိုက်နေကြောင်းသတိထားမိသွားသောအခါ အကြီးဆုံးငါးတစ်ကောင်ကိုအရိုးနွှင်ကာပန်းကန်ထဲထည့်ပေးလာသည်။

အတူတူနေတာကြာလာသည်နှင့်အမျှဖုန်းကျန့်က ရွမ်ရှောင်း၏မူလသဘောထားကိုလုံးဝပြောင်းလိုက်နိုင်လေသည်။သိမ်မွေ့မှု၊ထောက်ထားညှာတာတတ်မှုအစရှိတာတွေကဖုန့်ကျန်းလိုအဆင့်မြင့်အယ်လ်ဖာတစ်ယောက်နှင့်လားလားမျှမအပ်စပ်ပေ။အခုတော့ထိုအရာအားလုံးကသူ့ထံတွင်ဖြစ်ပေါ်နေလေသည်။

သူ့ပန်းကန်လုံးထဲကိုငါးအရိုးနွှင်ပြီးထည့်ပေးနေသောဖုန့်ကျန်းကိုကြည့်ပြီးရွမ်ရှောင်းကမှတ်ချက်ပေးသည်။"တစ်နေ့မှာမင်းကို ဒီလိုပုံစံမျိုးတွေ့ရမယ်လို့တစ်ခါမှမထင်ထားမိဘူး။"

ဖုန့်ကျန်းကရွမ်ရှောင်းပန်းကန်ထဲနောက်ထပ်ငါးတစ်ဖဲ့ထည့်လိုက်ပြီး "ကိုယ်ကအမြဲတမ်းဒီလိုပါပဲ။"

ဖုန့်ကျန်းရဲ့သွေးအေးရက်စက်တတ်တဲ့ဗီဇကိုရွမ်ရှောင်းထက်ဘယ်သူမှပိုမသိနိုင်ဘူး။အတိတ်မေ့ရောဂါကြောင့် သူ့ကိုရွမ်ကျင်းနဲ့မှားနေတာမို့ ဒီလိုနူးနူးညံ့ညံ့ဆက်ဆံနေတာလို့ ရွမ်ရှောင်းမှတ်ယူလိုက်တယ်။

ဖုန့်ကျန်းကရွမ်ကျင်းကို အမြဲတမ်းစောင့်ကြည့်နေပြီး တစ်ခုခုဆိုအားကုန်သုံးကာကူညီလေ့ရှိသည်။

ဖုန့်ကျန်းရဲ့ကြင်နာယုယတတ်တဲ့ နူးညံ့တဲ့အခြမ်းကသူ့အချစ်ရဆုံးလူရှေ့ရောက်မှထုတ်ပြတတ်တာလို့ ရွမ်ရှောင်းမှတ်ယူလိုက်တယ်။

ကံမကောင်းစွာနဲ့ပဲ ဖုန့်ကျန့်က ကိစ္စတော်တော်များများကိုမေ့သွားခဲ့တယ်။မရေမတွက်နိုင်တဲ့လူတွေကို ထိန်းချုပ်အာဏာပြနေရမည့်အစား သေးငယ်တဲ့စာအုပ်ဆိုင်လေးထဲမှာ မသန်စွမ်းတစ်‌ယောက်အတွက်ထမင်းဟင်းချက်ပြုတ်နေခဲ့တယ်။လူစားလဲသွားသလိုပဲ။

ရွမ်ရှောင်းဆက်မစားတော့တာမြင်တော့ ဖုန့်ကျန်းက "ဘာတွေတွေးနေတာလဲ အားရှောင်း"

လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖုန့်ကျန့်က ရွမ်ရှောင်းကို "ရွမ်ရွမ်" ဟုဇွဲရှိရှိမရပ်မနားခေါ်ခဲ့ပြီး  နေမကောင်းဖြစ်ရာမှကောင်းသွားသည်နှင့် "အားရှောင်း" ဟုပြောင်းလဲခေါ်ခဲ့သည်။

