ဒုန်း .. ဒုန်း .. ဒုန်း ...!!
မနက်မိုးသောက်ချိန်ေလးတွင် Gabriel
တော်ဝင်စားဖိုဆောင်ထဲ၌ ညစောင့်တာဝန်
ကျသော အငယ်တန်းစားတော်ကဲ တစ်ဦး
အိပ်ပျော်နေလျက် ရှိသည်။
သူသည် ရုတ်တရက် အိပ်ပျော်နေရာကနေ
တံခါးထုသံ ကြားရသဖြင့် ချက်ချင်း လန့်နိုး
သွားခဲ့ရသည်။ သူဟာ အိပ်ချင်မူးတူးဖြင့်
သာ လှဲနေရာက ထထိုင်လာခဲ့ရင်း နာရီစင်
ကို လှမ်းကြည့်လိုက်သည်။
တော်ဝင်စားဖိုဆောင်သည် ပုံမှန်ဆိုလျှင်
နံနက် ၆ နာရီမှ စလည်ပတ်လေ့ရှိသော်လည်း
ယခုအချိန်မှာ နံနက် ၅ နာရီအချိန်တောင် မရောက်သေးပါ ...
" နံနက်အစောကြီး ဘယ်သူလာတာပါလိမ့်.."
ပြောပြောဆိုဆိုနှင့်ပင် ထလာလိုက်ရင်း
တံခါးကို သွားဖွင့်ပေးလိုက်ေသာအခါ အပြင်
ဘက်က ခပ်ပြုံးပြုံးဖြင့် ရပ်ကြည့်နေသည့်
မင်းသမီး Freen အား တွေ့လိုက်ရသည်။
ထိုအငယ်တန်းစားတော်ကဲလေးဟာ
အံ့ဩစွာဖြင့် တစ်ခါတည်း ခေါင်းငုံ့ဦးညွှတ်
ရင်း
" မင်း .. မင်းသမီး ! .. "
Freen ဟာ ပြုံးရင်းနဲ့ပဲ
" ကောင်းသော နံနက်ခင်းပါ .. Kai
စိတ်မကောင်းပါဘူး..
ရှင် အိပ်နေတာကို နှောင့်ယှက်မိသွားတယ်
ထင်တယ် .."
မင်းသမီး Freen ဟာ ပုံမှန်အားဖြင့်လည်း
မကြာခဏ တော်ဝင်စားဖိုဆောင်ကို လာလေ့
ရှိတတ်ပြီး အကြီးတန်း တော်ဝင်စားတော်ကဲ
ကြီးအပြင် ထိုအငယ်တန်း စားတော်ကဲလေး
Kai နှင့်လည်း ရင်းနှီးမှု ရှိထားသည်။
_
_
အငယ်တန်းစားတော်ကဲလေး Kai ဟာ
မင်းသမီး Freen ကို မြင်တော့ ပြုံးရယ်လိုက်
ပြီး ခေါင်းလေးထပ်ညွှတ်လျက်
" ကောင်းသောနံနက်ခင်းပါ .. မင်းသမီး ..
ကျွန်ေတာ်မျိုးက ကိစ္စမရှိပါဘူး..
ဒီလောက်နံနက်အစောကြီး စားဖိုဆောင်ကို
ရောက်လာတာဆိုတော့ ရုတ်တရက် အံ့ဩ
သွားလို့ပါ .."
Freen က ခေါင်းလေး ညိတ်ရင်း
" တစ်ခြားတော့ မဟုတ်ပါဘူး .. Kai
နန်းတော် အစားအသောက်သိုလှောင်ေရး
ရံုထဲမှာ စတော်ဘယ်ရီသီးတွေ ရှိသေးလား
ဆိုတာ သိချင်လို့ပါ .."
" စတော်ဘယ်ရီသီး ? ..
နန်းတော်မှာ ပွဲတစ်ခုခုရှိလို့လား ..
ကျွန်တော်မျိုးကိုလည်း ဘယ်သူမှ
ဘာမှမပြောကြပါဘူး ..."
အငယ်တန်းစားတော်ကဲေလးက မျက်ခုံး
လေး တွန့်ရင်း ပြန်ပြောလာတော့ Freen က
တစ်ချက်ရယ်ကာ
" မဟုတ်ပါဘူး ..နန်းတော်မှာကတော့
ဘာမှပွဲမှ မရှိပါဘူး ..
စတော်ဘယ်ရီသီးက ကျွန်မအတွက်ပဲ
မေးတာပါ ..
ကျွန်မက ဒီနေ့ နန်းတော်အပြင်ဘက်ကို
သွားစရာ ရှိနေတယ်လေ ..
မိတ်ဆွေတစ်ယောက်နဲ့ တွေ့ရင်း
အဲ့ဒီလူကို စတော်ဘယ်ရီသီးတွေ
လက်ဆောင်ပေးချင်လို့ပါ .."
Kai က နားထောင်ရင်း ခေါင်းလေးညိတ်
လာခဲ့ပြီး
" ဪ .. ကျွန်တော်မျိုး နားလည်ပါပြီ ..
စတော်ဘယ်ရီသီးတွေက ရှိပါတယ် ..
ခဏလောက် စောင့်ပေးပါနော်.."
_
_
_
Kai ဟာ အထဲကို ပြန်ဝင်သွားခဲ့ပြီးနောက်
သော့တွဲတစ်ခုကို ယူလာကာ ပြန်ထွက်လာခဲ့သည်။ သူသည် Freen ကို စားဖိုဆောင်ဘေး
မှာ ရှိနေသည့် သိုလှောင်ရုံဘက် ခေါ်ဆောင်
လာခဲ့ပေးပြီး
" အစေခံတစ်ယောက်ယောက်ကို လွှတ်လိုက်
လည်း ရပါတယ် .. မင်းသမီးရယ် ..
ဒီလိုကိစ္စမျိုးလောက်ကို မင်းသမီး
ကိုယ်တိုင် လာခဲ့ရတယ်လို့ .."
Kai က စပြောလာတော့ Freen က
ပြုံးရင်းနှင့်ပဲ
" ကျွန်မလည်း စောစောနိုးနေခဲ့တာဆိုတော့
ဘာမှလုပ်စရာလည်း မရှိသေးတာနဲ့
ထွက်လာလိုက်တာပါ .."
Kai က တစ်ချက်ပြုံးရင်း
" မှန်လှပါ .. ကျွန်တော်မျိုးက မင်းသမီးရဲ့
အကြောင်းကို သိပါတယ်နော်..
မင်းသမီးက အစေခံတွေကို ခိုင်းစေရတာ
ထက် ကိုယ်တိုင်သွားလာလှုပ်ရှားရတာကို
ပိုနှစ်သက်တယ် ဆိုတာ .."
Freen က ဘာမှဆက်မပြောပဲ ရယ်သာ
ရယ်နေခဲ့သည်။ Kai က ဆက်ပြီး
" မင်းသမီး အခုလို လာရှာမှာ မို့လို့လား
တော့ မသိပါဘူး ..
ကံကောင်းချင်ေတာ့ မနေ့ညနေပိုင်းကမှ
တစ်ခြားအသီးအနှံေကာင်းတွေ အပြင်
လှပလတ်ဆတ်တဲ့ စတော်ဘယ်ရီသီးလေး
တွေ ရောက်ထားတယ်လေ .."
Kai ပြောသမျှကို နားထောင်နေတဲ့
Freen က ခေါင်းလေး တညိတ်ညိတ်ဖြင့်
" ပုံမှန်ဆို ဘယ်နှစ်ရက် တစ်ကြိမ်
နန်းတော်သိုလှောင်ရုံကို ကုန်စည်
အဖြည့်အတင်းေတွ လုပ်ကြလဲ ? .."
" မှန်လှပါ .. တစ်ပတ်ကို တစ်ကြိမ်ကတော့
နန်းတော်သိုလှောင်ရုံမှာ ကုန်စည်အဖြည့်
အတင်း ရှိပါတယ် ..
အရင်တုန်းကဆိုရင်ပေါ့ ..
တစ်ချို့ကုန်စည်တွေက ပြည်ပက ဝင်တာ
ဆိုတော့ ပြည်တွင်းမှာ ပြတ်လတ်သွားတာ
မျိုးဆိုရင် အခက်တွေ့ရပြီလေ..
အဲ့ဒီလိုပြည်ပကုန်စည်တွေ ပြည်တွင်းမှာ
ပြန်စီးဆင်းလာဖို့ အချိန်တွေ ရက်နဲ့ချီ ၊
လနဲ့ချီအောင် စောင့်ရတာတွေ ရှိခဲ့ဖူးတယ်
ဒါပေမယ့် ကုန်သွယ်ရေးက ဒီနောက်ပိုင်း
မှာ အများကြီး ဖြောင့်ဖြူးလာတော့
ဟိုးအရင်တုန်းကလို ပြည်ပကုန်စည်တစ်ခု
ရောက်လာဖို့ သိပ်အချိန်မစောင့်ရတော့ဘူး
အဲ့ဒါကလည်း တကယ်ကောင်းတဲ့ အချက်
ပါပဲ.."
Kai ပြောနေတာတွေကို အနောက်ကနေ
လျှောက်ရင်း နားထောင်နေသည့် Freen ဟာ
ပြုံးမိသည်။ သူမ ပြုံးေနရသည့် အချက်ဟာ
နှစ်ချက်ရှိပါသည်။
ပထမတစ်ချက်မှာ သူမချစ်ရသောBec လေး
အတွက် စတော်ဘယ်ရီသီးများ ယူသွားနိုင်
တာကြောင့် ဖြစ်ပြီး
ဒုတိယတစ်ချက်မှာ ဖြောင့်ဖြူးတိုးတတ်လာ
သော ပြည်တွင်းပြည်ပ ကုန်သွယ်ရေးကို
အဓိက စွမ်းဆောင်ခဲ့သူ တလဲဖြစ် သူမ၏
မောင်တော်နန်းလျာမင်းသား Eric ကြောင့်
ပင် ဖြစ်သည်။
_
_
_
_
_
_
_
_
_
_
နံနက်အလင်းေရာင် ပိုလင်းလာချိန်မှာတော့ မြို့တွင်း၌ စတင်၍ ရုတ်ရုတ်သဲသဲ ဖြစ်လို့ လာကြသည်။
" သတင်းထူး ! .. သတင်းထူး !
မနေ့ညကပဲ တရားရေးဝန်ကြီး
ထပ်လုပ်ကြံခံလိုက်ရပြန်ပြီ !! .."
