ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန...

By Rhmjrs_58

235K 33.2K 1.6K

" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ " More

Description
Chapter - 1.1
Chapter - 1.2
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49 ( Final )
Chapter - 50 Extra : 1
Chapter - 51 Extra : 2
Chapter 52 - Extra 3
Chapter - 53 Extra : 4

Chapter - 10

3.6K 563 22
By Rhmjrs_58


『Unicode 』

အခန်း ( ၁၀ ) - ဘယ်ကိုလဲ ?

※※※※※※※※※※※※※※※※※※※※



ကလပ်မှထွက်လာသော် ကျန်းကျွယ် အနည်းငယ် စိတ်လွတ်နေခဲ့သည်။

ချန်ပေါ်ချောင်က ဒါကို သိမြင်သည့်ထင် ၊ သူ့ကို ကားမောင်းခွင့်ပြုရန် ကမ်းလှမ်းလာသည်။ ကျန်းကျွယ် သဘောတူလိုက်ပြီး ချန်ပေါ်ချောင့်အား သော့ပေးကာ ခရီးသည်ခုံမှာဝင်ထိုင်လိုက်သည်။

ကလပ်လမ်းမှ ထွက်လာပြီးနောက် ချန်ပေါ်ချောင်ဟာ Safe Houseပြန်မည့်လမ်းသို့ မသွားခဲ့ပေ။ သူဟာ GPSကို ဖွင့်ပြီးမြို့လယ်သို့ မောင်းထွက်လိုက်​၏။

" စောလွန်းသေးတယ် " ချန်ပေါ်ချောင်က : " ဘန်ကောက်ကို တစ်ချက်လောက် ရှိုးကြည့်တာပေါ့ "

သူက နေကာမျက်မှန်ဟောင်းကို ပြန်တပ်ထားပြီး ရေဒီယိုမှ သီချင်းဖွင့်လိုက်သည်။ သူတို့နှစ်ယောက်ဟာ ကားငှား၍ဘန်ကောက်တစ်ခွင် ဦးတည်ရာမဲ့ ရှုခင်းလှည့်ပတ်ကြည့်နေကြသော သာမန် ခရီးသွားဧည့်သည်များပမာပင်။

သူတို့ လမ်းဆုံတစ်ခုသို့ရောက်သောအခါ ကျန်းကျွယ်က ယခင်တစ်ခေါက်က ဖြစ်ပျက်ခဲ့တာကို တွေးမိပြီး ချန်ပေါ်ချောင်ကိုပြောလိုက်​၏ : " GPSနောက်မလိုက်နဲ့။ အရှေ့မှာ ဒီကား​ဖြတ်လို့မရတဲ့ လမ်းပိုင်းတစ်ခုရှိတယ်။ ညာကွေ့လိုက် "

ချန်ပေါ်ချောင်က ညွှန်ကြားသည့်အတိုင်း မီးဖွင့်လိုက်ပြီး ကျန်းကျွယ်ကိုမေး​၏ : " မင်းက ဘန်ကောက်ကို မကြာခဏလာဖြစ်လား ? "

ကျန်းကျွယ် : " ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက မကြာခဏလာဖြစ်တယ် "

တမြန်မနှစ်နှင့် မနှစ်တုန်းက သူ ကြိမ်ဖန်များစွာလာခဲ့ရ​၏။ဟာရီဆန်က သူ့ကို ဆေးခန်းတစ်ခုနှင့် မိတ်ဆက်ပေးခဲ့ပြီးသူက ဒေါက်တာကို လာ,လာတွေ့ခဲ့သည်။ သို့သော် ခံစားခဲ့ရတာ များသည့်အပြင် ရောဂါကလဲ ယခုထက်ထိ အပြည့်အဝမသက်သာသေးပေ။

" သူ့ကို လာတွေ့တာလား ? " ချန်ပေါ်ချောင်က မေးသည် " မဟုတ်ရင်လဲ လူကြီးရှိုးလာကြည့်တာလား ? "

ကျန်းကျွယ်က ချန်ပေါ်ချောင့်ကို ကြည့်လိုက်ကာ " ငါ လူကြီးရှိုးတွေ မကြည့်ဘူး "

" တကယ်လား " ချန်ပေါ်ချောင်က ပြုံးလိုက်ပြီး " မင်း ဘောက်ဆူးပေးတဲ့နေရာမှာ တော်တော်ကျွမ်းတာနော်။ အများကြီးကြည့်ဖူးနေတယ် ထင်လိုက်တာ "

ကျန်းကျွယ်မှာ ချန်ပေါ်ချောင်​၏ စကားတွေထဲ၌ တစ်စုံတစ်ရာရှိနေသလို အမြဲခံစားနေရ​၏။ သို့သော် မိမိက ဆက်ဆံပြောဆိုရာမှာ မတော်သဖြင့် သေချာတွေးဆပြီးသည့်တိုင် သဲလွန်စကို တွေးမရပါချေ။ ထို့ကြောင့် သူ ရိုးရိုးသားသားနှင့်ပဲထပ်ပြောလိုက်သည် : " ငါ မကြည့်ဖူးဘူး။ ဟာရီဆန်ဆီကို လာတဲ့အချိန်တွေမှာ ပွဲခန်း ထဲမှာ ဖျော်ဖြေပွဲရှိနေတယ်လေ။ဟာရီဆန်က ငါဘောက်ဆူးမပေးရင် ကန်ထုတ်လိုက်မှာကြောက်လို့ အခေါက်တိုင်း နည်းနည်းစီပေး,ပေးရတယ် "

" အဲ့ဒီတော့ မင်းက သူ့ကို တွေ့ဖို့နဲ့ ဘန်ကောက်ကို လာတာပေါ့ ? " ချန်ပေါ်ချောင်က ပြီးမှ မေး​၏။

ယနေ့တွင် ချန်ပေါ်ချောင်တစ်ယောက် ဟာရီဆန် ခေါင်းစဉ်မှ မထွက်နိုင်ဖြစ်နေတာကို ကျန်းကျွယ်သဘောပေါက်လိုက်မိ၍ သူ ဖြေလိုက်သည် : " လုံးဝတော့ မဟုတ်ပါဘူး "

ချန်ပေါ်ချောင် မမေးနိုင်ခင်မှာပဲ သူ ထပ်ပြော​၏ : " အရင်လတုန်းက ငါ ကင်းထောက်ဖို့လာခဲ့ပြီး ဘန်ကောက်တစ်ခွင်ကားမောင်းခဲ့တယ်။ သုံးရက်ကြာတော့ ဇုန်းရာ့နဲ့တွေ့တယ်။ ကင်းထောက်နေတုန်း လမ်းတစ်ဝက်လောက်မှာ ငါ ကားမမောင်းနိုင်မှန်း သဘောပေါက်လိုက်ရတယ်။ အဲ့ဒီအချိန်တုန်းက ခြေနင်းဆောင့်အုပ်ရတော့ လမ်းဘေးက စက်ဘီးကိုတောင် ဝင်တိုက်လိုက်ပြီး အပျက်အစီးအတွက် လျော်ကြေးပေးလိုက်ရတယ်။ "

ချန်ပေါ်ချောင် တိတ်သွားတော့​၏။တစ်အောင့်ကြာမှ သူက : " လာမယ့် ၈ရက်မှာငါတို့ ဘာလုပ်ကြမလဲ ? "

" မင်း လူကြီးရှိုး ကြည့်ချင်လား ? " သူက မေးပြန်သည်။

ကျန်းကျွယ်မှာ အာရုံစိုက်၍ ကားမောင်းနေသော ချန်ပေါ်ချောင်ကိုကြည့်ရင်း ပြောစရာမဲ့နေခဲ့​၏။ ထို့နောက်မှ သူချီတုံချတုံဖြင့် အလျှော့ပေးလိုက်သည် : " မင်း တကယ်ကြည့်ချင်တယ်ဆိုလဲ ငါမင်းကို လက်မှတ်ဝယ်ပေးနိုင်တယ် "

ချန်ပေါ်ချောင်သည် ကျန်းကျွယ်​၏အမူအရာကို တစ်ချက်ကြည့်ပြီး ရုတ်တရက်ပြုံးလိုက်​၏။ ကျန်းကျွယ်ကြောင့်ကျေနပ်သွားသည့်ပုံပင်။

ကျန်းကျွယ်မှာ ချန်ပေါ်ချောင်​၏ ပျော်ရွှင်နေသော မျက်နှာကို တိတ်လျက်ကြည့်နေမိပြီး စိတ်ဆိုးချင်လျှင်တောင် ဆိုးမရဖြစ်နေ​၏။ ချန်ပေါ်ချောင် အရယ်ရပ်လိုက်သောအခါ ကျန်းကျွယ်တစ်ယောက် သူ့ဦးနှောက်ကို အလုပ်ပေးလိုက်ကာယခင်က လည်ခဲ့ဖူးသမျှ ဘန်ကောက်တစ်ခွင်က ရှုခင်းသာနေရာများစွာကို ရွတ်ပြလိုက်သည်။ပြီးလျှင် ချန်ပေါ်ချောင့်အား စိတ်ဝင်စားသလားဟု မေးလိုက်​၏။

