Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 37
----------
"ဟုတ်ကဲ့ပါဗျာ...ကျေးဇူးတင်ပါတယ်.."
ကိုယ်၀န်ရှိကြောင်းသိရပြီး၂ရက်ပဲရှိသေးတယ် တိုင်းသိပြည်သိဖြစ်
ကုန်လေပြီ ဆက်လိုက်တဲ့ဖုန်းတွေဆိုတာလည်း တဂွမ်ဂွမ်နဲ့
နားတွေပါငြီးတယ် "ကလေးရတဲ့အတွက်ဂုဏ်ပြုပါတယ်"
"ဂရုစိုက်ပါ" ဘာညာနဲ့ လာလာပြီးဖားနေတဲ့သူကြီးပဲ
၀မ်လီကလာနေမယ်ဆိုလို့ရှောင်ကျန့်မှာမျက်ခုံးလူပ်နေရတယ်။
"အချစ်ရေ..."
ဟော..လာပါပြီ လင်တော်မောင်က ဖုန်းပြောလို့ပြီးလို့အိပ်ဖို့အတွက်
အခန်းထဲရောက်လာလေပြီ ခုတင်ပေါ်တက်လာတာနဲ့ လက်ထဲမှာ
ဘူးတစ်ခုကကိုင်လာသည် ။
"အဲ့တာဘာလဲဟင်"
"သံလွင်ဆီလေ..."
ဆီဆိုမှတော့ မောင်ကဟိုဟာများလုပ်ဖို့များလား ရှောင်ကျန့်ပြုံးစိစိ
နဲ့မျက်လွှာလေးချကာ မောင့်ရဲ့လက်မောင်းကိုအသာလေးရိုက်လိုက်သည် သူတို့အတူ
ဖြတ်သန်းတုန်းကလည်း မောင်ကတစ်ခါတစ်ရံဒါသုံးတယ်။
"မောင်ကလည်း...ကလေးလေးကအခုမှရောက်တာကို..."
"အင်းလေ"
"အဲ့တာလုပ်မလို့လားလို့ မောင်ကလည်းရှက်စရာကြီး..."
"ဘာလုပ်ရမှာလဲ"
"ဟင်...မောင်ပဲ ဆီယူလာတယ်လေ..."
"အင်းလေ...ဗိုက်ကိုလိမ်းပေးမယ်လေ အကြောမပြတ်အောင်လို့"
"...."
"အမတ်ချင်ရဲ့မိန်းမကပြောတယ်သိလား ကိုယ်၀န်လွယ်ထားရင်
အကြောမပြတ်အောင်လို့ သံလွင်ဆီလိမ်းရတယ်တဲ့ လာလိမ်းပေးမယ် အကျီလေးလှန်လိုက်နော်"
"...."
ကိုယ်၀န်ဆောင်သည်ကာလမှာ ဒီလိုစိတ်ဖြစ်ပေါ်တယ်ဆိုတာ
Omegaတွေအများစုစီမှာဖြစ်ပေါ်တတ်တယ် ရှောင်ကျန့်ရှက်ကာ
အကျီလေးကို ဗိုက်လေးပေါ်တဲ့စီအထိလှန်ပေးလိုက်သည်။
"ကလေးလေးရေ...ဖေဖေလိမ်းပေးမယ်နော်"
"...."
ရှောင်ကျန့်မျက်စောင်းထိုးကာ လိမ်းပေးနေရင်းနဲ့ပဲ အကျီကိုပြန်အုပ်လို့ ဟိုဘက်လှည့်သွားသည်။
"ဘာဖြစ်လို့လဲအချစ် မကြိုက်လို့လား"
"ဟုတ်တယ်!"
"အကြောမပြတ်အောင်လို့လေအချစ်ရယ်..လာပါနော်လိမ်းမယ်
ဒါက အချစ်ကလေးလေးမွေးပြီးတဲ့အထိကိုလိမ်းရမှာ"
"သိဘူး..မလိမ်းနဲ့!"
"ကိုယ်တို့ကလေးလေးအတွက်ပဲလေ"
"အဲ့ဒီ ကလေးလေး ကလေးလေး အတွက်နဲ့ပဲ မောင်ကကျန့်ကျန့်ကို
ဂရုမစိုက်တော့ဘူးလေ.."
