Sponsor

By __SWARA__

16.8K 449 18

Name- Sponsor Web Name- Sponsor Author: 아노르이실 Translator: Nieve Genre: Adult, Drama, Mature, Romance, Slice... More

Description
Part [1.1] Z+U
Part [1.2] Z+U
Part [1.3] Z+U
Part [2.1] Z+U
Part [ 2.2 ]
Part [ 3 ]
Part [4]
Part [5]
Part [6]
Part [7]
Part [ 8 ]
Part [ 9 ]
Part [11]
Sponsor Tele paid channel
Part [12] Z+U
Paid Channel Promotion
Part [13] Z+U

Part [ 10 ]

641 17 1
By __SWARA__

Sponsor

[ Part 10 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

ယူအီရင်းက မူယွန့်ကို စိတ်ဆိုးနေတဲ့အမူအရာတွေ မကြာခဏပြလေ့ရှိပြီး သူတို့ဆုံခဲ့တဲ့ ဒီလိုအချိန်တိုလေးအတွင်းမှာ အများဆုံးတွေ့ရတာက စိတ်ဆိုးနေတဲ့ပုံစံနဲ့ အမူအရာကင်းမဲ့တဲ့ပုံစံဖြစ်တာကြောင့် သူ့ရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတွေနဲ့ ရင်းနှီးနေပြီဆိုပေမဲ့ ဒီနေ့မှာတော့ ပိုပြီး စူးရှနေတယ်။
သူတို့နှစ်ယောက်က မကြာခဏ မတွေ့တာတောင်မှ ယူအီရင်းစိတ်ဆိုးနေတဲ့အတိုင်းအတာကို ခွဲခြားပြောနိုင်တဲ့အထိ အသားကျနေတာကတော့ နည်းနည်း ရယ်စရာကောင်းပါတယ်။
မူယွန်က အခုချိန်မှာ မရယ်သင့်ဘူးထင်လို့ ကြိုးစားပြီး မျက်နှာတည်ထားရတယ်။

“တစ်ခါတလေမှာ ကျွန်တော့်ရဲ့စပွန်ဆာက ဘာလဲဆိုတာကို တကယ် နားမလည်နိုင်ဘူး”

ယူအီရင်းက ဆိုဖာကို မှီရင်း ပြောလာတော့ မူယွန်က သူ့ရဲ့အကြည့်တွေကို ခိုးကြောင်ခိုးဝှက်နဲ့ ရှောင်လွှဲသွားတယ်။ သူကိုယ်တိုင်လည်း ယူအီရင်းကို ပြန်ဖြေဖို့ အဖြေမရှိပါဘူးလေ။

“ဘေးနားကလူတွေ ဆူဆူညံညံစကားပြောနေလို့ စိတ်ဆိုးပြီး တဖြည်းဖြည်း သည်းခံဖို့ ခက်ခဲလာတဲ့အချိန်မှာ ရိုက်ကူးရေးကို ရပ်ပေးလို့ အများကြီး ကျေးဇူးတင်ပေမဲ့ ကျွန်တော့်ကို အခုလို အလျင်စလို ဆွဲခေါ်လာတဲ့အတွက် အကြောင်းပြချက်တစ်ခုခု ရှိသင့်တယ်လေ”

“အဲဲ့ဒါက တစ်ခုခုဖြစ်လို့”

“ဘာဖြစ်တာလဲ”

သူက ယူအီရင်းကို တွေ့ချင်လာပြီး အဲ့ဒီစိတ်က မနေ့က သူ့အသံကို ကြားလိုက်ရချိန်မှာ ပိုပြင်းထန်လာတယ်။ ရက်အနည်းငယ်ကြာတဲ့အထိ ယူအီရင်းကို မတွေ့ရတာတောင်မှ သူ့အကြောင်းကို အဲ့ဒီလောက်မတွေးမိပေမဲ့ သူ့အသံကို ကြားပြီးတဲ့နောက်မှာတော့ ချက်ချင်း တွေ့ချင်လာတယ်။

အဲ့ဒါကြောင့် တစ်ညလုံးနေပြီးတဲ့နောက် အတွင်းရေးမှူးယော ရောက်လာတာနဲ့ ယူအီရင်းကို ဆိုးလ်ကို ခေါ်ခိုင်းလိုက်ပြီး ချက်ချင်းတွေ့ချင်နေမိလို့ အလုပ်မလုပ်ခင် သူ့ရုံးခန်းဆီ ခေါ်လာဖို့ ပြောလိုက်တယ်။ အတွင်းရေးမှူးယောက ပြောသမျှ ဖြစ်လာအောင် လုပ်ပေးမယ်ဆိုတာ သိနေတာကြောင့် မကြာခင် ယူအီရင်းကို တွေ့ရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားမျှော်လင့်နေစရာပဲရှိတယ်။
မျှော်လင့်ထားတဲ့အတိုင်း မူယွန် တံခါးဖွင့်လိုက်တာနဲ့ သူ့ကို ထထိုးတော့မလိုမျိုး မျက်မှောင်ကြုတ်ထားတဲ့ ယူအီရင်းကို တွေ့လိုက်ရတယ်။
အိပ်ချင်မူးတူးနဲ့ အဲ့ဒီဖူးရောင်နေတဲ့ မျက်နှာထက်မှာ ကိုင်းထူထူမျက်မှန်တစ်လက်ကို တပ်ထားပြီး သူ့ကို လွှမ်းခြုံထားတဲ့ အဝတ်အစားထူထူကြီးတွေကလည်း အချိန်မရွေး ဆိုဖာခုံထဲကို နစ်ဝင်သွားတော့မလိုမျိုး ပုံကျနေတဲ့ပုံစံပေါက်နေပြီး နဖူးကြောတွေကို အနည်းငယ် တွန့်ချိုးထားတယ်။
အနည်းငယ် အံဝင်ခွင်ကျမဖြစ်တဲ့ပုံစံနဲ့ ယူအီရင်းရဲ့စူးရှနေတဲ့အမူအရာတွေ ပေါင်းစပ်ထားတာက အတော်လေး ကြည့်ကောင်းနေတယ်။

