『Unicode』
အခန်း ( ၃၂ ) : လှိုင်းမူးခြင်း။
※※※※※※※※※※※※※※※※※※※※
ချန်ပေါ်ချောင်သည် လက်ပိုက်၍ နံရံကိုမှီပြီး ကျန်းကျွယ်ဆုံးဖြတ်ချက်ချတာကို စောင့်နေလိုက်သည်။
ဖြုံရလောက်သည့် ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ကျန်းကျွယ်ဟာ ဖျော်ဖြေရေး ကြော်ငြာစာကို ဖြည်းဖြည်းချင်းသာလှန်နေပြီး ချန်ပေါ်ချောင်တစ်ယောက် စိတ်မရှည်တော့ပဲ သူ့ထံမှ ကြော်ငြာကို ဆွဲယူသွားဖို့ မျှော်လင့်နေမိ၏။
ငါးမိနစ်ကြာသောအခါ ချန်ပေါ်ချောင်က ဆိုသည် : " ထားလိုက်တော့ ၊ ငါလုပ်လိုက်မယ် "
ထိုသို့ကြားမှ ကျန်းကျွယ်က ချက်ချင်းခေါင်းမော့လာ၍ ချန်ပေါ်ချောင့်လက်ထဲ ကြော်ငြာထိုးပေးကာ ဆိုသည် : " ကောင်းပြီ "
ချန်ပေါ်ချောင်သည် ယူလိုက်ပြီး ငုံ့ကြည့်ကာ ကျန်းကျွယ်အား ရယ်ချင်မူးတူးဖြစ်နေသကဲ့သို့ တစ်ချက်ကြည့်လာပြီး : " မင်းက ကာစီနိုမိတ်ဆက်ထားတာကို ကြည့်နေတာပဲ "
သူဟာ အရှေ့ကိုလှန်၍ တစ်စုံတစ်ရာပြောတော့မည်ပြုသည်။ ကျန်းကျွယ်မှာ သူ နောက်ထပ်မေးခွန်းထုတ်လာမည်ကို စိုးသဖြင့် ချက်ချင်း ရှေ့နောက်မကြည့်ပဲ ပြောလိုက်၏ : " ငါလုပ်နိုင်တယ် " သူဟာ ချန်ပေါ်ချောင့်ကို ခယသလိုလေးပင် ပြုံးပြရန်ကြိုးစားလိုက်သေးသည်။
ချန်ပေါ်ချောင်မှာ အလွန်ကကူကယ်ရာမဲ့နေသည့်နှယ်။
" ကောင်းပြီ ငါမင်းကို ထပ်မမေးတော့ပါဘူး "
ထို့နောက်သူသည် ဟိုတယ်ကို အမြန်ရွေး၍ တီဗွီဘေးမှာထားသော အင်တာကွန်ဖုန်းကိုကောက်ကာ စားပွဲဝိုင်းတစ်ခု ချိန်းဆိုလိုက်သည်။
အင်တာကွန်ထဲရှိ ဖြေဆိုသူက အသံကျယ်တာကြောင့် ကျန်းကျွယ်မှာ ဆန့်ကျင်ဘက်မှ ဝန်ဆောင်မှုကောင်တာကို ပြောနေတာဖြစ်ကြောင်း အိပ်ရာပေါ်ထိုင်နေရင်းပင် ကြားနိုင်လေသည်။ဧည့်ကြိုခုံက စားသောက်ဆိုင်မှာ နောက်ဆုံးတစ်ခုံနေရာသာကျန်တော့ကြောင်း ပြောကြားလာ၏။ ချန်ပေါ်ချောင်နှင့် အတူ ညစာစားချိန်ကို အတည်ပြုပြီးနောက် သူတို့ဟာ ဝင်ဖို့ဝတ်စုံပြည့်ဝတ်ဆင်ရမည်ဖြစ်ကြောင်း သတိပေးလာသည်။
ချန်ပေါ်ချောင်က ဖုန်းချ၍ ကျန်းကျွယ်ကို မေး၏ : " မင်း ငါနဲ့ ကတ်ချင်းလဲခဲ့တဲ့လူရဲ့မျက်နှာကို မှတ်မိသေးလား ? "
ကျန်းကျွယ်မှာ အဆိုပါ ပုဂ္ဂိုလ်၏ သွင်ပြင်ကို အကြမ်းဖျင်းတော့မှတ်မိပြီး ချန်ပေါ်ချောင်ဘာကိုဆိုလိုသလဲဆိုတာလဲ သိပါသည်။
အပျော်စီးသင်္ဘော၏ အများပြည်သူဧရိယာမှာ ကင်မရာတွေ သိပ်သည်းလှသော်လည်း ရုပ်သံဖမ်းစက်များကတော့အရမ်းမမြင့်ပေ။ အမျိုးသား၏ မျက်နှာဘေးတိုက်နှင့် အရပ်က ချန်ပေါ်ချောင်နှင့်တူကာ နှုတ်ခမ်းမွေးမပါသော်လည်းဆံပင်စတိုင်ကတူ၏။
