🌹🌹ပန်တော်မူ🌹🌹(Completed)
By yoonshweyeethoon
134K 5.4K 125
သနားစရာကောင်းp ရွာရဲ့အပယ်ခံ ဒွိလိင် ကောင်လေး တစ်ယောက်နဲ့ မိဘတေမရှိတော့လို့သူငယ်ချင်းနေတဲ့ရွာကိုလိုက်လာတဲ့ ဆရ... More
ပန်တော်မူ အပိုင်း(1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အသိပေးချက်
အပိုင်း(5)
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
အပိုင်း(12)
sorry
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
အပိုင်း(17)
အပိုင်း(18)
အပိုင်း(19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
တောင်းပန်ခြင်း
အပိုင်း(23)
အပိုင်း(25)
အပိုင်း(26) final
ကျေးဇူးတင်လွှာ
Promotion
Extra
Nèw fic
ရှင်းတမ်းလေးပါ
Thingyan...Present!!!
Present II
အပိုင်း(24)
3.2K 130 0
By yoonshweyeethoon
သီတင်းကျွတ် လပြည့်နေ့ဆိုတော့ မနက်ထဲက အစောကြီး ထ ဘုရားပန်းလဲ သောက်တော်ရေကပ် ဆွမ်းကပ် ဆီမီးပူဇော်ပြီး ငါးပါးသီလ ခံယူထားသည်။.ပထမတော့ ပန်တစ်ယောက်ထဲ ပူဇော်ပေမဲ့ မောင်ရောသားသားရောပါနိုးလာတော့သူ့တို့ပါတခါထဲဝင်ပြီး ငါးအားသီလခံယူသည်။.သားသားက ငယ်သေးတော့ ဘုရားရှိခိုးတာလောက်ပဲလုပ်ခိုင်းသည်။.ကလေးဆိုတော့ ငါးပါးသီလယူပြီး မစောင့်ထိန်းနိုင်ရင် ငရဲ ကြီးမှာဆိုးသောကြောင့် ဖြစ်သည်။ လပြည့်နေ့ဆိုတော့ ဆိုင်လဲ ပိတ်ထားသည်။.ကလေးတွေကိုတော့ဘမနေ့ထဲက သိတင်းကျွတ်မုန့်ဖိူးပေးထားတာဖြစ်သည်။.အရင်ကထက်လူက ၁၀ယောက်ပိုတိုးလာတော့ တစ်ယောက်၃သောင်းစီသာပေးဖြစ်သည်။ ၃သောင်းပဲပေးနိုင်တာတောင်သူတိူ့မှာပျော်နေကြတာဖြစ်သည်။ညနေကျရင်အရီးလေးဆီကိုလဲ သွားကန်တော့မည်။အခုတော့ သားသားက ခေါက်ဆွဲကြော်စားချင်တယ်ဆိုလို့ မောင်က သူကြော်ပေးမယ်ပြောပြီး မီးဖိုထဲရောက်နေ၏​။သားသားကပါလိုက်သွားသည်။.သားအဖ နှစ်ယောက်ထဲလွှတ်ထားရင် အဆင်မပြေမှာသိနေတဲ့အတွက်ပန်ပါ လိုက်သွားဖို့ အောက်ဆင်းလာလိုက်သည်။ မီးဖိုချောင်ထဲမရောက်ခင်ထဲကာသားရဲ့ အမေးစကားနဲ့မောင်ရဲ့အဖြေစကားတွေကိုကြားနေရသည်။
"ပေပေ ပေပေ့ ဒီ နီနီလေးက.ဘာရေးယဲဟင်''