" အပြန်ကြမှ စဉ်းစားကြတာပေါ့ " ချန်ပေါ်ချောင်က ဆိုသည်။ " အရင်ဆုံး စားရအောင် "

GPSစနစ်က လမ်းကြောင်းကို ပြန်လည်စီစဉ်လိုက်သည်။ချန်ပေါ်ချောင်သည် မြို့လယ်ကောင်ရှိ စီးပွားရေးရပ်ကွက်တစ်ခုအတွင်း မောင်းနှင်သွားပြီး မြေပုံမှ အနီးအနားက စားသောက်ဆိုင်ကို ရွေးကာ ကျန်းကျွယ်ကို မေးသည် : " ဘာစားချင်လဲ? "

ကျန်းကျွယ်သည်ကား စားသမျှတိုင်းကို အရသာတူတူဟုသာ ထင်မိသော လူစားမျိုးပင်။ သူ မရွေးနိုင်လောက်ဟု ထင်မိသဖြင့် ပြောလိုက်​၏ : " မင်းရွေးတဲ့အတိုင်းပဲ "

ချန်ပေါ်ချောင်က တစ်မျိူးကို ကျပန်းရွေးလိုက်ပြီး ကျန်းကျွယ်က သဘောတူ၍ အနှီစားသောက်ဆိုင်သို့ ဦးတည်ခဲ့ကြသည်။

အဝေးမှ စားသောက်ဆိုင်​၏ ဆိုင်းဘုတ်ကို တွေ့မြင်ရလျှင် ချန်ပေါ်ချောင်က ရုတ်တရက်ဆိုသည် : " သူများတွေနဲ့ အပြင်ထွက်စားတဲ့အခါ ငါကပဲ အမြဲ ရှင်းခဲ့ဖူးတာ ထင်တယ် "

ကျန်းကျွယ် ဘာမှ မပြောပဲ လှည့်ပြီး ချန်ပေါ်ချောင်ကို ကြည့်လိုက်​၏။

" တကယ်လို့ ငါသာ အာရှပြည်ထောင်စုကို ပြန်နိုင်ခွင့်ရှိဦးမယ်ဆို ငါမင်းကို မြို့လယ်က ကျောက်ဟွားအဆောက်အအုံအပေါ်ဆုံးထပ်မှာ တစ်နပ်စာ ဧည့်ခံနိုင်တယ် "

ချန်ပေါ်ချောင် : " မဟုတ်ရင်လဲ မင်း ဥရောပကို ပြန်ပြီး မင်းရဲ့ တက္ကသိုလ်ကို သွားကြည့်ချင်လား။ ငါမင်းနဲ့ အတူသွားပေးနိုင်တယ် "

နေဝင်ချိန်ရောက်ပြီဖြစ်၍ လမ်းမပေါ်က အဆောက်အအုံတို့​၏ အရိပ်များမှာ ရံဖန်ရံခါ သူတို့ရှေ့နှင့် တစ်ခါတလေ သူတို့ကို အုပ်မိုးလျက်ရှိသည်။

ချန်ပေါ်ချောင်သည် ကျန်းကျွယ် အိပ်မက်မက်ခဲ့ရသော စကားများကို သမားရိုးကျလို ပြောနေပြီး သမားရိုးကျဖြစ်လွန်းလို့ ချန်ပေါ်ချောင်က သူ့ကို ယဉ်ကျေးပြနေတာပါဟု ခံစားရမိသည်အထိ။

" မဟုတ်ရင်လဲ မင်း ငါနဲ့ အတူမသွားချင်တာများလား ? "

ချန်ပေါ်ချောင်သည် ကျန်းကျွယ်​၏ အဖြေကို မကြားရသဖြင့် ပျော်ပျော်ကြီး စကားဆက်ပြောနေ​၏။သူက ကားကိုစားသောက်ဆိုင်တည်ရှိရာ လမ်းမထက်တွင်ရပ်လိုက်ပြီး ကားထိုးကာ အင်ဂျင်ရပ်၍ ကားသော့ကို နှုတ်ယူလိုက်သည့်တိုင်ကားထဲမှ မထွက်သေးပေ။ သူက ကျန်းကျွယ်ဘက်သို့လှည့်၍ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး စူးစူးစိုက်စိုက်ကြည့်လေသည်။ နေဝင်ဆည်းဆာက သူ​၏ အညိုရင့်ရောင် မျက်ဆံတို့ကို ရွှေလိမ္မော်ရောင်ဖြင့် လွှမ်းခြုံထား​၏။

ကျန်းကျွယ်နှင့် အမှန်တကယ် ဒိတ်ဖို့ ပြင်ဆင်ထားသည့်အလား ချန်ပေါ်ချောင်က ကျန်းကျွယ်ကို သေချာအောင်မေးလိုက်သည် : " ကျန်းကျွယ် ၊ အာရှပြည်ထောင်စုလား ဥရောပလား ? "

" မင်းမပြောရင် ရွေးတဲ့တစ်ယောက်က ငါဖြစ်သွားမှာနော် " သူက ပြုံးလျက်ဖြင့် : " ငါရွေးတာကိုတော့ မင်းလိုချင်မှာမဟုတ်လောက်ဘူး "

ကျန်းကျွယ်​၏ ခေါင်းလေးက ကို့ရို့ကားယားဖြင့် လည်ပတ်နေရ​၏။ သူဟာ ချန်ပေါ်ချောင့်​၏ မျက်နှာထက်မှ မျက်လုံးမခွာနိုင်ပေ။ သူ့တွင် ထက်မြက်သည့် အတွေးအခေါ်တွေလဲမရှိသလို ဖြေနိုင်သည့် အစွမ်းလဲမရှိ။သူ ချန်ပေါ်ချောင်ကိုသာထုံပေပေလေးကြည့်ပြီး : " မင်းရွေးပါ "

" ကောင်းပြီလေ " ချန်ပေါ်ချောင်က " နှစ်ခုလုံး။ ငါတို့ နှစ်ခုလုံးသွားမယ် "

သူက ကားထဲမှ ထွက်၍ ကားရှေ့ပတ်လျှောက်ကာ ကျန်းကျွယ်ကို တံခါးဖွင့်ပေးလိုက်သည်။

ကျန်းကျွယ်မှာ တစ်ရက်တာလုံး ထိပ်တန်းကျောင်းသားထံမှ သင်ပြခွင့်ရထားသော စာမလိုက်နိုင်သည့်ကျောင်းသားလိုခံစားရ​၏။ စိတ်ပူသည်ရော ၊ ပျော်သည်ပါ တစ်ပြိုင်နက် ဖြစ်နေကာ ကံအကောင်းဆုံးဟုလည်း ခံစားနေရသည်။

ကျန်းကျွယ် ချန်ပေါ်ချောင့်နောက်လိုက်၍ စားသောက်ဆိုင်ထဲ ဝင်ခဲ့လိုက်သည်။ နှစ်ယောက်ခုံတစ်ခုံ လွတ်နေသည်နှင့်ကြုံ၍ စားပွဲထိုးက သူတို့ကို ထိုင်ရန် ဦးဆောင်ခေါ်သွားပေးသည်။

ချန်ပေါ်ချောင်က မီနူးကို ခဏကြည့်၍ တစ်ဆက်မှာလိုက်​၏။ ကျန်းကျွယ်က တစ်ထေရာတည်းတူသည့် ဟင်းလျာကိုမှာလိုက်ပြီးနောက် စားပွဲထိုး​၏ ပျူငှာလှသော အကြံပြုချက်ကို မငြင်းဆန်နိုင်ပဲ စားသောက်ဆိုင်​၏ နာမည်ကြီး ဝိုင်အဖြူတစ်ပုလင်းကိုလဲ မှာလိုက်ရတော့သည်။သူတို့နှစ်ယောက် စားသောက်ရင်း စကားပြောခဲ့ကြ​၏။အများစုမှာ ထိပ်တန်းကျောင်းသား ချန်ပေါ်ချောင်က မေးခွန်းမေးရန် တာဝန်ယူထားပြီး သနားစဖွယ်ကျောင်းသားလေး ကျန်းကျွယ်ကတော့ အဖြေတွေပေးနေခဲ့ရသည်။

ထို့နေ့က ချန်ပေါ်ချောင် ညစာကို နှစ်ခြိုက်စွာ စားသောက်ခဲ့ရသည်။

စစ်တပ်ထဲဝင်ပြီးနောက် ချန်ပေါ်ချောင်​၏ ဘဝနေထိုင်မှု အခြေအနေတွေ လုံးဝပြောင်းလဲခဲ့သည်။ အားလပ်ရက်ကာလတုန်းက သူ့မိထွေးသူ့အတွက် စီစဉ်ပေးထားသော Omegaတစ်ယောက်နှင့် ဝတ္တရားအရတွေ့ဆုံခဲ့ဖူးသည်မှ လွဲ၍ သူဟာဤသို့သော အခါသမယမျိူးနှင့် မစားသောက်ဖူးခဲ့ပေ။

