Majestic Love Story In Dae Go...

By nuenueki

21.1K 3.5K 679

စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာ... More

မိတ်ဆက်
1.ကံကြမ္မာနှစ်ခုမွေးဖွားလာခြင်း
2.လှည့်စားခံရသောကံကြမ္မာ
3.တွေ့ဆုံခြင်းအစ
4.ပထမဆုံးမိတ်ဆွေ
5.နှစ်ကြိမ်မြောက်ကယ်တင်ရှင်
6.အိမ်ပြန်ခရီး
7.နွေးထွေးသောနှစ်သိမ့်မှု
8.ခွဲခွာချိန်
9.တမ်းတခြင်း
10.သေမင်းတမန်စစ်သူကြီး
11.သမားတော်နဲ့အတိတ်မေ့လူနာ
12. ရှောင်လွှဲ၍မရသော မင်္ဂလာပွဲ
13.ထူးဆန်းသော မင်္ဂလာလက်ဖွဲ့
14.ဖြတ်သန်းခဲ့ရသောအတိတ်
15.ကံကြမ္မာစီစဥ်တဲ့မင်္ဂလာပွဲ
16.ရန်သူတော်ကိုစိတ်ဒုက္ခပေးခြင်း
17.ဖုံးကွယ်ထားသောမျက်နှာ
18. စစ်မှန်သောအိမ်ထောင်ဖက်
19.ကတိ
20.သဲလွန်စ
21. သိုဝှက်မေတ္တာ
22.အောင်နိုင်သူ
23.သေရွာပြန်
24. အတိတ်ကိုတူးဆွခြင်း
25. ဆောန်
26.စစ်ဗျူဟာစာအုပ်စင်ပေါ်က ပန်းပွင့်စာအုပ်
27.အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း
28. နိုင်ငံတော်စျာပန
29. မိုင်းဂါးမျိုးနွယ်သားအဖရဲ့ကျိန်စာသင့်အချစ်ဦးပုံပြင်
30.အပေးအယူ
31.မထင်မှတ်ထားသောလူနာရှင်
32. အမှန်တရားအပိုင်းအစ
33.အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်း
34.ရပ်တည်ချက်
35.ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း
36.တာဝန်သိစိတ်
37.ပါရမီဖြည့်ဖက်
38.အချစ်=လူသားဆန်မှု
39. မြတ်နိုးရပါသော
40.ပွဲဦးထွက်အနိုင်ပွဲ
41.လက်ခံရန်ခက်ခဲသော..
42. အန္တရာယ်ကြားကရင်ခုန်သံ
43.မြားဒဏ်ရာ
44.ဓားစာခံရှာဖွေခြင်း
45.အားပေးဖော်
46.အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီတကား
47. ကောင်းကင်မှာလင်းတဲ့ကြယ်
48. အမှာစကား
49. နှလုံးသားခိုးယူခံရခြင်း
50.မထင်မှတ်ထားသောအကူအညီ
51. မထင်မှတ်ထားသောအကူအညီ (2)
52. ကောင်းကင်ဘုံ၏အပြစ်ဒဏ်
53.Majestic Love Story in Dae Goguyeo
Author Note
အမှတ်တရ Section

32.နောက်ကွယ်မှစီစဥ်သူ

338 69 6
By nuenueki

အခန်းတွင်းရှိလေထုမှာ အေးစက်တည်ငြိမ်နေသလောက် မွန်းကြပ်စရာကောင်းနေတော့သည်။

မယ်တော်နဲ့တွေ့ဖို့ ဟွန်းရဲ့မြို့ထဲက အိမ်တော်မှာ
စီစဥ်ထားခဲ့တာဖြစ်ပြီး ယခု အခန်းအတွင်းမှာတော့ ဆောနူးရော ဟွန်းရော မယ်တော်ရော ၃ ယောက်လုံးအတူရှိနေခဲ့တာဖြစ်သည်။

" တစ်နေ့နေ့မှာ သေချာပေါက်ဖြေရှင်းရမယ့်ကိစ္စတွေပါပဲ မယ်တော်စိတ်ကိုကြိုတင်ပြင်ဆင်ထားပြီးသားပါ။

သားတော်မမေးခဲ့ရင်တောင် ခေါ်ပြီးပြောပြတော့မှာပါပဲ ဘာလို့လဲဆိုတော့နန်းတော်ထဲမှာက အခြေအနေမတည်ငြိမ်ဘူး သိတဲ့အတိုင်းပဲ ထန်နိုင်ငံ သံတမန်တွေခဏခဏရောက်လာနေတဲ့ကိစ္စတွေလည်းရှိတော့ လုယူထားတဲ့အာဏာကိုတည်မြဲချင်တဲ့စိတ်နဲ့ ငါ့ကိုလည်း ဘယ်တော့လုပ်ကြံမယ်ဆိုတာ ပြောလို့မရဘူးလေ။

အဲဒါကြောင့်အခုပဲဖြစ်ဖြစ် ငါ အကြောင်းစုံကို ​ပြောပြတော့မယ်။

ဆောနူး တကယ်တော့သားက အဲဒီညက သန်းခေါင်ယံကျော်လို့တစ်နာရီတိတိအချိန်မှာမွေးခဲ့တာပဲ။

အဲဒီအချိန်က ဘာကိုဆိုလိုတာလဲဆိုရင် သားက အခုစစ်သူကြီးချုပ်ရဲ့ ကြင်ယာတော်ဖြစ်မယ့်ဇာတာလို့ဆိုလိုတာပဲ။

သားတို့နှစ်ယောက်ကိုကောင်းကင်ဘုံက စုံဖက်ပေးလိုက်မှန်း မယ်တော်အစကတည်းကသိခဲ့ပြီးပါပြီ။

ဒါပေမယ့်
သားမွေးဖွားလာတဲ့အချိန်ကိုမယ်တော်ရည်ရွယ်ချက်ရှိရှိလိမ်ခဲ့တယ်။
သားတော်ကို ကာကွယ်ဖို့ပေါ့...."
ဟုအစချီကာ ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြမိသည်။

သူမက မိုင်းဂါးမျိုးနွယ်စုခေါင်းဆောင်၏
တစ်ဦးတည်းသောသမီးဖြစ်ပြီး ဖခင်ဖြစ်သူက ငယ်စဥ်ကတည်းကပင် သူမကို သားယောက်ျားလေးတစ်ဦးကဲ့သို့ ကြံ့ခိုင်သန်မာအောင် ပျိုးထောင်ခဲ့သည်။

ဓားရေး မြင်းရေးနဲ့ လေးမြှားအတတ်မှာလည်း တစ်ဖက်ကမ်းခပ်အောင်ထူးချွန်တဲ့သူမက ဖခင်နဲ့အတူ စစ်ပွဲတွေလိုက်ရင်း
မိုင်းဂါးအမျိုးသမီးသူရဲကောင်းဟု ကျော်ကြားခဲ့သည်။

ရဲစွမ်းသတ္တိနဲ့ပြည့်စုံရုံသာမက ရုပ်ရည်အားဖြင့်လည်းချောမောလှပတာကြောင့် လာရောက်တောင်းရမ်းသူများလည်းများပြားလှသည်။

သို့သော် သူမက အိမ်ထောင်သားမွေးအမှုထက် စစ်မြေပြင်မှာ အမျိုးသားတွေနဲ့ လက်ရုံးချင်းယှဥ်ပြီးတိုက်ပွဲဝင်ရတာမျိုးကိုပို၍သဘောကျလေသည်။

