To Cathy With Love

By myatlay510

33.3K 2.8K 162

တစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူင... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28(Ending)

Episode 22

1K 98 9
By myatlay510

"မေမေဝင်ခဲ့မယ်နော် သမီး"

"ဟုတ်ကဲ့မေမေ"

"သမီး အလုပ်ရှုပ်နေလား"

"မရှုပ်ပါဘူးမေမေ"

ကျွန်မ သွားရန် နှစ်ရက်သာလိုပါတော့သည်။
မေမေမျက်နှာသည် ကျွန်မကို တစ်ခုခုပြောချင်နေပုံရသည်။ကျွန်မ သွားမည့်ကိစ္စအပေါ် ဖေဖေနှင့်မေမေသည် အံ့သြနေခဲ့သော်လည်း ထွေထွေထူးထူးမမေးမြန်းခဲ့။

မေမေသည် ကျွန်မနှင့်မျက်နှာချင်းဆိုင် ကုတင်ပေါ်တွင် ဝင်ထိုင်သည်။ရေခြားမြေခြားသွားရမည်မို့ စိတ်မကောင်းဖြစ်နေပုံပါပဲ။

ကျွန်မ ထိုင်ခုံပေါ်မှ ထပြီး မေမေ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

"မေမေ"

"အင်း"

"ဝမ်းနည်းနေတာလား"

"ဝမ်းမနည်းပါဘူးကွယ်၊မေမေနဲ့ဖေဖေဟာ သမီးသွားချင်တဲ့နေရာကို သွားနိုင်အောင်လို့ အတောင်ပံတွေတပ်ပေးခဲ့ပြီးပြီပဲ၊သမီး ဆုံးဖြတ်ချက်အပေါ် အမြဲလေးစားနေမှာပါ"

ဖေဖေနှင့်မေမေ ကို သိပ်ကျေးဇူးတင်ရပါသည်။ငယ်စဥ်ကတည်းက သမီးနှစ်ယောက်ကို အလိုလိုက်လွန်းသော မိဘများထဲတွင် ကျွန်မ၏မိဘနှစ်ပါး မပါဝင်ခဲ့။ ငယ်ငယ်လေးကတည်းက အပြန်အလှန်ယုံကြည်မှုရအောင် တည်ဆောက်ပေးခဲ့သည်။မလုပ်နဲ့ ဟုမတားမြစ်ဘဲ လုပ်ကြည့်ခိုင်းကာ အမှားအမှန်ခွဲခြားစေတတ်ခဲ့သည်။ထို့ကြောင့်ပင် အရွယ်ရောက်လာ၍ လူ့လောကထဲသို့ တစ်ယောက်တည်းတိုးဝင်ဖြတ်သန်းရသည့်အခါ ကျွန်မတွင် အားငယ်စိတ်များ မရှိသလောက်နည်းပါးခဲ့ရသည်။

"တစ်ခုပဲ သမီး၊သမီးဆုံးဖြတ်ချက်အပေါ် နောင်တမရဖို့လိုတယ်"

မေမေ၏ နောက်ဆက်တွဲစကားကြောင့် ကျွန်မ လန့်သွားရသည်။မလုံမလဲစိတ်ဖြင့် ခေါင်းငုံ့ထားမိသည်။
မေမေ၏ အသံသည် တည်ငြိမ်လွန်းသော်လည်း အကြည့်များက ကျွန်မကို နားလည်နေသလိုလည်းရှိသည်။

"မေမေ့ကို ကတိပေးမလား၊နောင်တမရပါဘူးလို့"

ကျွန်မ အတန်ကြာအောင် ​ငြိမ်နေမိသည်။မေမေသည်  ငုံ့ထားသော ကျွန်မမျက်နှာကို ဆွဲမော့၍ မျက်လုံးချင်းဆုံရန် ကြိုးစားလေသည်။

အို မေမေရဲ့အကြည့်တွေဟာ ကျွန်မကို နားလည်ပါတယ် သမီးရယ် ဟု ပြောနေသလိုပင်။ကျွန်မ မေမေ၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ကာ ရှိုက်လိုက်သည်။

"ပေးပါတယ် မေမေရယ်၊သမီး ကတိပေးပါတယ်၊သူတို့သားအမိကိုသာ စောင့်ရှောက်ပေးပါ"

မေမေသည် ကျွန်မကို ထွေးဖက်၍ အငိုတိတ်စေလေသည်။

မမဝေနှင့် ဆုံရန်ချိန်းထားသော်လည်း မမဝေမှာ ဂျူတီလဲ၍မရသောကြောင့် ဆေးရုံကိုပဲလာခဲ့သည်။

မမဝေသည် လူနာကုတင်အနားတွင် အလုပ်ရှုပ်နေလေသည်။ထို့နောက် ကျွန်မကို လှမ်းမြင်၍ နှုတ်ဆက်သည်။

"အခန်းထဲကစောင့်နေကေသီ၊မမလာခဲ့မယ်"

