Between The Hate [ Completed ]
By Jeon_Khun
38.5K 4.2K 7.6K
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မောင်ကအတ္တကြီးတယ်!လိုချင်တာကိုလည်းရအောင်ယူမယ်!ကိုကိုအလှလေးကေ... More
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]
23
700 94 104
By Jeon_Khun
#zawgyi
" တော်သေးတာပေါ့ရယ်၊အစ်ကိုကူးက ဒီတိုင်းလဲကျသွားတာ၊ကိုယ်ဝန်သည်ဆိုတော့ စိတ်ထိခိုက်
စရာမျိုးဖြစ်သွားတာ၊နောက်တော့မဖြစ်စေနဲ့ပေါ့ "
ဟိုဆော့က ကူးကိုစမ်းသပ်ပေးရင်းမှထယ်ယောင်း
တို့မိသားစုနဲ့ကူးအမေကိုကြည့်ပြီး ပြောသည်။
ထယ်ယောင်းကတော့ သူ့ကိုကိုအလှလေးကိုစိတ်ပူ
ပြီးအနားမှာသာ ကပ်နေသည်။အခုချိန်ထိသူ့မှာ
စိတ်ပူမှုတွေမပြေပျောက်နိုင်သေးတာဖြစ်၏။
ကိုကိုအလှလေးက ခုနကအတော်စိတ်ဆိုးဒေါသ
ထွက်နေတာဖြစ်သည်။တစ်ခါမှလည်း ကိုကိုအလှ
လေးရဲ့ဒေါသအရမ်းထွက်ပုံကိုမတွေ့ဖူးတာမို့ဖြစ်၏။အခုကဒေါ်လေးကြောင့်ဖြစ်သွားတာမို့ လက်ထပ်ပြီးရင်သတိထားရတော့မည်ဖြစ်သည်။
" ကျွန်တော်တို့လက်ထပ်ပြီးရင် ဒီမှာမနေချင်ဘူး၊
အိမ်သီးသန့်ခွဲနေတာကောင်းမယ်ထင်တယ်... "
ထယ်ယောင်းရဲ့စကားကြောင့် ဟိုဆော့နဲ့အတူရပ်နေကြသည့်ကင်မ်အဖိုးရော၊ဒယ်ဒီနဲ့မေမေရော
ကူးလေးရဲ့အမေပါ ကြည့်လာကြသည်။မေမေက
ထယ်ယောင်းအနားကပ်လာရင်း...
" သားထယ်...မေမေတို့ကအဖိုးတန်လေးကိုအဝေး
မှာမထားနိုင်ဘူးနော်၊မေမေတို့က မျိုးစေ့လေးကို
အတူတူစောင့်ရှောက်ချင်တာ၊သားအဒေါ်ကိုလည်း
ဂရုစိုက်နေဖို့မလိုဘူးကွယ်... "
မေမေကပြောတော့ ထယ်ယောင်းတွေဝေသွား
သည်။ခုနကကိုကိုအလှလေးပြောသွားသည့်စကား
တွေကြောင့် ထယ်ယောင်းရင်နာမိသည်။ချစ်သာ
ချစ်တာ ကိုကိုအလှလေး၏ခံစားရသည့်နေရာကို
ဝင်မခံစားနိုင်ဘူးတဲ့။
ထယ်ယောင်းခံစားရတာပေါ့။သူသိပ်ချစ်တဲ့သူက
ကိုကိုအလှလေးရဲ့မိခင်ရှိနေခဲ့တာလေ။အကယ်လို့
သူသာဒေါသထွက်လိုက်ခဲ့သည်ရှိသော် ယောက္ခမ
ကကိုယ့်ရဲ့အခြားတစ်ခြမ်းကို မြင်သွားရင်လည်း
ကိုကိုအလှလေးကို သူ့လက်ထဲမှာမအပ်မှာဆိုးလို့
ထယ်ယောင်းကြောက်သည်လေ။
အရင်ကဘယ်အရာမဆိုမကြောက်တက်သည့်
ထယ်ယောင်းက အခုတော့ယောက္ခမနဲ့ချစ်ရသူ
ငြိုငြင်မှာဆိုးတာကိုစိုးရိမ်မိသည်။
" သားမေမေ့ကိုစကားပြန်ပြောဦးလေ၊ဘာတွေ
အဲ့လောက်ထိတွေးနေရတာလဲ... "
ထယ်ယောင်းတွေးနေသည်ကို မေမေကသိလို့
အနားတိုးကပ်လာကာ သူ့သား၏ကျောပြင်ကို
ပွတ်ပေးရင်းမေးသည်။ထယ်ယောင်းကတော့
ခေါင်းကိုအသွင်သွင်ခါရင်း ငြင်းသည်။
" ကျွန်တော်တို့အိမ်သက်သက်နေမှာ မေမေ၊
ကျွန်တော့်ရဲ့ကိုကိုအလှလေးကို အထိခိုက်မခံနိုင်
ဘူး၊ကျွန်တော်ကိုယ်တိုင်ဂရုစိုက်မှာ "
ထယ်ယောင်းက အိပ်ပျော်နေသည့်ကိုကိုအလှလေးရဲ့လက်ဖမိုးလေးကိုခပ်ဖွဖွနမ်းလိုက်သည်။
ထယ်ယောင်းအမေလည်း သူ့သားကဒါဆိုဒါကို
ဆုံးဖြတ်ချက်ချပြီးတာမို့မပြောတော့ဘဲ စိတ်မ
ကောင်းဖြစ်ကာ အခန်းထဲမှထွက်သွားသည်။
ဒါကိုတော့ ကူးလေးအမေကသတိထားမိပြီ။
ဒီကောင်လေးက သားကူးလေးကိုတအားချစ်တာပဲ။အစက ဒီအိမ်ကိုရောက်ရောက်ခြင်းသူမကို
သူဌေးကြီးက သားကူးလေးနဲ့ဒီကောင်လေးက
ချစ်သူတွေဖြစ်ပြီး ကလေးရခဲ့တာတဲ့။သားကူးက
