Sponsor

By __SWARA__

16.9K 449 18

Name- Sponsor Web Name- Sponsor Author: 아노르이실 Translator: Nieve Genre: Adult, Drama, Mature, Romance, Slice... More

Description
Part [1.1] Z+U
Part [1.2] Z+U
Part [1.3] Z+U
Part [2.1] Z+U
Part [ 2.2 ]
Part [ 3 ]
Part [4]
Part [5]
Part [7]
Part [ 8 ]
Part [ 9 ]
Part [ 10 ]
Part [11]
Sponsor Tele paid channel
Part [12] Z+U
Paid Channel Promotion
Part [13] Z+U

Part [6]

394 14 0
By __SWARA__

Sponsor

[ Part  6 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

ဒူး ဒူး ဒူး ဒူး……။
ရဟတ်ယာဥ်တစ်စင်းရဲ့ကြီးမားတဲ့ပန်ကာကြီးက အလွန်ဆူညံနေသလို သူ့ရဲ့ကိုယ်ထည်ကလည်း ယိမ်းထိုးနေပြီးတဲ့နောက် ဟိုတယ်ခေါင်မိုးပေါ်ကို ဖြည်းဖြည်းချင်း ဆင်းသက်လာတယ်။
အနက်ရောင်ဝတ်စုံနဲ့လူတွေက ရဟတ်ယာဥ်တံခါးကို ဖွင့်ပြီးဆင်းလာကြတယ်။ သူတို့က ရဟတ်ယာဥ်ရှေ့မှာ အကာအကွယ်အဖြစ် စီတန်းလိုက်တဲ့အချိန်ကျမှ မူယွန်က ခြေချပြီး အလျင်အမြန် ဆင်းသက်လာတယ်။
အချိန်ဇယားတွေအများကြီး နောက်ဆုတ်လိုက်ရပေမဲ့ သူ့မှာ အချိန်အများကြီးမရတာကြောင့် ဒီနေရာကို ရဟတ်ယာဥ်နဲ့ပဲ တန်းလာလိုက်ရတယ်။ ဒီဟိုတယ်က မူယွန်အုပ်ချုပ်တဲ့ ဆိုးဂန်းအုပ်စုရဲ့လက်အောက်က အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယူအီရင်းက ဒီဟိုတယ်ရဲ့အထူးခန်းမှာ ရှိနေတယ်။

“ဒါရိုက်တာက စောင့်နေပါတယ်”

“ကောင်းပြီ၊ ငါက ယူအီရင်းနဲ့တွေ့ပြီးရင် ပြန်မှာမလို့ သူ့ကို ပြန်ခိုင်းလိုက်ပါ”

“ရိုက်ကွင်းအခြေအနေက သိပ်အဆင်မပြေတာမလို့ တစ်ချက်လောက် သွားကြည့်သင့်တယ်ထင်ပါတယ်”

“ဟုတ်လား”

မသေချာတဲ့အမူအရာကြောင့် မူယွန်က သွားနေရာကနေ အမြန်ရပ်ပြီး အတွင်းရေးမှူးယောကို ကြည့်လိုက်တော့ အတွင်းရေးမှူးက လည်ချောင်းအနည်းငယ်ရှင်းပြီး စကားလုံးတွေ ရွေးနေတာကိုတွေ့တော့ မူယွန် မျက်ခုံးပင့်လိုက်မိတယ်။

“အင်း…. ဒီမှာ မစ္စတာယူအီရင်းက ဆိုးဂန်းအုပ်စုရဲ့ တရားမဝင်သားဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်”

“တရားမဝင်သား…”

မူယွန်က ပြန်မေးလိုက်တော့ အတွင်းရေးမှူးယောက အခက်တွေ့နေတဲ့ပုံနဲ့ ပြုံးပြလာတာကြောင့် မူယွန်ရဲ့မျက်ခုံးတန်းတွေက တွန့်ချိုးသွားပြန်တယ်။

