ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာ...

By MyaHninn5

75.6K 6.2K 339

ပန်ဒိုရာဟာနိုင်ငံအစိုးရကတောင်ဖူးဖူးမှုတ်ထားရတဲ့လက်နက်ရာဇာကြီးတစ်ယောက်ဖြစ်သည်။သူ့ဘဝမှာတစ်ဖက်သတ်ချစ်ရတဲ့အကိုကြီ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31
32
33
34
35
36(Complete)
EXTRA

30

1.8K 166 4
By MyaHninn5

ကျန်အမျိုးသမီးတွေကလည်းပဝါကိုဖယ်ရှားလိုက်ကြပြီးပန်းချီကိုကြည့်လိုက်ကာ

"ဟား..ဟားတကယ်ကြီးသတိုးမပါဘူးကွ"

"မင်းဆက်ဝဏ္ဏမင့်သောက်ပါးစပ်ကိုပိတ်ထားစမ်း"

"အရှင့်ရဲ့ပေါင်တံဖွေးဖွေးလေးပေါ်တင်ထားတာကငါ့လက်ပဲ"

"ငါကဘာလို့နောက်ဆုံးမှာလဲပန်းချီဆရာကိုခေါ်ပြီးပြန်ဆွဲခိုင်းလိုက်စမ်း"

သီတာဒေဝီမှာထင်မထားတဲ့ဖြစ်ရပ်ကြောင့်ကြောင်အသွားသည်။ဒီပန်ချီကိုမင်းမြတ်မဟာ၏အစေခံဆီမှရရှိခဲ့တာပင်။ထို,ငကြောင်ကောင်ကနန်းတွင်းထဲရှိအစေခံများအားဝါသနာပါရာလုပ်ခွင့်ပြုသောဥပဒေကိုချမှတ်ပြီးနောက်မှာတော့အစေခံတွေကသခင်တွေရဲ့တာဝန်ကိုမကျေပွန်တော့တာဒီအောက်တန်းစားကောင်ကဘယ်သိပါ့မလဲ။

တစ်နေ့သူမ,မင်းမြတ်မဟာအားရှာဖို့သွားရာတွင်ကြာကန်ဥယာဥ်ထဲပန်းချီထိုင်ဆွဲနေသောအစေခံမကိုမြင်ပြီးထိုပန်းချီကားကိုအတင်းအကျပ်သိမ်းယူခဲ့သည်။ဒီဟာကိုဝှက်ဖဲအဖြစ်ထုတ်သုံးခဲ့ပေမယ့်စစ်သူကြီးလေးယောက်ဖြစ်နေမယ်လို့သူမထင်မိခဲ့။ပန်းချီထဲကမျက်နှာတွေကိုသူသေချာမကြည့်မိခဲ့ပဲထိုမျိုးမစစ်ကောင်ရဲ့မျက်နှာကိုသာကြည့်ခဲ့မိသည်။

သတိုးမှာကျေနပ်မှုမရှိသေးပဲ

"အရှင်ကျွန်တော်မျိုးမပါပဲလုပ်ခဲ့သေးတာလားအရှင်ဘာလို့ကျွန်တော်မျိုးအပေါ်ဒီလောက်ရက်စက်ရတာလဲ"

ပန်ဒိုရာနဖူးကိုလက်နှင့်သာရိုက်မိလိုက်တော့သည်။သူတို့တွေချစ်သူဖြစ်သည့်နေ့မှစတင်၍ယနေ့အချိန်ထိမရေမတွက်နိုင်အောင်အကြိမ်ရေများစွာကိုနေရာပေါင်းစုံမှာလုပ်ဖြစ်ခဲ့ကြသည်။

တစ်ခါတစ်လေနှစ်ယောက်ထဲလုပ်ဖြစ်သလိုတစ်ခါတစ်လေတော့သုံးယောက်လုပ်ဖြစ်သည်။တစ်ခါတစ်လေလူစုံသလိုတစ်ခါတစ်လေလူမစုံခဲ့။ထိုပန်းချီဆွဲသူကသတိုးမပါသည့်အကြိမ်ကိုမြင်ပြီးမှတ်တမ်းတင်ထားပုံရသည်။

"အမတော်ကိုကျေးဇူးတင်ပါတယ်လက်ဆောင်ကိုတကယ်သဘောကျတယ်အမ်!ဒီထဲမှာလူမစုံသွားကနှမြှောစရာကောင်းတာပဲ"

"မဟုတ်ဘူး!...မဟုတ်ဘူး..သတိုးကအဲ့လိုလူမျိုးမဟုတ်ဘူးမင်းကချိန်းခြောက်ထားတာမင်းချိန်းခြောက်လို့ဒီလိုဖြစ်ရတာ"

