ပန်ဒိုရာအိပ်နေတုန်းတစ်ယောက်ယောက်ကသူ့ကိုပွေ့ချီသွားနေတာကြောင့်မျက်မှောင်ကျုံ့လိုက်သည်။အနံ့အရဆိုရင်တော့သတိုးပဲ။သတိုးကသူ့ကိုစိတ်ဆိုးနေတာမလား..မဟုတ်မှစိတ်ဆိုးပြေသွားပြီလား။
အရင်ကဆိုလုံးဝနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့အချိန်မှာတောင်ခြေသံလေးကြားလိုက်တာနဲ့ထထိုင်ကာသေနတ်ဆွဲထုတ်ပြီးသားပင်။ချစ်သူတွေရှိလာပြီးကတည်းကသတိရှိမှုတွေလျှော့ပါးလာပြီးအကျင့်ပျက်လာတာကိုသတိထားမိပေမယ့်ပြင်ချင်စိတ်လည်းမရှိ။
"သတိုး...ဘယ်ခေါ်သွားမလို့လဲ"
"အရှင့်သားနိုးသွားပြီလားဒီတိုင်းလေးမှီပြီးမှိန်းနေလိုက်ပါအုန်းရောက်ရင်ကျွန်တော်မျိုးနိုးလိုက်ပါ့မယ်"
"အွန်း..သတိုးငါမင်းကိုချစ်တယ်နော်"
သတိုးအသဲယားစွာဖြင့်အရှင့်သားရဲ့တင်ပါးဖောင်းဖောင်အိအိလေးတွေညှစ်ပြစ်လိုက်တော့အရှင့်သားကဖွဖွလေးပြန်ကိုက်လာသည်။
'တကယ်ပါပဲဒီလူသားကိုတစ်ယောက်ထဲပိုင်ဆိုင်ချင်လိုက်တာ'
လေအေးတွေတိုက်နေသလိုခံစားရတာကြောင့်ပန်ဒိုရာမျက်လုံးဖွင့်ကြည့်လိုက်တော့သူတို့ကသစ်ပင်မြင့်ကြီးပေါ်ရောက်နေတာပင်။
"မင်းရူးနေတာလားကွ"
"ရူးတိုးတိုး!...အရှင့်သားဟိုမှာကြည့်"
သတိုးပြသောနေရာသို့ကြည့်လိုက်တော့သီတာဒေဝီကိုမြင်လိုက်ရတာကြောင့်ဒေါသထွက်မည်အပြုသတိုးကသူ့ပါးစပ်ကိုအသာပိတ်လာပြီးပါးပြင်ကိုချွတ်ခနဲနေအောင်နမ်းပြစ်လိုက်သည်။
ယောကျာ်းတန်မဲ့ထိုသို့အနမ်းခံရတာကြောင့်ပန်ဒိုရာမျက်နှာမှာရဲခနဲဖြစ်သွားသည်။
သီတာဒေဝီကမိုင်တွေနေပြီးသူမဘေးကအစေခံတစ်စုကတော့အစာစားဖို့သူမကိုချောမော့နေကြသည်။အဆုံးမှာတော့သီတာဒေဝီက,စားပွဲပေါ်မှအစားအသောက်တွေကိုဖြည်းငြင်းစွာစားသောက်တော့သည်။
"ဘာလို့ငါ့ကိုဒါတွေလာကြည့်ခိုင်းနေတာလဲအရမ်းလွှမ်းနေရင်မင့်ဟာမကိုမင့်ဘာသာလာကြည့်ပါလား"
သတိုးရဲ့တောင်းပန်ချော့မော့သောအနမ်းလေးများကြောင့်ပန်ဒိုရာရဲ့ပါးတွေနွေးသွားရပြန်သည်။
"အား........"