တော်ရုံဘာမှမပြောပြထားတာရယ်၊ဂယူလေးနဲ့
ချစ်သူမဟုတ်တော့ဘူးဆိုတာသိတာမို့ သားကူးတို့
အခြေအနေဘယ်လိုလဲဆိုတာကို သိချင်သည်။
" သား...အမေပြောစရာရှိတယ်ကွယ်၊သားကူးကို
နိုးလာရင်အမေက အိမ်ခဏပြန်ခေါ်သွားချင်လို့ "
ထယ်ယောင်းအနားကိုရောက်လာပြီး ကူးလေးကို
ကြည့်ကာပြောတော့ ထယ်ယောင်းရောအဖိုးနဲ့
ဒယ်ဒီပါလှည့်ကြည့်လာကြသည်။မျက်နှာထားက
ပြန်မခေါ်သွားစေချင်တဲ့မျက်နှာထားတွေသိသာ
နေသည်။
" အမေ မခေါ်သွားပါနဲ့လား၊ကိုကိုအလှလေးကို
ကျွန်တော်ကပြန်ရှင်းပြပြီး လက်ထပ်ခွင့်တောင်း
ရဦးမှာ၊အမေ ကျွန်တော်တို့ကိုသဘောမတူတော့
တာလား၊အဲ့လိုတော့ မလုပ်ပါနဲ့ကျွန်တော်က
ကိုကိုအလှလေးကို တကယ်ချစ်တာပါ... "
ထယ်ယောင်းက ကူးအမေဘက်ပြန်လှည့်လာပြီးမှ
ကူးအမေရှေ့ဒူးထောက်ထိုင်ချသည်။အဖိုးနဲ့ဒယ်ဒီ
ဟိုဆော့တို့လည်း ထယ်ယောင်းရဲ့ပုံစံကိုအံ့ဩကာ
ကြည့်နေကြပြီး ကူးအမေကိုလည်းအားနာသည့်
မျက်နှာထားဖြင့်ပိုကြည့်နေကြသည်။
ကူးအမေမှာတော့ ထယ်ယောင်းကိုကြည့်ပြီး
သနားသွားကာ စကားပြောဖို့စလေသည်။
" သား...အမေ-- "
" တောင်းပန်ပါတယ်၊ကျွန်တော်က ကိုကိုအလှ
လေးကို အရမ်းချစ်မိသွားတာပါ၊လိုချင်လွန်းလို့
ကိုကိုအလှလေးတို့ချစ်သူနှစ်ယောက်ကြားဖျက်ဆီးခဲ့ကြတာပါ၊ပြီးတော့ ကိုကိုအလှလေးကို
ချစ်လွန်းလို့ သူတို့ပြတ်သွားတာတောင် ကျွန်တော်
ရအောင်လိုက်ခဲ့တာပါ၊အတူနေတဲ့ကိစ္စကလည်း
မထင်မှတ်ဘဲဖြစ်သွားတာပါ၊ကိုကိုအလှလေးကို
ကျွန်တော်အတင်းအကြပ်လုပ်တာမဟုတ်ပါဘူး၊
ဒါကြောင့် ကျွန်တော်တို့ကိုသဘောတူပေးပါ "
ကူးလေးရဲ့အမေကဘာမှတောင်မပြောရသေးဘဲ
သဘောမတူမှာဆိုးလို့ဆိုရင်း အဖြစ်မှန်တွေအား
လုံးကိုထုတ်ပြောတော့ ဟိုဆော့ကတော့လန်သွား
ပြီးဖြစ်သည်။အဖိုးနဲ့ဒယ်ဒီလည်း အခြေအနေကို
နားလည်ပြီးသားဖြစ်တာမို့ လန့်သွားကြသည်။
" အမေ... "
ထယ်ယောင်းခပ်တိုးတိုးလေးခေါ်လိုက်ကာ
ကူးအမေကိုကြည့်ပြန်တော့လည်း ဘာအသံမျှ
ထပ်မထွက်လာတော့ဘဲ ထယ်ယောင်းကိုငြိမ်
ကြည့်နေတော့ ထယ်ယောင်းပိုတုန်လှုပ်သွားခဲ့
တာဖြစ်သည်လေ။ဒီတိုင်းသားတွေက ကိစ္စတစ်ခု
ကြောင့် ပြတ်သွားခဲ့သည်ထင်တာ။အခုတော့လည်းထင်တဲ့အတိုင်း ကြားလူကြောင့်တဲ့။
ဒါကတော့အရေးမကြီးတော့ပါဘူး၊အခုကလည်း
သားလေး​ရဲ့​ကိစ္စရယ်၊မြေးလေးအတွက်သာတွေး
ပူတာမို့ တစ်ဖက်ကကောင်လေးကလည်း သားကူးကိုတကယ်ချစ်တာမို့ သူမ,မကန့်ကွက်ချင်တော့။
သားကူးနဲ့သက်ဆိုင်နေတာရော မြေးလေးရဲ့
အဖေဖြစ်နေတာရောကြောင့်ပေါ။
မမွေးလာသေးတဲ့ကလေးကိုတော့ အဖေတစ်ယောက်မဲ့တာမျိုးမဖြစ်စေချင်ဘူး။ကလေးက
လည်းအပြစ်မရှိသလို သားကူးနဲ့သားထယ်တို့ပါ
အပြစ်ရှိမနေခဲ့ဘူး။တကယ်တော့ကံတရားကသာ
သူတို့နှစ်ယောက်ကိုပေါင်းစည်းပေးလိုက်ခဲ့တာ။
" အမေက သားကိုအပြစ်မမြင်ပါဘူးကွယ်၊တစ်ဖက်ကဂယူလေးကို အားနာပေမဲ့လည်း
ကံတရားက သားကူးလေးနဲ့သားထယ်လေးကို
ပေါင်းစည်းဖို့ ကလေးလေးပေးလိုက်တာပါပဲ "
ကူးအမေဘက်ကစကားကိုကြားတော့မှ အဖိုးရော
ဒယ်ဒီနဲ့ဟိုဆော့ပါ အဆင်ပြေသွားသည်ဆိုတော့
သက်ပြင်းရှည်ချလိုက်တော့သည်။ထို့အတူ
ထယ်ယောင်းလည်းပျော်ကာ ကူးရဲ့အမေကိုဖက်
