Majestic Love Story In Dae Go...

By nuenueki

20.9K 3.5K 677

စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာ... More

မိတ်ဆက်
1.ကံကြမ္မာနှစ်ခုမွေးဖွားလာခြင်း
2.လှည့်စားခံရသောကံကြမ္မာ
3.တွေ့ဆုံခြင်းအစ
4.ပထမဆုံးမိတ်ဆွေ
5.နှစ်ကြိမ်မြောက်ကယ်တင်ရှင်
6.အိမ်ပြန်ခရီး
7.နွေးထွေးသောနှစ်သိမ့်မှု
8.ခွဲခွာချိန်
9.တမ်းတခြင်း
10.သေမင်းတမန်စစ်သူကြီး
11.သမားတော်နဲ့အတိတ်မေ့လူနာ
12. ရှောင်လွှဲ၍မရသော မင်္ဂလာပွဲ
13.ထူးဆန်းသော မင်္ဂလာလက်ဖွဲ့
14.ဖြတ်သန်းခဲ့ရသောအတိတ်
15.ကံကြမ္မာစီစဥ်တဲ့မင်္ဂလာပွဲ
16.ရန်သူတော်ကိုစိတ်ဒုက္ခပေးခြင်း
17.ဖုံးကွယ်ထားသောမျက်နှာ
18. စစ်မှန်သောအိမ်ထောင်ဖက်
19.ကတိ
20.သဲလွန်စ
21. သိုဝှက်မေတ္တာ
22.အောင်နိုင်သူ
23.သေရွာပြန်
24. အတိတ်ကိုတူးဆွခြင်း
25. ဆောန်
27.အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း
28. နိုင်ငံတော်စျာပန
29. မိုင်းဂါးမျိုးနွယ်သားအဖရဲ့ကျိန်စာသင့်အချစ်ဦးပုံပြင်
30.အပေးအယူ
31.မထင်မှတ်ထားသောလူနာရှင်
32. အမှန်တရားအပိုင်းအစ
32.နောက်ကွယ်မှစီစဥ်သူ
33.အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်း
34.ရပ်တည်ချက်
35.ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း
36.တာဝန်သိစိတ်
37.ပါရမီဖြည့်ဖက်
38.အချစ်=လူသားဆန်မှု
39. မြတ်နိုးရပါသော
40.ပွဲဦးထွက်အနိုင်ပွဲ
41.လက်ခံရန်ခက်ခဲသော..
42. အန္တရာယ်ကြားကရင်ခုန်သံ
43.မြားဒဏ်ရာ
44.ဓားစာခံရှာဖွေခြင်း
45.အားပေးဖော်
46.အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီတကား
47. ကောင်းကင်မှာလင်းတဲ့ကြယ်
48. အမှာစကား
49. နှလုံးသားခိုးယူခံရခြင်း
50.မထင်မှတ်ထားသောအကူအညီ
51. မထင်မှတ်ထားသောအကူအညီ (2)
52. ကောင်းကင်ဘုံ၏အပြစ်ဒဏ်
53.Majestic Love Story in Dae Goguyeo
Author Note
အမှတ်တရ Section

26.စစ်ဗျူဟာစာအုပ်စင်ပေါ်က ပန်းပွင့်စာအုပ်

425 75 15
By nuenueki

ညကအိပ်ပျော်ဖို့ အတော်အတန်ကြိုးစားခဲ့ရပြီး မနက်လင်းခါနီးမှအိပ်ပျော်သွားတာကြောင့် ဆောင်ဟွန်းနေမြင့်သည်အထိအိပ်ယာမှမထသေးပေ။

အိပ်ပျော်သွားတဲ့အချိန်မှာတော့ ဆောန်နဲ့စတွေ့ခဲ့တဲ့ ထိုနေ့ကအကြောင်းကို အိပ်မက်မက်သည်။
တောခွေးအုပ်ကြီးကြောင့် အကူအညီလိုအပ်နေတဲ့ကောင်ငယ်လေးကို သူက ကူညီပေးခဲ့ပြီးကျောက်ဂူထဲမှာ မိုးခိုကြသည်။

အဆိပ်ပြင်းမြွေရဲ့အန္တရာယ်မှ လက်မတင်လေး လွတ်မြောက်သွားပြီးတဲ့နောက်မှာ ခြေထောက်ဒဏ်ရာကလည်းရှိနေသေးတဲ့ကောင်လေးက အဖျားတွေတက်ကာ သူခင်းပေးတဲ့မြက်ဖျာပေါ်မှာ အိပ်ပျော်သွားခဲ့သည်။

ထိုညက ထိုကောင်လေးကို တစ်ညလုံးထိုင်ကြည့်နေခဲ့ပြီး မျက်နှာပေါ်က အဝတ်ကို ဖယ်ကြည့်ရင်ကောင်းမလားဆိုတဲ့အတွေးတွေလွန်ဆွဲနေခဲ့တာ​ကြောင့် စိတ်တည်ငြိမ်အောင် ဝင်သက်ထွက်သက်ကိုရှုမှတ်နေလိုက်ရသည်အထိ ထိုကောင်လေးက ဆောင်ဟွန်းအာရုံကိုဖမ်းစားလိုက်နိုင်သည်။

နှစ်ယောက်သားအပြန်လမ်းမှာ အဖမ်းခံလိုက်ရပြီးမကြာမီ အချုပ်ခန်းထဲရောက်သွားကြရင်း
အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာခဲ့သည် ။

ဆောင်ဟွန်းကိုယ်ပေါ်ရောက်လာရမည့်ဓားချက်ကို ဝင်ခံပေးလိုက်တဲ့ ဆောန်က ဆယ်နှစ်သားအရွယ်
ခန္တာကိုယ်လေးဖြစ်ပေမယ့် သိပ်ကိုရဲရင့်ကာမိုက်ရူးရဲဆန်နေသည်။
သွေးအလိမ်းလိမ်းဖြစ်နေတဲ့ဆောန်ကို ပွေ့ထားရင်းနဲ့မှ ခေါင်းပေါ်ကျလာတဲ့ ရိုက်ချက်ကိုမရှောင်လိုက်နိုင်ပေ။
ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပေမယ့်
ဆောန်ကိုလွတ်မကျစေရ ဂျိုဝီလူကြီးမင်းလက်ထဲလွှဲပြောင်းပေးရင်း ကယ်တင်ပေးဖို့ပါးစပ်ကတဖွဖွပြောနေခဲ့ပေမယ့် ကိုယ်တိုင်ကလည်းသိပ်မဟန်ချင်တော့ပေ။

အမြင်အာရုံတွေဝေဝါးလာသည့်တိုင် ဂျိုဝီလူကြီးမင်းနဲ့အတူ မြင်းပေါ်မှာလိုက်ပါပြီး ပြေးလွှားနေခဲ့သည်။
နောက်ဆုံးမှာတော့ ဘယ်လို့မှပြေးမလွတ်တော့တဲ့အချိန်မှာ စိတ်လျှော့ချပြီး နောက်ဘဝကျရင်တော့
သာမန်ကလေးဘဝနဲ့ပဲ ဆောန်နဲ့အတူတွေ့ဆုံ ခင်မင်ရင်းနှီးကြဖို့ဆန္ဒပြုကာ ဓားချက်နဲ့အတူသတိလစ်မေ့မျောသွားခဲ့ရသည်။