ကျန်းကျွယ်မှာ ဗီရိုထဲရှိ အရေပြားတုကို ထုတ်လိုက်၍ သူ့အမြင်အတိုင်း ချန်ပေါ်ချောင့်ကို ရုပ်ဖျက်ပေးလိုက်၏။ ပြီးလျှင်ချန်ပေါ်ချောင်က အဝတ်အစားလဲကာ သူတို့နှစ်ယောက်သား တံခါးဖွင့်၍ အတူထွက်လာခဲ့တော့သည်။
စားသောက်ဆိုင်ရှိ စားပွဲထိုးမှ dress code အတွက်မတားမြစ်စေရန် သူတို့တွေဟာ အရင်ဆုံး အောက်ထပ်ရှိ မောလ်ဧရိယာကိုသွားလိုက်ကြသည်။ ပြီးလျှင် အမျိုးသားအဝတ်အစားနှင့် သားရေပစ္စည်းများဆိုင်ကို ဝင်ပြီး ဝန်ထမ်းအားဝတ်စုံပြည့်နှစ်စုံယူလာရန်ပြောလိုက်သည်။
ကျန်းကျွယ် အဝတ်လဲခန်းမှ အဝတ်လဲ၍ ထွက်လာသောအခါ ချန်ပေါ်ချောင်က ထွက်မလာသေးပေ။
သူ့ လည်စည်းက ကောင်းကောင်းနေသားမကျနိုင်၍ သူဟာ ဆိုဖာဘေးမှာရပ်လျက် ဝန်ထမ်းကို ပြင်ပေးရန် ပြောလိုက်သည်။
ဝန်ထမ်းက အနည်းငယ် ပုသော Omegaအမျိုးသမီးပင်။သူမဟာ ကော်လာအထိရောက်ရန် ခြေဖျားထောက်ရ၏။ဟန်ချက်ကို ထိန်းနေရ၍ပေလား သူမဟာ ဖြည်းဖြည်းပဲ လုပ်သည်။ သို့နှင့် သူမက ပြီးအောင် မစည်းရသေးခင်ရုတ်တရက် လက်ချ၍ အနောက်တစ်လှမ်းဆုတ်ကာ ကျန်းကျွယ်အနောက်ကို ကြည့်လိုက်လေသည်။
ကျန်းကျွယ်မှာ သူမအကြည့်အတိုင်းလိုက်၍ ချန်ပေါ်ချောင့်ကို လှည့်ကြည့်လိုက်၏။ သူသည် မီးခိုးမှိုင်းရောင် ဝတ်စုံကိုဝတ်လျက် မီတာအနည်းငယ် အကွာမှာရပ်ကာ သူတို့ကို ဘာမှမဆိုပဲ ကြည့်နေခဲ့ခြင်း။ သူယခုမှ ထွက်လာသလား ၊ တအောင့်ကြာအောင် ကြည့်နေခဲ့သည်လား မသိပါချေ။
ကျန်းကျွယ် စကားမပြောဆိုနိုင်ခင် ချန်ပေါ်ချောင်က သူ့ကို ပြုံးပြလာ၏။
ရုတ်တရက် သူဟာ ကျန်းကျွယ်၏ မှတ်ဉာဏ်ထဲက လော်ရှန့်မှာ ပထမဆုံးစာရင်းသွင်းသောနေ့၌ ကျောင်းအုပ်ရုံးခန်းထဲတွင် ဆုံခဲ့ရသော ကောင်လေးနှင့် တစ်ထေရာတည်းကျလုနီးပါးဖြစ်နေပါ၏။
ကျောင်းဝတ်စုံပြည့်နှင့်ကောင်လေးက ကျန်းကျွယ်ထက် ခေါင်းတစ်ဝက်လောက်မြင့်သည်။ သူသည်လည်း " ကျောင်းကနေ ကြိုဆိုပါတယ်......" ဟု ပြုံးလျက် ကျန်းကျွယ်ကို ပြောခဲ့ခြင်းပေ။ ထို့နောက်မှာတော့ သူက ကျန်းကျွယ်လက်ထဲက စာကို ငုံ့ကြည့်၍ ခေါ်ခဲ့သည် : ".....ကျန်းကျွယ် "
_
သို့သော် ဤတစ်ကြိမ်မှာ ချန်ပေါ်ချောင်ပြောလာသည်က : ".....ဒီကိုလာလေ "
ကျန်းကျွယ် ခဏကြာမှ တုံ့ပြန်လိုက်မိပြီး ၎င်းနောက် ဖြည်းဖြည်းချင်းတိုးကပ်ကာ ချန်ပေါ်ချောင်နှင့် နှစ်လှမ်းအကွာမှာရပ်လိုက်သည်။