ကျွန်မ စောင့်နေပြီး သိပ်မကြာလိုက်။မမဝေ ဝင်လာသည်။

"လာ ကေသီ၊ဆိုင်တစ်ဆိုင် သွားရအောင်"

"ဟင်၊မမဝေ မအားဘူးမဟုတ်လား"

"မင်းမင်းထွန်း ရောက်လာတာနဲ့ သူ့ကို အကူအညီတောင်းထားခဲ့တယ်"

မင်းမင်းထွန်းဆိုတာ အသစ်ပြောင်း လာသည့် မမဝေတို့နှင့်ဆေးကျောင်း တစ်နှစ်တည်း အောင်လာသူ မမဝေ၏ သူငယ်ချင်းဖြစ်သည်။

မမဝေသည် မြနန္ဒာနေသည့်နေရာနှင့် နီးသည့် ဆိုင်တစ်ဆိုင်ကို ရွေးလေသည်။နောင်တမရပါဘူးလို့ မေမေ့ကို ကတိပေးမိပြီးခါမှ ရင်ထဲတွင် လှုပ်ရှားလာပြန်သည်။

စကားပြော၍ ပြီးခါနီးတွင် လူနာအရေးကြီး၍ ဖုန်းဆက်လာသောကြောင့် မမဝေမှာ ကျွန်မကို မြန်မြန်နှုတ်ဆက်၍ ပြန်သွားရသည်။

မြနန္ဒာနေသည့် နေရာရှေ့ဖက်အရောက်တွင် ကျွန်မ ကားရပ်လိုက်မိသည်။ကျွန်မ သူ့ကို သိပ်တွေ့ချင်လာခဲ့သည်လေ။ဒါပေမယ့် မသွားသင့်မှန်းလည်း သိနေခဲ့သည်။သူ့ရှေ့ရောက်တဲ့အခါ ခံစားချက်တွေကို မြိုသိပ်ပြီး နေနိုင်ရင်တောင်မှ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကျွန်မကိုယ်ကျွန်မ မသေချာပါ။သိပ်မကြာခင် သူနဲ့ ဝေးရာကို ထွက်သွားရတော့မည်ဟူသည့် အသိကလည်း ခြောက်လှန့်နေပြန်သည်။ဖုန်းမြည်လာ၍ လန့်သွားသည်။

အို မြနန္ဒာ။
သူ့ကို သတိရနေသည့်အချိန်မှာမှ ဖုန်းဆက်လာသည်။ရှင်ရော ကျွန်မကို သတိရနေခဲ့လား မြနန္ဒာရယ်။သတိရနေတယ်ဆိုရင်တောင် ခင်မင်နေတဲ့သူတစ်​ယောက် အနားမှာမရှိတဲ့အချိန် လစ်ဟာတဲ့ခံစားမှုမျိုးနဲ့ပဲ သတိရနေမှာ မဟုတ်လားကွယ်။

"မြနန္ဒာ"

"ကေသီရယ်၊နေနိုင်လိုက်တာ၊UK တောင်မသွားရသေးဘူး တို့ကိုမေ့နေပြီလား"

"မဟုတ်ပါဘူးမြနန္ဒာရယ်"

"တို့က စတာပါ၊ဘာလုပ်နေလဲ၊အလုပ်ရှုပ်နေလား"

အဲဒါမှ ဒုက္ခ၊ဘယ်လိုဖြေရပါ့မလဲ။

"ရှင့်ကိုတွေ့ချင်လို့ ကွန်ဒိုရှေ့ရောက်နေတယ်" လို့ပဲ ဖြေလိုက်ရမလား၊ ဒါလည်း မဖြစ်သေးဘူး။

"မရှုပ်ပါဘူး၊ အိုပိုင်ပိုင်"

ကွန်ဒိုဝင်းထဲမှ ထွက်လာသည့် ကားပေါ်တွင် ပိုင်ပိုင်နှင့် မြသန္တာ။သူတို့ ကျွန်မကို မြင်သွားကြပြီ။

ကျွန်မနှုတ်မှ လွှတ်ခနဲ ပိုင်ပိုင်ဟုထွက်သွားသည်။ ပိုင်ပိုင်သည် ကားရပ်၍ ကားပေါ်မှ ဆင်းလာသည်။မြသန္တာသည် ကားပေါ်မှနေ၍ ကျွန်မကို ပြုံးပြသည်။

"မမကေသီ၊ အထဲမဝင်ဘဲ ဘာလုပ်နေတာလဲ၊ပိုင်ပိုင် ဒီည မေသန္တာဆီမှာအိပ်မလို့၊မမသွားမယ့်နေ့ကျရင် ပိုင်ပိုင်လိုက်ပို့ဖို့လာခဲ့မယ်၊အခန်းမှာ မေမေရှိတယ်၊
အခုတော့ အလျင်လိုနေလို့ သွားပြီနော်မမ"