အိပ်မက်ကနိုးလာတော့ အခုပဲ သေရေးရှင်ရေးကနေလွတ်မြောက်လာရသလိုစိတ်ရောခန္ဓာကိုယ်ရောပင်ပန်းလျှက်ရှိသည်။
ဘေးကိုစမ်းကြည့်လိုက်တော့ လွတ်နေတဲ့နေရာလေးကြောင့် ရင်ထဲမှာလည်းလစ်ဟာသွားတော့သည်။

ထိုစဥ်မှာပင် အခန်းထဲကိုဝင်လာတဲ့ခြေသံလေးကိုကြားလိုက်ရတာကြောင့်ဆောင်ဟွန်းမျက်လုံးတွေအသာအယာပြန်မှိတ်ရင်း အိပ်ပျော်နေချင်ယောင်ဆောင်လိုက်သည်။

ခြေသံက ကုတင်ဘေးမှာရပ်တန့်သွားပြီးနောက်
ကုတင်ခန်းစီးစကိုဖယ်ရှားသံနဲ့အတူ နဖူးပေါ်မှ လက်ကလေးတစ်ဖက်၏အထိအတွေ့ကိုပါခံစားလိုက်ရသည်။

လက်ကလေးကိုအားနဲ့ဆွဲချလိုက်တော့ခန္ဓာကိုယ်လေးက ရင်ခွင်ထဲကိုပြိုကျလာသည်။

"  ငါကမင်းအိပ်ယာထမလာသေးလို့
နေမကောင်းဘူးများလားဆိုပြီးလာကြည့်တာ "

ရင်ခွင်ထဲမှ ရုန်းထွက်လိုဟန် အသာအယာတွန်းဖယ်နေတာကြောင့် ခါးကိုပိုတင်းကြပ်နေအောင်ဖက်လိုက်တော့ ဆောန်က သူ့ရင်ဘတ်ပေါ်မှာ ခေါင်းလေးတင်ပြီး ငြိမ်ကျသွားသည်။

" ညက အိပ်မက်မက်တယ် မင်းကို
၁၀နှစ်သားလေးချစ်ဖို့ကောင်းတယ် ဒါပေမယ့် ရူးကြောင်ကြောင်လေး မျက်နှာကိုမပြရဲပေမယ့် ဓားချက်ကိုတော့ဝင်ခံရဲတယ်။

ဆောန်မီက ဒီအကြောင်းတွေငါ့ကိုပြောပြတုန်းက မင်းနေရာမှာ သူ့ကိုယ်သူထားပြီးပြောပြခဲ့တာ။

ဒါပေမယ့် အခု နည်းနည်းပြန်သတိရလာတော့ ငါ့မှတ်ဉာဏ်တွေထဲမှာ သူရှိမနေဘူး သူကဘယ်လိုလုပ်ပြီး ငါတို့အကြောင်းတွေ သိနေရတာလဲ "

သူ့အမေးကြောင့်ဆောနူးက သက်ပြင်းချသည်။

" မင်းက အကုန်လုံးသေသေချာချာကြီးပြန်မမှတ်မိသေးလို့ဖြစ်မယ် တကယ်တော့ အဲ့ညက ဆောန်မီမိန်းကလေးက ငါတို့နဲ့အတူ တစ်ဖက်ကအချုပ်ခန်းထဲမှာရှိနေခဲ့တယ်။
နတ်ဆရာမကြီးတစ်ယောက်က ငါ့ရဲ့ကံဆိုးစေတဲ့ကံကြမ္မာကို သူ့ဆီလွှဲပေးမယ်လို့ပြောနေလို့ မင်းရောငါရော လက်မခံရာကနေ ရုတ်ရုတ်သဲသဲဖြစ်ကြတာ။

ငါအခုထိ နားမလည်နိုင်သေးတာက ငါ့ရဲ့ကံဆိုးစေတဲ့ ကံကြမ္မာဆိုးကို သူကဘာလို့လွှဲပြောင်းယူဖို့ကြိုးစားချင်ရတာလဲဆိုတာကိုပဲ။

ကဲပါ အခုတော့ အဲဒါတွေလည်းအတိတ်မှာ ကျန်ခဲ့ပြီးပါပြီ။
အရေးကြီးတာက မင်းနဲ့ငါနဲ့ လက်ရှိမှာ အတူရှိနေကြပြီပဲ ဘာမှမတွေးနဲ့ အိပ်ယာထတော့ မနက်စာလွတ်ရင် ကျန်းမာရေးအတွက်မကောင်းဘူး"

သမားတော်ပီသစွာပဲ ကျန်းမာရေးဆိုတဲ့စကားကိုပါးစပ်ဖျားကမချတဲ့ဆောန်ကြောင့် ဆောင်ဟွန်းပြုံးလိုက်မိသည်။

အိပ်ယာနိုးခါစမို့ သူ့ ခန္ဓာကိုယ်ကပုံမှန်မဟုတ်တဲ့
တုန့်ပြန်မှုအချို့ကို အခုထိ သူရင်ခွင်ထဲမှာ မှောက်လျက်သားလေးငြိမ်နေတဲ့ဆောန်က သတိထားမိသွားတာကြောင့် နားရွက်ဖျားလေးတွေနီရဲလာကာ ရင်ခွင်ထဲမှ အမြန်အဆန်ရုန်းထွက်သွားသည်။

" မြန်မြန်မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးလာခဲ့တော့ မနက်စာစားဖို့နောက်ကျနေပြီ "
ဟုဆိုကာ အခန်းထဲမှ လျှင်မြန်စွာထွက်ခွာသွားတဲ့ဆောန်ကိုကြည့်ပြီး အသည်းတယားယားကျန်ရစ်ခဲ့ရသည်။
.
.
" ဟုန်ရှစ် စစ်သူကြီးချုပ်မရှိတော့ဘူးဆိုတော့ ဘယ်သူက စစ်သူကြီးချုပ်နေရာကိုရောက်လာမယ်ထင်လဲ "

စစ်သည်တွေကိုဦးဆောင်ပြီးမြို့တော်ပြန်လာတဲ့လမ်းမှာ နောက်တစ်ခါခရီးတစ်ထောက်နားနေတုန်းမှာ မန်းဘို့က ဟုန်ရှစ်ကိုစကားစမြည်ပြောလာသည်။

" စစ်သူကြီးချုပ်နေရာကိုဘယ်သူရောက်မလဲဆိုတာထက် စစ်သူကြီးချုပ်သေဆုံးရပုံကို ဘယ်လိုလျှောက်တင်ရမလဲဆိုတာ ပိုပြီး စိတ်ပူသင့်တာမဟုတ်ဘူးလား "

ဟုန်ရှစ်စကားကိုမန်းဘို့က လက်ခံချင်ပုံမရဘဲ ခေါင်းကိုခါသည်။

" မင်းစဥ်းစားကြည့် ငါတို့လည်း အရိုးကြေကြေအရေခမ်းခမ်း စစ်သူကြီးချုပ်နဲ့အတူတိုက်ပွဲဝင်ခဲ့တာပဲ ဒါပေမယ့် စစ်သူကြီးချုပ်သာ ရာထူးတွေတစ်ဆင့်ပြီးတစ်ဆင့်တိုးသွားတယ် ငါတို့ကတော့ လက်ထောက်စစ်သူကြီးဘဝမှာပဲ ရှိနေသေးတယ်။