ရုတ်တရက်သီတာဒေဝီရဲ့အော်ဟစ်သံကနန်းဆောင်တစ်ခုလုံးဆူညံစွာပြန့်နှံ့လာတာကြောင့်ပန်ဒိုရာလှည့်ကြည့်လိုက်တော့သူမလက်ထဲမှာကြွက်သေတစ်ကောင်ပါလာသည်။ကြည့်ရတာဟင်းခွက်ထဲမှထွက်ပေါ်လာသောကျိန်စာတိုက်ကြွက်သေဖြစ်ပုံရသည်။
သူမကအချိန်ကြာမြင့်စွာအော်ဟစ်ပြီးနောက်ကြမ်းပြင်ပေါ်လဲကျသွားပြီးအစေခံတွေကပြေးလွှာကာသူမကိုဖေးမပေးနေကြသည်။
"အရှင့်သားကျေနပ်ရဲ့လား"
"အင်း..ငါ့ကောင်လေးကသိပ်တော်တာပဲ"
သတိုးကျော်စွာမှာချီးကျူးခံရမှုကြောင့်အပျော်လွန်ပြီးနောက်ဆုတ်လိုက်တာကြောင့်သစ်ပင်ပေါ်ကဒလိမ့်ကောက်ကွေးပြုတ်ကျသွားတော့သည်။ကိုယ့်ဖော့ပညာသည်လည်းအချစ်မှာပျော်ဝင်နေချိန်ဆိုအသုံးမဝင်တော့။
ပန်ဒိုရာကတော့သစ်ပင်ပေါ်မှအူပြတ်မတတ်ရယ်မောလေတော့သည်။ကံကောင်းစွာဖြင့်အထဲမှရှုပ်ထွေးနေသောအခြေအနေကြောင့်ဘယ်သူကမှသူတို့ကိုဂရုမစိုက်မိကြ။
ပန်ဒိုရာပျော်ရွှင်စွာဖြင့်နန်းဆောင်ထဲဝင်လိုက်တော့လှောင်ပြုံးများနှင့်ကြည့်လာသောနေသွေးမဂ္ဂကိုတွေ့လိုက်ရသည်။နောက်သို့အလျှင်အမြန်ဆုတ်ပြီးပြုံးစိပြုံးစိနှင့်ခြေလှမ်းတွေကိုနှေးကွေးစွာလျှောက်လာသောသတိုးကိုဖက်လိုက်ကာ
"သတိုး,နန်းဆောင်ထဲပြန်မလိုက်နဲ့တော့တရားရုံးကိုပြန်တော့လေအဲ့ဒီမှာလုပ်စရာတွေအများကြီးရှိနေမှာပေါ့"
"ဟင့်အင်းဒီနေ့အရှင့်သားနဲ့အချိန်ကုန်ဆုံးဖို့အလုပ်တွေအကုန်နားထားပြီးသား"
"ဒါ..ဒါပေမယ့်မကြာခင်ကိုယ်တော်ကနန်းတက်တော့မှာလေပိုင်ရှင်မဲ့တပ်ကိစ္စတွေဖြစ်နိုင်သမျှမြန်မြန်သိချင်တယ်"
"အဲ့တာအတွက်မပူပါနဲ့အရှင့်သားနန်းမတက်ခင်အားလုံးပြေလည်သွားစေရမယ်'
"ဒါပေမယ့်ငါကိုယ်တော်စိတ်ပူနေတုန်းပဲလေ"
"......."
"နော်.ဒီအိမ်ရှေ့စံစကားကိုနားထောင်မယ်မလားဟင်"
သတိုးကျော်စွာအသဲယားပြီးဖျစ်ညှစ်ပြစ်ချင်စိတ်ကိုမြိုသိပ်လိုက်ကာခေါင်းငုံ့အရိုအသေပေးပြီးထွက်သွားလိုက်သည်။
သတိုးနန်းဆောင်အပြင်ရောက်သွားသည်နှင့်ပန်ဒိုရာအခန်းထဲပြန်ဝင်လာကာဆောင့်ကြောင့်ထိုင်နေသောနေသွေးမဂ္ဂကိုပြုံးပြလိုက်သည်။
