ကုတင်ပေါ်မှ အိပ်ယာခင်းကို အောက်ချကာ ခင်း၍ နှစ်ယောက်စလုံးအိပ်ကြသည်။
"ချစ်တယ်နော် ကေသီ"
မြနန္ဒာသည် ကျွန်မ ကြားချင်နေသော စကားကို အိပ်ပျော်ခါနီး မှေးခနဲဖြစ်နေသော အချိန်မှာမှ တိုးတိုးလေးကပ်ပြောလေသည်။ကျွန်မကလည်း ရှင်းရှင်းလင်းလင်းပင် ကြားလိုက်ရသည်။
"ဟင် မြနန္ဒာ၊ဘာပြောလိုက်တာလဲ"
တဖြည်းဖြည်းလှုပ်ရှားလာသည့်ကျွန်မ၏ ခေါင်းကို မြနန္ဒာသည် သူ့လက်တစ်ဖက်ဖြင့် အသာအယာပြန်ဖိထားသည်။ကျွန်မ၏ခေါင်းသည် ခေါင်းအုံးနှင့်ပြန်ကပ်သွားလေသည်။ကျွန်မကလည်း မြနန္ဒာ၏ မေးစေ့ကလေးကို ရအောင်နမ်းလိုက်လေသည်။
"ကေသီနော်၊အခွင့်ကောင်းမယူနဲ့"
"အို ၊ကျွန်မကပဲ အမြဲအခွင့်ကောင်းယူခံရတာပါနော်"
"အို သူကပဲပြောရတယ်ရှိသေးတယ်၊ဘယ်တုန်းကလဲ"
မြနန္ဒာ ထထိုင်လေသည်။
"ရန်ကုန်မှာတုန်းကလေ၊မြနန္ဒာပဲ Good Night ဆိုပြီး သူများပါးကို လာလာနမ်းတာလေ၊ဒီက ပြန်တုန်းကလည်း နဖူးနမ်းသွားသေးတယ်၊အရက်မူးတုန်းကလည်း ကိုအောင်နဲ့မှားပြီးတော့ အနမ်းခံလိုက်ရသေးတယ်၊ကျွန်မကမှ နစ်နာသူအစစ်ပါနော်"
မြနန္ဒာသည် ဘာမှပြန်မပြောနိုင်ဘဲ အံ့သြနေလေသည်။သူ့ကိုကြည့်၍ ရယ်ချင်လာသော်လည်း အောင့်ထားရသည်။
"မင်းက နစ်နာတယ်ပေါ့ ဟုတ်လား၊ကဲ အဲ့ဆို၊နစ်နာသူကြီးကို အလျော်ပြန်ပေးမယ်၊ရော့"
မြနန္ဒာသည် မျက်လုံးမှိတ်ပြီး သူ့မျက်နှာကို မော့ထားပေးလေသည်။ကျွန်မ အသံထွက်ရယ်မိတော့သည်။
"ဘာရယ်တာလဲ၊နစ်နာကြေးမယူဘူးလား"
"မယူပါဘူး မြနန္ဒာရယ်၊ကျွန်မက စတာပါ၊ခုနက ပုံစံလေးကို အသည်းယားလိုက်တာ၊အချစ်နဲ့ထိတွေ့ရင် လူတိုင်း ရူးတာပဲနော်၊ကျွန်မလည်း ရူးနေပြီ"
"တို့တော့ မရူးပါဘူး၊ကေသီပဲရူး၊အိပ်ချင်နေပြီကွယ်၊အိပ်ရအောင်နော်"
နောက်တစ်နေ့တွင် ကျွန်မတို့ ပိုင်ပိုင်ဆီ သွားကြသည်။ ပိုင်ပိုင်လည်း မြနန္ဒာရောက်နေတာ မသိသေး။မြနန္ဒာက ဖုန်းဆက်ပြောချင်သော်လည်း ကျွန်မက မပြောနဲ့ဟု တားထားလိုက်သည်။အံ့သြသွားမည့် ပိုင်ပိုင့်ကို မြင်ချင်သေးသည်။
ပိုင်ပိုင်သည် တကယ်ပင် ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။ပိုင်ပိုင်သည် ပိတ်ရက်မှ သင်ဇာနှင့်အတူ လာခဲ့မည်တဲ့။
"မမကေသီနော် ၊ပိုင်ပိုင့်ကို ကြိုမပြောဘူး"
ပိုင်ပိုင်သည် နှုတ်ခမ်းစူ၍ ကျွန်မကို မျက်စောင်းထိုးလေသည်။
"မမလည်း မသိရပါဘူးပိုင်ပိုင်ရယ်၊မယုံရင် မင်းမေမေ မေးကြည့်"
"မေမေလည်း မကောင်းဘူး"
ပိုင်ပိုင်သည် မြနန္ဒာကိုပါ မျက်စောင်းထိုးနေတော့သည်။