ပထမတစ်ချက်က ချန်ပေါ်ချောင်သည် အစားအစာအရသာနောက် လိုက်သူမဟုတ်လို့ပင်။ နောက်တစ်ချက်ကတော့ သူဟာ မြက်တော၊ခြုံတောတွေမှာ တိုက်ခိုက်လာရသည့်အတွက် သက်သောင့်သက်သာဖြစ်လွန်းပြီး သတိလျှော့နိုင်သည့် နေရာမျိူးတွေကို မနှစ်သက်တော့ပေ။

ထိပ်တန်းစားသောက်ဆိုင်ကြီးမှာ ကြင်ဖက်တွေ့ပြီး ဝတ်ကျေတမ်းကျေ ပြောဆိုဆက်ဆံနေရတာထက်စာလျှင် မူးပြီးနောက် ပို၍ ထုံလာသော ကျန်းကျွယ်နှင့် စားသောက်ရတာက ပိုပြီး ပျော်စရာကောင်းသည်။

ချန်ပေါ်ချောင်က မသောက်ပေ။ သို့ပေမယ့် ဝိုင်နံ့ကို ခံလိုက်မိသည်နှင့် ပါးစပ်ထဲမှာ ချိုမြနေလောက်မှန်းတော့ သိ​၏။

ကျန်းကျွယ်သည် ပုလင်းပေါ်က အယ်ကိုဟောလ်ပါဝင်နှုန်းကို မကြည့်မိဘူးထင်။ သူဟာ ဟင်းလျာတွေကို သိပ်မထိတော့ပဲ ဝိုင်တစ်ခွက်ပြီးတစ်ခွက် သောက်နေလိုက်​၏။ ချန်ပေါ်ချောင်သည် ကျန်းကျွယ်​၏ မျက်လုံးတွေ တဖြည်းဖြည်း ထွေလာတာကို ကြည့်နေခဲ့သည့်တိုင် ရိုင်းပင်းတတ်သူမဟုတ်၍ မတားမိပါချေ။

ဝိုင်တစ်ပုလင်းလုံး သောက်ပြီးနောက် ကျန်းကျွယ်ဟာ စကားတစ်ခွန်းပြောထွက်ဖို့တောင် အကြာကြ်ီး တွေးရတော့သည်။ကြိမ်ဖန်များစွာ ပါးစပ်က စကားပြောချင်သည့်အလား ပွင့်လိုက်၊စေ့လိုက်ဖြစ်နေသော်လည်း ဘာသံမှ ထွက်မလာပေ။

ချန်ပေါ်ချောင်သည် ကျန်းကျွယ် ဘယ်လောက် မူးနေသလဲ သိချင်လာ​၏။ တွေးကြည့်ပြီးနောက် သူ ကျန်းကျွယ်ကို လိမ်ပြောလိုက်သည် : " ကျန်းကျွယ် ငါတို့စားလို့ပြီးပြီဆိုတော့ နှုတ်ဆက်ရတော့မှာပဲ။ လက်ဆွဲရအောင် "

ကျန်းကျွယ်က " အာ " ဟု ပြော၍ ချန်ပေါ်ချောင့်စကားကို သံယောင်လိုက်​၏ : " နှုတ်ဆက်တယ် ? "

ထို့နောက် သူဟာ လက်ဆန့်၍ စားပွဲတစ်ဖက်က ချန်ပေါ်ချောင့်ကို လှမ်းဆွဲကာ အထက်အောက် လက်ဆွဲယမ်းလိုက်​၏။ကျန်းကျွယ်​၏ လက်များက နူးညံ့ကာ လက်ဖဝါးပြင်သည် နွေးနေခဲ့ပြီး မျက်လုံးတို့ကမူ ဦးတည်ရာမဲ့နေသည်။

" အိမ်ပြန်မယ် " ကျန်းကျွယ်သည် အရှေ့ကို ထွေနေသော မျက်ဝန်းများဖြင့်ကြည့်ကာ " အို့ ကောင်းပြီ ၊ ကောင်းပြီ "

ထို့နောက် သူ ထရပ်လိုက်ပြီး ဘေလ်ကမ်းပေးလာသော စားပွဲထိုးနှင့် ဘေလ်ရှင်းဖို့ကို တကယ် အမှတ်ရခဲ့​၏။ ပြီးမှဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။

ကျန်းကျွယ်သည် အလွန်နှေးကွေးနေရုံသာဖြစ်ပြီး မတုန်မလှုပ်ပဲ လမ်းလျှောက်နိုင်လေသည်။ ချန်ပေါ်ချောင် အနောက်ကလိုက်၍ ခေတ္တမျှ လေ့လာကြည့်မိရာ ကျန်းကျွယ်သည် သူတို့ကားကို ရှာဖို့စိတ်ကူးမရှိနေတာကို တွေ့လိုက်ရသည်။ထို့ကြောင့် သူ အမြန်အရှေ့တိုး၍ ကျန်းကျွယ်လက်မောင်းမှ ကိုင်ကာ ကားထဲကို တွန်းထည့်ပေးရ​၏။

ချန်ပေါ်ချောင်သည် ကား​၏ GPSကို ဖွင့်ပြီး Safe Houseသို့ မောင်းနှင်လိုက်သည်။ ကျန်းကျွယ်က မအိပ်ခဲ့။ သူဟာမျက်လုံးဖွင့်လျက်နှင့် ကားအပြင်ကို ကြည့်နေပြီး မကြာမကြာ ကြုံသလို ညွှန်ကြားချက်တွေလည်း ပေးသေးသည်။

ချန်ပေါ်ချောင်က သူ့ညွှန်ကြားချက်အတိုင်း မသွားသောအခါ သူ စိတ်ဆိုးသွား​၏။

လမ်းတစ်ဝက်လောက် မောင်းနှင်လာပြီးသော် ကျန်းကျွယ်ဟာ သူ ဘာကို စိတ်ဆိုးနေသလဲဆိုတာ ပြန်မေ့သွားလေသည်။သူက လက်ဖွင့်၍ တစ်စုံတစ်ရာရေရွတ်ရင်း ကားထဲမှာ တစ်စုံတစ်ရာရှာဖွေသည့်အလား အပေါ်အောက် လိုက်စမ်းနေတော့သည်။ ချန်ပေါ်ချောင်သေချာ နားထောင်ကြည့်မိသော် ကျန်းကျွယ်ရွတ်နေသည်မှာ " ဆေး " ဟူ၍ ကြားလိုက်ရ​၏။

သူက " ဆေးဘယ်မှာလဲ ? " ဟု ပြောနေပြီး စက္ကန့်အနည်းငယ်ကြာလျှင် " ဆေးဘယ်မှာလဲ " ဟု ထပ်ပြောပြန်သည်။

ပထမတုန်းက ချန်ပေါ်ချောင်သည် ကျန်းကျွယ်က ဘယ်လိုဆေးမျိုးကိုရှာနေသလဲ မသိ ဖြစ်နေခဲ့​၏။ ကျန်းကျွယ်က ဆေးထားရာနေရာကို အတွေးနေပုံရပြီး ကားတစ်ခွင် ဆက်လက်မွှေနှောက်နေသည်မှာ ခရီးမရောက်တော့ဟု ခံစားရသည်။ထို့ကြောင့် သူ ဂီယာလီဗာနောက်မှ အိတ်တစ်လုံးကို ယူ၍ ကျန်းကျွယ်လက်ထဲ ထည့်ပေးလိုက်ပြီး ပြောလိုက်ရသည် : " ဆေးကဒီမှာ။အရင် ယူထားလိုက် ၊ အိပ်ပြန်ရောက်မှ သောက်နော် "

ကျန်းကျွယ်သည် ကုန်စုံဆိုင်အိတ်ကို ရတနာသဖွယ် ဖက်တွယ်ထား​၏။

" တွေ့ပြီ " ကျန်းကျွယ်က ပြောရင်း အိတ်ဖွင့်၍ မွှေနှောက်ကာ ခဲသားဖောင်တိန်ကို ထုတ်ယူလိုက်သည်။

" တွေ့ပြီ " ကျန်းကျွယ်က ဝမ်းသာအယ်လဲနှင့် ထပ်ပြောပြန်သည်။သူက ဖောင်တိန်ကို ကိုင်၍ ဖောင်တိန်အဖျားနှင့် သူ့လက်မောင်းထဲသို့ ဖြည်းဖြည်းချင်း ပွတ်နေလိုက်​၏။

ချန်ပေါ်ချောင်မှာ ကျန်းကျွယ်​၏လုပ်ရပ်ကို မျက်လုံးစွန်းမှ လှမ်းမြင်ပြီး လန့်သွားရသည်။ သူ ဘရိတ်ကို ဆောင့်နင်းပြီးလှမ်းဆွဲရန်ပြင်သော်လည်း နောက်ကျသွားချေပြီ။

