" Bad Husband" ( Complete)
By HlaingHlaing112
64.4K 7.3K 1.3K
ကျုပ်ကဆိုးတယ်လေ ခင်ဗျားမသိဘူးလား ? More
intro
🔥 1 🔥
🔥 2 🔥
🔥 3 🔥
🔥 4 🔥
🔥 5 🔥
🔥 6 🔥
🔥 7 🔥
🔥 8 🔥
🔥 9 🔥
🔥 10 🔥
🔥 11 🔥
🔥 12 🔥
🔥 13 🔥
🔥 14 🔥(18+)
🔥 15 🔥
🔥 16 🔥
🔥 17 🔥
🔥 18 🔥 (18+)
🔥 19 🔥
🔥 20 🔥
🔥 21 🔥
🔥22🔥
🔥 23 🔥
🔥 24 🔥
🔥 25 🔥
🔥 26 🔥
🔥 27 🔥
🔥 28 🔥
🔥 30 🔥
🔥 31 🔥
32
The End
🔥 29 🔥
1.5K 213 58
By HlaingHlaing112
မနက် အိပ်ယာထလို့ မျက်နှာတောင်မသစ်ရသေးဘူး ကင်မ်ထယ်‌ယောင်းရဲ့ ပါးစပ်ဖျားက သူ့အဖေသေသွားပြီးဆိုတာကို ကြားလိုက်ရလေသည်။ ပြီးတော့ မင်ဟိုပါ အိမ်ထိလိုက်လာပြီးပြောတာ ။
" ခဏလောက် နားထောင် ကျုပ်ပြောတာ"
သူ့အနားကိုတိုးလာတဲ့ ကင်မ်ထယ်ယောင်းရဲ့ ခြေလှမ်းတွေကြောင့် သူအနောက်ဆုတ်လိုက်သည်။ ဒီလူကို သူသိပ်ကြောက်တယ် ။ ဒီလူအရှေ့မှာ နေရမှာကိုတောင် အလိုလိုကြောက်လာတာ။
" ဘာတွေ ထပ်ပြောမှာလဲ ငါမင်းဆီက ဘာမှမကြားချင်ဘူး "
ဘီဒိုထဲက အင်္ကျီတစ်စုံကို ဆွဲယူလိုက်ပြီး ရေချိုးခန်းထဲသို့ ၀င်တော့
" ခဏလောက် နားထောင် ..ပြီးတော့ စိတ်ကိုငြိမ်ငြိမ်ထား "
ကင်မ်ထယ်ယောင်းသည် ဂျီမင်ရဲ့လက်မောင်းနစ်ဖက်ကို ဆုပ်ကိုင်လိုက်သည် ။ စိုစွတ်နေတဲ့ မျက်၀န်းတွေနဲ့ သူ့ကို မော့ကြည့်လာသူကြောင့်
" ဘယ်လို ပြောရမယ်မှန်းမသိပေမဲ့ ကျုပ်တောင်းပန်တယ် "
" အဲလောက်လွယ်လား ?"
" ကျုပ်ရဲ့ဒေါသအလျောက်ထွက်လာတဲ့ စကားက .."
" မဟုတ်ဘူး မင်းကြောင့်ပဲ "
သူ့ကိုတကယ်မုန်းသွားတဲ့မျက်လုံးတွေနဲ့ မော့ကြည့်နေသူကြောင့် သူသွေးတွေ ဆူပွတ်သွားလေသည် ။
" မင်းကြောင့် မင်းကြောင့်နဲ့ .."
ခေါင်းကိုဆွဲလိုက်ပြီး သူ့ရင်ဘတ်နဲ့ ကပ်စေလိုက်သည် ။ သူဘယ်လိုရှင်းပြရပါ့မလဲ ? ။ ဒါက ဒီအတိုင်းပြောလိုက်တဲ့စကားဆိုပေမဲ့ သူ့အိမ်ကလူကတော့ သူသတ်လိုက်တယ်လို့ ထင်နေမှာလား ? ။ မဟုတ်ဘူးထင်နေခဲ့ပြီး
" မောင် တောင်းပန်ပါတယ် "
သူ့နားထဲမှာ ကင်မ်ထယ်ယောင်းရဲ့စကားသံတွေကို မကြားရတော့ပါ။ ပြီးတော့ အိပ်ရေးပျတ်တာများလို့ထင်သည်။ သူ့တစ်ကိုယ်လုံး အင်အားချိနဲကာ ကင်မ်ထယ်ယောင်းဖက်ထားတဲ့အတိုင်း ရုန်းဖို့လည်း မေ့နေသလို မျက်လုံးတွေလည်း စင်းကျသွားလေသည်။
" ဟေး ..ဟေး .."