ချန်ပေါ်ချောင်သည် ကျန်းကျွယ်၏ လက်မောင်းမှ အသာဆွဲယူ၍ ပိုပြီးနီးကပ်စွာရပ်စေ၏။ သူဟာ လက်မြှောက်၍ ကျန်းကျွယ်၏ လည်စည်းကို အမြန်ချည်နှောင်ကာ နံဘေးတွင်ရပ်နေသော ဝန်ထမ်းကို ကတ်ကမ်းပေးလိုက်သည်။
သူတို့တွေ စားသောက်ဆိုင်ကို အချိန်ကိုက်ရောက်ခဲ့ပြီး အတွင်းပိုင်းစားပွဲများကို ကျော်ဖြတ်ကာ သင်္ဘောကုန်းပတ်ပေါ်သို့လှေကားမှတက်လာခဲ့ကြသည်။
ကောင်းကင်က မှောင်မည်းနေပြီဖြစ်ကာ ပင်လယ်လေကလဲ အနည်းငယ် ပြင်းထန်လေသည်။ စားပွဲပေါ်ရှိ ဖယောင်းတိုင်များကို မှန်အဖုံးကာများဖြင့် ကာထားပြီး သူတို့ကို ပိုမို တစ်မူထူးကာ ချစ်စရာကောင်းစေသည်။
ချန်ပေါ်ချောင်ရွေးထားသော စားသောက်ဆိုင်ဟင်းလျာများက အရသာရှိသော်လည်း တစ်နပ်စာအတွက်က အနည်းငယ်များနေသည်။လတ်တလော ကျန်းကျွယ်၏စားသောက်ချင်စိတ်မှာ သိပ်မကောင်းလှ၍ အဓိကဟင်းလျာမတည်ခင်းခင်မှာပင် စားသောက်၍ ပြီးခဲ့လေသည်။သူဟာ ချန်ပေါ်ချောင်အား မမြင်စေချင်၍ ဟင်းတစ်မျိူးစီတိုင်းကို နည်းနည်းစီမြည်းစမ်းကြည့်နေလိုက်၏။
ညစာစားပြီးနောက် သူတို့ ကုန်းပတ်ပေါ်တွင် ခဏမျှ နေခဲ့ကြသည်။
ညလေညင်းက သူတို့မျက်နှာတွေဆီသို့တိုက်ခတ်လျက်။ ကျန်းကျွယ်မှာ အမှောင်ထုနှင့် ဝေးလိုက်နီးလိုက်ဖြစ်နေသောပင်လယ်ရေလှိုင်းများကိုကြည့်ရင်း စိတ်ထဲမှာ အနည်းငယ် မူးသလိုခံစားလာရ၏။
မအီမသာဖြစ်ခြင်းမှာ ဗိုက်အောက်ပိုင်းဘယ်ဘက်မှ ငယ်ထိပ်အထိပျံ့နှံ့လာသည်။ ကျန်းကျွယ်မှာ သူ၏ နောက်ကျိနေသော ဦးနှောက်ကိုအလုပ်ပေးရင်း လှိုင်းမူးနေသည်ဟု ယူဆလိုက်သည်။ သူဟာ လက်ရန်းကို တင်းတင်းဆုပ်လျက် ချန်ပေါ်ချောင့်ကို လှည့်ကြည့်လိုက်၏။ ချန်ပေါ်ချောင်သည်လည်း သူ့ကိုကြည့်နေပြီး မျက်မှောင်ရေးရေးကြုံ့သွားကာမေးသည် : " မင်း နေရတာ မကောင်းဘူးလား ? "
" အင်း လှိုင်းမူးတာဖြစ်မယ် " ကျန်းကျွယ် ဖြည်းဖြည်းချင်းပြောလိုက်သည်။
" အခန်းထဲမှာ ဆေးမရှိဘူးလား ? " ချန်ပေါ်ချောင်က မေး၏။
ကျန်းကျွယ် ခေါင်းခါပြလိုက်သည်။ သူသည် ကလေးဘဝကတည်းက လှေမစီးဘူးသည်မို့ လှိုင်းမူးတတ်လိမ့်မည်ဟု ထင်မထားမိပါချေ။
" အရင်သွားစစ်ကြည့်ရအောင် " ချန်ပေါ်ချောင်က ကျန်းကျွယ်လက်ကိုဆွဲ၍ အထဲသို့ ဦးဆောင်ခေါ်သွား၏။
အတွင်းပိုင်းက ကုန်းပတ်ပေါ်ထက် ပိုနွေးသည်။ ကျန်းကျွယ်မှာ အန်ချင်သည့်စိတ် အနည်းငယ်သက်သာသွားသော်လည်းမူးနေဆဲပါပင်။