Gabriel မြို့ထဲရှိ ပြည်သူတွေကြားထဲ
မှာတော့ ဒီနေ့နံနက်အတွက် စကားပြောစရာ အကြောင်းအရာတစ်ခုတော့ ရလို့ လာခဲ့
သည်။
တရားရေးဝန်ကြီးဖြစ်သူ Marco Braus
လုပ်ကြံခံလိုက်ရသည့် ပုံစံမှာ သူ့အရှေ့က
လုပ်ကြံခံလိုက်ရသည့် ကာကွယ်ရေးဝန်ကြီး
Mike Claes နှင့် အနည်းငယ် ဆင်တူသည်။
သို့ပေမယ့်လည်း ကွဲပြားနေပြန်သည်။
တရားရေးဝန်ကြီးရဲ့တပည့်တပန်းဖြစ်သူ
အစောင့်များကလည်း အံ့ဩတုန်လှုပ်နေခဲ့
ကြပြီး မနေ့ညက ယမကာ မူးနေသည့် သူတို့သခင်အား သူတို့ကိုယ်တိုင် မြင်းလှည်းပေါ်
တင်ဆောင်ပေး၍ အိမ်ပြန်ခေါ်လာခဲ့ကြောင်း
နှင့် အိမ်တော်ပြန်ရောက်၍ လှည်းတံခါးကို
ဖွင့်လိုက်သောအခါ အထဲတွင် သူတို့သခင်
မရှိေနတော့ကြောင်းကို အဖန်ဖန်ပြောဆိုနေခဲ့
ကြသည်။
သူတို့သည် ညတွင်းချင်း Marco Braus
ကို လိုက်လံရှာဖွေခဲ့ကြပေမယ့်လည်း မတွေ့
ခဲ့ကြရ။ နံနက်ခင်း အလင်းရ၍ မြို့တွင်းထဲမှ
ပြည်သူတစ်ချို့၏ တွေ့ရှိမှုအရ ရှေးဟောင်း
ပစ္စည်းဆိုင်တစ်ဆိုင်၏ ပစ္စည်းသိုလှောင်ရုံ
တွင် Marco Braus အလောင်းရှိနေကြောင်း
သိရသည်။
_
_
_
_
ဝန်ကြီးချုပ် Ryder Henry Vincent ဟာ
သူ့နှာခေါင်းကို ပုဝါစလေး အုပ်ကိုင်ရင်းဖြင့်
ကုလားထိုင်တွင် ထိုင်လျက် အသက်မဲ့နေ
သော Marco Braus ကို သေချာ အနီးကပ်
ကြည့်နေသည်။ သူ့နောက်မှာဆို အမှုအခင်း
စစ်ဆေးရေးခေါင်းဆောင် Leo ၊ ဘဏ္ဍာရေး
ဝန်ကြီး Ven Margaret နှင့် ဆက်သွယ်ရေး
ဝန်ကြီး Drake Hoover တို့လည်း ရှိနေခဲ့ကြ
သည်။
ဘဏ္ဍာရေးဝန်ကြီး Ven Margaret မှာ
တော့ တည်ငြိမ်သော အနေအထားဖြင့်သာ
ရှိနေခဲ့ပြီး ဆက်သွယ်ရေးဝန်ကြီး Drake
Hoover ကတော့ ပိုတုန်လှုပ်လို့ နေခဲ့သည်။
အမှုအခင်းစစ်ဆေးရေးခေါင်းဆောင်ဖြစ်သူ
Leo ကတော့ မျက်နှာပျက်နေခဲ့ရင်း
" ကျွန်တော်တို့ Gabriel တိုင်းပြည်တော့
ကံဆိုးနေပြီလား မသိပါဘူးဗျာ..
ဒီလထဲမှာပဲ အကြီးတန်းဝန်ကြီးနှစ်ယောက်
လုပ်ကြံခံလိုက်ရတယ်လို့ ..
နှစ်ယောက်လုံးကလည်း အရက်စက်ဆုံး
လုပ်ကြံနည်းလို့တောင် ခေါ်ရတဲ့ နည်းတွေ
နဲ့ လုပ်ကြံခံခဲ့ရတာ ..
အဆိုးဆုံးကတော့ ဒီတစ်ခါမှာ
တားမြစ်ကျိန်စာ တစ်ခုဖြစ်တဲ့
သက်ဝင်ကျိန်စာကို အသုံးပြုထားတာပဲ..
အခုနေ တရားရေးဝန်ကြီးရဲ့ရုပ်အလောင်း
ကိုသာ စမ်းသပ်စစ်ဆေးရမယ့် ဆိုရင်
တစ်ခုမကျန် ပြတ်ထွက်နေတဲ့ သွေးကြော
တွေနဲ့ ကျေမွပျက်စီးနေတဲ့ ကိုယ်တွင်း
အစိတ်အပိုင်းတွေချည်းပဲ မြင်ရမှာ..
ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ? ..
ဝန်ကြီးချုပ် .."
အမှုအခင်းစစ်ေဆးရေး ခေါင်းဆောင်
Leo က သူ့ရှေ့က ဝန်ကြီးချုပ် Ryder ကို
လှမ်းပြောလာခဲ့သည်။ Ryder က ကြည့်ပြီး
သောအခါ သူ့ပုဝါစကို ပြန်ခေါက်သိမ်းလိုက်
ရင်း အနောက်သို့ ပြန်လှည့်လာခဲ့သည်။
" မျှော်လင့်ချက် မမဲ့ပါနဲ့အုံး ..
ဘာပဲဖြစ်ဖြစ် ငါတို့အခုထိ တွေ့ရှိချက်အရ
ဆိုရင် တရားခံက တစ်ယောက်တည်းကပဲ
ဆိုတာ သေချာနေတာပဲလေ..
ငါတို့ေတွ ပထမကတည်းက ဖမ်းဆီးဖို့
ဘယ်လိုမှ မတတ်နိုင်သေးတဲ့ လျှို့ဝှက်
လုပ်ကြံသူပဲပေါ့ ..
လက်တလော ဖြစ်ထားတဲ့ အမှုနှစ်ခုလုံးက
ကွင်းဆက်ဖြစ်နေတာဆိုတော့ ပိုအားဖိပြီး
ရှာဖွေရုံပဲ ရှိမယ် .."
ထိုအချိန်တွင် အမှုအခင်းစစ်ေဆးရေးအဖွဲ့
မှ အဖွဲ့သားတစ်ယောက်ဟာ သူတို့ရဲ့စကား
ဝိုင်းနားသို့ ရောက်လာခဲ့ပြီး
" ခွင့်ပြုပါ..ခေါင်းဆောင် Leo နဲ့ ဝန်ကြီးတို့..
အခုအခင်းဖြစ်ရာ နေရာကို ဘုရင်ကြီးနဲ့
နန်းလျာမင်းသားတို့ ရောက်ရှိလာပါတယ် "
ထိုသတင်းပေးပို့မှုကို ကြားရသောအခါ
ဝန်ကြီးချုပ် Ryder နှင့် အမှုအခင်းစစ်ဆေး
ရေး ခေါင်းဆောင် Leo တို့ဟာ တစ်ယောက်
ကို တစ်ယောက် ကြည့်လိုက်ကြသည်။
_
_
_
ဘုရင်ကြီးဟာ ရာဇမာန်ပါသော ခြေလှမ်း
များဖြင့် ထိုနေရာဆီသို့ လျှောက်လို့ လာခဲ့ပြီး
နန်းလျာမင်းသားမှာလည်း သူ့နောက်ကနေ
လိုက်လို့ လာခဲ့သည်။
" ဒါတွေက ဘယ်လိုဖြစ်ရပြန်တာလဲ ! ..
ငါကိုယ်တော့်ကို ရှင်းပြကြစမ်း ! .."
ဝန်ကြီးချုပ်နှင့် ဝန်ကြီးတွေအပြင် အမှု
အခင်းစစ်ေဆးသူများကပါ ဘုရင်ကြီးနှင့်
နန်းလျာမင်းသားကို ရိုသေစွာ ဦးညွှတ်လိုက်
ကြပြီး ဝန်ကြီးချုပ် Ryder မှ စတင်၍
" စိုးရွံမိပါတယ် .. ဘုရင်ကြီး
မြင်တွေ့ရတဲ့အတိုင်းပါပဲ .. မနေ့ညကမှ
တရားရေးဝန်ကြီးဟာ လုပ်ကြံသူကြောင့်
အသက်စွန့်သွားရတာပါ..
ဒီအမှုရဲ့ဖြစ်ရပ်ကိုလည်း ကျွန်တော်မျိုးတို့
ဝိုင်းဝန်းအဖြေရှာနေကြပါတယ်.."
ဘုရင်ကြီးက မျက်မှောင်ကြုပ်လို့
သွားခဲ့ပြီး
" အရင်ပထမ အမှုကိုတောင် ပေါ်အောင်
မဖော်နိုင်ကြတာ ! ..
နောက်တစ်မှုကပါ ထပ်တိုးလာပြီလေ !! ..
မောင်မင်းတို့တွေ ကိုယ့်တာဝန်ကို ဘယ်လို
ထမ်းဆောင်နေကြတာလဲ .. ဟမ် ! .."
ဘုရင်၏ ကြိမ်းမောင်းပြောဆိုမှုကို ခံနေရ
သည့် အကြီးအကဲဝန်ကြီးများနှင့်အမှုအခင်း
စစ်ေဆးေရးအဖွဲ့သားများဟာ ခေါင်းလေး
တွေ ငုံ့လျက်ဖြင့် ငြိမ်သက်နေခဲ့သည်။
ထိုအချိန် ကျန်လူများမှာ Marco Braus ၏ ရုပ်အလောင်းကို ကုလားထိုင်ခံုေပါ်မှ မ၍
အောက်တွင် ချထားသည့် ထမ်းစင်ပေါ်တင်
နေခဲ့သည်။ ရုပ်အလောင်းပေါ်ကနေ ပိတ်ဖြူ
လွှားခြုံပြီးသည်အထိ ထိုမြင်ကွင်းကို ခေါင်းငုံ့လျက်နှင့်မှ အကြည့်မလွှဲ ကြည့်နေသည့်
သူမှာ Ven Margaret ပင်ဖြစ်သည်။
" ဒီအမှုနှစ်ခု မပေါ်ပေါက်မချင်း ..
အဲ့ဒီတရားခံကို ဖမ်းမိတဲ့ အချိန်
မရောက်မချင်း ..