ပိုင်ပိုင်သည် ကျွန်မကို နှုတ်ဆက်၍ ကားပေါ်ပြေးတက်သွားသည်။

"ကေသီ ၊ဘယ်ရောက်နေတာလဲ၊ပိုင်ပိုင့်အသံကြားတယ်၊ပိုင်ပိုင်နဲ့သန္တာအခုမှထွက်သွားတာ"

သွားပြီ။ ဖုန်းချဖို့ မေ့သွားတယ်။

"ကွန်ဒို ရှေ့မှာ"

ကျွန်မ အသံထွက်မလာတော့ချေ။

"ကွန်ဒို ရှေ့မှာ ဟုတ်လား၊ဘာလာလုပ်တာလဲ တစ်ခုခုကျန်ခဲ့လို့လား"

"မဟုတ်ဘူး၊ဒီနားကဆိုင်မှာ မသွားခင် မမဝေနဲ့ တွေ့ဖြစ်တာနဲ့ ၊အခုတော့ အိမ်ပြန်မလို့"

သူအသံ တိတ်သွားပြန်သည်။အတော်ကြာသည်အထိ ဘာသံမှ မကြားရ။

"မြနန္ဒာ"

"မြနန္ဒာ"

"ဒီအထိရောက်လာပြီးတာတောင်မှ ကေသီက တို့ဆီမဝင်နိုင်ဘူးမဟုတ်လား၊တို့ဆီလာဖို့ကို လာသင့်မလာသင့်ဆုံးဖြတ်ရခက်နေတယ်ပေါ့"

ကျွန်မ ဆွံ့အသွားရသည်။ မြနန္ဒာ စိတ်ဆိုးသွားတာလား။ကျွန်မ မလာနိုင်တာ ဘာကြောင့်လဲ သိဖို့ကောင်းတယ် မြနန္ဒာရယ်။

ကျွန်မလည်း ပြောစရာစကား ရှာမရဖြစ်နေသည်။
မြနန္ဒာ ရှိုက်သံဟု ထင်လိုက်သည်။

"အို မြနန္ဒာ၊ရှင်ငိုနေတာလားဟင်"

"မြနန္ဒာ"

ဖုန်းချသွားပြီ။
ကျွန်မ ကားကို ခပ်မြန်မြန်မောင်းဝင်ကာ သူ့ဆီ တက်လာခဲ့သည်။

"မြနန္ဒာ၊ တံခါးဖွင့်ပါဦး"

ကျွန်မ ဘယ်လိုခေါ်ခေါ် သူ ထွက်မလာပါ။ဖုန်းခေါ်လည်း မကိုင်တော့။ ကျွန်မ ရှင့်ကို ဘယ်လိုနားလည်ရမလဲ မြနန္ဒာရယ်၊ ကျွန်မအပေါ် တွယ်တာစိတ်နဲ့ သံယောဇဥ်ကြောင့် ဝမ်းနည်းရုံပါပဲ လို့ ယူဆရုံထက်အပြင် တခြားအကြောင်းအရင်းရှာလို့မတွေ့။

ကျွန်မလည်း ဒီထက်ပိုပြီး မယူဆရဲပါ။ယူဆခွင့်လည်းကိုလည်း ကျွန်မ မပိုင်။မချစ်နိုင်ဘူးလို့ မြနန္ဒာက ငြင်းထားသည် မဟုတ်လား။

ကျွန်မ၏ အခန်းထဲသို့ ခဏဝင်ကြည့်သည့်အခါ နေမကောင်းဖြစ်တုန်းက မြနန္ဒာ ပြုစုခဲ့သည်များကို မြင်ယောင်လာသည်။ခပ်မြန်မြန် ပြန်ထွက်လာခဲ့ရသည်။မဟုတ်လျှင် ကျွန်မ ငိုမိလိမ့်မည်။

မေမေနှင့်ဖေဖေကို ကန်တော့သည့်အခါ ကျွန်မ မျက်ရည်ဝဲမိရသည်။မမလဲ့ရီသည် ကျွန်မကို မနက်ဖြန်လိုက်ပို့ရန် ညကတည်းက ရောက်နေသည်။မြနန္ဒာအကြောင်းလည်း မေး၏။

"မြနန္ဒာ အဆင်ပြေလားကေသီ"

"ပြေပါတယ် မမလဲ့ရီ၊ဒါပေမယ့် တစ်ခါတလေအဆင်မပြေဖြစ်ရင် ကူညီပေးပါဦး"

"ကိုအောင်ကိုရော မေ့နိုင်ပြီတဲ့လား"

"မမေ့နိုင်သေးဘူးထင်ပါတယ်"

"မမလဲ့ရီကို ကေသီတစ်ခုမေးမယ်နော်၊အမှန်တိုင်းဖြေရမယ်"

မမလဲ့ရီ မျက်ခုံးပင့်သွားလေသည်။

"မေးလေ"

"မမလဲ့ရီ မြနန္ဒာကို သဘောကျနေတာလား"

"ဟောတော်၊ ဘာလို့အဲ့လို ထင်ရတာလဲ"

