18 01
အခန်း (၁၈)
ဒုတိယကျန်းသခင်မလေးရဲ့ အမေအရင်း ရီကျန်းကျန်းက သုံးနှစ်ထက်မနည်း ကျန်းယွမ်ပိုင်နဲ့ လက်ထပ်ထားပေမယ့် ကျန်းယွမ်ပိုင်ရဲ့ အိပ်ရာဖော်က သူ့ရဲ့ အကြီးဆုံးသမီး(တရားမဝင်)ကို မွေးပြီးတော့မှ ကျန်းလီကို ကိုယ်ဝန်ရခဲ့တာဖြစ်တယ်။
သနားစရာ ကောင်းတာကတော့ ရီကျန်းကျန်းရဲ့ ဘဝက သိပ်မကောင်းခဲ့ဘူး။ ကျန်းလီကို မွေးပြီးတော့ သူမရဲ့ ကျန်းမာရေးက တစ်နေ့တစ်ခြား ပိုပိုဆိုးလာပြီး နှစ်ဝက်လောက် အကြာမှာပဲ ဆုံးပါးသွားခဲ့တယ်။ ကျန်းယွမ်ပိုင်က ဒီသမီးကို စောင့်ရှောက်ဖို့အတွက် တစ်ယောက်ယောက်ကို ရှာရမယ်လို့ ယူဆပြီး သိပ်မကြာခင်မှာပဲ ကျီရှုးရန်ကို သူ့ဇနီးအဖြစ် အိမ်တော်ကို ခေါ်ဆောင်လာခဲ့တယ်။ ရီကျန်းကျန်း မဆုံးခင် ပြန်အားဖြည့်ဖို့ နေသွားတာက ကွက်တိ ဒီဖန်းဖိန်းဥယျာဥ်ဖြစ်တယ်။
ကျန်းယွမ်ပိုင်က ထူးချွန်တဲ့ ပညာသင်ဆုရကျောင်းသား ဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပညာထူးချွန်တဲ့ ကျောင်းသားအနေနဲ့ နောက်ပြီး သူ့ရဲ့ စာအုပ်ကြီးအတိုင်း လိုက်လွန်းတဲ့ စာပေပညာရှင် စရိုက်ကလည်း နည်းနည်း စွန်းထင်းသွားတော့ သူက အာဏာရဖို့အတွက် ရည်မှန်းချက် ကြီးကြီးမားမားရှိခဲ့တယ်။ ဥပမာအနေနဲ့ ကျန်းယွမ်ပိုင်က သူ့ရဲ့ စာရိတ္တကောင်းပြီးရည်မွန်တဲ့ပုံရိပ်ကိုပေါ်လွင်အောင် လုပ်ရတာကြိုက်ပြီး သူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အောက်တန်းကျတာမျိုးကို မကြိုက်ဘူး။
ရီကျန်းကျန်းက ကုန်သည်မိသားစုက ဆင်းသက်လာပြီး ကြွယ်ဝချမ်းသာမှုနဲ့ အသက်ဝင်တဲ့ ပစ္စည်းတွေကို အမြဲကြိုက်ခဲ့တယ်။ ပန်းတွေစိုက်တုန်းကလည်း အဲဒီ လှပအရောင်စုံတဲ့ ပန်းတွေကို လိုချင်ခဲ့ပေမဲ့ ကျန်းယွမ်ပိုင်က ကြာပန်းအဖြူလိုမျိုးနဲ့ ကျောက်စိမ်းရောင်ဝါးပင်တို့လိုမျိုး ရိုးရိုးရှင်းရှင်းဘဲ နှစ်သက်ခဲ့တယ်။
ကျီရှုးရန်ကတော့ သိမ်မွေ့ကျော့ရှင်းဟန် ချုပ်တည်းပြီး လိုက်လျောညီထွေ ဖြစ်အောင် လုပ်ယူနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် သူမက ဒီဖန်ဖိန်းပန်းခြံကို စက်ဆုပ်ကာ မတူမတန်သလို သဘောထားတယ်။ အခုကျန်းလီပြန်လာတော့ သူမက တမင်လား မရည်ရွယ်ပဲလားမသိ သူ့အမေ မသေခင်နေသွားတဲ့ နေရာကိုပေးလာတယ်။ သူတို့ အထဲကို ပိုဝင်သွားလေလေ နေရာက ပိုဆိုးလေလေဘဲ။ ပထမမိသားစုမှာဆို ဒီခြံဝန်းဆောင်က တခြားမောင်နှမတွေနဲ့ အဝေးဆုံး အခေါင်ဆုံးဖြစ်တယ်။ ကျန်းသခင်မကြီးနဲ့ ကျန်းယွမ်ပိုင်တို့နေရာကဆို ပြောနေစရာတောင် မလိုဘူး။ သူတို့နဲ့ မနီးတောင် မမလေးကို သူ့အမေရဲ့ နောက်ဆုံးနေရာမှာ နေခိုင်းတော့ မမလေးက တောင့်တသတိရသွားမှာလား ဒါမှမဟုတ် ဝမ်းနည်းတာနဲ့ ပိုတောင် ဒေါသထွက် သွားစေနိုင်သေးတယ်။
တုန်အာက ကျန်းလီရဲ့ မျက်နှာပေါ်က အမူအရာတွေ ပျောက်သွားတာကို ကြည့်ပြီး စိုးရိမ်နေတယ်။ ကျန်းလီကတော့ စိတ်ဓာတ်လည်းမကျသလို စိတ်ဆိုးဒေါသထွက်တာလဲမရှိဘူး။ ဟိုစာလုံးတွေကို မြင်တုန်းက ခဏ လန့်ပြီး တုန်လှုပ်သွားတာကလွဲလို့ အခုကျ သူ့ပုံသေ ကျောက်ရုပ်မျက်နှာ ပြန်ဖြစ်သွားတယ်။ စွမ့်မောမောက လုံးဝအံ့အားသင့်သွားပြီး စကားအနည်းငယ် ရှင်းပြပြီးတာနဲ့ အလျင်စလို ထွက်သွားတော့ သူနဲ့တုန်အာဘဲ ကျန်ရစ်ခဲ့တယ်။ သူတို့ ဒီကို ပြန်ရောက်တော့ ယွီရှန်းကလည်း သူ့သခင်မသခင်မလျူဆီ ပြန်သွားပြီ ဖြစ်တယ်။ နောက်နေ့ကျမှ သူကိုယ်တိုင်ကိုယ်ကျ သူမဆီ သွားရောက်ကျေးဇူးတင်ဦးမယ်လို့ ကျန်းလီက တွေးထားတယ်။ အခန်းက သန့်တော့သန့်ရှင်းပါတယ်။ အရင်က ရီကျန်းကျန်းက ဒီထဲမှာ အပင်နဲ့ပန်းမျိုးစုံစိုက်ပျိုးဖို့ အမိန့်ပေးခဲ့ပေမဲ့ အခုနှစ်ပေါင်းများစွာ ဒီနေရာက စွန့်ပစ်ခံထားရတော့ ပေါင်းပင်တွေ မရှိတာကလွဲရင် ပန်းခြံကြီးတစ်ခုလုံးက အလေ့ကျပေါက်တဲ့ အပင်တွေနဲ့ ပရမ်းပတာဖြစ်နေတယ်။ တုန်အာက သူမကို ကြည့်ပြီး တုံ့ဆိုင်းနေပေမဲ့လည်း မေးလိုက်သေးတယ်။
"မမလေး စိတ်မသက်မသာ ဖြစ်နေတာလားဟင်"
"ဒီခြံဝန်းက အတော် ကောင်းတယ်"
သူမက အရပ်မျက်နှာအကုန်ပတ်ကြည့်လိုက်ပြီး"အတော် ကြီးပြီးအေးချမ်းနေရော"
သူက တုန်အာရဲ့ ပူပန်မှုကိုစိတ်ထဲမထားသလိုပဲ။သူက စွန့်ပစ်ထားတဲ့ ပန်းကနုတ်ဖော်အိပ်ရာကို ကြည့်ပြီး စကားမပြောခင် သေချာစဥ်းစားပြီးမှ "ဒီမှာ ပန်းတွေလည်း မရှိဘဲ အရိုင်းပင်လေးတွေပဲ ရှိတယ်။ ဒါပေမဲ့လည်း အဆင်ပြေပါတယ် ငါတို့က ချင်ချန်းတောင်မှာ နှစ်နည်းနည်းနေလာခဲ့တော့ အပင်တွေကိုဘယ်လို ပျိုးထောင်ရမလဲဆိုတာ ရင်းနှီးပြီးသားပဲ... ဒီရက်တွေထဲ တစ်ရက်ရက်လောက် ငါတို့ ဥယျာဉ်ထဲမှာ စိုက်ဖို့ ပန်းမျိုးစေ့နည်းနည်း သွားရှာလာခဲ့..ဒါမှ လာမဲ့နေ့တွေလိုမျိုး အသက်ဝင်နေမှာ"