မောင်မင်းတို့ အိမ်မှာ စိတ်အေးလက်အေး
နားခွင့် မရှိဘူး ! .. ကြားကြလား !! .."
" မှန်လှပါ .. ဘုရင်ကြီး ..
ကျွန်တော်မျိုးတို့ ကြိုးစားထမ်းဆောင်
ပါ့မယ် .."
သူတို့အားလုံးက ပြိုင်တူ ပြောလိုက်ကြသည်။ ဘုရင်ကြီး Alvin ဟာ စိတ်ကြီးစွာဖြင့်
သူ့လူတွေကို ပြောဆိုပြီးနောက် ခဏနေမှ
ထိုေရှးေဟာင်းပစ္စည်းသိုလှောင်ရုံထဲ ကနေ
ထွက်လို့သွားခဲ့သည်။
_
_
" ခွင့်ပြုပါ .. ဘုရင်ကြီး .."
ဘဏ္ဍာရေးဝန်ကြီး Ven Margaret သည်
ဘုရင်အနောက်မှ လိုက်လာခဲ့တာ ဖြစ်သည်။
နန်းတော်ဆီသို့ ပြန်ရန် တော်ဝင်မြင်းလှည်း
ရထားထဲ ပြန်ဝင်တော့မည့် ဘုရင် Alvin ဟာ
လှည့်ကြည့်လို့ လာခဲ့ပြီး နန်းလျာမင်းသားက
လည်း ထို့အတူပင် ဖြစ်သည်။
" ကျွန်တော်မျိုးမှာ လျှောက်တင်စရာ
နည်းနည်းရှိေသးလို့ ခဏလောက် အချိန်
ထပ်ပေးလို့ ရမလား.. ဘုရင်ကြီး .."
ဘဏ္ဍာရေးဝန်ကြီး Ven Margaret ၏
မျက်နှာအရိပ်အကဲကို သဘောပေါက်သည့်
ဘုရင် Alvin ဟာ သူ့ေဘးက သားတော်ကို
" နန်းလျာသားတော်က လှည်းထဲ အရင်
ဝင်နှင့်ပါ .."
Eric ဟာ သူ့ခမည်းတော်ကို ခေါင်းလေး
တစ်ချက်ညိတ်ပြခဲ့ပြီး တော်ဝင်မြင်းလှည်း
ရထားပေါ် အရင်တတ်သွားခဲ့သည်။
_
_
ဘုရင် Alvin နှင့် ဘဏ္ဍာရေးဝန်ကြီး Ven
တို့ဟာ တော်ဝင်မြင်းလှည်းရထားနားကနေ
ခပ်လှမ်းလှမ်းသို့ လျှောက်လာခဲ့ပြီးနောက်
" ဘဏ္ဍာရေးဝန်ကြီးက ငါကိုယ်တော်ကို
ဘာေလျှာက်တင်ချင်လို့လဲ ? .."
Ven Margaret ဟာ ဘေးပတ်ဝန်းကျင်
ကို တစ်ချက်ဝေ့ကြည့်ရင်း
" သက်ဝင်ကျိန်စာ အကြောင်းပါ ..
ဘုရင်ကြီး အရင်က သိထားတဲ့အတိုင်းပါပဲ
ကျွန်တော်မျိုးက မှော်မျိုးရိုးအစစ် မဟုတ်
တာကြောင့် မှော်ပညာကို မသုံးနိုင်တာ
မှန်ကန်ပေမယ့် ဒီတိုင်းပြည်မှာ ရှိသမျှ
တစ်ခြားစွမ်းအားကြီး မှော်ပညာရှင်တွေနဲ့
ရင်းနှီးသင့်သလောက် ရင်းနှီးထားပါတယ်
ဒီတိုင်းပြည်မှာ အဲ့ဒီအထဲကမှ
သက်ဝင်ကျိန်စာကို ဖန်တီးနိုင်စွမ်း ရှိတဲ့
မှော်ပညာရှင်တစ်ယောက် ရှိပါတယ်.."
ဘုရင် Alvin က နားထောင်နေရင်း
" ဘယ်သူများလဲ ? .."
" Mr.Ethan လို့ ခေါ်တဲ့ မှော်ပညာရှင်ကြီး
တစ်ဦးပါ ..
ဘုရင်ကြီး မှတ်မိရင် မှတ်မိမှာပါ..
လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ကျွန်တော်မျိုး
လုပ်ခိုင်းခဲ့တဲ့ သက်ဝင်ကျိန်စာ တစ်ခုကို
သူပဲ လုပ်ပေးနိုင်ခဲ့တယ် ဆိုတာ ..."
ဘုရင် Alvin ဟာ သိနေတဲ့ ပုံစံဖြင့်
Ven Margaret ကို ကြည့်လို့လာခဲ့သည်။
" အခုတရားရေးဝန်ကြီး လုပ်ကြံခံရတာဟာ
သက်ဝင်ကျိန်စာက အဓိက ဖြစ်နေတာ
ကြောင့် အကယ်၍ သူ့ဆီကိုသာ တရားခံ
အသုံးပြုသွားတဲ့ ကြိုးတွေ ပေးလိုက်မယ်
ဆိုရင် ..
တရားခံက ဘယ်သူလဲ ဆိုတာ ချက်ချင်း
မသိရသေးရင်တောင်
ဘယ်စွမ်းအင်အရင်းအမြစ်မျိုးနဲ့
စီရင်ထားတယ် ?..
ဘယ်သူ့နှလံုးသွေးကို အသုံးပြုထားတယ်
ဆိုဝာာတွေ အနည်းဆုံး သိရပါလိမ့်မယ်.."
ဘဏ္ဍာရေးဝန်ကြီး Ven Margaret ပြော
သမျှကို နားထောင်နေသည့် ဘုရင်ကြီးဟာ
ခဏအကြာမှာ ခေါင်းညိတ်လာခဲ့ပြီး
" ငါကိုယ်တော် နားလည်ပြီ ..
ဒါနဲ့ စောစောတုန်းကကျတော့ ဘာဖြစ်လို့
မလျှောက်တင်ခဲ့တာလဲ .."
" မှန်လှပါ.. ဘာဖြစ်လို့လဲ ဆိုတော့
ဘုရင်ကြီးကိုပဲ ပေးသိစေချင်တာပါ ..
အမှုအခင်း စုံစမ်းစစ်ဆေးရေးကိုလည်း
ပြောပြမှာ မဟုတ်သလို တရားရေးဌာနက
လူတွေကိုလည်း အကူအညီ ပေးခိုင်းမှာ
မဟုတ်ပါဘူး ..
ဒီကိစ္စကို ကျွန်တော်မျိုး ကိုယ်တိုင်ပဲ
ဆက်လက်စုံစမ်းမှာပါ .."
ဘုရင်ကြီးက နားထောင်ရင်း
" ဘဏ္ဍာရေးဝန်ကြီး ကိုယ်တိုင်ပဲ ကိုင်တွယ်
မယ်ပေါ့လေ .."
" ဟုတ်ပါတယ် .. ဘုရင်ကြီး .."
" ကောင်းပြီလေ .. ဒါဆိုရင် အဲ့ဒီ Ethan
ဆီကို ကြိုးစအနည်းငယ် ယူသွားပြီး
ပေးလိုက် ..
တစ်ခုခု ထူးခြားလာခဲ့ရင် ငါကိုယ်တော်ကို
ပြန်လျှောက်တင်ပါ .."
ဘဏ္ဍာရေးဝန်ကြီး Ven Margaret က
ခေါင်းလေးငုံ့ကာ ဦးညွှတ်ရင်းဖြင့်
" မှန်လှပါ .. ဘုရင်ကြီး .."
_
_
_
_
Becky တစ်ယောက် နံနက်ခင်းလေးမှာ
နိုးထလို့လာခဲ့ပြီးနောက် အိပ်ရာထဲ၌သာ
ခွေလို့ နေခဲ့သည်။ Lina ဟာ သူမ၏ အစေခံ
ခါးစည်းအဖြူလေးကို ချည်နေရင်း
" မြို့ထဲမှာတော့ ရုတ်ရုတ်သဲသဲတွေ
ဖြစ်နေပြီ .. Becky ရေ
ဟိုတရားရေးဝန်ကြီးကို ထပ်လုပ်ကြံသွား
ပြန်ပြီတဲ့ .."
Becky ဟာ လှဲနေရင်းနဲ့ပဲ မှတ်စုစာအုပ်
လေးကို ဖတ်နေပြီး
" ဟုတ်လား .."
" အေး.. တရားခံကတော့ တကယ်အငြိုးကြီး
ပုံ ရတယ် သိလား ..
တော်တော်ရက်စက်တဲ့ နည်းကို သုံးခဲ့တာ
လို့ ကြားတာပဲ ..
ငါဆို ပထမတစ်ခေါက် ကြားရုံနဲ့တင်
နောက်တစ်ခါ ပြန်နားမထောင်ချင်လောက်
အောင် ကြက်သီးထတယ် .."
Lina ပြောတာကို တစ်ချက်ပြုံးလိုက်သည့်
Becky ဟာ ဘာမှတော့ ဆက်မပြောလာခဲ့ပဲ
ငြိမ်နေခဲ့သည်။
ဘာလိုလိုနဲ့ အချိန်ခဏလေးအတွင်းမှာ
၂ ယောက်ကိုတော့ ရှင်းလိုက်နိုင်ပြီလေ..
ကျန်တဲ့ သူတွေကိုတော့ ဘယ်လိုလုပ်ရင်
ကောင်းမလဲ သူမ စဉ်းစားနေတုန်းပါပဲ..
_
_
_
ထို့နောက် ရုတ်တရက်ကြီး ထိုးကိုက်လာ
သည့် သူမ၏ ခေါင်းကြောင့်ပဲ မျက်နှာပျက်
လို့သွားခဲ့သည်။ Becky ဟာ သူမ၏ ခေါင်း
လေးကို ဘယ်လက်ကလေးနှင့် အုပ်ဖိထား
ပြီး တစ်ဖက်က ကြည့်နေသည့် Lina က
" Becky .. နင်အဆင်ပြေရဲ့လား ? ..
ထပ်ပြီး ခေါင်းကိုက်နေတာလား .."
" နည်းနည်းပါ .."
" ငါ ဆေးတွေ သောက်ဖို့ပေးထားတာကို
နင်သောက်ရော သောက်ရဲ့လား.."