"မုန်လာဥနီ လို့ခေါ်တယ်သားရဲ့ တချို့နေရာမှာဆို ခါကြက်ဥ လို့ခေါ်ကြတယ်''
"ဒီ စိမ်းစိမ်းလေးကရော ''
"အာ့တာလေးက ပဲသီးလေ သားလေးရဲ့ဒီဟာလေးက ဂေါ်ဖီထုပ် ဒါလေးက ပန်းဂေါ်ဖီ ခေါက်ဆွဲကြော်ထဲ ထည့်ဖို့ပေါ့''
သားက လက်ညိုးလေးတထိုးထိုးနဲ့မေးသမျှကိုဟင်းသီးဟင်းရွက်လှီးနေရင်းနဲ့မောင်ကာစိတ်ရှည်ရှည်ပြန်ဖြေနေသည်။.ပန်ကြော်မယ်ပြောလဲမရ ။ မြို့ကပုံစံအတိုင်းကြော််ချင်လို့တဲ့လေ။ ဘာထူးမှာလဲ ခေါက်ဆွဲပြုတ် အသီးအရွက်နဲ့ရောကြော် ပြီး တာပဲကို.သူ့ကျမှအဆန်းထွင်နေတာ ပုလင်းသေးသေးလေးတွေကလဲ ၃ဘူး ၄ဘူး ပန်ကတော့ ပဲငံပြာရည်ဘူးပဲသိသည်။.ကျန်တာမသိ။ ဒီကြားထဲ သူ့သားကပုဇွန်ဆိုလို့ ပုဇွန်ရောင်းတဲ့ရွာက ဆိုင်မှာသွားမှာပေးထားရသည်။
"ကဲဒီသားအဖတွေ စကားတွေများနေတယ် မောင် ပန်ဘာကူပေးရမလဲ ''
ပန်ကမီးဖိုထဲ ဝင်သွားရင်ပြောတော့ နှစ်ယောက်လုံးလှည့်ကြည့်လာသည်။ သားကတော့ သူ့အဖေလုပ်သမျှကို သေချာလိုက်ကြည့်နေတာ မျက်တောင်   တောင်မခတ်။
"သြော် ပန် အာ့တာဆို မောင့်ကို ဒီဟာလေးတွေ လှီးပေးထား မောင်ခေါက်ဆွဲ ပြုတ်မယ်''
"ဟု မောင် ခေါက်ဆွဲ ပြုတ်ရင်ပိုပြုတ်နော် အရီးလေးတို့ကိုလဲ ပေးရအောင် ပန်းနုတို့လဲရောက်နေတယ် ကြားတယ် ''
"အင်း ပါ မောင် ဒီမှာ ၂စည်းတောင်ပြုတ်မှာ စိတ်မပူနဲ့ဟုပြီလား''
မောင် ကခေါက်ဆွဲ ပြုတ်နေတုန်း ပန်က အသီးအရွက်တွေလှီးသည်။.သားကတော့ ပန် လှီးနေတာကြည့်လိုက် သူ့အထေခေါက်ဆွဲ ပြုတ်တာကြည့်လိုက်နဲ့ ခေါင်းလေးကိုလည်နေတာပဲ။မောင်ကခေါက်ဆွဲ ပြုတ်ပြီးတဲ့အချိန် ပန်က အသီးအရွက် တွေလှီးပြီးနေပြီ။ ပြုတ်ထားတဲ့ခေါက်ဆွဲကို ရေအေးနဲ့ ပြန်ဆေး လဲ ပြီးရော မောင်က ဆားရယ် သကြားရယ် ပဲငံပြာရည် ရယ် တခြားဘာလေးတွေလဲမသိထည့်နှယ်သည်။ပန်လဲ သိချင်တော့ မောင့်ကိုမေးထားမိသည်။
"မောင့် အာ့တာဘာထည့်တာလဲဟင်ပြီးတော့ ဘာလို့ သကြားထည့်တာလဲ ချိုကုန်မှာပေါ့''
"ဒီဟာက ပဲငံပြာရည်  ​​ ဟိုအနောက်လေးက ဒီဟာက အကြည် သကြားထည့်တာက အချိူမှုန့်မသုံးချင်လို့လေပန်ရဲ့  ဒီဟာက ခရုဆီ ကြော်မှ ထည့်ရမှာလေ အာ့တာက ''
"ပန် ဒါတွေကိုရေဆေးထားတယ် မောင် အကုန်ရောကြော်မှာမလား ''
