အခန်း (၁၉)
အစမရှိအဆုံးမရှိ ရုတ်တရက်ကြီး ဘာလို့ ဒီလိုဘာမဟုတ်တဲ့ အကြောင်းအရာကို သိချင်ရတာလဲ ရှန်းချောင်က အစောထဲက စိတ်ရှုပ်ထွေးသွားခဲ့ပေမဲ့ ကျန်းမမလေးက သူ့ကို စိတ်ပါလက်ပါနဲ့ လေးလေးနက်နက် ကြည့်နေတာကြောင့် သူတဖြည်းဖြည်း သဘောပေါက်သွားတယ်။သူမက တောင်ပေါ်မှာ နေတာအတော်ကြာသွားလို့ကိုး။ သူမက ၁၅နှစ်ဆိုပေမဲ့ ကလေးအရွယ်ဘဲရှိသေးတာကြောင့် ဒီလို မကြာသေးခင်ကစိတ်ဝင်စားဖွယ် အကြောင်းတွေကို သိချင်မှာပဲ။ ရှန်းချောင်က လောဘကြီးတဲ့သူဆိုပေမဲ့ ပိုက်ဆံယူပြီးသွားရင် သူ့အလုပ်သူ သေချာလုပ်တတ်တဲ့သူဖြစ်တယ်။ အထူးသဖြင့် အခုက သူ့ပါးစပ်လေးဘဲလှုပ်ရတာဆိုတော့ သိပ်တောင်မစောင့်လိုက်ရဘူး အတင်းအဖျင်းသတင်းပုလင်းအစုံက ထွက်ကျလာတော့တယ်။
"အမှန်ပဲ လွန်ခဲ့တဲ့ ၃နှစ်တုန်းက ရုံရှင်းလင်ရဲ့ သခင်မဟောင်းကွယ်လွန်သွားတုန်းက ကျွန်မတို့ ကျန်းသခင်မကြီးကတောင် ထပ်တူပူဆွေးရကြောင်းပြောဖို့ သွားခဲ့သေးတယ်။ မမလေးပြောသလိုပဲ ယန်ကျင်းအလှလေးရဲ့ယောက်ျားက မနှစ်ကအရာရှိစာမေးပွဲရဲ့ ထိပ်ဆုံးဂုဏ်ထူးဆောင်တစ်ယောက် ပြီးတော့...အခုသူက ပူပူနွေးနွေးခန့်အပ်ခံထားရတဲ့ ယဥ်ကျေးမှုဆိုင်ရာဝန်ကြီးဌာနရဲ့ အရာရှိရှန်းယွီရုန် သခင်လေးရှန်ဘဲ"
အဲ့နာမည်ကိုကြားတော့ ကျန်းလီရဲ့ နှလုံးသားက တင်းကျပ်သွားပေမဲ့ အပြုံးတစ်ခုချိတ်ဆွဲထားရင်း ပြောတယ်။
"တကယ် အဲ့လူပဲ"
ရှန်းချောင်ကဆက်ပြောတယ်။
"သခင်ကြီးက သခင်မကျီကိုပြောပြနေ
တာ ကျွန်မတစ်ခါကြားဖူးတယ်။ နန်းတွင်းခုံရုံးထဲက အရာရှိအသစ်တွေထဲမှာ သခင်လေးရှန်က ရာထူးတိုးတာအမြန်ဆုံးဘဲတဲ့။တကယ့် လူတော်တစ်ယောက် သူ့ဇနီးကလည်း တကယ်လှပေမဲ့....."
