Between The Hate [ Completed ]

By Jeon_Khun

38.3K 4.2K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

16

607 87 204
By Jeon_Khun

#zawgyi

ထယ္ေယာင္းလည္း ကိုကိုအလွေလးသတိရလာလို႔
ေယာင္းဝူက အိမ္ေသခ်ာပို႔ေပးတာနားေထာင္ၿပီးမွ
Barမွာအနည္းငယ္ေသာက္ၿပီး အိမ္ကိုျပန္လာခဲ့
သည္။သူ႔ကြန္ဒိုကိုေတာ့ မျပန္ျဖစ္လိုက္ဘူး။

အိမ္ကိုေရာက္ေတာ့ ထုံးစံအတိုင္းကားတစ္စီးက
ေရာက္​ေနတာမို႔ ဘယ္သူေရာက္ေနလဲဆိုတာသိလို႔
စုတ္တစ္ခ်က္သပ္ကာ သက္ျပင္းရွည္ခ်ရင္း
အထဲဝင္သြားသည္။

" သားေလး ေမေမ့ရွိလာပါဦး၊ေမေမ့သားေရာက္
ထည္းက သိပ္ေတာင္မေတြ႕ရေသးဘူးကြယ္ "

သူမျမင္ခ်င္ေယာင္ေဆာင္ကာ အေပၚသို႔တက္သြား
ဖို႔လုပ္ေတာ့ ေမေမကလွမ္းေခၚသည္။ေမေမစကား
ေၾကာင့္ ထယ္ေယာင္းလွည့္လာေတာ့ အေမေရာ
အေဒၚေရာ၊လီယမ္ပါ ထိတ္လန္႔သြားၾကသည္။

" ဟယ္...ေဒၚေလးရဲ႕ကေလးေလးမ်က္ႏွာက ဘာျဖစ္တာလဲ၊ဘယ္ေကာင္က လုပ္လိုက္တာလဲ၊
လက္ေမာင္းေရာ၊လက္ကေရာဘာျဖစ္တာလဲ "

ထယ္ေယာင္းအေဒၚက ထိုင္ေနရင္းမွထလာကာ
သူ႔တူေလးအနားလာရင္း မ်က္ႏွာႏွစ္ဖက္ကိုအုပ္
ကိုင္ကာ လက္ေမာင္းအျပင္၊လက္ေပၚကဒဏ္ရာ
ေတြကိုျမင္ၿပီး ေမးေနတာျဖစ္သည္။လီယမ္က
ထယ္ေယာင္းကို ခပ္ေအးေအးေငးၾကည့္ေန၏။

" ဘာမွမျဖစ္ဘူး ကြၽန္ေတာ္ဒီတိုင္းမေတာ္တဆ
ျဖစ္သြားတာ... "

ထယ္ေယာင္းက ဘာမွမျဖစ္ပါဘူးေျပာသည္ကို
အေမျဖစ္သူထက္ အေဒၚကကဲပိုေနရင္းမွ
သူ႔တူေလးကို ေျပာသည္။တူတစ္ေယာက္ထည္း
ရွိေတာ့ အားလုံးကသိပ္ခ်စ္တာ။မခ်စ္တာက
သူ႔ကိုကိုအလွေလးပဲ။

" မေတာ္တဆဟုတ္ရဲ႕လား၊ဘယ္ဘက္ပါးက
အေတာ့္ကိုေယာင္ေနတာ၊ငါ့ကေလးေလးရဲ႕
မ်က္ႏွာေခ်ာေခ်ာေလးကို ဘယ္ေကာင္က
လုပ္လိုက္ရတာလဲကြယ္... "

" ကြၽန္ေတာ္အခန္းထဲနားခ်င္ၿပီ "

ထယ္ေယာင္းက သူ႔အေဒၚလက္ေတြကိုလႊတ္ခ်ရင္း
ေျပာသည္။သည္ေတာ့ ကင္္မ္ထယ့္ေမေမက
သူ႔သားစိတ္ညစ္တာကိုမႀကိဳက္တာကိုသိေတာ့
စကားျဖတ္သည့္အေနျဖင့္ ထိုင္ေနရာမွထကာ
ေျပာလာ၏။

" သားမ်က္ႏွာကပ္ဖို႔ ေမေမကေရခဲနဲ႔သဘတ္ပါ
ယူလာေပးမယ္၊သားကအေပၚမွာနားၿပီး
ေစာင့္ေနေနာ္ "

အေမကေျပာလိုက္ေရာ ထယ္ေယာင္းကေခါင္း
ၿငိမ့္ရင္း အေပၚထပ္ကိုတက္သြားသည္။လီယမ္က
ထယ္ေယာင္းအေပၚတက္သြားသည့္ ေခါင္းတ
ေစာင္းေစာင္းျဖင့္လိုက္ၾကည့္ေနသည္။

လီယမ္ၾကည့္ေနသည္ကို ထယ္ေယာင္းရဲ႕အေဒၚက
သိသည္မို႔ လီယမ္ေဘးနားသြားထိုင္ကာစကား
စသည္။

" လီယမ္...ေဒၚေလးေျပာမယ္၊ခဏေနၾကသူ႔အေမ
မီးဖိုခန္းထဲကထြက္လာရင္ သားကေရခဲကပ္ဖို႔
ယူသြားမယ္ဆိုၿပီး သူ႔အေမရွိကယူသြားလိုက္ "

ေဒၚေလးစကားေၾကာင့္ လီယမ္ကမသိမသာခပ္
ေယးေယးၿပဳံးလိုက္သည္။ၿပီးေတာ့မွ မ်က္ႏွာငယ္
ေလးျပန္လုပ္ရင္း....

" ျဖစ္ပါ့မလား ေဒၚေလးရယ္၊လီယမ့္ကို အစ္ကိုထယ္ေယာင္းက ၾကည္တာမဟုတ္ဘူး "

" ကဲ...ေဒၚေလးက တူေလးနဲ႔လီယမ္ေလးကိုေတာ့
အဆင္ေျပေစခ်င္တာ၊လီယမ္ေလးက ႐ုပ္ေလးက
အစခ်စ္စရာေလး၊လွပါလွေတာ့ ေဒၚေလးကအခု
ထည္းက ကမ္းလွမ္းခ်င္သြားတာမို႔ "

ထယ္ေယာင္းရဲ႕အေဒၚစကားေၾကာင့္ လီယမ္က
ၿပဳံးမိပါသည္။သူ၏ပထမဆုံးျပစ္မွတ္ျဖစ္သည့္
ေဒၚေလးကေတာ့ သူ႔အနားကိုေရာက္လာၿပီမို႔
သူၿပံးေနရျခင္းျဖစ္သည္။

" ဟုတ္ကဲ့ ေဒၚေလး၊လီယမ္ခဏေန အေပၚတက္
သြားပါ့မယ္ဗ် "

" လီယမ္ေလးကို အားကိုးလိုက္ပါ့မယ္ "

လီယမ္စကားေၾကာင့္ အေဒၚကၿပဳံးရင္းေခါင္းေလးကို ခပ္ဖြဖြပြတ္ေပးေနသည္။သူမျဖစ္ေစခ်င္
တာက သားထယ္ေယာင္းေလးကိုသူမရဲ႕
သူငယ္ခ်င္းရဲ႕သားလီယမ္ေလးနဲ႔သာသေဘာတူ
သည္။

လီယမ္ေလးနဲက ခ်မ္းသာတာတူျခင္းမို႔သူမက
ကန္႔ကြက္ဖို႔ေတာ့မရွိဘူး။သားထယ္ေယာင္းသာ
တျဖည္းျဖည္းနဲ႔ႀကိဳက္သြားရင္ေတာ့ အဆင္ေျပ
ရင္ေကာင္းတာျဖစ္၏။

ခဏၾကာေတာ့ ထယ္ေယာင္းရဲ႕အေမက သူ႔သား
အတြက္ေရခဲနဲ႔သဘတ္အျဖဴေလးကိုထုပ္လို႔
ယူလာသည္ကို လီယမ္ကေတြ႕လို႔ခ်က္ခ်င္းထကာ
သူမေရွ႕ေလွ်ာက္လာသည္။

" အန္တီ လီယမ့္ကိုေပးလိုက္ပါ၊အစ္ကိုထယ္ရဲ႕
အခန္းထဲထိသြားၿပီး လီယမ္ကပ္ေပးပါ့မယ္ "

" အယ္... "

လီယမ္က သူ႔မအေရွ႕နားသို႔ေျပးလာရင္း သူမလက္ထဲက သားေလးအတြက္လုပ္ေပးထားသည့္
ေရခဲၾကပ္ဖုကိုလာေတာင္းေနသည္။သူမကအား
နာနာျဖင့္ ျငင္းဖို႔လုပ္ေတာ့ ဆိုဖာထက္အခန္႔သား
ထိုင္ေနသည့္ အစ္မကတားလာသည္။

" ညီမ...လီယမ္ေလးကို ေပးလိုက္ပါ၊သူက
ထယ္ေယာင္းေလးနဲ႔ ခင္ခ်င္ေနတာမို႔အစ္မက
အခြင့္အေရးေပးလိုက္တာ "

" လီယမ္ ယူသြားၿပီအန္တီ၊ေက်းဇူးပါ "

သူမတားခ်ိန္ေတာင္မရပါဘဲ လီယမ္ကသူမလက္
ထဲကလုယူသြားၿပီး အေပၚသို႔ေျပးတက္သြား၏။
သူမလည္း သူ႔မသားအေၾကာင္းသိတာမို႔ျဖစ္လာမဲ့
ျပႆနာအတြက္ ထိုင္ေစာင့္ေန႐ုံသာရွိေတာ့သည္။

" အစ္မရယ္ သားငယ္ေလးအေၾကာင္းသိရဲ႕သားနဲ႔
တစ္ဖက္ကသားေလး အဆင္မေျပေအာင္ဘာလို႔
လုပ္ရတာလဲ "

ထယ္ေယာင္းအေမက ဆိုဖာထက္ျပန္ထိုင္ရင္း
သူမေရွ႕က ဖုန္းၾကည့္ေနသည့္ယြန္းေဆာင္းက
ၿပဳံးလိုက္ရင္းေျဖသည္။

" အဆင္ေျပသြားပါလိမ့္မယ္၊လီယမ္ေလးက
တအားခ်စ္ေနတာကို၊လီယမ္ေလးနဲ႔သားေလးကို
လမ္းေဖာက္ဖို႔အတြက္ေတာ့ ဒယ္ဒီနဲ႔ငါ့ေမာင္ကို
ေျပာလိုက္မယ္ "

ကင္မ္ယြန္းေဆာင္းရဲ႕စကားေၾကာင့္ သူမသက္ျပင္း
ရွည္ခ်မိသည္။အေဖနဲ႔အစ္ကိုနဲ႔က သားေလးရဲ႕
သေဘာက်တဲ့သူကိုသိေနတာမို႔ သူမအေနနဲ႔
သားရဲ႕ေ႐ြးခ်ယ္မႈမွန္ကန္တာကိုသိသည္။

အခုကသူ႔မ၏ေယာင္းမျဖစ္တဲ့ယြန္းေဆာင္းက
သားငယ္ေလးကိုမတိုင္ပင္ပါဘဲ တဇြတ္ထိုးလုပ္
မည္ဆိုသည့္အခ်က္က အစ္ကိုနဲ႔တူေပမဲ့လည္း
အစ္ကိုနဲ႔သားကေအးတယ္လို႔ေတာင္ ေျပာရမည္။

" ဒါေပမဲ့ကြၽန္မသားေလးရဲ႕ ဆႏၵမပါဘဲအတင္း
မလုပ္ဖို႔ ေတာင္းဆိုပါတယ္၊မဟုတ္ရင္ေတာ့
သားငယ္အေၾကာင္းသိမယ္ထင္တယ္ "

သူမကထိုသို႔ေျပာၿပီးထသြားေတာ့ ဖုန္းၾကည့္ေနတဲ့
ယြန္းေဆာင္းက ထယ္ေယာင္းအေမကိုခပ္စူးစူး
ၾကည့္ေနေတာ့သည္။

- - - - -

လီယမ္အေပၚကိုေရာက္ေတာ့ ထယ္ေယာင္းအခန္း
ေရွ႕မွာရပ္ေနသည္။နက္ေစြးေနသည့္တံခါးကို
မေခါက္ေတာ့ဘဲ အခန္းထဲတန္းဝင္သြားသည္။

အခန္းထဲေရာက္ေတာ့ အစ္ကိုထယ္က​ကုတင္ထက္အေပၚပိုင္းအက်ႌမပါဘဲေမွာက္ရပ္အိပ္ေနသည္။သူၿပဳံးကာအခန္းထဲဝင္လာရင္း အခန္းထဲကမွန္
စားပြဲေပၚမွာ ေရခဲထုပ္ကိုခ်လိုက္ရင္း အစ္ကို႔ထယ္
ကုတင္ထိပ္က နံရံမွာပုံအႀကီးႀကီးတစ္ခုေတြ႕၏။
ထို႔အတူ ေျခရင္းဘက္ကTVရဲ႕နံရံမွာေတာင္
ပုံအႀကီးႀကီးတစ္ခုကေနရာရွိလ်က္။

