" Bad Husband" ( Complete)
De HlaingHlaing112
65.3K 7.4K 1.3K
ကျုပ်ကဆိုးတယ်လေ ခင်ဗျားမသိဘူးလား ? Mais
intro
🔥 1 🔥
🔥 2 🔥
🔥 3 🔥
🔥 4 🔥
🔥 5 🔥
🔥 6 🔥
🔥 7 🔥
🔥 8 🔥
🔥 9 🔥
🔥 10 🔥
🔥 11 🔥
🔥 12 🔥
🔥 13 🔥
🔥 14 🔥(18+)
🔥 15 🔥
🔥 16 🔥
🔥 17 🔥
🔥 18 🔥 (18+)
🔥 19 🔥
🔥 20 🔥
🔥 21 🔥
🔥22🔥
🔥 23 🔥
🔥 24 🔥
🔥 25 🔥
🔥 26 🔥
🔥 27 🔥
🔥 29 🔥
🔥 30 🔥
🔥 31 🔥
32
The End
🔥 28 🔥
1.7K 216 35
De HlaingHlaing112
၁၀နှစ်အရွယ်ဆိုတာ လူကြီးတွေလို အသိဉာဏ်တွေ ၀င်လာကစအရွယ်လို့ သူထင်သည်။ ပြီးတော့ ဒယ်ဒီက အလုပ်ထဲကိုခေါ်သွားတာကြောင့်လည်း ပါသည်။ မာမီကတော့ ထိုသို့မဟုတ် သူ့အတွက် အားရင် ဆော့ပေးတက်သည်။ အိမ်မှာလည်းအလုပ်သမားတွေက များတာမို့ ကင်မ်ထယ်ယောင်းအတွက်ဆော့စရာလူလည်း များသည်။ မင်ဟိုနဲ့က မာမီရဲ့ ဆွေမျိုးမကင်းတာကြောင့် ကျောင်းပိတ်ရက်တိုင်း လာကစားပေးရာမှ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည် ။ သူတို့အိမ်ထဲကို ခြံစောင့် ဦးလေးကြီး ဂန်ဒို၀န်ဆိုတဲ့ လူကြီး မ၀င်လာခင်အထိပေါ့ ။ တစ်နှစ်လောက်တော့ သူ့ရဲ့အမြီးထွက်မလာအောင်နေနိုင်ခဲ့ပေမဲ့ မာမီဘက်က ရိပ်မိလာပုံရခဲ့သည်။ ဂန်ဒို၀န်ဆိုတဲ့ လူကြီးကို အလုပ်ထုတ်လိုက်ပြီး မကြာခင်မှာပဲ အိမ်ထဲမှာတင် ကင်မ်ထယ်ယောင်းရော မာမီရောပါ ပြန်ပေးဆွဲခံလိုက်ရ‌လေသည်။ ထိုအဖြစ်အပျက်ကြားမှာပဲ မာမီက သေဆုံးခဲ့တာ ။
ဒယ်ဒီကတော့ အချိန်မှီမရောက်နိုင်သလို ၊ကယ်မဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ ။ မာမီရဲ့ သေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ရလိုက်ပြီးတဲ့နောက်ပိုင်းမှာ အရင်ကနဲ့မတူတော့ပဲ အိမ်မှာပဲ အလုပ်သမားတွေကို မထားတော့တာဖြစ်သည်။ ဒီကိစ္စပြီးတော့ လုံး၀ပြောင်းလဲသွားသူက ကင်မ်ထယ်ယောင်းပင်ဖြစ်သည် ။ ကြောက်လန့်နေတာမျိုးမဟုတ်ပဲ ‌ကိုယ်တိုင်ကြောက်လန့်စရာ လူဖြစ်သွားတာ ။ အညှာအတာလည်း ကင်းမဲ့သလို ၊ စိတ်ကလည်း ကြမ်းတမ်းသွားလေသည် ။
" ငယ်ငယ်လေး ရှိသေးတာပဲ "
ကင်မ်ထယ်ယောင်းက သူ့မာမီဆုံးသွားကြောင်းကို ပြောပြတော့ သူစိတ်မကောင်းဖြစ်သွားသည်။ မိခင်က ကိုယ့်အရှေ့မှာ သေဆုံးသွားတာကို မြင်ရတော့ စိတ်ဒဏ်ရာ ဘယ်လောက်တောင် ရလိမ့်မလဲ ? ။
ကင်မ်ထယ်ယောင်းလက်မောင်းပေါ်ကနေ အုံးထားတဲ့ သူ့ခေါင်းကိုမော့ပြီး ကင်မ်ထယ်ယောင်းမျက်နှာကို ကြည့်လိုက်လေသည် ။ ကင်မ်ထယ်ယောင်းက သူ့ကို ငုံ့ကြည့်ရင်း
" မသိဘူး ၊ မှတ်ဉာဏ်တစ်ချို့က ပျောက်သွားလို့ "
" ဟင့် .."