သတိုးကမျက်မှောင်ကျုံ့လိုက်ပြီး

"မင်းသမီးလေးအရှင့်ကိုရိုရိုသေသေပြောပါကျွန်တော်မျိုးကအရှင့်ကိုသဘောကျလွန်းလို့အရှင့်ရဲ့အနောက်ဆောင်ထဲဝင်ချင်ခဲ့တာပါ"

"မဟုတ်ဘူး!သတိုး..သတိုးသူလှည့်စားတာမခံပါနဲ့သတိုးနဲ့သီတာဒေဝီတို့လက်ထပ်ကြပြီးထီးနန်းကိုသိမ်းယူကြမယ်လေ"

"တော်လိုက်တော့!သီတာဒေဝီ,အဖိုးဖြစ်တဲ့လူကပြင်းပြင်းထန်ထန်နာမကျန်းဖြစ်နေတယ်မယ်တော်ဖြစ်တဲ့လူကအကျဥ်းထောင်ထဲရောက်နေတယ်မင်းသမီးကဂုဏ်သိက္ခာကိုထိန်းသိမ်းမယ်မရှိပဲမောင်ငယ်ရဲ့လက်ထပ်ပွဲကိုဖျက်ဆီးနေတယ်"

အမြဲရယ်မောနေတတ်သောဘုရင်ကြီးကဒီနေ့တော့ဒေါသအကြီးအကျယ်ထွက်နေပုံပင်။

"ဖခမည်းတော်ရောဘာထူးထဲကိုယ့်မိဖုရားတစ်ယောက်လုံးကိုအကျဥ်းထောင်ထဲထည့်ပြီးသားတော်ကိုထီးနန်းလွှဲအပ်နေတယ်တစ်ယောက်ထဲကျန်ခဲ့တဲ့သမီးတော်ကိုတော့ဘာဖြစ်နေသလဲဆိုတာတောင်မေးကြည့်ဖော်မရဘူး,အင်ပါယာကိုဓါးစာခံအဖြစ်သွားရစဥ်ကလဲသားတော်ကိုမထည့်ပဲအန္တာယ်များတဲ့နေရာကိုမိန်းကလေးတစ်ယောက်ကိုစေလွှတ်ခဲ့တယ်ခမည်းတော်ကရောကိုယ့်ကိုယ့်ကိုယ်သူတော်ကောင်းဟန်ဆောင်နေမှန်းသိရဲ့လား"

သီတာဒေဝီမင်းသမီးဘက်မှနှစ်ပေါင်းကြာရှည်စွာရပ်တည်ခဲ့ကြသောလူတစ်ချို့ကမင်းသမီးကိုစာနာသနားကာတရားမျှတမှုတောင်းခံပေးချင်ကြပေမယ့်အားကြီးလာသောအိမ်ရှေ့စံ၊အနောက်ဆောင်မှစစ်သူကြီးများနှင့်တရာသူကြီးတို့ကြောင့်နေရာမှမလှုပ်ဝံ့ကြ။လူတစ်ချို့ကတိုးတိုးတိတ်တ်ိတ်စတင်ဆွေးနွေးနေကြပြီဖြစ်သည်။

"သီတာဒေဝီမင်းသမီးလေးဒီခမည်းတော်ကအသက်ရှင်ခွင့်ပေးထားတာကကြီးမာတဲ့အခွင့်အရေးပဲမလားကိုယ်နဲ့မထိုက်တန်တာကိုဘာလို့များလောဘတက်နေရတာလဲ"

"ဟက်..ဒါကတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်တဲ့လားမှူးမတ်ကြီးများနဲ့သံတမန်တွေကပဲစဥ်းစားကြည့်ကြပါဒီဘုရင်အုပ်ချုပ်တာကဘာတွေများတိုးတက်လာခဲ့ပါသလဲကုန်းကုန်းတစ်ယောက်နဲ့ပျော်ပါးချင်လို့တော်ဝင်မိဖုရားကိုအကျဥ်းထောင်ထဲထည့်ခဲ့တဲ့ဘုရင်၊သမီးတော်ကိုအရှက်ခွဲပြီးချောင်ထဲထည့်ထားချင်တဲ့ဘုရင်၊ဒီဘုရင်ထီးနန်းလွဲအပ်လိုက်တဲ့ဘုရင်အသစ်ကလည်းတိုင်းပြည်ရဲ့စစ်သူကြီးတွေ...တ..ရား..သူကြီးတွေနဲ့ပါမကျန်ဖြစ်ချင်တိုင်းဖြစ်နေခဲ့တဲ့ဘုရင်၊အာဏာအတွက်တိုင်းပြည်ရဲ့အဖိုးတန်လူတွေကိုအရေးမပါတဲ့အနောက်ဆောင်ထဲထိုးထည့်လိုက်တဲ့ဘုရင်အသစ်၊ဒီလူတွေသာဆက်ပြီးအုပ်ချုပ်မယ်ဆိုရင်ပါရှားပြည်ပြီးမကြာခင်မှာပျက်စီးသွားပါလိမ့်မယ်"

