Majestic Love Story In Dae Go...
By nuenueki
25.8K 4.2K 683
စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာ... More
မိတ်ဆက်
1.ကံကြမ္မာနှစ်ခုမွေးဖွားလာခြင်း
2.လှည့်စားခံရသောကံကြမ္မာ
3.တွေ့ဆုံခြင်းအစ
4.ပထမဆုံးမိတ်ဆွေ
5.နှစ်ကြိမ်မြောက်ကယ်တင်ရှင်
6.အိမ်ပြန်ခရီး
7.နွေးထွေးသောနှစ်သိမ့်မှု
8.ခွဲခွာချိန်
9.တမ်းတခြင်း
10.သေမင်းတမန်စစ်သူကြီး
11.သမားတော်နဲ့အတိတ်မေ့လူနာ
12. ရှောင်လွှဲ၍မရသော မင်္ဂလာပွဲ
13.ထူးဆန်းသော မင်္ဂလာလက်ဖွဲ့
14.ဖြတ်သန်းခဲ့ရသောအတိတ်
15.ကံကြမ္မာစီစဥ်တဲ့မင်္ဂလာပွဲ
16.ရန်သူတော်ကိုစိတ်ဒုက္ခပေးခြင်း
17.ဖုံးကွယ်ထားသောမျက်နှာ
18. စစ်မှန်သောအိမ်ထောင်ဖက်
19.ကတိ
20.သဲလွန်စ
21. သိုဝှက်မေတ္တာ
22.အောင်နိုင်သူ
23.သေရွာပြန်
24. အတိတ်ကိုတူးဆွခြင်း
25. ဆောန်
26.စစ်ဗျူဟာစာအုပ်စင်ပေါ်က ပန်းပွင့်စာအုပ်
27.အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း
29. မိုင်းဂါးမျိုးနွယ်သားအဖရဲ့ကျိန်စာသင့်အချစ်ဦးပုံပြင်
30.အပေးအယူ
31.မထင်မှတ်ထားသောလူနာရှင်
32. အမှန်တရားအပိုင်းအစ
32.နောက်ကွယ်မှစီစဥ်သူ
33.အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်း
34.ရပ်တည်ချက်
35.ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း
36.တာဝန်သိစိတ်
37.ပါရမီဖြည့်ဖက်
38.အချစ်=လူသားဆန်မှု
39. မြတ်နိုးရပါသော
40.ပွဲဦးထွက်အနိုင်ပွဲ
41.လက်ခံရန်ခက်ခဲသော..
42. အန္တရာယ်ကြားကရင်ခုန်သံ
43.မြားဒဏ်ရာ
44.ဓားစာခံရှာဖွေခြင်း
45.အားပေးဖော်
46.အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီတကား
47. ကောင်းကင်မှာလင်းတဲ့ကြယ်
48. အမှာစကား
49. နှလုံးသားခိုးယူခံရခြင်း
50.မထင်မှတ်ထားသောအကူအညီ
51. မထင်မှတ်ထားသောအကူအညီ (2)
52. ကောင်းကင်ဘုံ၏အပြစ်ဒဏ်
53.Majestic Love Story in Dae Goguyeo
Author Note
အမှတ်တရ Section
28. နိုင်ငံတော်စျာပန
495 84 10
By nuenueki
မန်းဘို့ကို စစ်စခန်းအတွင်းမှ အကျဥ်းထောင်ထဲမှာပင် စစ်ဆေးမေးမြန်းပြီး သက်သေအစုံအလင် ရရှိချိန်တွင်ညနေအတော်ပင်စောင်းနေချေပြီ။
