"အဲ့တော့ငါ့ကိုညတိုင်းတိုက်နေကျဆေးတွေကနတ်ရင်သွေးဆေးတွေပေါ့လေ"
ကုတင်အောက်မှာဒူးထောက်နေကြတဲ့လူငယ်ငါးယောက်ကအချင်းချင်းကြည့်လိုက်ပေမယ့်ဘာမှမပြောရဲကြချေ။
"အကုန်ထွက်သွားကြစမ်း!"
နန်းတော်တစ်ခုလုံးအမှားနည်းနည်းမှမလုပ်ရဲကြချေ။သူတို့အရှင်မင်းကြီးကအလွန်အမင်းဒေါသထွက်နေတယ်မဟုတ်လား။
ပန်ဒိုရာတစ်ဝေါဝေါနှင့်ရှိသမျှအစာ,အကုန်အန်ချပြီးနောက်မှာတော့အိပ်ယာပေါ်လဲချလိုက်သည်။လူကမအီမသာနှင့်ဘာမှမလုပ်ချင်မကိုင်ချင်။စားချင်သောက်ချင်စိတ်ကမရှိ။
သမားတော်မှာလည်းမျက်နှာပျက်ကာဘာလုပ်ရမှန်းမသိချေ။
"ဘာကြောင်ကြည့်နေတာလဲကလေးကိုဖျက်ချလိုက်လို့ပြောနေတာလေ"
"အရှင်..အရှင်ပြန်လည်စဥ်းစားပေးတော်မူပါကျွန်တော်မျိုးကတော်ဝင်သွေးကို..မထိ..မထိဝံ့ပါဘူး"
မထိဝံ့တာမဟုတ်ဘူးသူစဥ်းတောင်မစဥ်းစားရဲတာ။
"ငါကိုယ်တော်,ကိုယ်တိုင်ခိုင်းနေတာမဟုတ်ဘူးလားသမားတော်ကြီးရဲ့မိသားစုဝင်တွေကိုမသနားဘူးလားကိုယ်တော်သူတို့ကိုမသတ်ပြစ်ဘူးလို့ထင်နေတာလား"
"ခွင့်လွှတ်ပေးပါ..ဒီအပြစ်သားကိုခွင့်လွှတ်ပေးပါ"
သမားတော်ကြီးကနဖူးနဲ့ကြမ်းပြင်ထိအောင်ဝပ်တွားပြီးတောင်းပန်လိုက်သည်။
ထိုချိန်တွင်တံခါးဖွင့်ခံလိုက်ရပြီးနေသွေးမဂ္ဂကအငွေ့ထောင်းထောင်းထနေသောဆန်ပြုတ်ပန်ကန်ကိုကိုင်ပြီးဝင်လာခဲ့သည်။
"ဟမ့်!ငါ့အခန်းထဲကိုဝင်ဖို့ခွင့်ပြုချက်တောင်မလိုတော့ဘူးအပြင်ကအမှုထမ်းတွေကငါ့အမှုထမ်းတောင်ဟုတ်သေးရဲ့လား"
"အရှင်စိတ်မဆိုးတော့လို့မရဘူးလား"
"ဟမ့်!မင်းကဘာမလို့ငါ့ကိုဒီလိုပြောရဲရတာလဲဟက်!ပြောရဲမှာပဲလေဘုရင်တစ်ပါးကိုတောင်ကိုယ်ဝန်ဆောင်ခိုင်းခဲ့တဲ့လူတွေမလား"
ပန်ဒိုရာက,ဒေါသထွက်ထွက်နှင့်နေသွေးမဂ္ဂလက်ထဲကဆန်ပြုတ်ဗန်းကိုဆွဲလှန်ပြစ်လိုက်တော့ဆန်ပြုပူပူတွေကနေသွေးမဂ္ဂရဲ့လက်နှင့်ခန္တာကိုယ်အနှံ့အပြားပေါ်ဖိတ်စင်သွားသည်။
အသားဖြူသောလက်များကချက်ချင်းအနီရောင်သမ်းလာပြီးအတော်ကိုပူလောင်နေပုံပင်။
ပန်ဒိုရာတံတွေးမြိုချမိလိုက်သည်။ထိုမျှအထိဖြစ်သွားဖို့တော့သူမမျှော်လင့်ထားမိ။သူအလျှင်အမြန်ပင်ဆန်ပြုတ်ပူတွေကိုသုတ်ပြစ်ဖို့ပြင်ပေမယ့်နေသွေးမဂ္ဂကရှောင်ဖယ်လိုက်သည်။
"တောင်းပန်ပါတယ်,အရှင်စိတ်ဆိုးဖို့ထိကျွန်တော်မျိုးတို့မမျှော်လင့်ခဲ့ပါဘူးကျွန်တော်တို့ထင်မိခဲ့တာကကျွန်တော်မျိုးတို့ရင်သွေးကိုအရှင်ကသေချာပေါက်......သမားတော်ကြီးအခုချက်ချင်းထပြီးအရှင်လွယ်ထားတဲ့ကလေးကိုသတ်ပြစ်လိုက်ပါ"
အလန့်တကြားနှင့်မော့ကြည့်လာသောသမားတော်နှင့်နေသွေးမဂ္ဂတို့မျက်လုံးချင်းဆုံမိသွားကြသည်။
ထိုနောက်နေသွေးမဂ္ဂကနန်းဆောင်ရဲ့အပြင်ဘက်ကိုထွက်ဖို့ပြင်နေတော့ပန်ဒိုရာပြာပြာသလဲဖြစ်သွားကာ
"နေသွေး!"
