Beta ယောင်ဆောင်သောမြို့အုပ်ကတ...

De sususandi15

242K 16.1K 483

မြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော် Mais

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Extra
new fic review

Part 35

4.6K 289 6
De sususandi15

Betaယောင်ဆောင်သော မြို့အုပ်ကတော်
Part 35
------------
နှစ်သစ်ကူးပွဲတော်ရက်ဖြစ်လို့လားမသိ အိမ်တိုင်းမှာတင် မီးပုံး
လေးတွေချိတ်ဆွဲထားကြတယ် ညအခါလှည့်လည်ဖို့အတွက်
အကသမားတွေရော ပြင်ဆင်နေကြလေပြီ ။

"မောင်...မောင်...ညကြရင်ဒီမှာလာကြည့်မယ်မှတ်လားဟင်"

"လူတအားများတယ်နော်"

"မောင်ကလည်း ကျန့်ကျန့်ကလေကျန်းစစ်နဲ့တောင်မှတစ်ခါရောက်
လာဖူးတာ သိပ်လည်းမကြပ်ပါဘူး"

"...."

"အဲ့တုန်းကဆိုရင်လေ...ကျန့်ကျန့်ကလူကြီးတစ်ယောက်နဲ့တိုက်မိ
သွားတာသိလား ဘာမှလည်းမဖြစ်ဘဲနဲ့အဲ့လူကြီးက အလျော်လာ
တောင်းတယ်...ကျန်းစစ်ကကာကွယ်ပေးလို့တော်သေးတာပေါ့"

"အချစ်နော်...သူ့အကြောင်းပြောနေတာကိုယ်မကြိုက်ဘူးနော်"

"အမှတ်တရတွေပြန်ပြောနေတာပါနော်"

"ဟုတ်လား  ယွမ်နင်နဲ့တုန်းကလည်း ပြဇာတ်ရုံ
ထဲရော ဒီလိုလမ်းလေးပါ အတူလျှောက်ဖူးတယ်"

"မောင်နော်....ဘာလို့သူကပါလာပြန်တာလဲ..ကျန့်ကျန့်မကြိုက်ဘူး"

"ကိုယ်လည်းအမှတ်တရပြန်ပြောတာလေ"

"မရဘူး မရဘူး မပြောရဘူး..."

"မင်းကျရတယ်ပေါ့လေ"

"ဟုတ်တယ် ကျန့်ကျန့်က ရတယ် မောင်ကမရဘူး ဟွန့်!"

"...."

ရှောင်ကျန့်ကစူပုတ်လို့သူ့လက်မောင်းကိုချိတ်ထားရာကနေလွှတ်ကာလက်ပိုက်ပြီးတစ်ဖက်ကိုမျက်နှာမူလို့ ကောက်သည်။

"ဒီလမ်းလေးမှာ တစ်ခါထဲ ယွမ်နင်နဲ့ပုခုံးချင်းယှဉ်လို့လျှောက်ဖူးတယ် ပန်းလေးတွေကလည်းကြွေလို့...."

"ဒါဆို...သူနဲ့‌အတူလျှောက်ဖူးပြီးသားလမ်းကို...ကျန့်ကျန့်နဲ့ဒုတိယလျှောက်တာပေါ့"

"အင်းပေါ့..."

"အင့်! ‌မခေါ်ဘူး!! စိတ်ဆိုးတယ်!"

ရှောင်ကျန့်ကဆောင့်အောင့်လို့ လှည့်ထွက်ဖို့ပြင်တော့ မြို့အုပ်၀မ်က
လက်ကိုပြန်ဆွဲကာ သူ့နားကပ်စေသည်။

"ကိုယ်ကစတာပါကွာ...မွှ...ကိုယ့်အချစ်နဲ့ကြမှဒီလိုလျှောက်ဖူးတာ"

"ဟွန့်! စကားတွေထဲမှာ သူ့အကြောင်းပါပါလာတာ...ကျန့်ကျန့်မကြိုက်ဘူးနော်"