" ကိုယ်တိုင်ပဲ သတ်လိုက်မိတာလား မာမီကို "
"...."
" တစ်၀က်တစ်ပျက်မှတ်ဉာဏ်တွေက သွေးအိုင်ရှေ့မှာ လဲကျနေတဲ့မာမီရဲ့ရှေ့မှာ ကျုပ်သေနတ်ကိုင်ထားတာပဲ .."
ဂျီမင်ဘာစကားပြောရမှန်းမသိလောက်အောင် ဖြစ်သွားလေသည်။ ပြီးတော့ သူ့ခေါင်းကို အနောက်အနည်းငယ် ဆုတ်လိုက်မိသည် ။
" ခင်ဗျားရော ထင်တယ်မလား ?"
" ...."
" ကျုပ်လည်း ထင်တယ် ၊ ကျုပ်ပဲ သတ်လိုက်မိတာလား ...ဒါမှမဟုတ် တစ်ခုခုလား ?"
" မင်းရဲ့မာမီကို မင်းမုန်းလို့လား ?"
" အချစ်ဆုံး "
" မင်းဒယ်ဒီရော မမေးဘူးလား ?"
" ဒယ်ဒီက ပြန်ပေးဆွဲသမားတွေ ပစ်လိုက်တာတဲ့ "
" ဟုတ်မှာပါ ၊ မင်းအတွေးများနေတာ နေမှာ "
" အဟင့် ..."
ကင်မ်ထယ်ယောင်းက လူသတ်တယ်ဆိုတာက ဖြစ်နိုင်လို့လား ? ။ ကျောင်းက ရန်ပွဲတွေကို ကြည့်ရင် ကင်မ်ထယ်ယောင်းရန်ပွဲဖြစ်သမျှလူတွေသည် မသေယုံတမယ် ကျန်ခဲ့လေသည် ။ ကလေးတစ်ယောက်ရဲ့ အမှားလား ? ။
သူဒီလိုမတွေးသင့်ဘူး ထင်ပေမဲ့ သူ့ဦးနှောက်က အလိုအလျှောက်ပဲ တွေးနေမိလေသည် ။ဒီလူက သူ့အပေါ်မှာရော ကိုယ်ထိလက်ရောက် ကျုးလွန်းမိတာလည်း အခုချိန်ထိ မရှိခဲ့ပါ။ ဒါကြောင့် သူ့ဘက်က ပြောရခက်သည်။
" ခင်ဗျားလည်း ကျုပ်လုပ်လိုက်တယ်လို့ ထင်နေတယ်မလား ?"
" ဟင့် ..!!"
သူ့မျက်လုံးကို အကြာကြီးစိုက်ကြည့်ကာ ပြောပြီး ကုတင်ပေါ်ကနေ ထသွားလေသည်။
" ကျုပ်ရဲ့မှတ်ဉာဏ်တွေ အဲ့အချိန်ကပဲ တစ်ပိုင်းတစ်စပျက်နေခဲ့တာ ."
" ငါယုံပါတယ် ...ငါယုံတယ် မင်းမလုပ်ခဲ့ဘူးဆိုတာ "
" အဟင့် ..."
" မျက်လုံးတွေကတော့ အဲ့လိုမဟုတ်ဘူး "
ဆေးလိပ်ဘူးကို သောက်ယူပြီး ဆေးလိပ်ကိုမီးညှိလိုက်သည်။ ဂျီမင်ကတော့ ကုတင်ပေါ်မှာ ထထိုင်လိုက်ပြီး
" ငါ့ကို ဒီအိမ်ရောက်မှ တွေ့ဖူးတာမဟုတ်ရင် ဘယ်တုန်းကလဲ ?"
Bathrobe ကို ကောက်၀တ်ပြီး အခန်းပြင်ကို ထွက်သွားလေသည်။ အမေးရှိပြီး အဖြေမရှိတဲ့လူကြောင့် ဘာမှမတက်နိုင်ပဲ အခန်းထဲမှာ ကျန်ခဲ့လေသည်။
ကင်မ်ထယ်ယောင်းက အမေကို ချစ်ပေမဲ့ အမေနဲ့ ပတ်သက်လာရင် သိပ်မပြောတာ ဒီကိစ္စရှိနေလို့လား ? ။ အန်ကယ့်ကိုမေးရင်ရော သူသိနိုင်မလား ? ။ မင်ဟိုလည်း သိလောက်မှာပဲ ။ ဒူနာက တစ်ခါပြောဖူးတယ် ကင်မ်ထယ်ယောင်းရဲ့အမေအကြောင်းကို သိချင်ရင် ကင်မ်ထယ်ယောင်းပြောတာကိုပဲ နားထောင်ပါတဲ့ ။
....