"နေသွေးရောက်နေတာပဲဒီအိမ်ရှေ့စံကလွှမ်းနေခဲ့တာ"
"ကျွန်တော်မျိုးကိုလွှမ်းလို့တစ်ခြားတစ်ယောက်နဲ့သွားပျော်ပါးနေတာလား"
"မဟုတ်တာအပြင်ထွက်ရင်နေသွေးကိုလွှမ်းနေတာများလျော့သွားမလားလို့ပါ"
"ဟိုတရားသူကြီးဆိုတဲ့ကောင်ကိုအရှင့်သားမျက်နှာလိုက်လွန်းနေတာမဟုတ်ဘူးလား"
"မဟုတ်တာကိုယ်တော်ကသူ့ကိုခေါင်းထဲတောင်ရှိတာမဟုတ်ဘူးနေသွေးလေးကိုပဲတကယ်ချစ်တာ"
"ဒုတ်"
တစ်ခုခုပြုတ်ကျသံကြောင့်ပန်ဒိုရာလှည့်ကြည့်လိုက်တော့မှတ်တမ်းရေးရာစာအုပ်ထူကြီးနှင့်လှပသောပန်းတစ်ချို့ကကြမ်းခင်းပေါ်ပြုတ်ကျနေပြီးသတိုးကတော့နီရဲနေသောမျက်လုံးများနှင့်သူ့ကိုစိုက်ကြည့်ပြီးနောက်အလျှင်အမြန်ထွက်ပြေးသွားတော့သည်။
ပန်ဒိုရာကြောင်အနေရာမှသတိဝင်လာပြီး
"သတိုးခနနေပါအုန်း"
ပန်ဒိုရာပြေးလိုက်ပြီးချော့ဖို့ပြင်ပေမယ့်နေသွေးကသူ့လက်ကိုဆွဲထားတာကြောင့်ဘယ်လိုမှလိုက်သွားလို့မရ။
"နေသွေးလက်ဖယ်စမ်းအတင်အကြပ်လုပ်တာငါမကြိုက်ဘူးနော်"
"ကျွန်တော်မျိုးကိုချစ်ရင်မသွားပါနဲ့"
"နေသွေး!မင်းအခုချက်ချင်းလက်မဖယ်ရင်ရှေ့ဆက်ပြီးငါမင်းနဲ့ပတ်သက်စရာမရှိတော့ဘူး"
ပန်ဒိုရာကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသောနေသွေးမဂ္ဂရဲ့လက်ကချက်ချင်းကိုဖြည်ချလိုက်ပြီးဘာသံမှထပ်ထွက်မလာတော့။
ပန်ဒိုရာရင်ထဲတစ်မျိုးဖြစ်သွားပေမယ့်သတိုးကိုချော့ဖို့သာစိတ်ဇောနေတာကြောင့်များများစားစားမတွေးမိပဲနဖူးလေးကိုနမ်းချိုက်လိုက်ပြီးသတိုးကိုရှာဖို့ထွက်ခဲ့လိုက်သည်။
သတိုးတို့အိမ်တော်ထဲထိဝင်ရှာပေမယ့်သတိုးရဲ့အရိပ်အယောင်တောင်မတွေ့ရပဲသတိုးရဲ့မိဘများနှင့်ညီမလေးကိုသာတွေ့ခဲ့ရသည်။
သတိုးမိဘများကသူ့ကို'အိမ်ရှေ့စံ'တစ်ပါးလိုရိုရိုသေသေကြိုဆိုကြတာကြောင့်အနည်းငယ်တော့အံ့သြသင့်မိသွားသည်။ရုပ်ရှင်ထဲကအတိုင်းဆိုရင်ဒီလင်မယားကသူ့ကိုအထင်အမြင်သေးပြီးနှိမ့်ချစွာဆက်ဆံတတ်သည်မလား။သို့သော်လည်းအပြောင်းအလဲတွေအများကြီးဖြစ်နေတာမို့ထူးပြီးအံ့သြမနေတော့။