တုန်အာက ကျန်းလီရဲ့ စကားကို နားထောင်ပြီး ပျော်ရွင်စွာနဲ့
"မမလေး မှန်တယ်။ ကျွန်မတို့ ချင်ချန်းတောင်မှာလည်း အပင်စိုက်ခဲ့ဖူးတာပဲ.. အပင်တွေပန်းတွေက အကုန်အတူတူပဲ။ ဒီဥယျာဥ်က အရမ်းကြီးတော့ ပန်းတွေသာ စိုက်လိုက်ရင် အရမ်းကြည့်ကောင်းသွားမှာ" တုန်အာက ကျန်းလီရေထဲ ပြုတ်ကျတဲ့ ကြောက်စရာ အဖြစ်အပြီး သူမ နိုးလာထဲက တစ်နေ့ထက်တစ်နေ့ ပိုပြီး သည်းခံတတ်လာတယ်လို့ ခံစားရတယ်။ သူမကို လှုံ့ဆော်ပေးလိုက်တာက မှူးမတ်ကြီးနင်ယွမ်ရဲ့ကိစ္စကြောင့် ဖြစ်နိုင်တယ်။ အခုကျန်းလီရဲ့ အပြုအမူတွေက စည်းနဲ့ဘောင်နဲ့ သင့်တင့်လျော်ကန်ပြီး သူ့ပုံပန်းက သန်မာတယ်။ အရင်က အဖိုးချန်း ပြောခဲ့သလို "ချိုးဖျက်ပြီး ပြန်နိုးထရှင်သန်ပါ" ဆိုတဲ့အတိုင်းပဲ။
18 02
"ကျွန်မတို့ရဲ့ လာမဲ့နေ့ရက်တွေက ဒီပန်းခြံလိုမျိုး ဖွံ့ဖြိုးဝေဆာလာပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုကောင်းမွန်စွာ အသက်ဝင်နေလိမ့်မယ်" လို့ တုန်အာက ရိုးရိုးသားသား ပြောတယ်။ ကျန်းလီက ရယ်လိုက်တယ်။ သူ ပန်းစိုက်ချင်တာက ရှုခင်းကြောင့် မဟုတ်သလို သူမပြောသလို မျှော်လင့်တာကြောင့်လည်း မဟုတ်ဘူး။ အဲ့ဒါထက် သူဒါတွေ လုပ်တာက လူတွေရဲ့ အာရုံကို ဆွဲဆောင်ချင်လို့ ဖြစ်တယ်။ သူက ဒုတိယ ကျန်းသခင်မလေးက ထောင့်မှာ ပစ်ထားလိုက်တာနဲ့ ဖုန်တက်ပြီး အမေ့ခံလိုက်ရမဲ့သူ မဟုတ်ဘူးဆိုတာ လူတွေကို သိစေချင်တာ ဖြစ်တယ်။ ပန်းတွေ ကြီးထွားလာသလို နောက်ဆက်တွဲကိစ္စတွေကလည်း ဒီနည်းအတိုင်း ဖြစ်လာလိမ့်မယ်။ သူက မထင်မရှား မမလေးဖြစ်ဖို့ ပြင်ဆင်ထားတာ မဟုတ်ဘူး။
ညနေရောက်တော့ ဥယျာဉ်က ပိုအသက်ဝင်လာတယ်။ အစောတုန်းက ကျီရှုးရန်က အပ်ချုပ်သည် တစ်ယောက်ကို လွှတ်ပြီး သူ့အတွက် အဝတ်အစားချုပ်ပေးဖို့ ကျန်းလီရဲ့ ကိုယ်တိုင်းကို လာယူခိုင်းလိုက်တယ်။ နေ့လည်က တံခါးဝက လူတိုင်းရှေ့မှာ ပြောလိုက်တဲ့ သူမစကားကြောင့် ကျီရှုးရန်က အားလုံးကို နဂိုအခြေအနေ ပြန်ရောက်ဖို့ သူ ဘာမှမတတ်နိုင်တော့ သူ့ရဲ့ တစ်စစီ ကွဲကြေသွားတဲ့ ကြင်နာတတ်တဲ့ မိထွေးကောင်းပုံရိပ်ကို ပြန်တည်ဆောက်ဖို့အတွက် တကယ်ပဲ ကျီရှုးရန်က အားထုတ်ပြီး ကျန်းလီအတွက် တန်ဖိုးကြီးအဝတ်တွေ ချုပ်ပေးခဲ့တယ်။ အဲ့ဒါတင်မက လက်ဝတ်ရတနာတွေပါတဲ့ ဘူးလေးတစ်ဘူးလည်း ပို့ပေးခဲ့သေးတယ်။ ကျန်းသခင်မကြီးကလည်း သူမဆီ ငွေတုံးအချို့ကို လူလွှတ်ပို့ပေးလိုက်သေးတယ်။ လက်ဝတ်ရတနာတွေထက်စာရင် ငွေတုံးတွေက ပိုအသုံးဝင်တယ်။ လက်ရှိ ကျန်းလီမှာ ဘာငွေစမှမရှိတော့ ကျန်းအိမ်တော်မှာနေပြီး ကိစ္စတွေ ဖြေရှင်းဖို့ တစ်စုံတစ်ယောက် ကိုလွှတ်ပြီး စေခိုင်းလို့မရဘူး။ ကျန်းယွမ်ပိုင်ကလည်း ခဏလောက် လာကြည့်ပြီး ဖန်းဖိန်းဥယျာဥ်က အပြင်အဆင်တွေက ကျေနပ်စရာလို့ ယူဆပြီး ခေါင်းညိတ် အသိအမှတ်ပြုခဲ့တယ်။ သူက စကားအနည်းငယ်လောက် ပြောပြီးထွက်သွားတယ်။ နှစ်ပေါင်းများစွာ မတွေ့ရတဲ့ သမီးနဲ့ အဖေကြားက သံယောဇဉ်က အတော်အားနည်းတာကြောင့် ဖြစ်မယ်ထင်ပါရဲ့။ မီးအိမ်တွေ လင်းလာတဲ့အချိန်ထိ စောင့်ပြီးနောက် ကျီရှုးရန်လွှတ်လိုက်တဲ့ ရှန်းချောင်နဲ့ယွမ်ရှိန်းတို့က နောက်ဆုံး ရောက်လာခဲ့တော့တယ်။ သင့်တင့်ပြီး တော်တယ်လို့ ကျီရှုးရန်ပြောတဲ့ ဒီအစေခံမလေးနှစ်ယောက်က ကျန်းလီအရှေ့မှာ လေးစားသမှုနဲ့ ဦးညွှတ်ကာ ရပ်နေကြတယ်။ ကျီရှုးရန်က သူတို့ကို ကျန်းလီရဲ့ အနီးကပ် အစေခံဖြစ်ဖို့အတွက် သီးသန့် လွှတ်လိုက်တာပဲ။ နှစ်ယောက်လုံးက တုန်အာဝတ်ထားတာထက် စျေးကြီးတဲ့ အဝတ်တွေ ဝတ်ထားကြတယ်။ အထူးသဖြင့် ရှန်းချောင်က... သူမရဲ့ လက်ပတ်က ရွှေအစစ် ဖြစ်ပြီး မီးရောင်အောက်မှာ ရွှန်းလဲ့တောက်ပနေတယ်။ ယွမ်ရှိန်းက အရိုအသေသာ ပေးနေတာ သူ့အကြည့်တွေက တင်စီးမောက်မာနေပြီး အပြုအမူကလည်း ဂရုမစိုက်သလိုနဲ့။ သူက ကျန်းလီဟာ ဘာအာဏာမှ မရှိတဲ့မမလေးလို့ သေချာပေါက် ထင်နေတာပဲ။ သူမအိမ်ပြန်လာရင်တောင် အခုချိန်မှာ ကျီရှုးရန်ကသာ အိမ်တော်တစ်ခုလုံးရဲ့ အချုပ်အခြာဘဲ။ ဒီမမလေးရဲ့ အဆုံးသတ်ကလည်း သိပ်ကောင်းမှာ မဟုတ်ဘူး။ သူမ(ယွမ်ရှိန်း)က ဟန်တောင် မဆောင်ဘူး။ ရှန်းချောင်က ပါးနပ်ပြီး နှုတ်ချိုတယ်။ သူ့မျက်လုံးတွေက ဆက်တိုက် ကျီရှုးရန် ပို့ပေးလိုက်တဲ့ ရတနာဘူးကို ကြည့်နေတာက တကယ့်ကျီရှုးရန်ကို ကြည့်နေသလိုပဲ။ ပုံပန်းသွင်ပြင်က ဘာပဲဖြစ်ဖြစ် ခြုံပြောရရင် သူတို့က ကျန်းလီကို စောင့်ကြည့်ဖို့ လွှတ်လိုက်တဲ့ သူတွေပဲ။ ကျန်းလီက သူတို့ကို တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူက ဘာဆိုတာ သိလိုက်ပြီ။ ယွမ်ရှိန်းက စိတ်ကြီးဝင် ဘဝင်မြင့်ပြီး လူတွေအပေါ် အထင်သေးတယ်။ ရှန်းချောင်က ပိုက်ဆံမက် လောဘကြီးတဲ့ အခွင့်အရေးသမား ဖြစ်တယ်။ နှစ်ယောက်လုံးက သဘောထားသေးသိမ်တဲ့ လူတွေချည်းပဲ။ သူတို့က သူမလူမဟုတ်တာနဲ့ဘဲ သူတို့ကို အသုံးချလို့ မရဘူးလို့ မဆိုလိုဘူးလေ။တုန်အာကတော့ အဲ့နှစ်ယောက်ကို ဘယ်လောက် ကြည့်ကြည့် ကောင်းကွက်တစ်စက်မှ ရှာမရတာကြောင့် မနှစ်မြို့တာကို သူ့မျက်နှာပေါ်မှာ ဖော်ပြနေတယ်။
ကျန်းလီက လက်တွေကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။ "ဒီမှာ ဘာမှလုပ်စရာတော့ မရှိဘူး။ ရှန်းချောင်က ဒီမှာ နေခဲ့ပြီး လက်ရှိ အိမ်တော်က အခြေအနေတွေကို ပြောပြ ယွမ်ရှိန်းကတော့ အရင်ပြန်လို့ရပြီ"
ရှန်းချောင်ကနေခဲ့ပြီး ယွမ်ရှိန်းက ဖြစ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့ ပြင်းပြနေတာကြောင့် ခဏတောင် တွေဝေမှုမရှိဘဲ သဘောတူကာ ထွက်သွားတော့တယ်။
ကျန်းလီက သူမ မထိုင်ရဲပေမဲ့ သူမကိုထိုင်ခိုင်းခဲ့တယ်။ ရှန်ချောင်းက ထိုင်ဖို့ ငြင်းပြီးနောက် ကျန်းလီက ကျီရှုးရန်ပေးလိုက်တဲ့ ရတနာဘူးထဲက ပတ္တမြားနဂါးပျံဆံထိုးတစ်ခုကို ထုတ်ပြီး သူ့လက်ထဲ ထည့်ပေးပြီး ပြောတယ်။ "ကျွန်မက အခုမှပြန်ရောက်တာ ဆိုတော့ ရှန်းချောင်မမကိုပဲ အားကိုးရတော့မှာပဲ။ အခု ကျွန်မကို အိမ်တော်ရဲ့ အခြေအနေကို ပြောပြ ဟုတ်ပြီလား"
ရှန်းချောင်က တံတွေးမျိုချလိုက်ပြီး သူမ ငြင်းမလို့ ဆိုပေမဲ့ လက်ထဲက ဆံထိုးက တန်ဖိုးကြီးကျောက်ကြောင့် အတော် လေးနေတာတွေ့တော့ မငြင်းနိုင်တော့ဘူး။
18 03
