" နောက်ဆုံးတော့ အိမ်ကိုပြန်ရောက်လာတာအန်ကယ်၀မ်းသာပါတယ် "
ဂျီမင်ရဲ့ပုခုံးကို အန်ကယ်က ပုတ်ကာပြောလိုက်လေသည် ။ ဘေးနားက ကင်မ်ထယ်ယောင်းကတော့ သူနဲ့အန်ကယ်ကိုထားခဲ့ကာ အခန်းထဲ၀င်သွားလေသည်။အန်ကယ်က ကင်မ်ထယ်ယောင်းကို လိုက်ကြည့်ရင်း
" ဒီကောင်အချိုးက နည်းနည်းလေးမှ မပြောင်းဘူး "
" အန်ကယ်ရော အဆင်ပြေလား ?"
" အိမ်ထိန်းက ဂျီမင်လောက်လက်ရာမကောင်းတော့ မနက်စာစားတိုင်း၊ နေ့လယ်စာစားတိုင်း ၊ ညစာစားတိုင်းတော့ သတိရမိပါတယ် "
" ကျွန်တော်ဒီနေ့ ချက်ကျွေးပါ့မယ် "
" ရပါတယ် ၊ အရင်နား ...အန်ကယ်က ဒီအတိုင်းပြောလိုက်တာ စိတ်ထဲမထားနဲ့ ကဲ ..၀င်ပြီးနားတော့ "
" ဟုတ်ကဲ့ "
ဂျီမင်သည် ကင်မ်ဟိုယောင်းကို နှုတ်ဆက်ကာ အခန်းထဲကို ၀င်ခဲ့လေသည်။ အခန်းထဲမှာ ပြောင်းလဲသွားတာဆိုလို့ ဘာမှရှိမနေပေ ။ ကင်မ်ထယ်ယောင်းကတော့ အခန်းထဲရောက်ပြီးတာနဲ့ MacBook တစ်ခုနဲ့ အလုပ်ရှုပ်နေလေသည် ။
" ညကျအရင်သွားစရာရှိတယ် "
" ဘာလဲ ?"
" ရောက်ရင်ပြောပြမယ် "
"...."
လျို့လျို့ဝှက်ဝှက်နဲ့ မပြောပြရလောက်အောင် ဘယ်ကိုသွားမှာမို့လို့လဲ ? ။ ဒီအိမ်ကို ပြန်လိုက်လာတဲ့အကြောင်းအရင်းများစွာလည်း ရှိသည်။ ဆောဂျွန်အွန်းနဲ့ ကင်မ်ထယ်ယောင်းကို ထိပ်တိုက်မတွေ့စေချင်တာလည်းဖြစ်ပြီး ပြီးတော့ ကင်မ်ထယ်ယောင်း ဟိုဘက်၊ ဒီဘက် ကူးသန်းသွားလာနေတာကိုလည်း သူသဘောမကျပေ ။
....
" စေ့စပ်ပွဲ..!! "
မင်ဟိုနဲ့ ဟန်ဆိုဟီးတို့ရဲ့ စေ့စပ်ပွဲ ။ မြန်လိုက်တာ ။ ဟိုနေ့ကပဲ ဒီနှစ်အတွင်း လက်ထပ်မယ်ပြောခဲ့ပေမဲ့ စေ့စပ်ပွဲကိုကျတော့ ဒီလောက်မြန်မြန်ဆန်ဆန်လုပ်လိမ့်မယ်လို့မထင်မိပေ။ ဒါကြောင့် သူ့ Suit ၀တ်ခိုင်းတာကို။
" ဂျီမင် အံ့ဩသွားတယ်မလား ?"
သူ့အရှေ့မှာ လာရပ်ပြီး အလှဆုံးအပြုံးလေးနဲ့ သူ့ကို ကြိုဆိုနေတဲ့ ဟန်ဆိုးဟီးကြောင့်
" ဒူနာ အရမ်းလှနေတယ် "
" အံမယ် အစကထဲက လှပြီးသားပါ ၊အခုက နည်းနည်းလောက်လေး ဆေးတင်လိုက်တာပဲ "
ဟန်ဆိုဟီးစကားကြောင့် ဂျီမင်နဲ့ ဟန်ဆိုဟီးနှစ်ယောက်သာ ပြုံးရယ်နေပေမဲ့ ကင်မ်ထယ်ယောင်းကတော့ မင်ဟိုနဲ့ ခွက်ချင်းတိုက်ကာ
" ဘယ်လိုလဲ အိမ်ကိုခေါ်ခဲ့ပြီးလား ?"
ကင်မ်ထယ်ယောင်း ခေါင်းလည်းမညိတ်သလို ခေါင်းလည်းမခါပေ။
" မင်းကလေ ..ဘာဖြစ်ဖြစ်၀န်ခံရမှာကို သေအောင်ကြောက်တဲ့ကောင်ပဲ "
" ဘာကို ၀န်ခံရမှာလဲ ?"
ကင်မ်ထယ်ယောင်းနဲ့ မင်ဟိုက နှစ်ယောက်တစ်ဝိုင်းလုပ်ကာ စကားပြောနေသလို ၊ ဂျီမင်နဲ့ ဟန်ဆိုဟီးကလည်း တစ်ဝိုင်းစကားပြောနေလေသည် ။ သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့လူတွေပဲသာ ရှိတဲ့ပွဲမို့ ဂျီမင်အတွက်လည်း နေရတာ လွတ်လပ်သည်။ အခြားလူတွေနဲ့ သိပ်မရင်းနှီးပေမဲ့ ဟန်ဆိုဟီးက သူ့ဘေးနားမှာ လာထိုင်ကာ စကားပြောပေးနေတာကြောင့် သူ့အတွက်က ဒီပွဲမှာ ကြောင်၍မနေပါ ။
" ရား ..ကင်မ်ထယ်ယောင်းမတွေ့တာ ကြာပြီနော် ..."
ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အလုပ်တွဲလုပ်တာဆိုလို့ မင်ဟိုပဲရှိလေသည်။ ကျန်တဲ့လူတွေကိုတော့ ရင်းနှီးယုံ ရင်းနှီးပြီး အလုပ်တွဲလုပ်ဖို့ ပြောလာရင်လည်း ကင်မ်ထယ်ယောင်းက မခေါ်ပေ ။
" ပြော ..ဘာအကူအညီ လိုလို့လဲ ?"
" ငါတို့သူငယ်ချင်းက ပြောတောင်မပြောရသေးဘူး သိနေတာပဲ "
ဒါကရိုးနေကျ ကိစ္စတစ်ခုပဲလေ ။ ဒါကြောင့်မို့ အလုပ်အတူလုပ်ဖို့ကို ကင်မ်ထယ်ယောင်းက အမြဲငြင်းတာ ။ အကူအညီတောင်းတယ်ဆိုတာထက် ပိုလွန်းကာ တောင်းတက်တဲ့သူတွေဖြစ်သည် ။
" လီယွန်းဝူ ..!!"
ဖိတ်ထားတာမဟုတ်ပဲရောက်လာတာကြောင့် မင်ဟိုအံ့ဩသွားလေသည်။ ကင်မ်ထယ်ယောင်းမမှိန်မသုန်နဲ့ လီယွန်းဝူကို ကြည့်လိုက်သည် ။
" စကားခဏလောက်ပြောလို့ရမလား ?"
ကင်မ်ထယ်ယောင်းမျက်လုံသည် တစ်စုံတစ်ယောက်ဆီသို့ ရွေ့လျားလိုက်သည် ။ ဒါကို လီယွန်းဝူသိတော့
" ခဏပါပဲ ..နောက်ဆုံး နှုတ်ဆက်ချင်လို့ "
" လီယွန်းဝူ ဒီမှာမင်းကိုမဖိတ်.."
ကင်မ်ထယ်ယောင်း လှမ်းတားလိုက်ရင်း
" အိုကေလေ ..ဘယ်မှာပြောမလဲ ?"
" အရှေ့ဘက် "
ကင်မ်ထယ်ယောင်း လီယွန်းဝူရဲ့စကားဆုံးတော့ အရင်ထွက်သွားလိုက်လေသည် ။ လီယွန်းဝူကတော့ နောက်ကနေ လိုက်လေသည်။ မင်ဟိုကတော့ လီယွန်းဝူနဲ့ကင်မ်ထယ်ယောင်းကို ကြည့်ကာ သူ့ရဲ့ဒူနာနဲ့ စကားပြောနေတဲ့ပတ်ဂျီမင်ကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်လေသည်။ လီယွန်းဝူ ဘာတွေ ထပ်ရှုပ်အုန်းမှာလဲ ? ။
" ကင်မ်ထယ်ယောင်းရော .."
မင်ဟိုတစ်ယောက် ဂျီမင်တို့ဝိုင်းမှာ သွားထိုင်တော့ ဟန်ဆိုဟီးက ကင်မ်ထယ်ယောင်းကိုမတွေ့၍ မေးလိုက်တာဖြစ်လေသည်။ ဂျီမင်ထိုတော့မှ ဘေးကိုကြည့်လိုက်မိသည် ။
" ကိစ္စရှိလို့ ခဏနေ ပြန်လာမယ် "
" ဪ .."
ဂျီမင် ခုနက လီယွန်းဝူကို တွေ့လိုက်သားပဲ ။ သ၀န်မတိုဘူးဆိုရင် လိမ်ရာကျမှာဖြစ်သည်။ သ၀န်မတိုပဲနေမလား ..သူ့ထက်အစစအရာရာ သာလွန်းတဲ့လူကို ကင်မ်ထယ်ယောင်း စိတ်ပြန်မလည်ဘူးပြောနိုင်သလား ? ။ ပြီးတော့ ရည်းစားဟောင်းလေ ။
" လီယွန်းဝူနဲ့မဟုတ်လား ..?"
"...."
မင်ဟို ဘာမှမပြောနိုင်ပေ ။ ဂျီမင်မြင်သွားတာပဲ ။
" စိတ်မပူပါနဲ့ ကင်မ်ထယ်ယောင်းက လီယွန်းအပေါ်မှာ ဘာစိတ်မှ မရှိပါဘူး "
တကယ်လည်း ကင်မ်ထယ်ယောင်းက လီယွန်းဝူအပေါ်မှာ ဘာစိတ်မှ မရှိပေ။ဂျီမင်ကတော့ ဘာမှစိတ်မ၀င်စားသလိုနဲ့ ဟန်ဆိုဟီးနဲ့ စကားဆက်ပြောလေသည် ။
" ပြော .."
" ကိုကိုဒီလောက်ထိ လုပ်မှာဖြစ်မှာလား ?"
လီယွန်းဝူမျက်နှာသည် ဒေါသထွက်နေတဲ့ပုံစံအဖြစ်သို့ ပြောင်းလဲသွားလေသည် ။ ကင်မ်ထယ်ယောင်းကတော့ မထီမဲ့မြင်ပုံစံနဲ့
" ငါအဲ့ထက်လုပ်နိုင်တယ်ဆိုတာ မင်းသိပါတယ် "
တရားမ၀င် Website ကနေ တက်လာတဲ့ ဆောဂျွန်အွန်းနဲ့ သူ့ရဲ့ Videosတွေဖြစ်လေသည် ။ တော်တော်လေးကို လူပြောများပြီး လီယွန်းဝူကို အပျက်ကောင်ဆိုပြီး ပြောဆိုနေကြလေသည်။
" အဲ့တာတွေ အားလုံးဖြစ်ရတာ ကိုကို့ကြောင့်ပဲ ၊ ကိုကိုသာ သူ့အပေါ်ကို စိတ်မရောက်ခဲ့ဘူးဆိုရင် ယွန်းဝူလည်း ဒီလိုလုပ်စရာမလိုဘူး ၊ ကိုကို့ကို ယွန်းဝူပြန်လိုချင်လို့ ဖြစ်ခဲ့တာချည်းပဲ "
" ဒါပဲမလား ?"