“အနည်းဆုံးတော့ တောင်းပန်စကား ပြောသင့်တယ်မလား”

“ပြောရတာ မခက်ပေမဲ့ စိတ်ရင်းနဲ့ ထွက်ပေါ်လာလိမ့်မယ်လို့တော့ မထင်ဘူး”

“ခင်ဗျားက အမြဲတမ်း အပြောင်းအလဲမြန်ပြီး ခန့်မှန်းရခက်တဲ့လူမျိုးလား”

“အဲဲ့ဒီလိုတော့ မထင်ပေမဲ့ ငါက ငါလုပ်ချင်တာကို ချက်ချင်းလုပ်တတ်တဲ့သူမျိုးပဲ”

ဆိုဖာထဲမှာ နစ်မြုပ်နေတဲ့ ယူအီရင်းက မူယွန့်ကို စိုက်ကြည့်ကာ စိတ်ဆိုးမာန်ဆိုးနဲ့ တောက်ခေါက်လိုက်ပြီး အတွင်းရေးမှူးပြင်ပေးထားတဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်တယ်။
မူယွန်လည်း ယူအီရင်းလို တစ်ငုံသောက်လိုက်တော့ လည်ချောင်းထဲကို စီးဝင်သွားတဲ့ ခပ်နွေးနွေးအရည်တွေက အခုခံစားနေရတဲ့ တင်းအားတွေကို အနည်းငယ်တော့ စိတ်သက်သာရာရသွားစေတယ်။

“ခင်ဗျား ကျွန်တော့်ကို ဒီလိုမျိုး အစောကြီး ဘာလို့ ရဟတ်ယာဥ်နဲ့ ခေါ်လာတာလဲ”

မူယွန်က ထူးဆန်းတဲ့ပုံမပေါက်အောင် ဘယ်လိုပြောရမလဲ စဥ်းစားရင်း စကားလုံးတွေကို အကြိမ်ကြိမ် ရွေးချယ်နေပေမဲ့ အခြေအနေကြီးကိုက ထူးဆန်းနေပြီး မူယွန့်ဘက်က တွေးကြည့်ရင်တောင် သူ့ရဲ့အပြုအမူတွေက တကယ်ထူးဆန်းနေတာကြောင့် သင့်လျော်တဲ့အမူအရာကို မရွေးချယ်နိုင်ဘူး။

“ယူအီရင်းရဲ့မျက်နှာကို တွေ့ချင်လို့”

“ဒါပဲလား၊ ကျွန်တော့်ကို ရှိသမျှနည်းနဲ့ ဒီကို ဆွဲခေါ်လာတာက ကျွန်တော့်မျက်နှာကို တွေ့ဖို့ပဲလား”

ယူအီရင်းရဲ့မျက်နှာက အနည်းငယ် ပိုရှုံ့မဲ့သွားပေမဲ့ မူယွန့်မှာ ထပ်တိုးစရာ ဆင်ခြေမရှိတော့ဘဲ သူ့ကို ခေါ်လိုက်တာကလည်း တကယ်ကြီး သူ့မျက်နှာကို မြင်ချင်လို့လေ။

“အဲဲ့ဒါဆိုရင် နောက်တစ်ခါ ကျွန်တော့်ကို တွေ့ချင်ရင် ကျွန်တော့်ကို လာတွေ့ခိုင်းပါ”

ပြီးတော့ ယူအီရင်းရဲ့တုံ့ပြန်ပုံက မူယွန် မျှော်လင့်ထားတာနဲ့ အနည်းငယ်ကွဲလွဲနေပြီး ဒီလောက်ပဲတဲ့လား။ မူယွန်က သူ့ကို အနည်းငယ် အံ့အားသင့်တဲ့အကြည့်တွေနဲ့ ကြည့်လာတော့ ယူအီရင်းက စိတ်ပျက်နေတဲ့အမူအရာနဲ့ ညည်းညူပြီး မူယွန့်ရဲ့အကြည့်တွေကို တည်ငြိမ်စွာနဲ့ ဖြေပေးလာတယ်။

“ကျွန်တော့်ကို ရူးသွားပြီး ဒေါသတကြီး လျှောက်လုပ်နေတယ်လို့ ထင်နေတာလား”

သူ ဒေါသတကြီး လျှောက်မလုပ်နေရင်တောင်မှ မူယွန်တစ်ယောက် သွားတော့မယ်ပြောပြီး ချက်ချင်းထွက်သွားတဲ့ ယူအီရင်းကို လုံခြုံရေးအဖွဲ့က ပြန်ဖမ်းခေါ်လာတဲ့ မြင်ကွင်းကို မြင်ယောင်လာတယ်။
မူယွန်က အရူးတစ်ယောက်လို ခေါင်းညိတ်ပြလာတော့ ယူအီရင်းက အံ့ဩသွားတဲ့ပုံစံနဲ့ အနည်းငယ် ပြုံးပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။