ထယ်ယောင်း ဂျီမင်ကိုယ်လေးကို ပွေ့ချီကာ အခန်းပြင်ကိုထွက်ပြီး အောက်ထပ်ကိုဆင်းတော့
" ဘာဖြစ်တာလဲ ?"
" အရင်ကားဆီကိုသွား စက်နိူးထား .."
" အေးအေး .."
မင်ဟိုက ချက်ချင်းကားကို စက်နိူးထားလိုက်သည်။ ကင်မ်ထယ်ယောင်းက ဂျီမင်ကိုပွေ့ချီရက်သားပဲ နောက်ခန်းမှာ ထိုင်လိုက်လေသည် ။
" ဆေးရုံကိုမောင်း .."
မင်ဟိုက ထပ်မမေးတော့ပဲ ဆေးရုံကိုသာ တန်းမောင်းလေသည် ။ အနောက်သို့ တစ်ချက်တစ်ချက်တော့ မင်ဟိုကြည့်လေသည်။ ကင်မ်ထယ်ယောင်း ဂျီမင်ကို တော်တော်လေး စိတ်ပူနေတာ ။
....
နာရေးမပြီးမချင်း ဂျီမင်လည်း ကင်မ်ထယ်ယောင်းကို စကားမပြောသလို ၊ ကင်မ်ထယ်ယောင်းစကားပြောဖို့ ကြိုးစားတိုင်းလည်း ရှောင်ရှောင်ထွက်သွားလေသည်။
" မင်းကလဲကွာ .."
သူတို့ဖြစ်ပျတ်ခဲ့တဲ့ ကိစ္စကို မင်ဟိုသိတော့လည်း သူ့ကိုအပြစ်တင်ချင်နေလေသည်။ သူ့အိမ်ကလူရဲ့အဖေကို အမှန်တကယ် သေစေချင်တယ်ဆိုပေမဲ့ ဒီလိုမျိုး သူ့အိမ်ကလူ သူ့ကိုမုန်းသွားတာမျိုးပါ ဖြစ်စေချင်တာ မဟုတ်ပါ ။
" မဟုတ်တာကို မဟုတ်ကြောင်းကို မင်းအနေနဲ့ မင်းအိမ်ကလူကို နားလည်အောင် ရှင်းပြရမှာကို "
သူ့ကိုမယုံတဲ့လူကို ဘယ်လိုလုပ်ယုံအောင် ပြောရမှာလဲ ? ။ သူအဲလိုမျိုးလည်း ဘယ်သူ့ကိုမှ မပြောဖူးပေ ။
" ငါ့ကို ယုံချင်လို့ဆိုရင် ငါပြောတာကို ဟုတ်တယ်ဖြစ်နေရမှာကို ၊ သို့လော် သို့လော်ဆိုပြီး အတွေးများနေကတည်းက ငါရှင်းပြတာတွေ မလုပ်ချင်ဘူး "
" အဲလိုဆို မင်းအိမ်ကလူနဲ့ ခွဲနိင်လား ?"
"...."
" မင်းဘက်ကပဲ လိုတာ ၊ မင်းဘက်က တင်းလိုက်ရင် ပြတ်မယ် ၊ လျှော့လိုက်ရင် ပြေလည်မယ် ဘယ်လိုလဲ ?"
နာရေးကို သွားဖို့အတွက် ကားမောင်းနေရင် နစ်ယောက်သား စကားပြောနေကြလေသည် ။
" ငါစတွေ့ဖူးတဲ့ ကင်မ်ထယ်ယောင်းက စိတ်ထားနူးညံ့ပြီး သဘောကောင်းတဲ့လူပါ ၊ မေ့ပစ်သင့်တာတွေ မေ့ပစ်ပြီး မင်းဘ၀ကို ပျော်ရွှင်အောင်နေဖို့ ကြိုးစားကြည့်ပါလား ?"
အတိတ်မှာပဲ ပိတ်မိနေပြီး မပျော်ရွှင်ဖြစ်နေတဲ့လူကို အခုတော့ ပါးစပ်က အပြောကြာင့် လူတစ်ယောက်က သေဆုံးသွားတော့ ကင်မ်ထယ်ယောင်း ဒီလိုသာ ကြာသွားရင် စိတ်ကျန်းမာရေးကိုပါ ပြဖို့ အန်ကယ်နဲ့ ဆွေးနွေးဖို့ လိုလာလေသည် ။
" ငါ့နှလုံးသားတစ်ခုလုံး ပုံအပ်ထားချင်တဲ့လူနဲ့မှ ဘာလိုမကောင်းတာတွေ ထပ်ဖြစ်ခဲ့တာလဲ ? "
" သူ့ကို ချစ်လား ?"