" ကိုကို ယွန်းဝူအပေါ်ကို ဒီလိုမလုပ်သင့်ဘူးဆိုတာကို ကိုကိုသိသင့်တယ် "
ကင်မ်ထယ်ယောင်းသည် လီယွန်းဝူသို့ နီးကပ်ရန် ခြေတစ်လှမ်း လှမ်းလိုက်ပြီး
" လုပ်သင့် ၊ မလုပ်သင့်ဆိုတာကို ငါကပဲဆုံးဖြတ်မယ် ၊ ငါဘာလို့ မင်းကို မရွေးလည်း သိလား .."
" ..."
" မင်းက အစကထဲက ငါလိုချင်တဲ့လူမဟုတ်လို့ပဲ ၊ ဒါကို မင်းက မမှန်းသင့်တာ မှန်းခဲ့တာပဲ "
" ဟမ် ...ဒါဆို ကိုကိုယွန်းဝူကို မချစ်ခဲ့ဘူးပေါ့ "
ကင်မ်ထယ်ယောင်းသည် လီယွန်းဝူရဲ့ လည်ပင်းနားက အင်္ကျီကို ကိုင်လိုက်ပြီး
" မင်းစိတ်ကူးရဲတယ် အံ့ဩတယ် ၊ ငါမင်းကို ဒီထက်ပိုလုပ်နိုင်တယ် ၊ ဒါကြောင့် ငါ့ဘေးနားက ဝေးဝေးနေ ၊ ငါ့မျက်လုံးတွေထဲ ထပ်နှောက်ရင် မျက်နှာမပြရဲတာကနေ ဒီတစ်ခါ မင်းအသက်ရှိမှာ မဟုတ်ဘူး "
လီယွန်းဝူသည် ကင်မ်ထယ်ယောင်းရဲ့ မျက်လုံးကို တည့်တည့် စိုက်ကြည့်လိုက်သည်။ ကင်မ်ထယ်ယောင်းသည် ဒီထက် ပိုလုပ်အုန်းမှာဆိုတဲ့ အကြည့်တွေနဲ့ သူ့ကိုကြည့်နေလေသည်။
...
" မပြန်သေးဘူးလား ?"
ဟန်ဆိုးဟီးက သူမရဲ့ သူငယ်ချင်းတွေနဲ့ ဂျီမင်ကို မိတ်ဆက်ပေးသည် ။ဟန်ဆိုဟီးက ဆိုရှယ်ကောင်းသူမို့ သူငယ်ချင်းရော အသိမိတ်ဆွေရော များလေသည်။ မိန်းခလေးသူငယ်ချင်းအများစုကတော့ ဟန်ဆိုဟီးပုံစံမျိုးပင် ဖြစ်လေသည် ။လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောတက်လေသည် ။ ဟာသလည်း ပြောတက်ကျပြီး အိုင်ဒေါတွေကိုလည်း သဘောကျကြပြီး အိုင်ဒေါအကြောင်းကို ပါးစပ်နဲ့ နားရွက်နဲ့ တက်ချိတ်အောင်ထိ ပြောနိုင်လေသည် ။
အနောက်က အသံကြောင့် ဂျီမင်လှည့်ကြည့်လိုက်လေသည် ။ ပြီးတော့ ဂျီမင်ထလိုက်ရင်း
" ဒူနာ ကျွန်တော်တို့ပြန်လိုက်ပါအုံးမယ် "
" အင်းအင်း ..လိုက်ပို့ပေးမယ်လေ "
" ရတယ် မပို့ပါနဲ့တော့ သူငယ်ချင်းတွေ ရှိနေတာကို "
" ဂျီမင်ရေ နူနာတို့ ဆက်သွယ်လာမယ်နော် "
ဟန်ဆိုဟီးရဲ့ သူငယ်ချင်းရဲ့ ပွင့်လင်းစွာ ပြောလိုက်တဲ့ စကားကြောင့် ဂျီမင်မျက်လုံးကျယ်သွားလေသည် ။ ဘေးကလူကို ကြည့်တော့ သူ့နောက်ကနေ ပုခုံးကို ကိုင်၍
" သွားမယ် "
ကင်မ်ထယ်ယောင်းက ဂျီမင့်ပုခုံးကိုဖက်ထားတော့ ကင်မ်ထယ်ယောင်းဆွဲခေါ်ရာအတိုင်းပါသွားလေသည် ။ ဟန်ဆိုဟီးကတော့ သူ့သူငယ်ချင်းတွေကို မျက်လုံးလေးပြူးကာ
" ဟဲ့ ..အဲ့တာ ကင်မ်ထယ်ယောင်းရဲ့ဟာ ..ပါးစပ်ကို အားယားပြီး ဆက်သွယ်မယ်နော်တဲ့ ၊ ဟိုက နင်တို့ဖုန်းမဆက်ခင် နင်တို့ကို အစဖျောက်လိုက်မှာ "
" အဲ့လောက်တောင်လား ?"
" ကြည့်သွားတာ မမြင်ဘူးလား ...ငါ့ကိုပါ ပြာချပစ်တော့မယ်မလိုနဲ့ ..နင်တို့တွေ ကင်မ်ထယ်ယောင်းအိမ်ကလူကို ထိဖို့ ၊ ဆက်သွယ်ဖို့မကြိုးစားနဲ့နော် ၊ ငါစေ့ပဲ စေ့စပ်ရသေးတာ ၊ လက်မထပ်ရသေးပဲ မသေချင်ဘူး "
" ကြိုပြောပါလား ?"
" ဪ .. သူ့ကို နင်တို့က မသိစရာလား ... နှာခေါင်းက ကြိုက်တဲ့လူကို ဘူထပါအေး ..မင်ဟိုကို ကြူးချင်ရင်တောင် ရသေးတယ် ၊ ကင်မ်ထယ်ယောင်းရဲ့ဟာလေးကိုတော့ မထိပါနဲ့အေး "
ဟန်ဆိုဟီးတစ်ယောက် သူငယ်ချင်းတွေကို အသဲအသန်မှာနေရလေသည် ။ သူ့ boss အကြောင်း သူပဲသိတာပေါ့ ။
....
ပြန်မယ်ဆိုတော့လည်း လူကိုဆွဲခေါ်လာပြီး အိမ်ပြန်လမ်းတစ်လျှောက် ကားပေါ်မှာလည်း စကားတစ်ခွန်းမှ မပြောချေ။ လီယွန်းဝူနဲ့ နှစ်ယောက်ထဲတွေ့ပြီး ဘာတွေပြောနေပါလိမ့် ? ။ ဒူနာပြောတာကတော့ လီယွန်းဝူနဲ့ ဆောဂျွန်အွန်းရဲ့ videos တွေ တက်လာတယ်တဲ့ ။ ကင်မ်ထယ်ယောင်းရဲ့ လက်ချက်လား .? ။ ဟုတ်ပါ့မလားတော့ မသိ ။ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ် ။ ရည်းစားဟောင်းကို ဒီလိုလုပ်ရက်ပါ့မလား ? ။
" ဘာမေးမလို့လဲ ?"
" ဟမ် ..."
သူစဉ်းစားတုန်းကို ကင်မ်ထယ်ယောင်းက ဖြတ်မေးတော့ သူဘာဖြေလို့ ဖြေရမှန်းမသိပေ ။ ကားကိုပဲဂရုစိုက်မောင်းပြီး
" ပြောလေ .."
" မင်းပြောဖူးတယ်လေ ငါ့ကိုအိမ်မှာ စတွေ့ဖူးတာ မဟုတ်ဘူးဆို ၊ အဲတော့ ဘယ်မှာ စတွေ့ဖူးတာလဲ ?"
".... ဆိုင်ကယ်ကွင်းမှာ "
" ...."
" မင်ဟို ပီဇာမှာတော့ ခင်ဗျားလာပို့တာ "
သူတောင် ပြန်စဉ်းစားလိုက်ရသည် ။ ဒါက တော်တော်လေး ကြာပြီပဲ ။ အထက်တန်းကျောင်းပြီးတော့ ဆိုးလ်ကို လာလည်ရင်း အသိအိမ်မှာ နေကာမှ အသိအိမ်က ပီဇာဆိုင် ဖွင့်ထားသလို ၀န်ထမ်းကလည်း ဆိုင်ကယ်မှောက်ပြီး အလုပ်မဆင်းနိုင်တာကြောင့် သူကူညီပေးလိုက်တာဖြစ်သည်။ ဆိုင်ကယ်ကွင်းဆိုမှာ အဲ့တုန်းက ကင်မ်ထယ်ယောင်းရှိနေတာလား ? ။ ပြီးတော့ Helmet ကို ချွတ်ထားတာလည်း မဟုတ်ဘူး ။
" ဘာလို့ ငါလို့ပြောတာလဲ ?"
" မျက်လုံး .. ခင်ဗျားရဲ့ မျက်လုံး ၊ လက်အိတ်ချွတ်တော့ လက်ချောင်း ၊ ပြီးတော့ ရေမွှေးနံ့ "
" အဲတာနဲ့ ငါမှန်းဘယ်လိုသိ "
ကင်မ်ထယ်ယောင်းသူ့ဘက်ကို တစ်ချက်ကြည့်ပြီး အရှေ့သို့ ပြန်လှည့်သွားသည်။ ကားကို အရှိန်တင်လိုက်လေသည် ။
" ရေမွှေးနံ့ "
"...."
သူရေမွှေးသုံးတယ်ဆိုပေမဲ့ အရမ်းပြင်းထန်တာမျိုးတွေ သုံးလေ့မရှိပေ ။ ခပ်သင်းသင်းရနံ့လေးသာဖြစ်သည်။
" အရက်သွားသောက်မလား ?"
ဂျီမင် တက်ကြွစွာနဲ့ပြောတော့ ကင်မ်ထယ်ယောင်းက တစ်ချက်တောင်မကြည့်ပဲ
" ညနက်နေပြီး "
" ဘာလို့လဲ ရတယ်လေ ..အရက်က ဘယ်အချိန်သောက်သောက်ရတယ် "
အရက်သောက်ဖို့ဆို တအားတက်ကြွနေတဲ့လူကို တစ်ချက်စောင်းငဲ့ကြည့်ရင်း
" ဘာလို့ လီယွန်းဝူနဲ့ တွေ့လဲလို့ မမေးတာလဲ ?"
မေးရမယ် ။ မေးရင်က ဖြေတယ်ဆိုတော့ ။ ပြီးတော့ မေးရင်ရော စည်းကျော်တယ်က ဖြစ်အုန်းမယ်။
" ဘာမေးရမလဲ ..?"
" ဘာမေးချင်လဲ ?"
" သူနဲ့ ဘာပြောတာလဲ .. ပြီးတော့ videos က မင်းလက်ချက်လား ? "
" အင်း ..."
" ဘာအင်းလဲ ..?"
" ခင်ဗျားရဲ့ ဒုတိယအဖြေကို ထောက်ခံတာ "
"..."
" ဘာမှမပြောဘူး ၊ သတိပေးတာပဲ "
ခြံထဲကို ကား၀င်တော့မှ နှစ်ယောက်သားရဲ့စကားပြတ်သွားလေသည်။ ကားထားပြီးတော့ နှစ်ယောက်သား အိမ်ပေါ်တက်ခဲ့ရင်
" ငါ ငါ့အလုပ်ပဲ ငါလုပ်ချင်တယ် "
ကင်မ်ထယ်ယောင်းရှေ့ ပိတ်ရပ်ရင်း ဂျီမင်ပြောလိုက်သည်။
" အခုလည်း ကျုပ်အလုပ်ပဲ ကျုပ်လုပ်ချင်တယ် "
" ဟမ် .."
အခန်းထဲသို့ လက်ကိုအတင်းဆွဲကာ ခေါ်သွားတဲ့လူကြောင့် ဂျီမင်ငြင်းချိန်တောင်မရပဲ လိုက်ပါသွားရလေသည်။ အခန်းတံခါးကို ပိတ်ထားတာမို့ သူတို့နှစ်ယောက်ရဲ့အသံက အခန်းပြင်ကို လွင့်မပျံ့ပေမဲ့ အခန်းထဲမှာတော့ ကျယ်လောင်နေလေသည် ။
..