“သောက်ကျိုးနည်း ဒီလိုကောလာဟလတွေကို ဘယ်သူက ယုံတာလဲ”

“ဒါရိုက်တာချွဲက အခု အဲ့ဒီကောလာဟလတွေကြောင့် စိုးရိမ်နေပုံရပြီး အဲ့ဒီအတွက် CEO နဲ့ တွေ့ပြီး စကားပြောချင်နေတာပါ…”

“တော်ပြီ ငါ့ရဲ့အချိန်တွေကို ဒီလိုကောလာဟလတွေအပေါ်မှာ အများကြီးမသုံးချင်ဘူး”

မူယွန်က ရှေ့ကိုဆက်လျှောက်သွားတော့ အတွင်းရေးမှူးယောကလည်း မူယွန်ရဲ့ခိုင်မာတဲ့သဘောထားကြောင့် ဒါရိုက်တာနဲ့ တွေ့ဖို့ ထပ်မပြောတော့ဘူး။ အဲ့ဒီအစား သူက မူယွန်ရဲ့ရှေ့ကနေ ဦးဆောင်ရင်း ယူအီရင်းနေတဲ့အခန်းကို ခေါ်သွားတဲ့အခါ သက်တော်စောင့်တွေကလည်း တံခါးနားမှာ တန်းစီနေကြတယ်။

“အဲဲ့ဒါက top-class room မလား”

“မဟုတ်ပါဘူး ဟို suite…..”

အတွင်းရေးမှူးကို ကြည့်လိုက်တော့ ချက်ချင်း ခေါင်းငုံ့သွားတဲ့အတွက် မူယွန်က ဘာမှထပ်မပြောတော့ဘဲ ယူအီရင်းရဲ့အခန်းဆီ သူ့ဘာသာ လျှောက်သွားလိုက်တယ်။
မူယွန်က နောက်ထပ်ခြေလှမ်းလိုက်ပြီး အခန်းတံခါးရှေ့မှာ ရပ်လိုက်တော့ သက်တော်စောင့်တွေက တံခါးဖွင့်ပေးလာပြီး ခဏစောင့်နေဖို့ သူ မပြောရသေးခင်မှာပဲ ဖြူလျလျလက်တစ်ဖက်က အထဲကနေထွက်လာပြီး မူယွန်ရဲ့လက်မောင်းကို လှမ်းဆွဲလာတယ်။
မူယွန်က နာရီကို ပြန်ဖြုတ်ချိန်တောင်မရလိုက်ဘဲ အစောင့်တွေကို ခဏစောင့်ပေးဖို့ ပြောနေတုန်း အခန်းတံခါးကို အတွင်းကနေ ခပ်ဟဟဆွဲဖွင့်လိုက်ရင်း သူ့ရဲ့လက်က ထွက်လာပြီး အခန်းရှေ့မှာရပ်နေတဲ့ မူယွန်ကို အခန်းထဲဆွဲခေါ်နေတာကြောင့် မူယွန်က တောင့်ခံဖို့ ကြိုးစားခဲ့ပေမဲ့ လက်ပိုင်ရှင်က ဘယ်သူလဲဆိုတာကို သဘောပေါက်သွားချိန်မှာတော့ အထဲကို လိုက်ဝင်သွားလိုက်တယ်။

“လာမနှောင့်ယှက်ကြနဲ့”

ယူအီရင်းက စိတ်ဆိုးနေတဲ့အသံနဲ့ အခန်းအပြင်ဘက်ကို လှမ်းပြောရင်း တံခါးပိတ်ချလိုက်တယ်။ အဲ့ဒီနောက် သူက မူယွန့်ကို လှည့်ကြည့်လာတော့ မူယွန်ကလည်း ယူအီရင်းနဲ့ အခန်းတံခါးဆီကို အပြန်အလှန် ခဏလောက်ကြည့်နေမိတယ်။  ယူအီရင်းရဲ့ပခုံးကို အသာအယာတွန်းလိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်တော့ ထင်တဲ့အတိုင်း အခန်းရှေ့မှာ အတွင်းရေးမှူးယောက ရပ်စောင့်နေတယ်။