သူကဒီနေရာကိုရောက်တော့ တန့်သွားပြီး သူ့မျက်လုံးတွေမှာ စက်ဆုပ်ရွံရှာမှုတွေက အတိုင်းသားမြင်နေရတယ်။ သူက ကျန်းလီကို သောကရောက်နေဟန်ခပ်ရွံ့ရွံ့ကြည့်နေပြီး ဗလုံးဗထွေးရေရွတ်နေတယ်။
ကျန်းလီက မေးလိုက်တယ်"အဲ့သခင်မလေးက ဟိုကိစ္စဖြစ်ခဲ့တဲ့သူမလား"
သူမက အံ့သြသွားပြီး "မမလေးက ဒါကိုလည်း သိတာလား"
သူကအားနာစွာပြုံးပြီးပြောတယ်။
"ကျွန်မကအစက အဲ့အကြောင်းတွေပြောလိုက်ရင် မမလေးရဲ့နားကိုညစ်ညမ်းသွားစေမှာကို ကြောက်နေတာ သိပြီးသားလို့ မထင်ထားဘူး။ အမှန်ပဲ အဲ့သခင်မလေးရဲ့ စာရိတ္တဖောက်ပြန်တဲ့ကိစ္စကို လူတိုင်းသိတယ်။ မမလေးဘဲ စဥ်းစားကြည့် သခင်လေးရှန်က ဘယ်နေရာများမကောင်းတာရှိလို့လဲ။ ငယ်ရွယ်ချောမောပြီးအလားအလာလည်းကောင်းတယ်..အဲ့ဒါကိုတောင် ရှန်သခင်မလေးက အပြင်မှာဒီလိုလုပ်သေးတယ်။ သူဘာစဥ်းစားနေလဲဆိုတာ တကယ် မသိတော့ဘူး" သူ့အသံက နက်နက်ရှိုင်းရှိုင်းမနှစ်မြို့ပုံပေါ်နေတယ်။
"အကျင့် စာရိတ္တ ဖောက်ပြားတဲ့မိန်းမလူတိုင်းသိတယ်"
ကျန်းလီရဲ့ မျက်နှာအမူအရာက အတော်ထူးဆန်းနေပြီး ရုတ်ခြည်း လေထုကလည်းတောင့်ခဲသွားသလို ရှန်းချောင်က ခံစားလိုက်ရတယ်။သူကခဏရပ်တန့်သွားပြီးမှ တွေဝေစွာပါးစပ်ဟလာပြီး "မမလေးနှစ်"
ကျန်းလီက ပြုံးပြီး "ဘာမှမဟုတ်ဘူး ဆက်ပြောပါ"
အဲ့တော့မှ သူကခေါင်းထဲက ကိစ္စတွေကို ပြန်ခေါ်လိုက်ပြီး ဆက်ပြောတယ်"သူမက သခင်လေးရှန်အပေါ် အဲ့လိုအကျည်းတန်စိတ်ပျက်ဖွယ်ကိစ္စလုပ်လိုက်တာတောင် သခင်လေးက အပြစ်မတင်တဲ့အပြင် အရူးအမူးစွဲလမ်းနေဆဲဖြစ်ပြီး သူမကို အရင်အတိုင်းပဲ ဆက်ဆံပေးခဲ့တယ်။ ဒါပေမယ့် ကောင်းကင်ဘုံကတော့ ဒီအတိုင်း လက်ပိုက်ကြည့်မနေခဲ့ဘူး ထင်ပါတယ် သူမရဲ့ အဲ့ကိစ္စပေါ်အပြီးပဲ သူနေမကောင်းဖြစ်ခဲ့တယ်..ရက်နည်းနည်းကြာအပြီး ၁လပိုင်းအစမှာပဲ သူလောကကြီးက ထွက်သွားတော့တယ်။ ပြောရရင်တော့ ဝဋ်လည်တာပေါ့"