မမလဲ့ရီသည် အံ့သြသည့်စကားဆိုသော်လည်း မျက်နှာကမူ ပြုံးစစနှင့်ဖြစ်သည်။

"မြနန္ဒာအကြောင်းသိပ်မေးလို့လေ"

"အို ဘာရယ်တာလဲ မမကလည်း၊အမှန်တိုင်းဖြေ"

"မမမှာ ချစ်သူရှိတယ်လေ ကေသီရယ်၊ကိုယ့်ညီမလုပ်ပြီးတော့ ဘာမှမသိဘူးလား"

"ဟင်"

"ဘာ ဟင် လဲ"

"မသိဘူးလေ၊မြနန္ဒာကို ကြိုက်နေတယ်ထင်တာ"

"ကေသီ အဲ့လို ထင်အောင်ပဲ လုပ်တာလေ"

"ဟမ်"

ဟင် တစ်မျိုး ဟမ် တစ်မျိုးနှင့် အံ့သြနေသော ကျွန်မကိုကြည့်၍ မမလဲ့ရီသည် သဘောကျ၍ တဟားဟားရယ်တော့သည်။ကျွန်မမှာတော့ မအူမလည်ဖြစ်နေသည်။

"မမတစ်ခုမေးမယ်၊အမှန်တိုင်းဖြေရမယ်နော်"

သွားစပြီး မေးမိတာမှားပြီလားမသိပါဘူး။

"ကေသီ မြနန္ဒာကိုချစ်နေပြီမဟုတ်လား"

"မဖြေနိုင်တော့ဘူးမဟုတ်လား၊တိတ်နေတယ်ဆိုတော့ ဝန်ခံတဲ့သဘောပေါ့၊ဖွင့်ပြောပြီးပြီလား"

ကျွန်မ ခေါင်းသာငြိမ့်ပြနိုင်သည်။

"ကေသီ ဖွင့်ပြောဖြစ်အောင်လို့ မမက ဆွပေးလိုက်ရုံပါပဲ၊ ကေသီ မြနန္ဒာအပေါ် ခံစားချက်ရှိတယ်ဆိုတာ မြင်ရုံနဲ့ သိတယ်"

"အဲ့လောက်တောင်ပဲ ထင်ပေါ်နေတာလားမမရယ်"

"အဲ့လိုတော့လည်း မဟုတ်ပါဘူး၊မမက ကေသီ့ကို ငယ်ငယ်တည်းက ထိန်းလာခဲ့လို့ပါ၊မြနန္ဒာက ငြင်းလိုက်တယ်လား"

"အင်း"

"အဲဒါနဲ့ပဲ UK ကိုပြေး​တော့မယ်ပေါ့"

"မဟုတ်ပါဘူးမမရယ်"

"ဘာကို မဟုတ်ပါဘူးလဲ၊မနက်ဖြန်သွားတော့မယ့်သူရဲ့ ရုပ်ကိုလည်းကြည့်ဦး၊မငိုရုံတမယ်ပဲ"

မမလဲ့ရီက စနေသော်လည်း ကျွန်မမှာ ငိုချင်ရက်လက်တို့ဖြစ်နေ၍ မျက်ရည်ကျလာတော့သည်။

"အို မမကစတာလေ ညီမလေးရယ်၊မနက်ဖြန်သွားရမယ့်ဟာကို၊မျက်လုံးတွေဖောင်းနေဦးမယ်၊လာ ၊အိမ်ထဲမှာ လမ်းခနလျှောက်ရအောင်၊လသာနေတယ်"

လေယာဥ်ကွင်းသို့ ပိုင်ပိုင်နှင့် မြသန္တာသာ ရောက်လာသည်။ပိုင်ပိုင်က ကျွန်မ အနားကပ်၍ ခပ်တိုးတိုးပြောသည်။

"မမ၊ မေမေ မနေ့ညက တစ်ညလုံးငိုနေလို့ လိုက်မလာနိုင်ဘူး"

ကျွန်မနှလုံးသားတစ်ခုလုံးသည် ခဲဆွဲထားသလို လေးလံသွားတော့သည်။

Zawgyi

"ေမေမဝင္ခဲ့မယ္ေနာ္ သမီး"

"ဟုတ္ကဲ့ေမေမ"

"သမီး အလုပ္ရႈပ္ေနလား"

"မရႈပ္ပါဘူးေမေမ"

ကြၽန္မ သြားရန္ ႏွစ္ရက္သာလိုပါေတာ့သည္။
ေမေမမ်က္ႏွာသည္ ကြၽန္မကို တစ္ခုခုေျပာခ်င္ေနပုံရသည္။ကြၽန္မ သြားမည့္ကိစၥအေပၚ ေဖေဖႏွင့္ေမေမသည္ အံ့ၾသေနခဲ့ေသာ္လည္း ေထြေထြထူးထူးမေမးျမန္းခဲ့။

ေမေမသည္ ကြၽန္မႏွင့္မ်က္ႏွာခ်င္းဆိုင္ ကုတင္ေပၚတြင္ ဝင္ထိုင္သည္။ေရျခားေျမျခားသြားရမည္မို႔ စိတ္မေကာင္းျဖစ္ေနပုံပါပဲ။