မြနန္ဒာကမူ မျက်လွှာချ၍ ပြုံးနေသည်။သူ အနေရခက်နေသလားမသိဘူး။
"ပိုင်ပိုင်၊ မေမေနဲ့ နှစ်ယောက်တည်း ခနစကားပြောရအောင်"
စကားပြော၍ ပြီးပြီထင်ပါသည်။ပိုင်ပိုင် သည် ကျွန်မကို နှုတ်ဆက်၍ အဆောင်ပေါ်တက်သွားသည်။
အပြန် ကားပေါ်တွင် မြနန္ဒာ နှုတ်ဆိတ်နေသည်။ ကျွန်မ မြနန္ဒာ၏ လက်ကလေးကိုသာ ဆုပ်ထားပေးလိုက်သည်။မြနန္ဒာသည် ကျွန်မဖက်လှည့်၍ ပြုံးပြသည်။ပြီးတော့ ကျွန်မပုခုံးပေါ် ခေါင်းမှီချလိုက်သည်။
"ပိုင်ပိုင့်ကို တို့တွေအကြောင်း ပြောပြလိုက်တယ်"
သူ အခုလို စောစောစီးစီး ပြောပြမည်ဟု မထင်ထားခဲ့။
"ပိုင်ပိုင်က သဘောမတူဘူးပြောလိုက်လို့လား"
"မဟုတ်ဘူး၊တခြားသူနဲ့သာ သဘောတူချင်မှတူမှာ ကေသီနဲ့ဆို သဘောတူပါတယ်တဲ့"
"အခုက ပိုင်ပိုင်နဲ့ စကားများခဲ့သေးလား၊မျက်နှာမကောင်းလို့ပါ"
"စကားမများပါဘူးကွယ်၊ပိုင်ပိုင်က ကေသီ့အကြောင်းတွေတောင် ကြွားလိုက်သေးတယ်"
"ဒါဆိုဘာလို့ မျက်နှာမကောင်းတာလဲဟင်"
"တို့စိတ်ထဲတစ်မျိုးပဲ၊ဘာကိုဝမ်းနည်းမှန်းမသိ ဝမ်းနည်းနေတယ်"
"ပိုင်ပိုင် တစ်ယောက်တည်းဖြစ်မှာ၊ရှင့်အပေါ် အရင်လိုမဟုတ်တော့မှာကို စိုးရိမ်နေတာဖြစ်မှာပါ၊ ကျွန်မလေ ရှင့်ကိုချစ်တယ်ဆိုပေမယ့် လောဘမကြီးပါဘူး၊ပိုင်ပိုင်နဲ့ ရှင့်ကိုအဲလိုမျိုးတွေ မဖြစ်စေချင်ဘူး"
"တို့ အတွေးလွန်တာဖြစ်မှာပါ၊အော်ပရာ ဝင်ကြည့်ရအောင် ကေသီ"
မြနန္ဒာသည် ကားပေါ်မှနေ၍ ဟိုတစ်ခါကြည့်ခဲ့သည့် ပြဇာတ်ရုံကို လှမ်းမြင်လေသည်။အငှားကားပေါ်မှ ဆင်းကာ လက်မှတ်ဝယ်ကြသည်။ပိတ်ရက်မဟုတ်၍ လူသိပ်မရှိချေ။
ပြဇာတ်ရုံမှ ထွက်လာသည့်အခါ ဟိုတစ်ခါကအတိုင်း လမ်းရှေ့တွင် ပီယာနိုးတီးနေသည့်လူကို တွေ့ရပြန်သည်။ကျွန်မနှင့် မြနန္ဒာသည် မတိုင်ပင်ထားဘဲ အတူရပ်ကြည့်နေမိကြသည်။ ပီယာနိုတီးနေသည့်လူရွယ်သည် ကျွန်မတို့နှစ်ယောက်ကို မှတ်မိ၍လားမသိ ပြုံးပြသည်။သီချင်းဆုံးသွားသော် မြနန္ဒာသည် အကြွေစေ့သွားထည့်ပြန်သည်။
"ပေး မြနန္ဒာ၊ဒီတစ်ခါ ကျွန်မသွားထည့်မယ်"
ကျွန်မ သူ့ဆီက အကြွေစေ့ကို ပြန်ယူလိုက်သည်။
ကျွန်မ ထင်ထားသည့်အတိုင်း ထိုလူသည် ကျွန်မအနားကပ်၍ ပြောလေသည်။
"မင်းတို့နှစ်ယောက်ဟာ သိပ်ကိုလိုက်ဖက်တဲ့စုံတွဲပဲ၊ဘုရားသခင်ကောင်းချီးပေးမှာပါ"
ကျွန်မ သဘောကျ၍ ပြုံးမိသည်။
"ကျေးဇူးတင်ပါတယ်ရှင်"
ကျွန်မတို့ လမ်းလျှောက်ပြန်လာခဲ့ကြသည်။
"ကေသီ့ကို ဘာတွေပြောလိုက်လို့ သဘောကျလာသလဲဟင်"