"ကျန်းစစ်အကြောင်းလည်းပါပါလာတာ ကိုယ်မကြိုက်ဘူးနော်"

"ကျန်းစစ်ကသူငယ်ချင်းပါ..မောင်တို့လိုမျိုးရည်းစားဟောင်းတောင်
မဟုတ်ဘူး"

"သူ့ကိုရည်းစားဟောင်းအနေနဲ့ပြောတာမဟုတ်ဘူးလေ...
ငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့ပြောတာပါ"

"မောင်နော်! သူနဲ့ပတ်သက်ပြီးဘာဆိုဘာမှမပြောနဲ့..."

"မင်းလည်းအဲ့ကောင်နဲ့ပတ်သက်ပြီး...ဘာဆိုဘာမှမပြောနဲ့လေ"

"...."

"မတရားဘူးမဟုတ်လား..."

"မောင်ရာ....ပြီးရော...မပြောတော့ဘူး...သူနဲ့ပတ်သက်ပြီးတော့"

"အင်း လိမ္မာတယ်..."

မြို့အုပ်၀မ်က ရှောင်ကျန့်လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လို့
ဆက်လျှောက်သည် ညကြရင် ပွဲတော်လမ်းကြီး‌ဖြစ်နေမှာမို့လို့
မနက်ထဲကနေ လမ်းတွေပိတ်ထားကြတာ...လမ်းပဲဆင်းလျှောက်
ရသည်။

"မောင် ကျန့်ကျန့်ကို မုန့်တွေ၀ယ်ကျွေးမယ်မှတ်လားဟင်"

"အင်း...."

ရှောင်ကျန့်ကပျော်သွားကာ တွေ့သမျှမုန့်ဆိုင်တွေတိုင်းကို
လက်ညှိုးထိုးလို့မောင့်ကိုအကုန်၀ယ်ကျွေးခိုင်းလေတယ် ။

"မောင်..."

"အင်း...."

"ဘာမှမဟုတ်ပါဘူး...ချစ်လို့ ခေါ်ကြည့်တာ..."

"အဆိုးလေး"

ရှောင်ကျန့်နှာခေါင်းလေးကိုလက်လေးနဲ့ဆွဲညှစ်လိုက်တော့သူကပြုံးတယ် မြို့အုပ်၀မ်တွေးကြည့်မိတယ်...ဒီလောက်ထိ
ချစ်မိမယ်မှန်းမသိခဲ့ဘူး ထိုသူ‌ကရှောင်ကျန့်ဖြစ်နေလို့...သူချစ်တာ... လိမ်တာမကြိုက်ခဲ့တဲ့
သူ ရှောင်ကျန့်လိမ်တာကိုတော့ ကျေနပ်စွာနဲ့အလိမ်ခံခဲ့တယ်
လူတွေကသိပ်ချစ်မိသွားရင်...အဲ့သူကဘာပဲလုပ်လုပ်သူတို့တွေ
လက်ခံနေကြတာပါပဲလား....။
-------------
နောက်နေ့ရောက်တော့ ယောက္ခမတွေစီဂါ၀ရပြုဖို့အတွက်သွားသည် ‌နက်ခ်တိုင်တစ်ခုကို
ရွေးတက်လိုက်ကာ အောက်ဆင်းလာ‌တော့ ရှောင်ကျန့်မျက်နှာပျက်သွားတယ် ။

"ဘာလို့လဲအချစ်...ကိုယ့်ကိုပြော"

"အဲ့နက်ခ်တိုင်.."

"ဒီဟာ ဘာဖြစ်လို့လဲ"

"အဲ့တာဟိုမိန်းမ လက်ဆောင်ပေးထားတာမဟုတ်ဘူးလား"

"ကိုယ်လည်းမသိဘူးလေ...လိုက်မဲ့ဟာကောက်တပ်လိုက်တာပဲလေ"

"အဲ့မှာ ဒီအဆုံးလေးမှာ လက်မှတ်သေးသေးလေးထိုးထားတယ်
ယွမ်တဲ့...မောင်နော်...ကျန့်ကျန့်မကြိုက်တာမောင်သိပ်လုပ်တာပဲနော်"

"...."