" သောက်ပါတယ် .."
Lina ဟာ ခေါင်းကိုက်နေတဲ့ Becky ကို
ကြည့်နေရင်း ခေါင်းေလးကုတ်လိုက်ကာ
" အဲ့ဒါဆိုရင် ဘာလို့ မသက်သာသေးတာ
ပါလိမ့် ..
နင့်ရဲ့ဝေဒနာကလည်း ဆန်းပြားလိုက်တာ "
Becky က သူမခေါင်းကို လက်နဲ့ ဖိထားရင်း
ဘာမှပြန်မပြောလာတော့ပဲ ငြိမ်နေခဲ့သည်။
Lina က ခေါင်းလေး တညိတ်ညိတ်ဖြင့်
" အေးပါ .. ကောင်းကောင်းအနားယူထား
ဘာပဲဖြစ်ဖြစ် အိမ်တော်ထိန်းဆီကနေ
နင် ခွင့် ၃ ရက် ရထားတာပဲ ..
လုပ်ခကိုတော့ တစ်ရက်စာစီ အဖြတ်ခံရ
မှာ ဆိုပေမယ့် နားလို့ရတဲ့ အချိန်လေးမှာ
အပြည့်အဝ နားထားလိုက် ..
ခဏတဖြုတ် အပြင်ထွက်မယ် ဆိုလည်း
အဝေးကြီးတွေ မသွားနေနဲ့အုံး..
တကယ်လို့ သွားဖြစ်တယ် ဆိုလည်း
ညကလို အရမ်းနောက်ကျမှ ပြန်လာတာ
တွေ မလုပ်နဲ့ .. ကြားလား .."
Lina ပြောလိုက်ပြီးနောက် Becky ဟာ
တစ်ချက်ပြုံးလိုက်ရင်း လှမ်းခေါင်းညိတ်ပြ
လိုက်သည်။
_
_
_
_
_
_
_
နံနက်ခင်းအချိန်၊ Vincent အိမ်တော်
သခင်မလေး Roseanne သည် သူမ၏
အမေဖြစ်သူ သခင်မကြီး Vincent နှင့်အတူ
စားပွဲရှည်တွင် ထိုင်လျက် နံနက်စာ စားနေခဲ့သည်။ အိမ်တော်မှ အစေခံများမှာတော့ မနီး
မဝေးနားတွေ မတ်တပ်ရပ်နေလျက် ရှိကြပြီး
Roseanne ထိုင်နေသည့် ခုံဘေး အနောက်
နားမှာတော့ အနီးကပ်အစေခံဖြစ်သူ Soo
ဟာ ရှိနေခဲ့သည်။
" ညည်းအဖေတော့ နံနက်စာတောင်
မစားသွားနိုင်ဘူး ..
နံနက်လင်းတာနဲ့ လုပ်ကြံမှုတစ်ခုက
တိုးလာပြန်ပြီတဲ့ ..
Gabriel တရားရေးဝန်ကြီးကို နန်းတော်က
ပွဲတွေမှာ ခဏခဏ မြင်ဖူးပေမယ့်
နောက်တစ်ခါ ပြန်မြင်ဖို့ မဖြစ်နိုင်တော့
ဘူးပဲ.."
" ဒါနဲ့ဆို နှစ်ယောက်ရှိပြီပေါ့ .."
Roseanne က သူမဘာသာ ရေရွတ်လိုက်
သည်။ သခင်မကြီး Vincent ကတော့ သူမ
ဘာသာ ဆက်ပြောနေသည်။
" ဝန်ကြီး ၂ ယောက်ကို လုပ်ကြံသွားတာ
မျက်စိရှေ့တင်ပဲဆိုတော့ ကိုယ်ေတွလည်း
သတိထားရမယ်..
တော်ရုံအကြောင်းကိစ္စမရှိပဲ ညည်းလည်း
အပြင်ကို မထွက်နဲ့ .."
Roseanne က လေတစ်ချက်မှုတ်ထုတ်ရင်း
" အမေ .. အဲ့ဒီလိုလုပ်ကြံမှုတွေက ညဘက်
တွေမှာ ဖြစ်တာပါ .."
" အဲ့ဒီလို တရားသေ သတ်မှတ်ထားလို့
မရဘူးလေ ..
တရားခံက လောလောဆယ်မှာ ညဘက်
လုပ်ကြံရတာကိုပဲ သဘောတွေ့နေလို့
ဖြစ်မှာပေါ့ ..
နောက်ပိုင်းမှာသာ စိတ်ပြောင်းသွားရင်
ဘယ်လိုလုပ်မလဲ ..
တကယ်လို့ အဲ့ဒီတရားခံကသာ ငွေကြောင့်
လုပ်နေတာ ဆိုရင် ..
အမေတို့တွေကလည်း သူ့အတွက် မျက်စိ
ကျစရာ ဖြစ်လာနိုင်တယ်..
အထူးသဖြင့်က ညည်းလေ ..
ဝန်ကြီးချုပ်သမီးကလည်း ဖြစ်နေတယ်
နန်းလျာမင်းသားနဲ့လည်း စေ့စပ်ထားတယ်
ကိုယ့်အန္တရာယ်ကို ကိုယ်ကြိုမြင်ရမယ်.."
သခင်မကြီး ပြောသမျှကို နားထောင်နေ
သည့် Roseanne က စိတ်ညစ်စွာ လက်လေး
မေးေထာက်ရင်း ငြိမ်နေသည်။ ထို့နောက်မှာ
တော့ သူမဟာ လက်ဖက်ရည်ခွက်လေးကို
ယူ၍ သောက်လိုက်ပြီး
" အခုလုပ်ကြံခံရတဲ့ သူတွေက တရားခံနဲ့
ရန်ငြိုး ရှိထားလို့လည်း ဖြစ်နိုင်တာပဲ ..
အမေရဲ့..
Roseanne တို့က မတရားလုပ်ထားတာမှ
မရှိတာ ..
အဲ့ဒီလောက် ကြောက်စရာ မလိုပါဘူး.."
သခင်မကြီး Vincent က သက်ပြင်းလေး
ချရင်း
" Roseanne ရယ် ...
အဲ့ဒါက ဟုတ်တော့ ဟုတ်ပေမယ့်လည်း
ဂရုတော့ စိုက်ရမှာပေါ့ ..
လောလောဆယ် ယေဘုယျသုံးသပ်ချက်
အရ တရားခံက တော်ဝင်မျိုးနွယ်ေတွနဲ့
အထက်တန်းလွှာမျိုးနွယ်တွေကို ပစ်မှတ်
ထားထားတာလေ ..
ညည်း ခေါင်းမာတာကို သိပေမယ့်
အမေ့စကားကို တစ်ခါတစ်လေလည်း
နားထောင်စမ်းပါဟယ် .."
နားေထာင်နေသူ Roseanne မှာ အာရုံမရ
တော့ပဲ ဘေးနားရှိ သူမ၏ အနီးကပ်အစေခံ
ဖြစ်သူ Soo နှင့် အကြည့်ချင်းဆုံနေခဲ့သည်။
_
_
ထိုအချိန်မှာပဲ Vincent အိမ်တော်ထိန်း
ဟာ နံနက်စာ စားနေသည့် သူမတို့စားပွဲနား
ဆီကို အလျင်ရောက်လာခဲ့ပြီး
" သခင်မကြီး .. ဧည့်သည်ေတာ်လာပါတယ် "
သခင်မကြီး Vincent ကလည်း စားရင်းဖြင့်
အိမ်တော်ထိန်းကို လှမ်းကြည့်ကာ
" ဟုတ်လား .. နံနက်စောစောပိုင်းကို
ဘယ်သူကများ လာတာပါလိမ့် .."
" နန်းလျာမင်းသားပါ .. သခင်မကြီး .."
သခင်မကြီး Vincent မှာ စားလက်စကို
ဆက်မစားတော့ပဲ ရပ်သွားသလို Roseanne
ကလည်း အနည်းငယ်အံ့ဩနေသော မျက်နှာ
လေးဖြင့်သာ။
မကြာခင်မှာပဲ သခင်မကြီး Vincent နှင့်
Roseanne တို့ဆီကို တော်ဝင်သက်တော်
စောင့် ၃ ယောက် ရံ၍ ခန့်ခန့်ထည်ထည်
ဝင်လာခဲ့သည့် ချောမောခန့်ညားေသာ
အမျိုးသားတစ်ယောက်။
သခင်မကြီးက သူမ ထိုင်နေရာခံုက
မတ်တပ်ထရပ်ရင်း နန်းလျာမင်းသား Eric
ကို ပြုံးရွှင်စွာ ကြိုဆိုနေလိုက်သည်။
Roseanne ကတော့ ထိုင်နေရာကနေ
တောင် မထပဲ စားပွဲခုံပေါ် လက်ကလေးကို
မေးထောက်လျက် ရောက်ရှိလာသော Eric
ကို ဘေးတစ်စောင်း ကြည့်လို့ နေခဲ့သည်။
နန်းလျာမင်းသား Eric ဝင်လာသည်ကို
မော်မကြည့်ရဲကြသည့် အိမ်တော်အစေခံများ
မှာတော့ ခေါင်းလေးတွေ ငုံ့လျက် နေနေကြ
ပေမယ့်လည်း တစ်စုံတစ်ဦးမှာတော့ စူးရှ
လှသော မျက်ဝန်းတစ်စုံဖြင့်သာ နန်းလျာ
မင်းသား Eric ကို စိုက်ကြည့်လို့ နေခဲ့သည်။
ထိုသူမှာ Soo သာ ဖြစ်သည်။
_
_
" ကောင်းသော နံနက်ခင်းပါ ..
နန်းလျာမင်းသားကို Vincent အိမ်တော်
ကနေ ကြိုဆိုပါတယ် .."
သခင်မကြီး Vincent က အရင်ဦးစွာဖြင့်
နှုတ်ဆက်လိုက်တော့ နန်းလျာမင်းသား Eric
က ပြုံးလိုက်ရင်း
" ကျေးဇူးတင်ပါတယ်..သခင်မကြီး ..
နံနက်စောစောမှာ ရောက်ချလာလို့
စိတ်မရှိကြပါနဲ့ဗျာ ..
အစောနက ခမည်းတော်နဲ့အတူ မြို့ထဲက
အခင်းဖြစ်ရာ နေရာကို သွားခဲ့ပြီး အပြန်
မှာ ဒီအိမ်ေတာ်နားတစ်ဝိုက်က ဖြတ်လာ
တော့ မြင်းလှည်းရထားေပါ်က ဆင်းနေခဲ့
တာပါ .."