" ...."
" ဘယ်တုန်းက ချစ်သွားတာလဲ ?"
" ဆိုင်ကယ်ကွင်းမှာ "
" ဟင့် ..."
ကင်မ်ထယ်ယောင်းသည် စကားဆက်၍မပြောတော့ပဲ မျက်လုံးကို မှိတ်လိုက်လေသည်။ နာရေးကို ရောက်တော့ အမေနဲ့အတူမတ်တပ်လေးရပ်ကာ နေနေတဲ့လူဆီကို သွားပြီး
" နေ့လယ်စာ စားပြီးသွားပြီးလား ?"
သူ့ရှေ့မှာ လာရပ်နေတဲ့လူကိုကြည့်လိုက်မိသည်။ အခုချိန်မှာ ဒီလူအတွက် သူ့နှလုံးသားတစ်ခုလုံးက ဗလာဖြစ်နေလေသည် ။ ကင်မ်ထယ်ယောင်းမေးတာကို ခေါင်းလည်း မညိတ်မိသလို ၊ ခေါင်းလည်း မခါမိပေ ။ ဆေးရုံက ဆရာ၀န်တွေပြောတာတော့ ဖုန်းပြောနေရင် စကားများရာမှ နှလုံးထဖောက်ပြီး ဆုံးသွားတယ်လို့ သတ်မှတ်လိုက်ပေမဲ့ အဖေနဲ့စကားများတဲ့ဖုန်းသည် သုံးစွဲသူအမည်မတင်ထားပဲ ဒီအတိုင်းကဒ်ထည့်ကာ ခေါ်သော တရားမ၀င်ဖုန်းဖြစ်လေသည် ။
" သား နားလိုက်လေ ..အမေရှိနေပေးမယ်... မနက်စာလည်း မစားဘူး "
" လာ ..တစ်ခုခုသွားစားရအောင် "
ကင်မ်ထယ်ယောင်းမရရအောင် ဂျီမင်ကို ခေါ်ခဲ့လေသည် ။ အနီးဆုံးဆိုင်ဖြစ်တဲ့ ပဲခေါက်ဆွဲနဲ့ အသားကင်ဆိုင်ကို ခေါ်ခဲ့လေသည်။ လာချပေးတဲ့ ပဲခေါက်ဆွဲကို ဂျီမင်က ထိုးမွှေနေလေသည်။
" ဒီညတော့ အိမ်မှာပဲ ပြန်အိပ်တော့ "
ကင်မ်ထယ်ယောင်းပြောလိုက်တော့ ပဲခေါက်ဆွဲထိုး‌မွှေနေတာကို ရပ်လိုက်ပြီး ကင်မ်ထယ်ယောင်းကို ကြည့်လိုက်သည် ။ ကင်နေတဲ့ အသားတွေကို ကင်မ်ထယ်ယောင်း ဂျီမင်ပန်ကန်ရှေ့ကို ချပေးလိုက်ရင်
" ဒီနေ့တစ်နေ့လုံး အတူရှိပေးမယ် .."
တူကို ‌ဆောင့်ချလိုက်ပြီး ဂျီမက်ထထွက်လာခဲ့လိုက်လေသည် ။ ကင်မ်ထယ်ယောင်း ထလိုက်မလို့ လုပ်ပေမဲ့ ဆိုင်က စားသုံးသူလူတစ်ချို့က သူ့တို့ကိုကြည့်နေတာကြောင့် ငြိမ်နေလိုက်ရလေသည်။ ဒါကရော သတင်းမှာ ဘယ်လိုပါလာနိင်အုန်းမလဲ ? ။
......
" ကိစ္စတွေက မြန်ဆန်လွန်းလို့ ဒူနာလည်း ဘာပြောရမှန်းမသိတော့ဘူး "
ဟန်ဆိုဟီးက ကင်မ်ထယ်ယောင်းမရှိမှ နာရေးကိုအပြေးလာလေသည်။
" လူတွေက တစ်ချိန်ချိန်တော့ အားလုံးက သေဆုံးရမှာပါပဲ "
" ဟုတ်ပါတယ်လေ ... ဒူနာက ဖြစ်သွားတဲ့ကိစ္စတွေက မြန်ဆန်လွန်းတော့ လိုက်မမှီဖြစ်နေခဲ့တာ "
" ဒူနာ ..ကျွန့်တော်ကို စောင့်မနေနဲ့ ၊ ကျွန်တော် သွားစရာရှိတယ် "
နာရေးကိစ္စပြီးတဲ့အထိ ဂျီမင့်အနားမှာ နေနေတာမို့ ဂျီမင်မနေစေချင်လို့ ပြန်ခိုင်းတာဖြစ်သည် ။
" အေးပါ အလုပ်ပြန်ဆင်းရင် တွေ့မယ်နော် "
" ဟုတ် "
ဂျီမင်လည်း အလိုက်သင့်ဖြေလိုက်လေသည် ။ အိမ်မပြန်တာ အဖေဆုံးတယ်ဆိုတဲ့နေ့ကစတာဖြစ်ပြီး အခုလည်း အိမ်ကို ပြန်ဖို့စိတ်ကူးမရှိပေ။ သူ့အိမ်က သူ့အဖေထားခဲ့တဲ့ အိမ်ပဲ ။အဖေ့ရဲ့အိမ်သည်သာ သူ့အိမ်ဖြစ်လေသည် ။ ဘူဆန်ကိုပဲ ချက်ချင်းပြန်လိုက်လေသည်။ ကင်မ်ထယ်ယောင်းနဲ့ပတ်သက်ပြီး ပြောစရာမရှိသလို ၊ တွေ့ချင်စိတ်လည်း မရှိပါ ။
...