သူစပ္စုသည္ျဖင့္ၾကည့္ေတာ့ ဟိုအတြင္းေရးမႉးရဲ႕
ပုံႏွစ္ပုံလုံးကို ေခါင္းရင္းကနံရံမွာေရာ၊ေျခရင္းက
TVအေနာက္မွာေရာ ထားထားသည္။သူစိတ္တို
သည္ျဖင့္ အသက္ရႈသံကက်ယ္သြားတာမို႔
ထယ္ေယာင္းကႏိုးလာသည္။

" မင္းကအခုေတာ့ ငါ့အခန္းထဲကိုခြင့္မေတာင္းဘဲ
ဝင္ေနၿပီပဲ၊အေတာ့္ကိုအတင့္ရဲေနတာလား... "

ထယ္ေယာင္းကေျပာေတာ့ လီယမ္ကဆိုဖာမွာ
ေတာင္ထိုင္လိုက္ရင္းျဖင့္ ျပန္ေျဖသည္။ခပ္တည္
တည္ပင္ထိုင္ေနပုံက ထ႐ိုက္ခ်င္စရာျဖစ္၏။

" ဟုတ္တယ္၊လီယမ္က ခြင့္ေတာင္းစရာမွမလိုဘဲ၊
ၿပီးေတာ့ဒီကိုလာတာက အစ္ကိုထယ္ရဲ႕မ်က္ႏွာကို
ေရခဲကပ္ေပးမလို႔ "

လီယမ္ကခပ္ေအးေအးပင္ေျပာလိုက္သည္။
ထယ္ေယာင္းမွာေမွာက္ရပ္အိပ္ေနရမွထထိုင္ကာ
အသင့္ရွိေနသည့္Bathrobeကိုဝတ္လိုက္ၿပီးႀကိဳး
ခ်ည္ေနရင္း လီယမ္ကိုစကားဆိုသည္။

" ဒီအခန္းထဲမွာပိုင္ရွင္ရွိတယ္ဆိုတာျမင္ၿပီမလား၊
ပိုင္ရွင္ကလွေတာ့ သိပ္ၾကည့္ခ်င္ေနပုံပဲ "

ထယ္ေယာင္းအခန္းထဲမွာရွိေနသည့္ကူးေလး၏
ပုံေတြကိုလီယမ္ၾကည့္ေနတာသိလို႔ ခပ္႐ြဲ႕႐ြဲ႕ေျပာ
ေတာ့ လီယမ္မ်က္ႏွာပ်က္သြားသည္။ဒါကို
ထယ္ေယာင္းက သတိထားမိသျဖင့္ကုတင္ေပၚ
ျပန္ထိုင္ရင္း လီယမ္ဘက္ကိုၾကည့္ကာ....

" ရွင္းရွင္းေလးေျပာလိုက္မယ္၊ကင္မ္ထယ္ေယာင္းဆိုတဲ့ငါက ကိုကိုအလွေလးကလြဲလို႔ ဘယ္သူ႔ကိုမွ
စိတ္မဝင္စားဘူး၊ဒါေၾကာင့္မို႔ ႀကိဳးစားမေနနဲ႔ "

" လီယမ္ကို ေပါ့ေသးေသးထင္လိုက္တာပဲ၊
လီယမ္ကလည္း တစ္ခါသေဘာက်ၿပီးသြားရင္
တစ္သက္လုံးသိမ္းထားခ်င္သလို လိုခ်င္ေနတာ၊
အစ္ကိုထယ္လိုေပါ့ မရတဲ့သူကိုမွတမ္းတမ္းစြဲ
ေန---အင့္... "

" မင္းစကားၾကည့္ေျပာစမ္း! "

ထယ္ေယာင္းက လီယမ္အနားကိုေရာက္လာၿပီး
လီယမ့္အက်ႌေကာ္လန္ကိုစကိုဆြဲေတာ့ လီယမ္
ေတာင္ထယ္ေယာင္းဆြဲရာအထိ ပါလာသည္။
ဒါေတာင္လီယမ္က ၿပဳံးေနေသးတာ။

" လီယမ္ေျပာတာအမွားမပါပါဘူး၊အစ္ကိုထယ္က
မရႏိုင္တာႀကီးကို လွမ္းလြန္းေနတာေလ၊သိတဲ့အ
တိုင္း သူ႔ခ်စ္သူကလည္း႐ုပ္ေခ်ာလြန္းတာပဲကို၊
အစ္ကိုထယ္ကသာ စုံလုံးကန္းေနတာ "

လီယမ္ကဇြဲမေလွ်ာ့ပါဘဲ ထယ္ေယာင္းရဲ႕မ်က္ဝန္း
ေတြကိုတည့္တည္ေမာ့ၾကည့္လို႔ ၿပဳံးလိုက္ကာ
ေျပာသည္။

" ဟက္...မင္းကေတာ့အႀကီးႀကီးမွားေနတာပဲ၊
ကိုကိုအလွေလးက ငါ့ကိုခ်စ္ေနၿပီဆိုတာမင္းမ
သိေသးတာပဲ၊ငါသူနဲ႔အႀကိမ္ႀကိမ္နမ္းတာေတာင္
သူ႔ဘက္ကလက္ခံေနတာ၊အတူသာေနလိုက္လို႔
လက္ထပ္သြားၾကရင္ ငါတို႔လက္ထပ္ပြဲအထိ
လာမငိုေနနဲ႔!သြားေတာ့ မင္းအနံ႔ေတြက
ငါ့ကိုကိုအလွေလးေလာက္ ေမႊးမေနဘူး "

ထယ္ေယာင္းလည္း လီယမ္ေကာ္လန္စကိုဆြဲထား
တဲ့လက္ေတြကိုျဖဳတ္ခ်လိုက္ၿပီး ေရခ်ိဳးခန္းထဲ
ဝင္သြားေတာ့သည္။သည္ေတာ့မွ လီယမ္လည္း
ထယ္ေယာင္းအခန္းထဲက လွလွပပၿပဳံးေနသည့္
ကူးေလးရဲ႕ပုံကိုၾကည့္ကာ....

" မင္းကိုအစ္ကိုထယ္ စိတ္ပ်က္သြားေစရမယ္!
ဂြၽန္ေဂ်ာင္ဂု!မင္းကငါ့လမ္းကိုပိတ္ေနတာ! "

လီယမ္ကပုံကိုၾကည့္ရင္းေျပာကာ အျပင္ျပန္ထြက္
သြားေတာ့သည္။ထိုအတူေရခ်ိဳးေနသည့္ထယ္
ေယာင္းမွာလည္း သူ႔ကိုကိုအလွေလးအေၾကာင္း
ေတြးရင္းရွိေနသည္။

ကိုကိုအလွေလးနဲ႔ေဝးေဝးမွာေနဖို႔ကတိေပးေပမဲ့
တကယ္တမ္းၾက သူတကယ္မႏိုင္တာ။ခ်စ္လြန္းလို႔
အနီးနားမွာထားခ်င္တာကို ကိုကိုအလွေလးကမေန
ခ်င္ဘူးတဲ့။

" ေမာင္ကခ်စ္တာမို႔ ေမာင္ႀကိဳးစားမွာပါ "

သို႔ေပမဲ့သူယုံၾကည္တာက ကိုကိုအလွေလးက
သူ႔ကိုျပန္ခ်စ္မည္ဆိုတာကို။အခုေတာ့တစ္ပတ္
ႀကီးမ်ားေတာင္ ၾကာၾကာခြဲရဦးမည္ျဖစ္သည္။

- - - - -

တစ္ဖက္ကကူးေလးမွာေတာ့ ထယ္ေယာင္းနဲ႔
မပတ္သက္ခ်င္တဲ့အတြက္ ကုမၸဏီကိုေတာင္
မသြားခဲ့တာျဖစ္သည္။အလုပ္ေတြကိုေတာ့
သူတစ္ဝက္တစ္ျပတ္နဲ႔အလုပ္လုပ္ခဲ့ေပမဲ့လည္း
က်န္တာကို ေယာင္းဝူကစီစဥ္မည္လို႔ထင္သည္။

အဲ့ဒါထက္သူေတြးမိတာက ဂယူ႔ကိုသာပိုေတြးမိ
သည္။ေမေမ့ကိုလည္း ဂယူနဲ႔ကူးဆက္ဆံေရးအ
ေၾကာင္းေျပာမိေတာ့ ကူးမ်က္ရည္ေတြမထိန္းႏိုင္
တာမို႔ ငိုမိပါေတာ့သည္။ေမေမကလည္း 'သားတို႔
ႏွစ္ေယာက္ဖူးစာမပါလို႔'ဆိုတာကိုသာေျပာသည္။
ေမေမ့ကိုေတာ့ ကူးအလုပ္ထြက္လိုက္တဲ့ကိစၥကို
ေျပာမေနေတာ့ဘူး။အေရးမႀကီးတာမို႔။

အခုဆိုကူးေနလာတာ တစ္ပတ္ေက်ာ္ၿပီျဖစ္သည္။
ဂယူ႔ဖုန္းကိုလည္းေမွ်ာ္ေနေပမဲ့ ေရာက္မလာခဲ့ဘူး။
ထို႔အတူထယ္ေယာင္းကလည္း သူ႔ကိုေတာင္လာ
မၾကည့္တာမို႔ သူ႔ကတိအတိုင္းေနသည္ဟုထင္
လိုက္သည္။

" ဒီမွာ...ေငြေခ်မယ္... "

" ဟုတ္ကဲ့...ဒီမွာတင္ေပးပါေနာ္ "

ကူးေလးေတြးေနရင္းမွ ဝယ္သူတစ္ေယာက္က
ပစၥည္းဝယ္ၿပီးေငြေခ်ရန္ အနားကိုေရာက္လာ၏။
ကူးလည္း ႐ုတ္တရပ္မို႔လန္သြားေပမဲ့ေငြရွင္းမွာမို႔
ပစၥည္းေတြအားလုံးကိုေသခ်ာစစ္ေပးေနသည္။

" ဝယ္ယူအားေပးမႈအတြက္ ေက်းဇူးတင္ပါတယ္ "

ကူးေလးက အလုပ္ကိုသိပ္ရွာမေနေတာ့ဘဲ သားအမိႏွစ္ေယာက္ထည္းမို႔ ရတာေလးအဆင္
ေျပေအာင္ပင္ေနသည္။၂၄နာရီဆိုင္မွာအခ်ိန္ပိုင္းဝင္လုပ္ေနရတာမို႔ ေနာက္ထပ္အလုပ္ေတြလည္း
ရွိေနေသးသည္။ေနာက္တစ္ခုကေတာ့ ေကာ္ဖီ
ဆိုင္မွာမို႔အဆင္ေျပတာကေတာ္ေသးသည္။
သည္အလုပ္က အစ္ကိုတစ္ေယာက္ကေက်းဇူး
တင္ၿပီးကူးကို ဝန္ထမ္းအျဖစ္အလုပ္ခန္႔ၿပီမို႔
အဆင္ေျပသြား၏။

" အစ္ကို ဒါေလးတြက္ရွင္းေပးပါဦး "

ေက်ာင္းသားေလးတစ္ေယာက္က ေခါက္ဆြဲဗူး၊
ေပါင္မုန္႔၊ႏြားႏို႔၊ျပဳတ္ၿပီးသားၾကက္ဥကိုတင္ကာ
သူကစစ္ေပးသည္။ၿပီးေနာက္ ေက်ာင္းသားေလး
အားေမးရေသးသည္။

" ေခါက္ဆြဲကဒီမွာစားမွာလား အငယ္ေလး "

ကူးကေခါက္ဆြဲဗူးကိုင္ကာေမးေတာ့ ေက်ာင္းသား
ေလးကခဏေလာက္စဥ္းစားၿပီးမွျပန္ေျဖသည္။

" ဟုတ္ကဲ့ က်ဴရွင္သြားရမွာမို႔ ဒီမွာေလာက္ပဲ
စားသြားမယ္ေနာ္ အစ္ကို... "

ကူးေခါင္းၿငိမ့္ျပလိုက္ရင္း ေခါက္ဆြဲဗူးကိုျပဳတ္
ေပးဖို႔သူကိုယ္တိုင္ပင္ ေဖာက္ေပးေနသည္။
ၿပီးေနာက္ ပူပူေႏြးေႏြးေရေႏြးေတြကိုေခါက္
ဆြဲဗူးထဲထည့္ရင္း အစပ္ထုပ္ေတြကိုေဖာက္ေပးဖို႔
ကတ္ေၾကးကိုယူေတာ့ ဟိုတစ္ေလာကကူးေလး
ကင္မ္ထယ္ေယာင္းကို ကတ္ေၾကးျဖင့္ထိုးမိတာကို
သတိရမိသြားကာ စိတ္မေကာင္းျဖစ္ေနသည္။