Eric ပြောတာတွေကို သဘောပေါက်သွား
တဲ့ သခင်မကြီး Vincent က ခေါင်းလေး
ညိတ်လိုက်ရင်း
" ဪ .. မှန်လှပါ .. နန်းလျာမင်းသား .."
Eric ဟာ စားပွဲပေါ်ကို တစ်ချက်လှမ်းပြီး
ကြည့်လိုက်ရင်း
" ကြည့်ရတာေတာ့ သခင်မကြီးတို့ နံနက်စာ
စားေသာက်ချိန်ကို နှောင့်ယှက်မိသွားတယ်
ထင်ပါတယ် .."
ပြုံးရင်း ပြောလာသည့် Eric စကားကြောင့်
သခင်မကြီး Vincent က ခေါင်းခါကာ
" ဪ .. ရပါတယ် .. နန်းလျာမင်းသားရယ်
တကယ်ဆိုရင် နန်းလျာမင်းသားက
ကျွန်တော်မျိုးမတို့ အိမ်တော်ရဲ့သူစိမ်း
ဧည့်သည်တော်သက်သက်မှ မဟုတ်တာပဲ..
ဘာပဲဖြစ်ဖြစ် အခုလို သတိတရနဲ့
အိမ်တော်ကို အဝင်အထွက် လုပ်ပေးနေ
တာနဲ့တောင် ကျေးဇူးကြီးမားလှပါပြီ .."
သခင်မကြီး Vincent ပြောလိုက်တာတွေ
ကို နားထောင်နေသည့် Eric ဟာ တစ်ဖက်သို့
လှည့်ရင်း မျက်နှာတည်လေး ဖြစ်နေသည့်
Roseanne အား စကားစပြောလိုက်သည်။
" သခင်မလေး Roseanne ကိုလည်း
နန်းတော်မှာ မတွေ့ရတာ ကြာပြီနော် .."
Roseanne က ထိုင်နေရာကနေ Eric ကို
ကြည့်တောင် မကြည့်ပဲ ခေါင်းလေးတစ်ချက်
သာ ညိတ်ပြရင်း
" မှန်လှပါ .. ကျွန်တော်မျိုးမ ဒီရက်ပိုင်းထဲ
အိမ်တော်မှာပဲ နေဖြစ်တာ များနေလို့ပါ
နန်းလျာမင်းသား .."
_
_
သခင်မကြီးက ပြုံးရွှင်စွာဖြင့် နန်းလျာ
မင်းသားနားကို လျှောက်လာရင်း သူမသမီး
ဘေးက ထိုင်ခုံမှာ နေရာညွန်ပြလျက်
" ဒီမှာ ထိုင်ပါ .. နန်းလျာမင်းသား ..
ကျွန်တော်မျိုးမက နန်းလျာမင်းသား
သုံးဆောင်ဖို့ ကိုယ်တိုင်ပြင်ဆင်လိုက်ပါ
အုံးမယ်.."
Eric က ပြုံးလျက်နဲ့ပဲ Roseanne ရဲ့
ညာဘက်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း
" သခင်မကြီးကို အလုပ်ရှုပ်စေမိပါပြီ .."
" ရပါတယ် .. နန်းလျာမင်းသား .."
သခင်မကြီး Vincent က ပြုံးရင်း Eric ကို
ပြန်ေြဖပြီးနောက် သူမ၏ သမီးကို အရင်က
ထက် ပိုချိုမြိန်သော အသံဖြင့်
" သမီး Roseanne ..
အမေ သွားပြီး ပြင်ဆင်နေတုန်း
နန်းလျာမင်းသားကို အဖော်ပြုထားပေး
အုံးနော် .."
Roseanne ဟာ စိတ်မပါ လက်မပါပုံစံ
ဖြင့် သူမ၏ ငွေခက်ရင်းကို ကိုင်ကာ ပန်းကန်
ပေါ်မှ စားစရာ တစ်ချို့ကို ဟိုထိုးဒီထိုး လုပ်
လို့ နေခဲ့သည်။
" ဟုတ်ကဲ့ .."
_
_
_
သခင်မကြီးနှင့် တစ်ခြားအစေခံတွေဟာ
ထိုစားသောက်ခန်းထဲကနေ အရင် ထွက်သွား
ခဲ့ပြီးတော်ဝင်သက်တော်စောင့် ၃ ယောက်နှင့်
Soo သာ ကျန်ခဲ့သည်။
နန်းလျာမင်းသားက သူနဲ့ ခပ်လှမ်းလှမ်း
မှာ ရှိနေကြတဲ့ သူ့တော်ဝင်သက်တော်စောင့်
၃ ယောက်ကို လှမ်းပြီး
" အပြင်က သွားစောင့်နေကြပါ .."
" မှန်လှပါ .. နန်းလျာမင်းသား .."
တော်ဝင်အစောင့် ၃ ယောက်က Eric ကို
ဦးညွှတ်ပြီး ထိုအခန်းထဲက ထွက်ဖို့ ပြင်လိုက်
ကြသည်။
Soo ကလည်း ထိုအချိန်တွင် Roseanne
ကို အသံတိုးတိုးလေးဖြင့်
" အဲ့ဒါဆို သခင်မလေးနဲ့ နန်းလျာမင်းသားတို့
အေးဆေးစကားပြောကြပါ ..
ကျွန်မလည်း အပြင်ထွက်ပေး .."
" မလိုဘူး ! .."
ချက်ချင်း ထွက်ပေါ်လာသည့် သခင်မလေး
Roseanne ၏ စကားသံသည် ကြည်လင်လှ
သည်။ တော်ဝင်သက်ေတာ်စောင့် ၃ ယောက်
အခန်းအပြင်ထွက်သွားတော့မှပဲ Roseanne
ဟာ ဘေးက နန်းလျာမင်းသားကို တည့်တည့်
ကြည့်လို့ လာခဲ့ပြီး
" နန်းလျာမင်းသားကို မိတ်ဆက်ပေးပါ့မယ်..
ဒီမှာမြင်နေရတဲ့ သူမကတော့ ကျွန်တော်
မျိုးမရဲ့အနီးကပ်အစေခံပါ..
ကျွန်တော်မျိုးမ ဘယ်ပဲ သွားသွား ၊
ဘာပဲလုပ်လုပ် အနောက်ကနေ
တကောက်ကောက်လိုက်ရမယ့် တာဝန်
သူမဆီမှာ ရှိပါတယ် ..
အဲ့ဒါကြောင့် အခုနေ သူမကို ဒီအခန်းထဲက
ပေးမထွက်ခိုင်းခဲ့ရင် နန်းလျာမင်းသား
စိတ်မရှိလောက်ဘူး မလား .."
အမှန်ဆို Roseanne ပြောနေတဲ့ မျက်နှာပုံစံ
နဲ့ လေသံအနေအထားဟာ နန်းလျာမင်းသား
ဖြစ်သူ Eric အပေါ် လေးစားမှု မရှိသလို
ဖြစ်နေခဲ့ပါတယ် ..
Roseanne ကတော့ ဒါကို ဂရုမစိုက်ပုံ
မပေါ်ပါ ..
Soo ကတော့ ကြားကနေ အနည်းငယ်စိုးရိမ်
နေသော မျက်ဝန်းလေးများဖြင့် Roseanne
ကို ကြည့်လိုက် ၊ နန်းလျာမင်းသားကို
ကြည့်လိုက်ဖြင့် အသံတိတ်နေပါတယ် ..
ဒါပေမယ့် စိတ်ကွက်ခြင်းပံုစံ တစ်စိုးတစ်စ
တောင် မပေါ်လာတဲ့ နန်းလျာမင်းသား Eric
ဟာ ပြုံးလိုက်ရင်း Roseanne ကို ကြည့်နေ
ရာကနေ Soo ဆီကို မျက်လုံးရောက်လာပါ
တယ် ...
_
_
" အရင်က မင်းကို မမြင်ဖူးဘူး ..
နာမည် ဘယ်လိုခေါ်လဲ ? .."
နန်းလျာမင်းသားက အေးအေးဆေးဆေး
ပုံစံနဲ့ပဲ လှမ်းမေးတော့ Soo က အရိုအသေ
ပေး ဦးညွှတ်လိုက်ရင်း
" မှန်လှပါ .. နန်းလျာမင်းသား
ကျွန်တော်မျိုးမ နာမည်ကတော့ Soo ပါ ..
သခင်မလေးရဲ့အနီးကပ်အစေခံဖြစ်လာ
တာ သိပ်မကြာသေးပါဘူး.. "
" Umm .. Soo ပေါ့လေ .."
နန်းလျာမင်းသားက ထိုသို့ ရေရွတ်လိုက်
ရင်း သူ့ဘာသာသူ ခေါင်းညိတ်နေခဲ့သည်။
ထို့နောက် သူဟာ တစ်ခုခုကို နားလည်သလို
ဖြင့် ပြုံးလိုက်သည်။
" ဒီက Soo က ကျွန်တော့်ထက်
အသက်အရွယ်အားဖြင့် ကြီးမယ်
ထင်ပါတယ် .."
Soo က ခေါင်းလေး ဆက်ငုံ့ထားရင်းဖြင့်
" မှန်လှပါ .. နန်းလျာမင်းသား .."
Eric က ဆက်ပြီး
" Soo သိထားလောက်ပြီးပြီ ဖြစ်မှာပါ ..
သခင်မလေးနဲ့ ကျွန်တော်က မကြာခင်
အချိန်တစ်ခုကမှ အလောတကြီးစေ့စပ်မှု
ကြောင့် အခုလို မျက်နှာချင်းဆိုင်ရတဲ့
အခြေအနေမျိုး ရှိလာခဲ့တာပါ ..
အဲ့ဒီမတိုင်ခင်ကဆို သူမကလည်း
အစ်မတော်မင်းသမီးနဲ့သာ ရင်းနှီးခဲ့ပြီး
ကျွန်တော်နဲ့ဆို စကားမပြောဖူးပါဘူး ..
ဘာပဲဖြစ်ဖြစ်ပါ ..
အခုချိန် သခင်မလေး Roseanne အနား
မှာ အနီးကပ်နေခွင့်ရတဲ့ သူတစ်ယောက်
အနေနဲ့ သူမကို သေချာဂရုစိုက်ပါနော် .."