" ဘူဆန်ကို ပြန်သွားတယ်တဲ့ ၊ လိုက်ခေါ်ရမလား ?"
သူ့အိမ်ကလူ ဘူဆန်ကိုတန်းသွားမှာကို သူကြိုသိနေလေသည်။ ဒါကြောင့်မို့လည်း လူတွေ ကြိုလွှတ်ထားတာ ။ မင်ဟိုက သူ့ကို လာအသိပေးတာဖြစ်သည် ။
" ရတယ် ..ငါဖြေရှင်းမယ် ၊ လီယွန်းဝူကိုသာ ခေါ်ပေး ရုံးတက်တယ်မလား ?"
" အင်း ..ငါခေါ်ခိုင်းလိုက်မယ် "
" ...."
" မင်းတိုနစ်ယောက်ရဲ့ ပြသာနာကို ဘာလိုငါ့ကိုမပြောပြတာလဲ ..ငါကူညီနိင်ရင် ကူညီမှာပေါ့ "
ကင်မ်ထယ်ယောင်း အလုပ်စာပွဲကနေ ဆိုဖာဆီသို ကူးလာကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည် ။ မင်ဟိုလည်း မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ထိုင်လိုက်လေသည်။
" မင်းရော ..ငါ့က ငါ့မာမီကိုသတ်တယ်လို့ထင်လား ?"
"...."
ဒီပြသာနာက တော်တော်လေးတော့ ရူပ် ထွေးသည်။ အန်ကယ်ကတော့ ပြန်ပေးဆွဲသူတွေ ပစ်တာပါလို့‌ပြောခဲ့ပေမဲ့ အမူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ သတင်းတွေမှာတောင်မပါပဲ ပြီးသွားတာ ဖြစ်လေသည် ။ ဟယ်ဆောင်လုပ်ငန်းစုကိုဆို အမြဲသတင်းရေးချင်နေကြတဲ့သတင်းသမားတွေက ဒုနဲ့ဒေး ။ ဒါပေမဲ့ ဒီလူသတ်မူကိစ္စက ‌တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ပြီးသွားသလို လူသတ်သမားတွေရဲ့ မျက်နှာကိုတောင် မဖော်ပြပဲ လျို့ဝှက်စွာနဲ့ပဲ တရားစီရင်တာဖြစ်လေသည် ။
" မင်းကိုငါယုံတယ်လေ ..ဘယ်အချိန်ထပ်မေးမေး ၊ မမေးမေး ငါတော့ မင်းမသတ်ဘူးဆိုတာကို ယုံတယ် "
" အဲတုန်းက ငါ့လက်ထဲက သေနတ်ရှိခဲ့တာကို မင်းကို ပြောပြဖူးလား ?"
" ဟင့် ...!! သေနတ်ရှိတယ် "
ဒါကိုတော့ သူမသိပါ ။ ဒါကို အန်ကယ်လည်း မပြောဖူးသလို ၊ သူ့အဖေတို့ကလည်း မပြောဖူးပါ ။
" မင်းအသက်အရွယ်နဲ့ သေနတ်ပစ်တက်တာမှ မဟုတ်တာ ၊ စဉ်းစားကြည့်ပါအုန်း ..မင်းသေနတ်ပစ်ဖူးလား ?"
" မသိဘူး "
" ငါတော့မယုံဘူး ၊ မင်းသေချာသိချင်ရင် အန်ကယ်နဲ့ မေးကြည့်ပါလား ?"