မြို့အုပ်၀မ်ကြည့်လိုက်တော့မှ နက်ခ်တိုင်အောက်ဖျားနားလေးမှာ
ယွမ်ဆိုပြီးစာလုံးလေးထိုးထားတယ် ကိုယ်တောင်သူပြမှတွေ့တာ။

"‌မောင်ကျန့်ကျန့်ကိုမချစ်ဘူးမှတ်လား"

"ကိုယ်မင်းကိုချစ်ပါတယ်...ဒီဟာကို ကိုယ်တစ်ကယ်မ‌တွေ့မိခဲ့ပါဘူး"

"အဲ့တာဆို သူပေးတဲ့ဟာကို မောင်ကဘာလို့ တပ်ထားသေးလဲ"

"မောင်အခုချွတ်မယ်..."

မြို့အုပ်၀မ်က ချက်ချင်းပဲချွတ်လို့ အနီးအနားကခုံပေါ်ပစ်တင်လိုက်သည်။

"ဘယ်ကိုပစ်တင်တာလဲဟမ်...နောက်ပြီးပြန်၀တ်မလို့လား သွား!
သွားလွှင့်ပစ် မကြိုက်ဘူး!"

မြို့အုပ်၀မ်က ခုံပေါ်ပစ်တင်လိုက်တော့ နက်ခ်တိုင်ကိုဆွဲယူလို့
အမိူက်ပုံးထဲသွားပစ်လိုက်သည် ရှောင်ကျန့်ကိုလှည့်ကြည့်မိလိုက်
တော့ တင်းနေတဲ့မျက်နှာထားကမပျောက်ပျက်သွား...။

"ကဲပါ....အချစ်ရယ် ဒီလိုမျက်နှာမတင်းပါနဲ့ကွာ...မလှဘူး ရုပ်ဆိုးတယ်"

"အခု ကျန့်ကျန့်ကိုရုပ်ဆိုးတယ်လို့သတ်မှတ်လိုက်တာပေါ့လေ..."

"မဟုတ်ပါဘူး...မဟုတ်ပါဘူး...‌ကိုယ့်အချစ်လေးကအချောဆုံးနဲ့ချစ်ဖို့အကောင်းဆုံးပဲ"

"ဟက်! အေးပေါ့လေ ရည်းစားဟောင်းလက်ဆောင်ပေးထားတဲ့
နက်ခ်တိုင်ကိုတပ်ပြီးတော့ ကိုယ့်ယောကျာ်း၀ယ်ပေးထားတဲ့နက်ခ်တိုင်ကိုတော့ ဘယ်တောသွား
လွှင့်ပစ်ထားလဲမှမသိတာ"

"ကိုယ်လည်း အချစ်ပြမှသိတာပါကွယ်...ကိုယ်တစ်ကယ်မသိခဲ့ပါဘူး
အချစ်ပေးတဲ့နက်ခ်တိုင်ကလည်း...မနေ့ကပွဲမှာ၀တ်ပြီးတော့
လျှော်တဲ့ထဲထည့်လိုက်တာပါ..."

"ဟွန်း! "

"ကိုယ်ကိတ်မုန့်၀ယ်ကျွေးမယ်လေ‌ကွာ...နော် စိတ်မဆိုးပါနဲ့တော့
အချစ်ဆုံးရေ..."