"ရေဆေးပြီးပြီလား အာ့တာဆို ထားလိုက်တော့ မောင်ခေါက်ဆွဲကြော်မယ် ပန်က ထိုင်ကြည့်နေဟုပြီလား''
မောင်  အိုးထဲကိုဆီအရင်ထည့် ဆီဆူမှ ကြက်သွန်နီ ပါးပါးလှီးထားတာကို ထည့်ကြော်သည်။.ပြီးတော့ ပုဇွန်ထည့်သည် ပုဇွန်နည်းနည်းနီလာမှ အသီးအရွက်တွေ ထည့်သည်။.ပြီးတော့ ခုနက ခရုဆီ ရယ် ပဲငံပြာရည်အကြည်ဆိုတာရယ် ဆားနဲနဲ နဲ့ သကြားနဲနဲထပ်ထည့်ပြီးကြော်သည်။.အနံ့လေးက မွှေးနေတာ ပန်တိူ့ ကြော်တဲ့ပုံစံနဲ့မတူ။ အသီးအရွက်တွေနူးခါနီးမှ ခေါက်ဆွဲထည့်ပြီး နှံံ့ အောင်ကြော်သည်။ ပြီးတော့ ဟို တခါမြို့ကနေဝယ်လာပြီး ခြံထဲမှာစိုက်ထားသည့် တရုတ်နံနံပင် ဆိူတာလေးကို ညှပ်ထည့်လိုက်သည်။.အခုမှ ပန်သိသည် ခေါက်ဆွဲကြော်က မြို့ကဆိုင်ကနေ ဝယ်စားတဲ့အတိုင်းပင်အနံ့လေးက မွှေးနေသည်။သားသားက လဲ တံတွေးတွေ တောင်မျိုချနေပြီးဖြစ်သည်။.ခေါက်ဆွဲ ကြော်ရတော့ မောင်က ဆိတ်နံ့ရိုးဝယ်ထားတဲ့ဟာကို သံပုရာသီး နဲ့ဆေး ရေကို သုံးလေးထပ်ဆေးပြီး အိုးထဲထည့် ကြက်သွန်ဖြူနဲ့ဂျင်းကို ဓားပြားရိုက်ပြီးထည့်နနွင်းလေးနဲနဲထည့် ရေထည့်ပြီးတည်သည်။အိုးဆူလာတော့ အမြှပ်တက်လာတာတွေကိုခပ်ထုတ်ပြီး ရေနည်းနည်းထပ်ထည့် ငံပြာရည်လေးနဲနဲထည့်ပြီး ထပ်တည်ထားသည်။.
ပန်ကတော့ ခေါက်ဆွဲကြော်နဲ့တွဲစားဖို့အချည်ကို ကြက်သွန်နီနဲ့ဂေါ်ဖီကိုပါးပါးလှီး ကာလီသီးပါးပါးလေးညှပ်ထည့် သံပုရာရည်ညှစ်ပြီး ဆား အချိုမှုန့်ထည့်သုတ်ထားသည်။မောင်က အာ့လိုသုတ်မှစားသည်အချည်ရည်နဲ့သုတ်ရင်မကြိုက်။ အကုန်လုံးလဲ ပြီးရော.အရီးလေး အိမ်အတွက် ငါးဆင့်ချိုင့်ထဲကို သုံးဆင့်က ခေါက်ဆွဲ ကြော်ထည့် ကျန်တဲ့နှစ်ဆင့်က ဆိတ်စွပ်ပြုတ်ရယ် အချည်သုတ်ရယ်ထည့်လိုက်သည်။.ဆိတ်စွပ်ပြုတ်က ညီမလေးစံကားဝါအတွက်ဖြစ်သည်။.ကလေးနို့တိုက်နေရတော့နို့ပိုထွက်အောင် ဟိုဖက်ရွာ ကလာရောင်းတဲ့အသည်ဆီကဝယ်ထားတာဖြစ်သည်။