ကြၽန္မ ထိုင္ခုံေပၚမွ ထၿပီး ေမေမ့ေဘးတြင္ ဝင္ထိုင္လိုက္သည္။

"ေမေမ"

"အင္း"

"ဝမ္းနည္းေနတာလား"

"ဝမ္းမနည္းပါဘူးကြယ္၊ေမေမနဲ႕ေဖေဖဟာ သမီးသြားခ်င္တဲ့ေနရာကို သြားနိုင္ေအာင္လို႔ အေတာင္ပံေတြတပ္ေပးခဲ့ၿပီးၿပီပဲ၊သမီး ဆုံးျဖတ္ခ်က္အေပၚ အၿမဲေလးစားေနမွာပါ"

ေဖေဖႏွင့္ေမေမ ကို သိပ္ေက်းဇူးတင္ရပါသည္။ငယ္စဥ္ကတည္းက သမီးႏွစ္ေယာက္ကို အလိုလိုက္လြန္းေသာ မိဘမ်ားထဲတြင္ ကြၽန္မ၏မိဘႏွစ္ပါး မပါဝင္ခဲ့။ ငယ္ငယ္ေလးကတည္းက အျပန္အလွန္ယုံၾကည္မႈရေအာင္ တည္ေဆာက္ေပးခဲ့သည္။မလုပ္နဲ႕ ဟုမတားျမစ္ဘဲ လုပ္ၾကည့္ခိုင္းကာ အမွားအမွန္ခြဲျခားေစတတ္ခဲ့သည္။ထို႔ေၾကာင့္ပင္ အ႐ြယ္ေရာက္လာ၍ လူ႕ေလာကထဲသို႔ တစ္ေယာက္တည္းတိုးဝင္ျဖတ္သန္းရသည့္အခါ ကြၽန္မတြင္ အားငယ္စိတ္မ်ား မရွိသေလာက္နည္းပါးခဲ့ရသည္။

"တစ္ခုပဲ သမီး၊သမီးဆုံးျဖတ္ခ်က္အေပၚ ေနာင္တမရဖို႔လိုတယ္"

ေမေမ၏ ေနာက္ဆက္တြဲစကားေၾကာင့္ ကြၽန္မ လန့္သြားရသည္။မလုံမလဲစိတ္ျဖင့္ ေခါင္းငုံ႕ထားမိသည္။
ေမေမ၏ အသံသည္ တည္ၿငိမ္လြန္းေသာ္လည္း အၾကည့္မ်ားက ကြၽန္မကို နားလည္ေနသလိုလည္းရွိသည္။

"ေမေမ့ကို ကတိေပးမလား၊ေနာင္တမရပါဘူးလို႔"

ကြၽန္မ အတန္ၾကာေအာင္ ၿငိမ္ေနမိသည္။ေမေမသည္ ငုံ႕ထားေသာ ကြၽန္မမ်က္ႏွာကို ဆြဲေမာ့၍ မ်က္လုံးခ်င္းဆုံရန္ ႀကိဳးစားေလသည္။

အို ေမေမရဲ႕အၾကည့္ေတြဟာ ကြၽန္မကို နားလည္ပါတယ္ သမီးရယ္ ဟု ေျပာေနသလိုပင္။ကြၽန္မ ေမေမ၏ ရင္ခြင္ထဲတြင္ ေခါင္းဝွက္ကာ ရွိုက္လိုက္သည္။

"ေပးပါတယ္ ေမေမရယ္၊သမီး ကတိေပးပါတယ္၊သူတို႔သားအမိကိုသာ ေစာင့္ေရွာက္ေပးပါ"

ေမေမသည္ ကြၽန္မကို ေထြးဖက္၍ အငိုတိတ္ေစေလသည္။

မမေဝႏွင့္ ဆုံရန္ခ်ိန္းထားေသာ္လည္း မမေဝမွာ ဂ်ဴတီလဲ၍မရေသာေၾကာင့္ ေဆး႐ုံကိုပဲလာခဲ့သည္။

မမေဝသည္ လူနာကုတင္အနားတြင္ အလုပ္ရႈပ္ေနေလသည္။ထို႔ေနာက္ ကြၽန္မကို လွမ္းျမင္၍ ႏႈတ္ဆက္သည္။

"အခန္းထဲကေစာင့္ေနေကသီ၊မမလာခဲ့မယ္"

ကြၽန္မ ေစာင့္ေနၿပီး သိပ္မၾကာလိုက္။မမေဝ ဝင္လာသည္။

"လာ ေကသီ၊ဆိုင္တစ္ဆိုင္ သြားရေအာင္"

"ဟင္၊မမေဝ မအားဘူးမဟုတ္လား"

"မင္းမင္းထြန္း ေရာက္လာတာနဲ႕ သူ႕ကို အကူအညီေတာင္းထားခဲ့တယ္"