“အင်း ဟိုနဲ့ဒီနဲ့ သွားရတာ ပင်ပန်းတယ်ဆိုပေမဲ့ ရိုက်ကူးရေးမှာ မမြင်ချင်တဲ့လူတွေကို ကြည့်ပြီး ဒါရိုက်တာပြောတာကို နားထောင်နေရတာထက်စာရင် CEO ဆိုးရဲ့ မျက်နှာကို မြင်နေရတာက ပိုကောင်းပါတယ်၊ အမှန်အတိုင်းပြောရရင် ဝေလီဝေလင်းအချိန်မှာ နှိုးပြီး ဆိုးလ်ကို လာခိုင်းတာကို စိတ်ဆိုးပေမဲ့ ဆင်ခြေပေးရရင် နားချိန်ရသွားတာပေါ့”

“အဲဲ့ဒါဆိုရင် အခု စိတ်မဆိုးတော့ဘူးလား”

“ဘာလို့ ခင်ဗျားက ကျွန်တော့်ကို စိတ်ဆိုးစေချင်နေတာလဲ”

“ဘာ..”

“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက အတော်ထူးဆန်းတာပဲ”

ယူအီရင်းက တစ်ခဏလောက်ရယ်ပြီး ဖြည်းဖြည်းချင်း ရွှေ့ကာ ဆိုဖာပေါ် လှဲချလိုက်တယ်။ သူ့ခန္ဓာကိုယ်ထက် ပိုကြီးတဲ့ ဂျာကင်အင်္ကျီကြီးကို ဝတ်ပြီး မူယွန်ရဲ့ရုံးခန်းထဲက ဆိုဖာပေါ်မှာ လှဲအိပ်နေတယ်။
မူယွန်က အနည်းငယ် အံ့အားသင့်သွားပြီး ယူအီရင်းကို လှမ်းခေါ်လိုက်ပေမဲ့ ယူအီရင်းက အိပ်ဖို့အဆင်သင့်အနေအထားနဲ့ မျက်လုံးမှိတ်ထားတယ်။

“မစ္စတာ ယူအီရင်း”

“CEO ဆိုးကြောင့် အရုဏ်တက်ချိန်တည်းက ဒီကို အတင်းလာခိုင်းထားတာမလို့ နည်းနည်းလောက်တော့ အိပ်ခွင့်ပေး၊ ခင်ဗျားက ကျွန်တော့်မျက်နှာကိုပဲ မြင်ချင်တာဆိုရင် ကျွန်တော် အိပ်အိပ်မအိပ်အိပ် ကိစ္စမရှိဘူးလေ”

ယူအီရင်းက တကယ်ကြီး ပင်ပန်းနေသလိုမျိုး အသံကျယ်ကျယ်နဲ့ သမ်းဝေပြီး လူးလှိမ့်နေရင်းနဲ့ သက်သောင့်သက်သာအနေအထားဖြစ်အောင် ကြိုးစားနေတယ်။
မူယွန်က အတော်လေး ဇဝေဇဝါဖြစ်သွားပြီး ယူအီရင်းဆီ လက်လှမ်းကာ လှုပ်နှိုးလိုက်ပေမဲ့ နိုးမလာဘူး။ အခုလို အချိန်တိုလေးအတွင်း အိပ်ပျော်သွားလောက်တဲ့အထိ တကယ် ပင်ပန်းနေပုံရတဲ့ ယူအီရင်းဆီက ဟောက်သံတစ်ချက်တောင် ထွက်လာသေးတယ်။
မူယွန်က အိပ်ပျော်နေတဲ့ ယူအီရင်းနဲ့ ရုံးခန်းတံခါးကို တစ်လှည့်စီ ကြည့်နေမိတယ်။
သူ့ရဲ့ရုံးခန်းက အမြဲတမ်း လူစုံနေတတ်ပြီး တစ်ခါတလေ အစည်းအဝေးလုပ်တတ်သလို အစီရင်ခံစာတွေကိုလည်း ဒီနေရာမှာ လက်ခံတာဖြစ်ပြီး ဧည့်သည်တွေလည်း မကြာခဏ လာတတ်တယ်လေ။ မူယွန်က သူတို့ အဆင်မပြေဖြစ်မှာကို ဂရုမစိုက်ပေမဲ့ အိပ်ပျော်နေတဲ့ယူအီရင်း သက်သောင့်သက်သာမရှိမှာကိုတော့ စိတ်ပူနေမိတယ်။
သူ့ကြောင့် မိုးမလင်းခင်ကတည်းက ဆွဲခေါ်ခံထားရတဲ့ သူ့ကို နည်းနည်းလောက် ပိုသက်သောင့်သက်သာနဲ့ အိပ်စေချင်သလို အဲ့ဒီအကြောင်းပြချက်နဲ့မဟုတ်ရင်တောင် သူ့ရဲ့ရှေ့မှာ အိပ်နေတဲ့ သူ့ကို နိုးမသွားစေချင်ဘူး။
မူယွန်က ရုံးခန်းတံခါးနားကို သွားပြီး တံခါးလက်ကိုင်ကို တိတ်တဆိတ် လှည့်လိုက်ပြီး အသာလေးဖွင့်လိုက်တော့ အပြင်ဘက်ကို သူကိုယ်တိုင် ထွက်လာမယ်လို့ ထင်ထားပုံမရတဲ့ အတွင်းရေးမှူးက စိတ်ရှုပ်နေတဲ့ပုံစံနဲ့ သူ့အနားကို ကပ်လာတယ်။

“တစ်ခုခု လိုလို့လား”