သားကတော့ သူ့ညီမလေး ဆီသွားရမယ်ဆိုတော့ ထိပ်ဆုံးက တက်ကြွနေသည်။မောင်က ချိုင့်ကို ကိုင်ပြီး သားနဲ့အိမ်ရှေ့ကို ထွက်သွားသည်။.ပန်ကတော့ အိမ်တံခါးတွေဘာတွေသေချာပိတ်ပြီးမှနောက် ထီးယူပြီးလိုက်ရသည်။.အရင်တုန်းကဆို ပန့်ကိုထီးမယူလို့ မာန်တဲ့မောင်ကအခုဆို သူ့ကိုပြန်မာန်နေရသည်။.တံခါးမပိတ်လဲ ဖြစ်ပေမဲ့ အကောင်​ေတွဘာတွေဝင်မှာစိုးလို့ ပိတ်ခဲ့ရတာဖြစ်သည်။ လမ်းရောက်တော​့ မောင်ကသားကိုချီ ပန်က ချိုင့်နဲ့ထီးကို ကိုင်ပြီး လိုက်ရသည်။ အရီးလေး အိမ်ရောက်တော့ အရီးလေးက ချိုင့်လှဲပေးနေတဲ့အချိန် ပန်နဲ့သားက စကားဝါနဲ့ကလေးလေးဆီသွားလိုက်သည်။.မောင်က တော့ မလိုက် ကိုသန့်စင် နဲ့ မွေးမြူရေးခြံအကြောင်းပြောနေသည်။တိရာစ္ဆာန်အကောင်ရေပိုတိုးမွေးဖို့ဖြစ်သည်။.ဥစား သဘောမျိုးသာမွေးထားပေမဲ့ရွာဆိုတော့ စျေးနဲ့လဲဝေးတယ်လေ အိမ်မှာဟင်းစား စားချင်ရင် အိမ်မှာရှိတဲ့ကြက် ချက်စားကြတာများသည် အိမ်မှာမရှိရင် ပန်တိူ့ ခြံလာဝယ်ကြသည်။.မရောင်းဘူး​​ပြောလဲ အဆင်မပြေတော့အနည်းနဲ့အများရောင်းပေးရသည်။.ကြက်ဥ ဘဲဥကမြို့ကိုပို့ရုံသာမကရွာနီးတဝိုက်ပါ ပို့ပေးရတော့ ပို ပြီး အလုပ်ဖြစ်သည်။. ရတဲ့ပိုက်ဆံကို ပန်က သီးသန့်ထားပြီး ရွာအတွက်လိုအပ်တဲ့နေရာတွေဘုန်းကြီးကျောင်းတွေမှာ လှူသည်။
အခန်းထဲရောက်တော့ စံကားဝါက ကလေးကို နို့တိုက်နေသည်။ ပန်နဲ့သားလဲ အနားက ခုံပေါ်မှာထိုင်ပေမဲ့ သားက ကုတင်ပေါ်ကို တက်သွားပြီး သူ့ညီမလေးကို သေချာကြည့်နေသည်။ သားက ဟိုတခါ ပန် သေချာပြောပြထားကထဲက ညီမလေး လိုချင်တယ် မပူဆာတော့ပေ။.ဒီညီမလေး ကိုပဲအရင်ချစ်မယ်တဲ့လေ။
"မေမေ  ညီမယေးက ယေ  နို့ ချို့တုန်းနော်တားတားကျ မချို့ရပူး ''
ပန်က သား အသက် ၂နှစ်ပြည့်တော့ နို့ ဖျက်လိုက်တာဖြစ်သည်။.မောင်ကလဲ ဖျက်ခိုင်းသည်မဟုရင် သူ့သား သွားပိုးစားတော့မယ်လေ။ သားကလဲ အရမ်းတော့ဂျီမကျ ၂ရက်၃ရက်လောက်သာ နောက်ရက် ကျတော့ နို့စို့ချင်တယ်လို်မပြောတော့ပေ။.သူ့အဖေက နည်းနည်း တော့ဒုက္ခ ခံပြီးချော့ရတာပေါ့။အခုလဲ သူကျမစို့ရပဲသူ့ညီမလေးကစို့နေလို့တဲ့လေ။
"ညီမလေးက သေးသေးလေးရှိသေးတာလေ အာ့တာကြောင့် ညီမလေးက နို့စို့ နေရတုန်း သားကတော့ ကြီးနေပြီမလား  စိူ့လို့မရတော့ဘူးလေ''
"အာ့ချို ညီမယေးလဲ တားတားယိုကြီးလာရင် နို့မချို့ရပူးပေါ့နော်''
"အင်း ပေါ့ သားသားရဲ့''