မတရားဘူးလို့မခံစားခဲ့ရဘူးလား။

စစ်သူကြီးချုပ်က ငယ်ရွယ်ပေမယ့်အထွတ်အထိတ်ကိုရောက်နေတာက သူ့အဖေက ဒီနိုင်ငံရဲ့ သေနာပတိချုပ်ကြီးဖြစ်ခဲ့ဖူးတယ်အပြင် သူ့ဦးလေးကလည်းအခုလက်ရှိ သေနာပတိချုပ်ကြီး ​ ဖြစ်နေတာကြောင့်လည်းပါတယ်။

ရွှေဇွန်းကိုက်မွေးလာပြီး နောက်ခံအသိုင်းအဝိုင်းကလည်းအားကောင်းတာကြောင့်လေ။

ငါတို့လည်း အဲလိုဖြစ်ချင်ရင်
ငါတို့ကိုနောက်ကနေတွန်းပို့ပေးမယ့် နောက်ခံကောင်းကောင်းကအရေးကြီးတယ်ဟုန်ရှစ်။

ဒီနှစ်တွေထဲမှာ မင်းနဲ့အတူတူ တိုက်ပွဲတွေကိုကျော်ဖြတ်ဖူးတဲ့ သံယောဇဥ်နဲ့ မင်းကိုငါပြောပြမယ်။
အိမ်ရှေ့စံမင်းသားက သူနန်းတက်တဲ့အခါ စိတ်ချရတဲ့အမှုထမ်းကောင်းတွေကိုစုဆောင်းနေတာပဲ ။
သူ့အတွက် ကောင်းကောင်းအလုပ်လုပ်ပေးနိုင်ရင် သူဘုရင်ဖြစ်လာတဲ့အခါ ငါတို့ဘာမှပူစရာမလိုဘဲ သေချာချီးမြှင့်မြှောက်စားမှာ။
စစ်သူကြီးချုပ်လည်းမရှိတော့ဘူးဆိုတော့ မင်း အိမ်ရှေ့စံဆီမှာ အမှုထမ်းချင်ရင် ငါပြောပေးမယ်။"

မြို့တော်ရောက်ခါနီးပြီမို့ မန်းဘို့ရဲ့မျက်နှာဖုံးက တဖြည်းဖြည်းကွာကျလာပြီဖြစ်သည်။

ရွှေဇွန်းကိုက်မွေးလာလို့ ရာထူးအလျှင်အမြန်တိုးသည်ဆိုတဲ့စကားကို
ဟုန်ရှစ်လဲ စိတ်ထဲမှ ရယ်မောလိုက်သည်။

စစ်သူကြီးချုပ်က ကလေးဘဝကတည်းက အိမ်နဲ့ဝေးရာမှာ ကြမ်းတမ်းမှုအပြည့်နဲ့ဘဝခရီးကြမ်းကို တစ်ယောက်တည်းလျှောက်လှမ်းခဲ့ရတာဖြစ်ပြီး လောကအတွေ့အကြုံကလည်းအတော်အတန်များပြားကာ ဆင်ခြင်တုံတရားလည်းအပြည့်ရှိသည်။
တော်ဝင်ကျောင်းတော်ကတောင်မသင်ကြားနိုင်တဲ့ အတွေ့အကြုံတွေကိုလည်းငယ်ငယ်ရွယ်ရွာ်နဲ့ခါးစည်းခံခဲ့ရတာဖြစ်ပြီး ဟုန်ရှစ်တို့သာမာန်စစ်သည်ရဲမက်ငယ်လေးဘဝလောက်ပဲရှိနေဦးမည့်အချိန်တွင် စစ်သူကြီးချုပ်ကတော့ ကိုယ်ပိုင်စစ်ရေးဗျူဟာစာအုပ်ကိုတောင်ရေးနိုင်နေပြီဖြစ်သည်။
ထိုသို့သောသူမျိုးကို ရွှေဇွန်းကိုက်မွေးလာလို့သာ ရာထူးတိုးသည်ဟုပြောနေသော မန်းဘို့ကို စိတ်ထဲမှလက်ညှိုးထိုးကာအကြိမ်ကြိမ်အခါခါလှောင်ရယ်လိုက်ပေမယ့်
အပြင်မှာတော့ သခင်ပျောက်သွားလို့ခိုကိုးရာမဲ့နေတဲ့ ယုန်ငယ်လေးပမာ မျက်နှာကိုအတတ်နိုင်ဆုံးငယ်ထားပြီး မန်းဘို့ကို တုန်ရီနေတဲ့လေသံဖြင့်မေးလိုက်သည်။

" မင်းကရော အိမ်ရှေ့စံမင်းသားအတွက် အလုပ်လုပ်ပေးနေတာလား။
သူ့အတွက်သစ္စာခံရမယ်ဆိုရင် ဘယ်လိုအထောက်အထားမျိုးပြရမှာလဲ။
ဘယ်လိုသဘောတူချက်မျိုးလုပ်ပေးရမှာလဲ မန်းဘို့ "

ဟုန်ရှစ်ရဲ့စကားကြောင့် မန်းဘို့က ဟုန်ရှစ်ကိုစည်းရုံးလိုက်နိုင်ပြီဟုအထင်ရောက်ကာ
စာချုပ်တစ်ခုကို အားတက်သရောထုတ်ပေးလာသည်။
စာချုပ်ပေါ်မှာတော့ အိမ်ရှေ့စံကိုသစ္စာခံပါမည့်အကြောင်း ကျမ်းကျိန်ထားသောစာနှင့် လက်ဗွေနှိပ်ဖို့နေရာပါသည်။

" ငါ့ကိုစဥ်းစားဖို့အချိန်ပေးပါဦး မြို့တော်ရောက်တာနဲ့မင်းကိုတိကျတဲ့အဖြေပေးမယ် ဒါပေမယ့်စိတ်ချပါ ဒီပေါ်မှာ ငါ့လက်ဗွေရာနှိပ်ပြီး မင်းဆီသေချာပေါက်ပြန်ပေးဖြစ်မယ်ထင်ပါတယ်။

ငါစိတ်တွေရှုပ်ထွေးနေတယ်မန်းဘို့ရယ် စစ်သူကြီးချုပ်သေဆုံးသွားမှပြောတဲ့စကားဆိုပေမယ့် တကယ်တော့ စစ်သူကြီးချုပ်နဲ့ငါ့ကြားမှာလည်းသဘောထားကွဲလွဲမှုတွေများတယ် သူ့ကိုကြည့်ပြီး အမြဲတမ်း ငါ့ကိုယ်ငါသိမ်ငယ်စိတ်ဝင်ခဲ့ရတာ။
သူမရှိတော့ဘူးဆိုတော့ သံယောဇဥ်လက်ကျန်တွေကြောင့် စိတ်မကောင်းဖြစ်ရပေမယ့် ငါ့ဘဝက အခုမျ လွတ်လပ်သွားသလိုခံစားရတယ်"

ဟုန်ရှစ်စကားကိုခေါင်းတငြိမ့်ငြိမ့်နားထောင်ရင်း မန်းဘို့မျက်နှာမှာ အပြုံးများဝေဆာလာသည်။