“မဟုတ်ဘူး ဒီနေ့ အတွင်းရေးမှူးရုံးခန်းကို သုံးမယ်၊ ဘယ်သူ့ကိုမှ ရုံးခန်းထဲ အဝင်မခံနဲ့”

“ဘယ်လို”

အတွင်းရေးမှူးက ကြောင်တောင်တောင်နဲ့ ပြန်မေးလာပေမဲ့ မူယွန်က ပြန်မဖြေဘဲ တံခါးပိတ်ပြီး ရုံးခန်းထဲကနေ ထွက်လာတယ်။ လူတိုင်းက စဥ်းစားရခက်နေကြပေမဲ့ အခုချိန်မှာတော့ မူယွန်နေဖို့ အဆင်ပြေတဲ့နေရာတစ်ခုကို အမြန်ပြင်ဆင်လိုက်ကြတယ်။ ရုံးခန်းရှေ့မှာ ဆယ်မိနစ်လောက် ရပ်ပြီးချိန်မှာတော့ မူယွန်က အလျင်အမြန် ပြင်ဆင်လိုက်တဲ့ ယာယီထိုင်ခုံပေါ်မှာ ထိုင်ချလိုက်တယ်။

“ရုံးခန်းထဲကို မဝင်ကြပါနဲ့ အတွင်းရေးမှူးရောပါတယ်”

“ကောင်းပါပြီ CEO”

အတွင်းရေးမှူးက သူ့နည်းနဲ့သူ ဖြေရှင်းလိုက်တာကြောင့် အထိတ်တလန့်အသံတွေတော့ ထွက်မလာဘူး။
မူယွန်က ရုံးခန်းထဲက ထွက်လာတာကြောင့် အတွင်းရေးမှူးရုံးခန်းထဲမှာ အလုပ်များသွားကြပြီး အားလုံးက မသက်မသာဖြစ်နေတဲ့ မျက်နှာတွေနဲ့ အပြေးအလွှား လှုပ်ရှားနေကြတယ်။ တချို့က ဖုန်းပြောရင်း နေရာအနှံ့ သွားနေကြပြီး တချို့က ဖုန်းယူပြီး အပြင်ထွက်သွားကြတယ်။
မူယွန်က သူ့ရုံးခန်းကို မသုံးတာကြောင့် အစည်းအဝေးနဲ့ အစီရင်ခံတာက အတွင်းရေးမှူးရုံးခန်းမှာ လုပ်လို့ရပေမဲ့ နိုင်ငံခြားကလာတဲ့ဝယ်သူတွေနဲ့ တခြားကုမ္ပဏီတွေက ကိုယ်စားလှယ်တွေကိုတော့ အတွင်းရေးမှူးရုံးခန်းထဲမှာ ဧည့်ခံလို့မရပါဘူး။
အစည်းအဝေးအနည်းငယ်ကို လျှော့ချပြီး အရေးကြီးပုဂ္ဂိုလ်တွေကို အပြင်မှာတွေ့ဖို့ အချိန်ဇယားညှိလိုက်ရတာကြောင့် အချိန်နဲ့အမျှ ရေးဆွဲထားတဲ့ မူယွန်ရဲ့အချိန်ဇယားက ယူအီရင်းကိုတွေ့ဖို့ ညှိထားပြီးသားဖြစ်တဲ့အတွက် လူတိုင်း အလုပ်များသွားရတယ်။ မူယွန်ရဲ့အချိန်ဇယားကို ညှိရုံတင်မက တစ်ဖက်လူရဲ့အချိန်ဇယားကိုလည်း ညှိယူရတာကြောင့် အတွင်းရေးမှူးရုံးခန်းက အရေးပေါ်အခြေအနေကို ရောက်သွားတယ်။
မူယွန်က သူတို့အလုပ်ရှုပ်နေတာကို သိပေမဲ့ အထဲကိုဝင်၊ ယူအီရင်းကို နှိုးပြီး ထွက်သွားခိုင်းဖို့ စိတ်ကူးမရှိပါဘူး။

“ဥက္ကဋ္ဌချန်းနဲ့တွေ့ဖို့ အချိန်ဇယားရွှေ့ထားတာမလို့ အခုသွားသင့်တယ် ထင်ပါတယ်”

မူယွန်က ရုံးခန်းတံခါးကို အတော်ကြာကြည့်ပြီးတဲ့နောက် မတ်တတ်ထရပ်လိုက်ပြီး အတွင်းရေးမှူးကိုင်ထားတဲ့ ကုတ်အင်္ကျီကို လက်လှမ်းယူလိုက်တယ်။

“မြန်မြန်သွားကြတာပေါ့”
***

Swara Web Novel Translation

[ Zawgyi ]

ယူအီရင္းက မူယြန္႔ကို စိတ္ဆိုးေနတဲ့အမူအရာေတြ မၾကာခဏျပေလ့ရွိၿပီး သူတို႔ဆုံခဲ့တဲ့ ဒီလိုအခ်ိန္တိုေလးအတြင္းမွာ အမ်ားဆုံးေတြ႕ရတာက စိတ္ဆိုးေနတဲ့ပုံစံနဲ႔ အမူအရာကင္းမဲ့တဲ့ပုံစံျဖစ္တာေၾကာင့္ သူ႔ရဲ႕တြန္႔ခ်ိဳးေနတဲ့မ်က္ခုံးေတြနဲ႔ ရင္းႏွီးေနၿပီဆိုေပမဲ့ ဒီေန႔မွာေတာ့ ပိုၿပီး စူးရွေနတယ္။
သူတို႔ႏွစ္ေယာက္က မၾကာခဏ မေတြ႕တာေတာင္မွ ယူအီရင္းစိတ္ဆိုးေနတဲ့အတိုင္းအတာကို ခြဲျခားေျပာႏိုင္တဲ့အထိ အသားက်ေနတာကေတာ့ နည္းနည္း ရယ္စရာေကာင္းပါတယ္။
မူယြန္က အခုခ်ိန္မွာ မရယ္သင့္ဘူးထင္လို႔ ႀကိဳးစားၿပီး မ်က္ႏွာတည္ထားရတယ္။