“ကျွန်တော် မခေါ်မချင်း လာမနှောင့်ယှက်ပါနဲ့”

“ဟုတ်ကဲ့ sir”

အဲ့ဒီနောက် အတွင်းရေးမှူးက သက်တော်စောင့်တွေကို ခေါ်ပြီး ဝေးဝေးသွားကြတော့မှသာ မူယွန်က အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး သူ့ရှေ့မှာ မျက်နှာရှစ်ခေါက်ချိုးနဲ့ရပ်နေတဲ့ယူအီရင်းကို ကြည့်လိုက်တယ်။ ဒီနေ့မှာလည်း သူရဲ့မျက်နှာက ဒေါသရိပ်တွေ ဖုံးလွှမ်းနေပြီး မူယွန့်အတွက်ကတော့ ဒီလိုပုံစံကို သဘောကျပေမဲ့ သူ့ရဲ့အပြုံးကိုလည်း မြင်ချင်သေးတယ်။

“မင်းကို ရိုရိုကျိုးကျိုးနဲ့ ရိုက်ကူးရေးလုပ်နေတယ် ထင်နေတာ”

“အဲဲ့ဒီလို လုပ်နေတာပဲလေ”

မူယွန်က ယူအီရင်းရဲ့စကားကို နားထောင်ရင်း သူ့ရဲ့လက်ကောက်ဝတ်ကို ကြည့်လိုက်မိတော့ ခုနက ယူအီရင်း အကြမ်းပတမ်းဆွဲကိုင်ထားတဲ့အငွေ့အသက်တွေကို ခံစားမိနေတုန်းပဲ။
ခုနက သူ့ရဲ့လက်ကို အကြမ်းပတမ်းလာဆွဲတဲ့ လက်ပိုင်ရှင်က ယူအီရင်းဆိုတာ သိသွားတာနဲ့ နှလုံးခုန်တွေက မြန်လာပေမဲ့ ယူအီရင်းက အခုအချိန်မှာ သူ့ရဲ့လက်တွေကို မကိုင်တော့ဘဲ  မူယွန်နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ နံရံကို ကျောမှီပြီး ရပ်နေတယ်။
သူ ဘယ်လောက်ပဲငြင်းငြင်းယူအီရင်းက သူ့လက်ကို  နောက်တစ်ခေါက်လာကိုင်ဖို့ သူ မျှော်လင့်နေမိတာ အသိသာကြီးပဲ။ သူ့ကို ရင်ခုန်စေတဲ့ ယူအီရင်းရဲ့ခန္ဓာကိုယ်အပူချိန်ကလည်း လက်ကောက်ဝတ်ပေါ်မှာ ကျန်ရှိနေဆဲပါ။
ယူအီရင်းက လက်ကောက်ဝတ်ဆီ အကြည့်ရောက်နေတဲ့ မူယွန်ကို မြင်လိုက်တော့ သူ့ရဲ့လက်ကောက်ဝတ်ကို လိုက်ကြည့်နေပေမဲ့ ဒီအတိုင်း တစ်ခုခုကို တည်ငြိမ်အောင်လုပ်နေတဲ့ပုံစံနဲ့ နံရံကို ကျောမှီရပ်နေတယ်။

“တကယ်တော့ CEO က ကျွန်တော့်ကို အရင်လာတွေ့စေချင်လို့လေ”

“အဲဲ့ဒါကြောင့် ရိုက်ကူးရေးမှာ ကောင်းကောင်း ပါဝင်ပူးပေါင်းမပေးတာလား”

“အင်း အဲ့ဒီနေ့က CEO က ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးသွားတာကြောင့် ကျွန်တော်လည်း ပြန်လုပ်သင့်တယ်မလား၊ ဒါပေမဲ့ ကျွန်တော်လုပ်နိုင်တာက CEO ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်ကိုပဲ ဖျက်ဆီးဖို့ဆိုလည်း အနည်းဆုံးတော့ လုပ်ရမှာပေါ့”

