🌹🌹ပန်တော်မူ🌹🌹(Completed)

By yoonshweyeethoon

134K 5.4K 125

သနားစရာကောင်းp ရွာရဲ့အပယ်ခံ ဒွိလိင် ကောင်လေး တစ်ယောက်နဲ့ မိဘတေမရှိတော့လို့သူငယ်ချင်းနေတဲ့ရွာကိုလိုက်လာတဲ့ ဆရ... More

ပန်တော်မူ အပိုင်း(1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အသိပေးချက်
အပိုင်း(5)
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
အပိုင်း(12)
sorry
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
အပိုင်း(17)
အပိုင်း(18)
အပိုင်း(19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
တောင်းပန်ခြင်း
အပိုင်း(23)
အပိုင်း(24)
အပိုင်း(25)
ကျေးဇူးတင်လွှာ
Promotion
Extra
Nèw fic
ရှင်းတမ်းလေးပါ
Thingyan...Present!!!
Present II

အပိုင်း(26) final

5.5K 174 12
By yoonshweyeethoon

" အင်းးး .ကျွတ်..ကျွတ်''

"ဟင် ပန်   ပန်သတိရလာပြီလား နေဦး မောင်ထူပေးမယ်ခန''

ပန်သတိလစ်သွားတော့အကုန်လုံးပြာယာခတ်သွားသည်။.ကျွန်တော် ကတော့အဆိုးဆုံးပေါ့ ဘာလုပ်လို့လုပ်ရမှန်းမသိ ခြေမကိုသ်မိလက်မကိုင်မိဖြစ်နေမိတာ တော်သေးတာ က စကားဝါက ချစ်လွန်းလေးကို သူ့အကို့ဆီလိူက်ပို့​ပေးတာနဲ့ တိုးပြီး ကျွန်တော် အစားသူက ပန့်ကို.စစ်ဆေးပေးသည်။

ပြီးတော့ သူ့ပြောတဲ့စကားကိုကြားပြီးကျွန်တော်အပါအဝင် အကုန်လုံး အံ့အားသင့်ကုန်သည်။.သူပြောတာ 'ပန့်မှာ နောက်ထပ် ကိုယ်ဝန်ရှိနေပြီတဲ့လေ' ကျွန်တော် နဲ့ပန်နဲ့နောက်ထပ်တစ်ယောက်ယူဖို့တိုင်ပင်ထားပေမဲ့အခုလောက်မြန်မြန်ရောက်လာမယ်မထင်ပေ။.ပန်က ဆေးဖြတ်ထားတာ ၂လလောက်ရှိပြီလို့ ပြောပေမဲ့ အာ့လောက် မြန်မယ်မထင် အခုက ၃လ တောင်မပြည့်သေးဘူးလေ ။ ကျွန်တော် က ကလေးယူမှာကိုကြိုသိနေလို့သိပ်မအံ့သြပေမဲ့ ပန်းနုတို့ကတော့ လူံးဝကို အံသြ နေတာဖြစ်သည်။.

အာ့ကျမှ ကျွန်တော် လဲ က လေးနောက်တစ်ယောက်ထပ်ယူဖိူ့ နှစ်ယောက်တိူင်ပင်ထားကြောင်း ၊ ဆေးဖြတ်ထားတာကြာပြီဖြစ်ကြောင်းရှင်းပြရသည်။.ပန့်ကိုယ်တိုင်လဲ ဒီလောက်အစောကြီး ကလေးရမယ်မှန်း ထင်မည်မဟုပေ။.သားသားတုန်းကတောင် တစ်နှစ်ကျော်ကြာမှရတာဆိုတော့ ခုကလေးကိုလဲ အာ့လောက်မကြာရင်တောင် ဒီလောက်မြန်မယ်မထင်ပေ။ပန်းနုတို့ကလဲ ဝမ်းသာကြောင်းပြောသလို သန့်စင်ကလဲ ကလေးနှစ်ယောက်အဖေဖြစ်သွားတဲ့ကျွန်တော့ကို.သူ့ထပ် ဝါ ကြီး သွားပြီ ဆိုပြီးစနေသေးသည်။.သားသားကတော့ သူလိုချင်တဲ့ညီမလေးရတော့မှာဆိုပြီး ပျော်ရွှင်နေသည်။သန့်စင်က ဆိုင်ထဲ ပြန်သွားရမှာမလို့ အခန်းထဲက ထွက်သွားသည်။ ကိုသူရိန်ကလဲလိုက်သွားသည်။.သားသားနဲ့ ချစ်လွန်းလေးရယ် ဘုန်းလေးကတော့ ဆော့ဖို့ဆိုပြီးသားသားက ခေါ်သွားတော့ အခန်းထဲမှာစကားဝါရယ်ပန်းနုရယ် ကျွန်တော် ရယ်ပဲကျန်ခဲ့သည်။

"ကိုကြီး တို့ များ ကြိုတောင် ပြောမပြဘူး အခုတောင် ပန်းနု.အလည်လာတာနဲ့တိုးလို့ မဟုရင်သိမှာတောင်မဟုဘူး''

"မဟုပါဘူး ပန်းနုရယ် ပန်နဲ့ကိုကြီးနဲ့ လဲ ကလေးယူဖို့ တိုင်ပင်ထားတာသိပ်မကြာသေးဘူး ပြီးတော့ ဒီလောက်မြန်မြန်ရမယ်မထင်ထားလို့လေ''