လိုက်မိပါတော့သည်။
" ကျေးဇူးတင်ပါတယ်အမေ၊ကျွန်တော့်ကိုယုံကြည်
ပေးလိုက်လို့ တကယ်ကျေးဇူးတင်ပါတယ်၊ယုံယုံ
ကြည်ကြည် ကျွန်တော့်လက်ထဲကိုကိုအလှလေးကို
ထည့်ပေးလို့ သေချာဂရုစိုက်စောင့်ရှောက်ပါ့မယ်၊
သေးသေးလေးကအစ မထိခိုက်စေရပါဘူး "
ထယ်ယောင်းက သူ့ကိုကိုအလှလေးကိုအရမ်းချစ်
တာမို့ ပြန်မထည့်ပေးလိုက်ချင်တာသိသာသည်။
ကူးအမေကိုခခယယတောင်းပန်နေတာဖြစ်၏။
" အမေနားလည်ပါတယ်နော်၊ဘာမှမဖြစ်ပါဘူး၊
သားအပေါ်ကိုလည်း အမေကစိတ်ခုနေစရာမရှိပါ
ဘူး၊သားကူးလေးနိုးလာရင်တော့ အမေကခဏ
ခေါ်သွားပါရစေ၊လက်ထပ်ဖို့ကိုလည်း မေမေက
သေချာပြောပေးပါ့မယ်နော် "
" ကျေးဇူးတင်ပါတယ် ခမည်းခမက်၊ကျွန်တော်တို့
သားက အဖိုးတန်လေးကိုတကယ်ချစ်လို့မို့ နား
လည်ပေးတာကျေးဇူးတင်ပါတယ်နော်၊အဖိုးတန်
လေးနိုးလာရင် အိမ်ခေါ်သွားလို့ရပါတယ် "
ကူးအမေက ထယ်ယောင်းကိုသေချာပြောပြရင်း
ထယ်ယောင်းအဖေကပါ ပြောပြလေသည်။
သည်တော့ကူးလေးအမေက ခပ်အေးအေးလေး
ပြုံးပြပါသည်။
" အမေတောင်းဆိုချင်တာက သားကူးလေးကို
လက်ထပ်ပြီးရင် သားတို့အိမ်မှာပဲနေပါကွယ်၊
သားအမေကလည်း ရှိနေတာပဲမလား၊သားအဒေါ်
ကလည်း သားကိုချစ်လို့ပြောမိတာပါ၊ဒါကြောင့်
သားအမေဖြစ်ချင်တာလုပ်ပေးလိုက်နော် "
" ဟုတ်ကဲ့ပါ၊ကိုကိုအလှလေးနိုးလာရင် ကျွန်တော့်ကိုခေါ်လိုက်ပါ၊မေမေ့ရှိခဏသွားလိုက်ဦးမယ်၊
ဒယ်ဒီနဲ့အဖိုး အမေ့ကိုလက်ထပ်ဖို့ဘယ်နေ့ဆိုတာ
သေချာပြောပေးထားလိုက်ပါ "
ထယ်ယောင်းက မျက်ရည်တွေကိုခပ်ကြမ်းကြမ်း
သုတ်လိုက်ရင်း သူ့ဒယ်ဒီနဲ့အဖိုးကိုကြည့်ကာ
ပြောသွားပြီး သူ့အမေထံပြန်သွားသည်။
ထယ်ယောင်းအဖေက သူ့သားပုံစံကိုကြည့်ကာ
ရယ်လိုက်ရင်း....
" ခမည်းခမက်က လက်ခံပေးလို့တောင်ဒီကဘဲ
အများကြီးကျေးဇူးတင်ပါတယ်၊အဖိုးတန်လေးကို
ကျွန်တော်တို့က အများကြီးချစ်ပါတယ် "
" ကျေးဇူးတင်ပါတယ် "
ကူးအမေကခပ်ပြုံးပြုံးရှိပြီး ပြောလိုက်ရော
ဒယ်ဒီနဲ့အဖိုးက 'ကျေးဇူးတင်ပါတယ်'ဟုထပ်
ပြောပါသည်။သည့်နောက် ဟိုဆော့ကအခြေအနေ
အဆင်ပြေသွားကြရော ပြုံးလိုက်ပြီးစကားစ၏။
" ကျွန်တော်ပြန်လိုက်ပါဦးမယ်၊အစားအသောက်နဲ့
ပတ်သက်တာတွေက အစ်ကိုကူးရဲ့အမေလည်း
ရှိတာမို့ ဘာတွေစားရမယ်၊မစားရဘူးဆိုတာက
အန်တီနားလည်မယ်ထင်ပါတယ်၊လိုအပ်တာထက်
ထယ်ယောင်းကိုပြောပေးလိုက်ပါ ၂ပတ်တစ်ခါ
ကျွန်တော်က ကျန်းမာရေးစစ်ပေးပါ့မယ်လို့ "
" ကျေးဇူးပါ၊ပြောပေးလိုက်ပါ့မယ် "
ကူးလေးရဲ့အမေက ဟိုဆော့ကိုပြောလိုက်သည်။
ဟိုဆော့ကပြုံးရင်း အဖိုးနဲ့ဒယ်ဒီကိုရော ကူးရဲ့
အမေကိုရောနှုတ်ဆက်ပြီးထွက်သွားတော့
အဖိုးနဲ့ဒယ်ဒီပါသားအမိနှစ်ယောက်ထည်းနေစေရန် လွှတ်ထားပေးလိုက်သည်။သည်တော့အခန်းထဲ
သူမနဲ့ ကုတင်ပေါ်မှာအိပ်ပျော်နေသည့်သူမ၏သား
လေးနဲ့သာ ကျန်ခဲ့သည်။
သူမက အိပ်နေတဲ့ကူးလေးအနားသွားပြီး သူမသားကူးလေး၏ နဖူးပြင်လေးကိုခပ်ဖွဖွနမ်းလိုက်ကာ
စကားဆိုသည်။
" မေမေရဲ့သားလိမ္မာလေး မေမေ့ကိုဘာမှမပြောဘဲ
သိမ်းထားရတာ ပင်ပန်းနေပြီထင်တယ်၊အခုတော့
သားရဲ့ကလေးလေးကိုသာ ဂရုစိုက်ပါတော့ "
သူမ,သတိထားမိတာပေါ့။သားထယ်ယောင်းက