"အဲ့တော့အမတော်ကဒီမောင်ငယ်ကိုထီးနန်းစွန့်ခိုင်းချင်တာလား..အိုး..ဒါဆိုဘယ်သူကဒီတိုင်းပြည်ကိုဆက်ပြီးအုပ်ချုပ်မှာလဲ"

သတိုးကသူ့ကြင်ယာတော်အဖြစ်ဝိုင်နီကိုလက်ခံသောက်လိုက်ပြီမို့နောက်ထပ်အိမ်ထောင်အသစ်ထူထောင်ဖို့မဖြစ်နိုင်တော့။ဒါဆိုဘယ်သူကထီးနန်းကိုဆက်ခံယူမှာလဲ။သူသိပ်ကိုစိတ်ဝင်စားမိတဲ့အရာပဲ။

"ငါအုပ်ချုပ်မယ်ငါကဘုရင်မလုပ်ပြီးဒီတိုင်းပြည်ကိုအုပ်ချုပ်မယ်"

ဘုရင်ကြီးကတည်ငြိမ်စွာပင်ဝိုင်ခွက်လေးကိုဖြည်းဖြည်းချင်းလှည့်ရင်းလှေကားထစ်အတိုင်းဆင်းကြလာခဲ့သည်။မြင့်မားလှတဲ့စင်ပေါ်မှာဘုရင်နှစ်ပါးတည်ရှိပြီးလှေခါးထစ်ရှည်ကြီးမှာတော့နိုင်ငံကြီးကသံတမန်များမှူးမတ်များကရာထူးအလိုက်တည်ရှိနေကြသည်။

"မဖြစ်နိုင်တာတော့မဟုတ်ပါဘူး"

ဘုရင်ကြီးကတည်ငြိမ်စွာဆိုရင်းအင်ပါယာသံတမန်ရှေ့ရပ်လိုက်ကာ

"သံသမန်ကြီးဒီမင်းသမီးကိုသေချာကြည့်ပါအုန်းသူမကမောင်မင်းတို့တိုင်းပြည်ကနန်းကျဘုရင်နဲ့သိပ်ပြီးမဆင်တူဘူးလားလို့"

"ဟင့်အင်းမဟုတ်ဘူး!"

အကျဥ်းထောင်ကခေါ်ခံခဲ့ပုံပေါက်တဲ့မိဖုရားကအရူးလိုအော်ဟစ်ကာငြင်းဆိုလိုက်သည်။

သံတမန်ကမင်းသမီးကိုသေချာကြည့်လိုက်ပြီး

"ဆင်တူပါတယ်အရှင်မင်းကြီးဒါကကျွန်တော်မျိုးတို့နန်းကျဘုရင်နဲ့ဘယ်လိုပတ်သက်ပါသလဲ"

"လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအင်ပါယာရဲ့ဒုတိယမင်းသားဟာပါရှားပြည်ကိုအလည်လာခဲ့ပြီး၅လကြာနေထိုင်သွားခဲ့တယ်သူကသိပ်လှတဲ့မိန်းကလေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ခဲ့ပြီးအဲ့မိန်းကလေးကိုကိုယ်ဝန်ရအောင်လုပ်ခဲ့တယ်ဒါပေမယ့်ကိုယ်ဝန်ရှိလာခဲ့တဲ့အချိန်ကျတော့တိုင်းတစ်ပါးသူကိုလက်မဆတ်နိုင်ဘူးဆိုပြီးပြည်တော်ပြန်သွားခဲ့တယ်အဲ့ဒီမိန်းမလှလေးကကိုယ်ဝန်ကိုဘယ်လိုလုပ်မှာလဲဖျက်ချရုံပဲရှိတော့တာပေါ့..ဒါပေမယ့်ဒီကိစ္စကိုအာဏာရှိတဲ့ဖခင်ကြီးသိသွားချိန်မှာဖျက်ချဖို့သဘောမတူခဲ့ဘူး..သူ့သွေးသားလေ..အဲ့လိုနဲ့အာဏာမဲ့နေတဲ့ငါကိုယ်တော်ကိုချိန်းခြောက်ပြီးကလေးကိုငါကိုယ်တော်ရဲ့သွေးသားဖြစ်စေခဲ့တယ်လေ"