ဆောင်ဟွန်းလည်း နန်းတော်သို့ဝင်ကာ တွေ့ရှိချက်များကို ဘုရင့်ထံလျှောက်တင်သည်။
" စစ်သူကြီးချုပ်တင်ပြတဲ့ သက်သေတွေအရ အိမ်ရှေ့စံရဲ့ပြစ်မှုက ထင်ရှားနေပြီ မနက်ဖြန်ညီလာခံမှာလည်း ဒီသက်သေတွေနဲ့တကွ အမတ်တွေရဲ့ရှေ့မှောက်မှာ စစ်သူကြီးကိုယ်တိုင်ပြန်လည်လျှောက်တင်စေ ငါကိုယ်တော် အိမ်ရှေ့စံရဲ့ဆင်ခြင်မဲ့မှုအတွက် ကောင်းကောင်းအပြစ်ပေးရမယ်။"
ဆောင်ဟွန်း ဘုရင့်နန်းဆောင်မှထွက်လာခဲ့တော့ မထင်မှတ်ထားသူတစ်ဦးက စောင့်ကြိုနေသည်။
" ဟွန်း ငါနဲ့စကားနည်းနည်းလောက်ပြောရအောင် "
အခုအချိန်ထိ သူ့ကို ဟွန်းလို့ခေါ်ပြီး ဟန်ဆောင်နေဆဲဖြစ်တဲ့ ဆောန်မီနဲ့လည်း စကားပြောဖို့လိုနေတာကြောင့်ဆောင်ဟွန်းလည်း စကားး ပြောဖို့လက်ခံလိုက်သည်။
" ဟွန်း အခုလိုပြောရတာ နင့်အတွက်မတရားမှန်းသိပေမယ့် အိမ်ရှေ့စံရဲ့အပြစ်တွေကိုတစ်ခါလောက်လေးပဲ ခွင့်လွှတ်ပေးလို့မရဘူးလားဟင်"
" ဘာကျေးဇူးရှိလို့ ခွင့်လွှတ်ပေးရမှာလဲ "
ဆောင်ဟွန်းရဲ့သူစိမ်းဆန်လှတဲ့ အေးစက်စက်လေသံကြောင့် ဆောန်မီမျက်ဝန်းမှာ မျက်ရည်တို့စီးကျလာသည်။
" ဟွန်း နင်အိမ်ထောင်ပြုလိုက်တာနဲ့ ပြောင်းလဲသွားလိုက်တာ။
ဟွန်းရယ် နင့်ကိုယ်စား ဓားချက်ဝင်ခံပေးဖူးတဲ့မျက်နှာလေးကိုထောက်ပြီးတော့ပဲဖြစ်ဖြစ် ဒီတစ်ခါလောက်ပဲ အိမ်ရှေ့စံရဲ့အပြစ်ကိုခွင့်လွှတ်ပေးပါ သူသာ နန်းကျသွားရင် ငါ့ဘဝက သွားပြီ ဘယ်တော့မှ အမြင့်ကိုပြန်မတက်နိုင်တော့ဘူး။
အပြစ်လုပ်တာသူဆ်ိုပေမယ့် ငါကကြားထဲကနစ်နာရမှာကို နည်းနည်းတော့ထည့်စဥ်းစားပေးပါဦးဟွန်းရယ် နော်"
ဆောင်ဟွန်းမမှတ်မိလောက်သေးဘူးထင်ပြီး အခုထိ သူကယ်ခဲ့သလိုဟန်ဆောင်ပြောနေသေးသည့် ဆောန်မီအပေါ်မှာ ဆောင်ဟွန်း သနားညှာတာလိုစိတ် နည်းနည်းလေးတောင်ရှိမနေပါချေ။
အဖြစ်မှန်တွေမသိခဲ့လျှင်တော့ သူ့အသက်ကို လုပ်ကြံတဲ့ကိစ္စဖြစ်လျှင်တောင် ဆောန်မီကိုအားနာပြီး လျစ်လျူရှုပေးလိုက်မှာ ဖြစ်ပေမယ့် အခုကတော့မတူချေ။
အိမ်ရှေ့စံက သူ့အသက်ကိုလုပ်ကြံချင်ရုံသာမက ဆောန်ကြောင့်ကံဆိုးပြီး အသက်သေဆုံးရသည်ဆိုပြီး ဆောန်အပေါ်အပြစ်တွေပုံချချင်သေးတာဖြစ်သည်။