ပန့်ကိုမေးပြီးသားသားက သူ့ညီမလေး ပြန်ကြည့်နေသည်။.ကလေး က နို့ ကောင်း တော့ ထွားသည်။မိန်းကလေးဆိုတော့သားငယ်ငယ်ကလောက်မထွားပေမဲ့ တခြားကလေးတွေနဲ့ယှဥ်ရင် ထွားတဲ့အထဲပါသည်။နို့ဝသွားတော့ အောက်မှာချ ထားလိုက်သည်။.သားသားကတော့ာသူ့ညီမ အနားက မခွာ အနားကပ်ပြီးစကားတွေပြောနေသည်။.သားက စကားတွေပြောလိုက် ဟိုက ဝူးဝါးပြန်ပြောလိုက် နှစ်ယောက်သာ အတိုင်အဖောက်ညီနေသည်။
"သူတို့ ဟာနဲ့သူတို့တော့ဟုနေတာပဲ မပန်ရေ အိမ်က အကိုလဲ ကံကောင်းလေးနဲ့ဘာမထူးဘူး ညဆိုသူ့သမီးနဲ့စကားတွေပြောနေရော သူကပြောတော့သူ့သမီးက ဝူးဝါးပြန်ပြော သူ့သမီးစကားသူပဲနားလည်တယ် စံကားဝါကတော့ ဘာတွေမှန်း ကိုမသိဘူး ''
"အာ့တာတော့ဟုတယ် သားသားငယ်ငယ်တုန်းကလဲ မောင်လဲ အာ့လိုပဲ သူ့သား မအိပ်မချင်းစကားတွေပြောနေတာ မပန် လဲ လွှတ်ထားလိုက်တယ် အေးရော''
"ဟုပါ့မပန် ရေ သမီးက သိပ်စကားများပဲ မအိပ်မချင်း ပြောနေတာ အကိုကလေ အလုပ်ပင်ပန်းလို့အိပ်ပါပြောလဲ မအိပ်ဘူး ''
"စံကားဝါရော နေကောင်းတယ်မလား မပန်ဆိတ်စွပ် လုပ်လာတယ် သောက်ခါနီးမှ ငရုတ်ကောင်းလေး ထည့်သောက်နော် ရှောက်ရွက်လေး ညှပ်ထည့် ပြီးသောက်''
"ဟုမမ အားနာလိုက်တာ မပန််တကူးတကကြီး ဘာလို့ လုပ်လာတာလဲ ''
"အမလေး အားနာစရာလားဒီလူနဲ့ဒီလူ ဘာမှတကူးတက မဖြစ်ဘူး အိမ်မှာစားဖို့လုပ်ရင် တခါထဲ ချက်လာတာ ပြီးတော့ မပန် မွေးတုန်းကဆို အရီးလေး တို့က အကုန်လုပ်ပေးတာ အစအဆုံး မပန်က အာ့လိုတောင်လုပ်ပေးချင်တာ သားသားကတစ်ဖက် ဆိုင် ကတစ်ဖက် နဲ့ဆိုတော့ အဆင်မပြေလို့လေ''
"ရပါတယ်မပန်ရယ်အကိုက အကုန် လုပ်ပေးပါတယ် အမေကလဲ ဟင်းချိုဆိုတာ တနေ့တမျိူး မရိုး လုပ်ပေးတယ်''
"ဒါနဲ့ ပန်းနုတို့ ရော လာမယ်ဆိူပြီး မလာဘူး လား''
"ဟုတ်တယ်  မပန် ပထမတော့ မနက်ပိုင်းလာမလို့ပဲ ဆန်ကြိတ်ဖို့ ရောက်လာလို့တဲ့ ညနေမှ ပဲလာတော့မယ်တဲ့လေ''
"အင်း လေ သူတိူ့လဲ အလုပ်နဲ့ဘယ်အားမလဲ ဆန်အပြင် ပဲပါခွဲတယ်မလား သူတို့ က''
"ဟုတ်တယ်  မပန် ပဲ ပါခွဲတော့ အလုပ်ကများနေမှာပေါ့ ဆန်စက်ကလဲ သူတို့ တခုထဲရှိတာဆိုတော့''
"အင်း လေ ပန်းနု.ကံကောင်းပါတယ်  ကိုသူရိန်နဲ့ရတာ''
"ဟုတယ် ကိုသူရိန်ကြီးက လေ မပန်းနုကို သိပ်ချစ်တာ အရမ်းလဲ အလိုလိုက် တာလေ''