တဖြည်းဖြည်းနဲ့ သူမရဲ့ဂုဏ်သတင်းက ပို၍ပျံ့လွင့်သွားပြီးနောက် သူမကို လာရောက်တောင်းရမ်းသူများမှာ သာမန်သူဌေးသူကြွယ်တွေတင်မကတော့ဘဲ မနေ့တစ်နေ့ကမှ နန်းတက်လာတဲ့ဂိုဂူလျောဘုရင် နှင့် ဆူနိုင်ငံ မင်းမျိုးမင်းနွယ် မင်းသားတွေပါ ပါဝင်လာသည်။

သို့သော် သူမမျှော်လင့်နေသည့် ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတစ်ဖြစ်လဲ
မိုင်းဂါးမျိုးနွယ်စု ဒုတိယခေါင်းဆောင်မပါဝင်ခဲ့ချေ။

လာရောက်တောင်းရမ်းသူများကို သူမနဲ့ဓားရေးယှဥ်ပြိုင်စေပြီး ထိုထဲကမှ စိတ်တိုင်းကျသည့် ဂိုဂူလျောဘုရင်ကိုရွေးချယ်ခဲ့တာဖြစ်သည်။

ဂိုဂူလျောဘုရင်ကို မချစ်မနှစ်သက်ဘဲ လက်ထပ်ခဲ့ရပြီး ဘုရင်ကလည်း
သူမကိုမချစ်ဘဲ နံရံမှာအလှချိတ်စရာ ဆုတံဆိပ်တစ်ခုအဖြစ်ကြွားဝါလို၍သာ လက်ထပ်ခဲ့ခြင်းဖြစ်မည်ဟု တထစ်ချ ယုံကြည်ခဲ့သည်။

ထို့ကြောင့် ဆိုဟုက သူမစားမည့်အစားအသောက်များတွင် ကိုယ်ဝန်တားဆေးများတိတ်တဆိတ်ထည့်လေ့ရှိတာကို သိပေမယ့် မသိဟန်ဆောင်ကာ ငြင်းဆန်ခြင်းမပြုဘဲ စားသောက်ခဲ့သည်။

ဘုရင်ကသူမကိုမချစ်သည့်အတွက် သူမကမွေးလာမည့်ကလေးကိုလည်းချစ်မှာမဟုတ်ဟုယူဆကာ ကလေးမမွေးဖို့သာဆုံးဖြတ်ခဲ့သည်။

ေနာက်မှဖြည်းဖြည်းချင်းသိလာရတာ ဘုရင်ကသူမကို သိပ်ချစ်သည်။

ဆုတံဆိပ်တစ်ခုအနေနဲ့မဟုတ်ဘဲ ချစ်မြတ်နိုး၍သာ ဘုရင်ဟူသောဂုဏ်ကိုမငဲ့ကွက်ဘဲ လာရောက်တောင်းရမ်းကာထိမ်းမြားယူခဲ့တာဖြစ်သည်။

" အမြင့်ဆုံးဆိုတဲ့နေရာက အထီးကျန်စရာလည်းအကောင်းဆုံးပဲသားတော်။

ဘုရင်ဖြစ်တဲ့အတွက် ကိုယ့်ခံစားချက်ကိုရှေ့တန်း
တင်လို့မရဘူး။

ပြောသမျှနှုတ်ထွက်စကား လုပ်ဆောင်သမျှအပြုအမူတိုင်းက သမိုင်းအဖြစ်မှတ်တမ်းတင်ခံနေရတဲ့ ဘုရင်ဆိုတဲ့နေရာက တော်ရုံစိတ်ဓာတ်ကြံ့ခိုင်မှုမျိုးနဲ့ထိုင်လို့မရဘူး။

မယ်တော့်ကို မျက်နှာငယ်ရမှာကြောက်တဲ့စိတ်နဲ့
ဟွမ်ဟုနေရာပေးလိုက်မိတဲ့အကျိုးဆက်တွေကို သားခမည်းတော်က အလူးအလဲ ခံစားခဲ့ရတယ်"

မျိုးရိုးမြင့် အသိုင်းအဝိုင်းကြီးတဲ့မိန်းကလေးက အငယ်နေရာကိုရောက်ပြီး သူမကတော့ မိဖုရားခေါင်ကြီးနေရာကိုရောက်သွားခဲ့တာမို့
ထိုမိန်းကလေးရဲ့အသိုင်းအဝိုင်းက အရှင်မင်းကြီးကို အမြင်မကြည်ကြဘဲ ပညာဝိုင်းပြကြသည်။

ထိုစဥ်က ဆူနိုင်ငံက ဂိုဂူလျောကို ခဏခဏကျူးကျော်တိုက်ခိုက်လာချိန်မို့  စစ်အင်အားအများအပြားလိုအပ်နေချိန်ဖြစ်ပေမယ့် ဆိုဟုအဖေခေါင်းဆောင်တဲ့ မျိုးနွယ်စုကြီးတွေက စစ်အင်အားထောက်ပံ့ပေးလိုခြင်းမရှိကြပေ။

စစ်သူကြီးချုပ်ဆောင်ဟွန်း၏ဖခင်ဖြစ်သူ သေနာပတိချုပ်ကြီး၏ တာဝန်ကျေပွန်မှုကြောင့်သာလျှင် ရန်သူများကိုခုခံနိုင်ခဲ့တာဖြစ်သည်။

အရှင်မင်းကြီးနဲ့အမတ်တွေရဲ့ကြားကအားပြိုင်မှုတွေကြောင့် အရှင်မင်းကြီးမှာမကြာခဏ စိတ်ပင်ပန်းရသည်။

ထိုသို့စိတ်ပင်ပန်းရသည့်ကြားထဲမှ သူမကို ကြိုးစားကာကွယ်ပေးနေခဲ့တာပင်။

တဖြည်းဖြည်းနဲ့အရှင်မင်းကြီးအပေါ်မေတ္တာသက်ဝင်လာသည့်အချိန်တွင် မထင်မှတ်ဘဲ တော်ဝင်ရင်သွေးကိုလွယ်ခဲ့ရသည်။

ရင်သွေးလေးရှိနေမှန်းသိခဲ့ရချိန်မှာတော့ အန္တရာယ်မဖြစ်ရအောင် မည်သူ့ကိုမျှအသိမပေးဘဲ အတတ်နိုင်ဆုံးလျှို့ဝှက်စွာနေခဲ့သည်။

ရင်သွေးလေးက သမီးတော်လေးဖြစ်ဖို့ကိုလည်းညတိုင်းဆုတောင်းသည်။

အကယ်၍ သားတော်လေးဖြစ်ခဲ့ပါလျှင်  ဆိုဟုနှင့်သူ့အသိုင်းအဝိုင်းက ဘယ်လိုနည်းနှင့်မှ အလွတ်ပေးမှာမဟုတ်ဘဲ နန်းပလ္လင်အတွက် တစ်နည်းနည်းနဲ့သားတော်လေးရဲ့အသက်ကိုရန်ရှာမှာကိုအတပ်သိနေသည်။

ထို့ကြောင့် သမီးတော်လေးသာမွေးပြီး သမီးလေးကို မိုင်းဂါးမျိုးနွယ်ကအကြီးအကဲတစ်ဦးဦး၏သားနှင့် လက်ဆက်ပေးကာ နန်းတော်နှင့်ဝေးရာတွင် ကြီးပြင်းစေမည်။

ခမည်းတော် မယ်တော်တို့ခံစားရသော စိတ်ပင်ပန်းမှုတွေ အကောက်ကြံမှုတွေကို သမီးတော်လေး မခံစားစေရ။