ဖုန့်ကျန်း၏မေးခွန်းကြောင့် ရွမ်ရှောင်းတွေးနေရာမှလက်ရှိကိုပြန်ရောက်လာခဲ့သည်။သူ့ရှေ့မှလူကိုစူးစိုက်ကြည့်လိုက်ပြီး အစားစားနေရင်တောင်မှဆွဲဆောင်မှုအပြည့်ရှိနေတုန်းပဲ ဟုတွေးလိုက်မိသည်။ ရွမ်ရှောင်းကခပ်ဖွဖွရယ်လိုက်ပြီး "မင်းအနာဂတ်မှာ ဘာဆက်လုပ်ဖို့တွေးထားလဲ။"

ဖုန့်ကျန်းကရွမ်ရှောင်းကိုကြည့်ပြီး ဟန်ဆောင်မှုမရှိပဲ "ကိုယ်ကမင်းနဲ့အမြဲတမ်းနေချင်တာ။"

ရွမ်ရှောင်းက ဖုန့်ကျန်းမျက်ဝန်းထဲကနူးညံ့မှုကိုမြင်ပြီးခဏလောက်မှင်သက်သွားမိတယ်။လွန်ခဲ့တဲ့နှစ်တွေကသာ လူတစ်ယောက်ယောက်က သူ့ကိုအခုလိုနူးနူးညံ့ညံ့ကြည့်ပြီး "မင်းနဲ့ပဲထာဝရတူတူနေချင်တာ" လို့ပြောလာခဲ့ရင် အဲ့လူကိုသူနက်နက်ရှိုင်းရှိုင်းချစ်မိသွားမယ်ထင်တယ်။

ဒါပေမဲ့ ဒါတွေအကုန်လုံးကအထင်မှားမှုတွေဆိုတာသူသိပါတယ်။သူ့ရှေ့ကလူကလည်းဒီနေရာမှာရှိမနေသင့်သလို အဲ့လူရဲ့မှတ်ဉာဏ်တွေကလည်းမှားယွင်းနေတယ်။

TN/ လိုင်းနည်းနည်းရနေတာနဲ့တင်ပေးလိုက်ပါတယ်။နောက်နေ့တွေလည်းရရင်တင်ပေးပါမယ်။

23.2.2024 (Fri)
8:00 pm

[Zawgyi]

အျပည့္အဝအနားယူၿပီးေနာက္သုံးရက္ေျမာက္ေန႔တြင္ ဖုန္းက်န္႔သည္သက္သာလုနီးပါးျဖစ္ေနၿပီျဖစ္သည္။သူျပန္လည္သက္သာလာသည္ႏွင္ ႐ြမ္ေရွာင္းကႏွင္ထုတ္ရန္စဥ္းစားလိုက္ေသာ္လည္း ထိုအခ်ိန္မွာပင္ဆိုင္အတြက္မွာထားေသာပစၥည္းမ်ားေရာက္လာခဲ့သည္။

ေနာက္ထပ္ဝန္ထမ္းမငွားရေသးသျဖင့္ ဖုန္းက်န္႔ကအလုပ္သမားမ်ားကိုၫႊန္ၾကားၿပီး ကုန္ပစၥည္း မ်ားကိုေ႐ြ႕ေျပာင္းျခင္းျဖင့္တစ္‌ေန႔လံုးအလုပ္မ်ားေနခဲ့သည္။

စတုတၳေျမာက္ေန႔တြင္ဖုန္းက်န္႔က ႐ြမ္ေရွာင္းဆီမွယြမ္တစ္ရာေတာင္းလိုက္သည္။ထို႔ေနာက္အနီးအနားရွိေစ်းကိုသြားၿပီး ငါးႏွင့္ဟင္းသီးဟင္း႐ြက္မ်ားဝယ္ယူခဲ့သည္။ေန႔လည္စာအျဖစ္ ဟင္းသီးဟင္း႐ြက္ႏွစ္ပြဲႏွင့္ ငါးၾကင္းဆီျပန္အစပ္တစ္ပြဲခ်က္လိုက္သည္။