“အဲဲ့ဒီနေ့က ရိုက်ကူးရေးကို အမြန်စဖို့ ပြောခဲ့တာကြောင့်လား”

ယူအီရင်းက ပခုံးတွန့်ပြပြီး အခန်းထဲကို ပြန်လှည့်ဝင်သွားတော့ မူယွန်က သူ့ရဲ့နောက်ကျောကို ကြည့်ရင်း ခြေလှမ်းကျဲကြီးတွေနဲ့ သူ့နောက်ကို လိုက်သွားတယ်။ သူ့ရဲ့နောက်ကျောကို မြင်နေရတာက လက်ကောက်ဝတ်ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးကို တဒိတ်ဒိတ်ခုန်သွားစေတယ်။ မူယွန်က ယူအီရင်းရဲ့လက်ကောက်ဝတ်ကို ဆွဲပြီး သူ့ဘက်ကို လှည့်စေလိုက်တယ်။

“အဲဲ့ဒါကြောင့် ယူအီရင်း ဖြစ်စေချင်တဲ့အတိုင်း အရင်လာခဲ့တာမလို့ ဘယ်လိုခံစားရလဲ”

“မဆိုးပါဘူး၊ ခုနကအထိ မစ္စတာဆိုးကို ဘယ်လိုစိတ်ဒုက္ခပေးရမလဲလို့ စဥ်းစားလိုက်တော့ သွေးသားဆန္ဒတွေ ထကြွလာအောင် ကျွန်တော့်ရဲ့အနံ့တွေနဲ့ လွှမ်းခြုံပြီး ကျွန်တော့်ဆီကို တောင်းဆိုလာအောင် လုပ်တော့မလို့ပဲ”

“လုပ်ခဲ့လား”

“ကျွန်တော် စိတ်ငြိမ်သွားပါပြီ”

ယူအီရင်းက ပခုံးတွန့်ပြရင်း ပြောလာတယ်။ သူ့ပုံစံက စိတ်ဆိုးနေတဲ့ပုံမပေါ်သလို ပြုံးလည်း ပြုံးမနေဘဲ တကယ်ကြီး ပျင်းနေတဲ့ပုံစံပေါက်နေပြီး မူယွန်ကလည်း အဲ့ဒီမျက်နှာကို မြင်ချင်တာကြောင့် အတတ်နိုင်ဆုံး မလာဘဲနေခဲ့တာလေ။

“မင်း အရမ်းတက်ကြွနေရင် ဒုက္ခရောက်သလို မင်း အားကုန်သွားရင်လည်း ငါမနေတတ်ဘူး”

မူယွန်က အဲ့ဒီလိုပြောလိုက်ပြီးတဲ့နောက် ယူအီရင်းရဲ့နှုတ်ခမ်းတွေကို မြင်တော့ ဘာမှမတတ်နိုင်တော့တဲ့သူလို ပါးနှစ်ဖက်ကို ကိုင်ပြီး နမ်းရှိုက်လိုက်မိတော့တယ်။ သူ့ရဲ့နောက်ကျောကို မြင်တုန်းက တစ်ကိုယ်လုံးပျံ့နှံ့သွားတဲ့ တုန်ခါမှုတွေက သူ့ရဲ့နှုတ်ခမ်းတွေကို မြင်တဲ့အခါ ပဲ့တင်ထပ်လာတဲ့ လျှပ်စီးကြောင်းလို ချိုမြိန်မှုတွေအဖြစ် ပြောင်းလဲလာတယ်။
နီထွေးနေတဲ့ နှုတ်ခမ်းဖျားတွေကနေ သူ့နာမည်ကို ခေါ်လိုက်တဲ့အချိန်တိုင်း သူ့ရဲ့ကျောရိုးထဲကပါ တောက်လောင်သွားသလို ခံစားရပြီး အဲ့ဒီအသံတစ်ခုလေးနဲ့တင် သူ့ရဲ့ခြေဖဝါးတွေကို ယားယံလာစေတဲ့အထိပဲ။