သူ့သားကူးလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ။ဘယ်လောက်ထိများ ချစ်တာလည်းမသိ၊
သားကူးလေးပုံကြီးတွေက သည်အခန်းထဲမှာ
အများကြီးရှိနေတာဖြစ်သည်။
- - - - -
" မင်ဂယူ...ငါသတင်းတွေကြားခဲ့ပြီးပြီကွာ၊ငါ
တောင်မသိလိုက်ခင်ဘဲ ဖြစ်သွားတာပဲ... "
ဂျီမင်က စိတ်မကောင်းစွာဖြင့် ဂယူရဲ့လက်ကိုလှမ်းကိုင်ရင်းမှပြောလိုက်သည်။ဂယူကတော့ ဂျီမင်ပြောတာတွေကိုနားထဲမရောက်န်ိုင်ဘဲ အတွေးတွေ
လွန်နေတာဖြစ်သည်။သူမယုံနိုင်သေးဘူး။သူချစ်တဲ့ကူးက ဥက္ကဌနဲ့လက်ထပ်တော့မှာတဲ့။
ဂယူက စာတွေဖတ်ပြီးပြီးချင်း ကူးထံသို့အပြေး
လာခဲ့ပေမဲ့လည်း အိမ်ရှေ့မှာကူးတို့သားအမိပါ
ရှိနေတာမဟုတ်တော့ အကြာကြီးရပ်စောင့်နေ၏။
ထို့အတူဂျီမင်လည်း အပြေးလာကာကူးအိမ်ကို
အပြေးလာကြည့်တော့ ငိုနေသည့်မင်ဂယူကိုဂျီမင်
တွေ့သွားတာဖြစ်သည်။
" မင်ဂယူ..ငါ့ကိုစကားပြောစမ်းပါဦး၊ဘာလို့များ
အဲ့လောက်ထိတွေးနေရတာလဲ.... "
ဂျီမင်လည်း သူ့ကိုဘာစကားမှပြန်မပြောလာသည့်
မင်ဂယူ့လက်ကိုပုတ်ထုတ်ရင်း စကားဆိုသည်။
မင်ဂယူကတော့ သက်ပြင်းရှည်ချရင်း အရင်က
မျက်နှာထားနဲ့မတူဘဲ ဂျီမင်ကိုဆိုသည်။
" မင်းရောသိနေခဲ့တာမလား ဂျီမင်၊မင်းလူနဲ့
ကင်မ်ထယ်ယောင်းက သူငယ်ချင်းတွေပဲကို၊
မင်းလည်း ထယ်ယောင်းနဲ့ကူးအတူနေမိတာ
သိနေမယ်ထင်တာပဲ... "
ဂယူ့စကားကြောင့် ဂျီမင်ဒေါသထွက်သွားသည်။
သည်တော့ဂျီမင်က ရှေကရေကိုတစ်ချိုင့်မော့ရင်းဖြေတော့သည်။
" ငါ့ကိုပါမစော်ကားလာနဲ့ မင်ဂယူ!ငါကမင်းတို့
လမ်းခွဲတဲ့နေ့ကပဲသိခဲ့တာ၊မင်းတို့နှစ်ယောက်လမ်း
ခွဲသွားပြီဆိုတာ ကူးပြောပြပြီးငိုနေခဲ့တာ၊မင်းကမှ
အရင်ရက်စက်တယ်လို့ငါထင်မိတယ်! "
" ငါကရက်စက်တာမဟုတ်ဘူး၊မင်းရော ငါ့နေရာ
ငါ့ရှေ့မှာနမ်းပြတာရော၊ကွယ်ရာရောနမ်းပြတာကို
ငါကဆက်ပြီးကြည့်နေရမှာလား၊ပတ်ခ်ဂျီမင်...
ငါအဲ့လောက်ထိ သဘောထားမကောင်းနေဘူး "
ဂယူ့ရဲ့စကားကြောင့်ရော ဂျီမင်လည်းသက်ပြင်း
ချမိတာအမှန်ပင်။သူလည်း ဂယူ့စိတ်ကိုနားလည်
ပေမဲ့လည်း လမ်းခွဲပြီးမှတစ်ဖက်သက်ကြီးလိုက်
စွပ်စွဲနေလို့မှမရတာ။ဂျီမင်ကိုယ်တိုင်လည်း
ကုမ္ပဏီကစာကိုမြင်လို့ မင်ယွန်းဂီကိုမေးတော့
ချက်ချင်းပင် ပြုံးပြုံးကြီးတောင်ထသွားဖို့
လုပ်နေလို့ဆွဲထားပြီးမေးတော့မှ အဖြစ်မှန်သိ၏။
" ငါနားလည်ပါတယ်... "
" မဟုတ်ဘူး!မင်းဘာမှနားမလည်ဘူး!ငါကအများ
ကြီးချစ်လာခဲ့ရတဲ့သူကွ၊သူကျောင်းပြောင်းလာ
ထည်းက ငါဖွင့်ပြောခဲ့တာ၊ငါတအားချစ်တာကွာ "
ဂျီမင်ကပြောတော့ ဂယူကခေါင်းခါပြပြီးစားပွဲပေါ်
ခေါင်းတင်ကာငိုတော့သည်။ဂျီမင်လည်းသက်ပြင်း
ချရုံကလွဲပြီးဘာမှမတက်နိုင်တော့ဘူး။ဖြစ်ပြီးသွားတာတွေလည်း ဖြစ်သွားခဲ့ပြီပဲကို။အမြဲတမ်း
နှစ်ယောက်ထည်းဖြေရှင်းနေတော့ အခုတစ်ခါက
ပိုဆိုးသွားတာဖြစ်သည်။
" ငါသိတာက မင်းနဲ့ကူးနဲ့ပြတ်သွားတုန်းကလေ
ကူးက ကင်မ်ထယ်ယောင်းနဲ့ပြဿနာဖြစ်ပြီး
မေ့လဲသွားခဲ့တာ... "
" ဘယ်လို! "
ဂျီမင်ရဲ့စကားကြောင့် ဂယူအံ့ဩသွားပြီးဖြစ်၏။
သူနဲ့ကူးနဲ့လမ်းခွဲခဲ့သည့်နေ့လယ်က ကူးကမေ့လဲ
သွားတာတဲ့။သူတောင်မသိလိုက်မိသလို
လာတောင်မပြောကြဘူး။
" ငါလည်းရောက်ရောက်ချင်း အံ့ဩသွားတာ၊