"ဟုပါ့ အာ့တာကို အာ့ပန်းနု မက မူနေသေးတယ်''
"အယ် မပန်ရေ ဖိုးကံကောင်းတော့ အိပ်ပျော်သွားပြီ''
"ဟယ် ဟုပ့''
ပန် တို့က စကားကောင်းနေတော့သူတိူ့ကို သတိမထားမိဘူး။.အခုကြည့်လိုက်ရော နှစ်ယောက်လုံး ကအိပ်ပျော်နေပြီ။ အမယ် သူ့ညီမလေးကိုတောင်ဖက်ထားလိုက်သေးတယ်။
"စကားဝါတိူ့က စကားကောင်းနေတာနဲ့သူတို့ကငြိမ်နေတော့လှည့်မကြည့်မိတာ ''
"ဟုပ့ သားသားက မနက်က အစောကြီးထဲက အိပ်ရာ ထတာဆိုတော့ ပြန်အိပ်ချင်မှာပေါ့ ''
"ပန်ရေ ပြန််ကြမယ်လေ သားလဲ ဗိုက်ဆာနေရောပေါ့ ''
"မောင့်သားက အိပ်တောင်နေပြီ''
"ဟယ် ဘယ်လို ဖြစ်တာတုန်း'' 
"သူ့ညီမလေးနဲ့စကားတွေပြောနေတာ ပန်တို့လဲ စကားပြောနေတော့သတိမထားမိဘူး ခုလှည့်လဲ ကြည့်ရော အိပ်ပျော်နေကြပြီ''
"အာ့တာဆိူလဲ သားကိုချီသွားကြမယ်လေမောင်ချီလိုက်မယ် ကဲညီမလေး စကားဝါရေ အကိုတို့ပြန်မယ်နော် နေကောင်းတယ်မလား''
"ဟုအကို ကောင်းပါတယ် ''
မောင် ကစကားဝါကို.နှုတ်ဆက်ပြီး သားကို ချီ ခပ်ဖြေးဖြေး ချီသည်။ ပြီးတော့ရှေ့ကနေထွက်သွားတော့ ပန်လဲ နောက်က လိုက်ရသည်။ အိမ်ရှေ့ရောက်တော့အရီးလေးနဲ့ တန်းတိုးပြီး သူ့မြေး အိပ်နေတာကိုကြည့်ပြီး
"ဟယ် ငါ့မြေးလေးကအိပ်ပျော်နေပြီလား ''
"ဟုတ်တယ် အရီးလေရေ သူ့ညီမလေးနဲ့ရောပြီး သူပါအိပ်ပျော်သွားတာ မနက်ကလဲ အစောကြီး နိုးနေတာလေ''
"အေးပါဟယ် ကလေးကို သေချာခေါ်သွားဦး အိပ်ရေးမဝရင် ခေါင်းကိုက်နေဦးမယ်''
"ဟုအရီးလေး သွားပြီးနော်''
"အေးအေး ''
"ဟာ ငါ့တူလေးအိပ်ပျော်နေပြီးလားကွ''
"ဟုတ်တယ် ကိုသန့်စင်ရေအိပ်ပျော်နေပြီ''
"အာ့တာများကွာ ဒီမှာပဲ သိပ်လိုက်တာမဟုဘူး တမင်သက်သက်ကလေး နေပူအောင်''
ကိုသန့်စင်က သားကို တော့သိပ်ချစ်သည်။ သူ့သမီးလေးရပေမဲ့လဲ သားကိုသူ့သမီးနဲ့တန်းတူထားပြီးချစ်သည်။မြို့ကိုသွားရင်လဲ တခုမဟု တခု ဝယ်လာတတ်သည်။
" သားက ဘာမှ မစားရသေးဘူး လေ ပြီးတော့ အိမ်ကိုလဲ ဒီတိုင်းထားခဲ့ရတာ ညနေကျ ပန်းနုလာရင် တစ်ခေါက်ပြန်လာခဲ့မယ်လေ''
"အေးလေ သမီးပန် ပြောတာလဲ ဟုသားပဲ ကဲ ပြန်ပြန် နေသိပ်မပူခင်''