"..."
ရှောင်ကျန့်က ထလို့ မောင်နဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်သည်
မျက်နှာကလည်းစူပုတ်ကာ မျက်ခုံးတွေလည်းစုကျုံ့ထားတယ်။
"မောင်က ပြန်လာရင်လည်း ဒီမထွက်သေးတဲ့ဗိုက်ကိုလာလာပြီး
တော့ ကလေးလေးရေ ဖေဖေပြန်လာပြီဘာညာနဲ့ပြောတယ်
ကျန့်ကျန့်ကိုကျတော့လေ..အချစ်ရေကိုယ်ပြန်လာပြီလို့တစ်ခါမှ
မပြောဘူးနော်"
"....."
"ဒါတောင်၂ရက်ပဲရှိသေးတာနော်...မောင်ကျန့်ကျန့်ကိုပစ်ထားတယ်
အင့်! ဒီပေါက်စလေး ဗိုက်ထဲရောက်လာတာကိုသိကတည်းကိုက
ဒီလိုမှန်းသိရင် အိမ်မက်ထဲမှာ မယူဘူးလို့ပြောခဲ့-"
"အချစ်...အဲ့လိုမပြောရဘူးလေ.."
မြို့အုပ်၀မ်မှာ ရှောင်ကျန့်ပါးစပ်ကိုလက်နဲ့အုပ်လို့ ခေါင်းခါပြတယ်
ရှောင်ကျန့်မျက်ခုံးတွေကစုကျုံ့တာပြန်မပြည်ချေ ။
"ကိုယ်ကျန့်ကျန့်ကို ချစ်လည်းချစ်တယ် ဂရုလည်းစိုက်ပါတယ်"
"...."
"နောက်တစ်ခါအဲ့လိုမျိုး မယူချင်ဘူးဆိုတဲ့စကားကိုမပြောပါနဲ့
ကိုယ်မကြိုက်ဘူး...ဆိုးချင်ရင်ကိုယ့်အပေါ်ကိုဆိုး...ကလေးလေး
ကိုအပြစ်ပုံမချနဲ့"
"မောင်ကကျန့်ကျန့်ကိုဆူတယ်ပေါ့လေ.... ကျန့်ကျန့်မကျေနပ်ဘူး
မကြိုက်ဘူး! အင့်..ဟင့်!"
"ကိုယ်မင်းကိုမဆူပါဘူး...ဗိုက်ထဲကကိုယ်တို့နှစ်ယောက်သွေးသား
လေးအတွက်ပြောနေတာပါ.."
"...."
မြို့အုပ်၀မ်ကသူ့ခေါင်းကိုအသာလေးဆွဲလို့ ရင်ခွင်ထဲထည့်လိုက်တယ် ပြီးတော့ ခေါင်းလေးကိုအသာလေးလက်နဲ့သပ်ပေးတယ်။
"ကိုယ့်အချစ်ကလိမ္မာပါတယ်နော်....မဟုတ်လား"
"ကျန့်ကျန့်ကလိမ္မာတယ်"
"အချစ်တွေးကြည့် ကိုယ်တို့တစ်ဖန်လက်ထပ်လို့ပြီးရင် မဂ်လာဆောင်ဓာတ်ပုံကိုဟိုနားမှာချိတ်မယ် အဲ့ဘေးနားမှာ
ကိုယ်တို့မိသားစုဓာတ်ပုံလေး..."
"အင်း ကောင်းတယ်..ကောင်းတယ်...မောင် အချစ်တို့နဲ့မျက်နှာချင်းဆိုင်အခန်းမှာလေ ကလေးလေးအခန်း
ထားမယ်နော် ကျန့်ကျန့်ကပန်းချီဆွဲတတ်တယ်သိလား ဆွဲမယ်
အရုပ်လေးတွေလည်းကျန့်ကျန့်ရွေး၀ယ်မယ်နော်"
"အင်း ကိုယ့်အချစ်အလိုတော်ကျပါဗျာ"
ရှောင်ကျန့်စိတ်ပြောင်းသွားတာပဲကျေးဇူးတင်ပါတယ်လေ
တစ်လပြည့်တော့ ယောက္ခမကြီးရော အမေရောလာနေသည် ။
"ကလေးလေးက ယောကျာ်းလေးဖြစ်မဲ့လက္ခဏာပဲ"
"မိန်းကလေး ဖြစ်ရမှာ..."