ဆေးရုံက အပျော်စီးသင်္ဘော ဟောခန်း၏နံဘေးတွင်ရှိပြီး ပထမထပ်မှာဖြစ်သည်။ ညနေခင်းတွင် လူအနည်းငယ်ပဲရှိသဖြင့် သူတို့ ဆရာဝန်နှင့်တွေ့ရန် မစောင့်ရပါချေ။
ဒေါက်တာက သက်လတ်ပိုင်းအရွယ် Betaအမျိုးသားတစ်ယောက်ဖြစ်၏။ကျန်းကျွယ်၏ လက္ခဏာများကို ကြားသိပြီးနောက် သူက အရင်ဆုံး လှိုင်းမူးပျောက်ဆေးသောက်ဖို့ ညွှန်ကြားလာသည်။ ချန်ပေါ်ချောင်ယူလိုက်မည်အပြု သူကသတိရသွားသည့်အလား မေးမြန်းလာသည် : " မင်းတို့တွေ မဝေးတော့တဲ့အနာဂတ်မှာ ကလေးယူဖို့ စီစဉ်ထားကြလား ? "
ချန်ပေါ်ချောင်ရော ကျန်းကျွယ်ပါ ကြက်သေသေသွားလျက်။ကျန်းကျွယ်က အရင်ပြောလိုက်သည် : " မစီစဉ်ထားပါဘူး "
" အို့ " ဒေါက်တာက : " အစီအစဉ်ရှိနေမှာစိုးလို့ပါ။ကလေးယူဖို့ပြင်နေတာဖြစ်ဖြစ် ၊ ကိုယ်ဝန်ရှိနေတာဖြစ်ဖြစ် ဒီဆေးကသောက်လို့မရဘူး "
ချန်ပေါ်ချောင်က မလှုပ်ပေ။သူက ခေါင်းငုံ့၍ ကျန်းကျွယ်ကို စက္ကန့်ပိုင်းမျှ ကြည့်နေပြီးမှ ရုတ်တရက် ဒေါက်တာကိုမေးလိုက်သည် : " တကယ်လို့ ကျွန်တော်တို့တွေ အကြိမ်ကြိမ်နှီးနှောထားမိရင် ဒီဆေးမသောက်ခင် ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့လိုသေးလား ? "
" မကြာခဏဖြစ်ခဲ့တာလား ? " ဒေါက်တာက တုံ့ဆိုင်းခြင်းမရှိမေးလာ၏။ " သန္ဓေတားဆေးသောက်ထားခဲ့လား ? "
" မကြာခဏပါ။ပြီးတော့ မသောက်ဖြစ်ခဲ့ဘူး " ချန်ပေါ်ချောင်က " ဒါပေမယ့် ချည်နှောင်တာတို့ အမှတ်အသားပြုတာတို့မရှိပါဘူး "
ဒေါက်တာက အို့ဟု ဆိုလိုက်ကာ ပြောပြလာသည်။ " စစ်ကြည့်သင့်တာပေါ့ " သူသည် ဖောင်တိန်ကိုကောက်၍နောက်ထပ် ညွှန်ကြားချက်တစ်ခုရေးလိုက်သည်။
" မလိုပါဘူး " ကျန်းကျွယ်သည် အနည်းငယ် ရှက်ရွံ့စွာဖြင့် ချန်ပေါ်ချောင့်ကို မကြည့်ပဲ ဒေါက်တာကို တိုးလျစွာ ပြောလိုက်သည် : " ကျွန်တော်တို့ တားထားပါတယ်။ ကျွန်တော် ဆေးသောက်ခဲ့တယ် "
_
ကျန်းကျွယ်သည် ဆေးရုံ၏ ခုံတန်းလျားမှာပဲ လှိုင်းမူးပျောက်ဆေးသောက်လိုက်သည်။ ဆေးက မြန်မြန်ပဲ အာနိသင်ပြလာ၏။ မိနစ်အနည်းငယ်ကြာမှာပင် သူ မမူးတော့ပဲ စတင်အိပ်ချင်လာခဲ့သည်။ အခန်းသို့ အပြန်လမ်းတွင် ချန်ပေါ်ချောင်သည် စကားမဆိုတော့ပဲ အနည်းငယ် အေးစက်နေသည့်ပုံပေါ်၏။ သူက အခမ်းထဲဝင်လိုက်ပြီး ကျန်းကျွယ်ကို အရင်ရေချိုးဖို့ပြောသည်။ကျန်းကျွယ်သည် ရေပူနှင့်ရေချိုးပြီးထွက်လာသည်နှင့် ချန်ပေါ်ချောင် သူ့အတွက်ရွေးထားသော နံရံနှင့်ကပ်လျက် အိပ်ရာတွင် လှဲကာ မကြာမှီမှာပင် အိပ်ပျော်သွားတော့၏။
_