“တစ္ခါတေလမွာ ကြၽန္ေတာ့္ရဲ႕စပြန္ဆာက ဘာလဲဆိုတာကို တကယ္ နားမလည္ႏိုင္ဘူး”

ယူအီရင္းက ဆိုဖာကို မွီရင္း ေျပာလာေတာ့ မူယြန္က သူ႔ရဲ႕အၾကည့္ေတြကို ခိုးေၾကာင္ခိုးဝွက္နဲ႔ ေရွာင္လႊဲသြားတယ္။ သူကိုယ္တိုင္လည္း ယူအီရင္းကို ျပန္ေျဖဖို႔ အေျဖမရွိပါဘူးေလ။

“ေဘးနားကလူေတြ ဆူဆူညံညံစကားေျပာေနလို႔ စိတ္ဆိုးၿပီး တျဖည္းျဖည္း သည္းခံဖို႔ ခက္ခဲလာတဲ့အခ်ိန္မွာ ႐ိုက္ကူးေရးကို ရပ္ေပးလို႔ အမ်ားႀကီး ေက်းဇူးတင္ေပမဲ့ ကြၽန္ေတာ့္ကို အခုလို အလ်င္စလို ဆြဲေခၚလာတဲ့အတြက္ အေၾကာင္းျပခ်က္တစ္ခုခု ရွိသင့္တယ္ေလ”

“အဲဲ့ဒါက တစ္ခုခုျဖစ္လို႔”

“ဘာျဖစ္တာလဲ”

သူက ယူအီရင္းကို ေတြ႕ခ်င္လာၿပီး အဲ့ဒီစိတ္က မေန႔က သူ႔အသံကို ၾကားလိုက္ရခ်ိန္မွာ ပိုျပင္းထန္လာတယ္။ ရက္အနည္းငယ္ၾကာတဲ့အထိ ယူအီရင္းကို မေတြ႕ရတာေတာင္မွ သူ႔အေၾကာင္းကို အဲ့ဒီေလာက္မေတြးမိေပမဲ့ သူ႔အသံကို ၾကားၿပီးတဲ့ေနာက္မွာေတာ့ ခ်က္ခ်င္း ေတြ႕ခ်င္လာတယ္။

အဲ့ဒါေၾကာင့္ တစ္ညလုံးေနၿပီးတဲ့ေနာက္ အတြင္းေရးမႉးေယာ ေရာက္လာတာနဲ႔ ယူအီရင္းကို ဆိုးလ္ကို ေခၚခိုင္းလိုက္ၿပီး ခ်က္ခ်င္းေတြ႕ခ်င္ေနမိလို႔ အလုပ္မလုပ္ခင္ သူ႔႐ုံးခန္းဆီ ေခၚလာဖို႔ ေျပာလိုက္တယ္။ အတြင္းေရးမႉးေယာက ေျပာသမွ် ျဖစ္လာေအာင္ လုပ္ေပးမယ္ဆိုတာ သိေနတာေၾကာင့္ မၾကာခင္ ယူအီရင္းကို ေတြ႕ရေတာ့မယ္ဆိုၿပီး စိတ္လႈပ္ရွားေမွ်ာ္လင့္ေနစရာပဲရွိတယ္။
ေမွ်ာ္လင့္ထားတဲ့အတိုင္း မူယြန္ တံခါးဖြင့္လိုက္တာနဲ႔ သူ႔ကို ထထိုးေတာ့မလိုမ်ိဳး မ်က္ေမွာင္ၾကဳတ္ထားတဲ့ ယူအီရင္းကို ေတြ႕လိုက္ရတယ္။
အိပ္ခ်င္မူးတူးနဲ႔ အဲ့ဒီဖူးေရာင္ေနတဲ့ မ်က္ႏွာထက္မွာ ကိုင္းထူထူမ်က္မွန္တစ္လက္ကို တပ္ထားၿပီး သူ႔ကို လႊမ္းၿခဳံထားတဲ့ အဝတ္အစားထူထူႀကီးေတြကလည္း အခ်ိန္မေ႐ြး ဆိုဖာခုံထဲကို နစ္ဝင္သြားေတာ့မလိုမ်ိဳး ပုံက်ေနတဲ့ပုံစံေပါက္ေနၿပီး နဖူးေၾကာေတြကို အနည္းငယ္ တြန္႔ခ်ိဳးထားတယ္။
အနည္းငယ္ အံဝင္ခြင္က်မျဖစ္တဲ့ပုံစံနဲ႔ ယူအီရင္းရဲ႕စူးရွေနတဲ့အမူအရာေတြ ေပါင္းစပ္ထားတာက အေတာ္ေလး ၾကည့္ေကာင္းေနတယ္။

“အနည္းဆုံးေတာ့ ေတာင္းပန္စကား ေျပာသင့္တယ္မလား”

“ေျပာရတာ မခက္ေပမဲ့ စိတ္ရင္းနဲ႔ ထြက္ေပၚလာလိမ့္မယ္လို႔ေတာ့ မထင္ဘူး”