႐ြမ္ေရွာင္းကအရသာျပင္းေသာအစားအစားမ်ားကိုမႀကိဳက္ေပ။သို႔ေသာ္ဖုန္းက်န္႔ခ်က္သည့္ ငါးၾကင္းဆီျပန္အစပ္ကေတာ့ထူးထူးျခားျခားစားေကာင္းေလသည္။မူလကအရသာျမည္းၾကည့္႐ုံသာစဥ္းစားထားေသာ္လည္း ႐ြမ္ေရွာင္းသည္မရပ္တန္႔ႏိုင္ေတာ့ပဲအကုန္စားလိုက္မိသည္။

႐ြမ္‌ေရွာင္းကကိုယ့္ဘာကိုယ္စားေနေသာ္လည္း ဖုန္းက်န္႔ကသူငါးစားရတာႀကိဳက္ေနေၾကာင္းသတိထားမိသြားေသာအခါ အႀကီးဆံုးငါးတစ္ေကာင္ကိုအ႐ိုးႏႊင္ကာပန္းကန္ထဲထည့္ေပးလာသည္။

အတူတူေနတာၾကာလာသည္ႏွင့္အမွ်ဖုန္းက်န္႔က ႐ြမ္ေရွာင္း၏မူလသေဘာထားကိုလုံးဝေျပာင္းလိုက္ႏိုင္ေလသည္။သိမ္ေမြ႕မႈ၊ေထာက္ထားညႇာတာတတ္မႈအစရွိတာေတြကဖုန္႔က်န္းလိုအဆင့္ျမင့္အယ္လ္ဖာတစ္ေယာက္ႏွင့္လားလားမွ်မအပ္စပ္ေပ။အခုေတာ့ထိုအရာအားလုံးကသူ႔ထံတြင္ျဖစ္ေပၚေနေလသည္။

သူ႔ပန္းကန္လုံးထဲကိုငါးအ႐ိုးႏႊင္ၿပီးထည့္ေပးေနေသာဖုန္႔က်န္းကိုၾကည့္ၿပီး႐ြမ္ေရွာင္းကမွတ္ခ်က္ေပးသည္။"တစ္ေန႔မွာမင္းကို ဒီလိုပုံစံမ်ိဳးေတြ႕ရမယ္လို႔တစ္ခါမွမထင္ထားမိဘူး။"

ဖုန္႔က်န္းက႐ြမ္ေရွာင္းပန္းကန္ထဲေနာက္ထပ္ငါးတစ္ဖဲ့ထည့္လိုက္ၿပီး "ကိုယ္ကအၿမဲတမ္းဒီလိုပါပဲ။"

ဖုန္႔က်န္းရဲ႕ေသြးေအးရက္စက္တတ္တဲ့ဗီဇကို႐ြမ္ေရွာင္းထက္ဘယ္သူမွပိုမသိႏိုင္ဘူး။အတိတ္ေမ့ေရာဂါေၾကာင့္ သူ႔ကို႐ြမ္က်င္းနဲ႔မွားေနတာမို႔ ဒီလိုႏူးႏူးညံ့ညံ့ဆက္ဆံေနတာလို႔ ႐ြမ္ေရွာင္းမွတ္ယူလိုက္တယ္။

ဖုန္႔က်န္းက႐ြမ္က်င္းကို အၿမဲတမ္းေစာင့္ၾကည့္ေနၿပီး တစ္ခုခုဆိုအားကုန္သုံးကာကူညီေလ့ရွိသည္။

ဖုန္႔က်န္းရဲ႕ၾကင္နာယုယတတ္တဲ့ ႏူးညံ့တဲ့အျခမ္းကသူ႔အခ်စ္ရဆုံးလူေရွ႕ေရာက္မွထုတ္ျပတတ္တာလို႔ ႐ြမ္ေရွာင္းမွတ္ယူလိုက္တယ္။

ကံမေကာင္းစြာနဲ႔ပဲ ဖုန္႔က်န္႔က ကိစၥေတာ္ေတာ္မ်ားမ်ားကိုေမ့သြားခဲ့တယ္။မေရမတြက္ႏိုင္တဲ့လူေတြကို ထိန္းခ်ဳပ္အာဏာျပေနရမည့္အစား ေသးငယ္တဲ့စာအုပ္ဆိုင္ေလးထဲမွာ မသန္စြမ္းတစ္‌ေယာက္အတြက္ထမင္းဟင္းခ်က္ျပဳတ္ေနခဲ့တယ္။လူစားလဲသြားသလိုပဲ။