"မာကာရွန်ရောပါတယ်မှတ်လား"

"အင်း ကိုယ့်အချစ်စားချင်ရင်ကိုယ်အကုန်၀ယ်ကျွေးမယ်"

"ဟီး...ပြီးရော...နက်ခ်တိုင်အသစ်သွားတက်ခဲ့...နက်ခ်တိုင်နားမှာ
ယွမ်တွေရော မယွမ်တွေရော ပါတာမလိုချင်ဘူးနော်"

"အင်းအင်း"

ရှောင်ကျန့်က ကော့ပက်ကော့ပက်နဲ့အရှေ့ကနေသွားလေပြီ
မြို့အုပ်၀မ်လိုက်ကြည့်နေလိုက်တယ် ရှောင်ကျန့်ကပုံမှန်ထက်
ပိုပြီးရစ်လာသလားလို့...။

"မား..ပါး! သားတို့လာတယ်"

"အေးအေး...ထိုင်ကြ ကန်တော့ကြ"

"ဟွန်း...နည်းနည်းပါးပါးမုန့်လေးဘာလေးကျွေးမယ်မရှိဘူး
ဘာရှိလဲ"

"မုန့်တွေရှိတယ် လိုချင်ရင် သွားယူစား"

ရှောင်ကျန့်ကမုန့်တွေတစ်သီတစ်တန်းကြီးယူလာလို့ထိုင်ဖောက်စားနေလေသည် မိဘတွေကကြည့်နေတယ် ဂါ၀ရပြုဖို့လာတာလား
အိမ်ကိုမွှေမလို့ပြန်လာတာလား မသဲကွဲပါ။

"မောင်..ရော့...ဒါလေးစား..ကောင်းတယ် ပါးစပ်ဟ...အာ...."

"ကိုယ်မစားတော့ဘူး...အချစ်သာ၀အောင်စား"

"ငြင်းရဲတယ်ပေါ့လေ!"

"အင်းအင်း...စားမယ်..."

"ကုန်သွားမယ်...အကြီးကြီးမကိုက်နဲ့ သေးသေးလေးကိုက်..."

"...."

မြို့အုပ်၀မ်ကလည်းမဖြစ်စလောက်လေးကိုက်ကာ လွှတ်လိုက်တော့
ရှောင်ကျန့်ကမုန့်ကိုကြည့်ပြီးပြဿနာထရှာသေးတယ်။

"အဆိပ်ခတ်ထားတယ်များထင်နေတာလား...ဘာလို့သေးသေးလေး
ကိုက်တာလဲ! "

"ဟဲ့! နင်ကသေးသေးလေးကိုက်လို့ပြောတော့ ဟိုကလည်းသေးသေးလေးကိုက်တာပေါ့ သွားအပြစ်မတင်နဲ့လေ"

"မားကလည်း...သားယောကျာ်းပါ သားရိုက်ချင်ရင်ရိုက်မှာပေါ့...
ဒါပေမဲ့လည်း မရိုက်ရဲပါဘူး...ဒီလောက်ချောခန့်ပြီး ချစ်ဖို့ကောင်း
တဲ့ယောကျာ်းကို...ကျန့်ကျန့်ကညတိုင်းကန်တော့နေရတာမားမားရဲ့"

"အောင်မယ်လေးဟဲ့!! ကျွန်မမပြောတော့ပါဘူးအေ..."

"သားတို့ဂါ၀ရပြုမယ်မှတ်လား...လုပ်လုပ် ပါးတို့လည်းသွားစရာ
ရှိသေးတယ်"

"ဟုတ်ကဲ့"

ရှောင်ကျန့်ရော မြို့အုပ်၀မ်နဲ့ အောက်ဆင်းထိုင်လို့ ဂါ၀ရပြုကြသည်
ဖိုးဖိုးက နှစ်သစ်ကူးအစထဲက ဘုန်းကြီးကျောင်းမှာသွားနေတာမို့
မရှိ။

"အေးအေး...ကျန်းမာပါစေ ချမ်းသာပါစေ...ပစ္စည်းဥစ္စာကြွယ်၀
ပါစေ"

"မုန့်ဖိုးပေး..."

ရှောင်ကျန့်ကလက်ဝါးဖြန့်တောင်းတော့ မားမားက လက်ဝါးကို
ဆွဲဆိတ်သည် ဒီဟာလေး ကလေးမဟုတ်သူငယ်မဟုတ်နဲ့။

သူတို့နှစ်ယောက်အိမ်ပြန်လမ်းမှာ ခဏရပ်ရင်းနဲ့ရှောင်ကျန့်ကားပြတင်းပေါက်ကို ကြည့်လိုက်သည်
ကားမှန်ကနေကြည့်လိုက်တာ ရှောင်ကျန့်မျက်နှာကစူပုတ်ပုတ်။

"မုန့်ဖိုးမရလို့လား"

"အင်း..."