ကိုယ်ဝန်ရှိတာကို ဆိုဟုသိသိချင်းမှာပင် အမျိုးမျိုးဒုက္ခပေးတော့သည်။

သူမနဲ့ဓာတ်မတည့်သော ပန်းဝတ်မှုံတွေကို တမင်တကာ အဆောင်တော်အတွင်းပျံ့နှံ့စေသည်။

သောက်နေကျဆေးတွေလည်း လဲလှယ်ခံထားရသည်။

နောက်ဆုံး လုပ်ကြံသူအထိပါ တမင်စေလွှတ်စေသည်။

မည်သို့ပင် ဓားရေးကျွမ်းကျင်စေကာမူ မပေါ့မပါးနှင့်မို့ ကောင်းစွာမလှုပ်ရှားနိုင်တဲ့သူမက ရင်သွေးအတွက်ဇောနဲ့ လုပ်ကြံသူကို အားကုန်ခုခံခဲ့ရာမှ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း ဒဏ်ရာလည်းရခဲ့ဖူးသည်။

အကယ်၍များသားတော်လေးမွေးလာခဲ့ပါလျှင် ဒီထက်ပိုဆိုးလာမှာကို သိနေတာကြောင့် မိုင်းဂါးသို့ပြန်ကာ ကလေးမွေးဖွားဖို့ပြင်ဆင်တော့လည်း မယ်တော်ကြီးကခွင့်မပြုချေ။

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ အစားအသောက်အနေအထိုင်အကုန်လုံးမှာ သမီးမိန်းကလေးကိုယ်ဝန်ဆောင်ရသည့်အခါဖြစ်တတ်တဲ့လက္ခဏာတွေနဲ့တူနေတာရော သမားတော်တွေနတ်ဆရာတွေအားလုံးက သမီးတော်လေးမွေးမည်ဟု ခန့်မှန်းကြတာရောကြောင့်သာ လုပ်ကြံမှုတွေထပ်ဖြစ်မလာဘဲ အေးအေးဆေးဆေး ေနခွင့်ရခဲ့သည်။

မီးဖွားဖို့သိပ်မလိုတော့ချိန်တွင် ဂိုဂူလျောတော်ဝင်မိသားစုကိုအန္တရာယ်ပေးမယ့်ကလေးနဲ့ သူ့ရဲ့ကြင်ယာတော် မကြာမီဖွားမြင်တော့မည်ဟူသော ဟောကိန်းအကြောင်း လျှို့ဝှက်စွာသိခဲ့ရသည်။

ထိုအချိန်တွင် ဂိုဂူလျောရှိ မွေးဖွားခါနီး ကိုယ်ဝန်သည်အားလုံး ေတာ်ဝင်မိသားစု၏စောင့်ကြည့်ခြင်းကိုခံရတော့သည်။

ထို့ကြောင့် သားဖွားဆောင်အတွင်းဝင်သည့်အခါ ကလေးမွေးဖွားချိန်နှင့်ကလေးဇာတာကို လိုသလိုပြောင်းလဲလို့ရအောင် သမားတော်ကလွဲပြီး အကူသားဖွားဆရာမ လက်သည် အားလုံးကိူ မိုင်းဂါးမှ ယုံကြည်စိတ်ချရသူများကိုသာခေါ်စေပြီးခန့်ထားလိုက်သည်။

သမားတော်ကတော့ နန်းတွင်းသမားတော်ဖြစ်ပေမယ့် စိုးရိမ်စရာမလိုပေ အမျိုးသားသမားတော်ဖြစ်တာကြောင့် မွေးခန်းအတွင်းထဲထိမဝင်ရဘဲ အပြင်မှသာ ကန့်လန့်ကာခြားကာ အခြေအနေကိုမေး​မြန်းပြီး ကုသဖို့နည်းလမ်းပြောပြရတာဖြစ်သည်။

" သားတော်ကိုမွေးတဲ့နေ့က မယ်တော်စိတ်လှုပ်ရှားနေတာကတစ်ကြောင်း ဟိုးအရင်ကဆိုဟုတိုက်တဲ့တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တာကတစ်ကြောင်း သားကိုလျှောလျှောရှူရှူမမွေးနိုင်ဘဲ တစ်နေကုန်ဒုက္ခခံခဲ့ရတယ်။

မင်းသားလေးမွေးတယ်လို့ သားဖွားအကူက ပြောလိုက်တဲ့အချိန်မှာ မယ်တော့်ရင်ထဲ လှိုင်းထန်သွားတယ်။

ဆိုဟုက သားကို တစ်နည်းမဟုတ်တစ်နည်းနဲ့ အသက်ရန်ရှာတော့မှာသိနှင့်နေလို့ပေါ့။

အဲဒီအချိန်မှာဘဲ မယ်တော့်ရဲ့အနားမှာအမြဲရှိတဲ့ လူယုံတော်ရှန့်ကုန်းက သားဖွားဆောင်ထဲက နတ်ခန်းထဲမှာ နတ်ဆရာမကြီးပြောနေတဲ့ဟောကိန်းအကြောင်းကို မတော်တဆကြားလာခဲ့ရပြီး တိတ်တိတ်လေးလာပြောပြတယ်။

သားရဲ့တကယ့်မွေးဖွားချိန်အစစ်နဲ့ဆို သားက ဂိုဂူလျောတော်ဝင်မိသားစုကိုဒုက္ခပေးမယ့် ကလေးရဲ့ကြင်ယာတော်ဇာတာပဲ။

ဒါပေမယ့်မယ်တော်က သားဘေးကင်းဖို့ကိုရှေးရှုပြီး ဆုံးဖြတ်ချက်တစ်ခုကိုအလျှင်အမြန်ချလိုက်ရတယ်။

သားရဲ မွေးချိန်ကို အချိန်နည်းနည်းလောက်လိမ်ပြီး ရှေ့တိုးလိုက်ဖို့ပေါ့။

အဲဒါဆိုရင် သားက ကံဆိုးစေတဲ့ဇာတာနဲ့မွေးလာတဲ့ကလေးဆိုပြီး နတ်ဆရာမက ဟောကိန်းထုတ်ပေးပြီးဇာတာတွက်ပေးလိမ့်မယ်။

အဲဒိအခါကျရင် သားနားကို ဘယ်သူမှ ကပ်ချင်တော့မှာမဟုတ်ဘူးလေ အထူးသဖြင့် လုပ်ကြံဖို့အမြဲချောင်းနေတဲ့ဆိုဟုတို့သားအဖတွေရောပေါ့။

သားက ကံဆိုးစေတယ်ဆိုတာ သူများတွေယုံအောင် သားရဲ့နို့ထိန်းတွေကို နေမကောင်းတယ်လို့သတင်းလွှင့်ပြီးတစ်ယောက်ပြီးတစ်ယောက်ပြောင်းတယ်။

သားနားမှာ မယ်တော့်လူယုံကို အမြဲမပြတ်စောင့်ကြည့်နေခိုင်းပြီး သားတော်ရဲ့မျက်နှာကို မတော်တဆမြင်သွားခဲ့သူရှိရင် ပိုက်ဆံပေးနှုတ်ပိတ်ပြီး နန်းပြင်ကိုနှင်ထုတ်ခဲ့တယ်။

သားတော်ရဲ့အဆောင်ကနန်းတွင်းသူလေးက သားတော်မျက်နှာကိုမြင်သွားခဲ့တော့ သူ့ကို ပိုက်ဆံပေးပြီး နန်းပြင်ကိုထွက်ခိုင်းလိုက်တယ်။
အဲဒီနောက် အသုဘတစ်ခုက အလောင်းကိုခိုးယူပြီး နန်းတွင်းသူအဝတ်အစားလဲ ရေတွင်းထဲပစ်ချလိုက်ပြီး သားတော်မျက်နှာကိုမြင်လို့ ကံဆိုးပြီးသေသွားရတယ်လို့ သတင်းလွှင့်ခဲ့တာ။