မိဖုရားကြီးကသွေးရူးသွေးတန်းအော်ဟစ်ရုန်းကန်နေတာကြောင့်အစေခံတစ်စုကဝိုင်းဝန်းထိန်းချုပ်နေရသည်။

"နှစ်တွေနည်းနည်းကြာလာတော့ဒုတိယမင်းသားကပထမမင်းသားကိုလုပ်ကြံပြီးအာဏာရသွားချိန်မှာ,ပါရှားကမင်းညီမင်းသားတစ်ပါးပါးကိုဓါးစာခံလိုချင်တယ်လို့ပြန်ကြားလွှာပို့လာရောသူ့သမီးတော်ကိုတွေ့ချင်နေမှန်းသိသာနေတဲ့ဟာကိုငါကိုယ်တော်ကဘာကိစ္စငါ့ကိုယ်တော်ရဲ့သားတော်ကိုထည့်ပေးလိုက်ရမှာလဲပထမမင်းသားကသူ့လူတွေကိုစုဆောင်းပြီးထီးနန်းကိုပြန်လည်သိမ်းယူပြီးတဲ့အချိန်မှာလည်းပြည်တော်ပြန်ခွင့်ပေးခဲ့သေးတယ်,သီတာဒေဝီမင်းသမီးလေးငါကိုယ်တော်ကမင်းသမီးနဲ့မဆိုင်ဘူးဆိုပြီးခွင့်လွှတ်ပေးဖို့တွေးထားခဲ့တာ,ထားလိုက်ပါတော့...ဖြစ်လာတဲ့ကိစ္စမှန်သမျှကိုဘုရင်အသစ်ဖြစ်တဲ့သားတော်ကပဲစီစဥ်လိုက်ပါ"

သီတာဒေဝီကနန်းတော်ကြမ်းခင်းပေါ်အသက်မဲ့စွာထိုင်ချထားသည်။ကမ္ဘာကြီးကချာချာလည်နေပြီးကံတရားကဘာလို့သူမအပေါ်မတရားဆက်ဆံသလဲဆိုတာစဥ်းစားမရဖြစ်နေသည်။

"အာ..ဒါကငါကိုယ်တော်ရဲ့နောက်ဆုံးဝန်ခံချက်ပါပဲသားတော်ကိုမွေးဖွားပေးခဲ့တဲ့သူကငါကိုယ်တော်မြတ်နိုးရတဲ့ကုန်းကုန်း'မြတ်သူ'လေးပါပဲ"

ကုန်းကုန်းကလှေခါးထစ်တွေကိုလျှင်မြန်စွာကျော်ဆင်းလာခဲ့ပြီးသူ့ရဲ့အရှင်ကိုပြေးဖက်လိုက်သည်။အရှင်ကဘယ်သူနဲ့မှမပတ်သက်ဘူးလို့အမြဲပြောခဲ့ပေမယ်သူကဘယ်တော့မှမယုံကြည်ခဲ့ဘူး။သီတာဒေဝီမင်းသမီးကိုအရှင့်ရဲ့သွေးသားလို့အထင်လွှဲပြီးအရှင့်အပေါ်အများကြီးပျက်ကွက်ခဲ့တာ။

အရှင်ဟောင်းနှင့်အရှင်သစ်ရဲ့မယ်တော်တစ်ဖြစ်လဲကုန်းကုန်းတို့ကလူများစွာရဲ့အကြည့်အောက်မှာပင်ခန့်ငြားစွာလှည့်ထွက်သွားသည်။သူတို့တွေကအရှင်ဟောင်းတွေဖြစ်သွားပြီမို့ဘိုးဘေးနန်းဆောင်မှာပဲစံမြန်းမလားအေးချမ်းရာအရပ်ဆီမှာပဲနေထိုင်မလားဆိုတာကိုရွေးချယ်ရုံပင်။

နန်းပြင်ကျယ်ကြီးဆီမှာရှိနေကြသောလူများစွာမှာပါးစပ်ဟကာအံ့သြနေရုံမှအပဘာမှမတတ်နိုင်ကြတော့။ဒီနေ့အဖို့သူတို့သိလိုက်ရတာတော်တော်များနေလေပြီ။အရှင်ကအချိန်အကြာကြီးဦးထုပ်စိမ်းဆောင်းခံရထားတာကိုယောကျ်ားတွေကစုပ်တစ်သပ်သပ်ဖြင့်စာနာသနားမိကြသည်။သိသိလျှက်နှင့်ငြိမ်ခံခဲ့ရတာကဘယ်လောက်များနာကျင်စရာကောင်းလိုက်မလဲ။

'ဒါကြောင့်အရှင်ကနှစ်တွေအကြာကြီးမင်းသမီးကိုလျစ်လျူရှုခဲ့တာပဲ..အဲ့လေသူကတော်ဝင်သွေးမှမပါပဲ'