"ကိုယ်ပေးမှာပေါ့...အချစ်ရယ်..."

"ဘယ်ကပိုက်ဆံနဲ့ပေးမှာလဲ...ဟမ်...မောင့်ပိုက်ဆံတွေကို ကျန့်ကျန့်သိမ်းထားတာလေ မဟုတ်မှလွဲရော...မောင်ပိုက်ဆံဖွက်ထားတာလား"

"မဟုတ်ပါဘူး...မနေ့ကပွဲမှာတုန်းက ၀န်ကြီးဟောင်းက ဟုန်ပေါင်းအိတ်ပေးလိုက်လို့ပါ"

"အဲ့တာကို ကျန့်ကျန့်လက်ထဲစီမအပ်ဘူးနော်..."

"ကိုယ်လည်း ပိုက်ဆံလေးသုံးချင်လို့ပေါ့"

"Wait....wait ကိုယ်လည်းပိုက်ဆံလေးသုံးချင်လို့‌ဆိုတော့
မောင်ကဘာတွေများသုံးနေလို့လဲ"

"ကိုယ်လည်း ကိုယ်ပိုင်အတွက်သုံးရမယ်လေ..."

"ဘယ်သူ့အတွက်..."

"ဟော့ဒီက ‌ကိုယ့်အချစ်လေးအတွက်ပေါ့..."

"...."

"ကိုယ် Surprise လေးစီစဉ်ထားတယ်..."

"တကယ်လား...ဟီး...အဲ့တာဆိုလည်း သုံးသုံး...ပိုက်ဆံလိုရင်လည်း
ယူနော်..ကျန့်ကျန့်ပေးမယ်..."

"...."

ချက်ချင်းကြီးကို ရှောင်ကျန့်ကပြုံးပျော်သွားလို့ ပြတင်းပေါက်ကို
ကြည့်လိုက်သည် ။

"ခဏရပ်...မောင်...မောင် အဲ့တာဟိုလူနှစ်ယောက်ပဲ"

"ဘယ်နှစ်ယောက်လဲ"

"ကျန့်ကျန့်ကိုဖဲဝိုင်းမှာ ညစ်ပြီးပိုက်ဆံမပေးတဲ့ဟိုလူနှစ်ယောက်လေ"

"အော်...သူတို့ကင်းလွတ်ခွင့်မှာပါတဲ့ပုံပဲ နှစ်သစ်တိုင်းမှာ ထောင်သား တစ်ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးတယ်လေ
အဲ့တာ ကိုယ့်အဖိုးလက်ထက်ကတည်းက..."

"‌ခဏရပ်ပေး မောင်.."

"ဘာလုပ်မလို့လဲ"

"ညစ်ပြီးမပေးတဲ့ပိုက်ဆံပြန်သွားတောင်းမလို့...."

"...."

ရှောင်ကျန့်ကတကယ်မွှေတော့မည့်ပုံပင် မြို့အုပ်၀မ်ကမရပ်ပေးချေ
အဲ့တာနဲ့ပတ်သက်ပြီးစိတ်ကောက်သေးတယ် ကိတ်မုန့်ဆိုင်ရောက်လို့သူလိုချင်တာလေးတွေ ၀ယ်ပေးတော့မှ
စိတ်ကောက်ပြေတယ်။

"ကဲ...ဘာစားဦးမလဲ..."

"အင်း....ပင်လယ်စာစားချင်တယ်မောင်...."

"အင်း...ကိုယ်လိုက်ပို့ပေးမယ်"

"ဒီနေ့ တစ်နေ့လုံး မောင်နဲ့ကျန့်ကျန့်နဲ့နေ့ပဲနော်..."

"အင်း..."