သားတော်ရဲ့နန်းဆောင်မီးလောင်တုန်းက ကိုယ်ရံတော်တွေသေဆုံးရတာလည်း သားတော်မျက်နှာကိုမြင်လို့မဟုတ်ဘဲ ဒီအတိုင်း မီးအရမ်းများပြီးမနိုင်လို့ဆုံးသွားခဲ့ရတာပါ။

မယ်တော်က သားရဲ့လုံခြုံရေးအတွက် အကုန်လုံးကိုလိမ်ခဲ့မိတာပါ။

နန်းတွင်းထဲမှာဆက်ထားရင် တစ်နည်းနည်းနဲ့ အလိမ်ပေါ်မှာစိုးလို့ ခမည်းတော်နဲ့မယ်တော်တိုင်ပင်ပြီး သားတော်ကို မြို့စွန်က အိမ်တော်လေးဆီပို့ပေးခဲ့ကြတာ။

မယ်တော်ဒီလောက်သတိထားနေတဲ့ကြားက သားတော်ရဲ့မွေးဖွားချိန်နဲ့ဇာတာအစစ်ကို သိသွားတဲ့လူတစ်စုရှိနေခဲ့တယ် အဲဒါက တိုင်ပင်ခံအမတ်ကြီးမိသားစုပဲ။

ပြောရရင်အခုလက်ရှိဟွမ်ဟုဖြစ်နေတဲ့
ဆောန်မီမိန်းကလေးရဲ့မိသားစုပေါ့ကွယ်။

သူတို့က သားတော်ရဲ့ကံကြမ္မာကိုသိသွားတော့ သူတို့သမီးကို တော်ဝင်မိသားစုထက် အားကြီးလာမယ့်သူရဲကောင်းလက်ထဲ ထည့်လိုက်ချင်ပုံရတယ်။

အဲဒါကြောင့်သားတော်ကိုပြန်ပေးဆွဲပြီး ကံကြမ္မာလဲလှယ်ဖို့ကြိုးစားခဲ့တာ။

ဆောန်မီမိန်းကလေးက သားနဲ့တစ်ချိန်တည်းမှာမွေးပေမယ့် စစ်သူကြီးချုပ်ရဲ့ကြင်ယာတော်ဇာတာကတော့သားမှာပဲပိုင်ဆိုင်ခဲ့တာလေ ။

ဖြစ်ချင်တော့သားက အဲဒီအချိန်မှာ ဆောင်ဟွန်းနဲ့တွေဆုံခဲ့ပြီးသားဖြစ်နေပြီမို့ ကံကြမ္မာက လွှဲပြောင်းပေးလို့မရတော့ဘဲ သူတို့ကြိုးစားမှုတွေအရာမထင်ခဲ့တော့တာပေါ့ကွယ် ။

ဒါပေမယ့် သူတို့က သားတော်နဲ့ကံကြမ္မာချင်းလဲတယ်ဆိုတဲ့အကြောင်းကိုလျှို့ဝှက်ထားတယ်။

ဆောင်ဟွန်းက စစ်သူကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ အပိုင်တွက်ပြီး စစ်သူကြီးချုပ်ရဲ့ကြင်ယာတော်ဖြစ်မယ့်ဇာတာပိုင်ရှင်ပါလို့သတင်းလွှင့်ပြီး ဆောင်ဟွန်းကိုချည်ပြီးတုပ်ပြီးအပိုင်ဖမ်းဖို့ကြံစည်တယ်။

ဒါပေမယ့်ကံဆိုးချင်တော့ ဆိုဟုကအဲဒါကိုကြားသွားပြီး သူ့သားနဲ့ဇွတ်ပေးစားလိုက်တော့တာပဲ။"

သားတော်ကဓားဒဏ်ရာရသွားတဲ့အချိန်မှာ သူမကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိသည်။

သားတော်ကိုပြစ်ပယ်ထားသလိုဖြစ်ခဲ့ပြီး အချိန်မီသာ ရှာမတွေ့ခဲ့လျှင် တစ်သက်လုံးဆုံရှုံးသွားနိုင်တာကိုတွေးမိပြီး ယူကျုံးမရဖြစ်ခဲ့ရသည်။

သားတော်သတိရလာချိန်မှာ သူ့သူငယ်ချင်းဖြစ်သူဆောင်ဟွန်းအကြောင်းမရမကစုံစမ်းကာ သေဆုံးသွားပြီဟုသိလိုက်ရချိန်တွင်
အရုပ်ကြိုးပြတ်ကာ မစားမသောက်ဘဲတွေဝေငေးမောနေတတ်တဲ့သားဖြစ်သူကို
စိတ်ပုံမှန်ပြန်ဖြစ်လာစေဖို့   သားတော်ဝါသနာပါတဲ့ ဆေးပညာကို နတ်ဆေးသမားတော်ကြီးထံမှာ သင်ယူနိုင်ဖို့ တိတ်တဆိတ်ထောက်ပံ့ပေးခဲ့သည်။

သားတော်ဆေးပညာသင်ယူနေစဥ်အတွင်း
မိုင်းဂါးမှ ယုံကြည်စိတ်ချရသည့်လူယုံတစ်ဦးကိုခေါ်ယူကာ မြို့တော်အတွင်းမှာ
ဆေးဆိုင်ဖွင့်လှစ်ဖို့အရင်းအနှီးထုတ်ပေးခဲ့သည်။

သားတော်တိတ်တိတ်ဆိတ်ဆိတ်နဲ့အေးချမ်းစွာဆေးကုသနိုင်ဖို့ ဆေးဆိုင်နဲ့ အိမ်တော် လျှိူ့ဝှက်လမ်းကြောင်းဖောက်လုပ်ပေးခဲ့သည်အထိ နောက်ကွယ်မှတိတ်တဆိတ်ပံ့ပိုးပေးခဲ့သည်။

သို့သော်သားတော်ကတော့ ထိုအကြောင်းတွေကိုမသိခဲ့ချေ။
အိမ်တော်မှာ အစကတည်းကလျှို့ဝှက်လမ်းရှိနေခဲ့သည်ဟုသာထင်နေပြီး သူတိတ်တဆိတ်ဆေးကုတာကိုလည်းသူ့မယ်တော်ဖြစ်တဲ့သူမ မသိလောက်ဘူးဟုတွေးနေခဲ့သည်။
တကယ်တမ်းတော့ သူမကအရာအားလုံးကိုနောက်ကွယ်မှပံ့ပိုးပေးနေခဲ့တာပင်။
.
.
ဆောနူးအကြောင်းစုံသိလိုက်ရတော့ မယ်တော်ရဲ့စိတ်ပင်ပန်းခံနိုင်မှုကို အသိအမှတ်ပြုရတော့သည်။

မယ်တော်ကတော့ သူ့အတွက်စိုးရိမ်လို့စီစဥ်ခဲ့ပေမယ့် ဆောနူးအတွက်တော့ တစ်သက်တာမေ့ပျောက်မရတဲ့စိတ်ဒဏ်ရာတွေရခဲ့တာမဟုတ်ပါလား ။

သူ့ရဲ့ ကံဆိုးစေတဲ့မျက်နှာကြောင့် ဟွန်းကိုဆုံးရှူံးရပြီဆိုသောအထင်လွဲချက်ကအထိအနာဆုံးဖြစ်ခဲ့သည်။

ဆောနူးရဲ့မျက်နှာက တကယ်ကြီးကံဆိုးစေတာမဟုတ်ရင် မျက်နှာက အဝတ်ကို ချွတ်လိုက်သင့်ပြီလား.....