သူမကခေါင်းခါလျက် သက်ပြင်းချရင်းဆိုတယ်။ "သူ့ဇနီးမရှိတော့တာသိပြီးနောက် သူက စိတ်နှလုံးကြေကွဲပြီး သုံးရက်သုံးညတိုင်တိုင် ဘာမှမစားမသောက်ဘဲနေခဲ့တယ်..သူဇနီးနောက်မလိုက်သွားရုံတမယ်ဘဲ။ အရှင်မင်းကြီးက ယောကျ်ားတစ်ယောက်ဖြစ်ပြီး အချစ်မွှန်မွှန်နေလို့ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချပြီးတော့ ရက်အနည်းငယ်လောက် တရားလွှတ်တော်ကို မလာဖို့ အမိန့်ချမှတ်လိုက်တယ်။ ဒါပေမယ့် သခင်လေးရှန်က သူ့အိမ်ထောင်ရေးအပေါ် ခံစားပြီးသွားရင်တော့ တစ်ခါပြန်ရာထူးတိုးလိမ့်မယ်လို့ သခင်ကြီးက ပြောတယ်"
ဒါတွေအားလုံးပြောပြီးတော့ ရှန်းချောင်က ကျန်းလီကို ကြည့်ဖို့ ခေါင်းမော့လိုက်တယ်။ ကျန်းလီရဲ့ နှုတ်ခမ်းထောင့်ကတောင့်တင်းစွာပြုံးနေပေမဲ့ ခဏလေးအတွင်းမှာပဲ စကားမပြောခင် လက်ထဲကအခါးရည်ခွက်ကို ယူကာပါးစပ်အပြည့်ငုံလိုက်ပြီး "ဒီရှန်သခင်လေးက နက်ရှိုင်းတဲ့မေတ္တာစစ်ရှိတဲ့သူပဲ"
"အမှန်ပဲ" ရှန်းချောင်ကစိတ်ထဲ စိုးရိမ်နေပေမဲ့ ခေါင်းညိတ်လိုက်တယ်။ မဟုတ်ဘူးလား ဘယ်ယောက်ျားက ကိုယ့်မိန်းမဖောက်ပြန်တာကို ကျေနပ်မှာလဲ ဒါပေမယ့် ဒီစံသတ်မှတ်ချက်ကို ဆန့်ကျင်ပြီး ရှန်သခင်လေးက လုံးဝစိတ်မဆိုးခဲ့ဘူး။ ကံအားလျော်စွာနဲ့ဘဲ ရှန်သခင်မလေးက စောစော ကွယ်လွန်သွားခဲ့တယ်။ အကယ်၍မဟုတ်လို့ကတော့ ရှန်သခင်လေးက သူ့တစ်ဘဝလုံး ဒီအမည်းစက်ကြီးကြောင့် သူ့အပေါင်းအဖော်တွေရဲ့ မနှစ်မြို့စရာ အကြည့်တွေကို လက်ခံရမဲ့အပြင် လူတွေရဲ့ တံတွေးခွက်ထဲပက်လက်မျောလိမ့်မယ်။သူက လူပုံအလည်မှာ ရယ်စရာဟာသကြီးတစ်ခုဖြစ်နေမှာပဲ။ နောက်ဆုံးတော့ ကောင်းကင်ဘုံမှာ မျက်စိရှိသေးတယ်လို့ ဆိုရမှာပဲ။ကျန်းလီက သူ့ပါးစပ်ကိုအုပ်ရင်း ညင်သာစွာ သမ်းဝေလိုက်တယ်"ဒါပဲပေါ့ မမလည်း ကျွန်မကို အဖော်ပြုပေးနေရတာ ပင်ပန်းသွားလောက်ပြီ ပြီးတော့ ကျွန်မလည်း ဒီနေ့ စောစော အနားယူဖို့ပြင်ထားတာ စောင့်ပေးမဲ့ တုန်အာရှိတာမို့ ပြန်ပြီးအနားယူလို့ရပါပြီ"
သခင်မကျီက ကျန်းလီကို အနီးကပ် စောင့်ကြည့်ဖို့ သူမကို လွှတ်ထားတာဆိုပေမဲ့ ဒီနေ့တော့ ကျန်းလီ ဆုချထားတဲ့ ဒီကျောက်မျက်ဆံထိုးကို သေချာပြန်ကြည့်ဖို့ ပြင်းပြနေတာကြောင့် ချက်ချင်းပျော်ရွှင်မြူးထူးစွာ ပြန်သွားတော့တယ်။