ရှောင်ကျန့်ပြုံးပျော်သွားလို့ ပေါင်ပေါ်မှာတင်ထားတဲ့ အိတ်ထဲက
နေမာကာရွန်တစ်ခုကိုနိူက်စားလိုက်သည် ဘာလို့လည်းတော့မသိ
ဘူးအမြဲတမ်းစားပဲစားချင်နေတာ။

ပင်လယ်စာဆိုင်ရောက်တော့ ရှောင်ကျန့်ကလက်အိတ်၀တ်ပြီး
ပုဇွန်တွေကိုထိုင်နွှာနေလေပြီ ချက်ပြုတ်ပြီးသား ပင်လယ်စာ
တွေကို သူစားချင်နေခဲ့တာကြာပေါ့ ။

"အချစ်ဆုံးသော မောင့်ကိုအရင်ကျွေးမယ်...ဟ..အာ..အကုန်စားနော်"

"အင်း.."

"ကျန့်ကျန့်က ငါးကင်စားမယ်"

ငါးကင်ကိုသူ့ရှေ့ယူချပြီးစားမယ်လုပ်တော့ ပျို့အန်လာသည်။

"ဝေါ့..."

"အချစ်ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူး...ရင်ထဲမှာတစ်မျိုးကြီးပဲ"

"အဆင်ပြေရဲ့လား"

"အင်း....ဝေါ့..."

"မစားနဲ့တော့...ဖျားချင်နေပြီထင်တယ် ကိုယ်လည်းမပူပါဘူး..."

ရှောင်ကျန့်ကျောလေးကို ခပ်ဖွဖွပုတ်ပေးလို့ ရေတိုက်လိုက်သည်။

"ကျန့်ကျန့် ငါးမစားရရင်လည်း ပုဇွန်လေးစားချင်တယ်..."

"မရပါဘူး...အချစ်ဒီလောက်ပျို့အန်နေတာ...ထမင်းပဲစားတော့..."

"မောင်ကလည်း..."

"မောင်ကလည်း လုပ်မနေနဲ့ ကိုယ်စိတ်ပူတယ်...."

"ဟွန်း....နည်းနည်းလေးဆိုရင်ရော"

"မရဘူး...လိမ္မာပါအချစ်ရယ်....ကိုယ်စိတ်ပူလို့ပါ"

"အင်းအင်း...မောင်မစားချင်ရင်မစားတော့ပါဘူး"

ရှောင်ကျန့်က ‌မြို့အုပ်၀မ်ရင်ခွင်ထဲကိုမှီလို့ အရှေ့ကပင်လယ်စာတွေ
ကိုကြည့်လိုက်သည် မောင်ကခွင့်မပြုလို့သာ သူစိတ်ရှိတိုင်းသာ
ဆိုရင်ဒီတစ်ဗန်းလုံးကုန်ပြီ။
_____________
"ဝေါ့....ဝေါ့..."

ရှောင်ကျန့်အန်နေတာမနက်ထဲက ‌မြို့အုပ်၀မ်လည်းဘေးနားမှာပဲ
ထိုင်ကာ ကျောကိုထိုင်ပုတ်ပေးနေရတာခဏခဏ...အန်တိုင်း
လည်းလေတွေပဲ အန်နေတာ။

"အစာမကြေလို့ဖြစ်မယ် ဆေးခန်းသွားရအောင်"

"ဟင့်အင်း...ကျန့်ကျန့်မသွားချင်ဘူး...."

"ဆေးခန်းသွားမှ ပျောက်မှာပေါ့ အချစ်ရယ်..."

"No...No..မရဘူးနော် ကျန့်ကျန့်မသွားချင်ပါဘူးဆိုဟင့်!"

"ဆရာ၀န်ခေါ်လိုက်မယ်လေနော်"

"ဟင့်အင်း...မခေါ်နဲ့...မခေါ်နဲ့...မောင်...ကျန့်ကျန့်ကိုချစ်ရင်
ဆရာ၀န်မခေါ်နဲ့နော်"

"...."