Zawgyi

အခန္းတြင္းရွိေလထုမွာ ေအးစက္တည္ၿငိမ္ေနသေလာက္ မြန္းၾကပ္စရာေကာင္းေနေတာ့သည္။

မယ္ေတာ္နဲေတြ႕ဖို႔ ဟြန္းရဲ႕ၿမိဳ႕ထဲက အိမ္ေတာ္မွာ
စီစဥ္ထားခဲ့တာျဖစ္ၿပီး ယခု အခန္းအတြင္းမွာေတာ့ ေဆာႏူးေရာ ဟြန္းေရာ မယ္ေတာ္ေရာ ၃ ေယာက္လုံးအတူရွိေနခဲ့တာျဖစ္သည္။

" တစ္ေန႕ေန႕မွာ ေသခ်ာေပါက္ေျဖရွင္းရမယ့္ကိစၥေတြပါပဲ မယ္ေတာ္စိတ္ကိုႀကိဳတင္ျပင္ဆင္ထားၿပီးသားပါ။
သားေတာ္မေမးခဲ့ရင္ေတာင္ ေခၚၿပီးေျပာျပေတာ့မွာပါပဲ ဘာလို႔လဲဆိုေတာ့နန္းေတာ္ထဲမွာက အေျခအေနမတည္ၿငိမ္ဘူး သိတဲ့အတိုင္းပဲ ထန္နိုင္ငံ သံတမန္ေတြခဏခဏေရာက္လာေနတဲ့ကိစၥေတြလည္းရွိေတာ့ လုယူထားတဲ့အာဏာကိုတည္ၿမဲခ်င္တဲ့စိတ္နဲ႕ ငါ့ကိုလည္း ဘယ္ေတာ့လုပ္ႀကံမယ္ဆိုတာ ေျပာလို႔မရဘူးေလ။
အဲဒါေၾကာင့္အခုပဲျဖစ္ျဖစ္ ငါ အေၾကာင္းစုံကို ေျပာျပေတာ့မယ္။
ေဆာႏူး တကယ္ေတာ့သားက အဲဒီညက သန္းေခါင္ယံေက်ာ္လို႔တစ္နာရီတိတိအခ်ိန္မွာေမြးခဲ့တာပဲ။ အဲဒီအခ်ိန္က ဘာကိုဆိုလိုတာလဲဆိုရင္ သားက အခုစစ္သူႀကီးခ်ဳပ္ရဲ႕ ၾကင္ယာေတာ္ျဖစ္မယ့္ဇာတာလို႔ဆိုလိုတာပဲ။
သားတို႔ႏွစ္ေယာက္ကိုေကာင္းကင္ဘုံက စုံဖက္ေပးလိုက္မွန္း မယ္ေတာ္အစကတည္းကသိခဲ့ၿပီးပါၿပီ။
ဒါေပမယ့္
သားေမြးဖြားလာတဲ့အခ်ိန္ကိုမယ္ေတာ္ရည္႐ြယ္ခ်က္ရွိရွိလိမ္ခဲ့တယ္။
သားေတာ္ကို ကာကြယ္ဖို႔ေပါ့...."
ဟုအစခ်ီကာ ျဖစ္ေၾကာင္းကုန္စင္ျပန္ေျပာျပမိသည္။

သူမက မိုင္းဂါးမ်ိဳးႏြယ္စုေခါင္းေဆာင္၏ တစ္ဦးတည္းေသာသမီးျဖစ္ၿပီး ဖခင္ျဖစ္သူက ငယ္စဥ္ကတည္းကပင္ သူမကို သားေယာက္်ားေလးတစ္ဦးကဲ့သို႔ ႀကံ့ခိုင္သန္မာေအာင္ ပ်ိဳးေထာင္ခဲ့သည္။
ဓားေရး ျမင္းေရးနဲ႕ ေလးျမႇားအတတ္မွာလည္း တစ္ဖက္ကမ္းခပ္ေအာင္ထူးခြၽန္တဲ့သူမက ဖခင္နဲ႕အတူ စစ္ပြဲေတြလိုက္ရင္း မိုင္းဂါးအမ်ိဳးသမီးသူရဲေကာင္းဟု ေက်ာ္ၾကားခဲ့သည္။
ရဲစြမ္းသတၱိနဲ႕ျပည့္စုံ႐ုံသာမက ႐ုပ္ရည္အားျဖင့္လည္းေခ်ာေမာလွပတာေၾကာင့္ လာေရာက္ေတာင္းရမ္းသူမ်ားလည္းမ်ားျပားလွသည္။

သို႔ေသာ္ သူမက အိမ္ေထာင္သားေမြးအမႈထက္ စစ္ေျမျပင္မွာ အမ်ိဳးသားေတြနဲ႕ လက္႐ုံးခ်င္းယွဥ္ၿပီးတိုက္ပြဲဝင္ရတာမ်ိဳးကိုပို၍သေဘာက်ေလသည္။

တျဖည္းျဖည္းနဲ႕ သူမရဲ႕ဂုဏ္သတင္းက ပို၍ပ်ံလြင့္သြားၿပီးေနာက္ သူမကို လာေရာက္ေတာင္းရမ္းသူမ်ားမွာ သာမန္သူေဌးသူႂကြယ္ေတြတင္မကေတာ့ဘဲ မေန႕တစ္ေန႕ကမွ နန္းတက္လာတဲ့ဂိုဂူေလ်ာဘုရင္ ႏွင့္ ဆူနိုင္ငံ မင္းမ်ိဳးမင္းႏြယ္ မင္းသားေတြပါ ပါဝင္လာသည္။
သို႔ေသာ္ သူမေမွ်ာ္လင့္ေနသည့္ ငယ္ေပါင္းႀကီးေဖာ္သူငယ္ခ်င္းတစ္ျဖစ္လဲ မိုင္းဂါးမ်ိဳးႏြယ္စု ဒုတိယေခါင္းေဆာင္မပါဝင္ခဲ့ေခ်။
လာေရာက္ေတာင္းရမ္းသူမ်ားကို သူမနဲ႕ဓားေရးယွဥ္ၿပိဳင္ေစၿပီး ထိုထဲကမွ စိတ္တိုင္းက်သည့္ ဂိုဂူေလ်ာဘုရင္ကိုေ႐ြးခ်ယ္ခဲ့တာျဖစ္သည္။

ဂိုဂူေလ်ာဘုရင္ကို မခ်စ္မႏွစ္သက္ဘဲ လက္ထပ္ခဲ့ရၿပီး ဘုရင္ကလည္းသူမကိုမခ်စ္ဘဲ နံရံမွာအလွခ်ိတ္စရာ ဆုတံဆိပ္တစ္ခုအျဖစ္ႂကြားဝါလို၍သာ လက္ထပ္ခဲ့ျခင္းျဖစ္မည္ဟု တထစ္ခ် ယုံၾကည္ခဲ့သည္။
ထို႔ေၾကာင့္ ဆိုဟုက သူမစားမည့္အစားအေသာက္မ်ားတြင္ ကိုယ္ဝန္တားေဆးမ်ားတိတ္တဆိတ္ထည့္ေလ့ရွိတာကို သိေပမယ့္ မသိဟန္ေဆာင္ကာ ျငင္းဆန္ျခင္းမျပဳဘဲ စားေသာက္ခဲ့သည္။

ဘုရင္ကသူမကိုမခ်စ္သည့္အတြက္ သူမကေမြးလာမည့္ကေလးကိုလည္းခ်စ္မွာမဟုတ္ဟုယူဆကာ ကေလးမေမြးဖို႔သာဆုံးျဖတ္ခဲ့သည္။
ေနာက်မှဖြည်းဖြည်းချင်းသိလာရတာ ဘုရင္ကသူမကို သိပ္ခ်စ္သည္။

ဆုတံဆိပ္တစ္ခုအေနနဲ႕မဟုတ္ဘဲ ခ်စ္ျမတ္နိုး၍သာ ဘုရင္ဟူေသာဂုဏ္ကိုမငဲ့ကြက္ဘဲ လာေရာက္ေတာင္းရမ္းကာထိမ္းျမားယူခဲ့တာျဖစ္သည္။