‘အဲဲ့ဒီလိုဖြစ်နေတာက ဆေးထိုးဖို့ အချိန်မရခဲ့လို့ပဲ'

မူယွန်က သူ့ကိုယ်သူ ဆင်ခြေပေးပြီး ယူအီရင်းရဲ့ စိုစွတ်နေတဲ့နှုတ်ခမ်းပါးရဲရဲလေးကို သူ့နှုတ်ခမ်းနဲ့ထိကပ်လိုက်တယ်။ ယူအီရင်းရဲ့နူးညံ့ပျော့ပျောင်းတဲ့ နှုတ်ခမ်းပါးလေးကို သူ့နှုတ်ခမ်းနဲ့ ထိလိုက်ချိန်မှာ ယူအီရင်းခမျာ အံ့အားသင့်သွားပုံရပြီး အသက်ရှူအောင့်လိုက်ပေမဲ့ ခဏကြာတဲ့အခါမှာတော့ သူ့ရဲ့နှုတ်ခမ်းစွန်းတွေ ကွေးတက်သွားတာကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရတာကြောင့် သူ့ရဲ့ရင်ဘတ်ကြီးက တင်းကျပ်ပြီး ကလိကလိဖြစ်လာတယ်။
ယူအီရင်းရဲ့လက်တွေက မူယွန်ရဲ့ခါးကို ပွေ့ဖက်လာပြီး ထိတွေ့လိုက်တဲ့နေရာတိုင်းက ပူလောင်လာတယ်။ မူယွန်က တစ်ခဏလောက် စဥ်းစားပြီးမှ ယူအီရင်းရဲ့ကုပ်ပိုးကို တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး အနည်းငယ်ဆွဲယူလိုက်တယ်။ နောက်တော့ သူ့နှုတ်ခမ်းတွေကို ပိုပြီး ပွတ်တိုက်လာတော့တာပေါ့။ သူတို့နှစ်ယောက်က ခန္ဓာကိုယ်ချင်း ထပ်လုနီးပါး ပူးကပ်နေပြီး တစ်ယောက်နှုတ်ခမ်းကိုတစ်ယောက် အလျင်စလိုစုပ်ယူနေကြတယ်။ သူ့ရဲ့နှုတ်ခမ်းဖျားနဲ့ ယူအီရင်းရဲ့နှုတ်ခမ်းတွေကို အနည်းငယ်ကိုက်ပြီး လျှာနဲ့သပ်လိုက်တယ်။ လျှာအချင်းချင်း ပွတ်တိုက်နေချိန်မှာတော့ ခြေဖဝါးကို သံစူးသွားသလိုမျိုး ပြင်းထန်စူးရှတဲ့ခံစားချက်တွေကို ရလိုက်တယ်။
သူ့ရဲ့အရာက ပူနွေးလာသလို အနည်းငယ် ထောင်မတ်လာတယ်လို့ ခံစားလိုက်ရပြီး ယူအီရင်းရဲ့ ဆီးခုံတစ်ဝိုက်ကို ပွတ်မိသွားတော့ သူ့အနေနဲ့ ရှောင်ရှားဖို့ ကြိုးစားလိုက်ပေမဲ့ ယူအီရင်းက ရည်ရွယ်ချက်ရှိရှိ ပိုဖိထားပြီး ပွတ်တိုက်နေတယ်။
ရင်တထိတ်ထိတ်ဖြစ်စေတဲ့ သာယာမှုကို ခံစားနေရပြီး သူ့နှလုံးသားအတွင်းပိုင်းကနေပါ ရင်ဖိုမှုတွေ ထွက်ပေါ်လာတာကြောင့် မူယွန်က နဖူးကြောတွေကို အနည်းငယ်တွန့်ချိုးပြီး သတိလက်လွတ်နဲ့ ယူအီရင်းရဲ့အောက်နှုတ်ခမ်းကို ကိုက်လိုက်မိတယ်။

“အာ့ နာတယ်”