"အာ့တာတော့ ဟုတ်တယ် မပန်းရဲ့ မပန် ဆေးဖြတ်ထားတာ ၂လ ကျော်ရုံရှိသေးတာ''
စကားဝါက သိနေတော့ ကျွန်တော် တောင် အံသြ သွားတယ်

"ဟင် စကားဝါက ဘယ်လို သိတုန်း''

"ဒီလို ဆရာရဲ့ လွန်ထဲ့တဲ့နှစ်လက မပန်က.စကားဝါဆီကိုရောက်လာတယ် ပြီး တော့သူကလေးထပ်ယူချင်လို့တဲ့ ဆေးဖြတ်ရင်အဆင်ပြေပါ့မလားတဲ့ ကံကောင်းလေးမွေးပြီးတာ ပဲ၅နှစ်ရှိနေပြီလေ ဆေးသောက်တဲ့အချိန်ကကြာနေတော့  မပန်က.စိုးရိမ်နေတာ.အရင်ကလေးကိုလဲ ဆေးမသောက်ပဲနဲ့တောင် ၁ နှစ်ကျော်မှ ရတာဆိုတော့ အခုလဲ မပန်ကစိုးရိမ်လိူ့ စကားဝါနဲ့လာတိုင်ပင်တာ''

"ပန်ပန် က ဘာလို့ာစကားဝါဆီသွားရတာလဲ ကိုကြီးတစ်ယောက်လုံးရှိနေတာကို ပြီးတော့ ကံကောင်း ကို ရဖို့ကျအချိန်က ကြာပြီးခုကလေးကျ သိပ်တောင်မစောင့်လိုက်ရဘူးနော်''

"ဆရာ့ဆီမသွားတာက ကိုယ်ဝန်ရှိမှ အသိပေးချင်လို့တဲ့လေ ကံကောင်းလေးကလဲ ညီမလေးလိုချင်နေတာ ကြာပြီ အိမ်က ချစ်လွန်းလေးမွေးပြီးထဲကပဲလေ ဆရာကလဲ ထပ်လိုချင်မှာပဲတဲ့ အာ့ကြောင့် ဆရာကိုအသိမပေးတာ ကံကောင်းတုန်းက ရဖို့ အချိန်ကြာတယ်ဆိုတာ မပန်က ဒွိလိင် လေ မိန်းမတွေလောက်သားအိမ်က အားမကောင်းဘူးလေအာ့ကြောင့်သားအိမ်က သိပ်မပွင့်သေးဘူး အိမ်ထောင် ကျပြီးမှ အိမ်ထောင်ဖက်နဲ့ထိတွေ့တာများပြီး သားအိမ်က ပွင့်လာတာအာ့တော့ အချိန်ကြာတာပေါ့ အခုကလေးလေးကျ အရင်ကလဲမွေးဘူးထားတယ်လေ သွေးသားကလဲ အပြောင်းအလဲ ဖြစ်သွားတာဆိူတော့ ဆေးဖြတ်တာနဲ့တန်းရသွားတာ ''

"သြော် ဒါနဲ့ ကိုကြီး ကရောဘယ်လိုသိတာတုန်း ပန်ပန် ဆေးဖြတ်ထားတာကို''

"ကလေးထပ်ယူဖိူ့ပြောဖြစ်ကြတော့ စကားစပ်မိရင်း သိသွားတာ ပန်ကလဲ ဖွင့်ပြောလာတယ်လေ အာ့တာအကိုတောင် သူ့အတွက် အားဆေး တချို့ဝယ်ပေးမလို့စဉ်းစားနေတုန်းရှိသေးတယ် ကလေးက ရလာတာလေ''

အာလာပ သလာပ ပြောနေရင်းနဲ့ ပန်ဆီက ညည်းသံကြားရပြီး လှုပ်လှုပ်ရွရွ ဖြစ်လာတာကိုမြင်မှ ပန့်ဆီကိုအပြေးသွားရင်း ထူပေးလိုက်သည်။.ပန်က ဆေးချိတ်ပေးထားတာမကုန်သေးတော့ လက်မှာအပ်က တန်းလန်းဖြစ်နေတုန်းလေ အမှတ်တမဲ့ ထိမိပြီးသွေးထွက်မှာဆိုးလို့ သေချာလေးထိန်းပြီး ထူပေးရသည်။

"မောင် ပန်ဘာဖြစ်သွားတာလဲဟင် ''

"ဖြည်းဖြည်း ထိုင် အခုရောခေါင်းမူးသေးလား သက်သာလား ''

"သက်သာပါတယ် မောင်ရဲ့ ပန်လဲ ဘာဖြစ်သွားမှန်းမသိလိူက်ဘူးး ဟင် ပန်းနုက မပြန်ရသေးဘူးလား ပြီးတော့ စကားဝါကရောဘယ်လိုရောက်လာတာလဲ''

ပန်က ကျွန်တော့်ကို စကားလှည့်ပြောနေရင်းနဲ့ပန်းနုနဲ့စကားဝါကို.အခုမှမြင်သွားပြီး မေးနေတာဖြစ်သည်။

"အမလေး ညည်းဆီ အလည်လာပါတယ် အတင်းကို နှင်ထုတ်နေတော့တာပဲ''