ေက်ာင္းသားေလးကေတာ့ အံ့ဩလြန္းလို႔ပင္
လြယ္အိတ္ကိုေဘးတစ္ေစာင္းလြယ္ရင္းျဖင့္
ေကာင္တာခုံကိုေမးေလးေထာက္ၿပီး ကူးကို
ၾကည့္ေနသည္။

" အစ္ကိုကအရမ္းေခ်ာလိုက္တာ၊ဆံပင္ရွည္ရွည္
ေလးေတြနဲ႔လွလည္းလွတယ္၊ပိုင္ရွင္ရွိလား...
မရွိရင္ ကြၽန္ေတာ္နဲ႔တြဲၾကမလား "

ကူးေရေႏြးထည့္ေပးကာ အုပ္ေပးေနရင္းမွ ေက်ာင္းသားေလးရဲ႕စကားေၾကာင့္ ရယ္လိုက္၏။
ထိုေက်ာင္းသားေလးကေတာ့ ကူးကိုဘဲထပ္ၾကည့္
ေနသည္။ေက်ာင္းသားေလးက ငယ္သာငယ္တာ
အခ်စ္႐ူးေလးပင္ဟု ေကာက္ခ်က္ခ်မိသည္။

" မင္းအသက္ဘယ္ေလာက္လဲ ေကာင္ေလး "

" ၁၇ႏွစ္ေလ၊မၾကာခင္ဆို ၁၈ျပည့္ေတာ့မယ္...
ကြၽန္ေတာ္ကငယ္ေသးေပမဲ့ အရမ္းခ်စ္တက္တာ
ပါေနာ္ဗ်... "

ကူးကေမးေတာ့ ေက်ာင္းသားေလးကသူ႔အသက္
ကိုေတာင္အတိအက်ေျဖေပးသည္။ထိုေက်ာင္း
သားေလးရဲ႕အေျဖေၾကာင့္ ကူးေလးကတစ္စုံ
တစ္ေယာက္ကိုေတာင္ ေတြးမိသြားေသးသည္။

သူဆိုလည္းအၿမဲတမ္းကူးကို ခ်စ္ေၾကာင္းေတြေျပာေနၾကျဖစ္သည္။'ေမာင္ကငယ္ေသးေပမဲ့
ကိုကို႔ကိုသိပ္ခ်စ္တာဗ်၊ခ်စ္သူရွိလည္းေမာင့္ကို
စဥ္းစားေပးပါ'ဆိုသည့္စကားသံကိုအၿမဲတမ္း
ၾကားေနရသည္။

" အစ္ကို႔အသက္ကေရာ ဘယ္ေလာက္လဲ၊မဟုတ္မွ
ကြၽန္ေတာ္တို႔လို ေက်ာင္းသားပဲလား... "

" အစ္ကိုကအသက္၂၆ႏွစ္၊ခ်စ္သူေတာင္ရွိေသး
တယ္၊ခ်စ္သူကလည္း အသက္အတူတူပါပဲ "

ကူးကေျပာလိုက္ေရာ ေကာင္ေလးရဲ႕မ်က္ႏွာဟာ
ခ်က္ခ်င္းကိုမဲ့႐ြဲ႕က်သြားသည္။ေကာင္ေလးက
သူ႔ခ်စ္သူရွိတာကို သိပ္သေဘာမက်သလိုပဲ။
အ႐ြယ္ငယ္ေတာ့ ခ်စ္စရာေတာ့ေကာင္းသား။

" ေရာ့...ဒီေန႔မင္းက အစ္ကို႔ကိုေပ်ာ္ေအာင္လုပ္ေပး
လို႔ မင္းအတြက္မုန္႔ဖိုးကိုေလွ်ာ့ေပးလိုက္တယ္၊
ေကာင္းေကာင္းစားၿပီး စာလုပ္ေနာ္... "

ကူးေလးကေခါက္ဆြဲဗူးေလးကမ္းေပးကာ
ေကာင္ေလးရဲ႕ေခါင္းကို ခပ္ဖြဖြပုတ္ေပးသည္။
ေကာင္ေလးႏႈတ္ခမ္းခြၽန္ရင္းျဖင့္...

" အစ္ကို႔ေကာင္ေလးနဲ႔ျပတ္သြားရင္ေျပာေနာ္၊
ကြၽန္ေတာ္ရွိေနတယ္၊အစ္ကိုဝမ္းမနည္းေနနဲ႔ "

ေကာင္ေလးကသူေပးသည့္ မုန္႔ေတြထည့္ထားတဲ့
အိတ္နဲအတူေခါက္ဆြဲဗူးကိုယူကာ ဆိုင္ထဲရွိစားပြဲ
မွာသြားထိုင္ကာစားေနေတာ့သည္။ကူးကေတာ့
ေကာင္ေလးကိုၾကည့္ရင္း ရယ္လိုက္သည္။
အခုေခတ္ကေလးေတြက တကယ္မလြယ္ဘူး။

တစ္ဖက္ကထယ္ေယာင္းမွာလည္း ကိုကိုအလွေလးနဲ႔မေတြ႕ရေတာ့ ကုမၸဏီကစာရင္းေတြကိုသာ
ဖိလုပ္ေနရင္းဖုန္းကအသံျမည္လာသည္။


ကိုကိုအလွေလးကို လိုက္ၾကည့္ဖို႔အတြက္
သူလႊတ္ထားသည့္ တပည့္ထဲကတစ္ေယာက္က
လွမ္းပို႔သည္ကိုၾကည့္ေတာ့ စာကအစေရးထား
သည္က ' အခ်ိန္ပိုင္းအလုပ္မွာေက်ာင္းသားေလး
တစ္ေယာက္က တြဲမယ္ေျပာေနတာ'တဲ့ဆိုသည့္
စာေၾကာင္းနဲ႔ပုံေၾကာင့္ ထယ္ေယာင္းက
သက္ျပင္းရွည္ႀကီးခ်မိသည္။

" ေတာက္!ေသာက္ကေလး!ၾကည့္ေတာ့ျဖင့္
လက္ေတာက္ေလာက္ေလးရွိေသးတယ္၊ဖြန္က
လာေၾကာင္ေနတယ္၊မျဖစ္ေတာ့ဘူး၊ဒီညေတာ့
ကိုကိုအလွေလးနဲ႔သြားေတာ့ရေတာ့မယ္ "

ထယ္ေယာင္းက သူ႔ကိုကိုအလွေလးနဲ႔မေတြ႕တာ
တစ္ပတ္ေက်ာ္ေက်ာ္ရွိသြားၿပီျဖစ္သည္။ကိုကို႔ကို
ကတိေပးထားသည့္အတိုင္း သြားမေတြေပမဲ့
ကိုကိုအလွေလးဘာလုပ္လုပ္ ေစာင့္ၾကည့္ေနတာ
ျဖစ္သည္။

မင္ဂယူဆိုတဲ့လူကေတာ့ ကိုကိုအလွေလးကို
သြားေတာင္မၾကည့္ဘဲ သူဘာသာအလုပ္ေတြသာ
ဖိလုပ္ေနတာတဲ့။ေနႏိုင္လိုက္တာဒီလူက။သူက
ကိုကိုအလွေလးကိုကတိအတိုင္း ဘယ္ေတာ့မွ
လက္မလႊတ္တာမို႔ ကိုကိုအလွေလးစိတ္ဆိုးေျပ
ေလာက္ၿပီလို႔သြားေခ်ာ့မည္။

" ဆရာ...အေရးႀကီးကိစၥပါလာပါတယ္ "

ထယ္ေယာင္းေတြးေနရင္း ေယာင္းဝူကအခန္းထဲ
အေျပးဝင္လာကာ လက္ထဲစာရင္းေတြကိုခ်ရင္း
သူ႔ဆရာခုံနားကိုအေျပးေရာက္လာသည္။

" ဘာကိစၥလဲ၊ငါအလုပ္ေတြမအားေနတာမင္း
သိေနရဲ႕သားနဲ႔ကြာ... "

ထယ္ေယာင္းက သူ႔ေ႐ႊေရာင္ဆံပင္တို႔ကိုသပ္တင္
ရင္းမွေျပာလာသည္။ေယာင္းဝူကေတာ့စာရင္းထက္ ဧည့္ေတြ႕စားပြဲေပၚကMac Bookကိုယူကာ
Emailကိုဖြင့္ျပသည္။

" ဆရာ့အပိုင္က အရမ္းေတာ္တာပဲဆရာရယ္၊
တကယ္...သူလုပ္ထားတဲ့Projectကေအာင္ျမင္ဖို႔
နီးကပ္ေနၿပီမို႔ ျပင္သစ္ကဒီဇိုင္နာကအလုပ္တြဲလုပ္
ဖို႔အတြက္ ဆရာ့အပိုင္နဲ႔စကားေျပာခ်င္လို႔တဲ့ "

ထယ္ေယာင္း အံ့ဩသြားသည္မို႔ေယာင္းဝူျပတဲ့
Emailကိုယူၾကည့္လိုက္သည္။တကယ္ပဲ။
ျပင္သစ္ကဒီဇိုင္နာက သူတို႔ကုမၸဏီမွာအလုပ္လုပ္
ဖို႔လာခဲ့မည္တဲ့။ျပင္သစ္ဒီဇိုင္နာမေတြ႕ခ်င္တာက
ကူးေလးကိုမို႔ ထယ္ေယာင္းညဘက္သြားဖို႔တြက္
အေၾကာင္းျပခ်က္လုံေလာက္စြာရသြားပါသည္။

" ကိုကိုအလွေလးကို ငါ့အနားျပန္ေခၚဖို႔အတြက္
နည္းလမ္းရွိေနၿပီပဲ၊ေယာင္းဝူ ငါ့ကိုဒီေန႔ႏွင္းဆီျဖဴ
ပန္းစည္းႀကီးႀကီးကြာဝယ္ေပးထားစမ္း၊ညေန
ငါျပန္ရင္ယူသြားမို႔ "

" ျပင္သစ္ကဒီဇိုင္နာအတြက္လား... "

ထယ္ေယာင္းရဲ႕အေျပာကို ေယာင္းဝူျပန္ေမး
ေတာ့ ထယ္ေယာင္းရဲ႕မ်က္ဝန္းစူးစူးေတြက
ေယာင္းဝူထံသို႔ေရာက္လာသည္။သူေျပာတာ
ဘာမ်ားမွားလို႔ပါလိမ့္။

" ေဟ့ေကာင္!ငါပန္းစည္းေပးမွာေတာ့ ငါ့ကိုကိုအလွေလးအတြက္ေပါ့၊သူ႔ကိုသြားေတြ႕တဲ့ေန႔မွ
မင္းဝယ္ထားေပးလိုက္ "

ထယ္ေယာင္းက ေအာ္လိုက္ေတာမွသာအေၾကာင္း
အရင္းကိုသိၿပီး ေယာင္းဝူကရယ္ႀကဲႀကဲလုပ္ကာ
ေျဖသည္။

" ဟုတ္ကဲ့ဆရာ..ခဏေန႐ုံးဆင္းရမွာဆိုေတာ့
ကြၽန္ေတာ္ဝယ္ထားႏွင့္လိုက္မယ္ေနာ္ "

ေယာင္းဝူကေျဖၿပီး စာရင္းေတြသူ႔ဆရာနားခ်ကာ
ျပန္ထြက္သြားေတာ့သည္။တေအာင့္ေနရင္ သူျပန္
ရင္း ကိုကိုအလွေလးရွိသြားဖို႔အတြက္ အခြင့္ေရး
ရွိေနၿပီမို႔ ထယ္ေယာင္းေပ်ာ္ေနတာျဖစ္သည္။

- - - - -

ညေန၇နာရီေရာက္ေတာ့ ကူးေလးေကာ္ဖီဆိုင္မွ
လူလႊဲတာမို႔ အနားယူရန္အိမ္ကိုျပန္လာခဲ့သည္။
အရင္ကဆို ကူး႐ုံးအလုပ္ဆင္းၿပီးဆိုတာနဲ႔ဂယူနဲ႔
ျပန္လာရေပမဲ့ အခုေတာ့တစ္ေယာက္ထည္းသာ။
ဂယူမရွိဘဲေနရေပမဲ့လည္း အဆင္ေျပေအာင္လို႔
ေနျဖစ္ပါသည္။ကိုယ့္အတြက္မဟုတ္ရင္ေတာင္
ေမေမ့အတြက္ေတာ့ ရေအာင္ေနျဖစ္ပါသည္။