သူသာ မပါးနပ်ခဲ့လျှင် ဆောန်က သူ့ကို နှစ်ကြိမ်နှစ်ခါဆုံးရှုံးရပြီး နှစ်ကြိမ်လုံးသူမျက်နှာက်ိုမြင်ခဲ့တာကြောင့်ဟူသောစိတ်ဖြင့် တစ်သက်လုံးစိတ်ဒဏ်ရာကနေ ရုန်းမထွက်နိုင်ဘဲ သူ့ကိုယ်သူအဆုံးစီရင်သွားသည်အထိပင် ဖြစ်နိုင်သည်။
" အိမ်ရှေ့စံနဲ့မင်းက တကယ်ကိုလိုက်ဖက်တဲ့ အိမ်ထောင်ဖက်တွေပဲ တစ်ယောက်က ငါ့ကို လုပ်ကြံပြီး ဆောန်ကို လွှဲချဖို့ကြံတယ်။
တစ်ယောက်ကတော့ ငါအတိတ်မေ့နေတာကို အခွင့်ကောင်းယူပြီး ဆောန်နေရာမှာ ဝင်ဟန်ဆောင်ရင်း ငါ့ရဲ့မျက်နှာသာပေးမှုကို
အခွင့်ကောင်းယူတယ် "
ထိုစကားကိုကြားလိုက်ရသော ဆောန်မီမှာ သူ့နားသူမယုံနိုင်သလို အံ့အားသင့်နေပြီး ရပ်နေရာမှာ နောက်သို့နှစ်လှမ်းလောက်ဆုတ်သွားသည်။
" နင် နင်ပြန်မှတ်မိသွားပြီပေါ့ဟွန်း
ငါ့ကိုအပြစ်မတင်နဲ့ ငါသူ့နေရာမှာ ဟန်ဆောင်ခဲ့တယ်ဆိုတာလည် နင့်ကိုချစ်တဲ့စိတ်နဲ့လုပ်ခဲ့မိတာပဲ "
" စကားပြောဆင်ခြင်ပါ။
အဲဒီအချိန်တုန်းက
သူ့ဘာသာတောင် မိဘကပြစ်ပယ်ခံထားရလို့ စိတ်အားငယ်နေတဲ့ကလေးကို မင်းက ဘာရည်ရွယ်ချက်နဲ့ဖမ်းခေါ်ပြီး ဒုက္ခတွေပေးခဲ့တာလဲ "
ဆောန်မီက
ထိုအမေးကိုချက်ချင်းပြန်မဖြေဘဲ အသက်မဲ့စွာရယ်နေသည်။
" ငါလည်း ငါ့အဖေနဲ့နတ်ဆရာမပြောတဲ့အတိုင်း လိုက်လုပ်ခဲ့ရတာပဲ ငါလည်းနစ်နာသူပဲလို့ ။
နတ်ဆရာမကိုယုံပြီး ငါ့အဖေကဇွတ်အတင်း ငါနဲ့အဲ့ကံဆိုးကောင်ရဲ့ ကြမ္မာကိုလဲလှယ်ဖို့လုပ်ခဲ့တာ။
ငါ့အဖေကိုကြောက်လို့သာ
မဟုတ်ရင် ငါက ဘာလို့ ကံဆိုးကောင်နဲ့ ကံကြမ္မာချင်းလဲချင်ပါ့မလဲ ။
ပြီးတော့ အဲ့ဒီညက ဆွဲပြားကိုလည်း ကံဆိုးကောင်ရဲ့လက်ထဲကပြုတ်ကျသွားတာကိုမြင်လိုက်ရလို့သာ ငါကောက်ပြီးထိန်းသိမ်းပေးထားခဲ့တာ။
မဟုတ်ရင် အဲ့ညမှာပဲ ပျောက်သွားတာကြာလှပြီ။
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့။
ငယ်ငယ်က သူကနင်နဲ့အရင်တွေခဲ့ပေမယ့်
အခုက နင့်ကိုငါအရင်ပြန်တွေ့ခဲ့တာမို့ နင့်အနားရှိခွင့်ရဖို့ လိမ်ခဲ့မိတာ ငါမမှားဘူး။ "
သူ့လုပ်ရပ်တွေကိုနောင်တရပုံမရှိတဲ့အပြင်
ဆောန်ကို ကံဆိုးကောင်လို့ခဏခဏခေါ်နေတဲ့ဆောန်မီရဲ့စကားတွေကို ဆက်လက်နားထောင်ပေးနိုင်ခြင်းမရှိတော့တာ​ကြောင့် ထိုနေရာမှ လှည့်ထွက်ကာ အိမ်တော်သို့ပြန်လာခဲ့တော့သည်။
.