" မင်းလည်းငါနဲ့ခဲစားချက်တူတာပဲ
မင်းနည်းနည်းတော့လန့်သွားလောက်မှာပေမယ့် အမှန်အတိုင်း​ပြောစရာတစ်ခုရှိတယ်
စစ်သူကြီးအခန်းမီးလောင်အောင်လုပ်ဖို့ အိမ်ရှေ့စံက ငါ့ကိုအမိန့်ပေးခဲ့တာလေ
ငါ့တာဝန်ကိုပြီးအောင်လုပ်နိုင်ခဲ့တာမို့ အခုမြို့တော်ပြန်ရောက်တာနဲ့ စစ်သူကြီးချုပ်နေရာက ငါ့အတွက်ပဲလို့ အိမ်ရှေ့စံက အာမခံထားတယ်"

မန်းဘို့က ထိုစကားကိုပြောရင်း ဟုန်ရှစ်မျက်နှာကို သေချာအကဲခတ်ကာစိုက်ကြည့်နေတာကြောင့် ဟုန်ရှစ် အံ့သြခြင်းမယုံနိုင်ခြင်းတို့ပြည့်နှက်နေတဲ့မျက်နှာဟန်တစ်ခုကိူကြိုးစားသရုပ်ဆောင်ရင်း စိတ်ထဲမှ အော်ဂလီဆန်ကာ ခွေးသူတောင်းစားမန်းဘို့ကို အကြိမ်တစ်ထောင်မက အော်ဆဲနေမိတော့သည်။

" အဲ အဲဒါဆို မင်းက ဒီတစ်ခါပြန်ရောက်ရင်စစ်သူကြီးချုပ်နေရာကိုရတော့မှာပေါ့နော်
ဟုတ်ရေယ ဟုတ်ရဲ့လားကွာ မင်းကိုအိမ်ရှေ့စံက အသုံးချပြီး ပစ်ပယ်လိုက်ရင်ဘယ်လိုလုပ်မလဲ သူ့ဆီကနေ ခုဏလိုစာချုပ်တွေဘာတွေနဲ့ ကတိတောင်းမထားဘူးလား ကိုယ့်ဘက့်က သေချာအောင်လုပ်ရမှာပေါ့"

" ငါလည်းအဲလောက် မအ ပါဘူးကွ
ငါ့မှာ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး အိမ်ရှေ့စံနဲ့စာချုပ်လုပ်ထားတာရှိတယ် သေချာလေးသိမ်းထားတယ် ငါကတော့ စစ်သူကြီးချုပ်ကို လုပ်ကြံဖို့တာဝန်ယူရပြီး မြေပုံလဲဖို့က ဘယ်သူတာဝန်ယူရလဲဆိုတကတော့သိခွင့်မရှိဘူး

မင်းလည်းသေချာစဥ်းစားပေါ့ဟုန်ရှစ်ရာ ငါကတော့မင်းကို အိမိရှေ့စံဆီသစ္စာခံလိုက်တာပိုကောင်းတယ်လို့အကြံပေးချင်တယ်
ငါတို့အတူတူ ရာထူးတွေတိုးပြီး ဒီနိုင်ငံကိုကြီးစိုးမယ့်အထက်တန်းလွှာဘဝမြန်မြန်ရောက်ကြ တာပေါ့"

စိတ်ချ အထက်တန်းလွှာမရောက်ခင် မြို့တေယ်ရောက်တာနဲ့ ဒီအဖေကမင်းကို အချုပ်ထဲအရင်ပို့ပစ်မှာ ။

ဟုန်ရှစ်စိတ်ထဲမှ ကြုံးဝါးသံကိုသာကြားရင် မန်းဘို့အခုလိုစိတ်လွတ်လက်လွတ်ရယ်မောနိုင်မည်မဟုတ်ပေ။
.
.
ဟွန်းအမေက ထမင်းစားခေါ်တာကြောင့် အမေ့ကိုအဖော်ပြုရင်း စကားစမြည်ပြောရအောင် မြို့ထဲက အိမ်တော်ဆီနှစ်ယောက်သားရောက်လာကြသည်။
ညစာစားပြီး အမေနဲ့ရောက်တတ်ရာရာများပြောကြပြီးနောက် အမေက အိပ်ရာစောစောဝင်သွားသည်။
ဒီအိမ်မှာပဲ အိပ်သွားဖို့ အမေကပြောတာကြောင့် ဒီရက်ပိုင်း ဒီအိမ်မှာပဲနေပြီး ဟွန်းရဲ့လက်ထောက်စစ်သူကြီးပြန်ရောက်လာမှသာ ဟွန်းကလည်းရှင်းစရာရဗိတဲ့ပြသနာတွေရှင်းဖို့ စစ်စခန်းကိုပြန်ပြီး သူကတော့ မြို့စွန်ကအိမ်တော်လေးဆီပြန်မည်။

ညနက်တဲ့အထိ ဟွန်းက သူ့စာကြည့်ခန်းမှာ စစ်မှတ်တမ်းရေးနေတာကြောင့် ဆောနူးလည်း တစ်ယောက်တည်းပျင်းတာနဲ့ ဟွန်းစာကြည့်ခန်းထဲက စစ်ရေးစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ယူကြည့်နေမိသည်။
စာအုပ်စင်ပေါ်ကစာအုပ်တွေကြားထဲမှာတော့ အခြားစစ်ဗျူဟာစာအုပ်တွေနဲ့မတူတဲ့ အဖုံးမှာ ပန်းပွင့်လေးတွေပါတဲ့စာအုပ်လှလှလေးကိုတွေ့လိုက်ရတော့ လက်ကအလိုလိုလှမ်းယူကာကြည့်လိုက်မိသည်။

စာအုပ်အဖုံးကိုလှပ်လိုက်တာနဲ့ ပထမဆုံးစာမျက်နှာမှာတင် ဆောနူးခန္ဓာကိုယ်မှသွေးတွေပြောင်းပြန်စီးသွားသလိုခံစားလိုက်ရသည်။

အမျိုးသားနှစ်ယောက် ချစ်ကျွမ်းဝင်ဖို့ နည်းလမ်းများကို ရုပ်ပုံများနဲ့တစ်ကွ ကွက်ကွက်ကွင်းကွင်းရေးသားထားသောဒီစာအုပ်ကို ဟွန်းက ဖတ်နေခဲ့တာလား။

လက်ထပ်ထားတဲ့ဆက်ဆံရေးမို့ တစ်နေ့တော့ ကြုံလာရမယ်ဆိုတာသိပေမယ့် ဟွန်းက ဒီလိုစာအုပ်တွေဖတ်ပြီးလေ့လာနေလောက်မယ်လို့တော့မထင်ခဲ့မိတာအမှန်ပင်။

စာအုပ်ကို အလောတကြီးပိတ်လိုက်တာမို့ အသံကျယ်သွားပြီး ဟွန်းကစာရေးနေရာမှ သူ့ကိုလှမ်းကြည့်လိုက်စဥ် သူ့လက်ထဲမှ စာအုပ်ကိုတွေ့သွားသည်။

" ဆောန် အဲဒီစာအုပ်ကိုမကိုင်နဲ့
ဟာ ကွာ ပတ်ဂျုံဆောင်းမွှေချက်ပဲ "

Zawgyi

ညကအိပ္ေပ်ာ္ဖို႔ အေတာ္အတန္ႀကိဳးစားခဲ့ရၿပီး မနက္လင္းခါနီးမွအိပ္ေပ်ာ္သြားတာေၾကာင့္ ေဆာင္ဟြန္းေနျမင့္သည္အထိအိပ္ယာမွမထေသးေပ။