အခုေတာ့လည္း ေမေမကအလုပ္ထြက္တာကို
မသိေသးတာမို႔ ေကာ္ဖီဆိုင္မွာအဝတ္လဲကာ
အိမ္ျပန္လာရသည္။ေမေမသာသိရင္တအား
ဝမ္းနည္းမွာ။ေမေမက ကူးကိုတအားခ်စ္တာမို႔
ကူးပင္ပန္းတဲ့အလုပ္ေတြရွိရင္ေတာင္ ေမေမက
သိပ္လုပ္ေစခ်င္တာမဟုတ္ဘူး။ကုမၸဏီအလုပ္က
ဂယူပါလို႔ေတာင္ အတူေပးလုပ္တာျဖစ္သည္။

ကူးေလးအိမ္ေရွ႕ကိုေရာက္ေတာ့ အိမ္ထဲဝင္ဖို႔ရွိ
ေသးသည္။အိမ္အနားမွာကားအနက္ရွိေနတာမို႔
ဘယ္သူ႔ကားအနက္လဲဆိုတာ ကူးေလးအတပ္သိ
လိုက္ပါသည္။ဒီကားကကင္မ္ထယ္ေယာင္းရဲ႕
ကားဆိုတာကိုကူးသိသည္။

" ကိုကိုအလွေလး... "

ကူးေရာက္လာတာကိုသိလို႔ထင္သည္။ကားထဲမွ
အျမန္ထြက္လာတဲ့ ကင္မ္ထယ္ေယာင္း။လက္ထဲ
မွာလည္းပန္းစည္းႀကီးနဲ႔ပင္။ကူးေလးကမေတြ႕ဖို႔
ေျပာထားတာေတာင္မွ ကင္မ္ထယ္ေယာင္းက
သူ႔ကတိကိုဖ်က္ကာ လာေတြ႕ေလသည္။

" ဘာကိစၥလဲ!မင္းကိုငါလာမေတြ႕ဖို႔ေျပာထားတယ္
မလား၊ဘာေၾကာင့္လာေတြ႕ေနတာလဲ... "

" ေမာင္သိပါတယ္၊အခုကလည္း ေမာင့္အတြက္
အေရးႀကီးလြန္းတဲ့ကိစၥမို႔ လာခြင့္ေတာင္းတာပါ "

ထယ္ေယာင္းက ကူးေလးကိုငုံ႔ၾကည့္ရင္းျဖင့္
ေျပာလိုက္သည္။ကူးလည္း ထယ္ေယာင္းကို
ၾကာၾကာမၾကည့္ရဲေပ။ႏိုင္ငံျခားသားလို႔ေတာင္
အျမင္မွားရသည့္ ကင္မ္ထယ္ေယာင္းက
ဆံပင္ေ႐ႊေရာင္နဲ႔ညအလင္းေရာင္ေအာက္မွာ
ေတာက္ပေနတာ။အေတာ့္ကိုေခ်ာတာမို႔
ကင္မ္ထယ္ေယာင္း႐ုပ္ကို ၾကာၾကာမၾကည့္ရဲဘူး။

" ေမာင့္ကိုၾကည့္ပါဦးဗ်ာ ဒီ႐ုပ္လွလွေလးကို
ေမာင္မျမင္ရတာ တအားၾကာေနၿပီဗ်ာ "

" ငါ့ကို...လႊတ္ဆို! "

ထယ္ေယာင္းက ကူးေလးရဲ႕မ်က္ႏွာေလးကိုျမင္
ခ်င္လို႔ေမးဖ်ားမွတစ္ဆင့္ဆြဲကိုင္ကာ ၾကည့္ဖို႔
လုပ္ေတာ့ ကိုကိုအလွေလးက႐ုန္းထြက္သည္။
ထယ္ေယာင္းကေတာ့ မရရေအာင္ကိုပင္
ကူးေလးရဲ႕ငုံ႔ေနသည့္မ်က္ႏွာ့ကိုသူပါခါးကိုင္းရင္း
ငုံ႔ၾကည့္သည္။ၿပီးေနာက္ ႏႈတ္ခမ္းပါးကိုခပ္ဖြဖြ
နမ္းလိုက္ရင္း.....

" တအားခ်စ္ဖို႔ေကာင္းတာပဲ...မေတြ႕ရတာၾကာလို႔
ခင္ဗ်ားေလး ေမာင့္မ်က္လုံးထဲအေတာ္လွတာ၊
ေနာင္ဆို ေမာင္ကကိုကိုအလွေလးကိုလွလွေလး
ျဖစ္ေအာင္ကိုထားထားမွာ... "

ထယ္ေယာင္းရဲ႕စကားေၾကာင့္ ကူးေလးရဲ႕မ်က္
ႏွာအေရာင္ဟာ ပန္းေရာင္သန္းသြားၿပီးပါးေဖာင္း
ေလးေတြဟာလည္း ရဲတက္လာၿပီျဖစ္သည္။
ထယ္ေယာင္းအသည္းယားလြန္းလို႔ ပါးေဖာင္း
ေလးကိုငုံထားမိခ်င္ပါသည္။

" အခုကဘာကိစၥလဲ...ငါ့ကိုအျမန္ေျပာ...
ပတ္ဝန္းက်င္ကေတြ႕သြားရင္မေကာင္းဘူး "

ကူးကရွက္ရမ္းရမ္းကာ ေဘးလြယ္အိတ္ႀကိဳးကို
ခပ္တင္းတင္းဆုပ္ကိုင္ရင္း ကင္မ္ထယ္ေယာင္းရဲ႕
လက္ဖဝါးကိုၾကည့္မိေတာ့ အမာ႐ြတ္တစ္ခုကို
ေတြ႕မိလိုက္သည္။ထို႔အတူထယ္ေယာင္းဝတ္ထား
တဲ့ရွပ္အနက္က ၾကယ္သီးသုံးလုံးေလာက္ျဖဳတ္
ထားတာမို႔ ထယ္ေယာင္းရဲ႕ရင္အုပ္ကိုအတိုင္းသား
ျမင္ေနရသည္။ကူးကေတာ့မၾကည့္ခ်င္လို႔ေရွာင္သည္။

" ကိုကိုအလွေလးတာဝန္ယူဖူးတဲ့ ဒီဇိုင္နာအတြက္
ကိစၥေလ၊အဲ့ဒါကအဆင္ေျပသြားတယ္တဲ့... "

" တကယ္အဆင္ေျပသြားတာလား၊ေတာ္ေသး
တယ္၊အဲ့ဒီဇိုင္နာကအရမ္းေခၚရခက္တယ္ "

ကူးေလးက သူ႔အတြက္နဲ႔အလုပ္အဆင္ေျပသြားၿပီ
ဆိုတာေၾကာင့္ေပ်ာ္သြားကာ ၿပဳံးေနေတာ့ထယ္
ေယာင္းလည္း လိုက္ၿပဳံးမိသည္။ကိုကိုအလွေလး
ဒီလိုၿပဳံးလိုက္ေတာ့လည္း သူလည္းေပ်ာ္သည္။

" ဒါေပမဲ့ ဒီဇိုင္နာကေမာင္တို႔ကိုစကားလာေျပာ
ေနတယ္၊ကိုကိုအလွေလးနဲ႔ျပန္ေတြ႕ၿပီးစကား
ေျပာခ်င္တယ္တဲ့၊ဒီမွာၾကည့္ ေမာင္မလိမ္ဘူး "

ထယ္ေယာင္းက သူ႔ဖုန္းထဲမွemailကိုျပေတာ့
ျပင္သစ္ဒီဇိုင္နာက ကူးနဲ႔ထပ္စကားေျပာခ်င္သည္
လို႔စာထပ္ပို႔ထားျခင္းျဖစ္သည္။ကူးလည္း ထပ္
မပတ္သက္ခ်င္ဘူးလို႔ေတြးထားၿပီးမွ ထပ္ေပၚလာ
ေတာ့လည္း ကူးသက္ျပင္းရွည္ခ်မိသည္။

ထယ္ေယာင္းကေတာ့ သူ႔ကိုကိုအလွေလးက
သက္ျပင္းေတြခ်ေနတာကိုျမင္ေရာ ထယ္ေယာင္း ဒူးေထာက္ထိုင္ခ်ကာ ပန္းစည္းကိုင္ရင္းျဖင့္
ကိုကိုအလွေလးေရွ႕ကမ္းေပးသည္။

" ေမာင္ေတာင္းပန္ပါတယ္ ကိုကိုအလွေလး၊
ေမာင္ကေလ အမ်ားႀကီးဆိုးသြမ္းခဲ့ေပမဲ့လည္း
ကိုကိုအလွေလးစကားအတိုင္း ေမာင္လာမေတြ႕
ခဲ့ပါဘူး၊ဒါေပမဲ့ ေမာင္တအားလြမ္းေတာ့ခဏ
ေလာက္မ်က္ႏွာလာလာၾကည့္မိပါတယ္... "

" ထပါဆို!မင္းဘာလုပ္ေနတာလဲ!သူမ်ားျမင္ရင္
မေကာင္းဘူးေနာ္ ကင္မ္ထယ္ေယာင္း "

ထယ္ေယာင္းကဒူးေထာက္ကာ ကူးေလးကိုေတာင္းပန္ေနသည္။ကူးေလးကေတာ့
ထယ္ေယာင္းရဲ႕အျပဳအမူေတြကိုၾကည့္ကာျဖင့္
ရွက္လို႔ထခိုင္းေလသည္။သို႔ေပမဲ့ထယ္ေယာင္းက
ဆက္မထေတာ့ဘဲ ပန္းစည္းကိုပိုကမ္းေပးရင္း...

" ေမာင့္ကိုသနားေနတဲ့အေနနဲ႔ေလ ဒီပန္းစည္းေလး
ကိုလက္ခံေပးၿပီး ေမာင္တို႔အလုပ္မွာျပန္အလုပ္ဝင္
ဖို႔အတြက္ လက္ခံေပးပါ.... "

" ငါအလုပ္အတြက္ပဲ ခဏပဲလုပ္ေပးမွာ၊ၿပီးရင္
အလုပ္ကေနျပန္ထြက္မွာ! "

ကူးေလးကထိုသို႔ေျပာလိုက္ေပမဲ့ ထယ္ေယာင္းက
ကိုကိုအလွေလးလက္ခံေနၿပီဆိုထည္းကျဖင့္
ဒူးေထာက္ရင္းမွ ၿပဳံးေနေတာ့သည္။

" ရတယ္...ဒီပန္းစည္းေလးပါလက္ခံေပးပါဗ်ာ၊
ေမာင္ကကမ္းေပးေနရတာ လက္ေညာင္းလာၿပီ! "

" မယူဘူး!ငါကမိန္းကေလးမဟုတ္!အင့္ ! "

ကူးကစကားေျဖေနတုန္းရွိေသး ထယ္ေယာင္းက
ထရပ္လိုက္ရင္း ကူးလက္ထဲပန္းစည္းထည့္ေပးရင္း ပါးကိုနမ္းသြားကာကားထဲသို႔အျမန္ေျပးဝင္
သြားေတာ့သည္။ကူးကေတာ့ ထယ္ေယာင္းထည့္
ေပးသြားတဲ့ပန္းစည္းကိုပိုက္ကာ အံ့ဩေန၏။

သူအနမ္းခံလိုက္ရျပန္တာလား။ဂယူနဲ႔လမ္းခြဲ
လိုက္ရတာေတာင္ ထယ္ေယာင္းရဲ႕အျပဳအမူက
အခုထိရဲတင္းေနတုန္းျဖစ္သည္။

" ေမာင္သြားၿပီး၊သန္ဘက္ခါေမာင္လာေခၚမွာမို႔
အိမ္ကေနျပင္ဆင္ထားလိုက္ ခ်စ္တယ္... "

ကားေမာင္းမထြက္သြားခင္ ကားမွန္ကိုခ်ကာ
ကူးဘက္သို႔ စကားလွည့္ေျပာလာသည္။ကူးက
ထယ္ေယာင္းကိုၾကည့္ရင္း စကားျပန္မေျပာဘဲ
အိမ္ထဲသာေျပးဝင္သြားသည္။သည္ေတာ့မွ
ထယ္ေယာင္းလည္းၿပဳံးရင္း...