"မဟုတာ.ပန်းနုရယ် ငါ့အကြောင်း လဲ နင်မသိတာမှတ်လို့ အခုကအာ့လိုသဘောမျိုးပြောတာမဟုပါဘူး''

"သိပါတယ် မပြန်သေးတာက မပြန်ရမဲ့အကြောင်းအရင်းရှိလို့ စကားဝါရောက်လာတာကလဲ သူ့သမီးလေးနဲ့ လာတာ ကံကောင်းလေးဆီကို ဒါပေမဲ့ နင့်ဆီရောက်လာရမဲ့အကြောင်းရှိလို့ရောက်လာတာ အာ့လိုပဲသိထား''

"မပန် ကျန်းမာရေး ကို ဂရုစိုက်တော့နော် ဟုပြီလား တခုခုဆို ဆရာခရီးသွားလို့မရှိရင်စကားဝါကို ပြောနော်''

"နေပါဦးပန်းနု ရော စကားဝါရောဘာ ​တွေပြောနေတာလဲ ပန်ဖြင့် တစ်ခုမှနားမလည်ဘူး ''

"အခုနားမလည်ရင် နောက်ကျနားလည်သွားလိမ့်မယ် ကိုကြီး ရှင်းပြလိုက် ကဲ မိပန် ငါလဲ ပြန်မယ် အမေ့အိမ်ဝင်ရဦးမှာ စကားဝါရော တခါထဲ ပြန်လိုက်ခဲ့မယ်မလား''

"ဟုကဲ့ လိုက်မယ်လေ မပန် ပြန်ပြီတော့ဆရာခွင့်ပြုပါဦး ''

"အင်း ပါ.ပန်းနု အရမ်းကြီး မမှောင်နဲ့နော် ကလေးပါတယ်စောစောပြန်''

"ဟုကဲ့ပါ ကိုကြီး ရဲ့ ပြန်ပြီ''

ပန်းနုနဲ့စကားဝါပြန်သွားတော့အခန်းထဲမှာပန်နဲ့ မောင် ပဲ ကျန်ခဲ့တော့သည်။ပန်းနုပြောတာနဲ့စကားဝါ ပြောတာတွေတကယ်ကို နားမလည်ပါ။.မောင့်ကိုကြည့်တော့လဲ ပြုံးနေသည်။ပြုံးတာမှ ကြည်ကြည်နူးနူးကိုပြုံးနေတာဖြစ်သည်။ပန် မနေနိူင် တော့ ထုတ်မေးမှ ဖြစ်တော့မည်။.ပန်ရုတ်တရပ်မူးလဲ သွားတာပဲ မှတ်မိသည်။.အာ့တော့ ဘာတွေဖြစ်နေလဲ မောင်ပြောမှ သိတော့မှာဖြစ်သည်။

"မောင်  ပန့်ကို ရှင်းပြဦးလေသူတို့ဘာတွေပြောသွားလဲ''

ပန်မေးပေမဲ့ မောင်ကပြုံးမြဲ ပြုံးနေပြီးဘာမှပြောမလာပါ။.ပန်က ပိုလိူ့တောင်သိချင်စိတ်ပြင်းပြလာသည်။.ဒေါသလဲ ထွက်လာသည်။ တကယ် ဆိူ ဒီကိစ္စလောက်နဲ့ဒေါသထွက်စရာမလိုမှန်းသိပေမဲ့ ဘာလို့ ဒေါသထွက်လာလဲ ပန်လဲ နားမလည်နိုင် ပါ။

"မောင် ပန်မေးနေတယ်လေ ပြုံးရုံပဲ ပြုံးနေတော့မှာလား မပြောတော့ဘူး လား ရတယ် လေ မပြောလဲနေ စကားဝါကို သွားမေးမယ်''

ပန်က ပြောလဲပြော  ကုတင်ပေါ်က ဆင်းဖို့လုပ်နေလို့ အတင်းဆွဲထားရသည်။ လက်ကအပ်ကိုပါဖြုတ်ဖို့လုပ်နေတာတွေ့တော့ နည်းနည်း အံသြ သွားသည်။.ပန်ကအပ် ဆို သိပ်ကြောက်တာ ခုလိုဖြုတ်ဖို့ နေနေသာသာ သူများ ဖြုတ်ပေးတာတောင်သူ့မှာကြောက်လို့ မကြည့်ရဲတာ အခုတော့ ကိုယ်တိုင်တောင်ဆွဲဖြုတ်နေသည်။

"နေပါဦး ပန်ရယ် မောင် ပြောပြပါ့မယ် စိတ်ကို အေးအေးထားဟုပြီလား''

"ပြီးရော ပြောအခု''

ပန်ကဘာလို့ အခုလောက်စိတ်မရှည်တဲ့ပုံဖြစ်နေရတာလဲ ခန့် ကိုယ်တိုင်တောင်နားမလည်နိုင်ပါ။ပန့်လောက် စိတ်ရှည်ပြီးဒေါသထွက်ခဲတာ.ပန်ပဲရှိသည်။.အခုတော့  ဘာကြောင့်စိတ်ဆတ်နေရသလဲ စဉ်းစားရခက်နေသည်။.ကိုယ်ဝန်ကြောင့်များလားလို့တွေးမိတော့ မှ အဆင်​​ပြေ သွားသည်။

"ပန့် မှာ နောက်ထပ် ကလေးလေးရှိနေပြီ ၂လ လောက်ရှိပြီတဲ့''