“ခင္ဗ်ားက အၿမဲတမ္း အေျပာင္းအလဲျမန္ၿပီး ခန္႔မွန္းရခက္တဲ့လူမ်ိဳးလား”

“အဲဲ့ဒီလိုေတာ့ မထင္ေပမဲ့ ငါက ငါလုပ္ခ်င္တာကို ခ်က္ခ်င္းလုပ္တတ္တဲ့သူမ်ိဳးပဲ”

ဆိုဖာထဲမွာ နစ္ျမဳပ္ေနတဲ့ ယူအီရင္းက မူယြန္႔ကို စိုက္ၾကည့္ကာ စိတ္ဆိုးမာန္ဆိုးနဲ႔ ေတာက္ေခါက္လိုက္ၿပီး အတြင္းေရးမႉးျပင္ေပးထားတဲ့ လက္ဖက္ရည္ကို တစ္ငုံေသာက္လိုက္တယ္။
မူယြန္လည္း ယူအီရင္းလို တစ္ငုံေသာက္လိုက္ေတာ့ လည္ေခ်ာင္းထဲကို စီးဝင္သြားတဲ့ ခပ္ေႏြးေႏြးအရည္ေတြက အခုခံစားေနရတဲ့ တင္းအားေတြကို အနည္းငယ္ေတာ့ စိတ္သက္သာရာရသြားေစတယ္။

“ခင္ဗ်ား ကြၽန္ေတာ့္ကို ဒီလိုမ်ိဳး အေစာႀကီး ဘာလို႔ ရဟတ္ယာဥ္နဲ႔ ေခၚလာတာလဲ”

မူယြန္က ထူးဆန္းတဲ့ပုံမေပါက္ေအာင္ ဘယ္လိုေျပာရမလဲ စဥ္းစားရင္း စကားလုံးေတြကို အႀကိမ္ႀကိမ္ ေ႐ြးခ်ယ္ေနေပမဲ့ အေျခအေနႀကီးကိုက ထူးဆန္းေနၿပီး မူယြန္႔ဘက္က ေတြးၾကည့္ရင္ေတာင္ သူ႔ရဲ႕အျပဳအမူေတြက တကယ္ထူးဆန္းေနတာေၾကာင့္ သင့္ေလ်ာ္တဲ့အမူအရာကို မေ႐ြးခ်ယ္ႏိုင္ဘူး။

“ယူအီရင္းရဲ႕မ်က္ႏွာကို ေတြ႕ခ်င္လို႔”

“ဒါပဲလား၊ ကြၽန္ေတာ့္ကို ရွိသမွ်နည္းနဲ႔ ဒီကို ဆြဲေခၚလာတာက ကြၽန္ေတာ့္မ်က္ႏွာကို ေတြ႕ဖို႔ပဲလား”

ယူအီရင္းရဲ႕မ်က္ႏွာက အနည္းငယ္ ပိုရႈံ႕မဲ့သြားေပမဲ့ မူယြန္႔မွာ ထပ္တိုးစရာ ဆင္ေျခမရွိေတာ့ဘဲ သူ႔ကို ေခၚလိုက္တာကလည္း တကယ္ႀကီး သူ႔မ်က္ႏွာကို ျမင္ခ်င္လို႔ေလ။

“အဲဲ့ဒါဆိုရင္ ေနာက္တစ္ခါ ကြၽန္ေတာ့္ကို ေတြ႕ခ်င္ရင္ ကြၽန္ေတာ့္ကို လာေတြ႕ခိုင္းပါ”

ၿပီးေတာ့ ယူအီရင္းရဲ႕တုံ႔ျပန္ပုံက မူယြန္ ေမွ်ာ္လင့္ထားတာနဲ႔ အနည္းငယ္ကြဲလြဲေနၿပီး ဒီေလာက္ပဲတဲ့လား။ မူယြန္က သူ႔ကို အနည္းငယ္ အံ့အားသင့္တဲ့အၾကည့္ေတြနဲ႔ ၾကည့္လာေတာ့ ယူအီရင္းက စိတ္ပ်က္ေနတဲ့အမူအရာနဲ႔ ညည္းညဴၿပီး မူယြန္႔ရဲ႕အၾကည့္ေတြကို တည္ၿငိမ္စြာနဲ႔ ေျဖေပးလာတယ္။

“ကြၽန္ေတာ့္ကို ႐ူးသြားၿပီး ေဒါသတႀကီး ေလွ်ာက္လုပ္ေနတယ္လို႔ ထင္ေနတာလား”

သူ ေဒါသတႀကီး ေလွ်ာက္မလုပ္ေနရင္ေတာင္မွ မူယြန္တစ္ေယာက္ သြားေတာ့မယ္ေျပာၿပီး ခ်က္ခ်င္းထြက္သြားတဲ့ ယူအီရင္းကို လုံၿခဳံေရးအဖြဲ႕က ျပန္ဖမ္းေခၚလာတဲ့ ျမင္ကြင္းကို ျမင္ေယာင္လာတယ္။
မူယြန္က အ႐ူးတစ္ေယာက္လို ေခါင္းညိတ္ျပလာေတာ့ ယူအီရင္းက အံ့ဩသြားတဲ့ပုံစံနဲ႔ အနည္းငယ္ ၿပဳံးၿပီး သက္ျပင္းရွည္ႀကီး ခ်လိုက္တယ္။