ချန်ပေါ်ချောင်က သူ့နာမည်ကို ခေါ်နေသည်အား ကြားတာကြောင့် ကျန်းကျွယ် ရုတ်တရက် လန့်နိုးလာရသည်။
သူ မျက်လုံးဖွင့်လိုက်သော် ရေချိုးတဘက်နှင့် ပတ်ထားသော ချန်ပေါ်ချောင်က အိပ်ရာဘေးမှာရပ်နေသည်အား တွေ့လိုက်ရ၏။သူ ထထိုင်လိုက်ပြီး ချန်ပေါ်ချောင့်ကို မော့ကြည့်လိုက်သည်။
ချန်ပေါ်ချောင်ကလဲ သူ့ကို ကြည့်နေလျက်။အချင်းချင်း အချိန်အတော်ကြာကြည့်နေခဲ့ပြီးမှ ချန်ပေါ်ချောင်က မီးကို ပိတ်လိုက်၏။
အခန်းထဲ၌ မည်သည့် မီးရောင်မှ မရှိတော့တာကြောင့် အလွန်မှောင်မည်းကာ မိမိလက်ချောင်းကိုပင် မမြင်ရတော့ပေ။
လေအေးပေးစက်ကိုလည်း လျှော့ချထားဟန်တူ၏။ကျန်းကျွယ် တီရှပ်အပါးလေးနှင့် ကုတင်မှာထိုင်နေသည်မို့အေးစိမ့်စိမ့်ဖြစ်လာရသည်။
လှိုင်းမူးပျောက်ဆေးသောက်ပြီးနောက် အနည်းငယ်စိတ်လွတ်နေသကဲ့သို့ဖြစ်နေ၏။သူ ခဏထိုင်နေပြီးသည့်တိုင် ချန်ပေါ်ချောင်၏ အသံကိုပင် မကြားရပေ။ သူဟာ နားလည်ရခက်စွာ စိတ်ပူ၍ ထိတ်လန့်လာ၏။ သူ မတတ်သာတော့ပဲ တိုးတိုးလေးခေါ်လိုက်သည် : " ချန်ပေါ်ချောင် ? "
လေထုထဲတွင်မူ အလုံးစုံတိတ်ဆိတ်နေလျက်။
ကျန်းကျွယ်မှာ မတည်မငြိမ်နှင့် ဒူးထောက်ရပ်ပြီး နံရံတွင် လက်တင်ကာ မညီညာသည့် နံရံတစ်လျှောက် စမ်းပြည့်ပြီးမီးခလုတ်ကို ရောက်ရန်ကြိုးစားလိုက်၏။ သို့သော် အချည်းနှီးဖြစ်သော အားထုတ်မှုလေးများမတိုင်ခင် သူ့လက်ကောက်ဝတ်မှာ မြဲမြဲမြံမြံဆုပ်ကိုင်ခံလိုက်ရသည်။
" ဘာလို့ မီးဖွင့်ချင်နေတာလဲ ? " ချန်ပေါ်ချောင်က ဆိုသည်။ သူ့လက်ဖဝါးများမှာ အနည်းငယ် ကြမ်းပြီး လက်ထိပ်ဖျားများတွင် အသားမာများရှိနေ၏။ လက်ဖဝါးကကျန်းကျွယ်၏ အရေပြားကို ပွတ်နေလျက်။ ခဏမျှ ရပ်နေပြီးမှ သူဟာရုတ်တရက် ကျန်းကျွယ်ကို အရှေ့ဆွဲယူလိုက်သည်။
ကျန်းကျွယ်မှာ မတည်ငြိမ်စွာဖြင့် အရှေ့ယိုင်ကျကာ ချန်ပေါ်ချောင့်ရင်ခွင်နှင့် မိတ်ဆက်လေသည်။
ချန်ပေါ်ချောင်၏ ကြွက်သားများကအလွန်သန်မာပြီး ခန္ဓာကိုယ်အပူချိန်ကလဲ ကျန်းကျွယ်ထက် ပိုမြင့်လေသည်။ သူကကျန်းကျွယ်၏ လက်ကောက်ဝတ်ကိုလွှတ်ပေးကာ ခါးကို သိုင်းဖက်လာခဲ့၏။
ချန်ပေါ်ချောင်နှင့် ထိကပ်နေရလျှင် ကျန်းကျွယ်မှာ အနည်းငယ် စိတ် လုံခြုံသွားသည်။သို့သော် ချန်ပေါ်ချောင်ကစကားပြောမလာသည့်အခါတွင်တော့ ကျန်းကျွယ်မှာ တစ်ခုခုမှားနေသလို ခံစားရသဖြင့် ခေါင်းလေးမော့ကာ ချီတုံချတုံနှင့် မေးလိုက်သည် : " မင်းဘာဖြစ်လို့လဲ ? "