“ငါတောင်းပန်ပါတယ်”

“ဟင်း…”

မူယွန်က ချက်ချင်း တောင်းပန်လိုက်တော့ ယူအီရင်းက နှာခေါင်းရှုံ့ပြီး သူ့ရဲ့ခါးနားမှာရှိနေတဲ့ မူယွန်ရဲ့လက်မောင်းတွေကို ပိုမိုအားထည့်လိုက်ရင်း ခန္ဓာကိုယ်ချင်းပိုနီးသွားအောင် ဆွဲယူလိုက်တယ်။ ယူအီရင်းက အနည်းငယ်ပုပေမဲ့ မူယွန်နဲ့ ယူအီရင်းတို့ နှစ်ယောက်သား သူတို့ရဲ့အရာတွေကို အချင်းချင်းပွတ်တိုက်နေကြတယ်။ ယူအီရင်းရဲ့ ကြီးမားမာတောင်နေတဲ့အချောင်းကြီးကို အဝတ်အစားပေါ်ကနေတောင် ခံစားလိုက်ရတော့ မူယွန်တစ်ယောက် တံတွေးအနည်းငယ် မျိုချလိုက်မိတယ်။

“ရေဆာနေတာလား”

“မဟုတ်ပါဘူး”

“ကျွန်တော် ခင်ဗျားကို ကိုက်ခွင့်ပြုတယ်....”

မူယွန်က မကိုက်ချင်ဘူးလို့ ပြောလိုက်ချင်ပေမဲ့ ပြောမထွက်ဘဲ အနည်းငယ်သွားရည်ယိုနေမိတော့ တံတွေးမျိုချလိုက်ပြီး ယူအီရင်းရဲ့မျက်ဝန်းတွေထဲကို စိုက်ကြည့်နေတယ်။ အဲ့ဒီမျက်ဝန်းနက်တွေက သူ့ကိုစိုက်ကြည့်လာတိုင်း တစ်ယောက်ယောက်က သူ့ရဲ့ပခုံးတွေကို လက်တွေနဲ့ လာကလိထိုးသလိုမျိုး ယားယံလာတာကြောင့် အကြည့်တွေကို အောက်ဘက်ရွှေ့လိုက်တော့ ယူအီရင်းရဲ့နှုတ်ခမ်းထက်မှာ ကပ်ငြိသွားပြန်တယ်။
သူက နောက်ထပ် ယူအီရင်းရဲ့နှုတ်ခမ်းတွေကို ကိုက်လိုက်ပြန်တော့ ယူအီရင်းကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ အနမ်းတွေကို လက်ခံလာတယ်။ ဒီတစ်ကြိမ်မှာ သူက လျှာနဲ့ထိုးလာတော့ မူယွန်က ရေဆာနေတဲ့လူလိုမျိုး ယူအီရင်းရဲ့လျှာကို အငမ်းမရ စုပ်ယူပြီး လျှာနဲ့သပ်နေတယ်။ ယူအီရင်းရဲ့ပါးစပ်က စေးကပ်ကပ်ချိုချဥ်တစ်လုံးလိုဖြစ်ပြီး နမ်းနေတဲ့အသံတွေ ပြန်ကြားလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့လည်ပင်းကြောတွေပါ ထောင်ထလာတယ်။
အသက်ရှူရ နည်းနည်းကျပ်လာပေမဲ့ သာယာမှုတွေ  တောက်လောင်နေတာကြောင့် သူ ပိုပြီးလိုချင်လာတယ်။ ယားယံစေတဲ့အထိအတွေ့တင်မဟုတ်ဘဲ ပိုကောင်းတဲ့သာယာမှုတွေကို လိုချင်လာတာကြောင့် မူယွန်က သူ့နောက်ကျောကို ဆွဲယူလိုက်ပြီး  သူ့ရဲ့အရာကို နည်းနည်းလောက် ပိုပွတ်တိုက်စေလိုက်ရာ သူ့ရဲ့ပြားချပ်ချပ်ဗိုက်နဲ့ မာတောင်နေတဲ့အရာကို ပွတ်မိသွားချိန်တိုင်း သူ့ရဲ့ကျောရိုးတွေထဲကပါ တုန်ယင်လာသလိုပဲ။
အနမ်းတွေ ရှေ့ဆက်နေသလို ခြေထောက်တွေဟာလည်း ပိုအားပြည့်လာပြီး သူ့ဟာက သည်းမခံနိုင်လောက်အောင် ပူခြစ်လာတော့ မူယွန်က ယူအီရင်းကို တွန်းလိုက်တယ်။