မင္းမင္းထြန္းဆိုတာ အသစ္ေျပာင္း လာသည့္ မမေဝတို႔ႏွင့္ေဆးေက်ာင္း တစ္ႏွစ္တည္း ေအာင္လာသူ မမေဝ၏ သူငယ္ခ်င္းျဖစ္သည္။

မမေဝသည္ ျမနႏၵာေနသည့္ေနရာႏွင့္ နီးသည့္ ဆိုင္တစ္ဆိုင္ကို ေ႐ြးေလသည္။ေနာင္တမရပါဘူးလို႔ ေမေမ့ကို ကတိေပးမိၿပီးခါမွ ရင္ထဲတြင္ လႈပ္ရွားလာျပန္သည္။

စကားေျပာ၍ ၿပီးခါနီးတြင္ လူနာအေရးႀကီး၍ ဖုန္းဆက္လာေသာေၾကာင့္ မမေဝမွာ ကြၽန္မကို ျမန္ျမန္ႏႈတ္ဆက္၍ ျပန္သြားရသည္။

ျမနႏၵာေနသည့္ ေနရာေရွ႕ဖက္အေရာက္တြင္ ကြၽန္မ ကားရပ္လိုက္မိသည္။ကြၽန္မ သူ႕ကို သိပ္ေတြ႕ခ်င္လာခဲ့သည္ေလ။ဒါေပမယ့္ မသြားသင့္မွန္းလည္း သိေနခဲ့သည္။သူ႕ေရွ႕ေရာက္တဲ့အခါ ခံစားခ်က္ေတြကို ၿမိဳသိပ္ၿပီး ေနနိုင္ရင္ေတာင္မွ ဘယ္ေလာက္အထိ ေတာင့္ခံနိုင္မလဲ ကြၽန္မကိုယ္ကြၽန္မ မေသခ်ာပါ။သိပ္မၾကာခင္ သူနဲ႕ ေဝးရာကို ထြက္သြားရေတာ့မည္ဟူသည့္ အသိကလည္း ေျခာက္လွန့္ေနျပန္သည္။ဖုန္းျမည္လာ၍ လန့္သြားသည္။

အို ျမနႏၵာ။
သူ႕ကို သတိရေနသည့္အခ်ိန္မွာမွ ဖုန္းဆက္လာသည္။ရွင္ေရာ ကြၽန္မကို သတိရေနခဲ့လား ျမနႏၵာရယ္။သတိရေနတယ္ဆိုရင္ေတာင္ ခင္မင္ေနတဲ့သူတစ္ေယာက္ အနားမွာမရွိတဲ့အခ်ိန္ လစ္ဟာတဲ့ခံစားမႈမ်ိဳးနဲ႕ပဲ သတိရေနမွာ မဟုတ္လားကြယ္။

"ျမနႏၵာ"

"ေကသီရယ္၊ေနနိုင္လိုက္တာ၊UK ေတာင္မသြားရေသးဘူး တို႔ကိုေမ့ေနၿပီလား"

"မဟုတ္ပါဘူးျမနႏၵာရယ္"

"တို႔က စတာပါ၊ဘာလုပ္ေနလဲ၊အလုပ္ရႈပ္ေနလား"

အဲဒါမွ ဒုကၡ၊ဘယ္လိုေျဖရပါ့မလဲ။

"ရွင့္ကိုေတြ႕ခ်င္လို႔ ကြန္ဒိုေရွ႕ေရာက္ေနတယ္" လို႔ပဲ ေျဖလိုက္ရမလား၊ ဒါလည္း မျဖစ္ေသးဘူး။

"မရႈပ္ပါဘူး၊ အိုပိုင္ပိုင္"

ကြန္ဒိုဝင္းထဲမွ ထြက္လာသည့္ ကားေပၚတြင္ ပိုင္ပိုင္ႏွင့္ ျမသႏၱာ။သူတို႔ ကြၽန္မကို ျမင္သြားၾကၿပီ။

ကြၽန္မႏႈတ္မွ လႊတ္ခနဲ ပိုင္ပိုင္ဟုထြက္သြားသည္။ ပိုင္ပိုင္သည္ ကားရပ္၍ ကားေပၚမွ ဆင္းလာသည္။ျမသႏၱာသည္ ကားေပၚမွေန၍ ကြၽန္မကို ၿပဳံးျပသည္။

"မမေကသီ၊ အထဲမဝင္ဘဲ ဘာလုပ္ေနတာလဲ၊ပိုင္ပိုင္ ဒီည ေမသႏၱာဆီမွာအိပ္မလို႔၊မမသြားမယ့္ေန႕က်ရင္ ပိုင္ပိုင္လိုက္ပို႔ဖို႔လာခဲ့မယ္၊အခန္းမွာ ေမေမရွိတယ္၊
အခုေတာ့ အလ်င္လိုေနလို႔ သြားၿပီေနာ္မမ"