" ေတာက္!အသည္းယားလိုက္တာ၊တအားခ်စ္စရာ
အရမ္းေကာင္းတာပဲ... "

ထယ္ေယာင္းက အသည္းယားလို႔ေျပာလိုက္ၿပီး
ကားေမာင္းထြက္သြားေပမဲ့လို႔ အကြယ္ကေန
ၾကည့္ေနသည့္မင္ဂယူမွာေတာ့ လက္ထဲပင္လယ္စာဗူးေလးကိုင္ထားရင္းမွ ၾကည့္ေနေတာ့သည္။

ကူးတစ္ေန႔လုံးထမင္းသိပ္မစားဘူးထင္လို႔ လာလာေခ်ာင္းေပမဲ့လို႔ ကုမၸဏီမွာအလုပ္မလုပ္ဘူးဆိုတာ
သိေတာ့ ကူးေနာက္ကိုလိုက္ေခ်ာင္းမိသည္။ကူးက
အလုပ္ထြက္ၿပီးသီးသန္႔အခ်ိန္ပိုင္းေတြလုပ္ေနတာတဲ့။ဒါေၾကာင့္မို႔ ထမင္းစားဖို႔ေနာက္က်တဲ့ကူးကို
သူကိုယ္တိုင္ခ်က္ထားသည့္ ပင္လယ္စာေခါက္ဆြဲ
လာပို႔ေပးသည္။

သည္ေရာက္ေတာ့ ဥကၠဌကင္မ္နဲ႔တြဲေတြ႕ေနရတဲ့
ကူးကမ်က္ႏွာအမူအရာကသာမျပတာ။မ်က္ဝန္း
ဝိုင္းေလးေတြကတလက္လက္နဲ႔ရွိသည္။သူ
ထယ္ေယာင္းရဲ႕အႀကံကိုသိသည္။ဒါေၾကာင့္မို႔
သူကလမ္းခြဲလိုက္ရေပမဲ့လည္း ကူးကိုေတာ့
သူျပန္တြဲဖို႔ လမ္းျပန္ေဖာက္ခ်င္မိသည္။

" ကိုယ္လည္းခ်စ္တာမို႔မစြန္႔လႊတ္ရက္ဘူး ကူး "

မင္ဂယူလည္းပင္လယ္စာဗူးေလးကိုအိမ္ေရွ႕မွာ
ခ်ကာ ဘဲလ္တီးလိုက္ရင္းျဖင့္ သူ႔အိမ္သို႔ျပန္သြား
ခဲ့ေတာ့သည္။

To be continued ~

ေနာက္တစ္ပိုင္းေရာထပ္ဖတ္ခ်င္ေသးရင္ ေျပာပါေနာ္၊အရွိန္တက္ေနတာမို႔ ေရးေပးခ်င္ပါတယ္ဗ်။

> >

#unicode

ထယ်ယောင်းလည်း ကိုကိုအလှလေးသတိရလာလို့
ယောင်းဝူက အိမ်သေချာပို့ပေးတာနားထောင်ပြီးမှ
Barမှာအနည်းငယ်သောက်ပြီး အိမ်ကိုပြန်လာခဲ့
သည်။သူ့ကွန်ဒိုကိုတော့ မပြန်ဖြစ်လိုက်ဘူး။

အိမ်ကိုရောက်တော့ ထုံးစံအတိုင်းကားတစ်စီးက
ရောက်​နေတာမို့ ဘယ်သူရောက်နေလဲဆိုတာသိလို့
စုတ်တစ်ချက်သပ်ကာ သက်ပြင်းရှည်ချရင်း
အထဲဝင်သွားသည်။

" သားလေး မေမေ့ရှိလာပါဦး၊မေမေ့သားရောက်
ထည်းက သိပ်တောင်မတွေ့ရသေးဘူးကွယ် "

သူမမြင်ချင်ယောင်ဆောင်ကာ အပေါ်သို့တက်သွား
ဖို့လုပ်တော့ မေမေကလှမ်းခေါ်သည်။မေမေစကား
ကြောင့် ထယ်ယောင်းလှည့်လာတော့ အမေရော
အဒေါ်ရော၊လီယမ်ပါ ထိတ်လန့်သွားကြသည်။

" ဟယ်...ဒေါ်လေးရဲ့ကလေးလေးမျက်နှာက ဘာဖြစ်တာလဲ၊ဘယ်ကောင်က လုပ်လိုက်တာလဲ၊
လက်မောင်းရော၊လက်ကရောဘာဖြစ်တာလဲ "

ထယ်ယောင်းအဒေါ်က ထိုင်နေရင်းမှထလာကာ
သူ့တူလေးအနားလာရင်း မျက်နှာနှစ်ဖက်ကိုအုပ်
ကိုင်ကာ လက်မောင်းအပြင်၊လက်ပေါ်ကဒဏ်ရာ
တွေကိုမြင်ပြီး မေးနေတာဖြစ်သည်။လီယမ်က
ထယ်ယောင်းကို ခပ်အေးအေးငေးကြည့်နေ၏။

" ဘာမှမဖြစ်ဘူး ကျွန်တော်ဒီတိုင်းမတော်တဆ
ဖြစ်သွားတာ... "

ထယ်ယောင်းက ဘာမှမဖြစ်ပါဘူးပြောသည်ကို
အမေဖြစ်သူထက် အဒေါ်ကကဲပိုနေရင်းမှ
သူ့တူလေးကို ပြောသည်။တူတစ်ယောက်ထည်း
ရှိတော့ အားလုံးကသိပ်ချစ်တာ။မချစ်တာက
သူ့ကိုကိုအလှလေးပဲ။

" မတော်တဆဟုတ်ရဲ့လား၊ဘယ်ဘက်ပါးက
အတော့်ကိုယောင်နေတာ၊ငါ့ကလေးလေးရဲ့
မျက်နှာချောချောလေးကို ဘယ်ကောင်က
လုပ်လိုက်ရတာလဲကွယ်... "

" ကျွန်တော်အခန်းထဲနားချင်ပြီ "

ထယ်ယောင်းက သူ့အဒေါ်လက်တွေကိုလွှတ်ချရင်း
ပြောသည်။သည်တော့ ကင််မ်ထယ့်မေမေက
သူ့သားစိတ်ညစ်တာကိုမကြိုက်တာကိုသိတော့
စကားဖြတ်သည့်အနေဖြင့် ထိုင်နေရာမှထကာ
ပြောလာ၏။

" သားမျက်နှာကပ်ဖို့ မေမေကရေခဲနဲ့သဘတ်ပါ
ယူလာပေးမယ်၊သားကအပေါ်မှာနားပြီး
စောင့်နေနော် "

အမေကပြောလိုက်ရော ထယ်ယောင်းကခေါင်း
ငြိမ့်ရင်း အပေါ်ထပ်ကိုတက်သွားသည်။လီယမ်က
ထယ်ယောင်းအပေါ်တက်သွားသည့် ခေါင်းတ
စောင်းစောင်းဖြင့်လိုက်ကြည့်နေသည်။

လီယမ်ကြည့်နေသည်ကို ထယ်ယောင်းရဲ့အဒေါ်က
သိသည်မို့ လီယမ်ဘေးနားသွားထိုင်ကာစကား
စသည်။

" လီယမ်...ဒေါ်လေးပြောမယ်၊ခဏနေကြသူ့အမေ
မီးဖိုခန်းထဲကထွက်လာရင် သားကရေခဲကပ်ဖို့
ယူသွားမယ်ဆိုပြီး သူ့အမေရှိကယူသွားလိုက် "

ဒေါ်လေးစကားကြောင့် လီယမ်ကမသိမသာခပ်
ယေးယေးပြုံးလိုက်သည်။ပြီးတော့မှ မျက်နှာငယ်
လေးပြန်လုပ်ရင်း....

" ဖြစ်ပါ့မလား ဒေါ်လေးရယ်၊လီယမ့်ကို အစ်ကိုထယ်ယောင်းက ကြည်တာမဟုတ်ဘူး "

" ကဲ...ဒေါ်လေးက တူလေးနဲ့လီယမ်လေးကိုတော့
အဆင်ပြေစေချင်တာ၊လီယမ်လေးက ရုပ်လေးက
အစချစ်စရာလေး၊လှပါလှတော့ ဒေါ်လေးကအခု
ထည်းက ကမ်းလှမ်းချင်သွားတာမို့ "

ထယ်ယောင်းရဲ့အဒေါ်စကားကြောင့် လီယမ်က
ပြုံးမိပါသည်။သူ၏ပထမဆုံးပြစ်မှတ်ဖြစ်သည့်
ဒေါ်လေးကတော့ သူ့အနားကိုရောက်လာပြီမို့
သူပြံးနေရခြင်းဖြစ်သည်။

" ဟုတ်ကဲ့ ဒေါ်လေး၊လီယမ်ခဏနေ အပေါ်တက်
သွားပါ့မယ်ဗျ "

" လီယမ်လေးကို အားကိုးလိုက်ပါ့မယ် "

လီယမ်စကားကြောင့် အဒေါ်ကပြုံးရင်းခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးနေသည်။သူမဖြစ်စေချင်
တာက သားထယ်ယောင်းလေးကိုသူမရဲ့
သူငယ်ချင်းရဲ့သားလီယမ်လေးနဲ့သာသဘောတူ
သည်။

လီယမ်လေးနဲက ချမ်းသာတာတူခြင်းမို့သူမက
ကန့်ကွက်ဖို့တော့မရှိဘူး။သားထယ်ယောင်းသာ
တဖြည်းဖြည်းနဲ့ကြိုက်သွားရင်တော့ အဆင်ပြေ
ရင်ကောင်းတာဖြစ်၏။

ခဏကြာတော့ ထယ်ယောင်းရဲ့အမေက သူ့သား
အတွက်ရေခဲနဲ့သဘတ်အဖြူလေးကိုထုပ်လို့
ယူလာသည်ကို လီယမ်ကတွေ့လို့ချက်ချင်းထကာ
သူမရှေ့လျှောက်လာသည်။

" အန်တီ လီယမ့်ကိုပေးလိုက်ပါ၊အစ်ကိုထယ်ရဲ့
အခန်းထဲထိသွားပြီး လီယမ်ကပ်ပေးပါ့မယ် "

" အယ်... "

လီယမ်က သူ့မအရှေ့နားသို့ပြေးလာရင်း သူမလက်ထဲက သားလေးအတွက်လုပ်ပေးထားသည့်
ရေခဲကြပ်ဖုကိုလာတောင်းနေသည်။သူမကအား
နာနာဖြင့် ငြင်းဖို့လုပ်တော့ ဆိုဖာထက်အခန့်သား
ထိုင်နေသည့် အစ်မကတားလာသည်။

" ညီမ...လီယမ်လေးကို ပေးလိုက်ပါ၊သူက
ထယ်ယောင်းလေးနဲ့ ခင်ချင်နေတာမို့အစ်မက
အခွင့်အရေးပေးလိုက်တာ "

" လီယမ် ယူသွားပြီအန်တီ၊ကျေးဇူးပါ "

သူမတားချိန်တောင်မရပါဘဲ လီယမ်ကသူမလက်
ထဲကလုယူသွားပြီး အပေါ်သို့ပြေးတက်သွား၏။
သူမလည်း သူ့မသားအကြောင်းသိတာမို့ဖြစ်လာမဲ့
ပြဿနာအတွက် ထိုင်စောင့်နေရုံသာရှိတော့သည်။

" အစ်မရယ် သားငယ်လေးအကြောင်းသိရဲ့သားနဲ့
တစ်ဖက်ကသားလေး အဆင်မပြေအောင်ဘာလို့
လုပ်ရတာလဲ "

ထယ်ယောင်းအမေက ဆိုဖာထက်ပြန်ထိုင်ရင်း
သူမရှေ့က ဖုန်းကြည့်နေသည့်ယွန်းဆောင်းက
ပြုံးလိုက်ရင်းဖြေသည်။

" အဆင်ပြေသွားပါလိမ့်မယ်၊လီယမ်လေးက
တအားချစ်နေတာကို၊လီယမ်လေးနဲ့သားလေးကို
လမ်းဖောက်ဖို့အတွက်တော့ ဒယ်ဒီနဲ့ငါ့မောင်ကို
ပြောလိုက်မယ် "

ကင်မ်ယွန်းဆောင်းရဲ့စကားကြောင့် သူမသက်ပြင်း
ရှည်ချမိသည်။အဖေနဲ့အစ်ကိုနဲ့က သားလေးရဲ့
သဘောကျတဲ့သူကိုသိနေတာမို့ သူမအနေနဲ့
သားရဲ့ရွေးချယ်မှုမှန်ကန်တာကိုသိသည်။

အခုကသူ့မ၏ယောင်းမဖြစ်တဲ့ယွန်းဆောင်းက
သားငယ်လေးကိုမတိုင်ပင်ပါဘဲ တဇွတ်ထိုးလုပ်
မည်ဆိုသည့်အချက်က အစ်ကိုနဲ့တူပေမဲ့လည်း
အစ်ကိုနဲ့သားကအေးတယ်လို့တောင် ပြောရမည်။

" ဒါပေမဲ့ကျွန်မသားလေးရဲ့ ဆန္ဒမပါဘဲအတင်း
မလုပ်ဖို့ တောင်းဆိုပါတယ်၊မဟုတ်ရင်တော့
သားငယ်အကြောင်းသိမယ်ထင်တယ် "

သူမကထိုသို့ပြောပြီးထသွားတော့ ဖုန်းကြည့်နေတဲ့
ယွန်းဆောင်းက ထယ်ယောင်းအမေကိုခပ်စူးစူး
ကြည့်နေတော့သည်။