ငါကဂျောင်ကူးကြောင့် မင်းကိုခေါ်ဖို့လုပ်တာ
တောင် ပေးမခေါ်ကြဘူး "
ဂျီမင်ကပြောတော့ မင်ဂယူခေါင်းတောင်မထောင်
နိုင်တော့ဘဲ ငိုချမိတော့သည်။ကူးက သူ့စကား
ကြောင့် ကင်မ်ထယ်ယောင်းနဲ့တောင်ရန်ဖြစ်ပြီး
မေ့လဲသွားခဲ့တာတဲ့လား။သူအရမ်းညံ့သည်။
ကင်မ်ထယ်ယောင်းပြောခဲ့သလိုပဲ။သူကဘဲ
ကူးရဲ့လက်ကိုလွယ်လွယ်လွှတ်ချခဲ့တဲ့သူပဲ။
" ပြောရရင် ဂျောင်ကူးနဲ့ကင်မ်ထယ်ယောင်းက
အတူအိပ်ဖြစ်ခဲ့တာကလည်း ပွဲမှာတုန်းထည်းက
နှစ်ယောက်သားဆေးမိပြီး အတူအိပ်ဖြစ်သွားတာ၊
ပြီးတော့ ထယ်ယောင်းကတာဝန်ယူဖို့လုပ်ပေမဲ့
ကူးကလက်မခံဘူး၊ပြီးတော့ကူးကမင်းကို
ပြန်ဆက်သွယ်ချင်ပေမဲ့လည်း အဲ့​ကိစ္စကြောင့်
လက်မခံတော့တာနေမယ်၊သူနေခဲ့တဲ့နှစ်လမှာ
အမြဲဖျားပြီး အဲ့ဒီလက္ခဏာမျိုးတွေဖြစ်တာ "
ဂျီမင်ကပြောတော့ မင်ဂယူပွဲတုန်းကကိစ္စတွေကို
ပြန်တွေးမိသည်။သူနဲ့ကူးနဲ့ရှန်ပိန်ခွက်ကိုယူရင်း
စကားပြောနေသည်ကအစ ကူးကအဲ့ဒီရှန်ပိန်ကို
သောက်တာမြင်သည်။ဒါပေမဲ့ ဂယူကတော့
ရှန်ပိန်ကိုမသောက်ခဲ့ဘူး။ဖုန်းထွက်ပြောမိရင်း
အိမ်ပြန်ရမှာမို့ ကူးကိုတောင်နှုတ်ဆက်ဖို့ပြန်ဝင်
လာတော့ ထယ်ယောင်းရဲ့တပည့်က ဟိုဘက်က
နိုင်ငံခြားဧည့်သည်တွေနဲ့စကားပြောနေကြတယ်
ဆိုပြီး သူမနှုတ်ဆက်တော့ဘဲ အိမ်ပြန်လာတာ။
စာတော့ပို့ထားခဲ့သည်။ကူးမတွေ့လိုက်ဘူးပဲ။
" ငါ...ငါ...အဲ့နေ့က ရှန်ပိန်ကိုသောက်ရင် ငါလည်း
ကူးနဲ့အတူဖြစ်နေပြီပဲ၊ကံတရားက ကူးနဲ့ငါ့ကို
ဝေးဖို့ကံပါသွားတယ်ထင်တယ်... "
ဂယူပြောတဲ့စကားကြောင့် ဂျီမင်ပိုဝမ်းနည်းမိပါ
တော့သည်။ဂယူနဲ့ကူးက ငယ်ချစ်ဦးတွေဖြစ်ခဲ့ပြီး
လက်ထပ်ဖို့တောင် ပျက်သွားခဲ့ရသည်။သူဖြင့်
ကြားပြီးပြီးချင်း စိတ်မကောင်းဖြစ်မိသည်။
" ငါစိတ်မကောင်းပါဘူး ဂယူ၊အခုဆို ကူးက
ကင်မ်ထယ်ယောင်းနဲ့လက်ထပ်ရတော့မှာ... "
" ငါကူးနဲ့စကားထပ်ပြောရမယ်၊အခုလောက်ဆို
ကူးအိမ်ရောက်နေလောက်--- "
ဂယူကကူးအိမ်သွားပြီး စကားထပ်ပြောဖို့အတွက်
ပြောနေတုန်းရှိသေး ဂျီမင်ဖုန်းကမြည်လာခဲ့လို့
ဂျီမင်လည်း အသည်းအသန်ထုတ်ကြည့်သည်။
" ခဏလေး ဂျောင်ကူးငါ့ကိုဖုန်းဆက်တယ် "
သည်တော့မှဂယူလည်းတိတ်သွားပြီး ဂျီမင်နဲ့ကူး
ပြောတာကို သူနားထောင်နေတော့သည်။ဂျီမင်က
ဂယူပါကြားအောင် အသံဖွင့်ပေးလိုက်သည်။
" အွန်း...ဂျောင်ကူးပြော.... "
' ငါ့အိမ်ခဏလာခဲ့ပါလား ဂျီမင်၊ဂယူ့ကိုပါခေါ်ခဲ့
ပေးပါ၊ငါစကားပြောစရာရှိလို့... '
ဂျီမင်ကဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှာကူးက
အသံအေးအေးလေးနဲ့စကားဆိုလေသည်။ဂျီမင်
သူ့ရှေ့ကဂယူကိုကြည့်တော့လည်း ကူးကတွေ့ချင်
နေပြီဆိုထည်းက လှုပ်လှုပ်ရှားရှားဖြစ်သွားတာ။
" အင်းပါ၊ငါခေါ်လာခဲ့မယ်... "
' အွန်း...ဂျီမင်၊ကျေးဇူးပါ '
တီ ~
" ငါတို့သွားရအောင်! "
" ငါ့ကိုစောင့်ဦးလေ... "
ကူးဘက်ကဖုန်းချသွားရော မင်ဂယူကသက်ပြင်း
ရှည်ချကာ ထရပ်ပြီးဆိုင်ထဲမှထွက်တော့သည်။
ဂျီမင်လည်း လမ်းအမြန်လျှောက်သွားတဲ့ဂယူ့
နောက်ကိုလိုက်ရတော့သည်။
- - - - -
" ဆရာ့အပိုင်က ကျွန်တော့်ကိုလိုအပ်တာရှိရင်
သေချာပြောပေးပါ၊ကျွန်တော်က မျိုးစေ့လေးနဲ့