“ဟောဟဲ ဟောဟဲ…”

အသက်ရှူသံပြင်းပြင်းက လေထဲကို ပျံ့နှံ့သွားပြီး နောက်ထပ် နည်းနည်းလောက်ဆိုရင် ပြီးသွားနိုင်တဲ့ သူ့ရဲ့မာတောင်ပြီး တဆတ်ဆတ်တုန်နေတဲ့အချောင်းကြီးက မူယွန့်ကို စိတ်ဆိုးသွားပေမဲ့ မူယွန်က လျစ်လျူရှုပြီး ခံစားချက်တွေကို ချိုးနှိမ်ထားတယ်။
ယူအီရင်းရဲ့အသက်ရှူသံက ပုံမှန်ဖြစ်မနေဘဲ သူ့ရဲ့ခွကြားက အရာကလည်း အရမ်းဖောင်းကားနေပေမဲ့ မူယွန်လောက်တော့ အခြေအနေမဆိုးသေးဘူး။ မူယွန်က ဒူးကို အားပြုပြီး ခဏလောက် အနားယူနေတယ်။

“ခင်ဗျား အချိန်ဘယ်လောက်ရလဲ”

“အများကြီးမရဘူး”

“ကျွန်တော့်ကို ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက် ပေးနိုင်မလား”

“ဘာလုပ်မလို့လဲ”

“ဒီကိုလာခဲ့”

Swara Web Novel Translation

[ Zawgyi  ]

ဒူး ဒူး ဒူး ဒူး……။




“ဟုတ်လား”



“တရားမဝင်သား…”






“အဲ့ဒါက top-class room မလား”

“မဟုတ်ပါဘူး ဟို suite…..”


“လာမနှောင့်ယှက်ကြနဲ့”



“ဟုတ်ကဲ့ sir”



“အဲ့ဒီလို လုပ်နေတာပဲလေ”



“အဲ့ဒါကြောင့် ရိုက်ကူးရေးမှာ ကောင်းကောင်း ပါဝင်ပူးပေါင်းမပေးတာလား”


“အဲ့ဒီနေ့က ရိုက်ကူးရေးကို အမြန်စဖို့ ပြောခဲ့တာကြောင့်လား”


“အဲ့ဒါကြောင့် ယူအီရင်း ဖြစ်စေချင်တဲ့အတိုင်း အရင်လာခဲ့တာမလို့ ဘယ်လိုခံစားရလဲ”


“လုပ်ခဲ့လား”





‘အဲ့ဒီလိုဖြစ်နေတာက ဆေးထိုးဖို့ အချိန်မရခဲ့လို့ပဲ'


“အာ့ နာတယ်”

“ငါတောင်းပန်ပါတယ်”

“ဟင်း…”


“ရေဆာနေတာလား”

“မဟုတ်ပါဘူး”



“ဟောဟဲ ဟောဟဲ…”



“အများကြီးမရဘူး”


“ဘာလုပ်မလို့လဲ”

“ဒီကိုလာခဲ့”


Continue Reading

You'll Also Like

247K 23.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
8.5M 242K 33
Highest Ranking: #1 WTF!!!OMG!!!Thank you so much 💕!!! "I've had enough!! I want a divorce!!" you furiously said, Jungkook rolled his eyes and...
22.1K 969 11
I will love you as long as the sun bruns in the sky, as long as the moon shines its light into the dark night, until the raging blue oceans become...