၀မ်မျိုးရိုးမှာမိန်းကလေးရှားပါးတဲ့အတွက် ၀မ်မားကမိန်းကလေး
လိုချင်သည် ရှောင်မားကတော့ ယောကျာ်းလေးမှယောကျာ်းလေးပဲ။
"ကျန့်ကျန့်ဗိုက်ဆာတယ်"
"ဒီမှာ အမေက ကြက်သားဟင်း အမေကိုယ်တိုင်ချက်လာတာနော်"
"ဟုတ်ကဲ့"
"ရှောင်ကျန့် မားမားကလေ ဒီက၀က်သားဟင်းကိုချက်ထားတာ"
"အင်း..."
ရှောင်ကျန့်က ကိုယ်၀န်သည်ပီပီ အစပ်တအားစားချင်တယ်
ယောက္ခမနဲ့ မားကလည်း အချိုချက်တွေပဲချက်လာတာ မကြာခင်ဆီးချိုဖြစ်တော့မည် မောင့်ကိုပြောတော့လည်း မောင်ကမစားရဘူးတဲ့လေ ။
"အစပ်မစားရဘူး ထမင်းစားပြီးရင် လမ်းလျှောက် နောက်ပြီးအိပ်
အမေပုံပြင်ဖတ်ပြမယ်"
"....."
ရှောင်ကျန့်မပူလာသေးတဲ့ဗိုက်ကို ငုံ့ကြည့်လိုက်သည် ကလေးလွယ်ထားရတာမလွယ်ပါလားနော်။
"ကျန့်ကျန့်လေး ကလေးကိုယ်၀န်ဆောင်ရပြီဆိုတာနဲ့ အရာရာ
ဂရုစိုက်ရတယ် ပန်းလေးတွေလိုမျိုးနူးညံ့နေရတယ်"
"ဟုတ်ကဲ့"
ယောက္ခမကလမ်းထွက်လျှောက်ပေးတယ် ရှောင်ကျန့်မှာခြေထောက်တွေညောင်းလှပါတယ် ရုပ်ရှင်ကားတွေ
မှာဆိုရင် မင်းသမီးကကိုယ်၀န်ဆောင်တာနဲ့ အိမ်မှာအခန့်သားထိုင်
ပြီး Tvကြည့်လိုက် စာအုပ်ဖတ်လိုက် အာလူးကြော်တွေစားလိုက်နဲ့
ဇိမ်ပဲ ။
*တီ...တီ*
ကားဟွန်းတီးသံကြောင့် ခြံ၀ကိုကြည့်လိုက်တာ မောင်ပြန်လာလေပြီ
ဒီလိုဆို သူစားချင်တဲ့မုန့်တွေပါပါလာတတ်တယ် ကားလေးကသူတို့
ဘေးနားကနေဖြတ်သွားလို့ရပ်လိုက်တာနဲ့ ရှောင်ကျန့်စပြေးတော့တာပဲ။
"ဟဲ့..ဟဲ့...သားကျန့်ကျန့် မပြေးနဲ့လေ!"
"မောင်...မောင်!!"
မြို့အုပ်၀မ်ကားပေါ်ကနေဆင်းဆင်းခြင်းပဲ လူပ်လူပ်လူပ်လူပ်နဲ့
ပြေးလာတဲ့သူကြောင့် မြို့အုပ်၀မ်လက်ဆန့်တန်းလိုက်တာနဲ့သူ့စီ
တန်းနေတာပဲရောက်လာတာ။
"မောင် ကျန့်ကျန့်မှာတာပါလားဟင်"
"အချစ် မပြေးရဘူးဆိုတာ သိရဲ့လား"
"မောင်ကလည်း ငြိုငြင်တာလား ဗိုက်တောင်မထွက်သေးပါဘူးဗျ"
"တစ်ခုခုဖြစ်သွားမှာကိုယ်စိုးရိမ်တာပါ ချော်လဲရင် နှစ်ယောက်လုံး
ထိခိုက်မှာ"
"မောင်ကလည်း ပြေးတာကဘာမှမဖြစ်ပါဘူးဗျ..."