"မြနန္ဒာ သိချင်လို့လား"
"အင်း"
"ဒါဆို အရင်တစ်ခေါက်က ရှင့်ကိုဘာပြောလိုက်တာလဲ ပြန်ပြောပြရမယ်"
"အဲဒါကမေ့သွားပြီ"
"ဟင်"
"စတာပါ၊တစ်ယောက်ကိုတစ်ယောက်ချစ်တယ်လို့ပြောပြီးကြပြီလား၊ တို့နှစ်ယောက်သာတွဲရင် လိုက်ဖက်တဲ့စုံတွဲလေးဖြစ်မှာတဲ့"
"အို"
"ကဲ ပြော၊ကေသီ့အလှည့်"
"လိုက်ဖက်တဲ့စုံတွဲလေးကို ဘုရားသခင်ကောင်းချီးပေးမှာပါတဲ့"
ကျွန်မ တို့နှစ်ယောက်သား ကြည်နူးစွာ ရယ်မောမိကြသည်။မြနန္ဒာ၏ လက်ကလေးကိုလည်း မလွှတ်တမ်း ကိုင်ထားမိပါသည်။
"မြနန္ဒာ ၊ရေခဲမုန့်စားရအောင်"
"မကြီးမငယ်နဲ့"
"ရေခဲမုန့်စားတာပဲ ငယ်မှစားရမှာလား"
"ကန်တော့ခွက်နဲ့စားတာ ကလေးတွေပဲရှိတယ်"
ကျွန်မ မြနန္ဒာကို ရအောင် ဆွဲခေါ်ခဲ့ပါသည်။တိုက်ခန်းပြန်ရောက်တော့ ကျွန်မတို့လက်ထဲတွင် ရေခဲမုန့်ကိုယ်စီနှင့်။
"မြနန္ဒာ ၊စားလေ ၊မကြိုက်ဘူးလား"
"ရော့၊အခုမှ ကလေးပဲရှိသေးတဲ့ ဆရာဝန်မကြီးပဲ စားလိုက်တော့"
မြနန္ဒာသည် သူ့ရေခဲမုန့်ကို ကျွန်မ ဆီလှမ်းပေးသည်။ ကျွန်မ သူ့ကို စချင်စိတ်ပေါ်လာသည်။ရေခဲမုန့်ပေါ်မှ ခရင်များအား လက်နှင့်ကော်ယူပြီး မြနန္ဒာ၏ နှာခေါင်းထိပ်လေးကို သုတ်လိုက်သည်။
"အို ကေသီ"
ကျွန်မ သူ့ကိုကြည့်၍ ရယ်နေမိသည်။မြနန္ဒာ ကျွန်မပါးကို ပြန်သုတ်သော်လည်း ရှောင်လိုက်၍ မအောင်မြင်လိုက်ပါ။ဖမ်းမမိသည့်အဆုံးတွင် သူလက်လျှော့သွားလေသည်။သူ မောသွား၍ ဆိုဖာပေါ် ထိုင်ချသည်။
"ကျွန်မ ပြန်သုတ်ပေးမယ်"
တစ်သျှူးသွားယူ၍ သုတ်ပေးတော့ မြနန္ဒာ မျက်လုံးမှိတ်ပေးသည်။
"ရပြီ ၊မရှိတော့ဘူး"
မြနန္ဒာ မျက်လုံးပွင့်လာသည်။သူ့မျက်နှာနှင့် ကျွန်မ မျက်နှာ နီးကပ်နေသည်ကို နှစ်ယောက်စလုံးသတိပြုမိကြသည်။
"ကေသီက ဒီအကြံနဲ့ ရေခဲမုန့်ဝယ်တယ်ပေါ့"
မြနန္ဒာ မျက်လွှာချသွားသည်။
ပြီးတော့ လျှင်မြန်စွာပင်သူ့လက်ထဲမှ ခရင်များကို ကျွန်မ၏ ပါး၊နဖူးနှင့်မေးစေ့ပါမကျန် သုတ်လိုက်တော့သည်။ကျွန်မ ဘယ်လိုမှ ရှောင်လို့မရလိုက်တော့ချေ။မြနန္ဒာသည် ကျွန်မကိုကြည့်၍ ရယ်နေတော့သည်။
"မနေ့က မယူလိုက်ရတဲ့ နစ်နာကြေး အခုယူလို့ရလား"
ရုတ်တရက်မို့ မြနန္ဒာ မျက်လုံးဝိုင်းသွားလေသည်။
"မရဘူး၊မနေ့ကတည်းက သက်တမ်းကုန်သွားပြီ"
"ဟင်"
"ပေးတုန်းက မယူဘဲနဲ့ ၊အခုမှ လာပြီးတော့"
"ကဲ ပျော်မနေနဲ့၊မျက်နှာသွားသစ်လိုက်ဦး၊ခနနေရင် စျေးသွားရအောင်"