ရှောင်ကျန့်ကငြင်းတော့လည်း မြို့အုပ်၀မ်စိတ်ပူပေမဲ့ လက်ခံလိုက်ကာ အစာကြေဆေးလေးသောက်ပြီးအိပ်ခိုင်းလိုက်သည် နေ့လည်မှထပ်အန်ရင်လည်း ရှောင်ကျန့်လက်ခံခံမခံခံ သူဆရာ၀န်တန်းခေါ်မိတော့မှာ။

ရှောင်ကျန့်နိုးလာတော့ ကြည့်မိလိုက်တာ ဟို‌တစ်လောအိမ်မက်တုန်းက ကလေးလေး....။

"မြို့အုပ်၀မ်ပေါက်စ..."

ရှောင်ကျန့်ပါးစပ်ကနေ လွှတ်ခနဲထွက်သွားမိသည်သူ့အချစ်ဆုံး မြို့အုပ်၀မ်နဲ့ မျက်နှာ၊နူတ်ခမ်းနဲ့ မျက်ခုံးတွေကတူလွန်းတော့
မြို့အုပ်၀မ်ပေါက်စဆိုပြီး ခေါ်မိသည် အသက်အရွယ်ကိုကြည့်ရင်
အသက်က၅နှစ်လောက်ပဲရှိဦးမည်လို့ထင်သည်။

"ပါးပါး...သားသားလာချင်နေပြီလို့...."

"ဟာ...မရပါဘူး ငါ့ယောကျာ်းအပေါ်ဆိုးလို့မ၀သေးဘူး"

"ပါးပါး သားသားကိုမချစ်ဘူးလားဟင်..."

မျက်လုံးလေးကလယ်ကလယ်နဲ့ပြောနေတာကြောင့် ရှောင်ကျန့်သနားကာ သူ့ဘေးနားကိုလက်ပြလိုက်တော့ ကလေးကထိုင်လို့ သူ့ကိုအတင်းဖက်တွယ်လာသည်။

"သားကိုမလိုချင်ဘူးလို့ မပြောပါနဲ့နော်...ဖေဖေ့စီကနေလည်း
အချစ်တွေကို အများကြီးမယူပါဘူးနော်"

"အင်း...."

"ပါးပါးကိုချစ်တယ်...သားကအရင်ဆုံးလာရမှာဆိုပေမဲ့လည်း
နောက်ကလာမဲ့ညီလေးညီမလေးတွေကို အချစ်တွေဖဲ့ပေးရမှာ
ပါးပါးရဲ့..."

"ပါးပါး သားကိုချစ်ပေးမယ်ဟုတ်..."

"အင်း...ချစ်တယ်... ငါ့ယောကျာ်းစီကနေ အချစ်တွေမလုဘူးမှတ်လား"

"သားသားထွက်လာခဲ့ရင်တောင်မှ ပါးပါးက ဖေဖေ့ကိုမေ့ပြီးသားကိုချစ်မှာ..."

ကလေးကရှောင်ကျန့်မေးစေ့လေးကိုနမ်းကာ ပျောက်ကွယ်သွားတော့တယ်။

"အချစ်...အချစ်...ထတော့လေ..."

"ဟင်..."

ရှောင်ကျန့်နိုးလာပြီး အပြင်ကိုကြည့်လိုက်တာ နေ‌၀င်တော့မည်
သူဒီလောက်တောင်အိပ်ပျော်မိသွားတာလား။

"ဗိုက်ဆာလား...ကိုယ်စိတ်အရမ်းပူလို့ နိူးလိုက်မိတာပါ"

"အင်း...မောင်...ကျန့်ကျန့်လေ..."

"အင်း..."

"မောင်နဲ့အတူတူထမင်းလက်ဆုံစားချင်လို့ ဟီး..."