ကျန်းကျွယ်က ခဲသားဖောင်တိန်​၏ သံအဖျားကို သူ့လက်မောင်းသားထဲသို့ ထိုးသွင်းလိုက်ပြီး အဖျားကို လက်မောင်းထဲခဏလောက် စိုက်ထားလိုက်သေး​၏။

" နာတယ် " ကျန်းကျွယ်သည် ဝမ်းနည်းပက်လက်ဆိုလိုက်သည်။

သူဟာ ချန်ပေါ်ချောင် ဖောင်တိန်ကို ဖယ်လိုက်မှန်းလဲ သူသတိမထားမိသလို ချန်ပေါ်ချောင်က သူ့ပုခုံးကိုလှုပ်၍နာမည်ခေါ်နေသည်ကိုလဲ အာရုံမရပါချေ။ သူသည် မျက်မှောင်သာကြုတ်၍ ရှေ့တူရှု့ထားပြီး ဒဏ်ရာကို လက်ဖျားတို့ဖြင့်ဆက်ထိနေခဲ့​၏။ သူ့ကြောင့် သွေးစက်တွေလဲ စွန်းပေလာကာ လက်မောင်းမှာ အနီရောင်လက်ချောင်းရာများဖြင့် လွှမ်းကုန်တော့သည်။

ခဏအကြာ ကျန်းကျွယ်သည် နာကျင်မှုအကြောင်း စောဒကမတတ်တော့ပဲ ထိုင်ခုံမှာ တအီအီပြုရင်း ပြန်လှဲချသွားသည်။

အရက်က ခေါင်းထဲရောက်နေ၍ပေလား သူ့ပါးပြင်တွေမှာပူနွေးလျက်။ ကျန်းကျွယ်ဟာ သွေးစွန်းနေသောလက်ဖြင့် သူ့ပါးပြင်တွေကို အေးအောင် အုပ်ချင်နေသည့်နှယ် လက်က ထပ်မြှောက်လာခဲ့​၏။

ချန်ပေါ်ချောင်မှာ ဒဏ်ရာပိုကွဲသွားမှာကို ကာကွယ်ရန် သူ့လက်ကောက်ဝတ်ကို အမြန်လှမ်းဆွဲလိုက်ရသည်။

ကျန်းကျွယ်​၏ ဒဏ်ရာမှာ သွေးထွက်နေဆဲ။ ချန်ပေါ်ချောင်သည် အရှေ့ မနီးမဝေးမှာ ကုန်စုံဆိုင်တစ်ဆိုင်ကို မြင်လိုက်သည်။ တစ်ယောက်တည်းနေခဲ့ပါက ပိုဆိုးတာတွေလုပ်နေမည်ဆိုးရသဖြင့် သူ ကျန်းကျွယ်​၏ လက်ကို ပစ္စည်းခန်းထဲကကြိုးနှင့် ချည်ထားခဲ့ရ​၏။ထို့နောက် ကုန်စုံဆိုင်ကိုသွား၍ ဒဏ်ရာကုပေးရန် လိုအပ်သော ပစ္စည်းများကို ဝယ်ခဲ့ရသည်။

ချန်ပေါ်ချောင်ကားသို့ ပြန်ရောက်လာချိန်တွင် ကျန်းကျွယ်က အိပ်ပျော်လုနီးပါးဖြစ်နေချေပြီ။

ကျန်းကျွယ်သည် ခါးကိုင်း၍ ဘေးတိုက်လှဲနေ​၏။ သူ့မျက်လုံးတွေက ဖွင့်တစ်ဝက် ပိတ်တစ်ဝက် ဖြစ်နေကာမျက်မှောင်ကြုတ်ထားပြီး ချည်ခံထားရသောလက်များကို သာသာလေးရုန်းနေသေးသည်။သူသည် အရပ်ရှည်၍ ပိန်ပါးကာ သွင်ပြင်က ချစ်စရာကောင်းတယ်ဟူသော စကားနှင့် လားလားမှ မဆိုင်ပါ။ သို့သော် ချန်ပေါ်ချောင်မှာ ကျန်းကျွယ်​သည် ဤသို့သော လုပ်ရပ်နှင့် အမူအရာတို့ဖြင့်လဲ တစ်မျိုးမဖြစ်နေပဲ ချစ်ဖို့မကောင်းတာလဲ မဟုတ်နေသလို ခံစားရ​၏။

ချန်ပေါ်ချောင် ကြိုးကို အသာလျှော့၍ ပိုးသတ်ဂွမ်းကို ဖြဲကာ ကျန်းကျွယ်ကို ပိုးသတ်ပေးလိုက်သည်။

ဂွမ်းက ကျန်းကျွယ်​၏ အရေပြားကို ထိလိုက်လျှင် သူ တွန့်ခနဲ့ဖြစ်သွားသော်လည်း မရုန်းပါပဲ ချန်ပေါ်ချောင့်အား ဒဏ်ရာသန့်ရှင်းခွင့်ပေးထားပါ​၏။

ချန်ပေါ်ချောင် သူ့ကို ပလတ်စတာလေးကပ်ပေးပြီး လက်နှင့်လက်မောင်းရှိ သွေးများကို တသျှူးစိုဖြင့် သုတ်ပေးလိုက်ကာကျန်းကျွယ်ကို ကြိုးဖြည်ပေးလိုက်တော့သည်။

ကျန်းကျွယ်က မျက်လုံးပိုပွင့်လာပြီး ချန်ပေါ်ချောင့်ကို စိုက်ကြည့်​၏။ ချန်ပေါ်ချောင်က ကားမောင်းရပ်၍ သူ့ကို စိတ်ရှည်လက်ရှည်နှင့် ကြည့်နေလိုက်​၏။ အတန်ကြာမှ ကျန်းကျွယ်က ဆိုသည် : " ချန်ပေါ်ချောင် "

ထို့နောက် ကျန်းကျွယ်ဟာ ဘာမှလဲ မလုပ်တော့သလို ဘာမှလဲ မပြောတော့ပေ။ သူသည် မီတာဝက်လောက်အကွာအဝေးကန ချန်ပေါ်ချောင်အား မှင်သက်စွာသာကြည့်နေခဲ့​၏။ ခဏကြည်နေပြီးမှ သူ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားတော့သည်။

ရုတ်တရက် ချန်ပေါ်ချောင်ဟာ ပြီးခဲ့သည့်ရက်များမှာ သူ မလိုအပ်သည့်ကိစ္စတွေ အများကြီး လုပ်ခဲ့မိမှန်း သဘောပေါက်လိုက်သည်။

သူသည် သူ့အပေါ် ချစ်မြတ်နိုးကြောင်းပြသလာသည့် လူတိုင်းအပေါ် သူ လုပ်နေကျအတိုင်း ကျန်းကျွယ်နှင့် ခပ်ခွာခွာနေခဲ့သင့်တာပင်။

သို့ပေမယ့် ယခု အလွန်နောက်ကျခဲ့ပြီ။ သူဟာ သူ့ကိုယ်သူ အမှန်ပြင်ဆင်နိုင်ရန်အခွင့်ကောင်းနှင့် လွဲချော်သွားပြီဖြစ်​၏။

____________________________________________________________________




Zawgyi

အခန္း ( ၁၀ ) - ဘယ္ကိုလဲ ?

※※※※※※※※※※※※※※※※※※※※

ကလပ္မွထြက္လာေသာ္ က်န္းကၽြယ္ အနည္းငယ္ စိတ္လြတ္ေနခဲ့သည္။

ခ်န္ေပၚေခ်ာင္က ဒါကို သိျမင္သည့္ထင္ ၊ သူ႔ကို ကားေမာင္းခြင့္ျပဳရန္ ကမ္းလွမ္းလာသည္။ က်န္းကၽြယ္ သေဘာတူလိုက္ၿပီး ခ်န္ေပၚေခ်ာင့္အား ေသာ့ေပးကာ ခရီးသည္ခုံမွာဝင္ထိုင္လိုက္သည္။

ကလပ္လမ္းမွ ထြက္လာၿပီးေနာက္ ခ်န္ေပၚေခ်ာင္ဟာ Safe Houseျပန္မည့္လမ္းသို႔ မသြားခဲ့ေပ။ သူဟာ GPSကို ဖြင့္ၿပီး ၿမိဳ႕လယ္သို႔ ေမာင္းထြက္လိုက္​၏။

" ေစာလြန္းေသးတယ္ " ခ်န္ေပၚေခ်ာင္က : " ဘန္ေကာက္ကို တစ္ခ်က္ေလာက္ ရွိုးၾကည့္တာေပါ့ "

သူက ေနကာမ်က္မွန္ေဟာင္းကို ျပန္တပ္ထားၿပီး ေရဒီယိုမွ သီခ်င္းဖြင့္လိုက္သည္။ သူတို႔ႏွစ္ေယာက္ဟာ ကားငွား၍ ဘန္ေကာက္တစ္ခြင္ ဦးတည္ရာမဲ့ ရွုခင္းလွည့္ပတ္ၾကည့္ေနၾကေသာ သာမန္ ခရီးသြားဧည့္သည္မ်ားပမာပင္။