- - - - -

လီယမ်အပေါ်ကိုရောက်တော့ ထယ်ယောင်းအခန်း
ရှေ့မှာရပ်နေသည်။နက်စွေးနေသည့်တံခါးကို
မခေါက်တော့ဘဲ အခန်းထဲတန်းဝင်သွားသည်။

အခန်းထဲရောက်တော့ အစ်ကိုထယ်က​ကုတင်ထက်အပေါ်ပိုင်းအင်္ကျီမပါဘဲမှောက်ရပ်အိပ်နေသည်။သူပြုံးကာအခန်းထဲဝင်လာရင်း အခန်းထဲကမှန်
စားပွဲပေါ်မှာ ရေခဲထုပ်ကိုချလိုက်ရင်း အစ်ကို့ထယ်
ကုတင်ထိပ်က နံရံမှာပုံအကြီးကြီးတစ်ခုတွေ့၏။
ထို့အတူ ခြေရင်းဘက်ကTVရဲ့နံရံမှာတောင်
ပုံအကြီးကြီးတစ်ခုကနေရာရှိလျက်။

သူစပ်စုသည်ဖြင့်ကြည့်တော့ ဟိုအတွင်းရေးမှူးရဲ့
ပုံနှစ်ပုံလုံးကို ခေါင်းရင်းကနံရံမှာရော၊ခြေရင်းက
TVအနောက်မှာရော ထားထားသည်။သူစိတ်တို
သည်ဖြင့် အသက်ရှုသံကကျယ်သွားတာမို့
ထယ်ယောင်းကနိုးလာသည်။

" မင်းကအခုတော့ ငါ့အခန်းထဲကိုခွင့်မတောင်းဘဲ
ဝင်နေပြီပဲ၊အတော့်ကိုအတင့်ရဲနေတာလား... "

ထယ်ယောင်းကပြောတော့ လီယမ်ကဆိုဖာမှာ
တောင်ထိုင်လိုက်ရင်းဖြင့် ပြန်ဖြေသည်။ခပ်တည်
တည်ပင်ထိုင်နေပုံက ထရိုက်ချင်စရာဖြစ်၏။

" ဟုတ်တယ်၊လီယမ်က ခွင့်တောင်းစရာမှမလိုဘဲ၊
ပြီးတော့ဒီကိုလာတာက အစ်ကိုထယ်ရဲ့မျက်နှာကို
ရေခဲကပ်ပေးမလို့ "

လီယမ်ကခပ်အေးအေးပင်ပြောလိုက်သည်။
ထယ်ယောင်းမှာမှောက်ရပ်အိပ်နေရမှထထိုင်ကာ
အသင့်ရှိနေသည့်Bathrobeကိုဝတ်လိုက်ပြီးကြိုး
ချည်နေရင်း လီယမ်ကိုစကားဆိုသည်။

" ဒီအခန်းထဲမှာပိုင်ရှင်ရှိတယ်ဆိုတာမြင်ပြီမလား၊
ပိုင်ရှင်ကလှတော့ သိပ်ကြည့်ချင်နေပုံပဲ "

ထယ်ယောင်းအခန်းထဲမှာရှိနေသည့်ကူးလေး၏
ပုံတွေကိုလီယမ်ကြည့်နေတာသိလို့ ခပ်ရွဲ့ရွဲ့ပြော
တော့ လီယမ်မျက်နှာပျက်သွားသည်။ဒါကို
ထယ်ယောင်းက သတိထားမိသဖြင့်ကုတင်ပေါ်
ပြန်ထိုင်ရင်း လီယမ်ဘက်ကိုကြည့်ကာ....

" ရှင်းရှင်းလေးပြောလိုက်မယ်၊ကင်မ်ထယ်ယောင်းဆိုတဲ့ငါက ကိုကိုအလှလေးကလွဲလို့ ဘယ်သူ့ကိုမှ
စိတ်မဝင်စားဘူး၊ဒါကြောင့်မို့ ကြိုးစားမနေနဲ့ "

" လီယမ်ကို ပေါ့သေးသေးထင်လိုက်တာပဲ၊
လီယမ်ကလည်း တစ်ခါသဘောကျပြီးသွားရင်
တစ်သက်လုံးသိမ်းထားချင်သလို လိုချင်နေတာ၊
အစ်ကိုထယ်လိုပေါ့ မရတဲ့သူကိုမှတမ်းတမ်းစွဲ
နေ---အင့်... "

" မင်းစကားကြည့်ပြောစမ်း! "

ထယ်ယောင်းက လီယမ်အနားကိုရောက်လာပြီး
လီယမ့်အင်္ကျီကော်လန်ကိုစကိုဆွဲတော့ လီယမ်
တောင်ထယ်ယောင်းဆွဲရာအထိ ပါလာသည်။
ဒါတောင်လီယမ်က ပြုံးနေသေးတာ။

" လီယမ်ပြောတာအမှားမပါပါဘူး၊အစ်ကိုထယ်က
မရနိုင်တာကြီးကို လှမ်းလွန်းနေတာလေ၊သိတဲ့အ
တိုင်း သူ့ချစ်သူကလည်းရုပ်ချောလွန်းတာပဲကို၊
အစ်ကိုထယ်ကသာ စုံလုံးကန်းနေတာ "

လီယမ်ကဇွဲမလျှော့ပါဘဲ ထယ်ယောင်းရဲ့မျက်ဝန်း
တွေကိုတည့်တည်မော့ကြည့်လို့ ပြုံးလိုက်ကာ
ပြောသည်။

" ဟက်...မင်းကတော့အကြီးကြီးမှားနေတာပဲ၊
ကိုကိုအလှလေးက ငါ့ကိုချစ်နေပြီဆိုတာမင်းမ
သိသေးတာပဲ၊ငါသူနဲ့အကြိမ်ကြိမ်နမ်းတာတောင်
သူ့ဘက်ကလက်ခံနေတာ၊အတူသာနေလိုက်လို့
လက်ထပ်သွားကြရင် ငါတို့လက်ထပ်ပွဲအထိ
လာမငိုနေနဲ့!သွားတော့ မင်းအနံ့တွေက
ငါ့ကိုကိုအလှလေးလောက် မွှေးမနေဘူး "

ထယ်ယောင်းလည်း လီယမ်ကော်လန်စကိုဆွဲထား
တဲ့လက်တွေကိုဖြုတ်ချလိုက်ပြီး ရေချိုးခန်းထဲ
ဝင်သွားတော့သည်။သည်တော့မှ လီယမ်လည်း
ထယ်ယောင်းအခန်းထဲက လှလှပပပြုံးနေသည့်
ကူးလေးရဲ့ပုံကိုကြည့်ကာ....

" မင်းကိုအစ်ကိုထယ် စိတ်ပျက်သွားစေရမယ်!
ဂျွန်ဂျောင်ဂု!မင်းကငါ့လမ်းကိုပိတ်နေတာ! "

လီယမ်ကပုံကိုကြည့်ရင်းပြောကာ အပြင်ပြန်ထွက်
သွားတော့သည်။ထိုအတူရေချိုးနေသည့်ထယ်
ယောင်းမှာလည်း သူ့ကိုကိုအလှလေးအကြောင်း
တွေးရင်းရှိနေသည်။

ကိုကိုအလှလေးနဲ့ဝေးဝေးမှာနေဖို့ကတိပေးပေမဲ့
တကယ်တမ်းကြ သူတကယ်မနိုင်တာ။ချစ်လွန်းလို့
အနီးနားမှာထားချင်တာကို ကိုကိုအလှလေးကမနေ
ချင်ဘူးတဲ့။

" မောင်ကချစ်တာမို့ မောင်ကြိုးစားမှာပါ "

သို့ပေမဲ့သူယုံကြည်တာက ကိုကိုအလှလေးက
သူ့ကိုပြန်ချစ်မည်ဆိုတာကို။အခုတော့တစ်ပတ်
ကြီးများတောင် ကြာကြာခွဲရဦးမည်ဖြစ်သည်။

- - - - -

တစ်ဖက်ကကူးလေးမှာတော့ ထယ်ယောင်းနဲ့
မပတ်သက်ချင်တဲ့အတွက် ကုမ္ပဏီကိုတောင်
မသွားခဲ့တာဖြစ်သည်။အလုပ်တွေကိုတော့
သူတစ်ဝက်တစ်ပြတ်နဲ့အလုပ်လုပ်ခဲ့ပေမဲ့လည်း
ကျန်တာကို ယောင်းဝူကစီစဥ်မည်လို့ထင်သည်။

အဲ့ဒါထက်သူတွေးမိတာက ဂယူ့ကိုသာပိုတွေးမိ
သည်။မေမေ့ကိုလည်း ဂယူနဲ့ကူးဆက်ဆံရေးအ
ကြောင်းပြောမိတော့ ကူးမျက်ရည်တွေမထိန်းနိုင်
တာမို့ ငိုမိပါတော့သည်။မေမေကလည်း 'သားတို့
နှစ်ယောက်ဖူးစာမပါလို့'ဆိုတာကိုသာပြောသည်။
မေမေ့ကိုတော့ ကူးအလုပ်ထွက်လိုက်တဲ့ကိစ္စကို
ပြောမနေတော့ဘူး။အရေးမကြီးတာမို့။

အခုဆိုကူးနေလာတာ တစ်ပတ်ကျော်ပြီဖြစ်သည်။
ဂယူ့ဖုန်းကိုလည်းမျှော်နေပေမဲ့ ရောက်မလာခဲ့ဘူး။
ထို့အတူထယ်ယောင်းကလည်း သူ့ကိုတောင်လာ
မကြည့်တာမို့ သူ့ကတိအတိုင်းနေသည်ဟုထင်
လိုက်သည်။

" ဒီမှာ...ငွေချေမယ်... "

" ဟုတ်ကဲ့...ဒီမှာတင်ပေးပါနော် "

ကူးလေးတွေးနေရင်းမှ ဝယ်သူတစ်ယောက်က
ပစ္စည်းဝယ်ပြီးငွေချေရန် အနားကိုရောက်လာ၏။
ကူးလည်း ရုတ်တရပ်မို့လန်သွားပေမဲ့ငွေရှင်းမှာမို့
ပစ္စည်းတွေအားလုံးကိုသေချာစစ်ပေးနေသည်။

" ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ် "

ကူးလေးက အလုပ်ကိုသိပ်ရှာမနေတော့ဘဲ သားအမိနှစ်ယောက်ထည်းမို့ ရတာလေးအဆင်
ပြေအောင်ပင်နေသည်။၂၄နာရီဆိုင်မှာအချိန်ပိုင်းဝင်လုပ်နေရတာမို့ နောက်ထပ်အလုပ်တွေလည်း
ရှိနေသေးသည်။နောက်တစ်ခုကတော့ ကော်ဖီ
ဆိုင်မှာမို့အဆင်ပြေတာကတော်သေးသည်။
သည်အလုပ်က အစ်ကိုတစ်ယောက်ကကျေးဇူး
တင်ပြီးကူးကို ဝန်ထမ်းအဖြစ်အလုပ်ခန့်ပြီမို့
အဆင်ပြေသွား၏။

" အစ်ကို ဒါလေးတွက်ရှင်းပေးပါဦး "

ကျောင်းသားလေးတစ်ယောက်က ခေါက်ဆွဲဗူး၊
ပေါင်မုန့်၊နွားနို့၊ပြုတ်ပြီးသားကြက်ဥကိုတင်ကာ
သူကစစ်ပေးသည်။ပြီးနောက် ကျောင်းသားလေး
အားမေးရသေးသည်။

" ခေါက်ဆွဲကဒီမှာစားမှာလား အငယ်လေး "

ကူးကခေါက်ဆွဲဗူးကိုင်ကာမေးတော့ ကျောင်းသား
လေးကခဏလောက်စဥ်းစားပြီးမှပြန်ဖြေသည်။

" ဟုတ်ကဲ့ ကျူရှင်သွားရမှာမို့ ဒီမှာလောက်ပဲ
စားသွားမယ်နော် အစ်ကို... "

ကူးခေါင်းငြိမ့်ပြလိုက်ရင်း ခေါက်ဆွဲဗူးကိုပြုတ်
ပေးဖို့သူကိုယ်တိုင်ပင် ဖောက်ပေးနေသည်။
ပြီးနောက် ပူပူနွေးနွေးရေနွေးတွေကိုခေါက်
ဆွဲဗူးထဲထည့်ရင်း အစပ်ထုပ်တွေကိုဖောက်ပေးဖို့
ကတ်ကြေးကိုယူတော့ ဟိုတစ်လောကကူးလေး
ကင်မ်ထယ်ယောင်းကို ကတ်ကြေးဖြင့်ထိုးမိတာကို
သတိရမိသွားကာ စိတ်မကောင်းဖြစ်နေသည်။

ကျောင်းသားလေးကတော့ အံ့ဩလွန်းလို့ပင်
လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ရင်းဖြင့်
ကောင်တာခုံကိုမေးလေးထောက်ပြီး ကူးကို
ကြည့်နေသည်။