တုန်အာက တံခါးသွားပိတ်ပြီးတော့ စိုးရိမ်တဲ့အသံနဲ့ပြောတယ်။ "မမလေး အဲ့ရှန်းချောင်က လူကောင်းမဟုတ်ဘူး။ သူက မမလေးက အနိုင်ကျင့်လို့ရတာမြင်ပြီး မမလေးဆီက လိမ်ပြီးပိုက်ဆံတွေယူနေတာ"
"သူကငါ့ကို လှည့်ဖျားတယ်လား သူ့ကို လှည့်စားလိုက်တာ ငါမဟုတ်ဘူးဆိုတာကိုရော မင်းဘယ်လိုသိမှာလဲ" သူက ပြုံးပြုံးလေး ပြောပြီး ဂရုမစိုက်သလိုနဲ့ ကျီရှုးရန်ပေးလိုက်တဲ့ရတနာဘူး ထဲကနောက်ထပ် ပစ္စည်း၂ခု ကိုထုတ်လိုက်တယ်။ သူတို့တွေအားလုံးက တန်ဖိုးကြီးတဲ့ ရတနာတွေဆိုပေမဲ့ ကျန်းယို့ရောင်ရဲ့ ပစ္စည်းတွေနဲ့တော့ ယှဉ်လို့မရဘူး။ အနည်းဆုံးတော့ တောင်ပေါ်မှာ၈နှစ်နေခဲ့တဲ့ သူ့အတွက်တော့ လုံလုံလောက်လောက် တောက်ပပါသေးတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ဒီလက်ဝတ်ရတနာတွေကို သေချာလာကြည့်မယ်ဆိုရင်တော့ ကျန်းသခင်မလေးရဲ့မျက်စိက တော်တော် ပျက်စီးနေပြီလို့ပြောလိမ့်မယ်။ ရွှီဖုန်းဖေးရဲ့သေဆုံးမှုနဲ့ အဲဒါကြောင့် ရှန်းယွီရုန်ကလည်းအချစ်ကြောင့် သေလုနီးပါးဖြစ်ခဲ့တာကို ယန်ကျင်းတစ်မြို့လုံးသိတယ်။ လူတွေရဲ့ မျက်လုံးထဲမှာ သူက အရည်အချင်းရှိ မေတ္တာစစ်နဲ့ အပြစ်အနာအဆာမရှိတဲ့ ယောက်ျားတစ်ယောက်ဘဲ။ ဧကရာဇ်နဲ့ သူ့အထက်ကလူတွေ မျက်လုံးထဲမှာတော့ ဒီအကြောင်းမှာ ခိုင်မြဲတဲ့ခံစားချက်တွေရှိတော့ သူ့အရည်အချင်းကို အသုံးချလို့ရနိုင်တယ်လို့ဘဲမြင်တယ်။ ရှန်းယွီရုန်နဲ့ မင်းသမီး ယုံနင်တို့က လက်တွဲအလုပ်လုပ်နေခဲ့ကြတာဖြစ်တယ်။ ရှန်သခင်လေးရဲ့ ဘဝလက်တွဲဖော် ရွှီဖုန်းဖေးရဲ့သေဆုံးမှုကို ဖြစ်စေတဲ့နောက်မီးလင်းတဲ့စုံတွဲပေါ့ သူ့ဇနီးအပေါ်တကယ်ချစ်ခဲ့တယ်ဆိုပေမဲ့လည်း သူက နာမည်ကောင်းရချင်ပြီး ပိုမြင့်တဲ့ရာထူးရဖို့အတွက် တစ်ဆင့်ချင်း အခွင့်အရေးကိုအမိအရ အသုံးချနေခြင်းသာဖြစ်တယ်။ ချစ်တတ်ပါတယ်ဆိုတဲ့ ဒီလူရဲ့ ဟိုးအတွင်းထဲမှာတော့ ဘယ်လောက် မျက်နှာပြောင်တိုက်ပြီး ပြောင်းလဲလွယ်လဲဆိုတာ ကောင်းကင်ဘုံဘဲ သိလိမ့်မယ်။
နတ်ဘုရားမှာ တကယ်မျက်စိရှိတယ်ဆိုရင် သူက အတော် မတရားတာပဲ..ဘယ်လောက်တောင် ကြင်နာတတ်လိုက်တဲ့ လူကောင်းလေးပါလိမ့်!