ဆရာ့အပိုင်ကိုသေချာစောင့်ရှောက်ပေးဖို့လည်း
လိုအပ်လို့ပါ... "
" အင်း... "
ကူးတို့အိမ်ကိုရောက်တော့ ယောင်းဝူကကားတံခါး
သေချာဖွင့်ပေးပြီး ကူးကိုပြောသည်။ကူးကတော့
ယောင်းဝူပြောတာကိုနားထောင်ရင်း ခေါင်းငြိမ့်
ပါသည်။
ထယ်ယောင်းအိမ်မှာ ကူးနိုးပြီးထည်းက အိမ်ပြန်ဖို့
ဖြစ်နေတာမို့ ထယ်ယောင်းကသူ့ကလေးအတွက်
မှာစရာရှိတာမှာပြီး လက်မထပ်ခင်တစ်ရက်လာ
ခေါ်မယ်ဆိုကာ ပြောထားသည်။ကူးလည်း သူ့ကို
ထပ်မပြောတော့ဘဲ ဒီတိုင်းကားပေါ်တက်လာတာ
အခုအိမ်ရောက်တဲ့အထိသာဖြစ်သည်။
" အန်တီလည်းကျွန်တော့်ကို လိုအပ်တာပြောပါ၊
ဆရာက ဆရာ့အပိုင်နဲ့သူ့အမေကိုဂရုစိုက်ဖို့
ကျွန်တော့်ကိုမှာထားလို့ပါ "
" အန်တီသိပါတယ်၊လိုတာရှိရင်ပြောပါ့မယ် "
ကူးကတော့ သူ့ကလေးလေးရှိနေသည့်ရပ်ဝန်းကိုထိတွေ့ကာငြိမ်နေသည်။ယောင်းဝူရော ကူးလေးရဲ့အမေကပါသတိထားမိတော့ ယောင်းဝူကလည်း
ပြုံးရင်း ကားနောက်ခန်းကကူးနဲ့ကူးအမေအတွက်
ပစ္စည်းတွေအားလုံးရယ်၊ကူးစားဖို့အတွက်ဆိုရင်း
ကင်မ်အိမ်တော်ကအဖိုးနဲ့ဒယ်ဒီရော၊ထယ်ယောင်း
လည်း ကူးအတွက်စားစရာတော်တော်များများကို
အိမ်ထဲထိထည့်ပေးပြီးနောက် အပြင်ပြန်ထွက်လာ
ခဲ့သည်။
" ဆရာ့အပိုင် ကျွန်တော့်ကိုခွင့်ပြုပါဦး၊အန်တီ...
ကျွန်တော့်ကိုခွင့်ပြုပါဦးခင်ဗျာ "
" အေးကွယ်၊ကားကိုဂရုစိုက်မောင်းနော် "
ကူးကတော့ယောင်းဝူကို ပြန်မနှုတက်ဆက်ပေမဲ့
ကူအမေကတော့ အားနာကာပြန်နှုတ်ဆက်သည်။
ယောင်းဝူကားလည်းထွက်သွားရော ကူးအမေက
ကူးကိုတွဲကာ ဝင်သွားဖို့လုပ်တော့ ကူးကဟန့်
တားလာသည်။
" မေမေ...ကူး ဂျီမင်နဲ့တွေ့ဖို့ဖုန်းဆက်ထားလို့
အိမ်ရှေ့မှာပဲစောင့်နေတော့မယ် "
ကူးစကားကြောင့် ကူးအမေကသဘောမတွေ့ဟန်
မျက်စောင်းလေးထိုးပြီး စကားဆိုသည်။
" သားကူးလေး ဂျီမင်လာရင်အိမ်ထဲမှာတွေ့မှာပေါ့၊
ဘယ်လိုလုပ်သားနဲ့အိမ်ရှေ့မှာစကားပြောမလဲ၊
မြေးလေးလည်းရှိနေပြီလေ၊အရမ်းအေးတယ်.. "
ကူးကိုဆူနေသည့်မေမေကြောင့်ကူးကပြုံးရင်း
အိမ်တံခါးတောင်ဖွင့်ပေးကာ ပေးဝင်စေသည်။
မေမေကလည်း သူ့သားကူးလေးအဆင်ပြေပါ
စေဆိုပြီး သူ့သားအလိုကျအိမ်ထဲဝင်သွားတော့
သည်။
သည်တော့ကူးတစ်ယောက်ထည်း အိမ်ရှေ့မှာ
ဂျီမင်နဲ့မင်ဂယူကိုစောင့်နေခဲ့သည်။ရပ်စောင့်ရင်း
ကူးက သူ့ကလေးလေးရှိရာရပ်ဝန်းလေးကိုထိ
နေရင်းမှ စကားဆိုသည်။
" ကလေးလေးကြောင့် ပါးပါးကအများကြီးတွေး
ပေးထားရတယ်သိလား၊ပါးပါးက ကလေးလေးရဲ့
ဒယ်ဒီကိုမကြည်ပေမဲ့ ကလေးလေးကိုပါးပါးက
ချစ်လို့ ကလေးလေးရဲ့ဒယ်ဒီကိုလက်ထပ်ဖို့
လက်ခံလိုက်တာ၊အဲ့တော့ ပါးပါးကိုပိုချစ်ရမယ်
နော်ကြားလား ပါးပါးရဲ့ကလေးလေး "
ကူးလေးက ကလေးလေးရှိရာရပ်ဝန်းထိနေရင်း
ပြောနသေည့်စကားကို အနားကိုလျှောက်လာ
ကြတဲ့မင်ဂယူနဲ့ဂျီမင်ကကြားသည်။ဂယူက
မျက်နှာပျက်သွားပေမဲ့လည်း ဂျီမင်ကတော့
ပြုံးလိုက်သည်။ငါတို့ကူးကူးက ကလေးရှိတဲ့
စိတ်ကြောင့် ပိုလို့ကိုနူးညံ့သွားတာပဲ။
" ပါးပါးကလေးလေးကို ပါးပါးကအများကြီး
ချစ်တယ်နော်... "
" ကူး.... "
ကူးတစ်ယောက်ထည်း ကလေးလေးရှိရာရပ်ဝန်းကိုထိတွေ့နေရင်းမှ အနောက်ကဂယူ့ခေါ်သံကြောင့်