" အဖေနေမကောင်းဘူး ဆေးရုံတင်ထားရတယ် ၊ ငါသွားတွေ့ချင်တယ် "
" ဘယ်ဆေးရုံလဲ ?"
အလုပ်မှာ ရှိနေတုန်း အမေက ဖုန်းဆက်ပြီး သူ့အဖေအရေးပေါ်ဆေးရုံတင်လိုက်ရကြောင်း ဖုန်းဆက်လာတော့ ကင်မ်ထယ်ယောင်းကို ပြောရလေသည် ။
" ဒီမှာပဲ .."
" ဒါရိုက်ဘာနဲ့သွား .."
" အင်း .."
ကင်မ်ထယ်ယောင်းကို ပြောပြီးတာနဲ့ ဂျီမင်ချက်ချင်းထွက်လာခဲ့လိုက်လေသည် ။ ကင်မ်ထယ်ယောင်းမလိုက်ဘူး ဆိုတာကိုလည်း ကြိုသိနေလို့ ဂျီမင်မခေါ်တော့ပေ ။
ဂျီမင်ထွက်သွားတော့ ကင်မ်ထယ်ယောင်းနံပါတ်တစ်ခုကိုဖုန်းဆက်ရင်း
" ငါ့အိမ်ကလူနောက် လိုက်သွားပေး ..သူ့အဖေ ဆေးရုံတက်နရတယ်တဲ့ လိုအပ်ရင် ကူညီပေးလိုက် လိုသလောက် "
လိုက်သွားချင်တဲ့ စိတ်ဆန္ဒတော့ ရှိမနေပါ ။ ဘာလို့ဆို သူတကယ်မတွေ့ချင်ပေ ။
....
" ဘယ်လိုဖြစ်တာလဲ အဖေက "
အမေက အဖေ့ကိုမုန်းပေမဲ့လည်း ဆေးရုံတော့ စောင့်ပေးရှာသည် ။ စကားပြောဆို‌တာတွေတော့ မလုပ်ပေ ။
" နှလုံးရောဂါက ပြန်ထတာ "
ကုတင်ထက်က အဖေ့ကိုကြည့်လိုက်တော့ သက်သာလာပြီ ထင်ပါရက် ဘာမှမဖြစ်သလိုပဲ မျက်နှာလေးက ရွှင်ပြနေလေသည် ။
" ကျေးဇူးပဲ အမေ ..အမေပင်ပန်းနေမှာပဲ "
" မလိုဘူး ..မင်းအဖေကိုသာ ဂရုစိုက်လိုက် "
" ဟုတ်ကဲ့ "
အမေနဲ့ စကားပြောပြီး အဖေ့နားကိုသွားကာ လက်ဖဝါးကို ကိုင်လိုက်ပြီး
" ဘယ်လိုနေသေးလဲ အဖေ "
" သက်သာသွားပါပြီ ၊ သားကို အလုပ်ရှုပ်စေပြီး "
" မဟုတ်တာ .. အဖေက အရေးကြီးဆုံးပဲကို "
" ကောင်းသွားပြီးသား ..စိတ်မပူနဲ့တော့ ၊ ကင်မ်ထယ်ယောင်းနဲ့နေရတာရော အဆင်ပြေလား ?"
" ပြေပါတယ် ၊ အဖေ့ကျန်းမာရေးပဲ ဂရုစိုက်ပါ "
" အဖေပိုက်ဆံစုနေတယ်သိလား ..သားကို ကင်မ်ထယ်ယောင်းဆီကနေ ပြန်ခေါ်မလို့ "
" ဟင့် ..!!"
" သားမပျော်ဘူးမလား ..ပြီးတော့ ဒါက သားလိုချင်တဲ့ ဘ၀လည်း မဟုတ်ဘူးလေ "
"အဖေပဲ လဲခဲ့တာမဟုတ်လား ?"
" ..."
" အခုကျမှ ကွာရှင်းခိုင်းတာလား ..အဖေ့စိတ်ထင် ဒီအတိုင်းပြောလိုက်လို့ ကင်မ်ထယ်ယောင်း ကွာရှင်းပေးမယ်ထင်နေတာလား ? "
" ကွာရှင်းရအောင် အဖေပြောမှာ "
" ..."
" သားကိုကွာရှင်းပေးဖို့ ကင်မ်ထယ်ယောင်းကိုပြောနိုင်တဲ့နည်းရှိတယ် "
" ဘာလဲ ..အဖေဘာ‌တွေလုပ်မလို့လဲ?"
ကွာရှင်းဖို့ကိစ္စကို ဘာလို့အသည်းအသန်ပြောနေရတာလဲ ? ။ကင်မ်ထယ်ယောင်းရဲ့ ဘာကိစ္စကို အဖေက ဘာကိုသိတာလဲ ? ။
" သားပြန်နားတော့လေ .. အဖေလည်း သက်သာနေပြီ "
" ဒီတစ်ခေါက် ဆုံးဖြတ်ချက်ကို သားကိုယ်တိုင်ပဲချမယ်အဖေ ...ဒီတစ်ခေါက် သားကိုယ်တိုင်ပဲ ရွေးချယ်မှာ "
" သား ..."