.
" သူ့လက်ထဲမှာ သက်သေတွေအကုန်ရောက်နေပြီဆိုတော့မနက်ဖြန်ညီလာခံမှာသာအကုန်ချပြလိုက်ရင် သားတော်ရှေ့ရေးက ဘယ်လိုမှမကောင်းနိုင်တော့ဘူး။
အဖေတစ်ခုခုကြံပါဦး
မနက်ဖြန်ညီလာခံမှာ ဒီသက်သေတွေမတင်ပြနိုင်အောင် ကြံပါဦး။
ဒီညအတွင်း အဲဒီစစ်သူကြီးချုပ်ကို ထပ်ပြီးလုပ်ကြံရင်ကောင်းမလား အဖေ"
အိမ်ရှေ့စံ ၊ ဆိုဟုမယ်မယ်နဲ့ အမတ်ချုပ်ကြီးတို့ မြေးအဖိုးသားအဖ၃ဦး နန်းဆောင်အတွင်း၌ တံခါးပိတ်ဆွေးနွှေးနေကြတာဖြစ်သည်။
" အခုအချိန်မှာ စစ်သူကြီးချုပ်ကိုနှုတ်ပိတ်လိုက်ရင် အိမ်ရှေ့စံရဲ့လက်ချက်မှန်းလူတိုင်းသိသွားမှာပေါ့ အဲဒါဆိုရင် အပြစ်က တစ်မှုကနေ နှစ်မှုတိုးပြီးပိုဆိုးသွားမှာ
အရှင်မင်းကြီးရဲ့အကျင့်နဲ့ဆိုရင် အိမ်ရှေ့စံရဲ့အပြစ်တွေကိုဒီအတိုင်းကျော်သွားမှာမဟုတ်ဘူး။
အဲဒီတော့နည်းလမ်းတစ်ခုအပြင်မရှိတော့ဘူး "
အမတ်ချုပ်ကြီးရဲ့ တည်ငြိမ်လေးနက်တဲ့စကားကြောင့် အိမ်ရှေ့စံနဲ့ဆိုဟုမယ်မယ်မှာစိတ်လှုပ်ရှားစွာနဲ့ နားထောင်နေသည်။
" တစ်ချိန်ချိန်မှာသေချာပေါက်တက်ရမယ့်ထီးနန်းကို အချိန်နည်းနည်းစောယူလိုက်ရုံအပြင်မရှိဘူးပေါ့။
စစ်သူကြီးချုပ်ရဲ့ လျှောက်တင်ချက်ကို လက်ခံမယ့်သူက အခုလက်ရှိ အရှင်မင်းကြီးမဟုတ်ဘဲ မင်းကြီးအသစ်သာဆိုရင် အခြေအနေတွေကို လိုသလိုပြောင်းလဲပစ်လို့ရပြီလေ။
တော်ဝင်မိသားစုမှာ နန်းပလ္လင်ဆိုတာ လျှင်သူစားစတမ်းပဲ။
နန်းပလ္လင်နဲ့ပတ်သတ်လာရင် ညီအကိုဆိုတာလည်းမရှိဘူး သားအဖဆိုတာလည်းမရှိဘူး။
ဆူနိုင်ငံရဲ့နောက်ဆုံးဧကရာဇ်ကလည်း ညီရင်းအကိုအရင်းတွေနဲ့ ခမည်းတော်ကို သတ်ပြီးနန်းတက်ခဲ့တာပဲ။
ညီအကိုတွေ သားအဖတွေဆိုတဲ့သံယောဇဥ်ကိုထောက်နေရင်သူဧကရာဇ်ဖြစ်မလာဘူးမြေးတော် အဘိုးပြောတာသဘောပေါက်ရဲ့မဟုတ်လား "
ဆွေးနွေးပွဲအဖြေကထွက်လာချေပြီ။
များမကြာမီမှာပင် အိမ်ရှေ့စံက
ဆိုဟုမယ်မယ်ပြင်ဆင်ပေးတဲ့ ညစာအချိုပွဲကို သယ်ဆောင်ကာ ဘုရင့်နန်းဆောင်ဆီသို့ကြွလာခဲ့သည်။.