" ဘာမှ မဖြစ်ပါဘူး " ချန်ပေါ်ချောင်၏ အသံက ကျန်းကျွယ်၏နားထဲတွင် မြည်ဟည်းလာလျက်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ထင်းရှု့ရနံ့က အလွန်ပြင်းထန်လာကာ လတ်ဆတ်သည့်ရေခိုးတို့ဖြင့် ရောထွေးနေလျက်။ကျန်းကျွယ်၏ ခါးပေါ်က လက်မှာ တီရှပ်အစွန်းထဲသို့ရောက်လာပြီး ကျောပြင်ကို ပွတ်သပ်ပေးလာသည်။ထို့နောက် သူကတီရှပ်ကို ဆွဲမ၍ ခေါင်းပေါ်ကချွတ်ပေးကာ အတွင်းခံကိုလဲ ချွတ်ပစ်လိုက်သည်။
ကျန်းကျွယ်မှာ ဝတ်လစ်စားလစ်နှင့် အနည်းငယ် အေးလာသဖြင့် ချန်ပေါ်ချောင့်အနားသို့ တိုးကပ်ကာ သူ့ကို တင်းတင်းပွေ့ဖက်လိုက်၏။ သူက ခေါင်းကိုပြန်မော့၍ ချန်ပေါ်ချောင်၏ မေးစေ့မှာ နှုတ်ခမ်းဖြင့် ကူးလူးရင်း တဖြည်းဖြည်းနှင့် ချန်ပေါ်ချောင့်နှုတ်ခမ်းတွေဆီသို့ရွှေ့လာခဲ့သည်။
ချန်ပေါ်ချောင်၏ နှုတ်ခမ်းများနှင့် ထိစပ်တော့မည့်အခိုက် ၊ ချန်ပေါ်ချောင်က ရွှေ့သွား၏။ ကျန်းကျွယ်ဟာ ချန်ပေါ်ချောင်တစ်ယောက် ပုံမှန်အတိုင်းပဲ သူနမ်းချင်လာသောအခါ တမင်မျက်နှာလွှဲဖို့ ကြိုးစားနေမှန်းကို သိလိုက်သည်။
ကျန်းကျွယ်မှာ ထိုမျှလောက်မလိုချင်သော်လည်း သူက စိတ်ပျက်လွယ်၏။သူလည်း ချန်ပေါ်ချောင်က သူ့ကို ရှောင်နေတာမျိုးကို အမှန်တကယ် ကြောက်မိလေသည်။ ခွဲခွာကြရဖို့ ရက်အနည်းငယ်သာကျန်တော့သည်မို့ သတ္တိမွေးပြီး ချန်ပေါ်ချောင့်ကို တင်းတင်း ဖက်ထားကာ အသံတိုးလေးဖြင့် တောင်းပန်လိုက်သည် : " ငါ့ကို မရှောင်ပါနဲ့နော် "
ကျန်းကျွယ်ခါးပေါ်က ချန်ပေါ်ချောင်၏လက်မှာ ရုတ်ခြည်းတင်းကနှင့် ဖြစ်သွားလျက်။ ခဏအကြာ သူက အရင် ကျန်းကျွယ်ကို နမ်းရှိုက်လာခဲ့ပြီးမှ အသာဖယ်ခွာကာ ကျန်းကျွယ်အား ကြင်နာစွာမေးလိုက်သည် : " ရှောင်လိုက်တာကို မကြိုက်ဘူးလား ? "
ကျန်းကျွယ်ဟာ ခေါင်းညိတ်ပြ၏။ သို့သော် ချန်ပေါ်ချောင်မမြင်နိုင်သည်အား သဘောပေါက်လိုက်၍ ပြောလိုက်သည် : " အွန်း "
ချန်ပေါ်ချောင်သည် ကျန်းကျွယ်ကို ထပ်မံနမ်းရှိုက်ပြီး ကုတင်ပေါ်သို့ဖြည်းဖြည်းချင်း တွန်းချလိုက်၏။ ကျန်းကျွယ်၏ခြေထောက်များကို ဘေးနှစ်ဖက်သို့ ခွဲ၍ အဝင်ဝကို မာနေသည့် သူ့ထိပ်ဖျားဖြင့် အထက်အောက် ပွတ်ပေးလိုက်သည်။ ပြီးလျှင် အစမ်းသဘောနှင့် နည်းနည်း ထိုးသွင်းပြီး နောက် ဆွဲထုတ်လိုက်ရာ ခန္ဓာကိုယ်အရည်တချို့ထွက်လာကာ ပေါင်အတွင်းပိုင်းတွေမှာ စွန်းထင်းကုန်သည်။
" ကျန်းကျွယ် " ချန်ပေါ်ချောင်က သူ့ပေါင်အတွင်းသားတွေကို ပွတ်သပ်ရင်း နာမည်ခေါ်ကာ သိချင်သည့်လေသံဖြင့် မေးလိုက်သည် : " မင်း ဘာဆေးတွေ သောက်ထားတာလဲ ? "