" အစ်ကိုကအရမ်းချောလိုက်တာ၊ဆံပင်ရှည်ရှည်
လေးတွေနဲ့လှလည်းလှတယ်၊ပိုင်ရှင်ရှိလား...
မရှိရင် ကျွန်တော်နဲ့တွဲကြမလား "

ကူးရေနွေးထည့်ပေးကာ အုပ်ပေးနေရင်းမှ ကျောင်းသားလေးရဲ့စကားကြောင့် ရယ်လိုက်၏။
ထိုကျောင်းသားလေးကတော့ ကူးကိုဘဲထပ်ကြည့်
နေသည်။ကျောင်းသားလေးက ငယ်သာငယ်တာ
အချစ်ရူးလေးပင်ဟု ကောက်ချက်ချမိသည်။

" မင်းအသက်ဘယ်လောက်လဲ ကောင်လေး "

" ၁၇နှစ်လေ၊မကြာခင်ဆို ၁၈ပြည့်တော့မယ်...
ကျွန်တော်ကငယ်သေးပေမဲ့ အရမ်းချစ်တက်တာ
ပါနော်ဗျ... "

ကူးကမေးတော့ ကျောင်းသားလေးကသူ့အသက်
ကိုတောင်အတိအကျဖြေပေးသည်။ထိုကျောင်း
သားလေးရဲ့အဖြေကြောင့် ကူးလေးကတစ်စုံ
တစ်ယောက်ကိုတောင် တွေးမိသွားသေးသည်။

သူဆိုလည်းအမြဲတမ်းကူးကို ချစ်ကြောင်းတွေပြောနေကြဖြစ်သည်။'မောင်ကငယ်သေးပေမဲ့
ကိုကို့ကိုသိပ်ချစ်တာဗျ၊ချစ်သူရှိလည်းမောင့်ကို
စဥ်းစားပေးပါ'ဆိုသည့်စကားသံကိုအမြဲတမ်း
ကြားနေရသည်။

" အစ်ကို့အသက်ကရော ဘယ်လောက်လဲ၊မဟုတ်မှ
ကျွန်တော်တို့လို ကျောင်းသားပဲလား... "

" အစ်ကိုကအသက်၂၆နှစ်၊ချစ်သူတောင်ရှိသေး
တယ်၊ချစ်သူကလည်း အသက်အတူတူပါပဲ "

ကူးကပြောလိုက်ရော ကောင်လေးရဲ့မျက်နှာဟာ
ချက်ချင်းကိုမဲ့ရွဲ့ကျသွားသည်။ကောင်လေးက
သူ့ချစ်သူရှိတာကို သိပ်သဘောမကျသလိုပဲ။
အရွယ်ငယ်တော့ ချစ်စရာတော့ကောင်းသား။

" ရော့...ဒီနေ့မင်းက အစ်ကို့ကိုပျော်အောင်လုပ်ပေး
လို့ မင်းအတွက်မုန့်ဖိုးကိုလျှော့ပေးလိုက်တယ်၊
ကောင်းကောင်းစားပြီး စာလုပ်နော်... "

ကူးလေးကခေါက်ဆွဲဗူးလေးကမ်းပေးကာ
ကောင်လေးရဲ့ခေါင်းကို ခပ်ဖွဖွပုတ်ပေးသည်။
ကောင်လေးနှုတ်ခမ်းချွန်ရင်းဖြင့်...

" အစ်ကို့ကောင်လေးနဲ့ပြတ်သွားရင်ပြောနော်၊
ကျွန်တော်ရှိနေတယ်၊အစ်ကိုဝမ်းမနည်းနေနဲ့ "

ကောင်လေးကသူပေးသည့် မုန့်တွေထည့်ထားတဲ့
အိတ်နဲအတူခေါက်ဆွဲဗူးကိုယူကာ ဆိုင်ထဲရှိစားပွဲ
မှာသွားထိုင်ကာစားနေတော့သည်။ကူးကတော့
ကောင်လေးကိုကြည့်ရင်း ရယ်လိုက်သည်။
အခုခေတ်ကလေးတွေက တကယ်မလွယ်ဘူး။

တစ်ဖက်ကထယ်ယောင်းမှာလည်း ကိုကိုအလှလေးနဲ့မတွေ့ရတော့ ကုမ္ပဏီကစာရင်းတွေကိုသာ
ဖိလုပ်နေရင်းဖုန်းကအသံမြည်လာသည်။


ကိုကိုအလှလေးကို လိုက်ကြည့်ဖို့အတွက်
သူလွှတ်ထားသည့် တပည့်ထဲကတစ်ယောက်က
လှမ်းပို့သည်ကိုကြည့်တော့ စာကအစရေးထား
သည်က ' အချိန်ပိုင်းအလုပ်မှာကျောင်းသားလေး
တစ်ယောက်က တွဲမယ်ပြောနေတာ'တဲ့ဆိုသည့်
စာကြောင်းနဲ့ပုံကြောင့် ထယ်ယောင်းက
သက်ပြင်းရှည်ကြီးချမိသည်။

" တောက်!သောက်ကလေး!ကြည့်တော့ဖြင့်
လက်တောက်လောက်လေးရှိသေးတယ်၊ဖွန်က
လာကြောင်နေတယ်၊မဖြစ်တော့ဘူး၊ဒီညတော့
ကိုကိုအလှလေးနဲ့သွားတော့ရတော့မယ် "

ထယ်ယောင်းက သူ့ကိုကိုအလှလေးနဲ့မတွေ့တာ
တစ်ပတ်ကျော်ကျော်ရှိသွားပြီဖြစ်သည်။ကိုကို့ကို
ကတိပေးထားသည့်အတိုင်း သွားမတွေပေမဲ့
ကိုကိုအလှလေးဘာလုပ်လုပ် စောင့်ကြည့်နေတာ
ဖြစ်သည်။

မင်ဂယူဆိုတဲ့လူကတော့ ကိုကိုအလှလေးကို
သွားတောင်မကြည့်ဘဲ သူဘာသာအလုပ်တွေသာ
ဖိလုပ်နေတာတဲ့။နေနိုင်လိုက်တာဒီလူက။သူက
ကိုကိုအလှလေးကိုကတိအတိုင်း ဘယ်တော့မှ
လက်မလွှတ်တာမို့ ကိုကိုအလှလေးစိတ်ဆိုးပြေ
လောက်ပြီလို့သွားချော့မည်။

" ဆရာ...အရေးကြီးကိစ္စပါလာပါတယ် "

ထယ်ယောင်းတွေးနေရင်း ယောင်းဝူကအခန်းထဲ
အပြေးဝင်လာကာ လက်ထဲစာရင်းတွေကိုချရင်း
သူ့ဆရာခုံနားကိုအပြေးရောက်လာသည်။

" ဘာကိစ္စလဲ၊ငါအလုပ်တွေမအားနေတာမင်း
သိနေရဲ့သားနဲ့ကွာ... "

ထယ်ယောင်းက သူ့ရွှေရောင်ဆံပင်တို့ကိုသပ်တင်
ရင်းမှပြောလာသည်။ယောင်းဝူကတော့စာရင်းထက် ဧည့်တွေ့စားပွဲပေါ်ကMac Bookကိုယူကာ
Emailကိုဖွင့်ပြသည်။

" ဆရာ့အပိုင်က အရမ်းတော်တာပဲဆရာရယ်၊
တကယ်...သူလုပ်ထားတဲ့Projectကအောင်မြင်ဖို့
နီးကပ်နေပြီမို့ ပြင်သစ်ကဒီဇိုင်နာကအလုပ်တွဲလုပ်
ဖို့အတွက် ဆရာ့အပိုင်နဲ့စကားပြောချင်လို့တဲ့ "

ထယ်ယောင်း အံ့ဩသွားသည်မို့ယောင်းဝူပြတဲ့
Emailကိုယူကြည့်လိုက်သည်။တကယ်ပဲ။
ပြင်သစ်ကဒီဇိုင်နာက သူတို့ကုမ္ပဏီမှာအလုပ်လုပ်
ဖို့လာခဲ့မည်တဲ့။ပြင်သစ်ဒီဇိုင်နာမတွေ့ချင်တာက
ကူးလေးကိုမို့ ထယ်ယောင်းညဘက်သွားဖို့တွက်
အကြောင်းပြချက်လုံလောက်စွာရသွားပါသည်။

" ကိုကိုအလှလေးကို ငါ့အနားပြန်ခေါ်ဖို့အတွက်
နည်းလမ်းရှိနေပြီပဲ၊ယောင်းဝူ ငါ့ကိုဒီနေ့နှင်းဆီဖြူ
ပန်းစည်းကြီးကြီးကွာဝယ်ပေးထားစမ်း၊ညနေ
ငါပြန်ရင်ယူသွားမို့ "

" ပြင်သစ်ကဒီဇိုင်နာအတွက်လား... "

ထယ်ယောင်းရဲ့အပြောကို ယောင်းဝူပြန်မေး
တော့ ထယ်ယောင်းရဲ့မျက်ဝန်းစူးစူးတွေက
ယောင်းဝူထံသို့ရောက်လာသည်။သူပြောတာ
ဘာများမှားလို့ပါလိမ့်။

" ဟေ့ကောင်!ငါပန်းစည်းပေးမှာတော့ ငါ့ကိုကိုအလှလေးအတွက်ပေါ့၊သူ့ကိုသွားတွေ့တဲ့နေ့မှ
မင်းဝယ်ထားပေးလိုက် "

ထယ်ယောင်းက အော်လိုက်တောမှသာအကြောင်း
အရင်းကိုသိပြီး ယောင်းဝူကရယ်ကြဲကြဲလုပ်ကာ
ဖြေသည်။

" ဟုတ်ကဲ့ဆရာ..ခဏနေရုံးဆင်းရမှာဆိုတော့
ကျွန်တော်ဝယ်ထားနှင့်လိုက်မယ်နော် "

ယောင်းဝူကဖြေပြီး စာရင်းတွေသူ့ဆရာနားချကာ
ပြန်ထွက်သွားတော့သည်။တအောင့်နေရင် သူပြန်
ရင်း ကိုကိုအလှလေးရှိသွားဖို့အတွက် အခွင့်ရေး
ရှိနေပြီမို့ ထယ်ယောင်းပျော်နေတာဖြစ်သည်။

- - - - -

ညနေ၇နာရီရောက်တော့ ကူးလေးကော်ဖီဆိုင်မှ
လူလွှဲတာမို့ အနားယူရန်အိမ်ကိုပြန်လာခဲ့သည်။
အရင်ကဆို ကူးရုံးအလုပ်ဆင်းပြီးဆိုတာနဲ့ဂယူနဲ့
ပြန်လာရပေမဲ့ အခုတော့တစ်ယောက်ထည်းသာ။
ဂယူမရှိဘဲနေရပေမဲ့လည်း အဆင်ပြေအောင်လို့
နေဖြစ်ပါသည်။ကိုယ့်အတွက်မဟုတ်ရင်တောင်
မေမေ့အတွက်တော့ ရအောင်နေဖြစ်ပါသည်။

အခုတော့လည်း မေမေကအလုပ်ထွက်တာကို
မသိသေးတာမို့ ကော်ဖီဆိုင်မှာအဝတ်လဲကာ
အိမ်ပြန်လာရသည်။မေမေသာသိရင်တအား
ဝမ်းနည်းမှာ။မေမေက ကူးကိုတအားချစ်တာမို့
ကူးပင်ပန်းတဲ့အလုပ်တွေရှိရင်တောင် မေမေက
သိပ်လုပ်စေချင်တာမဟုတ်ဘူး။ကုမ္ပဏီအလုပ်က
ဂယူပါလို့တောင် အတူပေးလုပ်တာဖြစ်သည်။

ကူးလေးအိမ်ရှေ့ကိုရောက်တော့ အိမ်ထဲဝင်ဖို့ရှိ
သေးသည်။အိမ်အနားမှာကားအနက်ရှိနေတာမို့
ဘယ်သူ့ကားအနက်လဲဆိုတာ ကူးလေးအတပ်သိ
လိုက်ပါသည်။ဒီကားကကင်မ်ထယ်ယောင်းရဲ့
ကားဆိုတာကိုကူးသိသည်။

" ကိုကိုအလှလေး... "

ကူးရောက်လာတာကိုသိလို့ထင်သည်။ကားထဲမှ
အမြန်ထွက်လာတဲ့ ကင်မ်ထယ်ယောင်း။လက်ထဲ
မှာလည်းပန်းစည်းကြီးနဲ့ပင်။ကူးလေးကမတွေ့ဖို့
ပြောထားတာတောင်မှ ကင်မ်ထယ်ယောင်းက
သူ့ကတိကိုဖျက်ကာ လာတွေ့လေသည်။

" ဘာကိစ္စလဲ!မင်းကိုငါလာမတွေ့ဖို့ပြောထားတယ်
မလား၊ဘာကြောင့်လာတွေ့နေတာလဲ... "

" မောင်သိပါတယ်၊အခုကလည်း မောင့်အတွက်
အရေးကြီးလွန်းတဲ့ကိစ္စမို့ လာခွင့်တောင်းတာပါ "

ထယ်ယောင်းက ကူးလေးကိုငုံ့ကြည့်ရင်းဖြင့်
ပြောလိုက်သည်။ကူးလည်း ထယ်ယောင်းကို
ကြာကြာမကြည့်ရဲပေ။နိုင်ငံခြားသားလို့တောင်
အမြင်မှားရသည့် ကင်မ်ထယ်ယောင်းက
ဆံပင်ရွှေရောင်နဲ့ညအလင်းရောင်အောက်မှာ
တောက်ပနေတာ။အတော့်ကိုချောတာမို့
ကင်မ်ထယ်ယောင်းရုပ်ကို ကြာကြာမကြည့်ရဲဘူး။

" မောင့်ကိုကြည့်ပါဦးဗျာ ဒီရုပ်လှလှလေးကို
မောင်မမြင်ရတာ တအားကြာနေပြီဗျာ "

" ငါ့ကို...လွှတ်ဆို! "

ထယ်ယောင်းက ကူးလေးရဲ့မျက်နှာလေးကိုမြင်
ချင်လို့မေးဖျားမှတစ်ဆင့်ဆွဲကိုင်ကာ ကြည့်ဖို့
လုပ်တော့ ကိုကိုအလှလေးကရုန်းထွက်သည်။
ထယ်ယောင်းကတော့ မရရအောင်ကိုပင်
ကူးလေးရဲ့ငုံ့နေသည့်မျက်နှာ့ကိုသူပါခါးကိုင်းရင်း
ငုံ့ကြည့်သည်။ပြီးနောက် နှုတ်ခမ်းပါးကိုခပ်ဖွဖွ
နမ်းလိုက်ရင်း.....