.
.
နန်းတော်ထဲကအပြန် စစ်စခန်းကိုမသွားတော့ဘဲ အိမ်တော်သို့ပြန်လာခဲ့တဲ့ဟွန်းက သူ့နဲ့အတူအခန်းဟောင်းလေးမှာပဲတိုးဝှေ့ကာ ပွေ့ဖက်ရင်းအိပ်ပျော်လျက်ရှိသည်။
ဆောနူးလည်း အိပ်ပျော်ဖို့ကြိုးစားရင်း အိပ်ပျော်တော့မည့်ဆဲဆဲတွင် အခန်းအတွင်းမှအချက်ပေးခေါင်းလောင်းလေးမြည်လာသံကြားလိုက်ရသည်။
ခါးပေါ်မှာ မြဲမြံစွာဖက်တွယ်ထားတဲ့ဟွန်းရဲ့လက်တွေကိုအသာအယာဖယ်ရှားကာ မျက်နှာဖုံးသည့်ပဝါအဖြူတစ်ထည်ထုတ်ယူပြီး ကျနစွာစည်းနှောင်လိုက်သည်။
ထို့နောက်ဝတ်ရုံအဖြူကိုသပ်ရပ်စွာလဲလှယ်ဝတ်ဆင်ပြီးသွားတောမည်အပြုတွင် ဟွန်းက အိပ်နေရာမှထကာ လိုက်ခဲ့မည်ဟုပြောလာသည်။
" မလိုက်ခဲ့နဲ့ဟွန်း ကောင်းကောင်းနား မနက်လည်းညီလာခံမီအောင်သွားရဦးမှာလေ ငါကခဏပဲ ငါ့ကိုစောင့်မနေနဲ့ပြန်အိပ်လိုက်ဦး "
ဟွန်းကိုချော့မော့ကာ ပြန်အိပ်စေပြီးနောက်ဆောနူး လျီု့ဝှက်လမ်းလေးမှတစ်ဆင့်ဆေးဆိုင်ထဲသို့ရောက်လာသည်။
ဆေးဆိုင်ထဲမှာ စိတ်လောနေဟန် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ကာဆောနူးအလာကိုစောင့်နေသူမှာ ခမည်းတော်ဘေးမှ အထိန်းတော်ချုပ်ကြီးဖြစ်နေပြန်သည်။
" ဒီတစ်ခါအရေးကြီးပါတယ် သမားတော်ကြီး မြန်မြန်သွားကြပါစို့ အရှင်မင်းကြီးအမောဖောက်နေတာ တော်တော်အခြေအနေဆိုးတာမို့ ပြေးလာခေါ်လိုက်တာပါ "
အရင်ရက်တွေက သူပုံမှန်လေးသွားကုပေးကာ ဆေးတွေလည်းသေချာစိစစ်ပြီး
သောက်သုံးစေခဲ့တာမို့ ထူထူထောင်ဖြစ်ပြီးပြန်ကျန်းမာလာနေတဲ့ ခမည်းတော်က အခုတော့အမောဖောက်ပြီး အခြေအနေဆိုးတယ်တဲ့လား ။
ဆောနူးရင်တွေပူလာသည်။
နန်းဆောင်ထဲရောက်တော့ ခမည်းတော်က အတော်လေးမောဟိုက်ပင်ပန်းနေပုံရကာ အခြေအနေမှာလည်းအားရစရာမကောင်းလှပေ။
" ဘယ်လိုဖြစ်တာလဲ အထိန်းတော်ချုပ်ကြီး အရင်နေ့တွေက အခြေအနေကောင်းလာပြီမို့ပျော်နေသေးတာကို။
မတည့်တာတွေစားမိသေးလား။ "
" မတည့်တာတွေဘာမှမစားပါဘူး ။