"တကယ်  မောင် တကယ် ပြောတာလားဟင်''

"တကယ် ပြောတာပေါ့ပန်ရဲ့ ပန့်ကို မောင် က ညာပါ့မလား''

"ဟင့် ပန် ဝမ်းသာလိုက်တာ သားသားအတွက်ညီမလေးရပြီပေါ့နော်''

"ညီမလေး ရော.ဟုပါ့မလား ပန်အခုလို စိတ်ဆတ်နေပုံနဲ့ဆို ယောကျာ်းလေး များလား မသိဘူး''

"ဟုလောက်တယ် နော် မောင်  ပန်လဲ ဘာဖြစ်မှန်းမသိဘူး ခုနကဆို ဒေါသထွက်သွားတာဒါပေမဲ့သားသားက ညီမလေး လိုချင်နေတာ လေ ညီလေးရရင် ဘယ်လိုလုပ်မလဲ''

"သြော် ပန်ရယ် ဘာလေးမွေးမှန်း ကြို သိမလားပန်ရဲ့ယောကျာ်းလေးမွေးလဲ ဘာ​ဖြစ်လဲသားအတွက်အဖော်တောင်ရသေးတယ်ညီမလေးအတွက်ဆို သန့်စင် သမီး ရှိတယ်လေ''

"အင်း ဟုသားပဲနော် ''

"ဟုပါ့ဗျာ အာ့တာကြောင့် စိတ်မပူနဲ့ဟုပြီလား''

ပန်နဲ့ မောင် နဲ့စကားပြောနေရင်းသားက အခန်းထဲပြေးဝင်လာသည်။.ကြည့်ရတာသူ့ညီနဲ့ညီမလေး ပြန်သွား လို့ဖြစ်ရမယ်။.အခန်းထဲရောက်တာနဲ့ကုတင်ပေါ်တန်းတက်လာပြီး ပန့်ဘေးကို ဝင်ထိုင်သည်။.ပြီးမှ ပန်နဲ့မောင့်ကိုသေချာကြည့်ပြီး

"ဟို မေမေ မေမေ့မှာ ညီမလေး ရှိနေပြီဆိုတော့သားသားနဲ့ နောက်ဆိုဆော့လို့ရပြီပေါ့နော်''

"အင်း ပေါ့.သားရဲ့ ဒါနဲ့လေ မေမေ မေးစရာရှိတယ် သားသားကအမှန်တိုင်းဖြေနော်''

"ဟု မေးလေ မေမေ''

"သားသားကညီမလေးပဲလိုချင်တာလား ညီလေးဆိုရင်ရောအဆင်မပြေဘူးလား''

ပန်မေးတော့ သားကစဉ်းစားသလိုလေးလုပ်နေသည်။.မောင့်ကိုလှည့်ကြည့်တော့လဲ မောင်က မျက်စိမှိတ်ပြသည်။.စိတ်မပူနဲ့ဆိုတဲ့သဘောပင်ဖြစ်သည်။ သားသား က ခနစဉ်းစားပြီးတော့

"ညီလေးရလဲ အဆင်ပြေပါတယ် အဓိကက သားစာသင်လို့ရပြီး သားနဲ့အချိန်ပြည့် ဆော့ပေးရင် ဖြစ်တာပဲ ညီမလေးကချစ်ချစ်လေး ရှိတာပဲလေ ''

"သားက လိမ္မာလိုက်တာ ကလေးလေး မွေးလာရင်လဲ ဖေဖေနဲ့မေမေက သားကို အရင်လိုပဲ ချစ်ပြီး ဂရုစိုက်မှာမို့လို့ သားက လျှောက်မတွေးရဘူးနော်''

"ဟု ဖေဖေနဲ့မေမေက သားနဲ့ကလေးလေးကို တူတူချစ်မှာမလား''

"ဒါပေါ့သားရဲ့အတူတူချစ်မှာပေါ့ အာ့တာကြောင့် သားက ကလေးလေးရောက်လာရင် သားကို မချစ်တော့ဘူး ဂရုမစိုက်တော့ဘူးဆိုပြီး မတွေးရဘူးနော် ဟုပြီလား''

"ဟုကဲ့ အာ့ဆို ဒီလို လုပ်လေ ဖေဖေက မေမေ့ကိုချစ် မေမေကသားကိုချစ် သားက ကလေးလေးကိုချစ်မယ် ပြီးတော့ ဖေဖေက သားနဲ့ကလေးလေးကိုပါချစ်ပေးဦးနော်''

"ဟားးးး.ဟုပါပြီ ကွာငါ့သားက အတတ်ကွာ''

"မောင် ရေ အခုထိမရသေးဘူးလား ကြာလှနေပြီ ပန့်ဘာသာ လာလုပ်ရမှာလား''

"လာပါပြီ ဗျာ ဒီမှာ ပန့်အကြိုက် သရက်သီးဖျော်ရည်အေးအေးလေး ဒီမှာသောက်နော်''