" သားအသက်နှစ်ဆယ်ကျော်ပြီး ဒီလောက်ပဲ အဖေ၀င်ပါ ပါတော့ "
ဂျီမင် ခေါင်းရူပ်သွားလေသည် ။ အဖေနဲ့ ကင်မ်ထယ်ယောင်းကြားမှာ သူကတကယ်ကို ကြားညှပ်သည် ။ ကင်မ်ထယ်ယောင်းကလည်းအ‌ဖေ့ကို မုန်းသလို ၊အဖေကလည်း ကင်မ်ထယ်ယောင်းကို ငွေကြေးတစ်ခုအတွက်သာ ဆက်ဆံနေရပြီး သဘောကျတဲ့ပုံလည်းမရှိပေ။ သူကတော့ သူ့ဘ၀ကို အခုကစပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ဆုံးဖြတ်ပေးတာကို ငြိမ်ခံနေတော့မှာ မဟုတ်တော့ပေ။
သားထွက်သွားတော့မှာ ဖုန်းကို ယူလိုက်သည်။ ဖုန်းခေါ်ရင်း တစ်ဖက်က ကိုင်တော့
" မင်းပိုက်ဆံကို ဘယ်တော့လွှဲမှာလဲ ..?"
"...."
" ကင်မ်ထယ်ယောင်းက ငါ့ဆီကိုလာမှာပါ ၊ မပူနဲ့ ငါ့သားနဲ့ ကွာရှင်းပေးလိုက်ရင် ရပြီးမလား ?"
" ....."
" ကောင်းပြီ ပိုက်ဆံသာလွှဲလိုက် "
လီယွန်းဝူ ဖုန်းကိုချလိုက်သည် ။ လုပ်ငန်းက မစရသေးဘူး ပိုက်ဆံက အရင်တောင်းနေပြီ ။ စိတ်ပျက်စရာ ။ ဒါကြောင့်မို့လည်း သားကို ရောင်းစားနိုင်တာ ။
" ဘာတဲ့လဲ ?"
ဘေးနားက ဆောဂျွန်အွန်းက သူ့ကိုကြည့်ကာ မေးသည် ။ သတင်းပေးတယ်ဆိုပြီး သူ့ခန္ဓာကိုယ်ကို လာလာယူနေတဲ့ ဆောဂျွန်အွန်းကိုလည်း သူရွံရှာလှပြီ။
" ပိုက်ဆံအရင်လွှဲပေးတဲ့ "
" တစ်၀က်အရင်လွှဲပေးလိုက်ပေါ့ ၊ ကင်မ်ထယ်ယောင်းကို မင်းပိုင်ရင် ဒီပိုက်ဆံလောက်က အမှုန်အမွှားပဲ "
" ခင်ဗျားပြောစရာမလိုဘူး ကျွန်တော်သိတယ် "
စိတ်ပေါက်ပေါက်နဲ့ ဆောဂျွန်အွန်းကို လီယွန်းဝူပြန်အော်လိုက်သည် ။ ထိုအခါ ဆောဂျွန်အွန်းက မျက်နှာတည်သွားကာ လီယွန်းဝူရဲ့ လက်မောင်းနှစ်ဖက်ကို ခပ်ကြမ်းကြမ်း လာကိုင်ပြီး
" လီယွန်းဝူ .... မင်းကငါ့ဆီက အကူအညီလာယူတဲ့လူ ..ငါကမင်းဆီက အကူအညီလာယူတာမဟုတ်ဘူး ၊ လေသံကို လျှော့လိုက် "
လက်မောင်းနှစ်ဖက် ခပ်ကြမ်းကြမ်းဖိညှစ်ကာ လှုပ်ရမ်းလိုက်သည် ။ ထိုအတွက်ကြောင့် လီယွန်းဝူ နာသွားလေသည် ။ ဆောဂျွန်အွန်းက လက်ပါတက်သူမို့ သူ့ကိုတကယ်လုပ်မှာလည်း စိုးရသည် ။ ဆောဂျွန်အွန်းကို ပျောက်အောင်လုပ်ဖို့ပါ သူတွေးရတော့မည် ။
" ကဲ ..ကိုယ်တို့လုပ်ငန်းစကြမလား ?"
...
" မင်းလာတွေ့မယ်ဆိုတာ အန်ကယ်သိသားပဲ "
" ဆိုတော့ .."