သူတို႔ လမ္းဆုံတစ္ခုသို႔ေရာက္ေသာအခါ က်န္းကၽြယ္က ယခင္တစ္ေခါက္က ျဖစ္ပ်က္ခဲ့တာကို ေတြးမိၿပီး ခ်န္ေပၚေခ်ာင္ ကိုေျပာလိုက္​၏ : " GPSေနာက္မလိုက္နဲ႔။ အေရွ႕မွာ ဒီကား​ျဖတ္လို႔မရတဲ့ လမ္းပိုင္းတစ္ခုရွိတယ္။ ညာေကြ႕လိုက္ "

ခ်န္ေပၚေခ်ာင္က ညႊန္ၾကားသည့္အတိုင္း မီးဖြင့္လိုက္ၿပီး က်န္းကၽြယ္ကိုေမး​၏ : " မင္းက ဘန္ေကာက္ကို မၾကာခဏလာျဖစ္လား ? "

က်န္းကၽြယ္ : " ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြတုန္းက မၾကာခဏလာျဖစ္တယ္ "

တျမန္မႏွစ္ႏွင့္ မႏွစ္တုန္းက သူ ႀကိမ္ဖန္မ်ားစြာလာခဲ့ရ​၏။ဟာရီဆန္က သူ႔ကို ေဆးခန္းတစ္ခုႏွင့္ မိတ္ဆက္ေပးခဲ့ၿပီး သူက ေဒါက္တာကို လာ,လာေတြ႕ခဲ့သည္။ သို႔ေသာ္ ခံစားခဲ့ရတာ မ်ားသည့္အျပင္ ေရာဂါကလဲ ယခုထက္ထိ အျပည့္အဝမသက္သာေသးေပ။

" သူ႔ကို လာေတြ႕တာလား ? " ခ်န္ေပၚေခ်ာင္က ေမးသည္ " မဟုတ္ရင္လဲ လူႀကီးရွိုးလာၾကည့္တာလား ? "

က်န္းကၽြယ္က ခ်န္ေပၚေခ်ာင့္ကို ၾကည့္လိုက္ကာ " ငါ လူႀကီးရွိုးေတြ မၾကည့္ဘူး "

" တကယ္လား " ခ်န္ေပၚေခ်ာင္က ျပဳံးလိုက္ၿပီး " မင္း ေဘာက္ဆူးေပးတဲ့ေနရာမွာ ေတာ္ေတာ္ကၽြမ္းတာေနာ္။ အမ်ားႀကီး ၾကည့္ဖူးေနတယ္ ထင္လိုက္တာ "

က်န္းကၽြယ္မွာ ခ်န္ေပၚေခ်ာင္​၏ စကားေတြထဲ၌ တစ္စုံတစ္ရာရွိေနသလို အျမဲခံစားေနရ​၏။ သို႔ေသာ္ မိမိက ဆက္ဆံေျပာဆိုရာမွာ မေတာ္သျဖင့္ ေသခ်ာေတြးဆၿပီးသည့္တိုင္ သဲလြန္စကို ေတြးမရပါေခ်။ ထို႔ေၾကာင့္သူ ရိုးရိုးသားသားႏွင့္ပဲ ထပ္ေျပာလိုက္သည္ : " ငါ မၾကည့္ဖူးဘူး။ ဟာရီဆန္ဆီကို လာတဲ့အခ်ိန္ေတြမွာ ပြဲခန္း ထဲမွာ ေဖ်ာ္ေျဖပြဲရွိေနတယ္ေလ။ ဟာရီဆန္က ငါေဘာက္ဆူးမေပးရင္ ကန္ထုတ္လိုက္မွာေၾကာက္လို႔ အေခါက္တိုင္း နည္းနည္းစီေပး,ေပးရတယ္ "

" အဲ့ဒီေတာ့ မင္းက သူ႔ကို ေတြ႕ဖို႔နဲ႔ ဘန္ေကာက္ကို လာတာေပါ့ ? " ခ်န္ေပၚေခ်ာင္က ၿပီးမွ ေမး​၏။

ယေန႔တြင္ ခ်န္ေပၚေခ်ာင္တစ္ေယာက္ ဟာရီဆန္ ေခါင္းစဥ္မွ မထြက္နိုင္ျဖစ္ေနတာကို က်န္းကၽြယ္သေဘာေပါက္လိုက္မိ၍ သူ ေျဖလိုက္သည္ : " လုံးဝေတာ့ မဟုတ္ပါဘူး "

ခ်န္ေပၚေခ်ာင္ မေမးနိုင္ခင္မွာပဲ သူ ထပ္ေျပာ​၏ : " အရင္လတုန္းက ငါ ကင္းေထာက္ဖို႔လာခဲ့ၿပီး ဘန္ေကာက္တစ္ခြင္ကားေမာင္းခဲ့တယ္။ သုံးရက္ၾကာေတာ့ ဇုန္းရာ့နဲ႔ေတြ႕တယ္။ ကင္းေထာက္ေနတုန္း လမ္းတစ္ဝက္ေလာက္မွာငါ ကားမေမာင္းနိုင္မွန္း သေဘာေပါက္လိုက္ရတယ္။ အဲ့ဒီအခ်ိန္တုန္းက ေျခနင္းေဆာင့္အုပ္ရေတာ့ လမ္းေဘးကစက္ဘီးကိုေတာင္ ဝင္တိုက္လိုက္ၿပီး အပ်က္အစီးအတြက္ ေလ်ာ္ေၾကးေပးလိုက္ရတယ္။ "

ခ်န္ေပၚေခ်ာင္ တိတ္သြားေတာ့​၏။တစ္ေအာင့္ၾကာမွ သူက : " လာမယ့္ ၈ရက္မွာငါတို႔ ဘာလုပ္ၾကမလဲ ? "

" မင္း လူႀကီးရွိုး ၾကည့္ခ်င္လား ? " သူက ေမးျပန္သည္။

က်န္းကၽြယ္မွာ အာ႐ုံစိုက္၍ ကားေမာင္းေနေသာ ခ်န္ေပၚေခ်ာင္ကိုၾကည့္ရင္း ေျပာစရာမဲ့ေနခဲ့​၏။ ထို႔ေနာက္မွ သူ ခ်ီတုံခ်တုံျဖင့္ အေလၽွာ့ေပးလိုက္သည္ : " မင္း တကယ္ၾကည့္ခ်င္တယ္ဆိုလဲ ငါမင္းကို လက္မွတ္ဝယ္ေပးနိုင္တယ္ "

ခ်န္ေပၚေခ်ာင္သည္ က်န္းကၽြယ္​၏အမူအရာကို တစ္ခ်က္ၾကည့္ၿပီး ႐ုတ္တရက္ျပဳံးလိုက္​၏။ က်န္းကၽြယ္ေၾကာင့္ ေက်နပ္သြားသည့္ပုံပင္။

က်န္းကၽြယ္မွာ ခ်န္ေပၚေခ်ာင္​၏ ေပ်ာ္ရႊင္ေနေသာ မ်က္ႏွာကို တိတ္လ်က္ၾကည့္ေနမိၿပီး စိတ္ဆိုးခ်င္လၽွင္ေတာင္ဆိုးမရျဖစ္ေန​၏။ ခ်န္ေပၚေခ်ာင္ အရယ္ရပ္လိုက္ေသာအခါ က်န္းကၽြယ္တစ္ေယာက္ သူ႔ဦးေႏွာက္ကို အလုပ္ေပးလိုက္ကာ ယခင္က လည္ခဲ့ဖူးသမၽွ ဘန္ေကာက္တစ္ခြင္က ရွုခင္းသာေနရာမ်ားစြာကို ရြတ္ျပလိုက္သည္။ၿပီးလၽွင္ ခ်န္ေပၚေခ်ာင့္အား စိတ္ဝင္စားသလားဟု ေမးလိုက္​၏။

" အျပန္ၾကမွ စဥ္းစားၾကတာေပါ့ " ခ်န္ေပၚေခ်ာင္က ဆိုသည္။ " အရင္ဆုံး စားရေအာင္ "

GPSစနစ္က လမ္းေၾကာင္းကို ျပန္လည္စီစဥ္လိုက္သည္။ခ်န္ေပၚေခ်ာင္သည္ ၿမိဳ႕လယ္ေကာင္ရွိ စီးပြားေရးရပ္ကြက္တစ္ခုအတြင္း ေမာင္းႏွင္သြားၿပီး ေျမပုံမွ အနီးအနားက စားေသာက္ဆိုင္ကို ေရြးကာ က်န္းကၽြယ္ကို ေမးသည္ : " ဘာစားခ်င္လဲ ? "

က်န္းကၽြယ္သည္ကား စားသမၽွတိုင္းကို အရသာတူတူဟုသာ ထင္မိေသာ လူစားမ်ိဳးပင္။ သူ မေရြးနိုင္ေလာက္ဟု ထင္မိသျဖင့္ ေျပာလိုက္​၏ : " မင္းေရြးတဲ့အတိုင္းပဲ "