ပန့်ဗိုက် က ၇လရှိနေပြီ ဖြစ်သည်။.အရင်ကိုယ်ဝန်ထက်လဲ ပို ပြီးကြီးသည်။.၇ လသာဆိုတယ်တချို့ မွေးကာနီးတွေထက်တောင်ပိုကြီးနေသည်။စိတ်ကလဲဆတ်လိုက်တာမှပြောမနေနဲ့ လုပ်ချင်တာဆို ခုလုပ်ရမှ မလုပ်ရရင် တစ်အိမ်လုံး နေစရာ နေရာမရှိ။.ဒါပေမဲ့ အာ့အထဲမှာ သားသားမပါ.ဘူး သားသားကိုတော့ အရင်လို အလိုလိုက်တယ် ဂရုစိုက် တယ်။.ခန့်ကိုသာ စိတ်မရှည်ရင် ထုရမလား ထောင်းရမလား အနားမှာ ရှိတဲ့တစ်ခုခုနဲ့ကောက်ပေါက်ရမလား လက်ကလဲအရမ်းမြန်သည်။

တခါတလေ စိတ်ကောင်းဝင်ပြန်ရင်လဲ တောင်းပန်ရတာ အမော မနက်ဖက်တွေဆို သူ့စိတ်မရှည်တိုင်း လက်ကပါ ညကျတော့သူ့ဘာသာစိတ်မကောင်းတွေဖြစ်ပြီး တောင်းပန် ။.ကန်တော့ တာကတော့အိမ်ထောင်ကျထဲကဆိုတော့အထူးအဆန်းတော့မဟု။.ကန်တော့ နေရင်းကနေ မနက်က သူပြောသမျှ လုပ်သမျှကိုပါအပြစ်မယူဖို့ပြောရတာတော့တခုပိုသွားသည်။.အခူလဲ သရက်သီးမှည့်ဖျော်ရည်ဆိုလို​့ လုပ်ပေးနေရတာ.စက်နဲ့မကြိတ်နဲ့လက်နဲ့ဖျော်ဆိုလို့ လက်နဲ့သေချာဖျော်ရသည်။.

သူ့ခမျာလဲ အရင်ကိုယ်ဝန်ထက် ပိုပင်ပန်းပါတယ် ကိုယ်ဝန်ရှိတာစသိရထဲကအန်လိုက်ရတာ တောက်လျှောက် ဒီကြားထဲ ဘာမှစားမရ နောက်ဆုံးရေ သောက်တာတောင် ပြန်အန်သည်။.အသီးအနှံလောက်သာစားရသည်။အလှအပလဲ မကြိုက် တခါတလေ သနပ်ခါးတောင်ကလေးများလိုမနည်းချော့လိမ်းပေးရသည်။အရင်ကဆို မျက်နှာပြောင်နဲ့ မနေတတ်တဲ့ပန်က ကိုယ်ဝန်ရထဲက သနပ်ခါးကို မနည်းလိမ်းပေးရသည်။.ဒေါသလဲ ကြီးလာသလို စိတ်ကလဲ ဆတ်လာသည်။အရာရာသူ့သဘောသူ့ဆန္ဒကိုသာဖြည့်ဆည်းပေးနေရသည်

"အဆင်ပြေလားပန် သောက်လို့ ကောင်းလား''

ဖျော်ရည်ခွက် ရှေ့ချပေးပြီး အဆင်ပြေမပြေမေးရသေးသည်။.မပြေရင် ထပ်ဖျော်ရအောင်လဲ အဆင်သင့် ပြင်ထားရသေးသည်။ခန့်ဘဝက အခုမှ ဆယ်တန်းအောင်စာရင်းကြည့်ရတာထက်ကို ရင်တုန်နေရသည်။.ပြန်ဖျော်ရတာ ပြသနာမရှိ အရသာမကောင်းလို့ဆိုပြီး အနားရှိတဲ့ဟာနဲ့ကောက်ပေါက်မှသာလန့် နေရသည်။ကိုယ့်ကို ခိုက်မိတာပြသနာမရှိ ပေမဲ့ညကျရင် အာ့တာကို ပြန်တွေးပြီး သူပဲ စိတ်မကောင်းဖြစ်မှာကိုစိုးရိမ်တာဖြစ်သည်။

"ကောင်းတယ် ပန်ကြိုက်တယ် ပန့်ယောကျာ်းက တော်လိုက်တာ ''

"ဟုပါပြီဗျာ  ပန် ကြိုက်ရင် ကျေနပ်ပါတယ်  နေရတာ အဆင်ပြေလား ပန် ကလေးက လှုပ်နေလား အရမ်း''

"မပြောနေနဲ့တော့ ဘောလုံး သမားသေလို့များဝင်စားသလားမသိဘူး တစ်ချက်တစ်ချက် ကန်လိုက်ရင်များ ခါးကို ကော့တက်သွားတာပဲ''

"ဟင် ဟုလား အရမ်းကန်နေတာလား''

"ဟုတ်တယ်  တစ်မနက်လုံးပဲ သားသားတုန်းကတောင်အာ့လောက်မကန်ဘူး အခုကလေးလေးက တော်တော်ကန်တာ ''

"အင်း ဟုတ်တယ်  သားသားတုန်းက ငြိမ်သလောက်သူ့ကျမှ တအားကဲ မွေးလာရင် ပန်တော့တုတ်တစ်ချောင်းနဲ့ရွာပတ်နေရတော့မယ်ထင်တယ်''

"အင်း  ရွာထိပ်က ကြိမ်လုံးရောင်းနဲ့ဆိုင်မှာကြိမ်လုံး ကြိုမှာထားမယ်...အာ့..''