Soo ဟာ Eric ကို တဖြည်းဖြည်းေမာ့ကြည့်
လာရင်း နားထောင်နေခဲ့သည်။
သို့သော် ထိုစကားေတွဟာ သူမအဖို့တော့
အနည်းငယ် ထူးဆန်းနေသလို ခံစားမိတာ
မို့လို့ ချက်ချင်း ဘာပြန်ဖြေရမလဲတောင်
မသိ။
နောက်မှ Soo ကြောင်အမ်းအမ်းဖြင့်သာ
ခေါင်းလေးညိတ်လာခဲ့ပြီး
" ဟုတ် .. ဟုတ်ကဲ့ ..
မှန်လှပါ .. နန်းလျာမင်းသား .. "
Roseanne ကလည်း Eric နဲ့ Soo တို့
ပြောတာတွေကို ကြားထဲက နားထောင်ရင်း
ငြိမ်နေခဲ့သည်။
_
_
_
_
နန်းလျာမင်းသား Eric ဟာ သခင်မကြီး
Vincent ပြင်ဆင်ပေးထားတဲ့ စားသောက်
ဖွယ်ရာေတွကို အနည်းနဲ့ အကျဉ်း မြည်းစမ်း
စားသောက်ပြီးနောက် သခင်မကြီးနှင့် အတူ
စကားစမြည် ပြောဖြစ်ခဲ့သည်။ Roseanne
ကတော့ ဘာမှ ရေရေရာရာ ဝင်မပြောဖြစ်ခဲ့။
အချိန်တန်တော့ နန်းလျာမင်းသား ကလည်း
နန်းတော်သို့ ပြန်သွားခဲ့သည်။
Eric ပြန်သွားပြီးသောအခါ Roseanne
သည် သူမအခန်းဆီသို့ ပြန်လာခဲ့ပြီး ကုတင်
ပေါ်သို့ ဘေးတစ်စောင်း ထိုင်ရင်း သက်ပြင်း
ချလိုက်သည်။ Soo ကတော့ ထုံးစံအတိုင်း
သူမဘေးနားမှာ မတ်တပ်လေး ရပ်လျက်။
" Roseanne ခိုင်းချင်တာ
တစ်ခုခုရှိသေးလား ? ..
ကျွန်မ ဘာလုပ်ပေးရအုံးမလဲ .."
Roseanne က Soo ကိုတောင် မကြည့်ပဲ
ခေါင်းလေးသာ ခါယမ်းပြသည်။ ထိုအခါမှာ
Soo ကလည်း သူမဘာသာသူမ ခေါင်းလေး
ပြန်ညိတ်ရင်း
" ဟုတ်ကဲ့ .. အဲ့ဒါဆိုရင်လည်း
ကျွန်မ အိမ်အောက်ကို ခဏဆင်းပြီး
တစ်ခြားအစေခံအစ်မတွေကို
သွားကူပေးလိုက်ပါအုံးမယ်..
Roseanne လိုအပ်တာရှိရင်ေတာ့
ကျွန်မကို ခေါ်လိုက်ပါ .."
Soo ပြောပြီးတော့ လှည့်ထွက်မယ် အလုပ်
သူမရဲ့ ညာလက်ေကာက်ဝတ်ကို ဆတ်ခနဲ
လှမ်းဆွဲလာသည့် Roseanne ။
_
_
Soo က ဆက်မသွားေသးပဲ Roseanne
ကို ပြန်လှည့်ကြည့်တော့ Roseanne ဟာ
သူမ၏ မျက်လွှာကို အောက်သို့သာ ချထား
ခဲ့ပြီး အသံအေးအေးဖြင့် ပြောလာခဲ့သည်။
" ကိုယ့်မှာ ခိုင်းချင်တာတော့ မရှိပေမယ့်
ပြောချင်တာတွေတော့ ရှိတယ် ..
နားထောင်ပေးပါလား .. Soo .."
Soo လည်း Roseanne ကိုကြည့်ရင်း
ထိုအချိန်တွင် တစ်ခုကိုသာ ပြန်စဉ်းစားနေ
မိသည်။
နင် သိလား .. Soo
တစ်ခါတစ်လေ မှားယွင်းတဲ့ ဆုံးဖြတ်ချက်
တွေ ဖြစ်ခဲ့ရင်တောင် နောင်တမရဘူး လို့
ခံစားရစေတာဟာ ကိုယ့်နှလုံးသားရဲ့
ဆန္ဒအတိုင်း ရွေးချယ်ခဲ့တာမို့လို့တဲ့..
အဲ့ဒါကြောင့် အများကြီး မတွေးနေပဲ
တစ်ခါလောက်ပဲ ဖြစ်ဖြစ် နင့်နှလုံးသားရဲ့
အလိုကိုသာ နားထောင်ကြည့်ကြည့်ပါ ..
_
_
မွေးစားညီမလေး Becca ပြောခဲ့သည့်
ထိုစကားလေးများကို Soo ပြန်ကြားယောင်
ရင်း ပြုံးလိုက်သည်။ ထို့နောက်တော့ သူမ
စိတ်သဘောအရပဲ Roseanne ဘယ်ဘက်
ေဘးနားတွင် ဝင်ထိုင်လိုက်ပြီး
" ပြောပါ .. Roseanne ..
ကျွန်မ နားထောင်နေပါတယ် .."
Roseanne က သူမရဲ့လက်နှစ်ဖက်ကို
သူမဘာသာ ပွတ်သပ်ဆုတ်နယ်ရင်း
" မင်း .. ကိုယ့်ကို ဒီရက်တွေမှာ
သိသိသာသာ ရှောင်နေတာပဲနော် .."
" အဲ့ဒီလို မဟုတ်ပါဘူး ..
ကျွန်မက Roseanne ရဲ့အနားကနေ
ခွင့်ပြုချက် မရှိပဲတောင် မထွက်သွားဖူး
တာပဲ .."
" ဟုတ်ပါတယ် .. မင်းက ကိုယ့်ရဲ့ခွင့်ပြုချက်
မရပဲ ဘယ်မှ မထွက်သွားပါဘူး ..
ဒါပေမယ့် ကိုယ့်ကို ရှောင်ဖို့အတွက်တော့
မင်း ခွင့်ပြုချက် ယူယူနေတာလေ ..
ကိုယ့်ကိုကိုယ် သိတယ်မလား.."
Roseanne ဟာ နူးညံ့ညှင်သာသော
လေသံလေးဖြင့်သာ ပြောနေခဲ့သည်။ Soo
ကတော့ ဘာမှပြန်ပြောသေး။
" ဘာဖြစ်လို့လဲ ? ..
ကိုယ့်အနားမှာ ရှိနေရတာက
မင်းအတွက် ဖိအားဖြစ်ေစလို့လား ? .."
Roseanne က ဆက်ပြီး မေးလာတော့
Soo က ခပ်မဲ့မဲ့လေး တစ်ချက်သာ ပြုံးလိုက်
သည်။
" Roseanne က ကျွန်မကို ဖိအား မဖြစ်စေ
ပါဘူး ..
ဒါပေမယ့် ကျွန်မကိုယ်တိုင်တောင် အလုံးစုံ
နားမလည်နိုင်သေးတဲ့ Roseanne အပေါ်
ထားမိတဲ့ စိတ်ရဲ့ဖိအားကတော့
တော်တော်ဆိုးဆိုးပါပဲ .."
Roseanne ရဲ့မျက်ခုံးလေးများဟာ အပေါ်
သို့ မြင့်တက်သွားခဲ့ပြီး သူမဘေးက Soo ကို
သေချာစွာ စိုက်ကြည့်လို့လာခဲ့သည်။
" ကိုယ့်အပေါ်ထားမိတဲ့ စိတ်ရဲ့ဖိအား ? .."
Soo ဟာ မျက်ရည်တွေ စတင်ဝဲလို့လာခဲ့ပြီး
ခေါင်းလေး ညိတ်လို့လာခဲ့သည်။
" ဟုတ်ပါတယ် ..
ကျွန်မ ဝန်ခံသလို ဖြစ်နေတာမို့လို့
ရှက်ဖို့တော့ ကောင်းပါလိမ့်မယ် ..
ဒါပေမယ့် ကျွန်မ အရိုးသားဆုံးနဲ့
ဝန်ခံရမယ်ဆိုရင် ...
ကျွန်မ Roseanne ကို ချစ်မိနေတယ်
လို့ ခံစားရတာပဲ..
ကျွန်မအတွက် Roseanne နဲ့ တွေ့ဆုံခဲ့ရ
တဲ့ ကံကြမ္မာက ပြဇာတ်တစ်ပုဒ်လိုမျိုး
လှပခဲ့တယ် ..
ကျွန်မတို့ ငယ်စဉ်ကေလးဘဝက
အမေေတွ ပြောပြဖူးတဲ့ ပုံပြင်တစ်ပုဒ်
လိုပေါ့ ..
မင်းသမီးလေးက မြင်းဖြူ စီးလာတဲ့
ချစ်ရသူ မင်းသားလေးကို မြင်လိုက်တဲ့
အချိန် ဖြစ်ပေါ်လာတဲ့ ကြည်နူးမှုနဲ့ ချစ်ခြင်း
မေတ္တာမျိုး ဆိုတာေတွလေ..
ကျွန်မလည်း Roseanne ကို စစမြင်လိုက်
ကတည်းက အဲ့ဒီနည်းတူခံစားခဲ့ရတယ် ..
ဘယ်လိုအရာက ပိုသိသာစေလဲ ဆိုရင်
Becca ကို ညီမလေးတစ်ယောက်လို
မြင်ပေးနိုင်ပြီး Roseanne ကိုကျတော့
ကျွန်မစိတ်တွေက အဲ့ဒီလောက် မရိုးရှင်း
နေတာမျိုး ...
အဲ့ဒါကို ကိုယ့်ကိုကိုယ် ရိပ်မိခဲ့တယ် .."
Soo မျက်ရည်စတွေဟာ သူမ၏ဘယ်ပါး
ပြင်ပေါ်သို့ စီးကျလာခဲ့ပြီး တစ်ချက်ရှိုက်လာ
ခဲ့သည်။
" ကျွန်မ Roseanne ကို ချစ်မိနေတယ်လို့
စသေချာသွားတဲ့ အချိန်ကစပြီး
Roseanne အနားကနေ ထွက်သွားစရာ
မလိုပဲ ဝေးဝေးနေလိုက်ဖို့ကို တွေးမိတယ် ..