မြနန္ဒာသည် သူပြောချင်ရာပြောပြီး ပြုံးစိစိလုပ်နေတော့သည်။ ကျွန်မ မှန်ရှေ့သွားပြီး ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်မိသည်။ပြီးတော့ မြနန္ဒာဖက်လှည့်၍ အော်ပြောလိုက်သည်။
"ဒါလား ပျော်နေတဲ့မျက်နှာ"
မြနန္ဒာသည် သဘောကျ၍ ရယ်လေသည်။ကျွန်မကလည်း အဲဒီရယ်သံကိုပင် ရင်ခုန်နေခဲ့ပြန်သည်။
မြနန္ဒာသည် ဆိုဖာပေါ်တွင်ထိုင်၍ တီဗွီလိုင်းများကို တစ်ခုပြီးတစ်ခုပြောင်းနေသည်။ကျွန်မက သူ့ပေါင်ပေါ်တွင် ခေါင်းအုံး၍ လှဲနေရင်း လိုက်ကြည့်နေသည်။
"မြနန္ဒာ၊ရှင် ဘယ်တော့ပြန်မှာလဲဟင်"
"ကေသီက တို့ကို ပြန်စေချင်နေပြီလား"
"မဟုတ်ပါဘူး၊ရှင် ဒီမှာ ဘယ်လောက်ကြာကြာနေ မှာလဲ သိချင်လို့ပါ"
"ကေသီက ဘယ်လောက်ကြာကြာနေစေချင်လဲ"
"ဟိုမှာ အလုပ်တွေကျန်ခဲ့တယ် မဟုတ်လား"
"အလုပ်က အရေးမကြီးပါဘူး၊တို့ပြောပြီးပြီမဟုတ်လား၊စိတ်တည်ငြိမ်ရုံပဲလို့၊ဒါပေမယ့် ထွက်ဖို့ကိစ္စတွေတော့ ကျန်သေးတာပေါ့"
"ထွက်တော့မလို့လား၊ဒါဆို တခြားဝါသနာပါတာတစ်ခုခုလုပ်ပါလား"
"တို့ဒီမှာ နှစ်ပတ်လောက်နေဦးမယ်လေ၊သန္တာ မဂ်လာပွဲမှာလည်း ရှိချင်သေးတယ်"
"ဒါဆို မြနန္ဒာမိဘတွေနဲ့ ပြန်တွေ့ရမှာပေါ့"
"အင်း၊ပိုင်ပိုင့်ကိစ္စနဲ့တော့ တစ်ခေါက်ဆုံသေးတယ်၊ပိုင်ပိုင့်ကို ဒီမှာကျောင်းထားမယ့်စရိတ်ကို သူတို့တာဝန်ယူမယ်တဲ့၊တို့အစက ငြင်းပေမယ့် ပိုင်ပိုင်က ခွင့်ပြုပေးလိုက်ပါဆိုလို့ လက်ခံလိုက်တာ၊တဖြည်းဖြည်းနဲ့ တို့ရင်ထဲမှာ သူတို့ကိုခွင့်လွှတ်နိုင်လာပြီထင်ပါတယ်"
"ကောင်းပါတယ်၊ခွင့်လွှတ်နိုင်လေ အေးချမ်းလေပဲ"
"တကယ်တော့ ပိုင်ပိုင် ဒီမှာကျောင်းတက်ဖြစ်အောင် ဖေဖေနဲ့မေမေဘဲ တိုက်တွန်းခဲ့တာ၊ပိုင်ပိုင်က သွားချင်တယ်ဆိုလို့သာ ခွင့်ပြုလိုက်ရပေမယ့် ပိုင်ပိုင်လေးကို အနားမှာပဲထားချင်သေးတာ၊တစ်ဖက်က တွေးကြည့်ပြန်တော့လည်း ငှက်ကလေးတွေလိုပဲ အတောင်ပံအသစ်လေးတွေနဲ့ ပျံချင်ရှာမှာပဲဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့ရတာပါကွယ်"
သားအမိနှစ်ယောက် ကနေ မြနန္ဒာတစ်ယောက်တည်းဖြစ်သွားခဲ့တာပဲလေ။သူ တော်တော် အားတင်းခဲ့ရမှာ။
"ဒါပေမယ့် သိလား၊တို့လေ ကေသီနဲ့ပြန်ဆုံပြီး ဒီလိုအခြေအနေအထိရောက်ခဲ့တာကိုပဲ ကျေနပ်ခဲ့တယ်"
ကျွန်မ နှလုံးသားသည် အရည်ပျော်ကျလုမတတ် ဖြစ်သွားရပါသည်။
"မြနန္ဒာရယ်"
ကျွန်မ ထိုင်လိုက်ပြီး သူ့လက်ထဲမှ ရိမုဒ်ကို ယူ၍ တီဗွီ ပိတ်လိုက်သည်။မြနန္ဒာသည် ကျွန်မဖက်လှည့်လာသည်။သူ့မျက်ဝန်းတွေ မှာ မျက်ရည်လား ၊ကြည်နူးလို့ဖြစ်လာတဲ့ အရည်ကြည်ကလေးတွေကြောင့် လဲ့နေတာလား ကျွန်မ ခွဲခြားမနေချင်တော့ပါ။