ခ်န္ေပၚေခ်ာင္က တစ္မ်ိဴးကို က်ပန္းေရြးလိုက္ၿပီး က်န္းကၽြယ္က သေဘာတူ၍ အႏွီစားေသာက္ဆိုင္သို႔ ဦးတည္ခဲ့ၾကသည္။

အေဝးမွ စားေသာက္ဆိုင္​၏ ဆိုင္းဘုတ္ကို ေတြ႕ျမင္ရလၽွင္ ခ်န္ေပၚေခ်ာင္က ႐ုတ္တရက္ဆိုသည္ : " သူမ်ားေတြနဲ႔ အျပင္ထြက္စားတဲ့အခါ ငါကပဲ အျမဲ ရွင္းခဲ့ဖူးတာ ထင္တယ္ "

က်န္းကၽြယ္ ဘာမွ မေျပာပဲ လွည့္ၿပီး ခ်န္ေပၚေခ်ာင္ကို ၾကည့္လိုက္​၏။

" တကယ္လို႔ ငါသာ အာရွျပည္ေထာင္စုကို ျပန္နိုင္ခြင့္ရွိဦးမယ္ဆို ငါမင္းကို ၿမိဳ႕လယ္က ေက်ာက္ဟြားအေဆာက္အအုံ အေပၚဆုံးထပ္မွာ တစ္နပ္စာ ဧည့္ခံနိုင္တယ္ "

ခ်န္ေပၚေခ်ာင္ : " မဟုတ္ရင္လဲ မင္း ဥေရာပကို ျပန္ၿပီး မင္းရဲ့ တကၠသိုလ္ကို သြားၾကည့္ခ်င္လား။ ငါမင္းနဲ႔ အတူသြားေပးနိုင္တယ္ "

ေနဝင္ခ်ိန္ေရာက္ၿပီျဖစ္၍ လမ္းမေပၚက အေဆာက္အအုံတို႔​၏ အရိပ္မ်ားမွာ ရံဖန္ရံခါ သူတို႔ေရွ႕ႏွင့္ တစ္ခါတေလ သူတို႔ကို အုပ္မိုးလ်က္ရွိသည္။

ခ်န္ေပၚေခ်ာင္သည္ က်န္းကၽြယ္ အိပ္မက္မက္ခဲ့ရေသာ စကားမ်ားကို သမားရိုးက်လို ေျပာေနၿပီး သမားရိုးက်ျဖစ္လြန္းလို႔ ခ်န္ေပၚေခ်ာင္က သူ႔ကို ယဥ္ေက်းျပေနတာပါဟု ခံစားရမိသည္အထိ။

" မဟုတ္ရင္လဲ မင္း ငါနဲ႔ အတူမသြားခ်င္တာမ်ားလား ? "

ခ်န္ေပၚေခ်ာင္သည္ က်န္းကၽြယ္​၏ အေျဖကို မၾကားရသျဖင့္ ေပ်ာ္ေပ်ာ္ႀကီး စကားဆက္ေျပာေန​၏။သူက ကားကို စားေသာက္ဆိုင္တည္ရွိရာ လမ္းမထက္တြင္ရပ္လိုက္ၿပီး ကားထိုးကာ အင္ဂ်င္ရပ္၍ ကားေသာ့ကို ႏွုတ္ယူလိုက္သည့္တိုင္ ကားထဲမွ မထြက္ေသးေပ။ သူက က်န္းကၽြယ္ဘက္သို႔လွည့္၍ ေနကာမ်က္မွန္ကို ခၽြတ္လိုက္ၿပီး စူးစူးစိုက္စိုက္ၾကည့္ေလသည္။ ေနဝင္ဆည္းဆာက သူ​၏ အညိဳရင့္ေရာင္ မ်က္ဆံတို႔ကို ေရႊလိေမၼာ္ေရာင္ျဖင့္ လႊမ္းျခဳံထား​၏။

က်န္းကၽြယ္ႏွင့္ အမွန္တကယ္ ဒိတ္ဖို႔ ျပင္ဆင္ထားသည့္အလား ခ်န္ေပၚေခ်ာင္က က်န္းကၽြယ္ကို ေသခ်ာေအာင္ေမးလိုက္သည္ : " က်န္းကၽြယ္ ၊ အာရွျပည္ေထာင္စုလား ဥေရာပလား ? "

" မင္းမေျပာရင္ ေရြးတဲ့တစ္ေယာက္က ငါျဖစ္သြားမွာေနာ္ " သူက ျပဳံးလ်က္ျဖင့္ : " ငါေရြးတာကိုေတာ့ မင္းလိုခ်င္မွာမဟုတ္ေလာက္ဘူး "

က်န္းကၽြယ္​၏ ေခါင္းေလးက ကို႔ရို႔ကားယားျဖင့္ လည္ပတ္ေနရ​၏။ သူဟာ ခ်န္ေပၚေခ်ာင့္​၏ မ်က္ႏွာထက္မွ မ်က္လုံးမခြာနိုင္ေပ။ သူ႔တြင္ ထက္ျမက္သည့္ အေတြးအေခၚေတြလဲမရွိသလို ေျဖနိုင္သည့္ အစြမ္းလဲမရွိ။သူခ်န္ေပၚေခ်ာင္ကိုသာ ထုံေပေပေလးၾကည့္ၿပီး : " မင္းေရြးပါ "

" ေကာင္းၿပီေလ " ခ်န္ေပၚေခ်ာင္က " ႏွစ္ခုလုံး။ ငါတို႔ ႏွစ္ခုလုံးသြားမယ္ "

သူက ကားထဲမွ ထြက္၍ ကားေရွ႕ပတ္ေလၽွာက္ကာ က်န္းကၽြယ္ကို တံခါးဖြင့္ေပးလိုက္သည္။

က်န္းကၽြယ္မွာ တစ္ရက္တာလုံး ထိပ္တန္းေက်ာင္းသားထံမွ သင္ျပခြင့္ရထားေသာ စာမလိုက္နိုင္သည့္ေက်ာင္းသားလို ခံစားရ​၏။ စိတ္ပူသည္ေရာ ၊ ေပ်ာ္သည္ပါ တစ္ၿပိဳင္နက္ ျဖစ္ေနကာ ကံအေကာင္းဆုံးဟုလည္း ခံစားေနရသည္။

က်န္းကၽြယ္ ခ်န္ေပၚေခ်ာင့္ေနာက္လိုက္၍ စားေသာက္ဆိုင္ထဲ ဝင္ခဲ့လိုက္သည္။ ႏွစ္ေယာက္ခုံတစ္ခုံ လြတ္ေနသည္ႏွင့္ ၾကဳံ၍ စားပြဲထိုးက သူတို႔ကို ထိုင္ရန္ ဦးေဆာင္ေခၚသြားေပးသည္။

ခ်န္ေပၚေခ်ာင္က မီႏူးကို ခဏၾကည့္၍ တစ္ဆက္မွာလိုက္​၏။ က်န္းကၽြယ္က တစ္ေထရာတည္းတူသည့္ ဟင္းလ်ာကိုမွာလိုက္ၿပီးေနာက္ စားပြဲထိုး​၏ ပ်ဴငွာလွေသာ အႀကံျပဳခ်က္ကို မျငင္းဆန္နိုင္ပဲ စားေသာက္ဆိုင္​၏ နာမည္ႀကီး ဝိုင္အျဖဴတစ္ပုလင္းကိုလဲ မွာလိုက္ရေတာ့သည္။သူတို႔ႏွစ္ေယာက္ စားေသာက္ရင္း စကားေျပာခဲ့ၾက​၏။အမ်ားစုမွာ ထိပ္တန္းေက်ာင္းသား ခ်န္ေပၚေခ်ာင္က ေမးခြန္းေမးရန္ တာဝန္ယူထားၿပီး သနားစဖြယ္ေက်ာင္ူသားေလး က်န္းကၽြယ္ကေတာ့

အေျဖေတြေပးေနခဲ့ရသည္။

ထို႔ေန႔က ခ်န္ေပၚေခ်ာင္ ညစာကို ႏွစ္ၿခိဳက္စြာ စားေသာက္ခဲ့ရသည္။

စစ္တပ္ထဲဝင္ၿပီးေနာက္ ခ်န္ေပၚေခ်ာင္​၏ ဘဝေနထိုင္မွု အေျခအေနေတြ လုံးဝေျပာင္းလဲခဲ့သည္။ အားလပ္ရက္ကာလတုန္းက သူ႔မိေထြးသူ႔အတြက္ စီစဥ္ေပးထားေသာ Omegaတစ္ေယာက္ႏွင့္ ဝတၱရားအရေတြ႕ဆုံခဲ့ဖူးသည္မွလြဲ၍ သူဟာ ဤသို႔ေသာ အခါသမယမ်ိဴးႏွင့္ မစားေသာက္ဖူးခဲ့ေပ။