အခုတော့ သူက မင်းသမီးယုံနင်ဆိုတဲ့ နောက်ခံကြောင့် ခပ်မြင့်မြင့် တစ်နေရာမှာ ရှိနေပြီ။ ရွှီဖုန်းဖေးကသေပြီး ပြန်မွေးဖွားလာမယ်ဆိုတောင် သူတို့က ကောင်းကင်က တိမ်နဲ့ မြေကြီးပေါ်က ရွှံ့လို အကွာကြီးကွာနေမှာဖြစ်တယ်။ ထိုသူကို တိမ်ယံထက်က ဆွဲချဖို့ လက်လှမ်းမှီမှာတောင် မဟုတ်ဘူး။
ဒီအခရာကျတဲ့ အချိန်လေးမှာ ရှုံးသွားလို့ကတော့ ရှန်းယွီရုန်က သူမထိလို့မရနိုင်တဲ့နေရာအထိ ပိုတောင် မြင့်သွားလိမ့်မယ်။
ကံကောင်းချင်တော့ သူကကျန်းအိမ်တော်က မမလေးဖြစ်နေပြီ။ ကျန်းအိမ်တော်က ယန်ကျင်းမှာဆို အတော်အာဏာရှိတဲ့သူတွေဆိုတော့ ဒီသစ်ပင်ကြီးကို မှီခိုပြီး အေးဆေးသက်တောင့်သက်သာ အရိပ်ခိုလို့ရတယ်။ ဒါသူ့ရဲ့ ဖြတ်လမ်းပဲ။ သို့သော်လည်း ကျန်းအိမ်တော်မှာ သူ့ရာထူးကို ခိုင်ခံ့အောင်လုပ်ဖို့ နည်းလမ်းရှာရဦးမယ်။ ဘယ်သူမှ အာရုံထဲမရှိတဲ့ ကျန်းသခင်မလေးနဲ့ ယှဥ်ရင် အိမ်တော်မှာ အာဏာရှိပြီး အလေးထားရတဲ့ ကျန်းသခင်မလေးဆိုတာက ကိစ္စတွေကို ပြုလုပ်ရတာပိုလွယ်လိမ့်မယ်။ အခုချိန်မှာ ဆိုးယုတ်တဲ့မိထွေးနဲ့ ဒုတိယ မိသားစုနဲ့ တတိယမိသားစုက လူတွေကိုလည်း ထုတ်ပြောနေစရာတောင် မလိုဘူး။ သူတို့က သွေးအနီးဆုံး ကျန်းယွမ်ပိုင်နဲ့တောင် ခပ်မှိန်မှိန်ဆက်ဆံရေးဘဲ ရှိတာဆိုတော့ အဲ့လောက် အာရုံစိုက်စရာ မလိုဘူး။
အဲ့ဒါဆို သူဒီကျန်းအိမ်တော်မှာ ခြေကုပ်တစ်ခုဘယ်လိုယူသင့်သလဲ
ရွှယ့်ဟွိုင်ယွမ်ကတစ်ခါပြောဖူးတယ်။ ဘယ်အချိန်ဘဲဖြစ်ဖြစ် တစ်စုံတစ်ယောက်မှာ ကိုယ်ပိုင်တန်ဖိုးဆိုတာ ရှိတယ်တဲ့။
ဆိုတော့ ကျန်းအိမ်တော်ထဲကလူတွေကို သူမရဲ့ တန်ဖိုးကိုသိအောင်ပြရတော့မယ်။
Telegram မှာ အပိုင်း ၆၆အထိ ရောက်ပါပြီနော်။