Zawgyi
ကုတင္ေပၚမွ အိပ္ယာခင္းကို ေအာက္ခ်ကာ ခင္း၍ ႏွစ္ေယာက္စလုံးအိပ္ၾကသည္။
"ခ်စ္တယ္ေနာ္ ေကသီ"
ျမနႏၵာသည္ ကြၽန္မ ၾကားခ်င္ေနေသာ စကားကို အိပ္ေပ်ာ္ခါနီး ေမွးခနဲျဖစ္ေနေသာ အခ်ိန္မွာမွ တိုးတိုးေလးကပ္ေျပာေလသည္။ကြၽန္မကလည္း ရွင္းရွင္းလင္းလင္းပင္ ၾကားလိုက္ရသည္။
"ဟင္ ျမနႏၵာ၊ဘာေျပာလိုက္တာလဲ"
တျဖည္းျဖည္းလႈပ္ရွားလာသည့္ကြၽန္မ၏ ေခါင္းကို ျမနႏၵာသည္ သူ႕လက္တစ္ဖက္ျဖင့္ အသာအယာျပန္ဖိထားသည္။ကြၽန္မ၏ေခါင္းသည္ ေခါင္းအုံးႏွင့္ျပန္ကပ္သြားေလသည္။ကြၽန္မကလည္း ျမနႏၵာ၏ ေမးေစ့ကေလးကို ရေအာင္နမ္းလိုက္ေလသည္။
"ေကသီေနာ္၊အခြင့္ေကာင္းမယူနဲ႕"
"အို ၊ကြၽန္မကပဲ အၿမဲအခြင့္ေကာင္းယူခံရတာပါေနာ္"
"အို သူကပဲေျပာရတယ္ရွိေသးတယ္၊ဘယ္တုန္းကလဲ"
ျမနႏၵာ ထထိုင္ေလသည္။
"ရန္ကုန္မွာတုန္းကေလ၊ျမနႏၵာပဲ Good Night ဆိုၿပီး သူမ်ားပါးကို လာလာနမ္းတာေလ၊ဒီက ျပန္တုန္းကလည္း နဖူးနမ္းသြားေသးတယ္၊အရက္မူးတုန္းကလည္း ကိုေအာင္နဲ႕မွားၿပီးေတာ့ အနမ္းခံလိုက္ရေသးတယ္၊ကြၽန္မကမွ နစ္နာသူအစစ္ပါေနာ္"
ျမနႏၵာသည္ ဘာမွျပန္မေျပာနိုင္ဘဲ အံ့ၾသေနေလသည္။သူ႕ကိုၾကည့္၍ ရယ္ခ်င္လာေသာ္လည္း ေအာင့္ထားရသည္။
"မင္းက နစ္နာတယ္ေပါ့ ဟုတ္လား၊ကဲ အဲ့ဆို၊နစ္နာသူႀကီးကို အေလ်ာ္ျပန္ေပးမယ္၊ေရာ့"
ျမနႏၵာသည္ မ်က္လုံးမွိတ္ၿပီး သူ႕မ်က္ႏွာကို ေမာ့ထားေပးေလသည္။ကြၽန္မ အသံထြက္ရယ္မိေတာ့သည္။
"ဘာရယ္တာလဲ၊နစ္နာေၾကးမယူဘူးလား"
"မယူပါဘူး ျမနႏၵာရယ္၊ကြၽန္မက စတာပါ၊ခုနက ပုံစံေလးကို အသည္းယားလိုက္တာ၊အခ်စ္နဲ႕ထိေတြ႕ရင္ လူတိုင္း ႐ူးတာပဲေနာ္၊ကြၽန္မလည္း ႐ူးေနၿပီ"
"တို႔ေတာ့ မ႐ူးပါဘူး၊ေကသီပဲ႐ူး၊အိပ္ခ်င္ေနၿပီကြယ္၊အိပ္ရေအာင္ေနာ္"
ေနာက္တစ္ေန႕တြင္ ကြၽန္မတို႔ ပိုင္ပိုင္ဆီ သြားၾကသည္။ ပိုင္ပိုင္လည္း ျမနႏၵာေရာက္ေနတာ မသိေသး။ျမနႏၵာက ဖုန္းဆက္ေျပာခ်င္ေသာ္လည္း ကြၽန္မက မေျပာနဲ႕ဟု တားထားလိုက္သည္။အံ့ၾသသြားမည့္ ပိုင္ပိုင့္ကို ျမင္ခ်င္ေသးသည္။
ပိုင္ပိုင္သည္ တကယ္ပင္ ပါးစပ္အေဟာင္းသားျဖစ္ေနေတာ့သည္။ပိုင္ပိုင္သည္ ပိတ္ရက္မွ သင္ဇာႏွင့္အတူ လာခဲ့မည္တဲ့။
"မမေကသီေနာ္ ၊ပိုင္ပိုင့္ကို ႀကိဳမေျပာဘူး"
ပိုင္ပိုင္သည္ ႏႈတ္ခမ္းစူ၍ ကြၽန္မကို မ်က္ေစာင္းထိုးေလသည္။
"မမလည္း မသိရပါဘူးပိုင္ပိုင္ရယ္၊မယုံရင္ မင္းေမေမ ေမးၾကည့္"
"ေမေမလည္း မေကာင္းဘူး"