သတိုးရဲ့ညီမလေးကရုပ်ရှင်ထဲကအတိုင်းသိပ်ကိုလှပပြီးသိမ်မွေ့သည်။
သတိုးပြောပြဖူးသောညစ်ပတ်ကာအပျင်းကြီးပြီးရုပ်ဆိုးလွန်းသောမိန်းကလေးနှင့်လားလားမှမဆိုင်။သတိုးကဘာလို့သူ့ညီမလေးကိုဒီလိုပြောရတာလဲ။သတိုးနဲ့သူ့ညီမလေးကအဆင်မပြေဘူးလား။
ပန်ဒိုရာထိုမိန်းကလေးကိုမကြည်သလိုကြည့်လိုက်သည်။သတိုးနဲ့အဆင်မပြေရင်သူနဲ့လည်းအဆင်ပြေစရာဘာအကြောင်းမှမရှိဘူး။
မဏိကျော်စွာမှာကြောင်တောင်တောင်နှင့်သာကျန်ခဲ့တော့သည်။ဘာလဲ..ဘာလို့ယောကျ်ားတွေအာလုံးကသူမကိုသဘောမကျရတာလဲ။အကိုဖြစ်သူရောစစ်သူကြီးတွေရောအခုအိမ်ရှေ့စံအထိပါ....။
ပန်ဒိုရာကတော့မိန်းကလေးတစ်ယောက်ကိုစိတ်ဒဏ်ရာပေးမိသွားမှန်းမသိပဲသူတွေ့ချင်တဲ့လူတစ်ယောက်ကိုသာကြိုးစားပြီးရှာနေလေလျှက်။
တရားရုံမှာပါမရှိတာကြောင့်မင်းဆက်ဝဏ္ဏရဲ့တပ်ထဲထိသွားရှာလိုက်သည်။ဘာပဲဖြစ်ဖြစ်သူတို့ကသူငယ်ချင်းတွေပဲမဟုတ်ဘူးလား။
မင်းဆက်ဝဏ္ဏကပန်ဒိုရာကိုမြင်မြင်ချင်းလေ့ကျင့်နေရာမှခုန်ထွက်လာပြီး
"အရှင့်သားကျွန်တော်မျိုးဆီလာတာလားတကယ်ကျွန်တော်မျိုးဆီလာတာလား"
"အဟမ်း!ငါ..ငါသတိုးကိုလာရှာတာပါ"
မင်းဆက်ဝဏ္ဏကမျက်မှောင်ကျုံ့လိုက်ပြီး
"အဲ့ကောင်ကိုရှာတာဘာလို့ကျွန်တော်မျိုးတပ်ထဲလဲ"
"သူ့ကိုရှာတာဘယ်မှာမှမတွေ့လို့ဒီမှာများရှိမလားလို့ပါ"
ပန်ဒိုရာစကားဆုံးသည်နှင့်မင်းဆက်ဝဏ္ဏကလေ့ကျင့်ရေးကွင်းထဲပြန်ခုန်ဝင်သွားပြီးသူ့ရဲ့လက်အောက်ငယ်သားများနှင့်ပြန်လည်တိုက်ခိုက်နေကာသူ့ကိုနည်းနည်းလေးမှတောင်လှည့်ကြည့်မလာတော့။
"ဘာလဲနောက်တစ်ယောက်ကောက်သွားပြန်ပြီလား"
ပန်ဒိုရာစိတ်ဓါတ်ကျသွားပေမယ့်သူရမြတ်သူဆီသွားရှာဖို့ဆုံးဖြတ်လိုက်သည်။
ဒီတစ်ခါနောက်ဆုံးပဲအဲ့နေရာမှာမရှိရင်ထပ်မရှာတော့ဘူး။
သူရမြတ်သူမှာအရှင့်သားကိုမြင်မြင်ချင်းထမင်းထုပ်ကိုပြစ်ချလိုက်ပြီးလက်ကိုဖြစ်သလိုဆေးကြောကာအမြန်ပြေးသွားပြီးအရှင့်သားကိုထွေးပွေ့လိုက်သည်။
"ကျွန်တော်မျိုးသိသားပဲအရှင့်သားကျွန်တော်မျိုးဆီတစ်နေ့တော့အလည်မယ်ဆိုတာ"
"အဟမ်း!"