ပထမတစ္ခ်က္က ခ်န္ေပၚေခ်ာင္သည္ အစားအစာအရသာေနာက္ လိုက္သူမဟုတ္လို႔ပင္။ ေနာက္တစ္ခ်က္ကေတာ့ သူဟာ ျမက္ေတာ၊ျခဳံေတာေတြမွာ တိုက္ခိုက္လာရသည့္အတြက္ သက္ေသာင့္သက္သာျဖစ္လြန္းၿပီး သတိေလၽွာ့နိုင္သည့္ ေနရာမ်ိဴးေတြကို မႏွစ္သက္ေတာ့ေပ။

ထိပ္တန္းစားေသာက္ဆိုင္ႀကီးမွာ ၾကင္ဖက္ေတြ႕ၿပီး ဝတ္ေက်တမ္းေက် ေျပာဆိုဆက္ဆံေနရတာထက္စာလၽွင္ မူးၿပီးေနာက္ ပို၍ ထုံလာေသာ က်န္းကၽြယ္ႏွင့္ စားေသာက္ရတာက ပိုၿပီး ေပ်ာ္စရာေကာင္းသည္။

ခ်န္ေပၚေခ်ာင္က မေသာက္ေပ။ သို႔ေပမယ့္ ဝိုင္နံ႔ကို ခံလိုက္မိသည္ႏွင့္ ပါးစပ္ထဲမွာ ခ်ိဳျမေနေလာက္မွန္းေတာ့ သိ​၏။

က်န္းကၽြယ္သည္ ပုလင္းေပၚက အယ္ကိုေဟာလ္ပါဝင္ႏွုန္းကို မၾကည့္မိဘူးထင္။ သူဟာ ဟင္းလ်ာေတြကိုသိပ္မထိေတာ့ပဲ ဝိုင္တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ေနလိုက္​၏။ ခ်န္ေပၚေခ်ာင္သည္ က်န္းကၽြယ္​၏ မ်က္လုံးေတြ တျဖည္းျဖည္း ေထြလာတာကို ၾကည့္ေနခဲ့သည့္တိုင္ ရိုင္းပင္းတတ္သူမဟုတ္၍ မတားမိပါေခ်။

ဝိုင္တစ္ပုလင္းလုံး ေသာက္ၿပီးေနာက္ က်န္းကၽြယ္ဟာ စကားတစ္ခြန္းေျပာထြက္ဖို႔ေတာင္ အၾကာၾက္ီး ေတြးရေတာ့သည္။ ႀကိမ္ဖန္မ်ားစြာ ပါးစပ္က စကားေျပာခ်င္သည့္အလား ပြင့္လိုက္၊ေစ့လိုက္ျဖစ္ေနေသာ္လည္း ဘာသံမွ ထြက္မလာေပ။

ခ်န္ေပၚေခ်ာင္သည္ က်န္းကၽြယ္ ဘယ္ေလာက္ မူးေနသလဲ သိခ်င္လာ​၏။ ေတြးၾကည့္ၿပီးေနာက္ သူ က်န္းကၽြယ္ကို လိမ္ေျပာလိုက္သည္ : " က်န္းကၽြယ္ ငါတို႔စားလို႔ၿပီးၿပီဆိုေတာ့ ႏွုတ္ဆက္ရေတာ့မွာပဲ။ လက္ဆြဲ

​ရေအာင္ "

က်န္းကၽြယ္က " အာ " ဟု ေျပာ၍ ခ်န္ေပၚေခ်ာင့္စကားကို သံေယာင္လိုက္​၏ : " ႏွုတ္ဆက္တယ္ ? "

ထို႔ေနာက္ သူဟာ လက္ဆန႔္၍ စားပြဲတစ္ဖက္က ခ်န္ေပၚေခ်ာင့္ကို လွမ္းဆြဲကာ အထက္ေအာက္ လက္ဆြဲယမ္းလိုက္​၏။က်န္းကၽြယ္​၏ လက္မ်ားက ႏူးညံ့ကာ လက္ဖဝါးျပင္သည္ ေႏြးေနခဲ့ၿပီး မ်က္လုံးတို႔ကမူ ဦးတည္ရာမဲ့ေနသည္။

" အိမ္ျပန္မယ္ " က်န္းကၽြယ္သည္ အေရွ႕ကို ေထြေနေသာ မ်က္ဝန္းမ်ားျဖင့္ၾကည့္ကာ " အို႔ ေကာင္းၿပီ ၊ ေကာင္းၿပီ "

ထို႔ေနာက္ သူ ထရပ္လိုက္ၿပီး ေဘလ္ကမ္းေပးလာေသာ စားပြဲထိုးႏွင့္ ေဘလ္ရွင္းဖို႔ကို တကယ္ အမွတ္ရခဲ့​၏။ ၿပီးမွ ျဖည္းျဖည္းခ်င္း ထြက္ခြာသြားသည္။

က်န္းကၽြယ္သည္ အလြန္ေႏွးေကြးေန႐ုံသာျဖစ္ၿပီး မတုန္မလွုပ္ပဲ လမ္းေလၽွာက္နိုင္ေလသည္။ ခ်န္ေပၚေခ်ာင္အေနာက္က လိုက္၍ ေခတၱမၽွ ေလ့လာၾကည့္မိရာ က်န္းကၽြယ္သည္ သူတို႔ကားကို ရွာဖို႔စိတ္ကူးမရွိေနတာကို ေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ သူ အျမန္အေရွ႕တိုး၍ က်န္းကၽြယ္လက္ေမာင္းမွ ကိုင္ကာ ကားထဲကို တြန္းထည့္ေပးရ​၏။

ခ်န္ေပၚေခ်ာင္သည္ ကား​၏ GPSကို ဖြင့္ၿပီး Safe Houseသို႔ ေမာင္းႏွင္လိုက္သည္။ က်န္းကၽြယ္က မအိပ္ခဲ့။ သူဟာ မ်က္လုံးဖြင့္လ်က္ႏွင့္ ကားအျပင္ကို ၾကည့္ေနၿပီး မၾကာမၾကာ ၾကဳံသလို ညႊန္ၾကားခ်က္ေတြလည္း ေပးေသးသည္။

ခ်န္ေပၚေခ်ာင္က သူ႔ညႊန္ၾကားခ်က္အတိုင္း မသြားေသာအခါ သူ စိတ္ဆိုးသြား​၏။

လမ္းတစ္ဝက္ေလာက္ ေမာင္းႏွင္လာၿပီးေသာ္ က်န္းကၽြယ္ဟာ သူ ဘာကို စိတ္ဆိုးေနသလဲဆိုတာ ျပန္ေမ့သြားေလသည္။သူက လက္ဖြင့္၍ တစ္စုံတစ္ရာေရရြတ္ရင္း ကားထဲမွာ တစ္စုံတစ္ရာရွာေဖြသည့္အလား အေပၚေအာက္ လိုက္စမ္းေနေတာ့သည္။ ခ်န္ေပၚေခ်ာင္ေသခ်ာ နားေထာင္ၾကည့္မိေသာ္ က်န္းကၽြယ္ရြတ္ေနသည္မွာ "ေဆး " ဟူ၍ ၾကားလိုက္ရ​၏။

သူက " ေဆးဘယ္မွာလဲ ? " ဟု ေျပာေနၿပီး စကၠန႔္အနည္းငယ္ၾကာလၽွင္ " ေဆးဘယ္မွာလဲ " ဟု ထပ္ေျပာျပန္သည္။

ပထမတုန္းက ခ်န္ေပၚေခ်ာင္သည္ က်န္းကၽြယ္က ဘယ္လိုေဆးမ်ိဳးကိုရွာေနသလဲ မသိ ျဖစ္ေနခဲ့​၏။ က်န္းကၽြယ္က ေဆးထားရာေနရာကို အေတြးေနပုံရၿပီး ကားတစ္ခြင္ ဆက္လက္ေမႊေႏွာက္ေနသည္မွာ ခရီးမေရာက္ေတာ့ဟုခံစားရသည္။ ထို႔ေၾကာင့္ သူ ဂီယာလီဗာေနာက္မွ အိတ္တစ္လုံးကို ယူ၍ က်န္းကၽြယ္လက္ထဲ ထည့္ေပးလိုက္ၿပီး ေျပာလိုက္ရသည္ : " ေဆးကဒီမွာ။အရင္ ယူထားလိုက္ ၊ အိပ္ျပန္ေရာက္မွ ေသာက္ေနာ္ "

က်န္းကၽြယ္သည္ ကုန္စုံဆိုင္အိတ္ကို ရတနာသဖြယ္ ဖက္တြယ္ထား​၏။

" ေတြ႕ၿပီ " က်န္းကၽြယ္က ေျပာရင္း အိတ္ဖြင့္၍ ေမႊေႏွာက္ကာ ခဲသားေဖာင္တိန္ကို ထုတ္ယူလိုက္သည္။

" ေတြ႕ၿပီ " က်န္းကၽြယ္က ဝမ္းသာအယ္လဲႏွင့္ ထပ္ေျပာျပန္သည္။သူက ေဖာင္တိန္ကို ကိုင္၍ ေဖာင္တိန္အဖ်ားႏွင့္သူ႔လက္ေမာင္းထဲသို႔ ျဖည္းျဖည္းခ်င္း ပြတ္ေနလိုက္​၏။