ကျန်းသခင်မလေးက မက်လုံးမပေးရင်တောင် လူတွေ မငြင်းနိုင်ဖို့ လုံလောက်နေပြီကို အခုဒီလိုပေးလိုက်တော့ ဘယ်သူက ငြင်းနိုင်တော့မှာလဲ သူမက ခဏတွေးပြီးနောက် အတွေးတစ်ခု ခေါင်းထဲ ရောက်လာတယ်။ မမလေးနှစ်က ဦးနှောက်မရှိပုံပဲ။ သူ့ဘက်မှာနေပြီး ပျော်အောင် လုပ်ပေးနိုင်ရုံနဲ့ ဒီလို ပစ္စည်းတွေ နေ့တိုင်း ရနေမှာမလား အိမ်တော်ရဲ့အခြေအနေကို သိသွားတော့ရော ဘာလုပ်နိုင်မှာလဲ.. သူ့ဘက်မှာ ဦးနှောက်ရှိတဲ့သူ တစ်ယောက်မှမှ မရှိတာ။ ဖြစ်ပျက်နေတာတွေ ပြောပြဖို့ သူ့ကိုပဲ အားကိုးနေတာမလား.. ဒီလိုနည်းနဲ့ဆို သခင်မကိုလည်း သစ္စာမဖောက်ဘဲ တစ်ပြိုင်တည်း ငွေတုံးနှစ်တုံးရလိမ့်မယ်။
အဲ့လိုတွေးပြီး သူက ပျော်ရွှင်စွာနဲ့ ပြောလာတယ်။ "မမလေးနှစ် အဲ့လို ပြောစရာ မလိုပါဘူး။ ရှင်းပြရမှာက ဒီအစေခံရဲ့ တာဝန်ပါ"
ဒါပေမယ့် သူက လက်ထဲက ဆံထိုးကို လုံးဝမလွှတ်ဘဲ ခပ်တင်းတင်း ဆုပ်ကိုင်ထားတုန်းပဲ။
တုန်အာက ရတက်မအေးနဲ့ နားကိုဆွဲလိုက် ပါးကို ကုတ်လိုက်လုပ်နေတယ်။ ဒီမိန်းမက မကောင်းတဲ့ရည်ရွယ်ချက် ရှိနေတာ အရှင်းကြီးကိုတောင်မှ သူမနဲ့ မတန်ပေမဲ့လည်းကျန်းလီက ဒီလိုရက်ရက်ရောရော ပေးကမ်းလိုက်သေးတယ်။ ကျန်းလီက ရှန်းချောင်ပြောသမျှကို တကယ် စိတ်ဝင်စားတဲ့ပုံနဲ့ နားထောင်နေတယ်။ ရှန်းချောင်က ရေပက်မဝင် ဆက်တိုက်ကို သူမရဲ့ အာခေါင်တွေ ခြောက်လာတဲ့အထိ ပြောနေတယ်။ ကျန်းလီက သူ့စကားကို သေချာ နားထောင်နေတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမဆုံးဖြစ်နေတယ်။ သူမက အားလုံးကို ခရေစေ့တွင်းကျ ပြောပြနေပေမဲ့ ကျီရှုးရန်တို့နဲ့ပက်သက်ပြီး မပေါက်ကြားစေဖို့အတွက် ပထမမိသားစုအကြောင်းကျ မပါဘဲ ဒုတိယနဲ့တတိယ မိသားစုတွေအကြောင်းပဲ ပြောခဲ့တယ်။ ဒီကျန်းသခင်မလေးနှစ်က တကယ်တုံးတာပဲ ပြောသမျှ အားလုံးကို သံသယမရှိ ယုံနေတယ်။ အရေးမကြီးတဲ့ စကားနည်းနည်းလောက် ပြောပြရုံနဲ့ တန်ဖိုးကြီး ဆံထိုးပေးတယ်။ ဘယ်လောက်တောင် ရောက်လာဖို့ခက်တဲ့ အံ့အားသင့်စရာ ကိစ္စကြီးလဲ! နေ့တစ်ဝက်လောက် ပြောပြီးတဲ့နောက် သူမ ပြောနိုင်တာ ဘာမှမရှိတော့ဘူး။
"မမလေးကို ပြန်ပြောရရင် ဒါက အိမ်တော်မှာဖြစ်နေတဲ့ ကိစ္စ အကုန်ပါပဲ"
သူမရပ်လိုက်တော့မှ ကျန်းလီက အသိဝင်လာသလိုပဲ.. ကျန်းလီက ဆက်ပြီး နားထောင်ချင်သေးပုံနဲ့ ခဏတွေးပြီးမှ ပြန်ပြောလိုက်တယ်။ "အိမ်တော်မှာ ဘာမှပြောစရာမရှိတော့ဘူးဆိုရင် အပြင်ဘက်က စိတ်ဝင်စားစရာ အကြောင်းတွေ ပြောပြပါဦး"