သမားတော်ကြီးပေးတဲ့ဆေးအတိုင်းလည်းပုံမှန်တိုက်ပြီး အစားအသောက်ကိုလည်း သေချာစီစဥ်ပြီးစားပါတယ်။
ညဦးပိုင်းက အိိမ်ရှေ့စံဆက်သတဲ့အချိုပွဲကိုတောင် အများကြီးအစားဘဲ မြည်းတယ်ဆိုရုံပဲ မြည်းပြီးပြန်ပေးလိုက်တာ "
သေချာစွာစစ်ဆေးပြီးနောက်သွေးကြောစမ်းပေမယ့်လည်း ထူးခြားချက်တစ်စုံတစ်ရာမတွေ့ရပဲ အခြေအနေမှာလည်းဆိုးဝါးသည်ထက်ဆိုးဝါးလာသည်။
စကားပြောဖို့အားယူလိုက်ချိန်တွင် သွေးတွေပါအန်ထွက်လာတာကြောင့် ဆောနူး ထိတ်ပြာသွားရတော့သည်။
ပယောဂတစ်ခုခုကြောင့်သာမဟုတ်ရင် ခမည်းတော်ဒီလောက်အထိဖြစ်စရာအကြောင်းမရှိချေ။
ဆောနူးကိုအနားတိုးလာဖို့ လက်ဟန်ပြတာနဲ့
ဆောနူးခမည်းတော်နားတိုးကပ်သွားတော့ ခမည်းတော်က တုန်ရီနေတဲ့လက်တို့နဲ့
ဆောနူးမျက်နှာလေးကိုဖြည်းဖြည်းချင်းထိကိုင်ကြည့်နေသည်။
" တာဝန်မကျေတဲ့ ဒီအဖေက တောင်းပန်ပါတယ်ကလေးရေ အဖေ့ကို ခွင့်လွှတ်ပေးပါ။
စစ်သူကြီးချုပ်နဲ့အတူရှိနေမှာမို့ စိတ်ချပါပြီ။
ပျော်ပျော်ရွှင်ရွှင်နေရမယ်နော် "
ဆောနူးမျက်နှာပေါ်က ခမည်းတော်ရဲ့လက်ချောင်းလေးတွေက ဖြည်းဖြည်းချင်းအားလျော့သွားပြီးနောက် အရုပ်ကြိုးပြတ်ပြုတ်ကျသွားတော့သည်။
ခမည်းတော်
ဟင့်အင်း
ဒီလိုမဖြစ်ရဘူးလေ ။
ခမည်းတော်က သူ့ကို တစ်ချိန်လုံးမှတ်မိ​တာ အခုမှသိသည်။
ဆောနူးသိချိန်မှာတော့ ခမည်းတော်က ကောင်းကင်ဘုံသို့ ထွက်ခွာသွားခဲ့ချေပြီ။
.
.
နန်းဆောင်မကြီးခေါင်မိုးပေါ်မှာ အထိန်းတော်တစ်ဦးက ဘုရင်မင်းမြတ်၏ ဝတ်ရုံတော်ကိုလက်မှ ကိုင်ကာ ဝှေ့ယမ်းရင်း
"အရှင်မင်းကြီး နတ်ရွာစံပြီ" ဟူသော ရင်ခေါင်းသံကြီးဖြင့် ငိုကြွေးမြည်တမ်းလိုက်သောအသံသည် တစ်ဆင့်စကားဖြင့်
ဂိုဂူလျောတစ်နိုင်ငံလုံးသို့ပျံ့နှံ့သွားလေသည်။
နိုင်ငံတော်စျာပနဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် စည်တော်ကြီးများတီးခတ်သံသည် တစ်တိုင်းပြည်လုံး၏ ရင်ထဲသို့တိုင် မြည်ဟီးနေတော့သည်။
.
.