ပိုင္ပိုင္သည္ ကြၽန္မကို ႏႈတ္ဆက္၍ ကားေပၚေျပးတက္သြားသည္။

"ေကသီ ၊ဘယ္ေရာက္ေနတာလဲ၊ပိုင္ပိုင့္အသံၾကားတယ္၊ပိုင္ပိုင္နဲ႕သႏၱာအခုမွထြက္သြားတာ"

သြားၿပီ။ ဖုန္းခ်ဖိဳ႕ ေမ့သြားတယ္။

"ကြန္ဒို ေရွ႕မွာ"

ကြၽန္မ အသံထြက္မလာေတာ့ေခ်။

"ကြန္ဒို ေရွ႕မွာ ဟုတ္လား၊ဘာလာလုပ္တာလဲ တစ္ခုခုက်န္ခဲ့လို႔လား"

"မဟုတ္ဘူး၊ဒီနားကဆိုင္မွာ မသြားခင္ မမေဝနဲ႕ ေတြ႕ျဖစ္တာနဲ႕ ၊အခုေတာ့ အိမ္ျပန္မလို႔"

သူအသံ တိတ္သြားျပန္သည္။အေတာ္ၾကာသည္အထိ ဘာသံမွ မၾကားရ။

"ျမနႏၵာ"

"ျမနႏၵာ"

"ဒီအထိေရာက္လာၿပီးတာေတာင္မွ ေကသီက တို႔ဆီမဝင္နိုင္ဘူးမဟုတ္လား၊တို႔ဆီလာဖို႔ကို လာသင့္မလာသင့္ဆုံးျဖတ္ရခက္ေနတယ္ေပါ့"

ကြၽန္မ ဆြံ႕အသြားရသည္။ ျမနႏၵာ စိတ္ဆိုးသြားတာလား။ကြၽန္မ မလာနိုင္တာ ဘာေၾကာင့္လဲ သိဖို႔ေကာင္းတယ္ ျမနႏၵာရယ္။

ကြၽန္မလည္း ေျပာစရာစကား ရွာမရျဖစ္ေနသည္။
ျမနႏၵာ ရွိုက္သံဟု ထင္လိုက္သည္။

"အို ျမနႏၵာ၊ရွင္ငိုေနတာလားဟင္"

"ျမနႏၵာ"

ဖုန္းခ်သြားၿပီ။
ကြၽန္မ ကားကို ခပ္ျမန္ျမန္ေမာင္းဝင္ကာ သူ႕ဆီ တက္လာခဲ့သည္။

"ျမနႏၵာ၊ တံခါးဖြင့္ပါဦး"

ကြၽန္မ ဘယ္လိုေခၚေခၚ သူ ထြက္မလာပါ။ဖုန္းေခၚလည္း မကိုင္ေတာ့။ ကြၽန္မ ရွင့္ကို ဘယ္လိုနားလည္ရမလဲ ျမနႏၵာရယ္၊ ကြၽန္မအေပၚ တြယ္တာစိတ္နဲ႕ သံေယာဇဥ္ေၾကာင့္ ဝမ္းနည္း႐ုံပါပဲ လို႔ ယူဆ႐ုံထက္အျပင္ တျခားအေၾကာင္းအရင္းရွာလို႔မေတြ႕။

ကြၽန္မလည္း ဒီထက္ပိုၿပီး မယူဆရဲပါ။ယူဆခြင့္လည္းကိုလည္း ကြၽန္မ မပိုင္။မခ်စ္နိုင္ဘူးလို႔ ျမနႏၵာက ျငင္းထားသည္ မဟုတ္လား။

ကြၽန္မ၏ အခန္းထဲသို႔ ခဏဝင္ၾကည့္သည့္အခါ ေနမေကာင္းျဖစ္တုန္းက ျမနႏၵာ ျပဳစုခဲ့သည္မ်ားကို ျမင္ေယာင္လာသည္။ခပ္ျမန္ျမန္ ျပန္ထြက္လာခဲ့ရသည္။မဟုတ္လွ်င္ ကြၽန္မ ငိုမိလိမ့္မည္။

ေမေမႏွင့္ေဖေဖကို ကန္ေတာ့သည့္အခါ ကြၽန္မ မ်က္ရည္ဝဲမိရသည္။မမလဲ့ရီသည္ ကြၽန္မကို မနက္ျဖန္လိုက္ပို႔ရန္ ညကတည္းက ေရာက္ေနသည္။ျမနႏၵာအေၾကာင္းလည္း ေမး၏။

"ျမနႏၵာ အဆင္ေျပလားေကသီ"

"ေျပပါတယ္ မမလဲ့ရီ၊ဒါေပမယ့္ တစ္ခါတေလအဆင္မေျပျဖစ္ရင္ ကူညီေပးပါဦး"

"ကိုေအာင္ကိုေရာ ေမ့နိုင္ၿပီတဲ့လား"

"မေမ့နိုင္ေသးဘူးထင္ပါတယ္"

"မမလဲ့ရီကို ေကသီတစ္ခုေမးမယ္ေနာ္၊အမွန္တိုင္းေျဖရမယ္"