"ကန်ပြန်ပြီးလား ပြောနေရင်းနဲ့  ကဲ ဗိုက်ထဲက ပေါက်စ အရမ်းမကန်နဲ့ ကန်ချင်ရင် အပြင်ရောက်မှ ဖေဖေနဲ့​ ဘောလုံးကန်​မယ် ဟုပြီလား မေမေ နာနေပြီ အခု ငြိမ်ငြိမ်လေး နေတော့''

"အယ် တကယ် ငြိမ်သွားပြီ ကလေးနှစ်ယောက် မွေးပါတယ်နှစ်ယောက်လုံး အဖေချစ်တွေကြီးပဲ''

"ပန့် ကိုလဲ ချစ်ကြပါတယ် ကွာ ကဲ ဗိုက်ထဲက ကလေးလေးက ငြိမ်သွားပြီ ဆိုတော့မေမေလဲ ရေချိုးပြီး ငြိမ်ငြိမ်လေး အိပ်ရမယ် လာ သွားမယ်''

သားသား ကိုယ်ဝန်နဲ့တုန်းကလိုပဲ အောက်ထပ်မှာပြောင်းနေတာဖြစ်သည်၊၊ ကိုယ်ဝန်လရင့်မှသာပြောင်းရသည်။ သားသားတုန်းက ကိုယ်ဝန်စရှိထဲကပြောင်းပေမဲ့ အခုကလေးကျ ပန်ကမပြောင်းပဲပေကပ်ပြီး အပေါ်မှာသာနေသည်။လရင့်လာလေ သူ့ဗိုက်က ဖောင်းလာပြီး သူ့ခြေထောက်သူမမြင်တော့မှအောက်မှာ ပြောင်းနေဖို့သဘောတူတာဖြစ်သည်။ဒါတောင် အကုန်ဝိုင်းပြီး မနည်းပြောမှရသည်။ပန် က ပိုပြီးကလေးဆန်လာလေကျွန်တော်ကပိုချစ်ရလေပေါ့။

"အူဝဲ...အူဝဲ...ဝါးးးး''

"အေးပါသမီးလေးရယ် ခနလေး ဟိုမှာမေမေလာနေပြီနော် ...ပန်ရေ မြန်မြန်လာဒီမှာမင်း သမီးက တော်တော်နို့ဆာနေတာ''

"လာပြီ လာပြီ  မောင်ရေ ဟော..မေ့သမီးလေးချိုချိုဆာနေတာလား မေမေတိုက်မှာပေါ့သမီးရယ် ''

မောင် နဲ့ပန်ရဲ့ ဒုတိယကလေးလေးက သားသားလိုချင်တယ်ဆိုတဲ့သမီးလေးပင်ဖြစ်သည်။.သမီးက သားသားနဲ့မတူ နို့ဆာရင်အသံပြဲကြီးနဲ့ကို ငိူတာဖြစ်သည်။ အရမ်းလဲ ဂျီကျသည်။.သားသားတုန်းကအာ့လောက်ဂျီမကျသော်လဲ သမီးလေးကတော့ တကယ့် အဂျီသမားလေးဖြစ်သည်။အာ့တာကြောင့် သမီးလေး ကိုယ်ဝန်နဲ့တုန်းကပန်က စိတ်ဆတ်တာဖြစ်လောက်မည်။သမီးလေးကို ဆောင်းတွင်းပိုင်းမှာမွေးလို့ အေးအေးချမ်းချမ်း လေးများ ဖြစ်မလားလို့ ကောက်စိန်လေးဖြစ်နေသည်။ငိုရင်လဲ အသံကိူပြဲလို့ တအိမ်လုံးကြား ဒေါသကလဲ ကြီး သူ့အကိုအရွယ်လောက်ဆို ထိန်းလို့ကိုနိုင်မှာမဟုဘူး။

အခုဆို သမီးလေးက ၅လပြည့်ပြီ ဖြစ်သည်။.သားသားကိူ ချစ်သောမောင်  လို့မှည့်ထားတော့သမီးလေးကို ချစ်ခြင်းလကာ် လို့ မှည့်ထားသည်။ မောင်နဲ့ပန် နှစ်ယောက်လုံးရဲ့ချစ်ခြင်းတွေက ဖြစ်တည်လာတဲ့  သ​ကေ်တ လေးတွေဖြစ်လို့  ခုလိုနာမည်လေးတွေပေးဖြစ်တာပင်။ သားသားက အခုဆို ၆နှစ်ပြည့်လို့သူငယ်တန်း တက်နေပြီ။သူ့ညီမလေးကိုလဲသိပ်ချစ် ကျောင်းမသွားခင်က ကျောင်းကပြန်လာတိုင်းနမ်းရတာအမော။သူ့ညီမလေး ရလို့ ချစ်လွန်းအိမ်လေးကို ဂရုမစိုက်ပဲမနေ ချစ်လွန်းလေး​က ၄နှစ်ပြည့်ပြီဆိုတော့ သမီးလေးကို ညီမလေးဆိုပြီးပါးစပ်ဖျားကမချ ညီမလေးအတွက် အရုပ်ကတစ်မျိုး မုန့်ကတစ်မျိုး သူ့ညီမလေးက စားတတ်တာဆိုတော့လေ။.ပန်းနု.သားလေးလဲတခါတလေ အလည်လာတတ်သည်။လူတကာအပေါ် ဗိုလ်ကျပေမဲ့သူ့ ညီမလေး အပေါ်ဆို အရမ်း အလိုလိုက်သည်။ ဟို ကမစားတတ်ပါဘူးပြောလဲ လာတိုင်း မုန့်ယူလာသည်။မိဘတွေက ချစ်ခင်သလို ကလေးတွေလဲ ခုလုံးစည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်မြင်ရတာ သိပ်ကြည်နူးဖို့ကောင်းသည်။နောင်လဲ အခုလို ချစ်ချစ်ခင်ခင် ဆက်ပြီးနေနိုင်ဖို့လဲဆုတောင်းသည်။