ဖုန်းထဲက မက်ဆေ့သံကြောင့် ဂျီမင်ဖုန်းကို ယူကာ ဒီအတိုင်းကြည့်လိုက်တော့ wallpaper ကြောင့် ကင်မ်ထယ်ယောင်းဘက်ကို ပစ်ပေးလိုက်သည် ။ ဒီ wallpaper က သူ့ကို စိတ်ဒုက္ခ အမြဲပေးနေတာ
" ရော့ စာပို့နေတယ် "
သူ့ကျောကို ရင်ဘတ်နဲ့ လာကပ်နေတဲ့လူကို နောက်ပြန်ပေးလိုက်သည် ။ ကင်မ်ထယ်ယောင်းက ဖုန်းကိုယူလိုက်ရင်း လက်တစ်ဖက်ကို ထောက်၍ ကိုယ်ကိုတစ်၀က်လောက်ထ၍ သူ့အပေါ်ကို ငုံ့ကိုင်းကာ
" ဘာဖြစ်တာလဲ ?"
" ဘာဖြစ်လို့လဲ ..?"
ညကလည်း မပြောမဆိုနဲ့ ။ အခုထိလည်း လူကို မလွှတ်တာ ။ ပြီးတော့ အဲ့အပုံကလည်း စိတ်အနှောက်အယှက် ။
" မထိနဲ့ "
သူ့ခါးဆီသို့ လက်ဖဝါးက တွန်းထုတ်တော့
" ကိုယ့်ခါးမှန်းမသိ ၊ သူများခါးမှန်းမသိ တော်ယုံလောက်ပဲ တုံးအ "
သူ့အား ဝေဖန်ချသွားတဲ့လူကို နောက်လှည့်ကြည့်ရင်း
" ညကတော့ အဲ့လိုအကြည့်မျိုးမဟုတ်ဘူး "
" မင်း မညစ်ပတ်နဲ့ "
ဒေါသထွက်အောက် ပြောပြီးရင် ဘယ်သူကများ ချိုချိုသာသာကြည့်မှာလဲ ? ။ သူ့ခါးနဲ့ ဘယ်နေရာမှာ တူ ။ ကင်မ်ထယ်ယောင်းက ဖုန်းကို နှိပ်ရင်း သူ့အား လာပြသည် ။
" ရော့ .."
ဆိုပြီး ထိုးပေးကာ ကုတင်ပေါ်ကနေ ထသွားလေသည်။ ကင်မ်ထယ်ယောင်း ထိုးပေးတဲ့ဖုန်းကိုကြည့်မိတော့ ခန္ဓာကိုယ် အစိတ်အပိုင်း များစွာတွေ ။ လက်မောင်းလေးတွေ ၊ညှပ်ရိုး ၊ ပုခုံးစွန်း ၊ ခြေထောက် မျက်နှာနားမှာ လက်သီးလေးဆုပ်ကာ အိပ်ပျော်နေတဲ့သူ့ပုံကို ကြည့်ရင် ပြောစရာစကား အစ ရှာမရပေ ။ ဒါတွေကို ဘယ်တုန်းက ရိုက်ထားတာလဲ ? ။ ဒီလိုပုံမျိုးကို ဘယ်သူက wallpaper တင်မှာလဲ ? ။ ဒီအရူးတော့....
" မနက်ဖြန် သွားရမယ် ..လိုက်တော့မလိုက်နဲ့ ၊ ပင်ပန်းလိမ့်မယ် "
ဆေးလိပ်ကို တစ်ဖွာ ၊ နှစ်ဖွာလောက် ရှိုက်ပြီး ကုတင်ပေါ်သို့ ပြန်တက်လာလေသည် ။ ဂျီမင်ခေါင်းသာ ညိတ်လိုက်သည်။ သူ့ကို ပြောသားပဲ။ လနဲ့ချီကြားမှာမို့ သူလိုက်လို့မဖြစ်တာ ။
" အင်္ကျီထည့်ပေးရမလား ?"
ကင်မ်ထယ်ယောင်းထိုင်နေတဲ့ဘက်ကို ဂျီမင်စောင်းလိုက်သည်။ shirtless နဲ့ ဖြစ်နေတော့ ခေါင်းအုံးကို ပစ်ပေးလိုက်သည်။ အရှက်ကို မရှိဘူး ။
" ဘာလဲ မြင်နေကျမလား ?"
" ကင်မ်ထယ်ယောင်း .."
သူ့မျက်နှာဆီသို့ တစ်ဖန်ပြန်ကပ် လာသော ကင်မ်ထယ်ယောင်းမျက်နှာကြောင့် သူအနာက်သို့ သိမ်၀င်သွားပြီး ကင်မ်ထယ်ယောင်းရဲ့ ပုခုံးကို ကိုင်လိုက်ရင်း
" ချစ်တယ် "
" ...."
တိုးလွန်သောအသံက သူ့နားထဲမှာတော့ ပဲ့တင်ထပ်လွန်းနေလေသည်။ တစ်ယောက်ယောက်ဆီက " ချစ်တယ် " ဆိုတဲ့ စကား ကြားရခြင်းဟာ ရင်ခုန်စရာကောင်းမှန်း အခုတော့ သိခဲ့ပြီး ။သူတောင်မသိလိုက်ခင်မှာပင် သူ့လက်ချောင်းတွေက ကင်မ်ထယ်ယောင်းရဲ့ ပါးပြင်ဆီကို ရောက်လို့နေသည်။ ပြီးတော့ အပေါ်နှုတ်ခမ်းဆီက တိုတိုစိပ်စိပ် နှုတ်ခမ်းမွှေးလေးတွေကို ကိုင်ကြည့်ရင်း
" ငါကောပဲ "
ဒီစကားတစ်ခွန်းပြောဖို့ အချိန်ဘယ်လောက်တောင် သူတို့နှစ်ယောက်ကြား ကြာခဲ့လိုက်သလဲ ။ သူ့နှဖူးကို လာတိုက်ပြီး အသက်ရှူခပ်ပြင်းပြင်း ထွက်နေတဲ့လူရဲ့ နှာခေါင်းထိပ်ဖျားကို နမ်းလိုက်မိသည် ။
......
နေ့လယ်စာ စားချိန်ကို ကင်မ်ထယ်ယောင်းဖုန်းဆက်တော့ ဒူနာကို ထားခဲ့ပြီး ဂျီမင် company အပေါ်ထပ်ကို သူတက်ခဲ့သည် ။ video call ခေါ်လိုက်ပြီး
" ဘာလုပ်နေလဲ ?"
" နေ့လယ်စာ စားမလို့လေ "
သူ့ကိုဖုန်းခေါ်တော့ အခန်းထဲမှာပဲ ကင်မ်ထယ်ယောင်းက ရှိနေတာမို့ အင်္ကျီကတော့ မကပ်နိုင်ဖြစ်နေလေသည် ။
" နောက်တစ်ပတ် ပြန်လာမယ် "
ဆွီဒင်ကို ရောက်နေတာ တစ်လခွဲလောက်ရှိပြီးဖြစ်လေသည်။ ပြောသွားတုန်းက တစ်လဆိုပေမဲ့အခုတော့ ...
" အင်း .."
" ဘာ၀ယ်လာရမလဲ ခင်ဗျားအတွက် "
" မလိုဘူး "
" အိုကေလေ ..နေ့လယ်စာ စားချိန်မလား ဖုန်းချလိုက်တော့မယ် "
ထိုလောက်သာ ပြောပြီး ကင်မ်ထယ်ယောင်း ဖုန်းကို အရင်ချသွားလေသည် ။ ဂျီမင်ကတော့ ဖုန်းကိုကြည့်ရင် နှုတ်ခမ်းကိုစေ့ကာ မျက်မှောင်ကြုတ်လိုက်သည် ။ တစ်လခွဲလုံးမှ သူ့ကိုဖုန်းခေါ်ပြီး ဒါပဲပြောတာလား ? ။ မင်ဟိုတောင် ဒူနာကို နေ့တိုင်းနီးပါး စာပို့လိုက် ၊ ဖုန်းဆက်လိုက် လုပ်နေတာကို ။
" ဒူနာ ဒီနေ့ Company ကပြန်ရင် အရက်သွားသောက်ကြမလား ? "
" အို ..တကယ်လား ..လာ သွားကြတာပေါ့ "
ဒူနာကို သူနှစ်ခါမစပ်ရပေ။ ဒူနာကလည်း အရက်ဂျိုးဆိုတော့ မင်ဟိုလစ်တဲ့အချိန်ကိုပဲ စောင့်နေတာ ။ အ၀တ်အစားတောင်မလဲပဲ ဘားကိုတန်းသွားလေသည် ။
" ဂျီမင် ..."
ဘားကိုရောက်တော့ ကင်မ်ထယ်ယောင်းရဲ့ သူငယ်ချင်းတွေအုပ်နဲ့ တန်းတိုးလေသည် ။
"ဂျီမင်နဲ့ ဒူနာက လာသောက်တာလား ?"
" ဟုတ်တယ် ရှင်တို့တွေရော လာသောက်တာလား ?"
" ဟုတ်တယ် ကဲလာ ဝိုင်းဖွဲ့ကြတာပေါ့ "
ကင်မ်ထယ်ယောင်းရဲ့ သူငယ်ချင်းတွေက သူတို့ရဲ့နေရာကို ဂျီမင်နဲ့ ဟန်ဆိုဟီးကို ခေါ်သွားလေသည် ။ သူငယ်ချင်းတွေက မိန်းခလေးတွေလည်း ပါလာလေသည်။ ဒီလောက်များတဲ့ သူငယ်ချင်းတွေနဲ့ သူတစ်ခါမှ စကားမပြောဖူးပေ။ ကင်မ်ထယ်ယာင်းရဲ့အကြောင်းကို သူ့ဆီ ဖောက်သည်ချနေပေမဲ့ ကြားရတဲ့စကားတိုင်းသည် နောက်ဆုံးတော့ ကင်မ်ထယ်ယောင်း ဆိုးတာတွေပဲ ဖြစ်နေလေသည် ။ ဖုန်းမြည်သံကြားတော့ ဂျီမင်ဖုန်းကို ကြည့်လိုက်တော့ အံ့ဩသွားသည် ။ အချိန်က တိုက်ဆိုင်လိုက်တာ ။ ဒီလိုအချိန်မျိုးကို ဘယ်လို ရောက်လာတာလဲ ? ။ ဆိုင်ပြင်ကို အရင်ထွက်လိုက်ပြီး ဖုန်းကို အရင်ကိုင်လိုက်သည်။ မနက်က စိတ်ကလေးကလည်း ရှိနေတာမို့ အသံက ခပ်ဆက်ဆက်နိင်လေသည်။
" ဘာလဲ ..ဘာပြောဖို့လဲ ?"
" ဘယ်မှာလဲ ?"
" ဘာမှ ဖြစ်ဖြစ်ပေါ့ ..ဘာလဲ မင်းလိုက်လာမလို့လား ?"
" ...."
" ဘာပြောစရာရှိလဲ ?"
" ဘာလို့ အိမ်မှာမရှိတာလဲ ?"
ကင်မ်ထယ်ယောင်းရဲ့စကားကြောင့် ဂျီမင် ဘေးသီကို ကြည့်လိုက်သည် ။ ဘယ်သူမှတော့ ရှိမနေချေ ။
" အခုအိမ်ပြန် .."
" မပြန်ပါဘူး ..အခု သူငယ်ချင်းတွေနဲ့ အရက်သာက်နေတယ် ၊ ပြီးမှ ပြန်မယ် ၊ မကျေနပ်ရင် မင်းလိုက်လာခဲ့ "
ဖုန်းကို ဒီတစ်ခေါက်အရင်ချလိုက်သူမှာ သူသာဖြစ်သည်။ အနိုင်လိုချင်ဇောနဲ့သာ ပြောရတာ ကင်မ်ထယ်ယောင်းက ကြောက်ဖို့ကောင်းမှန်း သူသိသည် ။
" လာခဲ့ ..."
သူ့လက်ကောက်၀တ်အား လာဆွဲပြီး ခေါ်သွားတဲ့လူကြောင့်
" မောင် ...အဲ ..ကင်မ်ထယ်ယောင်း .."
မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ အံ့ဩစွာနဲ့ သူကြည့်မိနေတုန်းမှာပဲ ကင်မ်ထယ်ယောင်းရဲ့ နောက်ကို လိုက်ပါသွားမိလေသည် ။
ကားပေါ်သို့ တက်ခိုင်းပြီးတာနဲ့
" ဒါက ဘယ်လိုဖြစ်တာလဲ ..ကျုပ်မရှိတာနဲ့ပဲ "
" ဘာဖြစ်လို့လဲ .. ဒူနာလည်း ပါတယ် ၊ ပြီးတော့ မင်းသူငယ်ချင်းတွေပဲလေ "
ကင်မ်ထယ်ယောင်းရဲ့ စိတ်တိုနေတဲ့ မျက်၀န်းတွေက သိပ်ကြောက်ဖို့ ကောင်းသည်။ လည်ပင်းအကြောလေးတွေကအစ ထောင်တက်နေတာ ။
" ကျုပ် ခင်ဗျားကို အခြားသူတွေနဲ့ အရက်သောက်ခွင့်မပြုဘူးလို့ ပြောထားတယ်မလား ?"
သူ့လက်မောင်းကို လာညှစ်ဖို့လုပ်ပေမဲ့ တကယ်တမ်းတော့ ကိုင်၍သာ ကိုင်ထားလေသည်။ ဒီနေရာမှ အခြားလူတစ်ယောက်ဆို ဘယ်လိုနေမလဲ သူတွေးကြည့်မိသည်။ ကင်မ်ထယ်ယောင်းနားသို့ ကပ်သွားပြီး ပါးလေးကို လှမ်းနမ်းလိုက်သည် ။ ပြီးတော့ ချက်ချင်းပြန်ခွာလိုက်သည်။ ကင်မ်ထယ်ယောင်းရဲ့ မျက်လုံးအရောင်တွေ ပြောင်းလဲသွားသည် ။
" မင်းက ငါ့ကို ဖုန်းတော့ ဒီနေ့မှ ဆက်တယ် ၊ မင်ဟိုနဲ့ပဲ အလုပ်ကိစ္စနေ့တိုင်းပြောရပေမဲ့ မင်းကတော့ တစ်လခွဲမှ တစ်ခါ ဆက်တယ် ၊ ငါရော ဒေါသမထွက်ရဘူးလား ?"
" ကျုပ်မပြောနိုင်ဘူးလေ ၊ ခင်ဗျား အသံ ခင်ဗျားရဲ့ မျက်နှာလေးကို မြင်ရရင် မောင်ချက်ချင်းပြန်လာချင်နေမှာ "
အလျှောက်ကောင်းတော့ ဂျီမင် ဒေါသစိတ်လေး ပြေသွားလေသည်။ ဒါပေမဲ့ မျက်နှာပေါ်မှာတာ့ ဒေါသထွက်နေတဲ့ပုံစံ ဖမ်းထားမိလေသည် ။
သူ့လည်ပင်းကို ကင်မ်ထယ်ယောင်းရဲ့ လက်တစ်ဖက်က လာကိုင်ရင် သူ့နူတ်ခမ်းတွေကို လာနမ်းသည်။ ထိုအနမ်းတွေသည် သူခန္ဓာကိုယ်မှာ ရှိသမျှ အားအင်တွေကို စုပ်ယူသွားသလိုပင် ဖြစ်သည် ။ ကင်မ်ထယ်ယောင်း ပြန်လွှတ်ပေးတဲ့အချိန်ကျ သူ့မှာ အင်အားဆုတ်ယုတ်လို့ နေသည် ။ အသက်ကို ၀အောင် ရူလိုက်သည် ။
" မင်း အရမ်းပဲ .."
ထပ်၍ တိုးလာသော ကင်မ်ထယ်ယောင်းရဲ့ မျက်နှာကို လက်နစ်ဖက်နဲ့ တွန်းလိုက်ပြီး
" တော်ပြီး ငါမခံနိင်တော့ဘူး "
ထိုအခါ ကင်မ်ထယ်ယောင်းရဲ့ နူတ်ခမ်းတစ်ဖက်က ကွေးညွှန့်တက်သွားသည် ။ အခုမှ ဂျီမင်ကြည့်မိသည် ကင်မ်ထယ်ယောင်း အမဲရောင်၀တ်ထားတာပဲ ဦးထုပ်ရော မျက်မှန်အကြည်လေးက တပ်ထားတာ ။ သူ့အမျိုးသားက တကယ်ကို ချောသည် ။ ကြည့်နေရင်နဲ့
" လွမ်းနေတာ "
ခပ်တိုးတိုး ဆိုလိုက်သည် ။ ပြီးတော့ ကင်မ်ထယ်ယောင်းရဲ့ ပေါင်ပေါ်သို့ တစ်ခြမ်းစောင်း တက်ထိုင်လိုက်သည် ။ ကင်မ်ထယ် ယောင်းရဲ့ လက်တွေသည် သူ့ရဲ့ နောက်ကျောပြင်နဲ့ ရှေ့ခါးမှာ ရှိနေလေသည်။
" မင်းသူငယ်ချင်းတွေ ပြောတယ် မင်းကကျောင်းမှာ လူဆိုးတဲ့ "
" ဒါတာကိုပဲ ခင်ဗျားယူထားတာတာလေ "
" အင်း... ဆိုးလိုက်တာ "
ကင်မ်ထယ်ယောင်းရဲ့ ပုခုံးပေါ် ခေါင်းကို မှီချလိုက်သည် ။ ဆေးလိပ်နံ့မရနေပါ ။ ထူးဆန်းသည် ရေမွှေးနံ့နဲ့ ကိုယ်သင်းရနံ့သာ ရောထွေးနေလေသည် ။
" ငါမှာ မင်းပဲရှိတော့တာ မင်းသိတယ်မလား ?"
"..."
" ဒါကြောင့် မင်းင့ါကို သိပ်မဆိုးပဲ အတူမရှိ
နိင်ရင် ဖုန်းဆက်ပေးပါ "
" အရက်နံ့လည်း မရပါဘူး "
ကြောင်လေးလို့ ချွှဲနေသူကြောင့် ကင်မ်ထယ်ယောင်းပြောလိုက်တာ ဖြသ်လသည် ။
" မသောက်ရသေးဘူး .."
"...."
" မင်းရဲ့အတိတ်ကြောင်းတွေကို မသိချင်တော့ဘူး ၊ အခုလက်ရှိ မင်းရဲ့ အကြောင်းပဲ သိချင်တော့တယ် ၊ ငါမှာ မင်းပဲရှိသလို မင်းလည်း ငါ့ကိုပဲ ရှိပေးပါ "
ကင်မ်ထယ်ယောငိး ခေါင်းငုံ့ကာ ကြည့်ရင်
" အင်း ..."
ဒီလူဆိုးကောင်ဆီက " အင်းတစ်လုံးကလည်း အများကြီး အဓိပ္ပါယ်ရှိမှန်း သူသိပါသည်။ ကတိ တည်ပေးမယ်ဆိုတာကိုလည်း သူသိသည်။ ကင်မ်ထယ်ယောင်းက မပေးနိင်တဲ့ ကတိမျိုးကိုပေးတက်တဲ့ လူမျိုးမဟုတ်လို့ပဲ ။ ဘာမှ မပြောင်းလဲပေးနိင်ဘူးပြောပေမဲ့ တကယ်တမ်းတော့ ကင်မ်ထယ်ယောင်းရဲ့ ပြောင်းလဲမူတွေကို သူတစ် ယောက်ထဲက သိလိမ့်မည် ။ ပြီးတော့ သူ့ကို ဒီလိုမျိုး ပွေ့ဖက်ထားပေးတဲ့ အချိန်ကို သဘောအကျဆုံးဖြစ်လေသည် ။
( ဒီလောက်နဲ့ပဲ ပြီးပါပြီးနော် ။ စစ်မူထမ်း ဥပဒေကြောင့် စိတ်ညစ်နေရမယ်ဆိုတာကို သိပါတယ် ၊ မကြီးတို့လည်း စိတ်ညစ်ပါတယ် ။ ဒါပေမဲ့ ပြင်စရာရှိတာလည်း ပြင်ဆင်ရမှာပါပဲ ၊ အချိန်က ရသေးတာမို့ မင်းကို ဘ၀ကို မင်းတို့ ရွေးချယ်ပါ။ အရင်လို နေလို့တော့မရတော့ဘူးပေါ့နော် ။ စစ်မူထမ်းမလား ၊ နိင်ငံခြားထွက်မလား ၊ ဒါမှ မဟုတ် pdfထဲ ၀င်မလားပေါ့ ။ သာသနာဘောင်က ပြောတာ လွယ်ပေမဲ့ ၂နစ်နေမှာ ကပ်ပြားထုတ်ပေးတယ်လို့ မကြီးသိပါတယ်။ ပြန်ဆွဲထုတ်ပြီး စစ်မူထမ်းနေရလိမ့်မယ် ထင်တယ် ။ ဒါကြောင့် စိတ်ဓာတ်ကျမနေပဲ ဒီအချိန်မှာ အိမ်က မိဘတွေနဲ့ တိုင်ပင်ပါ ၊ ဆုံးဖြတ်ချက်တစ်ခုကို ချပါ ။ ပြီးတော့ တစ်ခုခုလုပ်ပါ ။ စစ်မူထမ်းရရင် သေနတ်ကိုင်ရမယ် မထင်ပါနဲ့နော် ။ ပျုစာထီးအားလုံးတောင် သေနတ်မပေးနိင်တာ ။ လူသားဒိုင်းကားအဖြစ်ပဲ ကိုယ်တွေပါ ခံရမှာ ။ ဒါကြောက့် စဉ်းစားပါ ၊ ဆုံးဖြတ်ပါ၊ ပြင်ဆင်ပါ ၊ လုပ်ပါ ) ။ မကြီးတော့ ဒါပဲ ပြောချင်ပါတယ် )
Zawgyi
" ေနာက္ဆုံးေတာ့ အိမ္ကိုျပန္ေရာက္လာတာအန္ကယ္၀မ္းသာပါတယ္ "
ဂ်ီမင္ရဲ႕ပုခုံးကို အန္ကယ္က ပုတ္ကာေျပာလိုက္ေလသည္ ။ ေဘးနားက ကင္မ္ထယ္ေယာင္းကေတာ့ သူနဲ႕အန္ကယ္ကိုထားခဲ့ကာ အခန္းထဲ၀င္သြားေလသည္။အန္ကယ္က ကင္မ္ထယ္ေယာင္းကို လိုက္ၾကည့္ရင္း
" ဒီေကာင္အခ်ိဳးက နည္းနည္းေလးမွ မေျပာင္းဘူး "
" အန္ကယ္ေရာ အဆင္ေျပလား ?"
" အိမ္ထိန္းက ဂ်ီမင္ေလာက္လက္ရာမေကာင္းေတာ့ မနက္စာစားတိုင္း၊ ေန႕လယ္စာစားတိုင္း ၊ ညစာစားတိုင္းေတာ့ သတိရမိပါတယ္ "
" ကြၽန္ေတာ္ဒီေန႕ ခ်က္ေကြၽးပါ့မယ္ "
" ရပါတယ္ ၊ အရင္နား ...အန္ကယ္က ဒီအတိုင္းေျပာလိုက္တာ စိတ္ထဲမထားနဲ႕ ကဲ ..၀င္ၿပီးနားေတာ့ "
" ဟုတ္ကဲ့ "
ဂ်ီမင္သည္ ကင္မ္ဟိုေယာင္းကို ႏႈတ္ဆက္ကာ အခန္းထဲကို ၀င္ခဲ့ေလသည္။ အခန္းထဲမွာ ေျပာင္းလဲသြားတာဆိုလို႔ ဘာမွရွိမေနေပ ။ ကင္မ္ထယ္ေယာင္းကေတာ့ အခန္းထဲေရာက္ၿပီးတာနဲ႕ MacBook တစ္ခုနဲ႕ အလုပ္ရႈပ္ေနေလသည္ ။
" ညက်အရင္သြားစရာရွိတယ္ "
" ဘာလဲ ?"
" ေရာက္ရင္ေျပာျပမယ္ "
"...."