အိပ္ေပ်ာ္သြားတဲ့အခ်ိန္မွာေတာ့ ေဆာန္နဲ႕စေတြ႕ခဲ့တဲ့ ထိုေန႕ကအေၾကာင္းကို အိပ္မက္မက္သည္။
ေတာေခြးအုပ္ႀကီးေၾကာင့္ အကူအညီလိုအပ္ေနတဲ့ေကာင္ငယ္ေလးကို သူက ကူညီေပးခဲ့ၿပီးေက်ာက္ဂူထဲမွာ မိုးခိုၾကသည္။

အဆိပ္ျပင္းေႁမြရဲ႕အႏၱရာယ္မွ လက္မတင္ေလး လြတ္ေျမာက္သြားၿပီးတဲ့ေနာက္မွာ ေျခေထာက္ဒဏ္ရာကလည္းရွိေနေသးတဲ့ေကာင္ေလးက အဖ်ားေတြတက္ကာ သူခင္းေပးတဲ့ျမက္ဖ်ာေပၚမွာ အိပ္ေပ်ာ္သြားခဲ့သည္။

ထိုညက ထိုေကာင္ေလးကို တစ္ညလုံးထိုင္ၾကည့္ေနခဲ့ၿပီး မ်က္ႏွာေပၚက အဝတ္ကို ဖယ္ၾကည့္ရင္ေကာင္းမလားဆိုတဲ့အေတြးေတြလြန္ဆြဲေနခဲ့တာေၾကာင့္ စိတ္တည္ၿငိမ္ေအာင္ ဝင္သက္ထြက္သက္ကိုရႈမွတ္ေနလိုက္ရသည္အထိ ထိုေကာင္ေလးက ေဆာင္ဟြန္းအာ႐ုံကိုဖမ္းစားလိုက္နိုင္သည္။

ႏွစ္ေယာက္သားအျပန္လမ္းမွာ အဖမ္းခံလိုက္ရၿပီးမၾကာမီ အခ်ဳပ္ခန္းထဲေရာက္သြားၾကရင္း
အျဖစ္အပ်က္ေတြတစ္ခုၿပီးတစ္ခု ဆက္တိုက္ျဖစ္လာခဲ့သည္ ။

ေဆာင္ဟြန္းကိုယ္ေပၚေရာက္လာရမည့္ဓားခ်က္ကို ဝင္ခံေပးလိုက္တဲ့ ေဆာန္က ဆယ္ႏွစ္သားအ႐ြယ္
ခႏၱာကိုယ္ေလးျဖစ္ေပမယ့္ သိပ္ကိုရဲရင့္ကာမိုက္႐ူးရဲဆန္ေနသည္။
ေသြးအလိမ္းလိမ္းျဖစ္ေနတဲ့ေဆာန္ကို ေပြ႕ထားရင္းနဲ႕မွ ေခါင္းေပၚက်လာတဲ့ ရိုက္ခ်က္ကိုမေရွာင္လိုက္နိုင္ေပ။
ေခါင္းထဲမွာ မိုက္ခနဲျဖစ္သြားေပမယ့္
ေဆာန္ကိုလြတ္မက်ေစရ ဂ်ိဳဝီလူႀကီးမင္းလက္ထဲလႊဲေျပာင္းေပးရင္း ကယ္တင္ေပးဖို႔ပါးစပ္ကတဖြဖြေျပာေနခဲ့ေပမယ့္ ကိုယ္တိုင္ကလည္းသိပ္မဟန္ခ်င္ေတာ့ေပ။

အျမင္အာ႐ုံေတြေဝဝါးလာသည့္တိုင္ ဂ်ိဳဝီလူႀကီးမင္းနဲ႕အတူ ျမင္းေပၚမွာလိုက္ပါၿပီး ေျပးလႊားေနခဲ့သည္။
ေနာက္ဆုံးမွာေတာ့ ဘယ္လို႔မွေျပးမလြတ္ေတာ့တဲ့အခ်ိန္မွာ စိတ္ေလွ်ာ့ခ်ၿပီး ေနာက္ဘဝက်ရင္ေတာ့
သာမန္ကေလးဘဝနဲ႕ပဲ ေဆာန္နဲ႕အတူေတြ႕ဆုံ ခင္မင္ရင္းႏွီးၾကဖို႔ဆႏၵျပဳကာ ဓားခ်က္နဲ႕အတူသတိလစ္ေမ့ေမ်ာသြားခဲ့ရသည္။

အိပ္မက္ကနိုးလာေတာ့ အခုပဲ ေသေရးရွင္ေရးကေနလြတ္ေျမာက္လာရသလိုစိတ္ေရာခႏၶာကိုယ္ေရာပင္ပန္းလွ်က္ရွိသည္။
ေဘးကိုစမ္းၾကည့္လိုက္ေတာ့ လြတ္ေနတဲ့ေနရာေလးေၾကာင့္ ရင္ထဲမွာလည္းလစ္ဟာသြားေတာ့သည္။

ထိုစဥ္မွာပင္ အခန္းထဲကိုဝင္လာတဲ့ေျခသံေလးကိုၾကားလိုက္ရတာေၾကာင့္ေဆာင္ဟြန္းမ်က္လုံးေတြအသာအယာျပန္မွိတ္ရင္း အိပ္ေပ်ာ္ေနခ်င္ေယာင္ေဆာင္လိုက္သည္။

ေျခသံက ကုတင္ေဘးမွာရပ္တန့္သြားၿပီးေနာက္
ကုတင္ခန္းစီးစကိုဖယ္ရွားသံနဲ႕အတူ နဖူးေပၚမွ လက္ကေလးတစ္ဖက္၏အထိအေတြ႕ကိုပါခံစားလိုက္ရသည္။

လက္ကေလးကိုအားနဲ႕ဆြဲခ်လိဳက္ေတာ့ခႏၶာကိုယ္ေလးက ရင္ခြင္ထဲကိုၿပိဳက်လာသည္။

" ငါကမင္းအိပ္ယာထမလာေသးလို႔
ေနမေကာင္းဘူးမ်ားလားဆိုၿပီးလာၾကည့္တာ "

ရင္ခြင္ထဲမွ ႐ုန္းထြက္လိုဟန္ အသာအယာတြန္းဖယ္ေနတာေၾကာင့္ ခါးကိုပိုတင္းၾကပ္ေနေအာင္ဖက္လိုက္ေတာ့ ေဆာန္က သူ႕ရင္ဘတ္ေပၚမွာ ေခါင္းေလးတင္ၿပီး ၿငိမ္က်သြားသည္။

" ညက အိပ္မက္မက္တယ္ မင္းကို
၁၀ႏွစ္သားေလးခ်စ္ဖို႔ေကာင္းတယ္ ဒါေပမယ့္ ႐ူးေၾကာင္ေၾကာင္ေလး မ်က္ႏွာကိုမျပရဲေပမယ့္ ဓားခ်က္ကိုေတာ့ဝင္ခံရဲတယ္။

ေဆာန္မီက ဒီအေၾကာင္းေတြငါ့ကိုေျပာျပတုန္းက မင္းေနရာမွာ သူ႕ကိုယ္သူထားၿပီးေျပာျပခဲ့တာ။