" လကာ်ရေ...  သမီး ... အော်ဒီ ကလေး ဘယ်ကိုသွားမှန်းမသိဘူး လကာ်...မေမေခေါ်နေတုန်းလာနော်''

အသက်လေး က ၄နှစ်ပြည့်လာလေ မွှေလိ​ုက်တဲ့  အမွှေ တစ်ရွာလုံးရဲ့ အမွှေစိန် အခုဆို အဖေအမေ ပေးထားတဲ့ ချစ်ခြင်းလကာ်ဆိူတဲ့နာမည်ကပျောက်နေပြီးအမွှေစိန်ဆိုတဲ့နာမည်က တွင်နေပြီ။ အပြင်မှာမွှေရရင်မွှေရ မမွှေရရင် အိမ်မှာပတ်မွှေတယ် ဆိုင်က ကလေးတွေဆိုတာလဲ သူ့အမွှေနဲ့လွတ်တယ်ကိုမရှိ။ သားသားက စတုတ္ထတန်းရောက်နေသလို ချစ်လွန်းလေးက ဒုတိယတန်း ဘုန်းလေး က သူငယ်တန်း အသီးသီး ကျောင်းတက်နေတော့ သူ့မွှေစရာ လူမရှိဘူးလေ အာ့တော့ ဆိုင်က ကလေးတွေ ရွာထဲက လူတွေကိုပတ်မွှေတာ တနေ့ တနေ့သူ့ပြသနာကိုပဲ ပတ်ရှင်းနေရတာလဲမလွယ်ပါ။အခုလဲ သူများအိမ်က ကြက်ကို လောက်လေးခွနဲ့ပစ်တယ်တဲ့လေ။.သူ့အဖေ လဲ အာ့လိုတွေဝါသနာမပါ ပန်ဆို ပိုဆိုး.သူ့အကိုလဲ သူ့အရွယ်မှာ အာ့လောက် မဆော့ အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး ဆော့တာ သူ့ကျကာမှ ထိန်းမနိုင်ဘူး။

"ဟီးးး မေ  သားရောက်ပြီ''

"ဘာ သားလဲ လကာ် မေမေ ပြောထားတယ် လေ သမီးလို့ ပြောဆိုတာ''
သမီးက စကားပြောတတ်စထဲက သူ့ကိုယ်သူ သားဆိုပြီးပြောသည်။.ဘယ်လိုပြင်ပေးပေးခနသာ မိန်းကလေး ဂါဝန်တွေဘာတွေဝတ်ပေးလို့မရ။.အမြဲ ချည်ဝမ်းဆက်လေးတွေသာဝတ်ပေးရသည်။တခါတလေ အပေါ်ကသူ့အကိုစွပ်ကျယ်နဲ့အောက်က ဘောင်းဘီ တိုနဲ့သူ့အဖေ ပုဆိုးကို.စလွယ်သိုင်းပြီးလောက်လေးတစ်ခုနဲ့ရွာပတ်တော့တာပဲ။

"မေမေ ကလဲ ''

"ဘာမှ မေမေက မလဲနဲ့ ကဲပြောပါဦး သူများအိမ်က ကြက်ကို ဘာကိစ္စ လောက်လေးခွနဲ့ပစ်ရတာတုန်း''

"ဟီးး သားက တမင်ပြစ်တာမဟုပါဘူးမေမေရာ.အာ့ကြက်က သားကိုအရင်လိုက်ခွပ်တာ''

"သူခွပ်အောင် ရှင်လေးက ဘာသွားလုပ်လဲမှမသိတာ''

"မလုပ်ပါဘူး မေမေရာ.ဖိုးလုံးကပြောတယ် အာ့ဒေါ်ကြီးအိမ်က မာလကာသီး တွေ ရင့်နေပြီတဲ့ ဆိုလို့ ပထမတော့.သားကသွားတောင်းတာ သူက မပေးဘူးတဲ့လေ အာ့တာကြောင့် သားကတိတ်တိတ်လေး သွားခိုးတာ အာ့မှာ.အာ့ကြက်ကလိုက်ခွပ်လို့ သားက ပြန်ပစ်လိုက်တာ ကြက်က တခါထဲလဲသွားတာပြန်ကိုမထတော့ဘူး''

"ကောင်းရော.သူများမာလကာသီးလဲ ခိုးသေးတယ် ကြက်လဲ ပစ်သေးတယ် ကို့အပြစ်ကိုသိတယ်နော် တွေ့မယ်ခနစောင့်''

"မေကလဲ သားကတမင်လုပ်တာမှမဟုတာ မရိုက်ပါနဲ့''

"မရဘူး ရိုက်မှကိုရတော့မှာ မဟုရင် ပိုပြီးဆိုးလာမှာ''

"အားးး ဖေရေ ဖေ သားကို လိုက် ရိုက်နေတယ် ဗျို့''