"ဟုတ်ကဲ့အရှင့်"
"ငါရေဆာတယ်"
"အရှင့်ရဲ့အစေခံကိုကျွန်တော်မျိုးပြောပြလိုက်ပါ့မယ်"
"မ..မဟုတ်ဘူးမင်းယူလာတဲ့ဆန်ပြုတ်လေးကအရမ်းမွှေးတာပဲငါ..ငါသောက်ချင်တယ်"
"ဒါကရင်သွေးလွယ်ထားတဲ့မိခင်တွေအတွက်အားဖြည့်ဆန်ပြုတ်ပါအရှင်အတွက်မလိုပါဘူး"
"နေသွေးမဂ္ဂပြန်လာခဲ့စမ်း!"
နေသွေးမဂ္ဂကသူ့စကားကိုနားမထောင်ပဲထွက်သွားခဲ့ပြီးပန်ဒိုရာမှာတော့ဒေါသကြောင့်အသက်ကိုပင်မနည်းရူနေခဲ့ရသည်။
သမားတော်ဆေးလုံးလေးတွေကိုရိုရိုသေသေထုတ်ပေးလိုက်ကာ
"တစ်ညတစ်လုံးမှန်မှန်သောက်ပေးမယ်ဆိုအရှင့်ရဲ့ကလေး..အမ်!သူတို့..ဘာပဲဖြစ်ဖြစ်အရှင့်သဘောအတိုင်းပါပဲ"
သမားတော်ထွက်သွားပြီးနောက်ပန်ဒိုရာငေးငိုင်ကာကျန်ရစ်ခဲ့သည်။သူ့ချစ်သူတွေနဲ့သူ့ရဲ့ကလေးတွေ...။မှတ်ဉာဏ်တွေပြန်ရလာပြီးနောက်မှာတော့ဒီခေတ်ရဲ့နေထိုင်မှုအကြောင်းသူအကုန်သိနေခဲ့လေပြီ။ဒီခေတ်မှာယောကျ်ားတွေကနတ်ရင်သွေးဆေးကိုသောက်ပြီးကလေးမွေးဖွားလို့ရလေသည်။ကုန်းကုန်းကသူ့ကိုဒီနည်းအတိုင်းမွေးခဲ့တာပင်။ပန်ဒိုရာ,ဖြစ်နိုင်သောနည်းမျိုးစုံကိုတွေးကြည့်ခဲ့ပေမယ့်ဒီနည်းလမ်းတော့မပါဝင်ပေ။
ခေတ်သစ်မှာနေထိုင်ခဲ့ရသူဖြစ်တဲ့အတွက်ဒါကြီးကလက်ခံနိုင်ဖို့အတော်ခက်ခဲလွန်းလှသည်။ယောကျ်ားတစ်ယောက်ကကိုယ်ဝန်ဆောင်တယ်.....။
ပန်ဒိုရာခေါင်းကိုအဆက်မပြတ်ခါရမ်းလိုက်သည်။
"တရားသူကြီး,အခစားဝင်လာပါတယ်"
ပန်ဒိုရာကိုယ်လေးမတ်သွားသည်။သူ့ချစ်သူတွေလာရင်အော်ကြီးဟစ်ကျယ်မလုပ်ပဲကြိုက်သလိုဝင်ထွက်စေဖို့ခွင့်ပြုပြီးသားပင်။
"သတိုးလာ..လာ..ငါကိုယ်တော်ကပုခုံးတွေအရမ်းနာနေတာနေရတာလည်းသက်တောင့်သက်သာမရှိဘူးငါ့ကိုလာကြည့်ပေးပါအုန်း"
သတိုးကစာရွက်တွဲတစ်ခုကိုရိုရိုသေသေဆက်သလိုက်ပြီး
"ဒီတံတားတည်ဆောက်မှုကိုအရှင်ဘယ်လိုထင်ပါသလဲကျွန်တော်မျိုးကန့်သတ်ချက်ဥပဒေထည့်သင့်လားဆိုတာအရှင်ဆုံးဖြတ်ပေးပါအုန်း"
ပန်ဒိုရာကထိုစာရွက်များကိုဘေးတို့တွန်းလိုက်ပြီး
"အဲ့တာအရေးမကြီးပါဘူး..သတိုးငါနေရခက်တယ်လို့!"