ဒါေပမယ့္ အခု နည္းနည္းျပန္သတိရလာေတာ့ ငါ့မွတ္ဉာဏ္ေတြထဲမွာ သူရွိမေနဘူး သူကဘယ္လိုလုပ္ၿပီး ငါတို႔အေၾကာင္းေတြ သိေနရတာလဲ "

သူ႕အေမးေၾကာင့္ေဆာႏူးက သက္ျပင္းခ်သည္။

" မင္းက အကုန္လုံးေသေသခ်ာခ်ာႀကီးျပန္မမွတ္မိေသးလို႔ျဖစ္မယ္ တကယ္ေတာ့ အဲ့ညက ေဆာန္မီမိန္းကေလးက ငါတို႔နဲ႕အတူ တစ္ဖက္ကအခ်ဳပ္ခန္းထဲမွာရွိေနခဲ့တယ္။
နတ္ဆရာမႀကီးတစ္ေယာက္က ငါ့ရဲ႕ကံဆိုးေစတဲ့ကံၾကမၼာကို သူ႕ဆီလႊဲေပးမယ္လို႔ေျပာေနလို႔ မင္းေရာငါေရာ လက္မခံရာကေန ႐ုတ္႐ုတ္သဲသဲျဖစ္ၾကတာ။

ငါအခုထိ နားမလည္နိုင္ေသးတာက ငါ့ရဲ႕ကံဆိုးေစတဲ့ ကံၾကမၼာဆိုးကို သူကဘာလို႔လႊဲေျပာင္းယူဖို႔ႀကိဳးစားခ်င္ရတာလဲဆိုတာကိုပဲ။

ကဲပါ အခုေတာ့ အဲဒါေတြလည္းအတိတ္မွာ က်န္ခဲ့ၿပီးပါၿပီ။
အေရးႀကီးတာက မင္းနဲ႕ငါနဲ႕ လက္ရွိမွာ အတူရွိေနၾကၿပီပဲ ဘာမွမေတြးနဲ႕ အိပ္ယာထေတာ့ မနက္စာလြတ္ရင္ က်န္းမာေရးအတြက္မေကာင္းဘူး"

သမားေတာ္ပီသစြာပဲ က်န္းမာေရးဆိုတဲ့စကားကိုပါးစပ္ဖ်ားကမခ်တဲ့ေဆာန္ေၾကာင့္ ေဆာင္ဟြန္းၿပဳံးလိုက္မိသည္။

အိပ္ယာနိုးခါစမို႔ သူ႕ ခႏၶာကိုယ္ကပုံမွန္မဟုတ္တဲ့
တုန့္ျပန္မႈအခ်ိဳ႕ကို အခုထိ သူရင္ခြင္ထဲမွာ ေမွာက္လ်က္သားေလးၿငိမ္ေနတဲ့ေဆာန္က သတိထားမိသြားတာေၾကာင့္ နား႐ြက္ဖ်ားေလးေတြနီရဲလာကာ ရင္ခြင္ထဲမွ အျမန္အဆန္႐ုန္းထြက္သြားသည္။

" ျမန္ျမန္မ်က္ႏွာသစ္ ကိုယ္လက္သန့္စင္ၿပီးလာခဲ့ေတာ့ မနက္စာစားဖို႔ေနာက္က်ေနၿပီ "
ဟုဆိုကာ အခန္းထဲမွ လွ်င္ျမန္စြာထြက္ခြာသြားတဲ့ေဆာန္ကိုၾကည့္ၿပီး အသည္းတယားယားက်န္ရစ္ခဲ့ရသည္။
.
.
" ဟုန္ရွစ္ စစ္သူႀကီးခ်ဳပ္မရွိေတာ့ဘူးဆိုေတာ့ ဘယ္သူက စစ္သူႀကီးခ်ဳပ္ေနရာကိုေရာက္လာမယ္ထင္လဲ "

စစ္သည္ေတြကိုဦးေဆာင္ၿပီးၿမိဳ႕ေတာ္ျပန္လာတဲ့လမ္းမွာ ေနာက္တစ္ခါခရီးတစ္ေထာက္နားေနတုန္းမွာ မန္းဘို႔က ဟုန္ရွစ္ကိုစကားစျမည္ေျပာလာသည္။

" စစ္သူႀကီးခ်ဳပ္ေနရာကိုဘယ္သူေရာက္မလဲဆိုတာထက္ စစ္သူႀကီးခ်ဳပ္ေသဆုံးရပုံကို ဘယ္လိုေလွ်ာက္တင္ရမလဲဆိုတာ ပိုၿပီး စိတ္ပူသင့္တာမဟုတ္ဘူးလား "

ဟုန္ရွစ္စကားကိုမန္းဘို႔က လက္ခံခ်င္ပုံမရဘဲ ေခါင္းကိုခါသည္။

" မင္းစဥ္းစားၾကည့္ ငါတို႔လည္း အရိုးေၾကေၾကအေရခမ္းခမ္း စစ္သူႀကီးခ်ဳပ္နဲ႕အတူတိုက္ပြဲဝင္ခဲ့တာပဲ ဒါေပမယ့္ စစ္သူႀကီးခ်ဳပ္သာ ရာထူးေတြတစ္ဆင့္ၿပီးတစ္ဆင့္တိုးသြားတယ္ ငါတို႔ကေတာ့ လက္ေထာက္စစ္သူႀကီးဘဝမွာပဲ ရွိေနေသးတယ္။

မတရားဘူးလို႔မခံစားခဲ့ရဘူးလား။

စစ္သူႀကီးခ်ဳပ္က ငယ္႐ြယ္ေပမယ့္အထြတ္အထိတ္ကိုေရာက္ေနတာက သူ႕အေဖက ဒီနိုင္ငံရဲ႕ ေသနာပတိခ်ဳပ္ႀကီးျဖစ္ခဲ့ဖူးတယ္အျပင္ သူ႕ဦးေလးကလည္းအခုလက္ရွိ ေသနာပတိခ်ဳပ္ႀကီး  ျဖစ္ေနတာေၾကာင့္လည္းပါတယ္။

ေ႐ႊဇြန္းကိုက္ေမြးလာၿပီး ေနာက္ခံအသိုင္းအဝိုင္းကလည္းအားေကာင္းတာေၾကာင့္ေလ။

ငါတို႔လည္း အဲလိုျဖစ္ခ်င္ရင္
ငါတို႔ကိုေနာက္ကေနတြန္းပို႔ေပးမယ့္ ေနာက္ခံေကာင္းေကာင္းကအေရးႀကီးတယ္ဟုန္ရွစ္။

ဒီႏွစ္ေတြထဲမွာ မင္းနဲ႕အတူတူ တိုက္ပြဲေတြကိုေက်ာ္ျဖတ္ဖူးတဲ့ သံေယာဇဥ္နဲ႕ မင္းကိုငါေျပာျပမယ္။
အိမ္ေရွ႕စံမင္းသားက သူနန္းတက္တဲ့အခါ စိတ္ခ်ရတဲ့အမႈထမ္းေကာင္းေတြကိုစုေဆာင္းေနတာပဲ ။
သူ႕အတြက္ ေကာင္းေကာင္းအလုပ္လုပ္ေပးနိုင္ရင္ သူဘုရင္ျဖစ္လာတဲ့အခါ ငါတို႔ဘာမွပူစရာမလိုဘဲ ေသခ်ာခ်ီးျမႇင့္ျမႇောက္စားမွာ။
စစ္သူႀကီးခ်ဳပ္လည္းမရွိေတာ့ဘူးဆိုေတာ့ မင္း အိမ္ေရွ႕စံဆီမွာ အမႈထမ္းခ်င္ရင္ ငါေျပာေပးမယ္။"