ပန်ဒိုရာလည်းကြောင်အသွားသည်။ဖခမည်းတော်နှင့်ကုန်းကုန်းအပေါ်သံသယဝင်နေတာကြာပြီဖြစ်ပေမယ့်ဒီလောက်ထိဖြစ်နေလိမ့်မယ်လို့မထင်မိခဲ့။နေပါအုန်းသူ့ကိုကုန်းကုန်းမွေးခဲ့ဆိုတာကရောဘာကိုပြောတာလဲ။ကုန်းကုန်းကယောကျ်ားကြီးလေ။

"ကောင်းပြီနောက်ပိုင်းမှအားလုံးနားလည်အောင်ဖြည်းဖြည်းချင်းပြောပြပါ့မယ်အခုတော့...မိဖုရားကြီးကိုခင်ပွန်းနဲ့တိုင်းပြည်အပေါ်သစ္စာဖောက်မှုနဲ့နေကွယ်ချိန်မှာအဆိပ်သောက်ကွက်မျက်လိုက်ပါအမတ်ချုပ်ကြီးကတော့အခြေအနေဆိုးနေပြီမို့ငြိမ်းငြိမ်းချမ်းချမ်းသွားခွင့်ပြုလိုက်ပါအင်း..အမတော်..အမတော်ကိုရောဘယ်လိုပြစ်မှုမျိုးပေးရပါ့မလဲ"

ပန်ဒိုရာ,ရုပ်ရှင်ထဲမှသူ,ဖမည်းတော်နှင့်ကုန်းကုန်းတို့ရဲ့သွေးသံတရဲရဲမျက်နှာကိုမြင်ယောင်မိလိုက်သည်။ရက်စက်စွာပြုံးရယ်နေသောသူမ၊ထူးမခြားနားမျက်နှာနှင့်သတိုး၊သွေးတွေရဲနေသောဓါးရှည်ကိုကိုင်ဆောင်ထားသောစစ်သူကြီးများ။

ပန်ဒိုရာနှလုံးကပြင်းထန်စွာအောင့်သက်လာသည်။ထိုလူတွေအကုန်လုံးကိုသူမုန်းသည်။

"အမတော်ကငယ်ငယ်ကတည်းကမိခင်နဲ့အတူနေခဲ့ရတယ်အဖိုးနဲ့အတူနေခဲ့ရတယ်အာဏာအပြည့်အဝရခဲ့တယ်ကလေးဘဝမှာပျော်ရွှင်ခဲ့ရတယ်အရွယ်ရောက်လာချိန်မှာဖခမည်းတော်ကလည်းသူ့တိုင်းပြည်ကိုခေါ်ယူစောင့်ရှောက်ခဲ့သေးတယ်ဒါတောင်ဘာတွေကိုများမကျေမနပ်ဖြစ်နေခဲ့တာလဲ"

"သွားသေလိုက်!"

"သတိထား!"

အသံတွေတစ်ပြိုင်နက်ပေါ်ထွက်လာခဲ့ပြီးပန်ဒိုရာသတိဝင်လာခဲ့ပေမယ့်ရုတ်တရက်မို့သီတာဒေဝီဆီမှဓါးပျံကိုရှောင်ချိန်မရလိုက်။

"အာ့!"

နာနာကျင်ကျင်အော်သံကသူ့ဆီမှတော့မဟုတ်။သတိုးကသူ့ကိုတင်းကျပ်စွာဖက်ထားရင်မှအားပျော့စွာယိုင်နဲ့ကျသွားသည်။

"သတိုး!"

ပန်ဒိုရာကြောက်လန့်တကြားအော်ဟစ်လိုက်သည်။

ထိုအချိန်မှာသူသေချာသိသွားခဲ့လေပြီ။ဒီလူငါးယောက်ကိုသူအများကြီးမုန်းတယ်လို့ထင်ခဲ့ဖူးပေမယ့်ဟိုအရင်ကတည်းကသူခွင့်လွှတ်နိုင်ခဲ့ပြီးသားပင်။ဒီလူတွေသူ့အပေါ်ဘယ်လိုပင်ရက်စက်ခဲ့စေအုန်းတော့သူကတော့ခွင့်လွှတ်ပြီးဆက်ချစ်နေအုံးမှာပင်။