"ကိုယ်မကြိုက်ဘူးနော်"
"ဟွန်း...ပြီးရော..ကျန့်ကျန့်စားချင်တာပါလား"
ရှောင်ကျန့်ကလက်ဝါးလေးဖြန့်လို့ လာတောင်းသည် မြို့အုပ်၀မ်
ခေါင်းငြိမ့်ပြလိုက်တယ် ရှောင်ကျန့်ကပြုံးပျော်လို့သူ့ကိုဖက်ပြီးခုန်
ပြန်သည် ။
"ဟဲ့...ဟဲ့ ဒီကလေးနယ်...ဘာလို့ခုန်နေတာလဲ မခုန်ရဘူး"
၀မ်မားကလာဆွဲတော့မှ ရှောင်ကျန့်ငြိမ်သွားကာ ဟိုကြည့်ဒီကြည့်နဲ့
ကားထဲက အချဉ်ထုပ်တွေကိုမယူသေးချေ။
"အချစ် မယူဘူးလား"
"ယူမှာပေါ့...တိတ်တိတ်နေ"
"ဘာယူတာလဲ ငါ့ကိုပြစမ်း"
၀မ်မားကကားထဲကိုကြည့်လိုက်တော့ ဇီးထုပ်တွေရော အချဉ်ထုပ်
တွေကြောင့် အံ့ဩကာ မြို့အုပ်၀မ်ကိုကြည့်လိုက်သည်။
"နင်..နင်ဘယ်လိုအဖေလဲဟမ်!"
"ဘာဖြစ်လို့လဲ"
"ကိုယ်၀န်သည်တွေကို ဇီးထုပ်တွေ အချဉ်တွေမကျွေးရဘူးလေ "
"ဒါပေမဲ့...အချစ် မင်းပြောတော့ စားလို့ရတယ်ဆို"
"ဟို...ဟို..."
"သားကျန့်ကျန့် အမေဘာပြောထားလဲဟမ်..မစားရပါဘူးလို့
ပြောထားတယ်မဟုတ်လား"
"...."
ရှောင်ကျန့်ကခေါင်းလေးအောက်ငုံ့လို့ မြို့အုပ်၀မ်လက်ကိုဆွဲလာသည် လုပ်ချင်တာလုပ်ပြီးအဆူခံရတော့မှ
ကိုယ့်လက်ကိုလာဆွဲတယ်။
"ကလေးလေးတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲဟင်.."
"အမေ...အချစ်ကိုအဲ့လောက်မဆူပါနဲ့ သူလည်းသူ့အမှားသူသိပါပြီ"
"မင်းလဲပါတယ် ဘာလို့၀ယ်ပေးတာလဲ...နင်လဲဗဟုသုတမရှိဘူး..."
"ဟုတ်ပါပြီ ကျွန်တော်ကြားထဲကနေပဲတောင်းပန်ပါတယ်နော်"
"...."
"ကျန့်ကျန့်က နည်းနည်းလေးပဲ စားတာပါ...ကျန့်ကျန့်တကယ်စားချင်နေလို့ပါ..."
အသံလေးကဝဲတဲ့တဲ့လေးနဲ့ပြောလာတော့ ၀မ်မားမှာစိတ်မကောင်း
ချေ သူမကကလေးတစ်ခုခုဖြစ်မှာစိုးရိမ်နေတာပါ ။
"မောင့်ကိုလိမ်ပြီးတော့ ၀ယ်ခိုင်းတာပါ မောင်ကသိရင်ပေးမစားတော့ဘူးဆိုတာသိလို့ "
"သားကျန့်ရယ်...ဟင်း...နှစ်ရက်တစ်ထုပ်ပဲစားရမယ်..ဘယ်လိုလဲ
အမေဒါကိုလိုက်လျောတာ နောက်ဆုံးအကြိမ်နော်"
"တကယ်!...အင်း..."
"နောက်ပြီး သား၀မ်ကိုလည်းမလိမ်နဲ့ လိမ်တာမကောင်းဘူးကြားလား"
"ဟုတ်ကဲ့..."