ခ်န္ေပၚေခ်ာင္မွာ က်န္းကၽြယ္​၏လုပ္ရပ္ကို မ်က္လုံးစြန္းမွ လွမ္းျမင္ၿပီး လန႔္သြားရသည္။ သူ ဘရိတ္ကို ေဆာင့္နင္းၿပီး လွမ္းဆြဲရန္ျပင္ေသာ္လည္း ေနာက္က်သြားေခ်ၿပီ။

က်န္းကၽြယ္က ခဲသားေဖာင္တိန္​၏ သံအဖ်ားကို သူ႔လက္ေမာင္းသားထဲသို႔ ထိုးသြင္းလိုက္ၿပီး အဖ်ားကို လက္ေမာင္းထဲ ခဏေလာက္ စိုက္ထားလိုက္ေသး​၏။

" နာတယ္ " က်န္းကၽြယ္သည္ ဝမ္းနည္းပက္လက္ဆိုလိုက္သည္။

သူဟာ ခ်န္ေပၚေခ်ာင္ ေဖာင္တိန္ကို ဖယ္လိုက္မွန္းလဲ သူသတိမထားမိသလို ခ်န္ေပၚေခ်ာင္က သူ႔ပုခုံးကိုလွုပ္၍ နာမည္ေခၚေနသည္ကိုလဲ အာ႐ုံမရပါေခ်။ သူသည္ မ်က္ေမွာင္သာၾကဳတ္၍ ေရွ႕တူရွု႔ထားၿပီး ဒဏ္ရာကို လက္ဖ်ားတို႔ျဖင့္ ဆက္ထိေနခဲ့​၏။ သူ႔ေၾကာင့္ ေသြးစက္ေတြလဲ စြန္းေပလာကာ လက္ေမာင္းမွာ အနီေရာင္လက္ေခ်ာင္းရာမ်ားျဖင့္ လႊမ္းကုန္ေတာ့သည္။

ခဏအၾကာ က်န္းကၽြယ္သည္ နာက်င္မွုအေၾကာင္း ေစာဒကမတတ္ေတာ့ပဲ ထိုင္ခုံမွာ တအီအီျပဳရင္း ျပန္လွဲခ်သြားသည္။

အရက္က ေခါင္းထဲေရာက္ေန၍ေပလား သူ႔ပါးျပင္ေတြမွာပူေႏြးလ်က္။ က်န္းကၽြယ္ဟာ ေသြးစြန္းေနေသာလက္ျဖင့္ သူ႔ပါးျပင္ေတြကို ေအးေအာင္ အုပ္ခ်င္ေနသည့္ႏွယ္ လက္က ထပ္ေျမႇာက္လာခဲ့​၏။

ခ်န္ေပၚေခ်ာင္မွာ ဒဏ္ရာပိုကြဲသြားမွာကို ကာကြယ္ရန္ သူ႔လက္ေကာက္ဝတ္ကို အျမန္လွမ္းဆြဲလိုက္ရသည္။

က်န္းကၽြယ္​၏ ဒဏ္ရာမွာ ေသြးထြက္ေနဆဲ။ ခ်န္ေပၚေခ်ာင္သည္ အေရွ႕ မနီးမေဝးမွာ ကုန္စုံဆိုင္တစ္ဆိုင္ကို ျမင္လိုက္သည္။တစ္ေယာက္တည္းေနခဲ့ပါက ပိုဆိုးတာေတြလုပ္ေနမည္ဆိုးရသျဖင့္ သူ က်န္းကၽြယ္​၏ လက္ကို ပစၥည္းခန္းထဲက ႀကိဳးႏွင့္ ခ်ည္ထားခဲ့ရ​၏။ထို႔ေနာက္ ကုန္စုံဆိုင္ကိုသြား၍ ဒဏ္ရာကုေပးရန္ လိုအပ္ေသာ ပစၥည္းမ်ားကို ဝယ္ခဲ့ရသည္။

ခ်န္ေပၚေခ်ာင္ကားသို႔ ျပန္ေရာက္လာခ်ိန္တြင္ က်န္းကၽြယ္က အိပ္ေပ်ာ္လုနီးပါးျဖစ္ေနေခ်ၿပီ။

က်န္းကၽြယ္သည္ ခါးကိုင္း၍ ေဘးတိုက္လွဲေန​၏။ သူ႔မ်က္လုံးေတြက ဖြင့္တစ္ဝက္ ပိတ္တစ္ဝက္ ျဖစ္ေနကာ မ်က္ေမွာင္ၾကဳတ္ထားၿပီး ခ်ည္ခံထားရေသာလက္မ်ားကို သာသာေလး႐ုန္းေနေသးသည္။သူသည္ အရပ္ရွည္၍ ပိန္ပါးကာ သြင္ျပင္ကခ်စ္စရာေကာင္းတယ္ဟူေသာ စကားႏွင့္ လားလားမွ မဆိုင္ပါ။ သို႔ေသာ္ ခ်န္ေပၚေခ်ာင္မွာ က်န္းကၽြယ္​သည္ ဤသို႔ေသာ လုပ္ရပ္ႏွင့္ အမူအရာတို႔ျဖင့္လဲ တစ္မ်ိဳးမျဖစ္ေနပဲ ခ်စ္ဖို႔မေကာင္းတာလဲ မဟုတ္ေနသလို ခံစားရ​၏။

ခ်န္ေပၚေခ်ာင္ ႀကိဳးကို အသာေလၽွာ့၍ ပိုးသတ္ဂြမ္းကို ျဖဲကာ က်န္းကၽြယ္ကို ပိုးသတ္ေပးလိုက္သည္။

ဂြမ္းက က်န္းကၽြယ္​၏ အေရျပားကို ထိလိုက္လၽွင္ သူ တြန႔္ခနဲ႔ျဖစ္သြားေသာ္လည္း မ႐ုန္းပါပဲ ခ်န္ေပၚေခ်ာင့္အား ဒဏ္ရာသန႔္ရွင္းခြင့္ေပးထားပါ​၏။

ခ်န္ေပၚေခ်ာင္ သူ႔ကို ပလတ္စတာေလးကပ္ေပးၿပီး လက္ႏွင့္လက္ေမာင္းရွိ ေသြးမ်ားကို တသၽွဴးစိုျဖင့္သုတ္ေပးလိုက္ကာ က်န္းကၽြယ္ကို ႀကိဳးျဖည္ေပးလိုက္ေတာ့သည္။

က်န္းကၽြယ္က မ်က္လုံးပိုပြင့္လာၿပီး ခ်န္ေပၚေခ်ာင့္ကို စိုက္ၾကည့္​၏။ ခ်န္ေပၚေခ်ာင္က ကားေမာင္းရပ္၍ သူ႔ကို စိတ္ရွည္လက္ရွည္ႏွင့္ ၾကည့္ေနလိုက္​၏။ အတန္ၾကာမွ က်န္းကၽြယ္က ဆိုသည္ : " ခ်န္ေပၚေခ်ာင္ "

ထို႔ေနာက္ က်န္းကၽြယ္ဟာ ဘာမွလဲ မလုပ္ေတာ့သလို ဘာမွလဲ မေျပာေတာ့ေပ။ သူသည္ မီတာဝက္ေလာက္အကြာအေဝးကန ခ်န္ေပၚေခ်ာင္အား မွင္သက္စြာသာၾကည့္ေနခဲ့​၏။ ခဏၾကည္ေနၿပီးမွ သူ မ်က္လုံးမွိတ္ၿပီး အိပ္ေပ်ာ္သြားေတာ့သည္။

႐ုတ္တရက္ ခ်န္ေပၚေခ်ာင္ဟာ ၿပီးခဲ့သည့္ရက္မ်ားမွာ သူ မလိုအပ္သည့္ကိစၥေတြ အမ်ားႀကီး လုပ္ခဲ့မိမွန္း သေဘာေပါက္လိုက္သည္။

သူသည္ သူ႔အေပၚ ခ်စ္ျမတ္နိုးေၾကာင္းျပသလာသည့္ လူတိုင္းအေပၚ သူ လုပ္ေနက်အတိုင္း က်န္းကၽြယ္ႏွင့္ ခပ္ခြာခြာေနခဲ့သင့္တာပင္။

သို႔ေပမယ့္ ယခု အလြန္ေနာက္က်ခဲ့ၿပီ။ သူဟာ သူ႔ကိုယ္သူ အမွန္ျပင္ဆင္နိုင္ရန္အခြင့္ေကာင္းႏွင့္ လြဲေခ်ာ္သြားၿပီျဖစ္​၏။

____________________________________________________________________

Continue Reading

You'll Also Like

2.9M 54.6K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
131K 5.9K 28
To protect and defend. That is her mission. ~~~~~ A young child was once trapped in the Abyss, fated to die until the princess protected her. Since t...
81.9K 9.4K 45
ယူတို့ရဲ့ ချိုးချန်နဲ့ ပိုင်လန်
827 84 15
A retired mob enforcer in the witness protection program is relocated to a suburban cul-de-sac where everyone's friendly and knows each other's names...