" အျမင့္ဆုံးဆိုတဲ့ေနရာက အထီးက်န္စရာလည္းအေကာင္းဆုံးပဲသားေတာ္။

ဘုရင္ျဖစ္တဲ့အတြက္ ကိုယ့္ခံစားခ်က္ကိုေရွ႕တန္း
တင္လို႔မရဘူး။

ေျပာသမွ်ႏႈတ္ထြက္စကား လုပ္ေဆာင္သမွ်အျပဳအမူတိုင္းက သမိုင္းအျဖစ္မွတ္တမ္းတင္ခံေနရတဲ့ ဘုရင္ဆိုတဲ့ေနရာက ေတာ္႐ုံစိတ္ဓာတ္ႀကံ့ခိုင္မႈမ်ိဳးနဲ႕ထိုင္လို႔မရဘူး။

မယ္ေတာ့္ကို မ်က္ႏွာငယ္ရမွာေၾကာက္တဲ့စိတ္နဲ႕
ဟြမ္ဟုေနရာေပးလိုက္မိတဲ့အက်ိဳးဆက္ေတြကို သားခမည္းေတာ္က အလူးအလဲ ခံစားခဲ့ရတယ္"

မ်ိဳးရိုးျမင့္ အသိုင္းအဝိုင္းႀကီးတဲ့မိန္းကေလးက အငယ္ေနရာကိုေရာက္ၿပီး သူမကေတာ့ မိဖုရားေခါင္ႀကီးေနရာကိုေရာက္သြားခဲ့တာမို႔
ထိုမိန္းကေလးရဲ႕အသိုင္းအဝိုင္းက အရွင္မင္းႀကီးကို အျမင္မၾကည္ၾကဘဲ ပညာဝိုင္းျပၾကသည္။
ထိုစဥ္က ဆူနိုင္ငံက ဂိုဂူေလ်ာကို ခဏခဏက်ဴးေက်ာ္တိုက္ခိုက္လာခ်ိန္မို႔  စစ္အင္အားအမ်ားအျပားလိုအပ္ေနခ်ိန္ျဖစ္ေပမယ့္ ဆိုဟုအေဖေခါင္းေဆာင္တဲ့ မ်ိဳးႏြယ္စုႀကီးေတြက စစ္အင္အားေထာက္ပံ့ေပးလိုျခင္းမရွိၾကေပ။

စစ္သူႀကီးခ်ဳပ္ေဆာင္ဟြန္း၏ဖခင္ျဖစ္သူ ေသနာပတိခ်ဳပ္ႀကီး၏ တာဝန္ေက်ပြန္မႈေၾကာင့္သာလွ်င္ ရန္သူမ်ားကိုခုခံနိုင္ခဲ့တာျဖစ္သည္။

အရွင္မင္းႀကီးနဲ႕အမတ္ေတြရဲ႕ၾကားကအားၿပိဳင္မႈေတြေၾကာင့္ အရွင္မင္းႀကီးမွာမၾကာခဏ စိတ္ပင္ပန္းရသည္။
ထိုသို႔စိတ္ပင္ပန္းရသည့္ၾကားထဲမွ သူမကို ႀကိဳးစားကာကြယ္ေပးေနခဲ့တာပင္။
တျဖည္းျဖည္းနဲ႕အရွင္မင္းႀကီးအေပၚေမတၱာသက္ဝင္လာသည့္အခ်ိန္တြင္ မထင္မွတ္ဘဲ ေတာ္ဝင္ရင္ေသြးကိုလြယ္ခဲ့ရသည္။

ရင္ေသြးေလးရွိေနမွန္းသိခဲ့ရခ်ိန္မွာေတာ့ အႏၱရာယ္မျဖစ္ရေအာင္ မည္သူ႕ကိုမွ်အသိမေပးဘဲ အတတ္နိုင္ဆုံးလွ်ို႔ဝွက္စြာေနခဲ့သည္။
ရင္ေသြးေလးက သမီးေတာ္ေလးျဖစ္ဖို႔ကိုလည္းညတိုင္းဆုေတာင္းသည္။
အကယ္၍ သားေတာ္ေလးျဖစ္ခဲ့ပါလွ်င္  ဆိုဟုႏွင့္သူ႕အသိုင္းအဝိုင္းက ဘယ္လိုနည္းႏွင့္မွ အလြတ္ေပးမွာမဟုတ္ဘဲ နန္းပလႅင္အတြက္ တစ္နည္းနည္းနဲ႕သားေတာ္ေလးရဲ႕အသက္ကိုရန္ရွာမွာကိုအတပ္သိေနသည္။
ထို႔ေၾကာင့္ သမီးေတာ္ေလးသာေမြးၿပီး သမီးေလးကို မိုင္းဂါးမ်ိဳးႏြယ္ကအႀကီးအကဲတစ္ဦးဦး၏သားႏွင့္ လက္ဆက္ေပးကာ နန္းေတာ္ႏွင့္ေဝးရာတြင္ ႀကီးျပင္းေစမည္။

ခမည္းေတာ္ မယ္ေတာ္တို႔ခံစားရေသာ စိတ္ပင္ပန္းမႈေတြ အေကာက္ႀကံမႈေတြကို သမီးေတာ္ေလး မခံစားေစရ။

ကိုယ္ဝန္ရွိတာကို ဆိုဟုသိသိခ်င္းမွာပင္ အမ်ိဳးမ်ိဳးဒုကၡေပးေတာ့သည္။
သူမနဲ႕ဓာတ္မတည့္ေသာ ပန္းဝတ္မႈံေတြကို တမင္တကာ အေဆာင္ေတာ္အတြင္းပ်ံ့ႏွံ႕ေစသည္။
ေသာက္ေနက်ေဆးေတြလည္း လဲလွယ္ခံထားရသည္။
ေနာက္ဆုံး လုပ္ႀကံသူအထိပါ တမင္ေစလႊတ္ေစသည္။
မည္သို႔ပင္ ဓားေရးကြၽမ္းက်င္ေစကာမူ မေပါ့မပါးႏွင့္မို႔ ေကာင္းစြာမလႈပ္ရွားနိုင္တဲ့သူမက ရင္ေသြးအတြက္ေဇာနဲ႕ လုပ္ႀကံသူကို အားကုန္ခုခံခဲ့ရာမွ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းဒဏ္ရာလည္းရခဲ့ဖူးသည္။
အကယ္၍မ်ားသားေတာ္ေလးေမြးလာခဲ့ပါလွ်င္ ဒီထက္ပိုဆိုးလာမွာကို သိေနတာေၾကာင့္ မိုင္းဂါးသို႔ျပန္ကာ ကေလးေမြးဖြားဖို႔ျပင္ဆင္ေတာ့လည္း မယ္ေတာ္ႀကီးကခြင့္မျပဳေခ်။

ကိုယ္ဝန္ရင့္လာတာနဲ႕အမွ် အစားအေသာက္အေနအထိုင္အကုန္လုံးမွာ သမီးမိန္းကေလးကိုယ္ဝန္ေဆာင္ရသည့္အခါျဖစ္တတ္တဲ့လကၡဏာေတြနဲ႕တူေနတာေရာ သမားေတာ္ေတြနတ္ဆရာေတြအားလုံးက သမီးေတာ္ေလးေမြးမည္ဟု ခန့္မွန္းၾကတာေရာေၾကာင့္သာ လုပ္ႀကံမႈေတြထပ္ျဖစ္မလာဘဲ ေအးေအးေဆးေဆး ေနခွင့်ရခဲ့သည်။