ဆေးရုံက သူ့ခြေထောက်နဲ့သူ လာချင်၍ မဟုတ်ပါ။ မကောင်းတက်လို့သာ လာခဲ့ရသည်ဖြစ်သည် ။ ဒီလူရဲ့မျက်နှာကို နည်းနည်းလေးမှ ကြည့်ချင်တာ မဟုတ်ပါ ။ ကင်မ်ထယ်ယောင်းဘေးနားမှာ မင်ဟိုပါ ၀င်ထိုင်လေသည်။
" ငါ့သားနဲ့ မင်းကွာရှင်းပေးပါ ၊ မင်းပေးထားတဲ့ပိုက်ဆံတွေ ပြန်ပေးမယ် "
" အဟွန့် ...လွယ်လှချည်လား..
လီယွန်းဝူက ဘယ်လာက်တောင် ပေးထားလို့လဲ ?"
" ...."
" အဲ့လောက်မလွယ်ဘူးလေ ...ကျုပ်ဆီကနေ ခင်ဗျားသားကို ပြန်လိုချင်ရင် ခင်ဗျားထောင်ထဲမှာပဲ နောက်ဆုံးထွက်သက်အထိ နေရမယ်ဆိုတာကို မသိဘူးလား ?"
" လောင်းကစားမှုက ဘယ်လောက်လဲဆိုတာငါသိတယ် "
" အန်ကယ်လည်းမသိဘူးမလား ကျုပ်ဘယ် လောက်ထိ လုပ်နိုင်လဲဆိုတာကို"
" ချိန်းခြောက်တာလား ...မင်းလို လူသတ်သမားရဲ့လက်ထဲမှာ ငါ့သားကို ကြာကြာထားနိုင်မယ်ထင်နေတာလား ?"
" ဘာ..!!"
" အန်ကယ် ဘာစကားပြောတာလဲ ?"
မင်ဟိုထပြောတော့ ကင်မ်ထယ်ယောင်းတားလိုက်သည်။ ကုတင်ပေါ်မှာ ကုတင်ရင်းကိုမှီကာ စကားပြောတဲ့ဂျီမင်ရဲ့အဖေကတော့ အောင်နိုင်သူပမာပုံနဲ့ စကားပြောနေလေသည် ။
" ကိုယ့်အမေတောင် ကိုယ်သတ်ရဲတဲ့လူရဲ့လက်ထဲမှာ ငါ့သားကို ကြာကြာထားနိုင်မယ်ထင်နေလား ?"
" ...."
" အန်ကယ် မဟုတ်တာတွေ မပြောပါနဲ့ "
မင်ဟိုမခံနိုင်ပါ ။ ဒါက ကင်မ်ထယ်ယောင်းရဲ့ အိမ်မက်ဆိုးတစ်ခုပေ ။ အချိန်တိုင်း ခြောက်လှန့်နေခဲ့တာ ။ ငြိမ်သက်နေတဲ့ ကင်မ်ထယ်ယောင်းက ဒီကိစ္စကို မငြင်းဆန်နိုင်သည်မှာ မှတ်ဉာဏ်တစ်ချို့ပျောက်နေလို့ပင်ဖြစ်သည် ။
" အဲ့တုန်းက မင်းတို့အိမ်ရှေ့ကို ငါရှိနေခဲ့တယ် ၊ အလုပ်အတွက် လာရင်းပေါ့ ၊ အဲ့တုန်းက လူတစ်ချို့နဲ့ မင်းနဲ့ကို ငါတန်းမြင်နေတာလေ ၊ မင်းက သေနတ်ကို ကျစ်နေအောင် ကိုင်ထားတာ "
ကင်မ်ထယ်ယောင်း လက်တုန်သွားသည် ။ သူကိုယ်တိုင်လည်း မှတ်မိတဲ့ မှတ်ဉာဏ်တွေထဲမှာ သေနတ်ကိုင်ထားသူက သူဖြစ်ပြီး သူ့ရှေ့က သွေးအိုင်မှာ လဲကျနေတဲ့လူက သူ့ရဲ့မာမီဖြစ်လေသည် ။
" အဲ့တာကြောင့်မို့ ခင်ဗျားကိုပါ သတ်နိုင်တယ်ဆိုတာ မမေ့နဲ့ "
ကင်မ်ထယ်ယောင်းက အားနည်းချက်ကနေ အားသာချက်အဖြစ်ပြောင်းကာ စကားကိုအနိုင်လုလိုက်သည် ။
" ကျုပ်ကို လာထိရင် ခင်ဗျားရော အဲ့လိုဇာတ်သိမ်းမလား ..ဒါမှမဟုတ် ..နောက်တစ်ရက်တောင် မကူးပဲ ဘ၀ကူးချင်လား ..ရွေးလိုက် "
" င့ါသား .."
" ငါ့သားဆိုတဲ့စကားမပြောနဲ့ ခင်ဗျားက အဖေတစ်ယောက်မဟုတ်ဘူး ၊ ပိုက်ဆံရရင် သားကိုတောင် ရတဲ့လူ လက်ထဲ ထိုးထည့်ပစ်တက်တဲ့ ခွေးလိုစိတ်ဓာတ်မျိုးပဲ "
ထိုင်နေရာမှာ ထလိုက်ပြီး နားနားကို ကပ်သွားလိုက်ပြီး
" လူသတ်တာနဲ့ လူဖျောက်တာက ကျုပ်အတွက်အလွယ်ဆုံးပဲ ၊ ခင်ဗျားဘာရွေးချင်လဲ ?"