လ်ိဳ႕လ်ိဳ႕ဝွက္ဝွက္နဲ႕ မေျပာျပရေလာက္ေအာင္ ဘယ္ကိုသြားမွာမို႔လို႔လဲ ? ။ ဒီအိမ္ကို ျပန္လိုက္လာတဲ့အေၾကာင္းအရင္းမ်ားစြာလည္း ရွိသည္။ ေဆာဂြၽန္အြန္းနဲ႕ ကင္မ္ထယ္ေယာင္းကို ထိပ္တိုက္မေတြ႕ေစခ်င္တာလည္းျဖစ္ၿပီး ၿပီးေတာ့ ကင္မ္ထယ္ေယာင္း ဟိုဘက္၊ ဒီဘက္ ကူးသန္းသြားလာေနတာကိုလည္း သူသေဘာမက်ေပ ။
....
" ေစ့စပ္ပြဲ..!! "
မင္ဟိုနဲ႕ ဟန္ဆိုဟီးတို႔ရဲ႕ ေစ့စပ္ပြဲ ။ ျမန္လိုက္တာ ။ ဟိုေန႕ကပဲ ဒီႏွစ္အတြင္း လက္ထပ္မယ္ေျပာခဲ့ေပမဲ့ ေစ့စပ္ပြဲကိုက်ေတာ့ ဒီေလာက္ျမန္ျမန္ဆန္ဆန္လုပ္လိမ့္မယ္လို႔မထင္မိေပ။ ဒါေၾကာင့္ သူ႕ Suit ၀တ္ခိုင္းတာကို။
" ဂ်ီမင္ အံ့ဩသြားတယ္မလား ?"
သူ႕အေရွ႕မွာ လာရပ္ၿပီး အလွဆုံးအၿပဳံးေလးနဲ႕ သူ႕ကို ႀကိဳဆိုေနတဲ့ ဟန္ဆိုးဟီးေၾကာင့္
" ဒူနာ အရမ္းလွေနတယ္ "
" အံမယ္ အစကထဲက လွၿပီးသားပါ ၊အခုက နည္းနည္းေလာက္ေလး ေဆးတင္လိုက္တာပဲ "
ဟန္ဆိုဟီးစကားေၾကာင့္ ဂ်ီမင္နဲ႕ ဟန္ဆိုဟီးႏွစ္ေယာက္သာ ၿပဳံးရယ္ေနေပမဲ့ ကင္မ္ထယ္ေယာင္းကေတာ့ မင္ဟိုနဲ႕ ခြက္ခ်င္းတိုက္ကာ
" ဘယ္လိုလဲ အိမ္ကိုေခၚခဲ့ၿပီးလား ?"
ကင္မ္ထယ္ေယာင္း ေခါင္းလည္းမညိတ္သလို ေခါင္းလည္းမခါေပ။
" မင္းကေလ ..ဘာျဖစ္ျဖစ္၀န္ခံရမွာကို ေသေအာင္ေၾကာက္တဲ့ေကာင္ပဲ "
" ဘာကို ၀န္ခံရမွာလဲ ?"
ကင္မ္ထယ္ေယာင္းနဲ႕ မင္ဟိုက ႏွစ္ေယာက္တစ္ဝိုင္းလုပ္ကာ စကားေျပာေနသလို ၊ ဂ်ီမင္နဲ႕ ဟန္ဆိုဟီးကလည္း တစ္ဝိုင္းစကားေျပာေနေလသည္ ။ သူငယ္ခ်င္းေတြနဲ႕ ရင္းႏွီးတဲ့လူေတြပဲသာ ရွိတဲ့ပြဲမို႔ ဂ်ီမင္အတြက္လည္း ေနရတာ လြတ္လပ္သည္။ အျခားလူေတြနဲ႕ သိပ္မရင္းႏွီးေပမဲ့ ဟန္ဆိုဟီးက သူ႕ေဘးနားမွာ လာထိုင္ကာ စကားေျပာေပးေနတာေၾကာင့္ သူ႕အတြက္က ဒီပြဲမွာ ေၾကာင္၍မေနပါ ။
" ရား ..ကင္မ္ထယ္ေယာင္းမေတြ႕တာ ၾကာၿပီေနာ္ ..."
ေက်ာင္းတုန္းက သူငယ္ခ်င္းေတြနဲ႕ အလုပ္တြဲလုပ္တာဆိုလို႔ မင္ဟိုပဲရွိေလသည္။ က်န္တဲ့လူေတြကိုေတာ့ ရင္းႏွီးယုံ ရင္းႏွီးၿပီး အလုပ္တြဲလုပ္ဖို႔ ေျပာလာရင္လည္း ကင္မ္ထယ္ေယာင္းက မေခၚေပ ။
" ေျပာ ..ဘာအကူအညီ လိုလို႔လဲ ?"
" ငါတို႔သူငယ္ခ်င္းက ေျပာေတာင္မေျပာရေသးဘူး သိေနတာပဲ "
ဒါကရိုးေနက် ကိစၥတစ္ခုပဲေလ ။ ဒါေၾကာင့္မို႔ အလုပ္အတူလုပ္ဖို႔ကို ကင္မ္ထယ္ေယာင္းက အၿမဲျငင္းတာ ။ အကူအညီေတာင္းတယ္ဆိုတာထက္ ပိုလြန္းကာ ေတာင္းတက္တဲ့သူေတြျဖစ္သည္ ။
" လီယြန္းဝူ ..!!"
ဖိတ္ထားတာမဟုတ္ပဲေရာက္လာတာေၾကာင့္ မင္ဟိုအံ့ဩသြားေလသည္။ ကင္မ္ထယ္ေယာင္းမမွိန္မသုန္နဲ႕ လီယြန္းဝူကို ၾကည့္လိုက္သည္ ။
" စကားခဏေလာက္ေျပာလို႔ရမလား ?"
ကင္မ္ထယ္ေယာင္းမ်က္လုံသည္ တစ္စုံတစ္ေယာက္ဆီသို႔ ေ႐ြ႕လ်ားလိုက္သည္ ။ ဒါကို လီယြန္းဝူသိေတာ့
" ခဏပါပဲ ..ေနာက္ဆုံး ႏႈတ္ဆက္ခ်င္လို႔ "
" လီယြန္းဝူ ဒီမွာမင္းကိုမဖိတ္.."
ကင္မ္ထယ္ေယာင္း လွမ္းတားလိုက္ရင္း
" အိုေကေလ ..ဘယ္မွာေျပာမလဲ ?"
" အေရွ႕ဘက္ "
ကင္မ္ထယ္ေယာင္း လီယြန္းဝူရဲ႕စကားဆုံးေတာ့ အရင္ထြက္သြားလိုက္ေလသည္ ။ လီယြန္းဝူကေတာ့ ေနာက္ကေန လိုက္ေလသည္။ မင္ဟိုကေတာ့ လီယြန္းဝူနဲ႕ကင္မ္ထယ္ေယာင္းကို ၾကည့္ကာ သူ႕ရဲ႕ဒူနာနဲ႕ စကားေျပာေနတဲ့ပတ္ဂ်ီမင္ကို လွမ္းၾကည့္ကာ သက္ျပင္းခ်လိဳက္ေလသည္။ လီယြန္းဝူ ဘာေတြ ထပ္ရႈပ္အုန္းမွာလဲ ? ။
" ကင္မ္ထယ္ေယာင္းေရာ .."
မင္ဟိုတစ္ေယာက္ ဂ်ီမင္တို႔ဝိုင္းမွာ သြားထိုင္ေတာ့ ဟန္ဆိုဟီးက ကင္မ္ထယ္ေယာင္းကိုမေတြ႕၍ ေမးလိုက္တာျဖစ္ေလသည္။ ဂ်ီမင္ထိုေတာ့မွ ေဘးကိုၾကည့္လိုက္မိသည္ ။
" ကိစၥရွိလို႔ ခဏေန ျပန္လာမယ္ "
" ဪ .."
ဂ်ီမင္ ခုနက လီယြန္းဝူကို ေတြ႕လိုက္သားပဲ ။ သ၀န္မတိုဘူးဆိုရင္ လိမ္ရာက်မွာျဖစ္သည္။ သ၀န္မတိုပဲေနမလား ..သူ႕ထက္အစစအရာရာ သာလြန္းတဲ့လူကို ကင္မ္ထယ္ေယာင္း စိတ္ျပန္မလည္ဘူးေျပာနိုင္သလား ? ။ ၿပီးေတာ့ ရည္းစားေဟာင္းေလ ။
" လီယြန္းဝူနဲ႕မဟုတ္လား ..?"
"...."
မင္ဟို ဘာမွမေျပာနိုင္ေပ ။ ဂ်ီမင္ျမင္သြားတာပဲ ။
" စိတ္မပူပါနဲ႕ ကင္မ္ထယ္ေယာင္းက လီယြန္းအေပၚမွာ ဘာစိတ္မွ မရွိပါဘူး "
တကယ္လည္း ကင္မ္ထယ္ေယာင္းက လီယြန္းဝူအေပၚမွာ ဘာစိတ္မွ မရွိေပ။ဂ်ီမင္ကေတာ့ ဘာမွစိတ္မ၀င္စားသလိုနဲ႕ ဟန္ဆိုဟီးနဲ႕ စကားဆက္ေျပာေလသည္ ။
" ေျပာ .."
" ကိုကိုဒီေလာက္ထိ လုပ္မွာျဖစ္မွာလား ?"
လီယြန္းဝူမ်က္ႏွာသည္ ေဒါသထြက္ေနတဲ့ပုံစံအျဖစ္သို႔ ေျပာင္းလဲသြားေလသည္ ။ ကင္မ္ထယ္ေယာင္းကေတာ့ မထီမဲ့ျမင္ပုံစံနဲ႕
" ငါအဲ့ထက္လုပ္နိုင္တယ္ဆိုတာ မင္းသိပါတယ္ "
တရားမ၀င္ Website ကေန တက္လာတဲ့ ေဆာဂြၽန္အြန္းနဲ႕ သူ႕ရဲ႕ Videosေတြျဖစ္ေလသည္ ။ ေတာ္ေတာ္ေလးကို လူေျပာမ်ားၿပီး လီယြန္းဝူကို အပ်က္ေကာင္ဆိုၿပီး ေျပာဆိုေနၾကေလသည္။
" အဲ့တာေတြ အားလုံးျဖစ္ရတာ ကိုကို႔ေၾကာင့္ပဲ ၊ ကိုကိုသာ သူ႕အေပၚကို စိတ္မေရာက္ခဲ့ဘူးဆိုရင္ ယြန္းဝူလည္း ဒီလိုလုပ္စရာမလိုဘူး ၊ ကိုကို႔ကို ယြန္းဝူျပန္လိုခ်င္လို႔ ျဖစ္ခဲ့တာခ်ည္းပဲ "
" ဒါပဲမလား ?"
" ကိုကို ယြန္းဝူအေပၚကို ဒီလိုမလုပ္သင့္ဘူးဆိုတာကို ကိုကိုသိသင့္တယ္ "
ကင္မ္ထယ္ေယာင္းသည္ လီယြန္းဝူသို႔ နီးကပ္ရန္ ေျခတစ္လွမ္း လွမ္းလိုက္ၿပီး
" လုပ္သင့္ ၊ မလုပ္သင့္ဆိုတာကို ငါကပဲဆုံးျဖတ္မယ္ ၊ ငါဘာလို႔ မင္းကို မေ႐ြးလည္း သိလား .."
" ..."