"အိမ်တော်ရဲ့ အပြင်ဘက်ကလား" ရှန်းချောင်က ဗလာမျက်ဝန်းတွေနဲ့စိုက်ကြည့်ပြီးပြောတယ်။
"ဟုတ်တယ် အတိအကျပဲ။ ဒီနှစ်တွေအတွင်း ယန်ကျင်းမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့အရာ တွေ ရှိလား ရုံရှင်းလင်ရဲ့ သခင်မဟောင်းက လွန်ခဲ့တဲ့သုံးနှစ်က ကွယ်လွန်သွားပြီလို့ကြားတယ်။ မှတ်မိသေးတယ် ကျွန်မ ငယ်ငယ်တုန်းက သူက ကရုဏာနတ်ဘုရားမရဲ့ နှစ်ဖက် ချည်ပန်းထိုးလက်ဆောင် ပေးခဲ့သေးတယ်။ ပြီးတော့ ယွီရှန်းမမဆီက ယန်ကျင်းရဲ့ ပထမဆုံးအလှလေး အကြောင်းကြားခဲ့ရတယ်။ သူ့ယောက်ျားကလည်း နောက်ဆုံး နန်းတွင်းအရာရှိစာမေးပွဲရဲ့ ထိပ်တန်းအမှတ်အမြင့်ဆုံးဆို ကျွန်မကြားတာတော့ သူက လွန်ခဲ့တဲ့ရက် အနည်းငယ်လောက်က နေမကောင်းဖြစ်ပြီး ဆုံးသွားတာတဲ့ အဲဒါ အမှန်ပဲလား"
......................
စာရေးသူ၏ မှတ်ချက်: မူလဇာတ်ဆောင်က နူးညံ့ပြီး မိန်းကလေးဆန်တယ်ဆိုတာက ကလေးဘဝတုန်းက မိသားစု ပညာရေးချို့တဲ့ခဲ့လို့ပါ။ ကြီးလာတော့လည်း သင့်တော်တဲ့ သင်ကြားပြသမှုမရခဲ့ဘူး။ ရလဒ်ကတော့ သူ့ပင်ကိုစရိုက်မှာ နည်းနည်း ချို့ယွင်းချက် ရှိသွားတာပေါ့။ လက်ရှိ ကျန်းလီကတော့ သူ့မိသားစုက အရမ်းပျော်ဖို့ကောင်းတော့ မတူဘူးလေ။ သူ့အရင်ဘဝက ကြုံခဲ့ရတဲ့ အမှိုက်သရိုက်တွေကို လက်ထက်ပြီးရင်လည်း ကြုံရဦးမှာ ကျန်းလီရဲ့ ပင်ကိုယ်စရိုက်က ညှိုးငယ်နေမှာ မဟုတ်ဘဲ ဆန့်ကျင်ဘက် သူက ဉာဏ်ရှိအမြော်အမြင်ကြီး၊ နွေးထွေးပြီးတော့ ဖြောင့်မတ်တဲ့ မမလေးပုံစံ။ ဒီစာအုပ်မှာ ဇာတ်ကောင်ပြုပြင်ဖို့လိုနေတာက မင်းသား.. ပုံမှန်မဟုတ်တဲ့ အေးစက် ရက်စက်မှုတွေနဲ့ အညှာတာမရှိ သုန်မှုန်နေတဲ့ မကောင်းဆိုးဝါး ဘုရင်ကြီး..
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုရက်စက်တဲ့ပုံစံမျိုးက အထူးသဖြင့် စပယ်ရှယ် trainပေးဖို့ခက်တယ်မလား ဆိုးသွမ်းတဲ့ဝံပုလွေကြီးကို ထိန်းကျောင်းပေးပြီး သစ္စာရှိတဲ့ ခွေးလေးတစ်ကောင်အဖြစ်ပြောင်းလဲသွားတာကို ကြည့်ရတာ အရမ်းကျေနပ်စရာကောင်းတယ် ဟုတ်တယ်ဟုတ်
ဟုတ်တာပေါ့!
ချာချာ(စာရေးသူနာမည်ပြောင်)
မကောင်းတဲ့ဝါသနာမှ ဆင်းသက်လာသည်။(ပြုံးလျက်)
Telegram မှာ အပိုင်း ၆၁အထိ ရောက်ပါပြီနော်။