" ...."
" ကျုပ်ကို လာမကစားနဲ့ ..ခင်ဗျားပျောက်သွားလိမ့်မယ်၊ ခင်ဗျားရဲ့သားကို တစ်သက်လုံးမတွေ့ရပဲ‌နဲ့ပေါ့ "
ထိုလောက်သာပြောပြီး ကင်မ်ထယ်ယောင်းထထွက်လာခဲ့တော့ မင်ဟိုနောက်ကနေ မလိုက်သွားသေးပဲ ဂျီမင်အဖေနဲ့ မျက်နှာချင်းဆိုင်ကာ
" မဟုတ်တဲ့အကြောင်းကို အဟုတ်လုပ်ပြီးပြောနေလည်း အမှန်ဖြစ်မလားဘူးဆိုတာအန်ကယ်သိမှာပါ ၊ အန်ကယ့်ကို ဘာဖြစ်ဖြစ် ခွင့်လွှတ်ပေးပြီး ၊ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်လာရင် မသိချင်ယောင်ဆောင်ပေးပြီး လွှတ်ထားပေးတက်တဲ့ အန်ကယ်ကင်မ်ဟိုယောင်းရဲ့ မျက်နှာကိုထောက်ပြီး အန်ကယ် အသိဉာဏ်လေး ၀င်ပါစေ "
လူငယ်တွေဆီက အပြောခံလိုက်ရတာမို့ မကျေနပ်ပေမဲ့ ကင်မ်ထယ်ယောင်းရဲ့ ချိန်းခြောက်မှုက သူ့ကို လန့်စေသည် ။ ကင်မ်ထယ်ယောင်းစိတ်ဆုံးဖြတ်လိုက်ရင် အရာအားလုံးက တကယ်ဖြစ်လာနိုင်တယ်ဆိုတာကို သူ‌သေချာသိသည်။ ။
......
" အဖေ ဆေးရုံမဆင်းမချင်း ငါဆေးရုံကို ခဏခဏသွားမယ် "
" အင်း ..."
သူပြောတာကို မကြည့်ပဲ ၀ရန်တာမှာ ထွက်ရပ်နေသူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရင်း
" မင်းရဲ့အတိတ်အကြောင်းမှာ မင်းမာမီနဲ့ မဟုတ်ပဲ အခြားလူတွေနဲ့ရော ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ဖူးလား ?"
ဂျီမင်ရဲ့အမေးကြောင့် ၀ရန်တာမှာ ဆေးလိပ်သောက်နေတဲ့ ကင်မ်ထယ်ယောင်းသည် သူ့ဘက်ကို လှည့်ကြည့်သည်။ သူမေးတဲ့ မေးခွန်းကို မကြိုက်ကြောင်းကို မျက်နှာက ပြနေလေသည်။ ကင်မ်ထယ်ယောင်းလို လူမျိုးကို ယုံကြည့်ဖို့အတွက်ဆိုတာ သူ့အတွက်လည်း ခက်ခဲတယ် ။ သူနဲ့ အတူရှိနေစဉ်အတွင်းက အရှုပ်အရှင်း ကင်မ်ထယ်ယောင်းဘက်က ကင်းတယ်ဆိုပေမဲ့ အတိတ်က ပြသာနာတွေကို သူမသိဘူး ။ သူသံသယ ရှင်းချင်တယ် ။ ဒီလူ့အပေါ်မှာ သံသယကင်းစွာနဲ့ ယုံကြည်လိုက်ချင်တယ် ။
" ဘာကို သိချင်တာလဲ ?"
သူ့ခြေလှမ်းတွေ ရှေ့ဆက်တိုးကာ ၀ရန်တာဘက်ကို လျှောက်သွားလေသည် ။
" ငါတို့နစ်ယောက်ကြားမှာ ပွင့်လင်းဖို့ "
" ဘာအနေအထားမို့လဲ ?"
" ဘာ ...!!"