"တပ်ထဲထိတောင်လာရှာတာဆိုတော့ကျွန်တော်မျိုးကိုအရမ်းလွှမ်းနေလို့မလား"
"မျှော်လင့်မနေနဲ့အရှင့်သားကတရားသူကြီးဆိုတဲ့ကောင်ကိုလိုက်ရှာနေတာငါတို့ကိုမဟုတ်ဘူး"
မင်းဆက်ဝဏ္ဏရဲ့အသံကနောက်ကနေပေါ်ထွက်လာပြီး
"ဆွေးနွေးစရာရှိလို့အရေးကြီးတယ်"
ဟုဆိုကာသူရမြတ်သူရဲ့ပုခုံးကနေဆွဲဖက်ကာအတူတကွထွက်သွားလိုက်ကြသည်။သူရမြတ်သူအရှင့်သားရဲ့မျက်နှာကိုကြည့်လိုက်တော့ငြင်းဆိုလိုမှုများမတွေ့ရတာကြောင့်စိတ်ဓါတ်ကျကာသူငယ်ချင်းဖြစ်သူနောက်သာလိုက်သွားလိုက်သည်။အရှင့်သားဆီကမျှော်လင့်ရတာသိပ်ပင်ပန်းနေပြီ။
မင်းစေမဟာ,အရှင့်သားပေးထားသောအိတ်ဆောင်နာရီလေးကိုကြည့်ရင်းမျက်ရည်ဝဲလာပေမယ့်မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာပြန်သိမ်းလိုက်သည်။တပ်ကိစ္စနှင့်မအားတဲ့ကြားထဲကအရှင့်သားပင်ပန်းမှာစိုးတာကြောင့်မိဘမဲ့ကလေးတွေကိုတာဝန်ယူပေးခဲ့သည်။
သို့သော်အရှင့်သားမှာသူ့အတွက်ခံစားချက်သေးသေးလေးတောင်ရှိပုံမပေါ်။ဒီနေ့လာကြည့်ပါ့မယ်လို့သူ့ကိုဂတိပေးထားခဲ့တယ်လေ။အခုအချိန်ဘယ်လောက်တောင်ရှိနေပြီးလဲ။ဒီနေ့လေးကိုရောက်ဖို့သူဘယ်လောက်တောင်မျှော်လင့်ထားရတာလဲ။အရှင့်သားကိုတွေ့ဖို့သူဘယ်လိုတောင်ပြင်ဆင်ထားလိုက်ရသလဲ။
ခန္တာကိုယ်ပေါ်ကမွှေးရနံ့နဲ့ခေါင်းပေါ်ကအဆီတရွဲရွဲကသူ့ကိုလှောင်ပြုံး,ပြုံးနေလျှက်။
ပန်ဒိုရာအိပ်ရာပေါ်လူးလိမ့်လိုက်သည်။သူဘယ်လောက်ပဲထိုလူတွေဆီကိုသွားသွားထိုလူတွေကတော့နည်းနည်းလေးမှတောင်အတွေ့မခံတော့။အရင်ကသူ့ကိုတွေ့ရင်,ခုန်ပေါက်ပြီးပြေးလာတဲ့လူတွေကအခုတော့သူ့ကိုတွေ့တာနဲ့တန်းနေအောင်လစ်ပြေးသွားကြသည်။
အစကသူလဲစိတ်ဆိုးပြီးနေနိုင်ရင်နေကွာဆိုပြီးပြစ်ထားခဲ့သေးသည်။
တစ်ရက်၊နှစ်ရက်မဟုတ်ပဲတစ်လတိတိဖြစ်လာတဲ့အချိန်မှာတော့ပန်ဒိုရာတစ်ကိုယ်လုံးပိုးကောင်ကိုင်မိသလိုယွစိထိုးနေတော့သည်။
ဝန်ခံပါတယ်..ဝန်ခံပါတယ်ဒီလူတွေကသူမရှိရင်မနေနိုင်တာမဟုတ်ပဲသူကသာဒီလူတွေမရှိရင်မနေနိုင်တော့တာ။
"ကြိုးဘယ်မှာလဲ..ကြိုးယူခဲ့ကြစမ်းငါ့ကိုယ်ငါသတ်သေပြစ်လိုက်တော့မယ်ငါ့အလောင်းကိုတော့လာကြည့်ကြမှာပါ"
အစေခံတွေကကုန်းကုန်းအမိန့်မရတာကြောင့်လုံးဝမလှုပ်ရှားရဲကြ။
ကုန်းကုန်းကအရှင့်သားစကားကိုနားမထောင်။သူ့ဟာသူတစ်ဖက်လှည့်ပြီးချည်သာဆက်ထိုးနေသည်။
မြေးလေးတွေရမယ်ဆိုတဲ့သူ့ရဲ့အိပ်မက်ကိုသေတောင်မစွန့်လွှတ်နိုင်ဘူး။
ပန်ဒိုရာကတော့ကုန်းကုန်းရဲ့အမူအယာကိုကြည့်ပြီးဒေါသထွက်ထွက်ဖြင့်ကိုယ့်ဆံပင်ကိုယ်ဆွဲဆုပ်ကာအော်ဟစ်ပြစ်လိုက်တော့သည်။
______________________________________
614❤️
______________________________________