ဒယ်ဒီက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကိုဘာမှမပြောပါ ။ ဘာလို့လဲ သူမသိပါ ။ ရဲဌာနဆီမှာလည်း သူအချက်အလက်တွေ တောင်းကြည့်ဖူးသည် ။ ‌သက်သေတွေကို ဖျောက်ဖျတ်ပစ်လိုက်ပြီးလို့ ပြောလေသည် ။
" ဂျီမင်ကို ပြောပြလိုက်တာလား ..?"
" အင်း ..."
ဒါကြောင့် ကင်မ်ထယ်ယောင်းဒီလောက် စိတ်ညစ်နေတာကို ။
" ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့မင်းတွေ့တာ ၁နစ်တောင် မရှိသေးဘူးမလား ... "
ကင်မ်ထယ်ယောင်းမျက်လွှာချထားရာကနေ မြင့်တင်သွားသည်။ ဆေးလိပ်ကို တစ်ချက်ဖွာပြီး ရူသွင်းလိုက်ပြီး ချက်ချင်းမမူတ်သေးပဲ တွေးနေလေသည် ။
" မင်းဘာလို လက်ထပ်လိုက်တယ်ဆိုတဲ့ကိစ္စကို ငါ့ကို အတိအကျမပြောသလို ၊ အခုဖြစ်တဲ့ ပြသာနာကိုလည်း မပြောပြန်ဘူး ၊ ငါက မင်းရဲ့ သူငယ်ချင်း ၊ မင်းရဲ့ ညီအစ်ကိုလို မဟုတ်ဘူးလား ?"
သူ့အဖေရဲ့ Company မှာလုပ်ရင် ရသားပဲ ကင်မ်ထယ်ယောင်းရဲ့အလုပ်မှာပဲ သူလုပ်နေတာ ။ ဒါက သူ့အဖေရဲ့ Company ကို ကင်မ်ထယ်ယောင်းလို သေချာမဦးစီးနိင်သေးသလို ဖြစ်သလို ၊ ကင်မ်ထယ်ယောင်းနဲ့အတူ အလုပ်လုပ်ရင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့မိတ်ဆွေ ဖွဲ့နေတာလည်း ဖြစ်သည်။ ဒါကို ကင်မ်ထယ်ယောင်းကိုယ်တိုင်ပဲသင်ပေးနေတာဖြစ်လေသည် ။
' မင်းကိုယုံတယ် ၊ အခု ငါ့ကိုယ်ငါတောင်မယုံဘူး ၊ ငါဘာလုပ်ချင်တယ် ၊ ငါဘာမလုပ်ချင် ၊ ဘယ်အချိန်မှာ စိတ်ကို လွှတ်ချသင့်လဲ ..ဘယ်အချိန်မှာ ငါ့နှလုံးသားတံခါးကို ဖွင့်သင့်ပြီး ဘယ်အချိန်မှာ ငါလူတစ်ယောက်ကို သဘောကျကြောင်း ပြောလိုက်သင့်လဲဆိုတာပေါ့ "
" မင်းအားလုံး လုပ်နိင်ပါတယ် "
" ဟင့်အင်း ..မလုပ်နိင်ဘူး .."
အခုချိန်မှာ သူဘာမှမလုပ်နိင်ဘူး ။ ဒီလူ့အပေါ်မှာ သူ့စိတ်တွေ ၊ နှလုံးသားတွေ လက်မြှောက်အရူံးပေးလိုက်မယ် ကြံကာမှ ထိုလူက အခုတော့ သူ့ဘေးက ထွက်ပြေးဖို့ ကြိုးစားနေလေသည် ။
....
" ကိုကို ..ခေါ်တယ်ဆိုလို့ "
" ထိုင် "
။ ကင်မ်ထယ်ယောင်းရဲ့ ရုံခန်းထဲကို လီယွန်းဝူရောက်တော့ ကင်မ်ထယ်ယောင်းညွှန်ပြတဲ့ အလုပ်စာပွဲရှေ့က ခုံမှာ ထိုင်လိုက်လေသည် ။
" ပတ်ဂျီမင်ရဲ့အဖေမဆုံးခင်တုန်းက မင်းပဲဖုန်းပြောတာ ငါသိတယ် ၊ ငြင်းဖို့မကြိုးစားနဲ့ ၊ ကဲ ..နစ်ယောက်သား ဘာပြောတာလဲ ?"
"...."
နံပါတ်က တရား၀င်မဟုတ်တဲ့ နံပါတ်ကို ကိုကိုက ဘယ်လိုသိရတာပါလိမ့် ? ။ ကိုကို့ရဲ့ မျက်လုံးအကြည့်တွေက ပြင်းထန်နေလေသည် ။ သူလန့်သည်။ ဒီကိစ္စက သိုသိပ်စွာနဲ့ လုပ်ထားကာမှ ကိုကိုကသိသွားတော့ သူရင်တွေ တုန်နေလေသည် ။
" ဖြေလေ ..."