မယုံကြည်တဲ့လူက ပွင့်လင်းဖို့ဆိုတဲ့ စကားကိုပြောနေတော့ သူမယုံနိုင်ပေ။ ယုံကြည်ရမဲ့လူထင်လို့ ဖွင့်ပြောခဲ့ပြီး သူ့ဘက်က ရှေ့လှမ်းတစ်လှမ်းတိုးခဲ့ပေမဲ့ သံသယမျက်လုံးတွေနဲ့ သံသယစကားတွေနဲ့သာ ရင်ဆိုင်လိုက်ရသည် ။ ဘယ်သူ့ကိုမှ မယုံကြည်ခဲ့တဲ့သူက ဒီတစ်ခါမှာလည်း လူရွေးတာ မှားသွားပြန်သည် ။ ယုံကြည်ရတဲ့လူ‌ဆိုတာ သူ့အတွက်မရှိဘူးပဲ ။
အနေအထား ....။ လက်ထပ်ထားကြတဲ့အနေအထားတစ်ခုကို
"ဘာအနေအထားမို့လဲ "တဲ့။
" ကျုပ်ဘက်ကနည်းနည်းလောက် လျှော့ပေးလိုက်တာနဲ့ ခင်ဗျားစည်းကျော်လာဖို့ မစဉ်းစားနဲ့ "
" စည်းကျော်တယ် ..လက်ထပ်ထားတဲ့ လူနှစ်ယောက်ကြားမှာ ဘယ်လိုအနေအထားက စည်းရှိပြီး ဘယ်လိုအနေအထားက စည်းမရှိတာလဲ . .. မင်းကို ယုံကြည်ပေးချင်လို့ "
" ခင်ဗျား မယုံဘူး ၊ အခုမှ မဟုတ်ဘူး ၊ ပြီးတော့ လက်ထပ်ထားတယ်ဆိုတာကို သိပ်မပြောနဲ့ ၊ ရှင်းရှင်းပြောရရင် ခင်ဗျားကို ၀ယ်ထားတာပဲ "
" ဪ ..."
နောက်ဆုံးတော့ ပိုက်ဆံကြောင့်ဆိုပြီးပဲ တွေးနေခဲ့တာပဲ ။ သူကတော့ မဟုတ်ဘူးပြောလိုက်လို့ နှလုံးသားတံခါးကို ဖွင့်ပေးမလို့ထိ လုပ်နေတုန်းမှာပဲ ဒီနေ့ညတော့ အရာအားလုံး ပျက်ဆီးသွားပြီ။
လန့်သွားတဲ့ မျက်လုံးတွေနဲ့ မယုံနိင်တဲ့ မျက်လုံးတွေနဲ့ သူ့အားလာကြည့်တဲ့လူကြာင့် စကားမှားသွားပြီးဆိုတာကို သူသိလိုက်သည်။
" ကျစ် ..."
၀ရန်တာကနေ အခန်းထဲသို့ ပြန်၀င်လာလေသည် ။ ပြီးတော့ စာပွဲပေါ်က ပန်းအိုးကို ခြေထောက်ဖြင့် ကန်လိုက်တော့ ကျကွဲသွားလေသည် ။
" ကောင်းပြီး မင်းငါ့ကို၀ယ်ထားတာပဲ ၊ ငါမင်းကို ဘာမှ ပြောပိုင်ခွင့်မရှိသလို ၊ မေးပိုင်ခွင့်လည်း မရှိဘူး ၊ ကောင်းပြီး အခုကစပြီး ငါ့ခြေထောက်တွေ ငါ့နှလုံးသား မင်းဘက်ကို စည်းကျော်မိရင် ပြန်ရုတ်သိမ်းတယ် "
" ဘာ .."
" မင်းနဲ့ပတ်သက်လာရင် ဘာမှမပြောဘူး ၊ အခုလည်းမပြောဘူး ၊ နောင်လည်းမပြောဘူး ၊ သေရင်လည်း မပြောဘူး "
" ဟေး .."
မျက်ရည်ကျလာတဲ့လူဆီကို သူသွားဖို့ ခြေလှမ်းလှမ်း လိုက်ပေမဲ့ ဖုန်းက ထမြည်တာကြောင့် ဖုန်းကိုကြည့်လိုက်သည်။ သူ့ဖုန်းတော့ မဟုတ်ပေ ။ သူ့အိမ်ကလူရဲ့ ဖုန်းဖြစ်ပြီး ခေါ်တဲ့လူမှာ အဖေဆိုတာကြာင့် ဖုန်းကို ကောက်ယူလိုက်သည် ။ ဂျီမင်ကလည်း ဒီဖုန်းသံက အဖေ့ရဲ့ဖုန်းသံမှန်းသိလို့ လာယူမလို လုပ်တော့
" ပေး ငါ့ဖုန်း .."
ဖုန်းကို အတင်းလာတောင်းနေပြီး တစ်ဖက်ကလူနဲ့လည်း ဒီနေ့ပေးပြောစေချင်စိတ်မရှိပါ ။
" မကိုင်နဲ့ "
" ငါ့ဖုန်း ..ငါ့ပိုက်ဆံနဲ့ ၀ယ်ထားတာ "
" ကျုပ်မပေးပြောဘူး ၊ အဲ့ကပြန်လာတိုင်း .."
" ဘာဖြစ်လဲ ?"