ပိုင္ပိုင္သည္ ျမနႏၵာကိုပါ မ်က္ေစာင္းထိုးေနေတာ့သည္။
ျမနႏၵာကမူ မ်က္လႊာခ်၍ ၿပဳံးေနသည္။သူ အေနရခက္ေနသလားမသိဘူး။
"ပိုင္ပိုင္၊ ေမေမနဲ႕ ႏွစ္ေယာက္တည္း ခနစကားေျပာရေအာင္"
စကားေျပာ၍ ၿပီးၿပီထင္ပါသည္။ပိုင္ပိုင္ သည္ ကြၽန္မကို ႏႈတ္ဆက္၍ အေဆာင္ေပၚတက္သြားသည္။
အျပန္ ကားေပၚတြင္ ျမနႏၵာ ႏႈတ္ဆိတ္ေနသည္။ ကြၽန္မ ျမနႏၵာ၏ လက္ကေလးကိုသာ ဆုပ္ထားေပးလိုက္သည္။ျမနႏၵာသည္ ကြၽန္မဖက္လွည့္၍ ၿပဳံးျပသည္။ၿပီးေတာ့ ကြၽန္မပုခုံးေပၚ ေခါင္းမွီခ်လိဳက္သည္။
"ပိုင္ပိုင့္ကို တို႔ေတြအေၾကာင္း ေျပာျပလိုက္တယ္"
သူ အခုလို ေစာေစာစီးစီး ေျပာျပမည္ဟု မထင္ထားခဲ့။
"ပိုင္ပိုင္က သေဘာမတူဘူးေျပာလိုက္လို႔လား"
"မဟုတ္ဘူး၊တျခားသူနဲ႕သာ သေဘာတူခ်င္မွတူမွာ ေကသီနဲ႕ဆို သေဘာတူပါတယ္တဲ့"
"အခုက ပိုင္ပိုင္နဲ႕ စကားမ်ားခဲ့ေသးလား၊မ်က္ႏွာမေကာင္းလို႔ပါ"
"စကားမမ်ားပါဘူးကြယ္၊ပိုင္ပိုင္က ေကသီ့အေၾကာင္းေတြေတာင္ ႂကြားလိုက္ေသးတယ္"
"ဒါဆိုဘာလို႔ မ်က္ႏွာမေကာင္းတာလဲဟင္"
"တို႔စိတ္ထဲတစ္မ်ိဳးပဲ၊ဘာကိုဝမ္းနည္းမွန္းမသိ ဝမ္းနည္းေနတယ္"
"ပိုင္ပိုင္ တစ္ေယာက္တည္းျဖစ္မွာ၊ရွင့္အေပၚ အရင္လိုမဟုတ္ေတာ့မွာကို စိုးရိမ္ေနတာျဖစ္မွာပါ၊ ကြၽန္မေလ ရွင့္ကိုခ်စ္တယ္ဆိုေပမယ့္ ေလာဘမႀကီးပါဘူး၊ပိုင္ပိုင္နဲ႕ ရွင့္ကိုအဲလိုမ်ိဳးေတြ မျဖစ္ေစခ်င္ဘူး"
"တို႔ အေတြးလြန္တာျဖစ္မွာပါ၊ေအာ္ပရာ ဝင္ၾကည့္ရေအာင္ ေကသီ"
ျမနႏၵာသည္ ကားေပၚမွေန၍ ဟိုတစ္ခါၾကည့္ခဲ့သည့္ ျပဇာတ္႐ုံကို လွမ္းျမင္ေလသည္။အငွားကားေပၚမွ ဆင္းကာ လက္မွတ္ဝယ္ၾကသည္။ပိတ္ရက္မဟုတ္၍ လူသိပ္မရွိေခ်။
ျပဇာတ္႐ုံမွ ထြက္လာသည့္အခါ ဟိုတစ္ခါကအတိုင္း လမ္းေရွ႕တြင္ ပီယာနိုးတီးေနသည့္လူကို ေတြ႕ရျပန္သည္။ကြၽန္မႏွင့္ ျမနႏၵာသည္ မတိုင္ပင္ထားဘဲ အတူရပ္ၾကည့္ေနမိၾကသည္။ ပီယာနိုတီးေနသည့္လူ႐ြယ္သည္ ကြၽန္မတို႔ႏွစ္ေယာက္ကို မွတ္မိ၍လားမသိ ၿပဳံးျပသည္။သီခ်င္းဆုံးသြားေသာ္ ျမနႏၵာသည္ အေႂကြေစ့သြားထည့္ျပန္သည္။
"ေပး ျမနႏၵာ၊ဒီတစ္ခါ ကြၽန္မသြားထည့္မယ္"
ကြၽန္မ သူ႕ဆီက အေႂကြေစ့ကို ျပန္ယူလိုက္သည္။
ကြၽန္မ ထင္ထားသည့္အတိုင္း ထိုလူသည္ ကြၽန္မအနားကပ္၍ ေျပာေလသည္။
"မင္းတို႔ႏွစ္ေယာက္ဟာ သိပ္ကိုလိုက္ဖက္တဲ့စုံတြဲပဲ၊ဘုရားသခင္ေကာင္းခ်ီးေပးမွာပါ"
ကြၽန္မ သေဘာက်၍ ၿပဳံးမိသည္။
"ေက်းဇူးတင္ပါတယ္ရွင္"
ကြၽန္မတို႔ လမ္းေလွ်ာက္ျပန္လာခဲ့ၾကသည္။