“အင္း ဟိုနဲ႔ဒီနဲ႔ သြားရတာ ပင္ပန္းတယ္ဆိုေပမဲ့ ႐ိုက္ကူးေရးမွာ မျမင္ခ်င္တဲ့လူေတြကို ၾကည့္ၿပီး ဒါ႐ိုက္တာေျပာတာကို နားေထာင္ေနရတာထက္စာရင္ CEO ဆိုးရဲ႕ မ်က္ႏွာကို ျမင္ေနရတာက ပိုေကာင္းပါတယ္၊ အမွန္အတိုင္းေျပာရရင္ ေဝလီေဝလင္းအခ်ိန္မွာ ႏႈိးၿပီး ဆိုးလ္ကို လာခိုင္းတာကို စိတ္ဆိုးေပမဲ့ ဆင္ေျခေပးရရင္ နားခ်ိန္ရသြားတာေပါ့”

“အဲဲ့ဒါဆိုရင္ အခု စိတ္မဆိုးေတာ့ဘူးလား”

“ဘာလို႔ ခင္ဗ်ားက ကြၽန္ေတာ့္ကို စိတ္ဆိုးေစခ်င္ေနတာလဲ”

“ဘာ..”

“ဘယ္လိုပဲျဖစ္ျဖစ္ ခင္ဗ်ားက အေတာ္ထူးဆန္းတာပဲ”

ယူအီရင္းက တစ္ခဏေလာက္ရယ္ၿပီး ျဖည္းျဖည္းခ်င္း ေ႐ႊ႕ကာ ဆိုဖာေပၚ လွဲခ်လိုက္တယ္။ သူ႔ခႏၶာကိုယ္ထက္ ပိုႀကီးတဲ့ ဂ်ာကင္အက်ႌႀကီးကို ဝတ္ၿပီး မူယြန္ရဲ႕႐ုံးခန္းထဲက ဆိုဖာေပၚမွာ လွဲအိပ္ေနတယ္။
မူယြန္က အနည္းငယ္ အံ့အားသင့္သြားၿပီး ယူအီရင္းကို လွမ္းေခၚလိုက္ေပမဲ့ ယူအီရင္းက အိပ္ဖို႔အဆင္သင့္အေနအထားနဲ႔ မ်က္လုံးမွိတ္ထားတယ္။

“မစၥတာ ယူအီရင္း”

“CEO ဆိုးေၾကာင့္ အ႐ုဏ္တက္ခ်ိန္တည္းက ဒီကို အတင္းလာခိုင္းထားတာမလို႔ နည္းနည္းေလာက္ေတာ့ အိပ္ခြင့္ေပး၊ ခင္ဗ်ားက ကြၽန္ေတာ့္မ်က္ႏွာကိုပဲ ျမင္ခ်င္တာဆိုရင္ ကြၽန္ေတာ္ အိပ္အိပ္မအိပ္အိပ္ ကိစၥမရွိဘူးေလ”

ယူအီရင္းက တကယ္ႀကီး ပင္ပန္းေနသလိုမ်ိဳး အသံက်ယ္က်ယ္နဲ႔ သမ္းေဝၿပီး လူးလွိမ့္ေနရင္းနဲ႔ သက္ေသာင့္သက္သာအေနအထားျဖစ္ေအာင္ ႀကိဳးစားေနတယ္။
မူယြန္က အေတာ္ေလး ဇေဝဇဝါျဖစ္သြားၿပီး ယူအီရင္းဆီ လက္လွမ္းကာ လႈပ္ႏႈိးလိုက္ေပမဲ့ ႏိုးမလာဘူး။ အခုလို အခ်ိန္တိုေလးအတြင္း အိပ္ေပ်ာ္သြားေလာက္တဲ့အထိ တကယ္ ပင္ပန္းေနပုံရတဲ့ ယူအီရင္းဆီက ေဟာက္သံတစ္ခ်က္ေတာင္ ထြက္လာေသးတယ္။
မူယြန္က အိပ္ေပ်ာ္ေနတဲ့ ယူအီရင္းနဲ႔ ႐ုံးခန္းတံခါးကို တစ္လွည့္စီ ၾကည့္ေနမိတယ္။
သူ႔ရဲ႕႐ုံးခန္းက အၿမဲတမ္း လူစုံေနတတ္ၿပီး တစ္ခါတေလ အစည္းအေဝးလုပ္တတ္သလို အစီရင္ခံစာေတြကိုလည္း ဒီေနရာမွာ လက္ခံတာျဖစ္ၿပီး ဧည့္သည္ေတြလည္း မၾကာခဏ လာတတ္တယ္ေလ။ မူယြန္က သူတို႔ အဆင္မေျပျဖစ္မွာကို ဂ႐ုမစိုက္ေပမဲ့ အိပ္ေပ်ာ္ေနတဲ့ယူအီရင္း သက္ေသာင့္သက္သာမရွိမွာကိုေတာ့ စိတ္ပူေနမိတယ္။
သူ႔ေၾကာင့္ မိုးမလင္းခင္ကတည္းက ဆြဲေခၚခံထားရတဲ့ သူ႔ကို နည္းနည္းေလာက္ ပိုသက္ေသာင့္သက္သာနဲ႔ အိပ္ေစခ်င္သလို အဲ့ဒီအေၾကာင္းျပခ်က္နဲ႔မဟုတ္ရင္ေတာင္ သူ႔ရဲ႕ေရွ႕မွာ အိပ္ေနတဲ့ သူ႔ကို ႏိုးမသြားေစခ်င္ဘူး။
မူယြန္က ႐ုံးခန္းတံခါးနားကို သြားၿပီး တံခါးလက္ကိုင္ကို တိတ္တဆိတ္ လွည့္လိုက္ၿပီး အသာေလးဖြင့္လိုက္ေတာ့ အျပင္ဘက္ကို သူကိုယ္တိုင္ ထြက္လာမယ္လို႔ ထင္ထားပုံမရတဲ့ အတြင္းေရးမႉးက စိတ္ရႈပ္ေနတဲ့ပုံစံနဲ႔ သူ႔အနားကို ကပ္လာတယ္။