မီးဖြားဖို႔သိပ္မလိုေတာ့ခ်ိန္တြင္ ဂိုဂူေလ်ာေတာ္ဝင္မိသားစုကိုအႏၱရာယ္ေပးမယ့္ကေလးနဲ႕ သူ႕ရဲ႕ၾကင္ယာေတာ္ မၾကာမီဖြားျမင္ေတာ့မည္ဟူေသာ ေဟာကိန္းအေၾကာင္း လွ်ို႔ဝွက္စြာသိခဲ့ရသည္။
ထိုအခ်ိန္တြင္ ဂိုဂူေလ်ာရွိ ေမြးဖြားခါနီး ကိုယ္ဝန္သည္အားလုံး ေတာ်ဝင်မိသားစု၏စောင့်ကြည့်ခြင်းကိုခံရတော့သည်။

ထို႔ေၾကာင့္ သားဖြားေဆာင္အတြင္းဝင္သည့္အခါ ကေလးေမြးဖြားခ်ိန္ႏွင့္ကေလးဇာတာကို လိုသလိုေျပာင္းလဲလိုရေအာင္ သမားေတာ္ကလြဲၿပီး အကူသားဖြားဆရာမ လက္သည္ အားလုံးကိူ မိုင္းဂါးမွ ယုံၾကည္စိတ္ခ်ရသူမ်ားကိုသာေခၚေစၿပီးခန့္ထားလိုက္သည္။
သမားေတာ္ကေတာ့ နန္းတြင္းသမားေတာ္ျဖစ္ေပမယ့္ စိုးရိမ္စရာမလိုေပ အမ်ိဳးသားသမားေတာ္ျဖစ္တာေၾကာင့္ ေမြးခန္းအတြင္းထဲထိမဝင္ရဘဲ အျပင္မွသာ ကန့္လန့္ကာျခားကာ အေျခအေနကိုေမးျမန္းၿပီး ကုသဖို႔နည္းလမ္းေျပာျပရတာျဖစ္သည္။

" သားတောိကိုမွေးတဲ့နေ့က မယ္ေတာ္စိတ္လႈပ္ရွားေနတာကတစ္ေၾကာင္း ဟိုးအရင္ကဆိုတိုက္တဲ့တားေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးျဖစ္တာကတစ္ေၾကာင္း သားကိုေလွ်ာေလွ်ာရႉရႉမေမြးနိုင္ဘဲ တစ္ေနကုန္ဒုကၡခံခဲ့ရတယ္။

မင္းသားေလးေမြးတယ္လို႔ သားဖြားအကူက ေျပာလိုက္တဲ့အခ်ိန္မွာ မယ္ေတာ့္ရင္ထဲ လွိုင္းထန္သြားတယ္။
ဆိုဟုက သားကို တစ္နည္းမဟုတ္တစ္နည္းနဲ႕ အသက္ရန္ရွာေတာ့မွာသိႏွင့္ေနလို႔ေပါ့။
အဲဒီအခ်ိန္မွာဘဲ မယ္ေတာ့္ရဲ႕အနားမွာအၿမဲရွိတဲ့ လူယုံေတာ္ရွန့္ကုန္းက သားဖြားေဆာင္ထဲက နတ္ခန္းထဲမွာ နတ္ဆရာမႀကီးေျပာေနတဲ့ေဟာကိန္းအေၾကာင္းကို မေတာ္တဆၾကားလာခဲ့ရၿပီး တိတ္တိတ္ေလးလာေျပာျပတယ္။

သားရဲ႕တကယ့္ေမြးဖြားခ်ိန္အစစ္နဲ႕ဆို သားက ဂိုဂူေလ်ာေတာ္ဝင္မိသားစုကိုဒုကၡေပးမယ့္ ကေလးရဲ႕ၾကင္ယာေတာ္ဇာတာပဲ။
ဒါေပမယ့္မယ္ေတာ္က သားေဘးကင္းဖို႔ကိုေရွးရႈၿပီး ဆုံးျဖတ္ခ်က္တစ္ခုကိုအလွ်င္အျမန္ခ်လိဳက္ရတယ္။
သားရဲ ေမြးခ်ိန္ကို အခ်ိန္နည္းနည္းေလာက္လိမ္ၿပီး ေရွ႕တိုးလိုက္ဖို႔ေပါ့။
အဲဒါဆိုရင္ သားက ကံဆိုးေစတဲ့ဇာတာနဲေမြးလာတဲ့ကေလးဆိုၿပီး နတ္ဆရာမက ေဟာကိန္းထုတ္ေပးၿပီးဇာတာတြက္ေပးလိမ့္မယ္။
အဲဒိအခါက်ရင္ သားနားကို ဘယ္သူမွ ကပ္ခ်င္ေတာ့မွာမဟုတ္ဘူးေလ အထူးသျဖင့္ လုပ္ႀကံဖို႔အၿမဲေခ်ာင္းေနတဲ့ဆိုဟုတို႔သားအဖေတြေရာေပါ့။

သားက ကံဆိုးေစတယ္ဆိုတာ သူမ်ားေတြယုံေအာင္ သားရဲ႕နို႔ထိန္းေတြကို ေနမေကာင္းတယ္လို႔သတင္းလႊင့္ၿပီးတစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းတယ္။

သားနားမွာ မယ္ေတာ့္လူယုံကို အၿမဲမျပတ္ေစာင့္ၾကည့္ေနခိုင္းၿပီး သားေတာ္ရဲ႕မ်က္ႏွာကို မေတာ္တဆျမင္သြားခဲ့သူရွိရင္ ပိုက္ဆံေပးႏႈတ္ပိတ္ၿပီး နန္းျပင္ကိုႏွင္ထုတ္ခဲ့တယ္။

သားေတာ္ရဲ႕အေဆာင္ကနန္းတြင္းသူေလးက သားေတာ္မ်က္ႏွာကိုျမင္သြားခဲ့ေတာ့ သူ႕ကို ပိုက္ဆံေပးၿပီး နန္းျပင္ကိုထြက္ခိုင္းလိုက္တယ္။ အဲဒီေနာက္ အသုဘတစ္ခုက အေလာင္းကိုခိုးယူၿပီး နန္းတြင္းသူအဝတ္အစားလဲ ေရတြင္းထဲပစ္ခ်လိဳက္ၿပီး သားေတာ္မ်က္ႏွာကိုျမင္လို႔ ကံဆိုးၿပီးေသသြားရတယ္လို႔ သတင္းလႊင့္ခဲ့တာ။

သားေတာ္ရဲ႕နန္းေဆာင္မီးေလာင္တုန္းက ကိုယ္ရံေတာ္ေတြေသဆုံးရတာလည္း သားေတာ္မ်က္ႏွာကိုျမင္လို႔မဟုတ္ဘဲ ဒီအတိုင္း မီးအရမ္းမ်ားၿပီးမနိုင္လို႔ဆုံးသြားခဲ့ရတာပါ။

မယ္ေတာ္က သားရဲ႕လုံၿခဳံေရးအတြက္ အကုန္လုံးကိုလိမ္ခဲ့မိတာပါ။

နန္းတြင္းထဲမွာဆက္ထားရင္ တစ္နည္းနည္းနဲ႕ အလိမ္ေပၚမွာစိုးလို႔ ခမည္းေတာ္နဲ႕မယ္ေတာ္တိုင္ပင္ၿပီး သားေတာ္ကို ၿမိဳ႕စြန္က အိမ္ေတာ္ေလးဆီပို႔ေပးခဲ့ၾကတာ။