" ကိုကို .."
" လီယွန်းဝူ...ငါစိတ်မရှည်တာကို မင်းသိတယ်နော် .."
" ကိုကို့ကို ချစ်လို့ အရာအားလုံးက ဖြစ်သွားရတာ"
" ဟက့်.."
အခြားကောင်နဲ့ အိပ်ပြီး သတင်းယူနေတာကို သူ့ကို ချစ်လို့တဲ့ ။ ချစ်တာ မချစ်တာကသူ့အပိုင်း မဟုတ်ဘူး ။ ဘာပြောလဲဆိုတာက သူ့အပိုင်းပဲ ။
" ယွန်းဝူနဲ့မဆိုင်ဘူး ၊ ဂျီမင်အဖေက ယွန်းဝူနဲ့ ဖုန်းပြောခဲ့တယ်ဆိုပေမဲ့ ယွန်းဝူကြောင့်မဟုတ်ဘူး "
" မင်းကို အလုပ်ထုတ်ကြောင်းကို မင်ဟိုနဲ့ စာပို့ခိုင်းလိုက်ပြီး မင်းသွားလို့ရပြီး "
" ကိုကို .."
" ရွံစရာနာမည်တွေ လာမခေါ်နဲ့ .. အာရုံနောက်တယ် .."
ကင်မ်ထယ်ယောင်းဖုန်းကို ယူပြီးရုံးခန်းထဲကနေ ထွက်ခဲ့တော့ လီယွန်းဝူက နောက်က‌လိုက်လာပြီး ကင်မ်ထယ်ယောင်းရဲ့ နောက်ကျောကို လက်နစ်ဖက်နဲ့ ပွေ့ဖက်ပြီး
" ဒါတွေအားလုံးက ကိုကို့ကြာင့်ပဲလေ ..ကိုကို့ဆီက လစ်လျူရူခံလိုက်ရလို့ ဖြစ်သွားတာ "
" လွှတ်စမ်း "
အပေါ်ဆုံးထပ်မို့ ၀န်ထမ်းတွေ မရှိပေမဲ့ ကင်မ်ထယ်ယောင်းကတော့ ဒေါသထွက်လွန်းလို့ နားရွက်တောင် နီလာပြီး သူ့ခါးကို ဖက်ထားတဲ့ လီယွန်းဝူရဲ့လက်နစ်ဖက်ကို အတင်းပြန်ဆွဲထုတ်ပြီး တွန်းချလိုက်လေသည်။
" အား ...."
ဖင်ထိုင်ရက်သား ကျသွားတဲ့ လီယွန်းဝူရဲ့ရှေ့ကိုသွားပြီး လည်ပင်းနားက အင်္ကျီစနစ်ဖက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး
" ငါ့လက်နဲ့မသေချင်ရင် ကောင်းကောင်းနေ "
" နာတယ် ...နာတယ် "
ကင်မ်ထယ်ယောင်းရဲ့ပုံစံက လီယွန်းဝူကို လည်းပင်းဆွဲညှစ်ထားသလိုဖြစ်နေတာကြောင့် လီယွန်းဝူရဲ့ မျက်နှာသည် နီရဲနေပြီး မျက်ရည်တွေတောင် ကျလာလေသည် ။
" ကင်မ်ထယ်ယောင်း ဘာလုပ်နေတာလဲ လွှတ်လိုက်စမ်း .."
မင်ဟိုလာချိန်နဲ့ တန်းတိုးတာကြောင့် ကင်မ်ထယ်ယောင်း ညှစ်ထားတဲ့လက်ကို အမြန်ဆွဲဖြုတ်‌လိုက်လေသည် ။
" လီယွန်းဝူ မင်းသွားတော့ ..ကင်မ်ထယ်ယောင်း လာခဲ့ "
မင်ဟိုသည် ကင်မ်ထယ်ယောင်းရဲ့လက်မောင်းကို ကိုင်ကာ ဆွဲခေါ်လိုက်လေသည် ။
" ဘာလို အဲလိုလုပ်ရတာလဲ ဒါနဲ့ပဲ လူသတ်မိအုန်းမယ် ..ဒေါသကိုလျှော့ "
....