"အရှင်ဗိုက်ထဲကကျွန်တော်မျိုးတို့ရဲ့ကလေးကိုသတ်ပြစ်လိုက်ပါဒါဆိုအဆင်ပြေသွားပါလိမ့်မယ်..မနက်ဖြန်ကျဆုံးဖြတ်ချက်လာယူပါ့မယ်"
"သတိုး..သတိုး"
ပန်ဒိုရာဒီရက်ပိုင်းလွန်စွာမှအထီးကျန်နေခဲ့သည်။သူ့မှာလက်ထပ်ထားတဲ့ချစ်ရသူငါးယောက်ရှိပေမယ့်ဘယ်သူကမှသူ့ကိုတကယ်မချစ်ကြ။သူလွှမ်းလွန်းလို့တစ်ယောက်ချင်းစီလိုက်တွေ့ပေမယ့်အကုန်လုံးကအကြောင်းအမျိုးမျိုးပြပြီးသူ့ကိုရှောင်ဖယ်သွားကြသည်။
ထိုလူတွေကတူညီသောစကားကိုသာထပ်သလဲလဲပြောခဲ့ကြသည်။
"ရင်းသွေးလေးကိုအရှင်သတ်လိုက်တာ"
ပန်ဒိုရာဆေးလုံးများကိုရေတွက်လိုက်တော့၁၀တိတိ။သမားတော်ပေးခဲ့တဲ့အတိုင်းတစ်လုံးမှမလျှော့သေးပေ။ထိုဆေးများကိုအံဆွဲထဲထည်လိုက်ပြီးအိပ်စက်ဖို့ပြင်လိုက်သည်။
ထွေးပွေ့ခြင်းမခံရတဲ့ညတွေကအေးစက်လိုက်တာ။
ပန်ဒိုရာအချိန်အကြာကြီးအတွေးလွန်နေခဲ့တာကြောင့်မိုးလင်းခါနီးတော့မှအိပ်ပျော်သွားခဲ့သည်။
ကလေးငိုသံများကြောင့်ပန်ဒိုရာအလန့်တကြားမျက်လုံးဖွင့်ကြည့်လိုက်တော့သူ့အမြဲတမ်းမက်လေ့ရှိသောအိမ်မက်ထဲက,ကလေးသုံးယောက်။
"မင်းတို့ဒီမှာဘာလုပ်နေကြတာလဲ"
"ခမည်းတော်!"
"ဟမ်!"
"ခမည်းတော်ဘာလိုသားတို့ကိုမလိုချင်ရတာလဲ..ဘာလို့သားတို့ကိုသတ်ပြစ်ချင်ရတာလဲ"
"ငါ...ငါ"
"ခမည်းတော်ရဲ့ကလေးလေးဖြစ်ရဖို့သားတော်တို့ကအကြာကြီးစောင့်ခဲ့ရတာကိုခမည်းတော်ကရက်စက်တယ်..ရက်စက်တယ်...ရက်စက်တယ်"
"မဟုတ်ဘူး!"
ပန်ဒိုရာအလန့်တကြားထထိုင်လိုက်တော့သူ့ချစ်သူငါးယောက်ကစိတ်ပူနေသောမျက်လုံးများနှင့်ဝိုင်းကြည့်နေတာကိုတွေ့လိုက်ရလေသည်။
______________________________________
614❤️
koreaမှာကျောင်းတက်ဖို့စီစဥ်နေတာလူတောင်ရူးချင်တယ်ယားလို့တောင်မကုတ်အားတဲ့အပြင်စိတ်ရောလူရောပင်ပန်းလိုက်တာ...
ဒါကြောင့်Updateမလုပ်နိုင်တာပါနော်စိတ်မရှိကြပါနဲ့နောက်တစ်ပိုင်းဆိုပြီးပါပြီမြန်မြန်ကြီးအဆုံးသတ်လိုက်သလိုဖြစ်သွားရင်စိတ်မရှိကြပါနဲ့နော်နောက်တစ်ခါသေချာရေးပေးပါ့မယ်'မင်းမြတ်မဟာ'အတွက်EXTRAသေးသေးလေးလဲထည့်ပေးပါ့မယ်❤️
______________________________________