ပန်က အဆင်သင့်ချထားတဲ့တုတ်နဲ့လိုက်ရိုက်တာ တရွာလုံးကြားအောင်ကိုအော်ပြေးသည်။မရိုက်လို့မရတစ်ယောက်မဟုတစ်ယောက်က အမြဲကာစီးကာစီးလုပ်နေတော့သူကပိုဆိုးလာတာ မရိုက်ရင်ပိုဆိုးမှာ

"အော်မနေနဲ့ ရိုက်ကိုရိုက်မှာ ဘယ်သူလာဆွဲဆွဲ မရဘူး''

"ဟော..ပန် ဘာဖြစ်နေတာတုန်း ဖေ့ အမွှေစိန်လေးဘာလို့ ပတ်ပြေးနေတာလဲ''

"ဖေ့ ချီ သားကိုချီ''

သူ့အဖေက သူ့သမီးအသံကြားတော့ ဆိုင်ထဲကထွက်လာသည်။ဟိုကလဲ ကြားအောင် ကိုတမင်အော်တာလေ ။သူ့အဖေက သူ့သမီးဆိုသည်းသည်းလှုပ် ဟိုက စကားတတ်တော့သူကသားထက်ကို အချစ်ပိုသည်။.ကိုသန့်စင်နဲ့ပန်းနုကရော ဘာထူးလဲ အတူတူပင် သူတို့ အလိုလိုက်လို့ ဒီကလေး ဒီလောက် ဆိုးနေတာ။

"ဘာဖြစ်ရမလဲ မောင့်သမီးပေါ့....'' ကနေ အစချီပြီး သူ့သမီး ပြသနာ ကိုပြောပြတော့ သဘောကျပြီရီတောင်နေသည်။

"ကဲပါ ပန်ရယ် သမီးကို မဆူပါနဲ့ မောင်သေချာပြောပြလိုက်မယ် ကြက်ဖိုးတောင်းလဲပေးလိုက် အရှင်လိုချင်လဲ ခြံကပေးလိုကိ''

"မောင် တို့ အာ့လို အလိုလိုက်လို့ဆိုးနေတာသူက''

"ညီမလေးရေ ကိုကို ပြန်လာပြီ''

"ဟာ.ကိုကို သားအတွက်ဘာပါလဲ''

လာပြန်ပြီ နောက်တစ်ယောက်သူတိူ့တွေအာ့လိုသည်းသည်းလှုပ်ပြလေ ဟိုက ပိုဆိုးလေ။ရောက်တာနဲ့သူ့ညီမကို တန်းမေးတာပဲ အခုလဲ ကြည့် အဖေလုပ်သူက သမီးကိုချီ အကိုလုပ်သူက အနားကတတွတ်တွတ်ပြောပြီး အိမ်ထဲဝင်သွားလေရဲ့ နောက်ဆုံးတော့ပန်ကပဲလူဆိုးဖြစ်ရသည်။ အိမ်ထဲဝင်သွားတဲ့ကျောပြင်သုံးခူကိုကြည့်ပြီး ပျော်ရွှင်ရသည်။ ပန့်ဘဝက တစ်ရွာလုံးရဲ့အနှိမ်ခံအပြောခံဘဝကနေ မောင့်နဲ့ယူပြီးချိန်ကစပြီး အခုချိန်ထိ တစ်ရွာလုံးရဲ့ အမြင်ကောင်းတွေကို ပိူင်ဆိုင်နိုင်ခဲ့သလို သာယာကျော်ရွှင်တဲ့မိသားစု ဘဝကိုလဲ ပိုင်ဆိုင်ရသည်။.ပန်တော်မူ ဆိူတဲကျွန်မ ဘဝမှာ အခုလို ပျော်ရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ဖူးဘူး အခုတော့ မောင် ဆိူတဲ့လူသားကြောင့် ဘဝမှာပျော်ရွှင်မှု စိတ်ချမ်းသာမှု စည်းစိမ် ချမ်းသာအပြည့်နဲ့ တခါမှမမက်ဘူးတဲ့အိပ်မက်က အပြင်မှာလက်တွေ့ဖြစ်လာခဲ့သည်။.မောင်​က ပန့်ဘဝ ဆို သားနဲ့သမီးက ပန့်ရဲ့အနာဂတ်လေးတွေပင်ဖြစ်သည်။ နောင်ဘဝဆိုတာများ ရှိခဲ့ရင် ဒီမိသားစု နဲ့ပဲ ပြန်လည်စုံဆည်း ပါရစေပဲဆုတောင်းရင်း အိမ်ထဲကို လိုက်ဝင်ခဲ့လိုက်တော့သည်။

...........................................

Yoon

နောက်ဆုံးတော့ပြီးသွားခဲ့ပါပြီ။.စာလုံးရေ ၄၂၀၀ ကျော်ပါတယ်နော် ။ စောင့်ပေးလို့လဲကျေးဇူးပါရှင့်။သီးသန့်ထပ်ပြီးကျေးဇူးတင်ပါ့မယ်

Continue Reading

You'll Also Like

1.4M 103K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
452K 13K 27
"I know you were once Anakin Skywalker, my father..." "That name no longer has any meaning to me." Anakin Skywalker is in for an eye-opening experien...
11.8K 478 27
aizawa's daily dose of head aches
142K 3.6K 47
Blakelyn and Harry finally have their own place with their little family. As they start to deal with their adult lives, stress and hard decisions may...