စျာပနအခမ်းအနားကို တက်ရောက်ခွင့်မရတာကြောင့် စျာပနဝတ်စုံလေးဖြင့် ဖျော့တော့ပြီးငိုလည်းမငိုနိုင်ဘဲ အားအင်မဲ့စွာထိုင်နေတဲ့ ဆောန်ကို ဆောင်ဟွန်းအားပေးနှစ်သိမ့်သည့်အနေဖြင့် အသာအယာဖက်ထားပေးလိုက်သည်။
" ငိုချင်ရင် ငိုချလိုက်လို့ရတယ်ဆောန် ။
ဖြစ်လာသမျှတွေကို အရင်လို တစ်ယောက်တည်းကြိတ်ခံစားနေစရာမလိုတော့ဘူး အခုမင်းမှာ ငါရှိနေပြီ။"
ထို့နောက်နဖူးလေးကိုထိကပ်သည်ဆိုယုံမျှ ခပ်ဖွဖွလေးနမ်းလိုက်သောအခါမှ ဆောန်က စိတ်ကိုလျှော့ချလိုက်ပြီး သူ့ရင်ခွင်ထဲမှာ တသိမ့်သိမ့်ငိုကြွေးလေသည်။
ပေါ့ပါးသွားအောင် စိတ်ကြိုက်ငိုစေပြီး နောက်ကျောလေးကိုအသာအယာပုတ်ပေးနေလိုက်သည်။
သူလည်း ဖခင်ကိုဆုံးရှုံးထားဖူးသူမို့ ဒီအချိန်မှာ စကားတွေအများကြီးပြောပေးတာထက်
လွတ်လွတ်လပ်လပ်ငိုချလိုက်စရာ ရင်ခွင်တစ်ခုကိုပိုပြီးလိုအပ်မှန်း ဆောင်ဟွန်းသဘောပေါက်သည်။
.
.
Zawgyi
အခုအချိန်ထိ သူ့ကို ဟွန်းလို့ခေါ်ပြီး ဟန်ဆောင်နေဆဲဖြစ်တဲ့ ဆောန်မီနဲ့လည်း စကားပြောဖို့လိုနေတာကြောင့်ဆောင်ဟွန်းလည်း စငါးပြောဖို့လက်ခံလိုက်သည်။
အပွသျလုပျတာသူဆျိုပမေယျ့ ငါကကြားထဲကနစ်နာရမှာကို နည်းနည်းတော့ထည့်စဉ်းစားပေးပါဦးဟွန်းရယ် နော်"
တစ်ယောက်ကတော့ ငါအတိတ်မေ့နေတာကို အခွင့်ကောင်းယူပြီး ဆောန်နေရာမှာ ဝင်ဟန်ဆောင်ရင်း ငါ့ရဲ့မျက်နှာပေးမှုကို အခွင့်ကောင်းယူတယ် "
" စကားပြောဆင်ခြင်ပါ။
အဲဒီအချိန်တုန်းက
သူ့ဘာသူတောင် မိဘကပြစ်ပယ်ခံထားရလို့ စိတ်အားငယ်နေတဲ့ကလေးကို မင်းက ဘာရည်ရွယ်ချက်နဲ့ဖမ်းခေါ်ပြီး ဒုက္ခတွေပေးခဲ့တာလဲ "
ဆောန်မီက
သူ့လုပ်ရက်တွေကိုနောင်တရပုံမရှိတဲ့အပြင်
.
.
" သူ့လက်ထဲမှာ သက်သေတွေအကုန်ရောက်နေပြီဆိုတော့မနက်ဖြန်ညီလာခံမှာသာအကုန်ချပြလိုက်ရင် သားတော်ရှေ့ရေးက ဘယ်လိုမှမကောင်းနိုင်တော့ဘူး အဖေတစ်ခုခုကြံပါဦး မနက်ဖြန်ညီလာခံမှာ ဒီသက်သေတွေမတင်ပြနိုင်အောင် ကြံပါဦး
ဆွေးနွေးပွဲအဖြေကထွက်လာချေပြီ များမကြာမီမှာပင် အိမ်ရှေ့စံက ဆိုဟုမယ်မယ်ပြင်ဆင်ပေးတဲ့ ညစာအချိုပွဲကို သယ်ဆောင်ကာ ဘုရင့်နန်းဆောင်ဆီသို့ကြွလာခဲသည်။.