“တစ္ခုခု လိုလို႔လား”

“မဟုတ္ဘူး ဒီေန႔ အတြင္းေရးမႉး႐ုံးခန္းကို သုံးမယ္၊ ဘယ္သူ႔ကိုမွ ႐ုံးခန္းထဲ အဝင္မခံနဲ႔”

“ဘယ္လို”

အတြင္းေရးမႉးက ေၾကာင္ေတာင္ေတာင္နဲ႔ ျပန္ေမးလာေပမဲ့ မူယြန္က ျပန္မေျဖဘဲ တံခါးပိတ္ၿပီး ႐ုံးခန္းထဲကေန ထြက္လာတယ္။ လူတိုင္းက စဥ္းစားရခက္ေနၾကေပမဲ့ အခုခ်ိန္မွာေတာ့ မူယြန္ေနဖို႔ အဆင္ေျပတဲ့ေနရာတစ္ခုကို အျမန္ျပင္ဆင္လိုက္ၾကတယ္။ ႐ုံးခန္းေရွ႕မွာ ဆယ္မိနစ္ေလာက္ ရပ္ၿပီးခ်ိန္မွာေတာ့ မူယြန္က အလ်င္အျမန္ ျပင္ဆင္လိုက္တဲ့ ယာယီထိုင္ခုံေပၚမွာ ထိုင္ခ်လိုက္တယ္။

“႐ုံးခန္းထဲကို မဝင္ၾကပါနဲ႔ အတြင္းေရးမႉးေရာပါတယ္”

“ေကာင္းပါၿပီ CEO”

အတြင္းေရးမႉးက သူ႔နည္းနဲ႔သူ ေျဖရွင္းလိုက္တာေၾကာင့္ အထိတ္တလန္႔အသံေတြေတာ့ ထြက္မလာဘူး။
မူယြန္က ႐ုံးခန္းထဲက ထြက္လာတာေၾကာင့္ အတြင္းေရးမႉး႐ုံးခန္းထဲမွာ အလုပ္မ်ားသြားၾကၿပီး အားလုံးက မသက္မသာျဖစ္ေနတဲ့ မ်က္ႏွာေတြနဲ႔ အေျပးအလႊား လႈပ္ရွားေနၾကတယ္။ တခ်ိဳ႕က ဖုန္းေျပာရင္း ေနရာအႏွံ႔ သြားေနၾကၿပီး တခ်ိဳ႕က ဖုန္းယူၿပီး အျပင္ထြက္သြားၾကတယ္။
မူယြန္က သူ႔႐ုံးခန္းကို မသုံးတာေၾကာင့္ အစည္းအေဝးနဲ႔ အစီရင္ခံတာက အတြင္းေရးမႉး႐ုံးခန္းမွာ လုပ္လို႔ရေပမဲ့ ႏိုင္ငံျခားကလာတဲ့ဝယ္သူေတြနဲ႔ တျခားကုမၸဏီေတြက ကိုယ္စားလွယ္ေတြကိုေတာ့ အတြင္းေရးမႉး႐ုံးခန္းထဲမွာ ဧည့္ခံလို႔မရပါဘူး။
အစည္းအေဝးအနည္းငယ္ကို ေလွ်ာ့ခ်ၿပီး အေရးႀကီးပုဂၢိဳလ္ေတြကို အျပင္မွာေတြ႕ဖို႔ အခ်ိန္ဇယားညႇိလိုက္ရတာေၾကာင့္ အခ်ိန္နဲ႔အမွ် ေရးဆြဲထားတဲ့ မူယြန္ရဲ႕အခ်ိန္ဇယားက ယူအီရင္းကိုေတြ႕ဖို႔ ညႇိထားၿပီးသားျဖစ္တဲ့အတြက္ လူတိုင္း အလုပ္မ်ားသြားရတယ္။ မူယြန္ရဲ႕အခ်ိန္ဇယားကို ညႇိ႐ုံတင္မက တစ္ဖက္လူရဲ႕အခ်ိန္ဇယားကိုလည္း ညႇိယူရတာေၾကာင့္ အတြင္းေရးမႉး႐ုံးခန္းက အေရးေပၚအေျခအေနကို ေရာက္သြားတယ္။
မူယြန္က သူတို႔အလုပ္ရႈပ္ေနတာကို သိေပမဲ့ အထဲကိုဝင္၊ ယူအီရင္းကို ႏႈိးၿပီး ထြက္သြားခိုင္းဖို႔ စိတ္ကူးမရွိပါဘူး။

“ဥကၠ႒ခ်န္းနဲ႔ေတြ႕ဖို႔ အခ်ိန္ဇယားေ႐ႊ႕ထားတာမလို႔ အခုသြားသင့္တယ္ ထင္ပါတယ္”

မူယြန္က ႐ုံးခန္းတံခါးကို အေတာ္ၾကာၾကည့္ၿပီးတဲ့ေနာက္ မတ္တတ္ထရပ္လိုက္ၿပီး အတြင္းေရးမႉးကိုင္ထားတဲ့ ကုတ္အက်ႌကို လက္လွမ္းယူလိုက္တယ္။

“ျမန္ျမန္သြားၾကတာေပါ့”
***

Swara Web Novel Translation

Continue Reading

You'll Also Like

1.5M 63.3K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
159K 19.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
450K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
629K 60.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...