" တအားချစ်ဖို့ကောင်းတာပဲ...မတွေ့ရတာကြာလို့
ခင်ဗျားလေး မောင့်မျက်လုံးထဲအတော်လှတာ၊
နောင်ဆို မောင်ကကိုကိုအလှလေးကိုလှလှလေး
ဖြစ်အောင်ကိုထားထားမှာ... "

ထယ်ယောင်းရဲ့စကားကြောင့် ကူးလေးရဲ့မျက်
နှာအရောင်ဟာ ပန်းရောင်သန်းသွားပြီးပါးဖောင်း
လေးတွေဟာလည်း ရဲတက်လာပြီဖြစ်သည်။
ထယ်ယောင်းအသည်းယားလွန်းလို့ ပါးဖောင်း
လေးကိုငုံထားမိချင်ပါသည်။

" အခုကဘာကိစ္စလဲ...ငါ့ကိုအမြန်ပြော...
ပတ်ဝန်းကျင်ကတွေ့သွားရင်မကောင်းဘူး "

ကူးကရှက်ရမ်းရမ်းကာ ဘေးလွယ်အိတ်ကြိုးကို
ခပ်တင်းတင်းဆုပ်ကိုင်ရင်း ကင်မ်ထယ်ယောင်းရဲ့
လက်ဖဝါးကိုကြည့်မိတော့ အမာရွတ်တစ်ခုကို
တွေ့မိလိုက်သည်။ထို့အတူထယ်ယောင်းဝတ်ထား
တဲ့ရှပ်အနက်က ကြယ်သီးသုံးလုံးလောက်ဖြုတ်
ထားတာမို့ ထယ်ယောင်းရဲ့ရင်အုပ်ကိုအတိုင်းသား
မြင်နေရသည်။ကူးကတော့မကြည့်ချင်လို့ရှောင်သည်။

" ကိုကိုအလှလေးတာဝန်ယူဖူးတဲ့ ဒီဇိုင်နာအတွက်
ကိစ္စလေ၊အဲ့ဒါကအဆင်ပြေသွားတယ်တဲ့... "

" တကယ်အဆင်ပြေသွားတာလား၊တော်သေး
တယ်၊အဲ့ဒီဇိုင်နာကအရမ်းခေါ်ရခက်တယ် "

ကူးလေးက သူ့အတွက်နဲ့အလုပ်အဆင်ပြေသွားပြီ
ဆိုတာကြောင့်ပျော်သွားကာ ပြုံးနေတော့ထယ်
ယောင်းလည်း လိုက်ပြုံးမိသည်။ကိုကိုအလှလေး
ဒီလိုပြုံးလိုက်တော့လည်း သူလည်းပျော်သည်။

" ဒါပေမဲ့ ဒီဇိုင်နာကမောင်တို့ကိုစကားလာပြော
နေတယ်၊ကိုကိုအလှလေးနဲ့ပြန်တွေ့ပြီးစကား
ပြောချင်တယ်တဲ့၊ဒီမှာကြည့် မောင်မလိမ်ဘူး "

ထယ်ယောင်းက သူ့ဖုန်းထဲမှemailကိုပြတော့
ပြင်သစ်ဒီဇိုင်နာက ကူးနဲ့ထပ်စကားပြောချင်သည်
လို့စာထပ်ပို့ထားခြင်းဖြစ်သည်။ကူးလည်း ထပ်
မပတ်သက်ချင်ဘူးလို့တွေးထားပြီးမှ ထပ်ပေါ်လာ
တော့လည်း ကူးသက်ပြင်းရှည်ချမိသည်။

ထယ်ယောင်းကတော့ သူ့ကိုကိုအလှလေးက
သက်ပြင်းတွေချနေတာကိုမြင်ရော ထယ်ယောင်း ဒူးထောက်ထိုင်ချကာ ပန်းစည်းကိုင်ရင်းဖြင့်
ကိုကိုအလှလေးရှေ့ကမ်းပေးသည်။

" မောင်တောင်းပန်ပါတယ် ကိုကိုအလှလေး၊
မောင်ကလေ အများကြီးဆိုးသွမ်းခဲ့ပေမဲ့လည်း
ကိုကိုအလှလေးစကားအတိုင်း မောင်လာမတွေ့
ခဲ့ပါဘူး၊ဒါပေမဲ့ မောင်တအားလွမ်းတော့ခဏ
လောက်မျက်နှာလာလာကြည့်မိပါတယ်... "

" ထပါဆို!မင်းဘာလုပ်နေတာလဲ!သူများမြင်ရင်
မကောင်းဘူးနော် ကင်မ်ထယ်ယောင်း "

ထယ်ယောင်းကဒူးထောက်ကာ ကူးလေးကိုတောင်းပန်နေသည်။ကူးလေးကတော့
ထယ်ယောင်းရဲ့အပြုအမူတွေကိုကြည့်ကာဖြင့်
ရှက်လို့ထခိုင်းလေသည်။သို့ပေမဲ့ထယ်ယောင်းက
ဆက်မထတော့ဘဲ ပန်းစည်းကိုပိုကမ်းပေးရင်း...

" မောင့်ကိုသနားနေတဲ့အနေနဲ့လေ ဒီပန်းစည်းလေး
ကိုလက်ခံပေးပြီး မောင်တို့အလုပ်မှာပြန်အလုပ်ဝင်
ဖို့အတွက် လက်ခံပေးပါ.... "

" ငါအလုပ်အတွက်ပဲ ခဏပဲလုပ်ပေးမှာ၊ပြီးရင်
အလုပ်ကနေပြန်ထွက်မှာ! "

ကူးလေးကထိုသို့ပြောလိုက်ပေမဲ့ ထယ်ယောင်းက
ကိုကိုအလှလေးလက်ခံနေပြီဆိုထည်းကဖြင့်
ဒူးထောက်ရင်းမှ ပြုံးနေတော့သည်။

" ရတယ်...ဒီပန်းစည်းလေးပါလက်ခံပေးပါဗျာ၊
မောင်ကကမ်းပေးနေရတာ လက်ညောင်းလာပြီ! "

" မယူဘူး!ငါကမိန်းကလေးမဟုတ်!အင့် ! "

ကူးကစကားဖြေနေတုန်းရှိသေး ထယ်ယောင်းက
ထရပ်လိုက်ရင်း ကူးလက်ထဲပန်းစည်းထည့်ပေးရင်း ပါးကိုနမ်းသွားကာကားထဲသို့အမြန်ပြေးဝင်
သွားတော့သည်။ကူးကတော့ ထယ်ယောင်းထည့်
ပေးသွားတဲ့ပန်းစည်းကိုပိုက်ကာ အံ့ဩနေ၏။

သူအနမ်းခံလိုက်ရပြန်တာလား။ဂယူနဲ့လမ်းခွဲ
လိုက်ရတာတောင် ထယ်ယောင်းရဲ့အပြုအမူက
အခုထိရဲတင်းနေတုန်းဖြစ်သည်။

" မောင်သွားပြီး၊သန်ဘက်ခါမောင်လာခေါ်မှာမို့
အိမ်ကနေပြင်ဆင်ထားလိုက် ချစ်တယ်... "

ကားမောင်းမထွက်သွားခင် ကားမှန်ကိုချကာ
ကူးဘက်သို့ စကားလှည့်ပြောလာသည်။ကူးက
ထယ်ယောင်းကိုကြည့်ရင်း စကားပြန်မပြောဘဲ
အိမ်ထဲသာပြေးဝင်သွားသည်။သည်တော့မှ
ထယ်ယောင်းလည်းပြုံးရင်း...

" တောက်!အသည်းယားလိုက်တာ၊တအားချစ်စရာ
အရမ်းကောင်းတာပဲ... "

ထယ်ယောင်းက အသည်းယားလို့ပြောလိုက်ပြီး
ကားမောင်းထွက်သွားပေမဲ့လို့ အကွယ်ကနေ
ကြည့်နေသည့်မင်ဂယူမှာတော့ လက်ထဲပင်လယ်စာဗူးလေးကိုင်ထားရင်းမှ ကြည့်နေတော့သည်။

ကူးတစ်နေ့လုံးထမင်းသိပ်မစားဘူးထင်လို့ လာလာချောင်းပေမဲ့လို့ ကုမ္ပဏီမှာအလုပ်မလုပ်ဘူးဆိုတာ
သိတော့ ကူးနောက်ကိုလိုက်ချောင်းမိသည်။ကူးက
အလုပ်ထွက်ပြီးသီးသန့်အချိန်ပိုင်းတွေလုပ်နေတာတဲ့။ဒါကြောင့်မို့ ထမင်းစားဖို့နောက်ကျတဲ့ကူးကို
သူကိုယ်တိုင်ချက်ထားသည့် ပင်လယ်စာခေါက်ဆွဲ
လာပို့ပေးသည်။

သည်ရောက်တော့ ဥက္ကဌကင်မ်နဲ့တွဲတွေ့နေရတဲ့
ကူးကမျက်နှာအမူအရာကသာမပြတာ။မျက်ဝန်း
ဝိုင်းလေးတွေကတလက်လက်နဲ့ရှိသည်။သူ
ထယ်ယောင်းရဲ့အကြံကိုသိသည်။ဒါကြောင့်မို့
သူကလမ်းခွဲလိုက်ရပေမဲ့လည်း ကူးကိုတော့
သူပြန်တွဲဖို့ လမ်းပြန်ဖောက်ချင်မိသည်။

" ကိုယ်လည်းချစ်တာမို့မစွန့်လွှတ်ရက်ဘူး ကူး "

မင်ဂယူလည်းပင်လယ်စာဗူးလေးကိုအိမ်ရှေ့မှာ
ချကာ ဘဲလ်တီးလိုက်ရင်းဖြင့် သူ့အိမ်သို့ပြန်သွား
ခဲ့တော့သည်။

To be continued ~

နောက်တစ်ပိုင်းရောထပ်ဖတ်ချင်သေးရင် ပြောပါနော်၊အရှိန်တက်နေတာမို့ ရေးပေးချင်ပါတယ်ဗျ။

> >

Continue Reading

You'll Also Like

879K 40.9K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
32.1K 2.1K 35
jk : ကိုကို့ ကိုချစ်တယ် ညီကိုတွေလိုမဟုတ်တဲ့ ချစ်ခြင်းမျိုးနဲ့ချစ်တယ် taehyung: ဟင့်အင်း ကိုကိုတို့က ညီကိုတွေလေ kookie လေးကစိတ်ကစားတဲ့အရွယ်မို့ ကိုက...
937 54 12
It's 1978, Joe & Jill are on their first overseas trip as a married couple. Joe has to step in as Chairman of a Senate Committee so Jill is hostess f...
24.4K 3.2K 28
Top - KIMTAEHYUNG Bottom - JEON JUNGKOOK VKOOK ကင္မ္ထယ္ေယာင္း!! ခင္ဗ်ားက်ဳပ္က္ိုနမ္းရင္ ခင္ဗ်ားရဲ႕ဆံပင္ေမႊးျပဳတ္ၿပီမွတ္ ! ကင်မ်ထယ်ယောင်း!! ခင်ဗျား...