ဘာလို့ဆို ကျွန်မမှ Roseanne အနားကနေ
မထွက်သွားနိုင်တာ ..
ဝန်ကြီးချုပ်သမီး ..
နန်းလျာမင်းသားရဲ့ကြင်ယာတော် ..
Roseanne ရဲ့ဘဝက ကျွန်မရဲ့ဘဝနဲ့
မိုးနဲ့ မြေလို ကွာတယ် ..
အဆိုးဆုံးကတော့ ကျွန်မက အမျိုးသား
တစ်ယောက်တောင် မဟုတ်ပဲ အမျိုးသမီး
တစ်ယောက်ပါ ဖြစ်နေသေးတာပဲ..
ဘယ်လိုမျိုး ရှု့ထောင့်ကပဲ ကြည့်လိုက်
ပါစေ ..
မတန်နေဘူး .."
တကယ်ပါ .. ကျွန်မကလေ
ကိုယ့်ထက် အဆပေါင်းများစွာ မြင့်မား
လွန်းတဲ့ သူကိုမှ ချစ်မိသွားတာတဲ့လား ..
Soo ရဲ့မျက်ရည်တွေဟာ အတားအဆီး
မဲ့စွာ ကျဆင်းလာခဲ့သည်။
ပထမကတော့ ဒီခံစားချက်ေတွကို
အမြဲရင်ထဲမှာ သိမ်းထားမယ်လို့
တွေးထားမိပေမယ့် ..
မနေ့က Becca နဲ့ စကားပြောခဲ့ပြီး
ကတည်းက သူမစိတ်တွေ ဇဝေဇဝါ
ဖြစ်နေခဲ့ပါတယ် ..
ဘာပဲဖြစ်ဖြစ် အခုချိန်မှာေတာ့
သူမရင်ထဲ ခံစားနေရသမျှ ပူလောင်မှုများ
အား စကားလုံးေတွအနေနဲ့ Roseanne ကို
ကြားစေမိခဲ့ပြီလေ..
_
_
_
ထိုအချိန်မှာပဲ Roseanne ရဲ့ဘယ်လက်
ကလေးဟာ Soo ရဲ့မျက်နှာနားသို့ ရောက်ရှိ
လာသည်။ Roseanne ဟာ ခပ်ရေးရေးလေး
ပြုံးနေခဲ့ပြီး Soo မျက်ရည်စများအား နူးညံ့
ညင်သာစွာ သုတ်ပေးလို့ နေခဲ့တာပင်။
နှစ်ယောက်လံုးဟာ ဘေးတိုက်အနေအထား
ဖြင့်သာ တစ်ယောက်ကို တစ်ယောက် ကြည့်
နေကြပြီး Roseanne က ပြောလာခဲ့သည်။
" မင်းသိလား .. Soo
ကိုယ် ဒီအချိန်တွေမှာ အမုန်းဆုံးစကားစု
တစ်ခု ရှိတယ် ..
* ဝန်ကြီးချုပ်သမီး ..
နန်းလျာမင်းသားရဲ့ကြင်ယာတော် *
အဲ့ဒီစကားစုကို ကြားလိုက်ရချိန်တိုင်း
ကိုယ်ဟာ ကိုယ့်ကိုကိုယ် မပိုင်ဘူးလို့
အပြောခံနေရသလိုပဲ မို့လို့လေ ..
ကိုယ့်ဘဝက ဒီအထက်တန်းလွှာမိသားစု
ကြီးမှာ ကောင်းကောင်းမွန်မွန် ကြီးပြင်း
လာရတာ မို့လို့ ဒါဟာ ကံကောင်းခြင်း
တစ်ခု ဆိုနိုင်ပေမယ့်
တစ်ဖက်မှာလည်း ကိုယ့်ဘဝကို
ကိုယ့်စိတ်တိုင်းကျ စီမံခွင့်မရနေတာက
ကံမကောင်းဘူးလို့ ပြောရမှာပေါ့ ..
ကိုယ်က လူတစ်ယောက်ကို အလွယ်တကူ
လည်း မယုံကြည်တတ်သလို
အလွယ်တကူလည်း မချစ်တတ်ပါဘူး..
ကိုယ်က ပေါင်းရခက်တဲ့ သူထဲမှာ ပါတယ်
ကိုယ့်ကို စိတ်ကို နားလည်ပေးနိုင်တဲ့
သူငယ်ချင်းဆိုတာ မင်းသမီး Freen ပဲ
ရှိခဲ့တယ် ..
ကိုယ် Soo ကို တွေ့တဲ့ အချိန်မှာကျ
ကိုယ့်အတွက် မင်းသမီး Freen ကို
ခင်မင်ရသလို ဒုတိယသူငယ်ချင်းတော့
ရလာပြီ ထင်ခဲ့တာ ...
ဒါပေမယ့် သေချာသတိထားကြည့်မိတဲ့
အချိန်မှာတော့ အဲ့ဒီထက် နက်ရှိုင်းနေ
တယ် ဆိုတာကို သိလိုက်ရတယ် ..
ဟုတ်တယ် ..
ကိုယ်လည်း မလိမ်တမ်း ဝန်ခံရမယ် ဆိုရင်
Soo ကို ချစ်မိနေတာပဲ .. "
သူမ ပြောသမျှကို မျက်ရည်ဝိုင်းလေးတွေနဲ့ပဲ ကြည့်ပြီး နားထောင်နေရှာတဲ့ Soo
ဟာ
" ဒါပေမယ့် .. Soo က Roseanne အတွက်
ပြီးပြည့်စံုတဲ့ သူတစ်ယောက် မဖြစ်နေဘူး
လေ .."
Roseanne သည် Soo ၏ လက်ကလေး
နှစ်ဖက်ကို သေချာ ဆုတ်ကိုင်ထားပေးလိုက်
ရင်း
" မင်းက ကိုယ့်အတွက်တော့ ပြည့်စုံလွန်းနေ
ပါပြီ .. Soo ရယ် .."
Soo ဟာ သူမလက်တွေကို လာဆုတ်ကိုင်
ထားပေးတဲ့ Roseanne ရဲ့လက်ဖမိုးလေး
တွေကို ငုံ့ကြည့်နေရင်း
" ကျွန်မ .. Roseanne ကို မထိခိုက်စေ
ချင်ဘူး .."
Soo ပြောချင်သည့် အဓိပ္ပါယ်ကို နားလည်
သည့် Roseanne ဟာ ပြုံးလိုက်ရင်းဖြင့်
" ကိုယ်ကလေ .. တစ်ချိန်က ဒီတိုင်းပြည်ရဲ့
နန်းလျာမင်းသမီး ဖြစ်ခဲ့ဖူးတဲ့ လူကို
နာမည်ရင်းပဲ ခေါ် ပြီး စကားပြောသလို ..
သတို့သားလောင်း ဖြစ်လာတဲ့
လက်ရှိနန်းလျာမင်းသားကိုတောင်
အကြည့်မဆုံပဲ စကားပြောရဲတဲ့ သူပါ ..
ကိုယ် လုံးဝ မကြောက်တတ်တာတော့
မဟုတ်ပေမယ့်ပေါ့ ..
တကယ်လို့ Soo နဲ့ ပတ်သတ်ပြီးသာ
ကိုယ် အခက်အခဲ တွေ့ရမယ်ဆိုရင်
အဲ့ဒီအခက်အခဲကို ကိုယ်ရအောင်
ဖြတ်ကျေိာ်မယ် ..
ကိုယ် အလျှော့ပေးမှာ မဟုတ်ပါဘူး .."
Soo ဟာ နားထောင်ရင်း Roseanne ကို
ငေးကြည့်နေလျက်။
" အဲ့ဒါဆိုရင် Soo .. ကိုယ့်ကို ချစ်သူအနေနဲ့
လက်ခံပေးမှာလား .."
နူးည့့ံညှင်သာသော လေသံတိုးတိုးလေး
ဖြင့် Roseanne ဟာ မျက်နှာငယ်လေးဖြင့်
မေးလိုက်တော့သည်။
_
_
ကျန်ရှိနေတဲ့ မျက်ရည်စလေးတွေနဲ့ အတန်ကြာကြည့်နေသည့် Soo ဟာလည်း
နောက်ဆုံးမှာတော့ ကြည်လင်သော အပြုံး
တစ်ခုကို ပြုံးလာရင်း ခေါင်းညိတ်ပြလာခဲ့
သည်။
Roseanne က ပိုမိုပြုံးလာခဲ့ပြီး
" အဲ့ဒါဆိုရင် .."
Soo က ပြုံးပြီး ခေါင်းထပ်ညိတ်လိုက်ကာ
" ဟုတ်ကဲ့ .. ကျွန်မ Roseanne ကို ချစ်သူ
အနေနဲ့ လက်ခံပါတယ် .."
_
_
ထိုအဖြေစကားသံလေးသည် လက်ရှိ
Roseanne ဘဝမှာတော့ နားဝင်အချိုဆုံးနှင့်
အဓိပ္ပါယ်အရှိဆုံး ဖြစ်နေသည်။ Roseanne
သည် သူမ ချစ်ရသော Soo ၏ လက်များကို
ဆုတ်ကိုင်ထားရာကနေ သူမ၏ နှုတ်ခမ်းလွှာ
နားသို့ ဆွဲယူလိုက်သည်။
Soo လက်ကေလးများဟာ သခင်မလေး
ဖြစ်တဲ့ သူမလောက်တော့ ဖြူေဖျာ့ပြီး
မချောမွေ့နေခဲ့။
သို့ပေမယ့် သူမ သိပ်ကို မြတ်နိုးပါတယ် ..
Soo ရဲ့လက်ဖမိုးပေါ်သို့ သူမ၏ နှုတ်ခမ်း
လေးဖြင့် နူးညံ့သော အနမ်းတစ်ပွင့် ပေးပြီး
နောက်
" ဒါဆိုရင် ကိုယ်တို့ အခု ချစ်သူေတွ ဖြစ်ကြ
ပြီနော် .."