ခြံရှေ့မှာ ဘဲလ်တီးနေတာကြောင့် ဂျီမင်ထွက်ကပြီး ဘယ်သူလဲဆိုတာကို ကြည့်လိုက်သည်။ ကားကိုမြင်လိုက်သည်နှင့် အိမ်ထဲကို ချက်ချင်းပြန်၀င်လိုက်လေသည် ။ တံခါးဖွင့်ပေးစရာအကြောင်း မရှိပါ ။ ညစာ စားဖို့အတွက် ပြင်ဆင်နေလိုက်ပြီး အမဲသားကို ခပ်ပါးပါးလှီးလေသည် ။
" မင်း ဘယ်လို၀င် "
သူချက်ပြုတ်ဖို့အတွက်ကို အာရုံစိုက်နေတုန်း ထမင်းစာပွဲမှာ ကင်မ်ထယ်ယောင်းက လာထိုင်နေပြီး ဖြစ် လေသည်။ ဒါ သူ့အဖေအိမ်လေ ။ ကင်မ်ထယ်ယောင်း ဘယ်လိုမျိုး၀င်လာနိင်တာလဲ ? ။
" ခင်ဗျားမွေးနေ့ကိုရိုက်ထည့်လိုက်တာ "
ဖရိုဖရဲနဲ့အ၀တ်အစားကအစ ။ အ၀တ်အစား မလဲပဲ လာပုံထောက်ရင် ဒီကိုတန်းလာပုံရသည်။ မမြင်ချင်ပါဘူးဆို သူ့အိမ်ထိ လိုက်လာတယ် ။
" အိမ်ကို ဘယ်တော့ပြန်လာမှာလဲ ?"
ကင်မ်ထယ်ယောင်းရဲ့အမေးကြောင့် လှီးနေတာကိုရပ်လိုက်သည် ။
" ငါ့အဖေ မင်းအပေါ်မှာတင်နေတဲ့အကြွေးတွေကို ငါပြန်ဆပ်ပေးမယ် ၊ ဒါကြောင့် ငါ့ကိုကွာရှင်းပေး "
ဒီစကားကိုပြောလာမည်ဆိုတာကို သူသိသည် ။ အပြင်ကုတ်ကို ချွတ်လိုက်ရင်
" ကွာရှင်းပေးဖို့ လိုက်လာတာ မဟုတ်ဘူး ၊ အိမ်ပြန်ခေါ်မလို့ လာတာ "
" ဘာအတွက်လဲ ..ငါကရော ဘာလို ငါ့အဖေကိုသေစေချင်ခဲ့တဲ့လူနဲ့ နေပေးရမှာလဲ ..?"
" ကျစ် ..အဲတာက "
ကင်မ်ထယ်ယောင်းကြောင့် ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ သူကတော့ ကင်မ်ထယ်ယောင်းကိုပဲ အပစ်တင်မှာပဲ ။ ဘာလိုဆို ထိုညက သူ့အဖေကိုသေစေချင်ခဲ့တာ
ကင်မ်ထယ်ယောင်းဖြစ်နေလို့ပဲ ။
" တစ်ချိန်ချိန် ငါ့ကိုရော ...မင်းအဲလိုမပြောနိင်ဘူး ၊ မလုပ်နိင်ဘူးလို့ ပြောနိင်မလား ?"
ကင်မ်ထယ်ယောင်းက ထိုင်နေရာမှာ ထလာပြီး ဂျီမင်ရှေ့မှာ လာရပ်ရင် ပုခုံးကို ဆုပ်ကိုင်ကာ
" မတူဘူး .. အဲတာက ခင်ဗျားအဖေက ခင်ဗျားကိုတောင် မောင်နဲ့အလောင်းအစားလုပ်ခဲ့လို့ပဲ "
" အဲတာ မင်းအပြောလေ "
" သေချာနားထောင် .."
" ငါ့ပုခုံးကို လွှတ် .."
သူ့ပုခုံးကို တင်းတင်းကျပ်ကျပ်လာကိုင်ထားတော့ ဂျီမင်ဒေါသထွက်သွားလေသည်။
" မောင်မင်းကို .."
" မင်းလည်း တစ်ချိန်ချိန်မှာ မင်းမာမီလို ငါ့ကိုမလုပ်နိင်ပါဘူး ပြောနိင်လား ..?"
" ဘာ .."
ကင်မ်ထယ်ယောင်းရဲ့မျက်နှာအရောင်သည် ပြောင်းလဲသွားလေသည် ။
" တစ်ချိန်ချိန် မင်းမာမီကို ပစ်ခဲ့တဲ့သေနတ်နဲ့ငါ့ကို "
" ပတ်ဂျီမင် ...!!"