သီတာဒေဝီမင်းသမီးကအစောင့်တွေရဲ့ထိန်းချုပ်မှုအောက်မှပင်လှောင်ပြုံး,ပြုံးလိုက်သည်။

ဒီရွံ့စရာကောင်းတဲ့ယောကျ်ားတွေထဲကဘယ်သူသေသေသူ့အတွက်ကျေနပ်စရာကောင်းတဲ့ရလဒ်ပင်။

နန်းတော်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။

အမတ်ချုပ်ကြီးကဆိုးဝါးသောဝေဒနာကိုအချိန်ကြာမြင့်စွာခံစားပြီးနောက်သွေးတွေအန်ထုတ်ကာအသက်ဆုံးပါသွားခဲ့သည်။သန်သန်မာမာရှိနေသေးတဲ့ထိုလူကတစ်စုံတစ်ယောက်ရဲ့အကောက်ကြံမှုမပါပဲတော့ထိုသို့အခြေအနေမဆိုးနိုင်။သို့သော်မည်သူကမျှအမှန်တရားကိုရှာဖွေပေးဖို့စိတ်ကူးမရှိကြ။

သစ္စာဖောက်မိသားစုအနေနဲ့ဂုဏ်ထူးဘွဲ့ထူးတွေကိုဖြုတ်ချခံရတာကြောင့်သူ့ရဲ့အလောင်းကမြို့ပြင်တစ်နေရာမှာကျီးကန်စာသာဖြစ်သွားလိမ့်မည်။ညနေ,နေဝင်ချိန်မရောက်သေးပေမယ့်မိဖုရားခေါင်ကြီးကအကျဥ်းထောင်ထဲမှာကိုယ့်ဟာကိုယ်အဆုံးစီရင်သွားခဲ့သည်။သူမ,မသေဆုံးခင်မှာသွေးကျိန်စာတစ်စောင်တိုက်သွားခဲ့သေးသည်။

သူမကဘုရင်ကြီးအပေါ်မှာစစ်မှန်သောမေတ္တာနှင့်ချစ်ကျွမ်းဝင်ခဲ့ပေမယ့်ဘုရင်ကြီးကသူမအပေါ်အဆုံးအထိပျက်စီးခြင်းတွေကိုသာပေးခဲ့သည်။ထိုအတွက်အဖိုးအခအဖြစ်အရှင်မင်းကြီးကဘဝဆက်တိုင်းချစ်ရသူနှင့်ကွေကွင်းရန်ပင်။

သို့သော်သူမ,မသိသွားသည့်အချက်မှာသူမရဲ့ကျိန်စာကစစ်မှန်သောချစ်ခြင်းတွေကိုထိခိုက်အောင်မပြုနိုင်ခဲ့။အကျိုးဆက်အနေနှင့်ဘဝရဲ့နောက်ဆုံးအချိန်ထိသူတစ်ပါးပျက်စီးဖို့တွေးနေခဲ့သောသူမကသာငရဲတွင်းနက်ကြီးထဲခုန်ဆင်းရလိမ့်မည်ဆိုတာပင်။

အရှင်အသစ်ကတော့အမြဲတမ်းဒေါသတွေထွက်နေခဲ့သည်။ထမင်းနဲ့ဟင်းကိုတောင်ပုံမှန်မစားတော့ပဲတိုင်းပြည်တိုးတက်ရေးကိုသာမနားမနေကြိုးပမ်းနေတော့သည်။ဆိုးသွမ်းတဲ့အမှိုက်လိုအမတ်တွေနယ်မြေအုပ်ချုပ်သူတွေကိုရက်ရက်စက်စက်ပြစ်ဒဏ်ပေးခဲ့ပြီးကောင်းမွန်ပြီးမျှတတဲ့ခေါင်းဆောင်များကိုသာနေရာပေးခဲ့လေသည်။သူခိုးသူပုန်တွေပပြောက်စေခဲ့ပြီးပါရှားပြည်မှာလူကြီးလူငယ်မရွေးစာပေပညာတတ်မြှောက်ကာလူငယ်တိုင်းလိုလိုအင်ပါယာဘာသာစကားတတ်မြှောက်ကြသည်။

သိုင်းပညာကိုယောကျ်ားမိန်းမ,မရွေးသင်ယူနိုင်သလိုစစ်တပ်ကိုလဲကျား၊မ,မခွဲခြားပဲတာဝန်ထမ်းစေခဲ့သည်။အားကစားလဲထူးချွန်ကြသလိုသိပ္ပံပညာကိုလည်းဝါသနာပါကြသည်။ဘုရင်အသစ်၏ဦးဆောင်မှုနှင့်အတူထူးခြားဆန်းကြယ်သောလက်နက်မျိုးစုံကိုတီထွင်ခဲ့ကြသည်။

ယခုဆိုပါရှားပြည်ကလူတစ်ကာငေးမောစိတ်ကူးယဥ်ရသောတိုင်းပြည်ဖြစ်လာပြီးယခင်ကကြီးကျယ်ခမ်းနားပါသည်ဆိုသောအင်ပါယာမှာပါရှားရဲ့ကစားကွင်လောက်သာရှိတော့သည်။