" မင္းက အစကထဲက ငါလိုခ်င္တဲ့လူမဟုတ္လို႔ပဲ ၊ ဒါကို မင္းက မမွန္းသင့္တာ မွန္းခဲ့တာပဲ "
" ဟမ္ ...ဒါဆို ကိုကိုယြန္းဝူကို မခ်စ္ခဲ့ဘူးေပါ့ "
ကင္မ္ထယ္ေယာင္းသည္ လီယြန္းဝူရဲ႕ လည္ပင္းနားက အကၤ်ီကို ကိုင္လိုက္ၿပီး
" မင္းစိတ္ကူးရဲတယ္ အံ့ဩတယ္ ၊ ငါမင္းကို ဒီထက္ပိုလုပ္နိုင္တယ္ ၊ ဒါေၾကာင့္ ငါ့ေဘးနားက ေဝးေဝးေန ၊ ငါ့မ်က္လုံးေတြထဲ ထပ္ေႏွာက္ရင္ မ်က္ႏွာမျပရဲတာကေန ဒီတစ္ခါ မင္းအသက္ရွိမွာ မဟုတ္ဘူး "
လီယြန္းဝူသည္ ကင္မ္ထယ္ေယာင္းရဲ႕ မ်က္လုံးကို တည့္တည့္ စိုက္ၾကည့္လိုက္သည္။ ကင္မ္ထယ္ေယာင္းသည္ ဒီထက္ ပိုလုပ္အုန္းမွာဆိုတဲ့ အၾကည့္ေတြနဲ႕ သူ႕ကိုၾကည့္ေနေလသည္။
...
" မျပန္ေသးဘူးလား ?"
ဟန္ဆိုးဟီးက သူမရဲ႕ သူငယ္ခ်င္းေတြနဲ႕ ဂ်ီမင္ကို မိတ္ဆက္ေပးသည္ ။ဟန္ဆိုဟီးက ဆိုရွယ္ေကာင္းသူမို႔ သူငယ္ခ်င္းေရာ အသိမိတ္ေဆြေရာ မ်ားေလသည္။ မိန္းခေလးသူငယ္ခ်င္းအမ်ားစုကေတာ့ ဟန္ဆိုဟီးပုံစံမ်ိဳးပင္ ျဖစ္ေလသည္ ။လြတ္လြတ္လပ္လပ္နဲ႕ ပြင့္ပြင့္လင္းလင္း စကားေျပာတက္ေလသည္ ။ ဟာသလည္း ေျပာတက္က်ၿပီး အိုင္ေဒါေတြကိုလည္း သေဘာက်ၾကၿပီး အိုင္ေဒါအေၾကာင္းကို ပါးစပ္နဲ႕ နား႐ြက္နဲ႕ တက္ခ်ိတ္ေအာင္ထိ ေျပာနိုင္ေလသည္ ။
အေနာက္က အသံေၾကာင့္ ဂ်ီမင္လွည့္ၾကည့္လိုက္ေလသည္ ။ ၿပီးေတာ့ ဂ်ီမင္ထလိုက္ရင္း
" ဒူနာ ကြၽန္ေတာ္တို႔ျပန္လိုက္ပါအုံးမယ္ "
" အင္းအင္း ..လိုက္ပို႔ေပးမယ္ေလ "
" ရတယ္ မပို႔ပါနဲ႕ေတာ့ သူငယ္ခ်င္းေတြ ရွိေနတာကို "
" ဂ်ီမင္ေရ ႏူနာတို႔ ဆက္သြယ္လာမယ္ေနာ္ "
ဟန္ဆိုဟီးရဲ႕ သူငယ္ခ်င္းရဲ႕ ပြင့္လင္းစြာ ေျပာလိုက္တဲ့ စကားေၾကာင့္ ဂ်ီမင္မ်က္လုံးက်ယ္သြားေလသည္ ။ ေဘးကလူကို ၾကည့္ေတာ့ သူ႕ေနာက္ကေန ပုခုံးကို ကိုင္၍
" သြားမယ္ "
ကင္မ္ထယ္ေယာင္းက ဂ်ီမင့္ပုခုံးကိုဖက္ထားေတာ့ ကင္မ္ထယ္ေယာင္းဆြဲေခၚရာအတိုင္းပါသြားေလသည္ ။ ဟန္ဆိုဟီးကေတာ့ သူ႕သူငယ္ခ်င္းေတြကို မ်က္လုံးေလးျပဴးကာ
" ဟဲ့ ..အဲ့တာ ကင္မ္ထယ္ေယာင္းရဲ႕ဟာ ..ပါးစပ္ကို အားယားၿပီး ဆက္သြယ္မယ္ေနာ္တဲ့ ၊ ဟိုက နင္တို႔ဖုန္းမဆက္ခင္ နင္တို႔ကို အစေဖ်ာက္လိုက္မွာ "
" အဲ့ေလာက္ေတာင္လား ?"
" ၾကည့္သြားတာ မျမင္ဘူးလား ...ငါ့ကိုပါ ျပာခ်ပစ္ေတာ့မယ္မလိုနဲ႕ ..နင္တို႔ေတြ ကင္မ္ထယ္ေယာင္းအိမ္ကလူကို ထိဖို႔ ၊ ဆက္သြယ္ဖို႔မႀကိဳးစားနဲ႕ေနာ္ ၊ ငါေစ့ပဲ ေစ့စပ္ရေသးတာ ၊ လက္မထပ္ရေသးပဲ မေသခ်င္ဘူး "
" ႀကိဳေျပာပါလား ?"
" ဪ .. သူ႕ကို နင္တို႔က မသိစရာလား ... ႏွာေခါင္းက ႀကိဳက္တဲ့လူကို ဘူထပါေအး ..မင္ဟိုကို ၾကဴးခ်င္ရင္ေတာင္ ရေသးတယ္ ၊ ကင္မ္ထယ္ေယာင္းရဲ႕ဟာေလးကိုေတာ့ မထိပါနဲ႕ေအး "
ဟန္ဆိုဟီးတစ္ေယာက္ သူငယ္ခ်င္းေတြကို အသဲအသန္မွာေနရေလသည္ ။ သူ႕ boss အေၾကာင္း သူပဲသိတာေပါ့ ။
....
ျပန္မယ္ဆိုေတာ့လည္း လူကိုဆြဲေခၚလာၿပီး အိမ္ျပန္လမ္းတစ္ေလွ်ာက္ ကားေပၚမွာလည္း စကားတစ္ခြန္းမွ မေျပာေခ်။ လီယြန္းဝူနဲ႕ ႏွစ္ေယာက္ထဲေတြ႕ၿပီး ဘာေတြေျပာေနပါလိမ့္ ? ။ ဒူနာေျပာတာကေတာ့ လီယြန္းဝူနဲ႕ ေဆာဂြၽန္အြန္းရဲ႕ videos ေတြ တက္လာတယ္တဲ့ ။ ကင္မ္ထယ္ေယာင္းရဲ႕ လက္ခ်က္လား .? ။ ဟုတ္ပါ့မလားေတာ့ မသိ ။ မဟုတ္တာလည္း ျဖစ္နိုင္ပါတယ္ ။ ရည္းစားေဟာင္းကို ဒီလိုလုပ္ရက္ပါ့မလား ? ။
" ဘာေမးမလို႔လဲ ?"
" ဟမ္ ..."
သူစဥ္းစားတုန္းကို ကင္မ္ထယ္ေယာင္းက ျဖတ္ေမးေတာ့ သူဘာေျဖလို႔ ေျဖရမွန္းမသိေပ ။ ကားကိုပဲဂ႐ုစိုက္ေမာင္းၿပီး
" ေျပာေလ .."
" မင္းေျပာဖူးတယ္ေလ ငါ့ကိုအိမ္မွာ စေတြ႕ဖူးတာ မဟုတ္ဘူးဆို ၊ အဲေတာ့ ဘယ္မွာ စေတြ႕ဖူးတာလဲ ?"
".... ဆိုင္ကယ္ကြင္းမွာ "
" ...."
" မင္ဟို ပီဇာမွာေတာ့ ခင္ဗ်ားလာပို႔တာ "
သူေတာင္ ျပန္စဥ္းစားလိုက္ရသည္ ။ ဒါက ေတာ္ေတာ္ေလး ၾကာၿပီပဲ ။ အထက္တန္းေက်ာင္းၿပီးေတာ့ ဆိုးလ္ကို လာလည္ရင္း အသိအိမ္မွာ ေနကာမွ အသိအိမ္က ပီဇာဆိုင္ ဖြင့္ထားသလို ၀န္ထမ္းကလည္း ဆိုင္ကယ္ေမွာက္ၿပီး အလုပ္မဆင္းနိုင္တာေၾကာင့္ သူကူညီေပးလိုက္တာျဖစ္သည္။ ဆိုင္ကယ္ကြင္းဆိုမွာ အဲ့တုန္းက ကင္မ္ထယ္ေယာင္းရွိေနတာလား ? ။ ၿပီးေတာ့ Helmet ကို ခြၽတ္ထားတာလည္း မဟုတ္ဘူး ။
" ဘာလို႔ ငါလို႔ေျပာတာလဲ ?"
" မ်က္လုံး .. ခင္ဗ်ားရဲ႕ မ်က္လုံး ၊ လက္အိတ္ခြၽတ္ေတာ့ လက္ေခ်ာင္း ၊ ၿပီးေတာ့ ေရေမႊးနံ႕ "
" အဲတာနဲ႕ ငါမွန္းဘယ္လိုသိ "
ကင္မ္ထယ္ေယာင္းသူ႕ဘက္ကို တစ္ခ်က္ၾကည့္ၿပီး အေရွ႕သို႔ ျပန္လွည့္သြားသည္။ ကားကို အရွိန္တင္လိုက္ေလသည္ ။
" ေရေမႊးနံ႕ "
"...."
သူေရေမႊးသုံးတယ္ဆိုေပမဲ့ အရမ္းျပင္းထန္တာမ်ိဳးေတြ သုံးေလ့မရွိေပ ။ ခပ္သင္းသင္းရနံ႕ေလးသာျဖစ္သည္။
" အရက္သြားေသာက္မလား ?"
ဂ်ီမင္ တက္ႂကြစြာနဲ႕ေျပာေတာ့ ကင္မ္ထယ္ေယာင္းက တစ္ခ်က္ေတာင္မၾကည့္ပဲ
" ညနက္ေနၿပီး "
" ဘာလို႔လဲ ရတယ္ေလ ..အရက္က ဘယ္အခ်ိန္ေသာက္ေသာက္ရတယ္ "
အရက္ေသာက္ဖို႔ဆို တအားတက္ႂကြေနတဲ့လူကို တစ္ခ်က္ေစာင္းငဲ့ၾကည့္ရင္း
" ဘာလို႔ လီယြန္းဝူနဲ႕ ေတြ႕လဲလို႔ မေမးတာလဲ ?"
ေမးရမယ္ ။ ေမးရင္က ေျဖတယ္ဆိုေတာ့ ။ ၿပီးေတာ့ ေမးရင္ေရာ စည္းေက်ာ္တယ္က ျဖစ္အုန္းမယ္။
" ဘာေမးရမလဲ ..?"
" ဘာေမးခ်င္လဲ ?"
" သူနဲ႕ ဘာေျပာတာလဲ .. ၿပီးေတာ့ videos က မင္းလက္ခ်က္လား ? "
" အင္း ..."
" ဘာအင္းလဲ ..?"
" ခင္ဗ်ားရဲ႕ ဒုတိယအေျဖကို ေထာက္ခံတာ "
"..."
" ဘာမွမေျပာဘူး ၊ သတိေပးတာပဲ "
ၿခံထဲကို ကား၀င္ေတာ့မွ ႏွစ္ေယာက္သားရဲ႕စကားျပတ္သြားေလသည္။ ကားထားၿပီးေတာ့ ႏွစ္ေယာက္သား အိမ္ေပၚတက္ခဲ့ရင္
" ငါ ငါ့အလုပ္ပဲ ငါလုပ္ခ်င္တယ္ "
ကင္မ္ထယ္ေယာင္းေရွ႕ ပိတ္ရပ္ရင္း ဂ်ီမင္ေျပာလိုက္သည္။
" အခုလည္း က်ဳပ္အလုပ္ပဲ က်ဳပ္လုပ္ခ်င္တယ္ "
" ဟမ္ .."
အခန္းထဲသို႔ လက္ကိုအတင္းဆြဲကာ ေခၚသြားတဲ့လူေၾကာင့္ ဂ်ီမင္ျငင္းခ်ိန္ေတာင္မရပဲ လိုက္ပါသြားရေလသည္။ အခန္းတံခါးကို ပိတ္ထားတာမို႔ သူတို႔ႏွစ္ေယာက္ရဲ႕အသံက အခန္းျပင္ကို လြင့္မပ်ံ့ေပမဲ့ အခန္းထဲမွာေတာ့ က်ယ္ေလာင္ေနေလသည္ ။
..