"ေကသီ့ကို ဘာေတြေျပာလိုက္လို႔ သေဘာက်လာသလဲဟင္"
"ျမနႏၵာ သိခ်င္လို႔လား"
"အင္း"
"ဒါဆို အရင္တစ္ေခါက္က ရွင့္ကိုဘာေျပာလိုက္တာလဲ ျပန္ေျပာျပရမယ္"
"အဲဒါကေမ့သြားၿပီ"
"ဟင္"
"စတာပါ၊တစ္ေယာက္ကိုတစ္ေယာက္ခ်စ္တယ္လို႔ေျပာၿပီးၾကၿပီလား၊ တို႔ႏွစ္ေယာက္သာတြဲရင္ လိုက္ဖက္တဲ့စုံတြဲေလးျဖစ္မွာတဲ့"
"အို"
"ကဲ ေျပာ၊ေကသီ့အလွည့္"
"လိုက္ဖက္တဲ့စုံတြဲေလးကို ဘုရားသခင္ေကာင္းခ်ီးေပးမွာပါတဲ့"
ကြၽန္မ တို႔ႏွစ္ေယာက္သား ၾကည္ႏူးစြာ ရယ္ေမာမိၾကသည္။ျမနႏၵာ၏ လက္ကေလးကိုလည္း မလႊတ္တမ္း ကိုင္ထားမိပါသည္။
"ျမနႏၵာ ၊ေရခဲမုန့္စားရေအာင္"
"မႀကီးမငယ္နဲ႕"
"ေရခဲမုန့္စားတာပဲ ငယ္မွစားရမွာလား"
"ကန္ေတာ့ခြက္နဲ႕စားတာ ကေလးေတြပဲရွိတယ္"
ကြၽန္မ ျမနႏၵာကို ရေအာင္ ဆြဲေခၚခဲ့ပါသည္။တိုက္ခန္းျပန္ေရာက္ေတာ့ ကြၽန္မတို႔လက္ထဲတြင္ ေရခဲမုန့္ကိုယ္စီႏွင့္။
"ျမနႏၵာ ၊စားေလ ၊မႀကိဳက္ဘူးလား"
"ေရာ့၊အခုမွ ကေလးပဲရွိေသးတဲ့ ဆရာဝန္မႀကီးပဲ စားလိုက္ေတာ့"
ျမနႏၵာသည္ သူ႕ေရခဲမုန့္ကို ကြၽန္မ ဆီလွမ္းေပးသည္။ ကြၽန္မ သူ႕ကို စခ်င္စိတ္ေပၚလာသည္။ေရခဲမုန့္ေပၚမွ ခရင္မ်ားအား လက္ႏွင့္ေကာ္ယူၿပီး ျမနႏၵာ၏ ႏွာေခါင္းထိပ္ေလးကို သုတ္လိုက္သည္။
"အို ေကသီ"
ကြၽန္မ သူ႕ကိုၾကည့္၍ ရယ္ေနမိသည္။ျမနႏၵာ ကြၽန္မပါးကို ျပန္သုတ္ေသာ္လည္း ေရွာင္လိုက္၍ မေအာင္ျမင္လိုက္ပါ။ဖမ္းမမိသည့္အဆုံးတြင္ သူလက္ေလွ်ာ့သြားေလသည္။သူ ေမာသြား၍ ဆိုဖာေပၚ ထိုင္ခ်သည္။
"ကြၽန္မ ျပန္သုတ္ေပးမယ္"
တစ္သ်ႉးသြားယူ၍ သုတ္ေပးေတာ့ ျမနႏၵာ မ်က္လုံးမွိတ္ေပးသည္။
"ရၿပီ ၊မရွိေတာ့ဘူး"
ျမနႏၵာ မ်က္လုံးပြင့္လာသည္။သူ႕မ်က္ႏွာႏွင့္ ကြၽန္မ မ်က္ႏွာ နီးကပ္ေနသည္ကို ႏွစ္ေယာက္စလုံးသတိျပဳမိၾကသည္။
"ေကသီက ဒီအႀကံနဲ႕ ေရခဲမုန့္ဝယ္တယ္ေပါ့"
ျမနႏၵာ မ်က္လႊာခ်သြားသည္။
ၿပီးေတာ့ လွ်င္ျမန္စြာပင္သူ႕လက္ထဲမွ ခရင္မ်ားကို ကြၽန္မ၏ ပါး၊နဖူးႏွင့္ေမးေစ့ပါမက်န္ သုတ္လိုက္ေတာ့သည္။ကြၽန္မ ဘယ္လိုမွ ေရွာင္လို႔မရလိုက္ေတာ့ေခ်။ျမနႏၵာသည္ ကြၽန္မကိုၾကည့္၍ ရယ္ေနေတာ့သည္။
"မေန႕က မယူလိုက္ရတဲ့ နစ္နာေၾကး အခုယူလို႔ရလား"
႐ုတ္တရက္မို႔ ျမနႏၵာ မ်က္လုံးဝိုင္းသြားေလသည္။
"မရဘူး၊မေန႕ကတည္းက သက္တမ္းကုန္သြားၿပီ"
"ဟင္"
"ေပးတုန္းက မယူဘဲနဲ႕ ၊အခုမွ လာၿပီးေတာ့"
"ကဲ ေပ်ာ္မေနနဲ႕၊မ်က္ႏွာသြားသစ္လိုက္ဦး၊ခနေနရင္ ေစ်းသြားရေအာင္"