ရှောင်ကျန့်ကပြုံးပျော်လို့ ကားထဲကနေ အချဉ်ထုပ်တွေကိုယူကာ
အိမ်ပေါ်တက်သွားတော့သည် ခုနလေးတင်အဆူခံရတုန်းက
ကိုင်ဆွဲခဲ့တဲ့လက်ကိုတောင်သတိမရရှာဘူး သူလိုချင်တာလေးလက်ထဲရောက်လာရင်ပြီးပြီ။
(၈လကြာပြီးနောက်)
"အဲ...ဟင့်!!"
ခွဲစိတ်ခန်းအပြင်ဘက်ကနေကလေးအသံလေးကြားရလေပြီ
မြို့အုပ်၀မ် ပြုံးလိုက်တယ် ခဏတစ်ဖြုတ်နေတော့ ဆရာ၀န်တွေက
လာပြတယ် သေးသေးလေး မျက်လုံးလေးမပွင့်တပွင့်နဲ့ ။
"သမီးမိန်းကလေးလား"
"သားယောကျာ်းလေးပါ မြို့အုပ်မင်း..."
"...."
ရှောင်ကျန့်ကိုယ်၀န်ဆောင်နေတဲ့ကာလပတ်လုံးလုံး မြို့အုပ်၀မ်ခမျာ
မှာ မြို့ထဲကရှိသမျှ နတ်ကွန်းတွေစီမှာသွားဆုတောင်းလိုက်ရတာ
သမီးမိန်းကလေးရဖို့ကို ယခုတော့ မရချေ ဘာပဲဖြစ်ဖြစ်လေ
ကိုယ့်သွေးသားလေးပဲကို အခုချိန်မှာဒါတွေမလိုတော့ပါဘူးလေ။
"သားရေ..."
ကလေးစီကိုလက်ညှိုးလေးပေးလိုက်တော့ သူလေးကလက်ညှိုးကို
ကိုင်လို့ လူပ်ရွနေလေပြီ မြို့အုပ်၀မ်မျက်ရည်စက်လေးတစ်စက်က
ပေါက်ခနဲကျသွားတယ် အော်...သားသမီးရတဲ့ပျော်ရွှင်မူ့ဆိုတာက
ဒီလိုမျိုးကို....။
________________
(2.2.2024)
#Su🐼
Part 37
----------
"အချစ်ရေ..."
ဘူးတစ်ခုကကိုင်လာသည် ။
"အဲ့တာဘာလဲဟင်"
"သံလွင်ဆီလေ..."
"အင်းလေ"
"ဘာလုပ်ရမှာလဲ"
"...."
"...."
"...."
"ဟုတ်တယ်!"
"သိဘူး..မလိမ်းနဲ့!"
ဂရုမစိုက်တော့ဘူးလေ.."
"..."
မပြောဘူးနော်"
"....."
"...."
ကိုအပြစ်ပုံမချနဲ့"
မကြိုက်ဘူး! အင့်..ဟင့်!"
လေးအတွက်ပြောနေတာပါ.."
"...."
"မိန်းကလေး ဖြစ်ရမှာ..."
"ဟုတ်ကဲ့"
"အင်း..."
အမေပုံပြင်ဖတ်ပြမယ်"
"....."
"ဟုတ်ကဲ့"
ဇိမ်ပဲ ။
*တီ...တီ*
"မောင်...မောင်!!"
တန်းနေတာပဲရောက်လာတာ။
ထိခိုက်မှာ"
"ကိုယ်မကြိုက်ဘူးနော်"
ပြန်သည် ။
"အချစ် မယူဘူးလား"
"ယူမှာပေါ့...တိတ်တိတ်နေ"
"ဘာဖြစ်လို့လဲ"
"ဟို...ဟို..."
ပြောထားတယ်မဟုတ်လား"
"...."
"...."
"တကယ်!...အင်း..."
"ဟုတ်ကဲ့..."
(၈လကြာပြီးနောက်)
"အဲ...ဟင့်!!"
"သမီးမိန်းကလေးလား"
"...."
"သားရေ..."
ဒီလိုမျိုးကို....။
________________
(2.2.2024)
#Su🐼