" ကာမအားတိုးဆေးလား ? " ချန်ပေါ်ချောင်၏ အသံက အလွန်ညင်သာနေသော်လည်း ကျန်းကျွယ်မှာ မေးခွန်းကို မဖြေနိုင်ပါ : " အရမ်းရွှဲနေတယ် "
ကျန်းကျွယ်၏ ပါးပြင်များပူလောင်သွားကာ အလွန်အမင်းရှက်ရွံ့လာပြီး မျက်လုံးတွေနာလာသလို ခံစားရသည်။ သူခြေထောက်တွေကို ပြန်စေ့မည်ပြုသော်လည်း ချန်ပေါ်ချောင်က ကိုင်ထားလေ၏။
ချန်ပေါ်ချောင်သည် သူ့တင်ပါးရိုးကို ဖိ၍ အရင်ဆုံး တိုးဝင်ကာ အသွင်းအထုတ်ကို ညင်ညင်သာသာပြုနေသည့်တိုင်နောက်ပိုင်းမှာ ပြင်းသည်ထက်ပြင်းလာခဲ့သည်။ ချန်ပေါ်ချောင်နှင့် တိုက်မိနေသောကြောင့် ကျန်းကျွယ်၏ ခြေတံများမှာအကျယ်ကြီးဖွင့်ထားရပြီး သူ နှုတ်ခမ်းတွေကိုကိုက်လျက် အသံတစ်ချက်ပင် မပြုဝံ့။
ချန်ပေါ်ချောင်သည် မသဲမကွဲသံလေးတွေထွက်နေသော ကျန်းကျွယ်အား အချိန်အတော်ကြာတိုင် နှီးနှောခဲ့ပြီး သူ အရှိန်လျှော့သွားသည်။သူဟာ ခါးမှ စုကိုင်၍ ကျန်းကျွယ်ကို ကောက်ပွေ့,လိုက်ပြီး နား,နားသို့ကပ်ကာ မေးလိုက်သည် : " ဘယ်အချိန်က ဝယ်ခဲ့တာလဲ ? "
ကျန်းကျွယ်သည် ချန်ပေါ်ချောင်၏ ပုခုံးပေါ် ခေါင်းတင်၍ ခဏအပန်းဖြေလိုက်ပြီးမှ တိုးတိုးလေးပြောပြလိုက်သည် : " Erawanနတ်ကွန်းသွားလည်တဲ့နေ့က "
သူဟာ နှေးကွေးသော်လည်း ချန်ပေါ်ချောင်ဟာ သူ ဆေးသောက်ထားသည့်အဖြစ်ကြောင့် စိတ် မပျော်နေတာမှန်းသဘောပေါက်ပါ၏။ သို့သော် ချန်ပေါ်ချောင်က ဘာကြောင့် မပျော်ရသလဲဆိုတာကိုပဲ နားမလည်နိုင်တာပင်။
ချန်ပေါ်ချောင်က ဘာမှ မပြောသဖြင့် ကျန်းကျွယ်ဟာ မိမိကိုယ်ကို ခုခံလိုက်သည် : " ငါ မင်း(ကလေး)မလိုချင်တာကို သိပါတယ် "
သူက ဆက်ပြော၏ : " အခေါက်တိုင်း ပြောဖို့က အရမ်းနောက်ကျသွားလို့ပါ "
သူဟာ ချန်ပေါ်ချောင်၏ ပေါင်ပေါ်မှာထိုင်နေတာပင်။ ချန်ပေါ်ချောင်က အလွန်နစ်ဝင်သွားသဖြင့် လိင်တံထိပ်ဖျားဟာနည်းနည်းလောက် လှုပ်လိုက်လျှင်ပင် တိုးဝင်သွားတော့မည့်အလား သူ့ သားအိမ်ကို တိုးဝှေ့လာခဲ့သည်
ချန်ပေါ်ချောင်သည် တိတ်နေခဲ့ပြီး တစ်စုံတစ်ရာရှာသည့်အလား ကျောပြင်ပေါ်မှ လက်ကတော့ ရွေ့လျားနေခဲ့သည်။စက္ကန့်အနည်းငယ်အကြာ သူက ကုတင်ဘေးက မီးအိမ်ကို ဖွင့်လိုက်၏။
အလင်းက မှိုင်းပျလျက်။ ကျန်းကျွယ်ခဏမျှ မျက်လုံးပိတ်လိုက်မိပြီး အသားကျသလိုဖြစ်မှ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအခါ ချန်ပေါ်ချောင်၏ မျက်လုံးများမှ ယခင်ကထက် ပို၍ လေးနက်နေခဲ့ပြီး ချောမောလှသောမျက်နှာကအမူအရာမဲ့နေတာကို တွေ့လိုက်ရသည်။