ၿမိဳ႕ေတာ္ေရာက္ခါနီးၿပီမို႔ မန္းဘို႔ရဲ႕မ်က္ႏွာဖုံးက တျဖည္းျဖည္းကြာက်လာၿပီျဖစ္သည္။

ေ႐ႊဇြန္းကိုက္ေမြးလာလို႔ ရာထူးအလွ်င္အျမန္တိုးသည္ဆိုတဲ့စကားကို
ဟုန္ရွစ္လဲ စိတ္ထဲမွ ရယ္ေမာလိုက္သည္။

စစ္သူႀကီးခ်ဳပ္က ကေလးဘဝကတည္းက အိမ္နဲ႕ေဝးရာမွာ ၾကမ္းတမ္းမႈအျပည့္နဲ႕ဘဝခရီးၾကမ္းကို တစ္ေယာက္တည္းေလွ်ာက္လွမ္းခဲ့ရတာျဖစ္ၿပီး ေလာကအေတြ႕အႀကဳံကလည္းအေတာ္အတန္မ်ားျပားကာ ဆင္ျခင္တုံတရားလည္းအျပည့္ရွိသည္။
ေတာ္ဝင္ေက်ာင္းေတာ္ကေတာင္မသင္ၾကားနိုင္တဲ့ အေတြ႕အႀကဳံေတြကိုလည္းငယ္ငယ္႐ြယ္႐ြာ္နဲ႕ခါးစည္းခံခဲ့ရတာျဖစ္ၿပီး ဟုန္ရွစ္တို႔သာမာန္စစ္သည္ရဲမက္ငယ္ေလးဘဝေလာက္ပဲရွိေနဦးမည့္အခ်ိန္တြင္ စစ္သူႀကီးခ်ဳပ္ကေတာ့ ကိုယ္ပိုင္စစ္ေရးဗ်ဴဟာစာအုပ္ကိုေတာင္ေရးနိုင္ေနၿပီျဖစ္သည္။
ထိုသို႔ေသာသူမ်ိဳးကို ေ႐ႊဇြန္းကိုက္ေမြးလာလို႔သာ ရာထူးတိုးသည္ဟုေျပာေနေသာ မန္းဘို႔ကို စိတ္ထဲမွလက္ညွိုးထိုးကာအႀကိမ္ႀကိမ္အခါခါေလွာင္ရယ္လိုက္ေပမယ့္
အျပင္မွာေတာ့ သခင္ေပ်ာက္သြားလို႔ခိုကိုးရာမဲ့ေနတဲ့ ယုန္ငယ္ေလးပမာ မ်က္ႏွာကိုအတတ္နိုင္ဆုံးငယ္ထားၿပီး မန္းဘို႔ကို တုန္ရီေနတဲ့ေလသံျဖင့္ေမးလိုက္သည္။

" မင္းကေရာ အိမ္ေရွ႕စံမင္းသားအတြက္ အလုပ္လုပ္ေပးေနတာလား။
သူ႕အတြက္သစၥာခံရမယ္ဆိုရင္ ဘယ္လိုအေထာက္အထားမ်ိဳးျပရမွာလဲ။
ဘယ္လိုသေဘာတူခ်က္မ်ိဳးလုပ္ေပးရမွာလဲ မန္းဘို႔ "

ဟုန္ရွစ္ရဲ႕စကားေၾကာင့္ မန္းဘို႔က ဟုန္ရွစ္ကိုစည္း႐ုံးလိုက္နိုင္ၿပီဟုအထင္ေရာက္ကာ
စာခ်ဳပ္တစ္ခုကို အားတက္သေရာထုတ္ေပးလာသည္။
စာခ်ဳပ္ေပၚမွာေတာ့ အိမ္ေရွ႕စံကိုသစၥာခံပါမည့္အေၾကာင္း က်မ္းက်ိန္ထားေသာစာႏွင့္ လက္ေဗြႏွိပ္ဖို႔ေနရာပါသည္။

" ငါ့ကိုစဥ္းစားဖို႔အခ်ိန္ေပးပါဦး ၿမိဳ႕ေတာ္ေရာက္တာနဲ႕မင္းကိုတိက်တဲ့အေျဖေပးမယ္ ဒါေပမယ့္စိတ္ခ်ပါ ဒီေပၚမွာ ငါ့လက္ေဗြရာႏွိပ္ၿပီး မင္းဆီေသခ်ာေပါက္ျပန္ေပးျဖစ္မယ္ထင္ပါတယ္။

ငါစိတ္ေတြရႈပ္ေထြးေနတယ္မန္းဘို႔ရယ္ စစ္သူႀကီးခ်ဳပ္ေသဆုံးသြားမွေျပာတဲ့စကားဆိုေပမယ့္ တကယ္ေတာ့ စစ္သူႀကီးခ်ဳပ္နဲ႕ငါ့ၾကားမွာလည္းသေဘာထားကြဲလြဲမႈေတြမ်ားတယ္ သူ႕ကိုၾကည့္ၿပီး အၿမဲတမ္း ငါ့ကိုယ္ငါသိမ္ငယ္စိတ္ဝင္ခဲ့ရတာ။
သူမရွိေတာ့ဘူးဆိုေတာ့ သံေယာဇဥ္လက္က်န္ေတြေၾကာင့္ စိတ္မေကာင္းျဖစ္ရေပမယ့္ ငါ့ဘဝက အခုမ် လြတ္လပ္သြားသလိုခံစားရတယ္"

ဟုန္ရွစ္စကားကိုေခါင္းတၿငိမ့္ၿငိမ့္နားေထာင္ရင္း မန္းဘို႔မ်က္ႏွာမွာ အၿပဳံးမ်ားေဝဆာလာသည္။

" မင္းလည္းငါနဲ႕ခဲစားခ်က္တူတာပဲ
မင္းနည္းနည္းေတာ့လန့္သြားေလာက္မွာေပမယ့္ အမွန္အတိုင္းေျပာစရာတစ္ခုရွိတယ္
စစ္သူႀကီးအခန္းမီးေလာင္ေအာင္လုပ္ဖို႔ အိမ္ေရွ႕စံက ငါ့ကိုအမိန့္ေပးခဲ့တာေလ
ငါ့တာဝန္ကိုၿပီးေအာင္လုပ္နိုင္ခဲ့တာမို႔ အခုၿမိဳ႕ေတာ္ျပန္ေရာက္တာနဲ႕ စစ္သူႀကီးခ်ဳပ္ေနရာက ငါ့အတြက္ပဲလို႔ အိမ္ေရွ႕စံက အာမခံထားတယ္"

မန္းဘို႔က ထိုစကားကိုေျပာရင္း ဟုန္ရွစ္မ်က္ႏွာကို ေသခ်ာအကဲခတ္ကာစိုက္ၾကည့္ေနတာေၾကာင့္ ဟုန္ရွစ္ အံ့ၾသျခင္းမယုံနိုင္ျခင္းတို႔ျပည့္ႏွက္ေနတဲ့မ်က္ႏွာဟန္တစ္ခုကိူႀကိဳးစားသ႐ုပ္ေဆာင္ရင္း စိတ္ထဲမွ ေအာ္ဂလီဆန္ကာ ေခြးသူေတာင္းစားမန္းဘို႔ကို အႀကိမ္တစ္ေထာင္မက ေအာ္ဆဲေနမိေတာ့သည္။