သို့သော်အရှင်နှစ်ပါးကသူငယ်ချင်းကောင်းတွေဖြစ်နေဆဲဖြစ်ပြီးပစ္စည်းကောင်းတွေရလာလျှင်ဦးစွာမျှဝေကြဆဲ။ဒါကနိုင်ငံအသီးသီးကဘုရင်တွေကိုလေးစားအာကျစေပြီးအချင်းချင်းမိတ်ဆွေဖွဲ့ကာငြိမ်းချမ်းရေးယူကြတာကြောင့်ကမ္ဘာလောကကြီးကပိုမိုအေးချမ်းလာစေပြီးစစ်မက်ဆိုတာစကားလုံးမျှသာကျန်ရှိစေခဲ့သည်။

လူတွေရဲ့ဘဝကပိုမိုအေးချမ်းလာပြီးပါရှားပြည်ရဲ့အရှင်'မင်းမြတ်မဟာ'ဆိုသည်နှင့်နတ်ဘုရားတစ်ပါးနှယ်ကိုယ်ကွယ်ဆည်းကပ်ကြလေသည်။

သို့သော်ထိုနတ်ဘုရားရဲ့အခြေအနေကတော့ကောင်းမွန်မနေပါချေ။သူ့ချစ်သူတွေထဲကတစ်ယောက်ကအပြင်းစားဓါးအဆိပ်ကြောင့်အိပ်ယာထဲလဲနေသည်မှာ၆လမျှကြာမြင့်နေပြီဖြစ်လေသည်။တစ်တိုင်းပြည်လုံးကသမားတော်တွေကလက်လျှော့လိုက်ချိန်မှာလူတစ်ယောက်ကတိုင်းပြည်ရဲ့အုပ်ချုပ်မှုကိုသဘောကျနှစ်သက်လို့ဆိုပြီးကုသပေးမည်ဟုပြာဆိုလာခဲ့သည်။ပန်ဒိုရာအတွက်တော့ရေနှစ်ရာကောက်ရိုးတစ်မျှင်ပါပင်။

အဆိပ်အားကပြင်းလွန်းတာကြောင့်တစ်နှစ်တိတိကုသရမည်ဟုသမားတော်ကဆိုလေသည်။နေ့စဥ်နှင့်အမျှအဆိပ်ကိုနည်းနည်းချင်းစီဖယ်ထုတ်နေရမည်ဖြစ်ပြီးတစ်နှစ်အကြာမှာလုံးဝကင်းစင်သွားပေလိမ့်မယ်။အစကမယုံကြည်ပေမယ့်ရက်ကြာလာသည်နှင့်အမျှတိုးတက်လာတဲ့သတိုးကိုကြည့်ပြီးသူလက်ခံလိုက်ရတော့သည်။နောက်ထပ်နည်းတစ်ခုရှိသေးသည်။ထိုနည်းအားသူ့ချစ်သူလေးယောက်ကအပြင်းအထန်ကန့်ကွက်ကြပြီးသူတို့အသက်နှင့်ချိန်းခြောက်ခဲ့သည်။ပန်ဒိုရာဒီလူတွေကိုဘယ်လိုလွန်ဆန်နိုင်ပါ့မလဲ။

ပန်ဒိုရာစားချင်စိတ်မရှိပေမယ့်သူ့ချစ်သူတွေမဝင်,ဝင်ကျွေးပြီးမအိပ်ချင်ပေမယ့်အမျိုးမျိုးအိပ်အောင်လုပ်ကြသည်။

နယ်စပ်ငြိမ်းချမ်းမှုကြောင့်စစ်ဖြစ်စရာမလိုတော့သောအခါထိုသူတွေကသူ့အနောက်မှာသာအချိန်ဖြုန်းကြတော့သည်။အနောက်ဆောင်သည်သူ့ရဲ့တောင်ဝင်အိပ်ဆောင်သာဖြစ်လေသည်။

'အဆိပ်မိတဲ့လူကသတိုးမဟုတ်ပဲကျွန်တော်မျိုးဖြစ်ရင်ကောင်းမယ်'ဆိုသောစကားများကြားရတိုင်းပန်ဒိုရာတတ်နိုင်သမျှပျော်အောင်နေရသည်။သူ့ချစ်သူတွေထဲကမည်သည့်တစ်ယောက်ကိုမှအထိအခိုက်မခံနိုင်ပေ။