သူတို့ဟာ ကုတင်ခေါင်းရင်းတွင်ရှိနေပြီး သူတို့အောက်ပိုင်းကိုယ်များက ပူးပူးကပ်ကပ်ချိတ်ဆက်နေလျက်။ ချန်ပေါ်ချောင်သည် တိုးလျသော အသံဖြင့်ပြောပြလာ၏ : " အဲ့လောက် မလိုချင်တာလဲ မဟုတ်ပါဘူး "
" ဒီတိုင်း အခုက အချိန်မှန်မဟုတ်ရုံလေးပဲ " သူက ဆိုသည် : " ဒါကြောင့် ကလေးမရှိသေးတာက ပိုကောင်းတယ် "
ကျန်းကျွယ် မယုံသည်မှာ ကျိန်းသေသော်လည်း သူက ငြင်းမလာပါ။
ချန်ပေါ်ချောင်သည် ကျန်းကျွယ်၏ တင်ပါးကိုကိုင်၍ သားအိမ်အတွင်း ဖြည်းဖြည်းချင်း ထိုးသွင်းပြီး ပြောလိုက်သည် : " ဝင်ခွင့်ပေးပါဦး "
သူသည် ကျန်းကျွယ်အား ကုတင်ပေါ်မှာ ပြန်လှဲစေကာ ခွကြားကို ဆွဲယူလိုက်သည်။ပြီးလျှင် နစ်သထက်နစ်အောင်တိုး၍ဆက်ဆံရင်း နောက်ဆုံး ကျန်းကျွယ်၏ သားအိမ်ထဲသို့ အားနှင့်တိုးဝင်လိုက်၏။
ကျန်းကျွယ်မှာ ဤမျှလောက် တစ်ခါမှ မနာကျင်ဖူးပေ။သူ့ လမ်းကြောင်းတစ်ကြောလုံး နာကျင်မှုကြောင့် ထုံကျင်သွားသကဲ့သို့ ဗိုက်အောက်ပိုင်းမှာတသိမ့်သိမ့်တုန်ယင်လာရ၏။ သူ ခြေထောက်တွေကို ကွေးလျက် ချန်ပေါ်ချောင့်ကိုကြည့်ကာပင့်သက်ရှိုက်ရှုရင်း သူ့အမူအရာကို ထိန်းချုပ်ရန် ကြိုးစားမိ၏။
ချန်ပေါ်ချောင်က ခေါင်းငုံ့လျက် သူ့ကို နမ်းလာ၏။ သူတို့၏ လျှာဖျားများက အချင်းချင်း ယှက်နွယ်နေကြပြီး သွားအချင်းချင်းလဲ ခတ်မိကုန်သည်။ သူ့ကို နှစ်သိမ့်နေသည့်တိုင် တစ်ချိန်တည်းမှာပဲ သူ့ထံမှ တစ်စုံတစ်ရာကို တောင်းဆိုနေသည့်နှယ်လဲ ထင်ရသည်။
အပြည့်အဝဝင်ရောက်ပြီးနောက် ချန်ပေါ်ချောင်၏ လှုပ်ရှားချက်များမှာ ညင်သာစပြုလာပြီး ကျန်းကျွယ်လဲ နာကျင်မှုလျော့ပါးလာ၏။ သားအိမ်က အလိုလိုပွင့်လာပြီး စိုစွတ်ချောမွေ့လာကာ ၎င်းနှင့် ဘဝတစ်ခု ဖန်တီးနိုင်သော အရာအားထိန်းထားလေသည်။
ချန်ပေါ်ချောင်သည် ကျန်းကျွယ်၏ သားအိမ်အတွင်းသို့ သုက်လွှတ်လိုက်ပြီး ကျန်းကျွယ်၏ဂလင်းများကို နမ်းလိုက်သည်။ သို့သော် အမှတ်အသားကတော့ မပြုသေးပါချေ။
ထိုနေ့က ပြီးဆုံးပြီး သိပ်မကြာခင်မှာပင် ကျန်းကျွယ် အိပ်ပျော်သွားခဲ့၏။
ချန်ပေါ်ချောင်က သူ့ကို ဖက်ထားခဲ့ပြီး သူတို့နှစ်ယောက်သား တစ်ယောက်အိပ်ကုတင်လေးမှာ တိုးဝှေ့ကာ တစ်ညလုံးအိပ်စက်ခဲ့ကြလေသည်။
___________________________________________________________________________
Zawgyi
※※※※※※※※※※※※※※※※※※※※
_
_
_