စကားပြောနေတာလည်းရပ်တန့်သွားတာဖြစ်၏။
ဂယူကတော့ ကူးကိုကြည့်ရင်း စိတ်တောင်မခိုင်
တော့ဘဲ မျက်ရည်တို့တောင်ကျမိသည်။
" မင်ဂယူ.... "
ကူးကလည်း သူ့ရပ်ဝန်းလေးကိုထိပြီးဂယူတို့ဘက်
ကိုလှည့်လိုက်သည်။ဂယူမျက်ရည်တွေကျနေတာကိုကူးကမြင်ရော မျက်နှာကိုတစ်ဖက်သို့လှည့်ပြီး
လုပ်လိုက်တော့ ကြားကဂျီမင်ကနှစ်ယောက်သား
အေးဆေးစကားပြောစေရန် လုပ်ပေးလိုက်သည်။
" ဂျောင်ကူး..မင်းတို့နှစ်ယောက်အေးဆေးစကား
ပြောကြနော်၊ငါက အန်တီ့ရှိခဏသွားဦးမယ်... "
ဂျီမင်ကနှစ်ယောက်လုံးကို သီးသန့်ထားပေးကာ
အိမ်ထဲကိုဝင်သွားတော့ ဂယူနဲ့ကူးနှစ်ယောက်လုံး
တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အပြင်မှာ
ကျန်ခဲ့လေသည်။ဂယူ့ဘက်ကလည်း စကားဆိုဖို့
စကားလုံးစဖိုလုပ်လိုက်သော်လည်း ကူးမှာတော့
သူ့ကလေးလေးကိုထိကာ ငြိမ်နေတော့သည်။
သို့သော်လည်း မင်ဂယူဘက်ကကူးရဲ့ဖြေရှင်းချက်
ကိုပါကြားချင်တာမို့ တစ်ခြားနည်းဖြင့်စကားစ၏။
" ကိုယ်ဝန်ရှိတာ ကူးဘယ်လိုသိတာလဲ... "
" ကိုယ်ဝန်ကရှိတာ ၈ပတ်တောင်တဲ့၊ကူးမသိဘူး၊
ဒေါက်တာဟိုဆော့ပြောတာ ကူးကကံကောင်းတဲ့
ယောကျာ်းလေးလို့ပြောလို့ရတယ်တဲ့ "
ကူးရဲ့ချစ်စရာကောင်းသည့်စကားလေးကြောင့်
ဂယူကမသိမသာရယ်လိုက်ပါသေးသည်။ကံကောင်းတာပေါ့။ကလေးလေးအတွက်လည်း
ကံကောင်းသလို သူ့အတွက်လည်းမြတ်နိုးရတဲ့
ချစ်သူပါပဲ။
" ဒါဖြင့် ကိုယ်မသိခဲ့တဲ့အချက်တွေရှိနေတာပဲ၊
ဘာလို့ကိုယ့်ကိုမပြောခဲ့ရတာလဲ!... "
" ဂယူတိုးတိုးပြောပါ၊ကူးရဲ့ကလေးလေးက
လူကြီးတွေပြောတာမှန်သမျှကြားနေရတယ်၊
ကူးရဲ့ကလေးလေးကို ကူးတို့အကြောင်းလည်း
မသိစေချင်တော့ဘူး.... "
ကူးရဲ့စကားကြောင့် ဂယူပိုအံ့ဩသွားသည်။
ကလေးကြောင့်ပြောင်းလဲသွားပြီး သူ့ကိုတောင်
အရင်အကြောင်းတွေ ထပ်မပြောချင်တော့တဲ့
ပုံစံမျိုးလုပ်တာဖြစ်သည်။ဘယ်လိုတောင်
ချက်ချင်းကြီး စိမ်းကားသွားရက်တာလဲ။
" ကူး...ကိုယ့်ကိုဘယ်လိုစကားတွေပြောရက်ရတာ
လဲ၊ကူးမသိဘူးမလား၊ကိုယ်အရင်လတွေတုန်းက
ကူးမရှိဘဲ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ... "
ဂယူ့စကားကြောင့် ကူးကခပ်ယေးယေးပြုံးသည်။
ပြီးနောက် ဂယူ့ကိုမော့ကြည့်ကာ ဂယူ့ရဲ့ပါးကိုအုပ်ကိုင်ရင်း...
" ဘေးနားမှာ ဂယူ့အတွက်မိန်းကလေးတစ်ယောက်
ရှိနေတာပဲ၊ဂယူတောင် အဲ့ဒီမိန်းကလေးနဲ့စကား
ပြောရင်တောင် ပြုံးနေတော့တာပဲ၊ကူးထက်တောင်
ပြုံးနေသေးတာပဲမလား "
ကူးရဲ့စကားတွေဟာ သူ့ကိုတောင်စော်ကားနေ
သလိုဖြစ်သည်။ကူးကသူ့ကို ခပ်အေးအေးစိုက်
ကြည့်ပြီးကိုပြောနေတော့တာ။ဒါမှမဟုတ်ဘဲ
သူ့ကိုများတကယ်အဆက်အသွယ်ပြတ်ချင်နေတဲ့
ပုံစံမျိုးနဲ့ပြောနေတာဖြစ်သည်။ဒါကြောင့်မို့လည်း
ဂယူစိတ်တိုကာ ကူးကိုအော်လိုက်မိတော့
ကူးကိုယ်ငယ်လေးက တုန်တက်သွားသည်။
" ကူး!!!! "
" ရှူး!တိုးတိုးလုပ်ပါ ဂယူရယ်၊ကူးရဲ့ကလေးလေး
လန့်သွားလိမ့်မယ်၊ကလေးလေးကငယ်သေးလို့
ထိတ်လန့်စရာတွေလုံးဝမလုပ်ရဘူး .. "
ကူးက ရပ်ဝန်းထဲတည်ရှိနေတဲ့သက်ရှိကလေးလန့်
သွားမှာဆိုးလို့ ဟန့်တားသည်။ဂယူကတော့ ကူးပုံ
စံကိုကြည့်ရင်း ပုခုံးကနေဆွဲကိုင်လိုက်ရင်း...