ပန်ဒိုရာ,အခုတလောအိမ်မက်တစ်ခုကိုဆက်တိုက်မက်နေခဲ့သည်။ကလေးလေးသုံးယောက်ကသူ့ဆီလာချင်လို့အတင်းပူဆာနေကြသည်။ကလေးမချစ်တတ်သည့်သူ့အတွက်ကတော့အိမ်မက်ဆိုးပင်။သူရောသူ့ချစ်သူတွေရောကယောကျ်ားတွေမို့ကလေးတွေကဘယ်တော့မှသူတို့ဘဝထဲရှိလာမည်မဟုတ်။သူသေသွားလျှင်ဆွေမျိုးနီးစပ်ကထီးနန်းကိုဆက်ခံလိမ့်မယ်ဘာမှတွေးပူမနေ။

ထီးနန်းလွှဲအပ်စဥ်ကဖြစ်ပျက်သမျှကိုဖခမည်းတော်နှင့်ကုန်းကုန်းအားမေးမြန်းချင်ပေမယ့်သတိုးနေပြန်မကောင်းမချင်မေးမြန်ဖို့စိတ်ထဲရှိမနေ။ခမည်းတော်တို့ကယခုထိတော်ဝင်နန်းဆောင်မှာရှိနေကြတုန်းပင်။သတိုးသတိမရမချင်းထွက်မသွားဟုဂတိပေးထားလေသည်။ကုန်းကုန်းကိုကြည့်ရတာကသူ့မိခင်အရင်းလိုပင်။ရုပ်ချင်းပင်အနည်းငယ်ဆင်တူနေသေးသည်။သို့သော်မဖြစ်နိုင်ကုန်းကုန်းကယောကျ်ားတစ်ယောက်ဖြစ်သည်။

သီတာဒေဝီကိုတော့သူ့ရဲ့ဖခင်နိုင်ငံအင်ပါယာသို့ပို့ပြစ်လိုက်သည်။သူ့သူငယ်ချင်းကောင်းကသူ့စိတ်ကိုသိစွာဖြင့်သူမအားစစ်သားတွေဆီအသုံးတော်ခံဖို့ပို့ပြစ်လိုက်ပြီးသုံးလကြာမြင့်ချိန်မှာသူမကကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့သည်။

ညအချိန်မှာလရောင်တစ်ခုကသာလင်းထိန်နေသည်။ပန်ဒိုရာမျက်လုံးတွေကိုဖြည်းညင်းစွာဖွင့်လိုက်ပြီးကြည့်လိုက်တော့လူငယ်လေးယောက်ကကုတင်လေးခုမှာငြိမ်သက်စွာအိပ်ပျော်နေသည်။

ပန်ဒိုရာခြေသံကိုအတတ်နိုင်ဆုံးဖွလိုက်ကာအခန်းထဲမှထွက်ပြီးအဆောင်တစ်ခုဆီဝင်သွားလိုက်သည်။ထိုကုတင်ပေါ်မှာအိပ်စက်နေသူကသတိုးလို့ခေါ်သောသူ့ချစ်သူပင်။၆လလောက်အဆိပ်ကိုထုတ်ယူပြီးနောက်မှာတော့သတိုးရဲ့အသားအရေကပုံမှန်ပြန်ဖြစ်လာပြီးနုတ်ခမ်းတွေကလည်းအနီရောင်သန်းလာနေပြီဖြစ်သည်။သို့သော်ဒီထက်ပိုပြီးသူစိတ်မရှည်နိုင်တော့။ပန်ဒိုရာအဝတ်များကိုဆွဲချွတ်လိုက်ပြီးသူ့ခန္တာကိုယ်ကိုသတိုးကိုယ်ပေါ်ဖိချလိုက်သည်။

ဒုတိယနည်းကချစ်ရည်လူးပြီးအဆိပ်တွေကိုလက်ဆင့်ကမ်းသောနည်းပင်။

လူငယ်လေးယောက်ကမျက်လုံးပွင့်နေပေမယ့်ခန္တာကိုယ်တွေကတော့ငြိမ်သက်နေသည်။အရှင့်ရဲ့အသက်ရူသံနည်းနည်းလေးပြင်းရင်တောင်အလန့်တကြားနိုးထလာတတ်တဲ့သူတို့ကလူတစ်ယောက်လုံးတံခါးအပြင်ဘက်ထွက်သွားတာမသိပဲနေမလား။

သို့သော်ဒီလိုလုပ်ရမှအရှင်ကစိတ်ချမ်းသာမယ်ဆိုရင်။

______________________________________

614❤️
ရေးဖူးသမျှထဲအရှည်ဆုံးအပိုင်းပဲ🥺
______________________________________

Continue Reading

You'll Also Like

120K 1.3K 26
mikhaiah
302K 6.2K 56
Olivia was taken from her family at the age of 2 by her families rivals. She can't remember anything before then, the only thing she can remember is...
718K 24.6K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
124K 3.8K 77
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...