ျမနႏၵာသည္ သူေျပာခ်င္ရာေျပာၿပီး ၿပဳံးစိစိလုပ္ေနေတာ့သည္။ ကြၽန္မ မွန္ေရွ႕သြားၿပီး ကိုယ့္မ်က္ႏွာကိုယ္ျပန္ၾကည့္မိသည္။ၿပီးေတာ့ ျမနႏၵာဖက္လွည့္၍ ေအာ္ေျပာလိုက္သည္။
"ဒါလား ေပ်ာ္ေနတဲ့မ်က္ႏွာ"
ျမနႏၵာသည္ သေဘာက်၍ ရယ္ေလသည္။ကြၽန္မကလည္း အဲဒီရယ္သံကိုပင္ ရင္ခုန္ေနခဲ့ျပန္သည္။
ျမနႏၵာသည္ ဆိုဖာေပၚတြင္ထိုင္၍ တီဗြီလိုင္းမ်ားကို တစ္ခုၿပီးတစ္ခုေျပာင္းေနသည္။ကြၽန္မက သူ႕ေပါင္ေပၚတြင္ ေခါင္းအုံး၍ လွဲေနရင္း လိုက္ၾကည့္ေနသည္။
"ျမနႏၵာ၊ရွင္ ဘယ္ေတာ့ျပန္မွာလဲဟင္"
"ေကသီက တို႔ကို ျပန္ေစခ်င္ေနၿပီလား"
"မဟုတ္ပါဘူး၊ရွင္ ဒီမွာ ဘယ္ေလာက္ၾကာၾကာေန မွာလဲ သိခ်င္လို႔ပါ"
"ေကသီက ဘယ္ေလာက္ၾကာၾကာေနေစခ်င္လဲ"
"ဟိုမွာ အလုပ္ေတြက်န္ခဲ့တယ္ မဟုတ္လား"
"အလုပ္က အေရးမႀကီးပါဘူး၊တို႔ေျပာၿပီးၿပီမဟုတ္လား၊စိတ္တည္ၿငိမ္႐ုံပဲလို႔၊ဒါေပမယ့္ ထြက္ဖို႔ကိစၥေတြေတာ့ က်န္ေသးတာေပါ့"
"ထြက္ေတာ့မလို႔လား၊ဒါဆို တျခားဝါသနာပါတာတစ္ခုခုလုပ္ပါလား"
"တို႔ဒီမွာ ႏွစ္ပတ္ေလာက္ေနဦးမယ္ေလ၊သႏၱာ မဂ္လာပြဲမွာလည္း ရွိခ်င္ေသးတယ္"
"ဒါဆို ျမနႏၵာမိဘေတြနဲ႕ ျပန္ေတြ႕ရမွာေပါ့"
"အင္း၊ပိုင္ပိုင့္ကိစၥနဲ႕ေတာ့ တစ္ေခါက္ဆုံေသးတယ္၊ပိုင္ပိုင့္ကို ဒီမွာေက်ာင္းထားမယ့္စရိတ္ကို သူတို႔တာဝန္ယူမယ္တဲ့၊တို႔အစက ျငင္းေပမယ့္ ပိုင္ပိုင္က ခြင့္ျပဳေပးလိုက္ပါဆိုလို႔ လက္ခံလိုက္တာ၊တျဖည္းျဖည္းနဲ႕ တို႔ရင္ထဲမွာ သူတို႔ကိုခြင့္လႊတ္နိုင္လာၿပီထင္ပါတယ္"
"ေကာင္းပါတယ္၊ခြင့္လႊတ္နိုင္ေလ ေအးခ်မ္းေလပဲ"
"တကယ္ေတာ့ ပိုင္ပိုင္ ဒီမွာေက်ာင္းတက္ျဖစ္ေအာင္ ေဖေဖနဲ႕ေမေမဘဲ တိုက္တြန္းခဲ့တာ၊ပိုင္ပိုင္က သြားခ်င္တယ္ဆိုလို႔သာ ခြင့္ျပဳလိုက္ရေပမယ့္ ပိုင္ပိုင္ေလးကို အနားမွာပဲထားခ်င္ေသးတာ၊တစ္ဖက္က ေတြးၾကည့္ျပန္ေတာ့လည္း ငွက္ကေလးေတြလိုပဲ အေတာင္ပံအသစ္ေလးေတြနဲ႕ ပ်ံခ်င္ရွာမွာပဲဆိုတဲ့စိတ္နဲ႕ ေျဖသိမ့္ခဲ့ရတာပါကြယ္"
သားအမိႏွစ္ေယာက္ ကေန ျမနႏၵာတစ္ေယာက္တည္းျဖစ္သြားခဲ့တာပဲေလ။သူ ေတာ္ေတာ္ အားတင္းခဲ့ရမွာ။
"ဒါေပမယ့္ သိလား၊တို႔ေလ ေကသီနဲ႕ျပန္ဆုံၿပီး ဒီလိုအေျခအေနအထိေရာက္ခဲ့တာကိုပဲ ေက်နပ္ခဲ့တယ္"
ကြၽန္မ ႏွလုံးသားသည္ အရည္ေပ်ာ္က်လဳမတတ္ ျဖစ္သြားရပါသည္။
"ျမနႏၵာရယ္"
ကြၽန္မ ထိုင္လိုက္ၿပီး သူ႕လက္ထဲမွ ရိမုဒ္ကို ယူ၍ တီဗြီ ပိတ္လိုက္သည္။ျမနႏၵာသည္ ကြၽန္မဖက္လွည့္လာသည္။သူ႕မ်က္ဝန္းေတြ မွာ မ်က္ရည္လား ၊ၾကည္ႏူးလို႔ျဖစ္လာတဲ့ အရည္ၾကည္ကေလးေတြေၾကာင့္ လဲ့ေနတာလား ကြၽန္မ ခြဲျခားမေနခ်င္ေတာ့ပါ။