႐ြမ္ေရွာင္းဆက္မစားေတာ့တာျမင္ေတာ့ ဖုန္႔က်န္းက "ဘာေတြေတြးေနတာလဲ အားေရွာင္း"

လြန္ခဲ့တဲ့ရက္အနည္းငယ္က ဖုန္႔က်န္႔က ႐ြမ္ေရွာင္းကို "႐ြမ္႐ြမ္" ဟုဇြဲရွိရွိမရပ္မနားေခၚခဲ့ၿပီး  ေနမေကာင္းျဖစ္ရာမွေကာင္းသြားသည္ႏွင့္ "အားေရွာင္း" ဟုေျပာင္းလဲေခၚခဲ့သည္။

ဖုန္႔က်န္း၏ေမးခြန္းေၾကာင့္ ႐ြမ္ေရွာင္းေတြးေနရာမွလက္ရွိကိုျပန္ေရာက္လာခဲ့သည္။သူ႔ေရွ႕မွလူကိုစူးစိုက္ၾကည့္လိုက္ၿပီး အစားစားေနရင္ေတာင္မွဆြဲေဆာင္မႈအျပည့္ရွိေနတုန္းပဲ ဟုေတြးလိုက္မိသည္။ ႐ြမ္ေရွာင္းကခပ္ဖြဖြရယ္လိုက္ၿပီး "မင္းအနာဂတ္မွာ ဘာဆက္လုပ္ဖို႔ေတြးထားလဲ။"

ဖုန္႔က်န္းက႐ြမ္ေရွာင္းကိုၾကည့္ၿပီး ဟန္ေဆာင္မႈမရွိပဲ "ကိုယ္ကမင္းနဲ႔အၿမဲတမ္းေနခ်င္တာ။"

႐ြမ္ေရွာင္းက ဖုန္႔က်န္းမ်က္ဝန္းထဲကႏူးညံ့မႈကိုျမင္ၿပီးခဏေလာက္မွင္သက္သြားမိတယ္။လြန္ခဲ့တဲ့ႏွစ္ေတြကသာ လူတစ္ေယာက္ေယာက္က သူ႔ကိုအခုလိုႏူးႏူးညံ့ညံ့ၾကည့္ၿပီး "မင္းနဲ႔ပဲထာဝရတူတူေနခ်င္တာ" လို႔ေျပာလာခဲ့ရင္ အဲ့လူကိုသူနက္နက္ရႈိင္းရႈိင္းခ်စ္မိသြားမယ္ထင္တယ္။

ဒါေပမဲ့ ဒါေတြအကုန္လုံးကအထင္မွားမႈေတြဆိုတာသူသိပါတယ္။သူ႔ေရွ႕ကလူကလည္းဒီေနရာမွာရွိမေနသင့္သလို အဲ့လူရဲ႕မွတ္ဉာဏ္ေတြကလည္းမွားယြင္းေနတယ္။

TN/ လိုင္းနည္းနည္းရေနတာနဲ႔တင္ေပးလိုက္ပါတယ္။ေနာက္ေန႔ေတြလည္းရရင္တင္ေပးပါမယ္။

23.2.2024 (Fri)
8:00 pm

Pokračovat ve čtení

Mohlo by se ti líbit

94.4K 11.5K 164
Description နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိ...
653K 88.2K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
544K 91.2K 143
ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ျပန္လည္ေမြးဖြားလာေသာ (Otaku) အိမ္တြင္းပုန္း တစ္ေ...
160K 26.5K 56
Zawgyi: Alpha 6ေယာက္လုံးနဲ႕ 100%ကိုက္ညီေနတယ္! ျပည္ေထာင္စုရဲ႕စည္းမ်ဥ္း: 100% ကိုက္ညီတဲ့ Alphaနဲ႕ Omegaက ခ်က္ခ်င္းလက္ထပ္ရမည္။ အဲ့ေတာ့ေမးခြန္းက... Alpha...