ကင်မ်ထယ်ယောင်း တော်တော်လေး ဒေါသထွက်သွားပြီး အသံကို အဆုံးထိအော်ပစ်ပြီး ဂျီမင်လက်မောင်းနစ်ဖက်ကို ဆွဲလူပ်ခါလိုက်တော့ ဂျီမင်လည်း ကင်မ်ထယ်ယောင်းတစ်ခုခုလုပ်မယ်အထင်နဲ့ မျက်လုံးရှေ့မှာ မြင်ရတဲ့ အသီးလှီးတဲ့ဓားနဲ့ ဘယ်ဘက်လက်မောင်းကို ထိုးချလိုက်လေသည် ။ ထိုအချိန်ရောက်မှာ ကင်မ်ထယ်ယောင်းငြိမ်ကျသွားပြီး ဓားအထိုးခံလိုက်ရတဲ့ လက်မောင်းကို ကြည့်လိုက်လေသည်။ ပြီးတော့ ဂျီမင် ပုခုံးပေါ်ကနေ လက်နစ်ဖက်က တစ်ဖြေးဖြေး လျော့ကျသွားလေသည် ။ ဂျီမင်လည်း ဘာပြောလို ပြောရမှန်းမသိ ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဒီအတိုင်း ရပ်နေမိလေသည် ။
" အဲလောက်မုန်းသွားလိုက်မှန်းမသိဘူး "
စိုက်၀င်သွားသောဓားကို ဆွဲနူတ်လိုက်တော့ သွေးက ဖြာခနဲ့ ထွက်လာလေသည် ။ ကင်မ်ထယ်ယောင်းလက်မောင်းကိုအာရုံမစိုက်ပဲ ဓားကို ဘေစင်မှာ ချလိုက်ပြီးရေကိုဖွင့်လိုက်သည်။ ပြီးတော့မှ ဓားနေရာမှာ ပြန်ထားလိုက်သည် ။ ဂျီမင်ရပ်နေတဲ့ နေရာရှေ့နဲ့ ကင်မ်‌ထယ်ယောင်း သွားနေတဲ့နေရာတွေက သွေး နေရာတွေ ဖြစ်နေလေသည် ။ ထိုအချိန်ထိ ဂျီမင်စကားတစ်ခွန်းမှ မပြောနိင်ပါ ။ ထိုနေရာမှာပဲ ဒီအတိုင်းပဲ ရပ်နေမိလေသည် ။
ကင်မ်ထယ်ယောင်းသည် ဂျီမင်ရှေ့မှာ ပြန်ရပ်ရင် ခေါင်းကို ငုံ့ကိုင်းရင် ဂျီမင်နူတ်ခမ်းကို တစ်ချက်နမ်းလိုက်လေသည် ။
" ဒါက နူတ်ဆက်အနမ်းဖြစ်ရင်ဖြစ်မှာပေါ့ "
ခေါင်းလေးကို ခပ်ဖွဖွ ပွတ်လိုက်ပြီးတော့မှ ကင်မ်ထယ်ယောင်း ထွက်သွားလေသည်။ ထိုတော့မှ ဂျီမငိအသက်ရှင်လာသလိုပြန်ခံစားရပြီး ထွက်သွားတဲ့လူဆီကို ကြည့်လိုက်မိသည်။ ထမင်းစား စာပွဲမှာ ကျန်ခဲ့တဲ့ ကင်မ်ထယ်ယောင်းရဲ့ ကျန်ခဲ့တဲ့ အ‌ပေါ်ကုတ်ဆီကို ခြေလှမ်းရွေ့ကာ ယူလိုက်ရင် ကြမ်းပြင်မှာ ထိုင်ချကာ အိခနဲ့ ငိုချလိုက်မိလေသည် ။
Zawgyi
" အဲလောက်လွယ်လား ?"
" မောင် တောင်းပန်ပါတယ် "
" ဟေး ..ဟေး .."
" ဘာဖြစ်တာလဲ ?"
" အရင်ကားဆီကိုသွား စက်နိုးထား .."
" အေးအေး .."
" ဆေးရုံကိုမောင်း .."
....
" မင်းကလဲကွာ .."
"...."
" သူ့ကို ချစ်လား ?"
" ...."
" ဆိုင်ကယ်ကွင်းမှာ "
" ဟင့် ..."
......
" ဟုတ် "
...
" ...."
"...."
" ဟင့် ...!! သေနတ်ရှိတယ် "
" မသိဘူး "
" အင်း ..."
....
" ထိုင် "
"...."
" ဖြေလေ ..."
" ကိုကို .."
" ဟက့်.."
" ကိုကို .."
" လွှတ်စမ်း "
" အား ...."
" နာတယ် ...နာတယ် "
....
" မင်း ဘယ်လိုဝင် "
" ကျစ် ..အဲတာက "
" အဲတာ မင်းအပြောလေ "
" သေချာနားထောင် .."
" ငါ့ပုခုံးကို လွှတ် .."
" မောင်မင်းကို .."
" ဘာ .."
" ပတ်ဂျီမင် ...!!"
Continue Reading
You'll Also Like
1M 63K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
190K 6.7K 95
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
461K 13.9K 97
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
267K 9.3K 106
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...