မြို့အုပ်၀မ်က သူ့နဖူးလေးကို အမြတ်တနိုးနမ်းလို့ ထထွက်သွားလေပြီ ရှောင်ကျန့်က အောက်ငုံ့ကြည့်လို့ ကိုယ့်ဗိုက်
ပေါ်ကို ခပ်ဖွဖွလေး ထိကြည့်မိသည် ဒီထဲမှာ မောင်ရဲ့ကိုယ်ပွားလေးရှိတော့မယ်။

"မြို့အုပ်၀မ်ပေါက်စလေး...ရောက်နေပြီပေါ့..."

ရှောင်ကျန့်ကသဘောတကျနဲ့ပြုံးကာ အောက်ထပ်ကိုပြေးဆင်းသွားတော့သည် မောင့်ကိုဘယ်လိုမျိုး
Surprise လုပ်ရင်ကောင်းမလဲ....။
-----------------
(27.2.2024)
#Su🐼


















Part 35
------------


"လူတအားများတယ်နော်"


"...."







"မရဘူး မရဘူး မပြောရဘူး..."

"မင်းကျရတယ်ပေါ့လေ"


"...."




"အင်းပေါ့..."






မဟုတ်ဘူး"




"...."

"မတရားဘူးမဟုတ်လား..."


"အင်း လိမ္မာတယ်..."

ရသည်။


"အင်း...."


"မောင်..."

"အင်း...."


"အဆိုးလေး"

လက်ခံနေကြတာပါပဲလား....။
-------------


"အဲ့နက်ခ်တိုင်.."

"ဒီဟာ ဘာဖြစ်လို့လဲ"




"...."





"မောင်အခုချွတ်မယ်..."



အမိုက်ပုံးထဲသွားပစ်လိုက်သည် ရှောင်ကျန့်ကိုလှည့်ကြည့်မိလိုက်






"ဟွန်း! "

အချစ်ဆုံးရေ..."




"အင်းအင်း"


"မား..ပါး! သားတို့လာတယ်"


ဘာရှိလဲ"





"ငြင်းရဲတယ်ပေါ့လေ!"

"အင်းအင်း...စားမယ်..."


"...."


ကိုက်တာလဲ! "




ရှိသေးတယ်"

"ဟုတ်ကဲ့"

မရှိ။

ပါစေ"

"မုန့်ဖိုးပေး..."



"မုန့်ဖိုးမရလို့လား"

"အင်း..."








"ဘယ်သူ့အတွက်..."


"...."



"...."

ကြည့်လိုက်သည် ။


"ဘယ်နှစ်ယောက်လဲ"



"‌ခဏရပ်ပေး မောင်.."

"ဘာလုပ်မလို့လဲ"


"...."

စိတ်ကောက်ပြေတယ်။

"ကဲ...ဘာစားဦးမလဲ..."




"အင်း..."

နေမာကာရွန်တစ်ခုကိုနိုက်စားလိုက်သည် ဘာလို့လည်းတော့မသိ



"အင်း.."



"ဝေါ့..."

"အချစ်ဘာဖြစ်လို့လဲ"


"အဆင်ပြေရဲ့လား"

"အင်း....ဝေါ့..."





"မောင်ကလည်း..."





_____________
"ဝေါ့....ဝေါ့..."

လည်းလေတွေပဲ အန်နေတာ။






ဆရာဝန်မခေါ်နဲ့နော်"

"...."



"မြို့အုပ်ဝမ်ပေါက်စ..."







"အင်း...."

ပါးပါးရဲ့..."





"အချစ်...အချစ်...ထတော့လေ..."

"ဟင်..."


"ဗိုက်ဆာလား...ကိုယ်စိတ်အရမ်းပူလို့ နိုးလိုက်မိတာပါ"


"အင်း..."




-----------------
(27.2.2024)
#Su🐼

Continue lendo

Você também vai gostar

1.3M 58.5K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
10.8K 781 21
ကဲဒီတစ်ခါarcရေးပီနော်...
811K 30K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
20.2K 1.4K 15
"ဂါး!!system မင်းလွှတ်အောင်ပြေးစမ်း😡" "ရယ်ဒီပါပဲhost😛" #upတာကြာနိုင်သည်