ဖုန္းထဲက မက္ေဆ့သံေၾကာင့္ ဂ်ီမင္ဖုန္းကို ယူကာ ဒီအတိုင္းၾကည့္လိုက္ေတာ့ wallpaper ေၾကာင့္ ကင္မ္ထယ္ေယာင္းဘက္ကို ပစ္ေပးလိုက္သည္ ။ ဒီ wallpaper က သူ႕ကို စိတ္ဒုကၡ အၿမဲေပးေနတာ
" ေရာ့ စာပို႔ေနတယ္ "
သူ႕ေက်ာကို ရင္ဘတ္နဲ႕ လာကပ္ေနတဲ့လူကို ေနာက္ျပန္ေပးလိုက္သည္ ။ ကင္မ္ထယ္ေယာင္းက ဖုန္းကိုယူလိုက္ရင္း လက္တစ္ဖက္ကို ေထာက္၍ ကိုယ္ကိုတစ္၀က္ေလာက္ထ၍ သူ႕အေပၚကို ငုံ႕ကိုင္းကာ
" ဘာျဖစ္တာလဲ ?"
" ဘာျဖစ္လို႔လဲ ..?"
ညကလည္း မေျပာမဆိုနဲ႕ ။ အခုထိလည္း လူကို မလႊတ္တာ ။ ၿပီးေတာ့ အဲ့အပုံကလည္း စိတ္အေႏွာက္အယွက္ ။
" မထိနဲ႕ "
သူ႕ခါးဆီသို႔ လက္ဖဝါးက တြန္းထုတ္ေတာ့
" ကိုယ့္ခါးမွန္းမသိ ၊ သူမ်ားခါးမွန္းမသိ ေတာ္ယုံေလာက္ပဲ တုံးအ "
သူ႕အား ေဝဖန္ခ်သြားတဲ့လူကို ေနာက္လွည့္ၾကည့္ရင္း
" ညကေတာ့ အဲ့လိုအၾကည့္မ်ိဳးမဟုတ္ဘူး "
" မင္း မညစ္ပတ္နဲ႕ "
ေဒါသထြက္ေအာက္ ေျပာၿပီးရင္ ဘယ္သူကမ်ား ခ်ိဳခ်ိဳသာသာၾကည့္မွာလဲ ? ။ သူ႕ခါးနဲ႕ ဘယ္ေနရာမွာ တူ ။ ကင္မ္ထယ္ေယာင္းက ဖုန္းကို ႏွိပ္ရင္း သူ႕အား လာျပသည္ ။
" ေရာ့ .."
ဆိုၿပီး ထိုးေပးကာ ကုတင္ေပၚကေန ထသြားေလသည္။ ကင္မ္ထယ္ေယာင္း ထိုးေပးတဲ့ဖုန္းကိုၾကည့္မိေတာ့ ခႏၶာကိုယ္ အစိတ္အပိုင္း မ်ားစြာေတြ ။ လက္ေမာင္းေလးေတြ ၊ညွပ္ရိုး ၊ ပုခုံးစြန္း ၊ ေျခေထာက္ မ်က္ႏွာနားမွာ လက္သီးေလးဆုပ္ကာ အိပ္ေပ်ာ္ေနတဲ့သူ႕ပုံကို ၾကည့္ရင္ ေျပာစရာစကား အစ ရွာမရေပ ။ ဒါေတြကို ဘယ္တုန္းက ရိုက္ထားတာလဲ ? ။ ဒီလိုပုံမ်ိဳးကို ဘယ္သူက wallpaper တင္မွာလဲ ? ။ ဒီအ႐ူးေတာ့....
" မနက္ျဖန္ သြားရမယ္ ..လိုက္ေတာ့မလိုက္နဲ႕ ၊ ပင္ပန္းလိမ့္မယ္ "
ေဆးလိပ္ကို တစ္ဖြာ ၊ ႏွစ္ဖြာေလာက္ ရွိုက္ၿပီး ကုတင္ေပၚသို႔ ျပန္တက္လာေလသည္ ။ ဂ်ီမင္ေခါင္းသာ ညိတ္လိုက္သည္။ သူ႕ကို ေျပာသားပဲ။ လနဲ႕ခ်ီၾကားမွာမို႔ သူလိုက္လို႔မျဖစ္တာ ။
" အကၤ်ီထည့္ေပးရမလား ?"
ကင္မ္ထယ္ေယာင္းထိုင္ေနတဲ့ဘက္ကို ဂ်ီမင္ေစာင္းလိုက္သည္။ shirtless နဲ႕ ျဖစ္ေနေတာ့ ေခါင္းအုံးကို ပစ္ေပးလိုက္သည္။ အရွက္ကို မရွိဘူး ။
" ဘာလဲ ျမင္ေနက်မလား ?"
" ကင္မ္ထယ္ေယာင္း .."
သူ႕မ်က္ႏွာဆီသို႔ တစ္ဖန္ျပန္ကပ္ လာေသာ ကင္မ္ထယ္ေယာင္းမ်က္ႏွာေၾကာင့္ သူအနာက္သို႔ သိမ္၀င္သြားၿပီး ကင္မ္ထယ္ေယာင္းရဲ႕ ပုခုံးကို ကိုင္လိုက္ရင္း
" ခ်စ္တယ္ "
" ...."
တိုးလြန္ေသာအသံက သူ႕နားထဲမွာေတာ့ ပဲ့တင္ထပ္လြန္းေနေလသည္။ တစ္ေယာက္ေယာက္ဆီက " ခ်စ္တယ္ " ဆိုတဲ့ စကား ၾကားရျခင္းဟာ ရင္ခုန္စရာေကာင္းမွန္း အခုေတာ့ သိခဲ့ၿပီး ။သူေတာင္မသိလိုက္ခင္မွာပင္ သူ႕လက္ေခ်ာင္းေတြက ကင္မ္ထယ္ေယာင္းရဲ႕ ပါးျပင္ဆီကို ေရာက္လို႔ေနသည္။ ၿပီးေတာ့ အေပၚႏႈတ္ခမ္းဆီက တိုတိုစိပ္စိပ္ ႏႈတ္ခမ္းေမႊးေလးေတြကို ကိုင္ၾကည့္ရင္း
" ငါေကာပဲ "
ဒီစကားတစ္ခြန္းေျပာဖို႔ အခ်ိန္ဘယ္ေလာက္ေတာင္ သူတို႔ႏွစ္ေယာက္ၾကား ၾကာခဲ့လိုက္သလဲ ။ သူ႕ႏွဖူးကို လာတိုက္ၿပီး အသက္ရႉခပ္ျပင္းျပင္း ထြက္ေနတဲ့လူရဲ႕ ႏွာေခါင္းထိပ္ဖ်ားကို နမ္းလိုက္မိသည္ ။
......
ေန႕လယ္စာ စားခ်ိန္ကို ကင္မ္ထယ္ေယာင္းဖုန္းဆက္ေတာ့ ဒူနာကို ထားခဲ့ၿပီး ဂ်ီမင္ company အေပၚထပ္ကို သူတက္ခဲ့သည္ ။ video call ေခၚလိုက္ၿပီး
" ဘာလုပ္ေနလဲ ?"
" ေန႕လယ္စာ စားမလို႔ေလ "
သူ႕ကိုဖုန္းေခၚေတာ့ အခန္းထဲမွာပဲ ကင္မ္ထယ္ေယာင္းက ရွိေနတာမို႔ အကၤ်ီကေတာ့ မကပ္နိုင္ျဖစ္ေနေလသည္ ။
" ေနာက္တစ္ပတ္ ျပန္လာမယ္ "
ဆြီဒင္ကို ေရာက္ေနတာ တစ္လခြဲေလာက္ရွိၿပီးျဖစ္ေလသည္။ ေျပာသြားတုန္းက တစ္လဆိုေပမဲ့အခုေတာ့ ...
" အင္း .."
" ဘာ၀ယ္လာရမလဲ ခင္ဗ်ားအတြက္ "
" မလိုဘူး "
" အိုေကေလ ..ေန႕လယ္စာ စားခ်ိန္မလား ဖုန္းခ်လိဳက္ေတာ့မယ္ "
ထိုေလာက္သာ ေျပာၿပီး ကင္မ္ထယ္ေယာင္း ဖုန္းကို အရင္ခ်သြားေလသည္ ။ ဂ်ီမင္ကေတာ့ ဖုန္းကိုၾကည့္ရင္ ႏႈတ္ခမ္းကိုေစ့ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္ ။ တစ္လခြဲလုံးမွ သူ႕ကိုဖုန္းေခၚၿပီး ဒါပဲေျပာတာလား ? ။ မင္ဟိုေတာင္ ဒူနာကို ေန႕တိုင္းနီးပါး စာပို႔လိုက္ ၊ ဖုန္းဆက္လိုက္ လုပ္ေနတာကို ။
" ဒူနာ ဒီေန႕ Company ကျပန္ရင္ အရက္သြားေသာက္ၾကမလား ? "
" အို ..တကယ္လား ..လာ သြားၾကတာေပါ့ "
ဒူနာကို သူႏွစ္ခါမစပ္ရေပ။ ဒူနာကလည္း အရက္ဂ်ိဳးဆိုေတာ့ မင္ဟိုလစ္တဲ့အခ်ိန္ကိုပဲ ေစာင့္ေနတာ ။ အ၀တ္အစားေတာင္မလဲပဲ ဘားကိုတန္းသြားေလသည္ ။
" ဂ်ီမင္ ..."
ဘားကိုေရာက္ေတာ့ ကင္မ္ထယ္ေယာင္းရဲ႕ သူငယ္ခ်င္းေတြအုပ္နဲ႕ တန္းတိုးေလသည္ ။
"ဂ်ီမင္နဲ႕ ဒူနာက လာေသာက္တာလား ?"
" ဟုတ္တယ္ ရွင္တို႔ေတြေရာ လာေသာက္တာလား ?"
" ဟုတ္တယ္ ကဲလာ ဝိုင္းဖြဲ႕ၾကတာေပါ့ "
ကင္မ္ထယ္ေယာင္းရဲ႕ သူငယ္ခ်င္းေတြက သူတို႔ရဲ႕ေနရာကို ဂ်ီမင္နဲ႕ ဟန္ဆိုဟီးကို ေခၚသြားေလသည္ ။ သူငယ္ခ်င္းေတြက မိန္းခေလးေတြလည္း ပါလာေလသည္။ ဒီေလာက္မ်ားတဲ့ သူငယ္ခ်င္းေတြနဲ႕ သူတစ္ခါမွ စကားမေျပာဖူးေပ။ ကင္မ္ထယ္ယာင္းရဲ႕အေၾကာင္းကို သူ႕ဆီ ေဖာက္သည္ခ်ေနေပမဲ့ ၾကားရတဲ့စကားတိုင္းသည္ ေနာက္ဆုံးေတာ့ ကင္မ္ထယ္ေယာင္း ဆိုးတာေတြပဲ ျဖစ္ေနေလသည္ ။ ဖုန္းျမည္သံၾကားေတာ့ ဂ်ီမင္ဖုန္းကို ၾကည့္လိုက္ေတာ့ အံ့ဩသြားသည္ ။ အခ်ိန္က တိုက္ဆိုင္လိုက္တာ ။ ဒီလိုအခ်ိန္မ်ိဳးကို ဘယ္လို ေရာက္လာတာလဲ ? ။ ဆိုင္ျပင္ကို အရင္ထြက္လိုက္ၿပီး ဖုန္းကို အရင္ကိုင္လိုက္သည္။ မနက္က စိတ္ကေလးကလည္း ရွိေနတာမို႔ အသံက ခပ္ဆက္ဆက္နိင္ေလသည္။
" ဘာလဲ ..ဘာေျပာဖို႔လဲ ?"
" ဘယ္မွာလဲ ?"
" ဘာမွ ျဖစ္ျဖစ္ေပါ့ ..ဘာလဲ မင္းလိုက္လာမလို႔လား ?"
" ...."
" ဘာေျပာစရာရွိလဲ ?"