.
.
" ဒီတစ်ခါအရေးကြီးပါတယ် သမားတော်ကြီး မြန်မြန်သွားကြပါစို့ အရှင်မင်းကြီးအမောဖောက်နေော တော်တော်အခြေအနေဆိုးတာမို့ ပြေးလာခေါ်လိုက်တာပါ "
အရင်ရက်တွေက သူပုံမှန်လေးသွားကုပေးကာ ဆေးတွေလည်းသေချာစိစစ်ပြီးသောက်ဆုံးစေခဲ့တာမို့ ထူထူထောင်ဖြစ်ပြီးပြန်ကျန်းမာလာနေတဲ့ ခမည်းတော်က အခုတော့အမောဖောက်ပြီး အခြေအနေဆိုးတယ်တဲ့လား ။
ဆောနူးရင်တွေပူလာသည်။
သမားတော်ကြီးပေးတဲ့ဆေးအတိုင်းလည်းပုံမှန်တိုက်ကြီး အစားအသောက်ကိုလည်း သေချာစီစဉ်ပြီးစားပါတယ်။
ညဦးပိုင်းက အိမ်ရှေ့စံဆက်သတဲ့အချိုပွဲကိုတောင် အများကြီးအစားဘဲ မြည်းတယ်ဆိုရုံပဲ မြည်းပြီးပြန်ပေးလိုက်တာ "
ဆောနူးကိုအနားတိုးလာဖို့ လက်ဟန်ပြတာနဲ့ဘဆောနူးခမည်းတော်နားတိုးကပ်သွားတော့ ခမည်းတော်က တုန်ရီနေတဲ့လက်တို့နဲ့ဆောနူးမျက်နှာလေးကိုဖြည်းဖြည်းချင်းထိကိုင်ကြည့်နေသည်။
ဆောနူးမျက်နှာပေါ်က ခမည်းတော်ရဲ့လက်ချောက်းလေးတွေက ဖြည်းဖြည်းချင်းအားလျော့သွားပြီးနောက် အရုပ်ကြိုးပြတ်ပြုတ်ကျသွားတော့သည်။
ခမည်းတော်
ဟင့်အင်း
ဒီလိုမဖြစ်ရဘူးလေ ။
.
.
နိုင်ငံတော်ဈာပနဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် စည်တော်ကြီးများတီးခတ်သံသည် တစ်တိုင်းပြည်လုံး၏ ရင်ထဲသို့တိုင် မြည်ဟီးနေတော့သည်။
.
.
ဈာပနအခမ်းအနားကို တက်ရောက်ခွင့်မရတာကြောင့် ဈာပနဝတ်စုံလေးဖြင့် ဖျော့တော့ပြီးငိုလည်းမငိုနိုင်ဘဲ အားအင်မဲ့စွာထိုင်နေတဲ့ ဆောန်ကို ဆောင်ဟွန်းအားပေးနှစ်သိမ့်သည့်အနေဖြင့် အသာအယာဖက်ထားပေးလိုက်သည်။
.
.
Continue Reading
You'll Also Like
640K 34.9K 35
𝚓𝚊𝚢: 𝚌𝚊𝚗 𝚒 𝚋𝚎 𝚢𝚘𝚞𝚛 𝚋𝚘𝚢𝚏𝚛𝚒𝚎𝚗𝚍? 𝚓𝚞𝚗𝚐𝚠𝚘𝚗: 𝚗𝚘. [ Book II of I-LAND UNIVERSITY SERIES ] Highest Ranks: #1 in enhypen #9 in...
1.7M 129K 35
A story of a girl was facing a critical accident in her life, was needed to be in the wheelchair because of the bad condition of her both legs. whe...
12.5M 353K 64
"A hidden connection is stronger than an obvious one." ©𝐉𝐈𝐊𝐎𝐎𝐊𝐈𝐄𝟏𝟕 No translations allowed. |*Contains some mature and triggering content*|...
253K 9.4K 67
7 boys are Mafias in a young age,got together through their parents who wanted them to be close and defeat the Threat to the Mafia World,it's up to t...