မယ္ေတာ္ဒီေလာက္သတိထားေနတဲ့ၾကားက သားေတာ္ရဲ႕ေမြးဖြားခ်ိန္နဲ႕ဇာတာအစစ္ကို သိသြားတဲ့လူတစ္စရွိေနခဲ့တယ္ အဲဒါက တိုင္ပင္ခံအမတ္ႀကီးမိသားစုပဲ။ ေျပာရရင္အခုလက္ရွိဟြမ္ဟုျဖစ္ေနတဲ့ေဆာန္မီမိန္းကေလးရဲ႕မိသားစုေပါ့ကြယ္။
သူတို႔က သားေတာ္ရဲ႕ကံၾကမၼာကိုသိသြားေတာ့ သူတို႔သမီးကို ေတာ္ဝင္မိသားစုထက္ အားႀကီးလာမယ့္သူရဲေကာင္းလက္ထဲ ထည့္လိုက္ခ်င္ပုံရတယ္။
အဲဒါေၾကာင့္သားေတာ္ကိုျပန္ေပးဆြဲၿပီး ကံၾကမၼာလဲလွယ္ဖို႔ႀကိဳးစားခဲ့တာ။

ေဆာန္မီမိန္းကေလးက သားနဲ႕တစ္ခ်ိန္တည္းမွာေမြးေပမယ့္ စစ္သူႀကီးခ်ဳပ္ရဲ႕ၾကင္ယာေတာ္ဇာတာကေတာ့သားမွာပဲပိုင္ဆိုင္ခဲ့တာေလ ။

ျဖစ္ခ်င္ေတာ့သားက အဲဒီအခ်ိန္မွာ ေဆာင္ဟြန္းနဲ႕ေတြဆုံခဲ့ၿပီးသားျဖစ္ေနၿပီမို႔ ကံၾကမၼာက ခႊဲေျပာင္းေပးလို႔မရေတာ့ဘဲ သူတို႔ႀကိဳးစားမႈေတြအရာမထင္ခဲ့ေတာ့တာေပါ့ကြယ္ ။

ဒါေပမယ့္ သူတို႔က သားေတာ္နဲ႕ကံၾကမၼာခ်င္းလဲတယ္ဆိုတဲ့အေၾကာင္းကိုလွ်ို႔ဝွက္ထားတယ္။ ေဆာင္ဟြန္းက စစ္သူႀကီးခ်ဳပ္ျဖစ္လာတဲ့အခ်ိန္မွာ အပိုင္တြက္ၿပီး စစ္သူႀကီးခ်ဳပ္ရဲ႕ၾကင္ယာေတာ္ျဖစ္မယ့္ဇာတာပိုင္ရွင္ပါလို႔သတင္းလႊင့္ၿပီး ေဆာင္ဟြန္းကိုခ်ည္ၿပီးတုပ္ၿပီးအပိုင္ဖမ္းဖို႔ႀကံစည္တယ္။
ဒါေပမယ့္ကံဆိုးခ်င္ေတာ့ ဆိုဟုကအဲဒါကိုၾကားသြားၿပီး သူ႕သားနဲ႕ဇြတ္ေပးစားလိုက္ေတာ့တာပဲ။"

သားေတာ္ကဓားဒဏ္ရာရသြားတဲ့အခ်ိန္မွာ သူမကိုယ့္ကိုယ္ကိုယ္အျပစ္တင္မိသည္။
သားေတာ္ကိုျပစ္ပယ္ထားသလိုျဖစ္ခဲ့ၿပီး အခ်ိန္မီသာ ရွာမေတြ႕ခဲ့လွ်င္ တစ္သက္လုံးဆုံရႈံးသြားနိုင္တာကိုေတြးမိၿပီး ယူက်ဳံးမရျဖစ္ခဲ့ရသည္။

သားေတာ္သတိရလာခ်ိန္မွာ သူ႕သူငယ္ခ်င္းျဖစ္သူေဆာင္ြန္းအေၾကာင္းမရမကစုံစမ္းကာ ေသဆုံးသြားၿပီဟုသိလိုက္ရခ်ိန္တြင္ အ႐ုပ္ႀကိဳးျပတ္ကာမစားမေသာက္ဘဲေတြေဝေငးေမာေနတတ္တဲ့သားျဖစ္သူကို
စိတ္ပုံမွန္ျပန္ျဖစ္လာေစဖို႔   သားေတာ္ဝါသနာပါတဲ့ ေဆးပညာကို နတ္ေဆးသမားေတာ္ႀကီးထံမွာ သင္ယူနိုင္ဖို႔ တိတ္တဆိတ္ေထာက္ပံ့ေပးခဲ့သည္။
သားေတာ္ေဆးပညာသင္ယူေနစဥ္အတြင္း မိုင္းဂါးမွ ယုံၾကည္စိတ္ခ်ရသည့္လူယုံတစ္ဦးကိုေခၚယူကာ မြို့တောိအတွင်းမှာဆေးဆိုင်ဖွင့်လှသ်ဖို့အရင်ူအနှိးထုတ်ပေးခဲ့သည်။
သားေတာ္တိတ္တိတ္ဆိတ္ဆိတ္နဲ႕ေအးခ်မ္းစြာေဆးကုသနိုင္ဖို႔ ေဆးဆိုင္နဲ႕ အိမ္ေတာ္ လွ်ိူ႕ဝွက္လမ္းေၾကာင္းေဖာက္လုပ္ေပးခဲ့သည္အထိ ေနာက္ကြယ္မွတိတ္တဆိတ္ပံ့ပိုးေပးခဲ့သည္။
သို႔ေသာ္သားေတာ္ကေတာ့ ထိုအေၾကာင္းေတြကိုမသိခဲ့ေခ်။ အိမ္ေတာ္မွာ အစကတည္းကလွ်ို႔ဝွက္လမ္းရွိေနခဲ့သည္ဟုသာထင္ေနၿပီး သူတိတ္တဆိတ္ေဆးကုတာကိုလည္းသူ႕မယ္ေတာ္ျဖစ္တဲ့သူမ မသိေလာက္ဘူးဟုေတြးေနခဲ့သည္။
တကယ္တမ္းေတာ့ သူမကအရာအားလုံးကိုေနယက္ကြယ္မွပံ့ပိုးေပးေနခဲ့တာပင္။
.
.
ေဆာႏူးအေၾကာင္းစုံသိလိုက္ရေတာ့ မယ္ေတာ္ရဲ႕စိတ္ပင္ပန္းခံနိုင္မႈကို အသိအမွတ္ျပဳရေတာ့သည္။

မယ္ေတာ္ကေတာ့ သူ႕အတြက္စိုးရိမ္လို႔စီစဥ္ခဲ့ေပမယ့္ ေဆာႏူးအတြက္ေတာ့ တစ္သက္တာေမ့ေပ်ာက္မရတဲ့စိတ္ဒဏ္ရာေတြရခဲ့တာမဟုတ္ပါလား ။

သူ႕ရဲ႕ ကံဆိုးေစတဲ့မ်က္ႏွာေၾကာင့္ ဟြန္းကိုဆုံးရႉံးရၿပီဆိုေသာအထင္လြဲခ်က္ကအထိအနာဆုံးျဖစ္ခဲ့သည္။

ေဆာႏူးရဲ႕မ်က္ႏွာက တကယ္ႀကီးကံဆိုးေစတာမဟုတ္ရင္ မ်က္ႏွာက အဝတ္ကို ခြၽတ္လိုက္သင့္ၿပီလား.....

Continue Reading

You'll Also Like

1M 65.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
3.5K 440 16
"ကျွန်တော်မျိုး သခင်လေးအတွက်ဆို ကျွန်တော့်အသက်ကိုပါ စွန့်လွှတ်ဝံ့ပါတယ်" "အဲ့တာဆို ခင်ဗျားရဲ့ အသဲနှလုံးကို စားချင်တယ်"
14.2K 1.1K 7
_ SUNGJAKE (short story )
55.2K 1.1K 84
Egyptian mythology is the collection of myths from ancient Egypt, which describe the actions of the Egyptian gods as a means of understanding the wor...