မမလဲ့ရီ မ်က္ခုံးပင့္သြားေလသည္။

"ေမးေလ"

"မမလဲ့ရီ ျမနႏၵာကို သေဘာက်ေနတာလား"

"ေဟာေတာ္၊ ဘာလို႔အဲ့လို ထင္ရတာလဲ"

မမလဲ့ရီသည္ အံ့ၾသသည့္စကားဆိုေသာ္လည္း မ်က္ႏွာကမူ ၿပဳံးစစႏွင့္ျဖစ္သည္။

"ျမနႏၵာအေၾကာင္းသိပ္ေမးလို႔ေလ"

"အို ဘာရယ္တာလဲ မမကလည္း၊အမွန္တိုင္းေျဖ"

"မမမွာ ခ်စ္သူရွိတယ္ေလ ေကသီရယ္၊ကိုယ့္ညီမလုပ္ၿပီးေတာ့ ဘာမွမသိဘူးလား"

"ဟင္"

"ဘာ ဟင္ လဲ"

"မသိဘူးေလ၊ျမနႏၵာကို ႀကိဳက္ေနတယ္ထင္တာ"

"ေကသီ အဲ့လို ထင္ေအာင္ပဲ လုပ္တာေလ"

"ဟမ္"

ဟင္ တစ္မ်ိဳး ဟမ္ တစ္မ်ိဳးႏွင့္ အံ့ၾသေနေသာ ကြၽန္မကိုၾကည့္၍ မမလဲ့ရီသည္ သေဘာက်၍ တဟားဟားရယ္ေတာ့သည္။ကြၽန္မမွာေတာ့ မအူမလည္ျဖစ္ေနသည္။

"မမတစ္ခုေမးမယ္၊အမွန္တိုင္းေျဖရမယ္ေနာ္"

သြားစၿပီး ေမးမိတာမွားၿပီလားမသိပါဘူး။

"ေကသီ ျမနႏၵာကိုခ်စ္ေနၿပီမဟုတ္လား"

"မေျဖနိုင္ေတာ့ဘူးမဟုတ္လား၊တိတ္ေနတယ္ဆိုေတာ့ ဝန္ခံတဲ့သေဘာေပါ့၊ဖြင့္ေျပာၿပီးၿပီလား"

ကြၽန္မ ေခါင္းသာၿငိမ့္ျပနိုင္သည္။

"ေကသီ ဖြင့္ေျပာျဖစ္ေအာင္လို႔ မမက ဆြေပးလိုက္႐ုံပါပဲ၊ ေကသီ ျမနႏၵာအေပၚ ခံစားခ်က္ရွိတယ္ဆိုတာ ျမင္႐ုံနဲ႕ သိတယ္"

"အဲ့ေလာက္ေတာင္ပဲ ထင္ေပၚေနတာလားမမရယ္"

"အဲ့လိုေတာ့လည္း မဟုတ္ပါဘူး၊မမက ေကသီ့ကို ငယ္ငယ္တည္းက ထိန္းလာခဲ့လို႔ပါ၊ျမနႏၵာက ျငင္းလိုက္တယ္လား"

"အင္း"

"အဲဒါနဲ႕ပဲ UK ကိုေျပးေတာ့မယ္ေပါ့"

"မဟုတ္ပါဘူးမမရယ္"

"ဘာကို မဟုတ္ပါဘူးလဲ၊မနက္ျဖန္သြားေတာ့မယ့္သူရဲ႕ ႐ုပ္ကိုလည္းၾကည့္ဦး၊မငို႐ုံတမယ္ပဲ"

မမလဲ့ရီက စေနေသာ္လည္း ကြၽန္မမွာ ငိုခ်င္ရက္လက္တို႔ျဖစ္ေန၍ မ်က္ရည္က်လာေတာ့သည္။

"အို မမကစတာေလ ညီမေလးရယ္၊မနက္ျဖန္သြားရမယ့္ဟာကို၊မ်က္လုံးေတြေဖာင္းေနဦးမယ္၊လာ ၊အိမ္ထဲမွာ လမ္းခနေလွ်ာက္ရေအာင္၊လသာေနတယ္"

ေလယာဥ္ကြင္းသို႔ ပိုင္ပိုင္ႏွင့္ ျမသႏၱာသာ ေရာက္လာသည္။ပိုင္ပိုင္က ကြၽန္မ အနားကပ္၍ ခပ္တိုးတိုးေျပာသည္။

"မမ၊ ေမေမ မေန႕ညက တစ္ညလုံးငိုေနလို႔ လိုက္မလာနိုင္ဘူး"

ကြၽန္မႏွလုံးသားတစ္ခုလုံးသည္ ခဲဆြဲထားသလို ေလးလံသြားေတာ့သည္။




















































































Continue Reading

You'll Also Like

262K 16.7K 47
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
493K 31.4K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
434K 15.7K 44
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...
942K 27.2K 43
Athena is trying to adjust in her newfound freedom but she is forcefully ripped away from it. But sometimes bad things happen for better!