" ဘယ်လိုတောင် ဖြစ်သွားရတာလဲ၊ကူး...ကိုယ်
မင်းလက်ထပ်သွားလည်း ဂရုတောင်စိုက်မှာ
မဟုတ်ဘူး၊ကိုယ်က မင်းကိုတအားချစ်တာ!
မင်းသိရဲ့လား!အခုတောင်မင်းကိုကိုယ်က
ခိုးပြေးလိုက်လို့ရတယ်၊အဲ့ကလေးကိုလည်း
ကိုယ့်ကလေးလို့ နာမည်ခံပေးလို့ရတယ်၊
ဒါပေမဲ့ကူးက အဲ့ကလေးကြောင့်...
အဲ့ကလေးကကန့်လန့်လုပ်နေမိလို့... "
ခွပ်!
" ခင်ဗျားဘာစကားပြောတာလဲ မင်ဂယူ! "
" ကင်မ်ထယ်ယောင်း! "
ကူးနဲ့ဂယူစကားပြောနေတုန်းရှိသေး ဘယ်ကနေဘယ်လိုရောက်လာမှန်းကိုမသိ ထယ်ယောင်းက
ဂယူ့ကိုပိတ်ထိုးလိုက်သည်။ကူးကတော့ သူတောင်
ဂယူ့ကိုဘာမှပြန်မပြောလိုက်ရသေးဘဲ သူ့ရှေ့အ
ထိုးခံလိုက်ရတဲ့ ဂယူ့ကိုကြည့်ကာအံ့ဩရင်း
တားရန်လုပ်သည်။
မနက်ကဖြစ်သည့်ပြဿနာကြောင့် ကိုကိုအလှလေးကိုစိတ်မချလို့ ယောင်းဝူပြန်လာပြီးမှ
အိမ်ကိုလာကာချော့ဖို့ဆိုပြီး ထပ်လာတာဖြစ်၏။
သည်ကိုရောက်ရော နှစ်ယောက်လုံးစကားပြော
နေတာကိုအစအဆုံးသိချင်လို့ ကားထဲကနေထွက်
ပြီး အကွယ်ကနေနားထောင်နေခဲ့တာ။မင်ဂယူက
လွန်လွန်းသည့်စကားတွေပြောလို့ ထယ်ယောင်း
ထိုးလိုက်မိတာဖြစ်သည်။
" ကြားသွားတာလား၊ဟက်...မင်းက,ကလေးကို
ပြပြီး ငါ့ကူးကိုအပိုင်သိမ်းထားတာမလား၊မင်းတို့
ငါ့ကိုလိမ်နေကြတာမလား!! "
ဂယူကဒေါသထွက်တာရော သူ့ကူးကိုလက်လွှတ်
အဆုံးရှုံးမခံနိုင်တာကြောင့်ပါ ပြောချင်ရာတွေ
ပြောလိုက်တော့ ထယ်ယောင်းကဂယူ့မျက်နှာကို
အဆက်မပြတ်ထိုးသည်။
ခွပ်! ခွပ်! ခွပ်!
" ကိုကိုအလှလေးကို ကျုပ်ချစ်လို့ယူတယ်!
ခင်ဗျားလို့ လွယ်လွယ်နဲ့လက်လွှတ်ပေးခဲ့တဲ့
ကောင်မဟုတ်ဘူး!!!! "
" တော်ပါတော့!ငါတို့ကလေးလေးလန့်သွားမယ်၊
မအော်ပါနဲ့တော့ ကင်မ်ထယ်ယောင်းရယ် "
ထယ်ယောင်းကဒေါသထွက်ကာအော်ပြီး
ဂယူ့ကိုအဆက်မပြတ်ထိုးတော့ ကူးလည်း
ချစ်ရသူအထိုးခံနေရတာကိုမြင်ပြီး
မနေနိုင်တော့ဘဲ ထယ်ယောင်းကိုတားမိသည်။
ကူးကတားလိုက်ရော ထယ်ယောင်းရဲ့ဒေါသထွကနေသည့်အရိပ်အယောင်တွေဟာ ချက်ချင်းပင်
ပျောက်ကွယ်သွားပြီး သူ့ကိုကိုအလှလေးကို
ဖက်လိုက်ကာ နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ပြီး
ဂယူ့ကိုကြည့်ကာစကားဆိုလိုက်သည်။
" ကျုပ်ကအချစ်ကြီးတော့ ကိုကိုအလှလေးကို
ရအောင်လိုက်ခဲ့တာ၊အခုလည်း ကျုပ်ကိုကိုနဲ့
ကလေးကိုတစ်ခုခုလုပ်ရင် ခင်ဗျားကိုအသက်ရှင်
ခွင့်ပေးမှာမဟုတ်ဘူး! "
ထိုသို့ပြောလိုက်ကာ သူ့ကိုကိုအလှလေးကိုဖက်ရင်းအိမ်ထဲသို့ပြန်ခေါ်သွားလိုက်သည်။ကျန်ခဲ့တဲ့
မင်ဂယူမှာတော့ နှုတ်ခမ်းကပေနေသည့်သွေး
တွေကိုခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း...
" ကိုယ့်ကြောင့်ပါ၊ကိုယ့်အမှားတွေကြောင့်ပါ "
To be continued ~
နောက်ကျသွားတဲ့အတွက် အားနာမိပါတယ်ဗျ။
မနက်ဖြန်တော့ updateကမသေချာပေမဲ့လည်း
နောက်နေ့တွေကိုတော့ ရှည်ရှည်လေးရေးပေးပါ့
မယ်ဗျ။
> >