" အဲ အဲဒါဆို မင္းက ဒီတစ္ခါျပန္ေရာက္ရင္စစ္သူႀကီးခ်ဳပ္ေနရာကိုရေတာ့မွာေပါ့ေနာ္
ဟုတ္ေရယ ဟုတ္ရဲ႕လားကြာ မင္းကိုအိမ္ေရွ႕စံက အသုံးခ်ၿပီး ပစ္ပယ္လိုက္ရင္ဘယ္လိုလုပ္မလဲ သူ႕ဆီကေန ခုဏလိုစာခ်ဳပ္ေတြဘာေတြနဲ႕ ကတိေတာင္းမထားဘူးလား ကိုယ့္ဘက့္က ေသခ်ာေအာင္လုပ္ရမွာေပါ့"

" ငါလည္းအဲေလာက္ မအ ပါဘူးကြ
ငါ့မွာ အဲဒီကိစၥနဲ႕ပတ္သတ္ၿပီး အိမ္ေရွ႕စံနဲ႕စာခ်ဳပ္လုပ္ထားတာရွိတယ္ ေသခ်ာေလးသိမ္းထားတယ္ ငါကေတာ့ စစ္သူႀကီးခ်ဳပ္ကို လုပ္ႀကံဖို႔တာဝန္ယူရၿပီး ေျမပုံလဲဖို႔က ဘယ္သူတာဝန္ယူရလဲဆိုတကေတာ့သိခြင့္မရွိဘူး

မင္းလည္းေသခ်ာစဥ္းစားေပါ့ဟုန္ရွစ္ရာ ငါကေတာ့မင္းကို အိမိေရွ႕စံဆီသစၥာခံလိုက္တာပိုေကာင္းတယ္လို႔အႀကံေပးခ်င္တယ္
ငါတို႔အတူတူ ရာထူးေတြတိုးၿပီး ဒီနိုင္ငံကိုႀကီးစိုးမယ့္အထက္တန္းလႊာဘဝျမန္ျမန္ေရာက္ၾက တာေပါ့"

စိတ္ခ် အထက္တန္းလႊာမေရာက္ခင္ ၿမိဳ႕ေတယ္ေရာက္တာနဲ႕ ဒီအေဖကမင္းကို အခ်ဳပ္ထဲအရင္ပို႔ပစ္မွာ ။

ဟုန္ရွစ္စိတ္ထဲမွ ႀကဳံးဝါးသံကိုသာၾကားရင္ မန္းဘို႔အခုလိုစိတ္လြတ္လက္လြတ္ရယ္ေမာနိုင္မည္မဟုတ္ေပ။
.
.
ဟြန္းအေမက ထမင္းစားေခၚတာေၾကာင့္ အေမ့ကိုအေဖာ္ျပဳရင္း စကားစျမည္ေျပာရေအာင္ ၿမိဳ႕ထဲက အိမ္ေတာ္ဆီႏွစ္ေယာက္သားေရာက္လာၾကသည္။
ညစာစားၿပီး အေမနဲ႕ေရာက္တတ္ရာရာမ်ားေျပာၾကၿပီးေနာက္ အေမက အိပ္ရာေစာေစာဝင္သြားသည္။
ဒီအိမ္မွာပဲ အိပ္သြားဖို႔ အေမကေျပာတာေၾကာင့္ ဒီရက္ပိုင္း ဒီအိမ္မွာပဲေနၿပီး ဟြန္းရဲ႕လက္ေထာက္စစ္သူႀကီးျပန္ေရာက္လာမွသာ ဟြန္းကလည္းရွင္းစရာရဗိတဲ့ျပသနာေတြရွင္းဖို႔ စစ္စခန္းကိုျပန္ၿပီး သူကေတာ့ ၿမိဳ႕စြန္ကအိမ္ေတာ္ေလးဆီျပန္မည္။

ညနက္တဲ့အထိ ဟြန္းက သူ႕စာၾကည့္ခန္းမွာ စစ္မွတ္တမ္းေရးေနတာေၾကာင့္ ေဆာႏူးလည္း တစ္ေယာက္တည္းပ်င္းတာနဲ႕ ဟြန္းစာၾကည့္ခန္းထဲက စစ္ေရးစာအုပ္ေတြ တစ္အုပ္ၿပီးတစ္အုပ္ယူၾကည့္ေနမိသည္။
စာအုပ္စင္ေပၚကစာအုပ္ေတြၾကားထဲမွာေတာ့ အျခားစစ္ဗ်ဴဟာစာအုပ္ေတြနဲ႕မတူတဲ့ အဖုံးမွာ ပန္းပြင့္ေလးေတြပါတဲ့စာအုပ္လွလွေလးကိုေတြ႕လိုက္ရေတာ့ လက္ကအလိုလိုလွမ္းယူကာၾကည့္လိုက္မိသည္။

စာအုပ္အဖုံးကိုလွပ္လိုက္တာနဲ႕ ပထမဆုံးစာမ်က္ႏွာမွာတင္ ေဆာႏူးခႏၶာကိုယ္မွေသြးေတြေျပာင္းျပန္စီးသြားသလိုခံစားလိုက္ရသည္။

အမ်ိဳးသားႏွစ္ေယာက္ ခ်စ္ကြၽမ္းဝင္ဖို႔ နည္းလမ္းမ်ားကို ႐ုပ္ပုံမ်ားနဲ႕တစ္ကြ ကြက္ကြက္ကြင္းကြင္းေရးသားထားေသာဒီစာအုပ္ကို ဟြန္းက ဖတ္ေနခဲ့တာလား။

လက္ထပ္ထားတဲ့ဆက္ဆံေရးမို႔ တစ္ေန႕ေတာ့ ႀကဳံလာရမယ္ဆိုတာသိေပမယ့္ ဟြန္းက ဒီလိုစာအုပ္ေတြဖတ္ၿပီးေလ့လာေနေလာက္မယ္လို႔ေတာ့မထင္ခဲ့မိတာအမွန္ပင္။

စာအုပ္ကို အေလာတႀကီးပိတ္လိုက္တာမို႔ အသံက်ယ္သြားၿပီး ဟြန္းကစာေရးေနရာမွ သူ႕ကိုလွမ္းၾကည့္လိုက္စဥ္ သူ႕လက္ထဲမွ စာအုပ္ကိုေတြ႕သြားသည္။

" ေဆာန္ အဲဒီစာအုပ္ကိုမကိုင္နဲ႕
ဟာ ကြာ ပတ္ဂ်ဳံေဆာင္းေမႊခ်က္ပဲ "

Continue Reading

You'll Also Like

1.3M 56.5K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.1M 36.1K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
3K 191 20
Kim Taerae 💘 Ricky Shen Kim Taerae ကိုယ်ရေးစပ်ပေးတဲ့ သံစဉ်တွေဟာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ လာခဲ့တာပါ ရစ်ခီ.... Ricky Shen ထယ်ရယ်က မောင့်အတွ...
45.7K 1.2K 23
What would you do if you found a baby on your doorstep? it seems boring at first, but it's fun.