" ဘာလို႔ အိမ္မွာမရွိတာလဲ ?"
ကင္မ္ထယ္ေယာင္းရဲ႕စကားေၾကာင့္ ဂ်ီမင္ ေဘးသီကို ၾကည့္လိုက္သည္ ။ ဘယ္သူမွေတာ့ ရွိမေနေခ် ။
" အခုအိမ္ျပန္ .."
" မျပန္ပါဘူး ..အခု သူငယ္ခ်င္းေတြနဲ႕ အရက္သာက္ေနတယ္ ၊ ၿပီးမွ ျပန္မယ္ ၊ မေက်နပ္ရင္ မင္းလိုက္လာခဲ့ "
ဖုန္းကို ဒီတစ္ေခါက္အရင္ခ်လိဳက္သူမွာ သူသာျဖစ္သည္။ အနိုင္လိုခ်င္ေဇာနဲ႕သာ ေျပာရတာ ကင္မ္ထယ္ေယာင္းက ေၾကာက္ဖို႔ေကာင္းမွန္း သူသိသည္ ။
" လာခဲ့ ..."
သူ႕လက္ေကာက္၀တ္အား လာဆြဲၿပီး ေခၚသြားတဲ့လူေၾကာင့္
" ေမာင္ ...အဲ ..ကင္မ္ထယ္ေယာင္း .."
မယုံနိုင္တဲ့ မ်က္လုံးေတြနဲ႕ အံ့ဩစြာနဲ႕ သူၾကည့္မိေနတုန္းမွာပဲ ကင္မ္ထယ္ေယာင္းရဲ႕ ေနာက္ကို လိုက္ပါသြားမိေလသည္ ။
ကားေပၚသို႔ တက္ခိုင္းၿပီးတာနဲ႕
" ဒါက ဘယ္လိုျဖစ္တာလဲ ..က်ဳပ္မရွိတာနဲ႕ပဲ "
" ဘာျဖစ္လို႔လဲ .. ဒူနာလည္း ပါတယ္ ၊ ၿပီးေတာ့ မင္းသူငယ္ခ်င္းေတြပဲေလ "
ကင္မ္ထယ္ေယာင္းရဲ႕ စိတ္တိုေနတဲ့ မ်က္၀န္းေတြက သိပ္ေၾကာက္ဖို႔ ေကာင္းသည္။ လည္ပင္းအေၾကာေလးေတြကအစ ေထာင္တက္ေနတာ ။
" က်ဳပ္ ခင္ဗ်ားကို အျခားသူေတြနဲ႕ အရက္ေသာက္ခြင့္မျပဳဘူးလို႔ ေျပာထားတယ္မလား ?"
သူ႕လက္ေမာင္းကို လာညွစ္ဖို႔လုပ္ေပမဲ့ တကယ္တမ္းေတာ့ ကိုင္၍သာ ကိုင္ထားေလသည္။ ဒီေနရာမွ အျခားလူတစ္ေယာက္ဆို ဘယ္လိုေနမလဲ သူေတြးၾကည့္မိသည္။ ကင္မ္ထယ္ေယာင္းနားသို႔ ကပ္သြားၿပီး ပါးေလးကို လွမ္းနမ္းလိုက္သည္ ။ ၿပီးေတာ့ ခ်က္ခ်င္းျပန္ခြာလိုက္သည္။ ကင္မ္ထယ္ေယာင္းရဲ႕ မ်က္လုံးအေရာင္ေတြ ေျပာင္းလဲသြားသည္ ။
" မင္းက ငါ့ကို ဖုန္းေတာ့ ဒီေန႕မွ ဆက္တယ္ ၊ မင္ဟိုနဲ႕ပဲ အလုပ္ကိစၥေန႕တိုင္းေျပာရေပမဲ့ မင္းကေတာ့ တစ္လခြဲမွ တစ္ခါ ဆက္တယ္ ၊ ငါေရာ ေဒါသမထြက္ရဘူးလား ?"
" က်ဳပ္မေျပာနိုင္ဘူးေလ ၊ ခင္ဗ်ား အသံ ခင္ဗ်ားရဲ႕ မ်က္ႏွာေလးကို ျမင္ရရင္ ေမာင္ခ်က္ခ်င္းျပန္လာခ်င္ေနမွာ "
အေလွ်ာက္ေကာင္းေတာ့ ဂ်ီမင္ ေဒါသစိတ္ေလး ေျပသြားေလသည္။ ဒါေပမဲ့ မ်က္ႏွာေပၚမွာတာ့ ေဒါသထြက္ေနတဲ့ပုံစံ ဖမ္းထားမိေလသည္ ။
သူ႕လည္ပင္းကို ကင္မ္ထယ္ေယာင္းရဲ႕ လက္တစ္ဖက္က လာကိုင္ရင္ သူ႕ႏူတ္ခမ္းေတြကို လာနမ္းသည္။ ထိုအနမ္းေတြသည္ သူခႏၶာကိုယ္မွာ ရွိသမွ် အားအင္ေတြကို စုပ္ယူသြားသလိုပင္ ျဖစ္သည္ ။ ကင္မ္ထယ္ေယာင္း ျပန္လႊတ္ေပးတဲ့အခ်ိန္က် သူ႕မွာ အင္အားဆုတ္ယုတ္လို႔ ေနသည္ ။ အသက္ကို ၀ေအာင္ ႐ူလိုက္သည္ ။
" မင္း အရမ္းပဲ .."
ထပ္၍ တိုးလာေသာ ကင္မ္ထယ္ေယာင္းရဲ႕ မ်က္ႏွာကို လက္နစ္ဖက္နဲ႕ တြန္းလိုက္ၿပီး
" ေတာ္ၿပီး ငါမခံနိင္ေတာ့ဘူး "
ထိုအခါ ကင္မ္ထယ္ေယာင္းရဲ႕ ႏူတ္ခမ္းတစ္ဖက္က ေကြးၫႊန႔္တက္သြားသည္ ။ အခုမွ ဂ်ီမင္ၾကည့္မိသည္ ကင္မ္ထယ္ေယာင္း အမဲေရာင္၀တ္ထားတာပဲ ဦးထုပ္ေရာ မ်က္မွန္အၾကည္ေလးက တပ္ထားတာ ။ သူ႕အမ်ိဳးသားက တကယ္ကို ေခ်ာသည္ ။ ၾကည့္ေနရင္နဲ႕
" လြမ္းေနတာ "
ခပ္တိုးတိုး ဆိုလိုက္သည္ ။ ၿပီးေတာ့ ကင္မ္ထယ္ေယာင္းရဲ႕ ေပါင္ေပၚသို႔ တစ္ျခမ္းေစာင္း တက္ထိုင္လိုက္သည္ ။ ကင္မ္ထယ္ ေယာင္းရဲ႕ လက္ေတြသည္ သူ႕ရဲ႕ ေနာက္ေက်ာျပင္နဲ႕ ေရွ႕ခါးမွာ ရွိေနေလသည္။
" မင္းသူငယ္ခ်င္းေတြ ေျပာတယ္ မင္းကေက်ာင္းမွာ လူဆိုးတဲ့ "
" ဒါတာကိုပဲ ခင္ဗ်ားယူထားတာတာေလ "
" အင္း... ဆိုးလိုက္တာ "
ကင္မ္ထယ္ေယာင္းရဲ႕ ပုခုံးေပၚ ေခါင္းကို မွီခ်လိဳက္သည္ ။ ေဆးလိပ္နံ႕မရေနပါ ။ ထူးဆန္းသည္ ေရေမႊးနံ႕နဲ႕ ကိုယ္သင္းရနံ႕သာ ေရာေထြးေနေလသည္ ။
" ငါမွာ မင္းပဲရွိေတာ့တာ မင္းသိတယ္မလား ?"
"..."
" ဒါေၾကာင့္ မင္းင့ါကို သိပ္မဆိုးပဲ အတူမရွိ
နိင္ရင္ ဖုန္းဆက္ေပးပါ "
" အရက္နံ႕လည္း မရပါဘူး "
ေၾကာင္ေလးလို႔ ခႊၽဲေနသူေၾကာင့္ ကင္မ္ထယ္ေယာင္းေျပာလိုက္တာ ျဖသ္လသည္ ။
" မေသာက္ရေသးဘူး .."
"...."
" မင္းရဲ႕အတိတ္ေၾကာင္းေတြကို မသိခ်င္ေတာ့ဘူး ၊ အခုလက္ရွိ မင္းရဲ႕ အေၾကာင္းပဲ သိခ်င္ေတာ့တယ္ ၊ ငါမွာ မင္းပဲရွိသလို မင္းလည္း ငါ့ကိုပဲ ရွိေပးပါ "
ကင္မ္ထယ္ေယာငိး ေခါင္းငုံ႕ကာ ၾကည့္ရင္
" အင္း ..."
ဒီလူဆိုးေကာင္ဆီက " အင္းတစ္လုံးကလည္း အမ်ားႀကီး အဓိပၸါယ္ရွိမွန္း သူသိပါသည္။ ကတိ တည္ေပးမယ္ဆိုတာကိုလည္း သူသိသည္။ ကင္မ္ထယ္ေယာင္းက မေပးနိင္တဲ့ ကတိမ်ိဳးကိုေပးတက္တဲ့ လူမ်ိဳးမဟုတ္လို႔ပဲ ။ ဘာမွ မေျပာင္းလဲေပးနိင္ဘူးေျပာေပမဲ့ တကယ္တမ္းေတာ့ ကင္မ္ထယ္ေယာင္းရဲ႕ ေျပာင္းလဲမူေတြကို သူတစ္ ေယာက္ထဲက သိလိမ့္မည္ ။ ၿပီးေတာ့ သူ႕ကို ဒီလိုမ်ိဳး ေပြ႕ဖက္ထားေပးတဲ့ အခ်ိန္ကို သေဘာအက်ဆဳံးျဖစ္ေလသည္ ။
( ဒီေလာက္နဲ႕ပဲ ၿပီးပါၿပီးေနာ္ ။ စစ္မူထမ္း ဥပေဒေၾကာင့္ စိတ္ညစ္ေနရမယ္ဆိုတာကို သိပါတယ္ ၊ မႀကီးတို႔လည္း စိတ္ညစ္ပါတယ္ ။ ဒါေပမဲ့ ျပင္စရာရွိတာလည္း ျပင္ဆင္ရမွာပါပဲ ၊ အခ်ိန္က ရေသးတာမို႔ မင္းကို ဘ၀ကို မင္းတို႔ ေ႐ြးခ်ယ္ပါ။ အရင္လို ေနလို႔ေတာ့မရေတာ့ဘူးေပါ့ေနာ္ ။ စစ္မူထမ္းမလား ၊ နိင္ငံျခားထြက္မလား ၊ ဒါမွ မဟုတ္ pdfထဲ ၀င္မလားေပါ့ ။ သာသနာေဘာင္က ေျပာတာ လြယ္ေပမဲ့ ၂နစ္ေနမွာ ကပ္ျပားထုတ္ေပးတယ္လို႔ မႀကီးသိပါတယ္။ ျပန္ဆြဲထုတ္ၿပီး စစ္မူထမ္းေနရလိမ့္မယ္ ထင္တယ္ ။ ဒါေၾကာင့္ စိတ္ဓာတ္က်မေနပဲ ဒီအခ်ိန္မွာ အိမ္က မိဘေတြနဲ႕ တိုင္ပင္ပါ ၊ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်ပါ ။ ၿပီးေတာ့ တစ္ခုခုလုပ္ပါ ။ စစ္မူထမ္းရရင္ ေသနတ္ကိုင္ရမယ္ မထင္ပါနဲ႕ေနာ္ ။ ပ်ဳစာထီးအားလုံးေတာင္ ေသနတ္မေပးနိင္တာ ။ လူသားဒိုင္းကားအျဖစ္ပဲ ကိုယ္ေတြပါ ခံရမွာ ။ ဒါေၾကာက့္ စဥ္းစားပါ ၊ ဆုံးျဖတ္ပါ၊ ျပင္ဆင္ပါ ၊ လုပ္ပါ ) ။ မႀကီးေတာ့ ဒါပဲ ေျပာခ်င္ပါတယ္ )