Roseanne ဟာ Soo ၏ ကျန်ရှိသော
မျက်ရည်စလေးတွေကို ထပ်မံ ဆွဲယူသုတ်
ပေးလို့ နေခဲ့သည်။
Roseanne ပြောတဲ့စကားကို ကလေးလေး
တစ်ယောက်လို ခေါင်းတဆတ်ဆတ် ညိတ်ပြ
လာသည့် Soo ဟာလည်း ပီတိအငိုမျက်ဝန်း
များဖြင့် ပြုံးရယ်နေလျက်။
အခုနောက်ဆုံးမှာတော့ Roseanne ဟာ
သူမ၏ ဘဝတွင် အတောက်ပဆုံးဟု ဆိုနိုင်
သော အပြုံးကို ပထမဆုံး ပြုံးလျက် Soo ကို
သူမရင်ခွင်ထဲ ဆွဲယူထည့်သွင်းပြီး နွေးထွေး
စွာ ပွေ့ဖက်ထားလိုက်တော့သည်။
_
_
_
_
_
_
_
_
_
_
_
_
_
Freen ဟာ အပေါ်ဝတ်ရုံနက်တစ်ခုကို
ခေါင်းခြုံထားလျက် Gabriel မြို့လမ်းဆုံ
တစ်ခုတွင် ရပ်စောင့်နေခဲ့သည်။ သူမ၏
လက်ထဲမှာလည်း စတော်ဘယ်ရီသီးတွေ
အပြည့်ထည့်ထားသည့် ခြင်းတောင်းအသေး
စားလေးကို ကိုင်ထားလျက်။
" ဒီနေ့မနက်က သတင်းကြားပြီးပြီမလား
ရှေးဟောင်းပစ္စည်းဆိုင်ရဲ့သိုလှောင်ရုံထဲ
တရားရေးဝန်ကြီးအလောင်းတွေ့တယ်
ဆိုတာ .."
Freen ရှိနေသည့် နေရာနှင့် မနီးမဝေးတွင်
ရပ်ကာ စကားပြောနေကြသည့် အရပ်သား
ပြည်သူ ၄ ယောက်ရှိနေခဲ့သည်။
" အေး .. သတင်း ကြားရတာကတော့
တကယ်ကြောက်စရာပဲ ..
အရင်တစ်ခါ အမှုကတည်းက မဖမ်းမိ
သေးတာမလား .."
" ဟုတ်တယ် .. ငါ့စိတ်ထင်တော့လေ
အဲ့ဒီတရားခံက အထက်တန်းလွှာတွေကို
တစ်ယောက်ချင်း မျိုးဖြုတ်မှာလားပဲနော်..
တကယ်လို့ ဒီကြားထဲမှာသာ မဖမ်းမိရင်
တော့ နောက်ဆုံး တော်ဝင်မိသားစုအထိပါ
ဖြစ်လာနိုင်တယ်.."
" အေး .. မင်းပြောသလို ဖြစ်နိုင်တယ် ..
ငါတို့တော့ ဘယ်အချက် ဘုရင်ကြီး
လုပ်ကြံခံရတယ်လို့ ကြားရမလဲ
မသိပါဘူး .."
သူတို့တွေဟာ စကားဆက်ပြောရင်းဖြင့်ပဲ
ထိုနေရာကနေ ဆက်လျှောက်ပြီး ထွက်သွား
ခဲ့ကြသည်။
Freen က သူတို့ပြောသမျှကို ကြားလိုက်
ရတာကြောင့် တောင့်တောင့်ကြီး ရပ်နေရာ
ကနေ အတွေးပေါင်းစုံ တွေးနေမိသည်။
တကယ်လို့သာပေါ့ ..
တကယ်လို့သာ သူမက နင့်ခမည်းတော်ကိုပြန်ကလဲ့စားချေမယ် ဆိုရင် ..
နင် တစ်ယောက်ကိုပဲ ရွေးချယ်ရမယ်
ဆိုရင် ဘယ်သူ့ကို ရွေးမှာလဲ ?
နင့်ခမည်းတော်ကိုလား ?
Rebecca ကိုလား ? ..
Freen ၏စိတ်အတွေးထဲတွင် ထိုအချိန်
တုန်းက Roseanne ပြောခဲ့ဖူးသည့် စကားသံ
များကို ပြန်ကြားယောင်လို့ နေခဲ့သည်။
_
_
_
_
_
" အချစ် .. Freen .. အချစ်ရေ .."
" ဟင် ? .."
Freen သတိပြန်ဝင်လာချိန်တွင် သူမနား
မှာ ရပ်နေသည့် Rebecca ကို တွေ့လိုက်ရ
သည်။ Rebecca ကတော့ ထုံးစံအတိုင်းပင်
အညိုရောင် ဂါဝန်ရှည်လေးတစ်ထည်ကို
ဝတ်ဆင်ထားခဲ့ပြီး သူမကို ပြုံးပြလို့ နေခဲ့
သည်။
" ကြားပြီပေါ့လေ ..
ကျွန်မကဖြင့် အချစ်ကို ခေါ်နေတာ
ကြာလှပြီ .."
Freen ဟာ သူမခေါင်းကို ခြုံထားတဲ့
ဝတ်ရုံကို အနောက်သို့ ခေါင်းစွတ်လှန်လိုက်
ရင်း တစ်ချက် ပြုံးလိုက်သည်။
" စိတ်မရှိပါနဲ့ .. Bec လေးရယ် ..
တို့ နည်းနည်းအတွေးများနေလို့ပါ .."
" Umm .. ဟုတ်လား..
အချစ်က ဘာတွေတွေးနေတာလဲ ?.."
" အဲ..ဒါက ဘာရယ်တော့ မဟုတ်ပါဘူး
ဪ .. မေ့တော့မလို့ .. ဒီမှာ ရော့
Bec လေး စားချင်တဲ့ စတော်ဘယ်ရီသီး
လေးတွေ ယူလာခဲ့တယ် .."
Freen က ပြုံးလျက်နှင့် ပြောရင်း သူမ၏
လက်ထဲက စတော်ဘယ်ရီသီး ခြင်းလေးကို
Rebecca ဆီ ကမ်းပေးလိုက်သည်။
" ဝါး .. စားချင်စရာလေးတွေချည်းပဲ..
အလုံးလေးတွေကလည်း လှလိုက်တာ .."
Rebecca ဟာ ခြင်းတောင်းကို အပေါ်ကနေ
လှပ်ပြီး ဖွင့်ကြည့်ရင်း သဘောကျနှစ်သက်
စွာ ပြောလိုက်သည်။ Freen ကလည်း သူမ
၏ ခေါင်းလေးကို ညိတ်ကာ
" ဒါပေါ့ .. နံနက်ေစာစော ထတယ်
ပြီးတော့ နန်းေတာ်က သိုလှောင်ရုံထဲ
သွားပြီး တစ်လုံးချင်းစီ ကိုယ်တိုင်
ထိုင်ရွေးထားတာလေ..
Bec လေးကို အကောင်းဆုံးတွေပဲ
ပေးချင်တာ မို့လို့ပေါ့.."
Freen ပြောလာသည့် စကားကြောင့်
ပိုမို ပြုံးရယ်လာခဲ့သည့် Rebecca ..
" ကျေးဇူးပါနော် .. အချစ် .."
Freen ဟာလည်း ပြုံးလျက်ဖြင့် Rebecca
ကို ခေါင်းညိတ်လို့လာခဲ့သည်။
_
_
_
Gabriel မြို့လမ်းမဘေးတစ်နေရာကနေ
လျှောက်လာခဲ့ကြတဲ့ သူမတို့ နှစ်ယောက်။
" ဒါနဲ့ .. အချစ် သတင်းကြားပြီးပြီမလား .."
" Bec လေးရဲ့ဒုတိယမြောက် လုပ်ကြံမှု
ဆိုရင်တော့ ကြားပြီးပါပြီ .."
Freen ဟာ သူမဘေးက စတော်ဘယ်ရီ
သီး စားရင်း လျှောက်နေတဲ့ Rebecca ကို
ပြုံးလျက်နှင့် ပြန်ဖြေလိုက်သည်။
" ကျွန်မ လာခဲ့တဲ့ လမ်းတစ်လျှောက်တော့
လူတော်တော်များများက ဒီအကြောင်းပဲ
ပြောနေခဲ့ကြတာ..
အများစုကတော့ ကျွန်မကို ကြောက်နေ
ကြပုံပဲ ..
အချစ် ...ကျွန်မက အရမ်းရက်စက်တဲ့ ပုံစံ
ပေါက်နေလို့လား .."
Rebecca က အပြစ်ကင်းသည့် မျက်နှာ
ငယ်လေးဖြင့် ဟန်လုပ်ပြီး မေးလာခဲ့တော့
Freen က ပြုံးရင်းဖြင့် တည်ငြိမ်စွာသာ
ပြန်ဖြေလာခဲ့သည်။
" အတိတ်က သူတို့တွေ Bec လေးအပေါ်
ဘာတွေ မှားခဲ့လဲ ဆိုတာ သိရတဲ့သူတိုင်း
Bec လေးကို ရက်စက်တယ် မြင်မိမှာ
မဟုတ်ပါဘူး .."
ထိုအဖြေအပေါ် ခပ်ဟဟလေး ရယ်နေခဲ့
တဲ့ Rebecca ဟာ သူများတွေအမြင်မှာတော့
ကြက်သီးထချင်စရာ ကောင်းေနလောက်ပေ
မယ့် Freen အတွက်ကတော့ ချစ်စရာသာ
ကောင်းလို့ နေခဲ့သည်။
Rebecca နဲ့ တန်းတူလိုက်တော့ မရယ်နေ
ပေမယ့်လည်း မြတ်နိုးလှသော မျက်ဝန်းများ
ဖြင့် ကြည့်နေခဲ့သည့် Freen ဟာ စိတ်ထဲမှာ
ရေရွတ်လို့ နေခဲ့သည်။
ချစ်လှစွာသော Rebecca ..
မြတ်နိုးရသော Bec လေး ..
တို့ မင်းအတွက်ပဲ တွေးနေသရွေ့ကတော့
မင်းသမီးကောင်းတစ်ပါးလည်း
မဖြစ်လာနိုင်သလို
သမီးကောင်းတစ်ယောက်လည်း
မဖြစ်လာနိုင်ဘူး ထင်ပါရဲ့ ...
ဘာလို့လဲဆိုရင် ဘယ်အရာနဲ့ပဲ ယှဉ်လာသည်
ဖြစ်ပါစေ ..
တို့ရဲ့အမြဲတမ်းဦးစားပေးရွေးချယ်မှုက
Bec လေးဆိုတဲ့ မင်းပဲ ဖြစ်နေမှာ မို့လို့လေ..
ဟုတ်တယ် .. အဆုံးထိ တို့ရဲ့ရွေးချယ်မှုက
မင်းပဲ ဖြစ်နေမှာ ..
_
_
_
****************************