သူ့ဆီကနေ အတင်းကို လိုက်လုနေတာကြောင့်ဖုန်းကို နံရံဆီသို့ ပစ်ပေါက်လိုက်သည်။
ခလွမ် ...။
" ခင်ဗျားအဖေသေသွားရင် သိပ်ကောင်းမယ် "
" ဘာ ..."
ကင်မ်ထယ်ယောင်းပြောတဲ့စကားကို အမှုမဲ့ အမှတ်မဲ့ကို လုပ်လိုက်ပြီး ဖုန်းကို သွားကောက်မိလေသည်။ ဖုန်းတစ်ခုလုံးက ပစ်ပေါက်လိုက်တဲ့ အားမနည်းတာကြောင့် တစ်လုံးလုံး ကြေမွသွား‌လေသည် ။ ထိုနောက် စူးစူးရဲရဲမျက်လုံးများဖြင့် ကင်မ်ထယ်ယောင်းရဲ့ မျက်နှာကို ကြည့်လိုက်ပြီး
" မင်း လူမဟုတ်ဘူး .. "
ကင်မ်ထယ်ယောင်းက သူပြောတာကို အရေးမစိုက်သလိုနဲ့ အခန်းပြင်ကို ထွက်သွားပြီး တံခါးပြန်ပိတ်သွားတဲ့အသံက ကျယ်လောင်လွန်းလေသည်။
ညနက်တဲ့အထိ မကပဲ မနက်မိုးလင်းတဲ့အထိ ခြံထဲမှာပဲ ကင်မ်ထယ်ယောင်းနေမိလေသည်။ ခြံပြင်ကာ ကားဟွန်းသံကြောင့် နိုးသွားလေသည်။ အခြားလူတော့မဟုတ် မင်ဟိုဖြစ်နေလေသည် ။ သူ့ဆီကို မင်ဟိုလျှောက်လာရင်း
" စောစောစီးစီး "
" ညကဖုန်းခေါ်နေတာ ဘာလို့မကိုင်လဲ နှစ်ယောက်လုံး "
" တစ်လုံးက ရိုက်ခွဲလိုက်တယ် ၊ တစ်လုံးက စက်ပိတ်ထားတယ် ၊ ကျန်တဲ့ဟာတွေက ကားပေါ်မှာ "
" သေစမ်း ညကပဲ ဂျီမင်အဖေ ဆုံးသွားတာ နှလုံးထဖောက်ပြီး "
" ဘာ ..."
ကင်မ်ထယ်ယောင်း မယုံနိုင်အောင် ဖြစ်ရလေသည် ။ မနေ့က အကောင်းကြီးရှိတဲ့လူက ညက ဆုံးသွားတာတဲ့ ။
Zawgyi
" ငယ်ငယ်လေး ရှိသေးတာပဲ "
" ဟင့် .."
"...."
" ...."
" အချစ်ဆုံး "
" အဟင့် ..."
" ဟင့် ..!!"
" အဟင့် ..."
....
" ဘယ်ဆေးရုံလဲ ?"
" ဒီမှာပဲ .."
" ဒါရိုက်ဘာနဲ့သွား .."
" အင်း .."
....
" ဘယ်လိုဖြစ်တာလဲ အဖေက "
" နှလုံးရောဂါက ပြန်ထတာ "
" ဟုတ်ကဲ့ "
" ဘယ်လိုနေသေးလဲ အဖေ "
" ဟင့် ..!!"
" ..."
" ..."
" သား ..."
"...."
" ....."
" ဘာတဲ့လဲ ?"
...
" ဆိုတော့ .."
" အဟွန့် ...လွယ်လှချည်လား..
" ...."
" ဘာ..!!"
" ...."
" င့ါသား .."
" ...."
......
" အင်း ..."
" ဘာကို သိချင်တာလဲ ?"
" ဘာအနေအထားမို့လဲ ?"
" ဘာ ...!!"
"ဘာအနေအထားမို့လဲ "တဲ့။
" ဪ ..."
" ကျစ် ..."
" ဘာ .."
" ဟေး .."
" ပေး ငါ့ဖုန်း .."
" မကိုင်နဲ့ "
" ဘာဖြစ်လဲ ?"
ခလွမ် ...။
" ဘာ ..."
" မင်း လူမဟုတ်ဘူး .. "
" စောစောစီးစီး "
" ဘာ ..."
Continue lendo
Você também vai gostar
6.1M 98.9K 104
>「𝘸𝘦𝘭𝘤𝘰𝘮𝘦 𝘣𝘢𝘤𝘬 𝘵𝘰 𝘵𝘩𝘦 𝘛𝘢𝘪𝘴𝘩𝘰 𝘌𝘳𝘢 𝘺𝘰𝘶 𝘸𝘦𝘳𝘦 𝘮𝘪𝘴𝘴𝘦𝘥 」 𝐒𝐋𝐀𝐘𝐄𝐑 𝐕𝐄𝐑. Demon Slayer belongs to Koyoh...
74.5K 3.3K 19
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
74.9K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
109K 3.3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season