အရီးလေးအိမ်က ပြန်ရောက်တော့သားကို အခန်းထဲထည့်သိပ်ပြီး မောင်နဲ့ပန်က ခေါက်ဆွဲကြော်စားဖို့ ပြင်လိုက်သည် ။.သားကိုတော့ ပြီးမှ ကျွေးတော့မည်။.အိပ်နေတုန်း သွားနှိုးရင် ဂျီကျတတ်သည်။.ကျန်တဲ့အချိန်သာ သားကသဘောကောင်းတာ အိပ်နေတဲ့အချိန်ဆို  မရဘူး။.အိပ်ရေးမဝရင် ပိုဆိုးသည်။အာ့တော့ မနိူးပဲထားလိုက်တော့မည်။
"မောင် ညကျ အရီးလေးကို.ကန်တော့ရင် ပန်းနုနဲ့ကိုသန့်စင်ကို ပါ မုန့်ဖိုးပေးမယ်နော် ''
"ပန့်သဘောလေ ပန်ရဲ့ ''
မောင် ကတော့ ခုချိန်ထိ ဘာလုပ်လုပ်အရာရာ ပန့်သဘောဆိုတာကြီးသာ။.ဘယ်တုန်းကမှညိုညင်တာ စိတ်ပျက်တာမရှိ။အမြဲ ပန့်ကိုသာဦးစားပေးသည်။ ဘယ်အလုပ်မဆို ပန့်ကိုတိုင်ပင်တတ်တာ အိမ်ထောင် စကျတဲ့က ခုသားသားမွေးတဲ့အထိပင်။ မောင့်ရဲ့အခုလိုအမြဲဦးစားပေးခံနေရတော့ ပန် အမြဲစိတ်ချမ်းသာနေရသည်။
ညနေပိုင်းကျတော့  အရီးလေးအိမ်သွားကန်တော့ဖို့ပြင်ကြသည်။.ပထမတော့ နည်းနည်းနောက်ကျမှသွားချင်ပေမဲ့သားသားက အိမ်မှာ မီးပုံးထွန်းချင်တယ်ဆိုတော့ စောစောသွားဖို့ပဲ လုပ်လိုက်သည်။အရီးလေးအတွက် ပိုက်ဆံရယ် အားဆေးရယ် ငှက်သိုက်ရယ် သစ်သီးခြင်းရယ်ကို  မောင် က ကိုင်သည်။.သားသားကလဲ သူပါ ဖေဖေ့လို့ ကိုင်ချင်တယ်ဆိုလို့ မောင်က ငှက်သိုက်ထည့်ထားတဲ့ ခြင်းအသေးလေးကို သူ့သားစိတ်ချမ်းသာအောင် ကိုင်ခိုင်းသည်။.မောင်နဲ့သားက ပုဆိူးနီညိုရောင်ဆင်တူလေးနဲ့စတစ် လက်ရှည်လည်ကတုံးနဲ့ သားအဖနှစ်ယောက်ကထင်းနေသည်။.ပန်ကတော့ ချည်ဝမ်းဆကိနီညိုလေး ဝတ်ထားသည်။
အရီးလေးအိမ်ရောက်တော့ အရီးလေးကိုအရင်ကန်တော့သည်။အရီးလေးက ဆုတွေတသီကြီးပေးရင်းမျက်ရည်ကျတော့ပန်ပါဝမ်းနည်းရသည်။ အရီးလေး က ပန့်အတွက်တော့အမေလိုပင် အမြဲပန့်အပေါ် ကောင်းပေးပြီးဂရုစိုက်ပေးသည်။.အရီးလေးကို ကန်တော့ ပြီးတော့ ပန်းနု နဲ့ကိုသန့်စင်ကိုလဲ သားသားကို ထိုင်ကန်တော့ ခိုင်းလိုက်သည်။.ဦးလေးနဲ့အဒေါ် နှစ်ယောက်လုံး က သူ့တူ ကိုကြည့်ပြီး အသည်းတွေယားနေတာဖြစ်သည်။.သားက မောင်ထိုင်တာကိုကြည့်သေချာ ဆောင့်ကြောင့်ထိုင်ပြီး သူ့လက်သေးသေးတွေနဲ လက်အုပ်ချီ သေချာလေးကန်တော့နေတာဖြစ်သည်။.ကန်တော့ လို့လဲ ပြီးရော.သားသားက မုန့်​ဖိူးတောင်းလို့ အကုန်လုံးသဘောတွေကျနေတာဖြစ်သည်။
သားက အတတ်ဆုတွေပေးတာကို ပေးတဲ့ဆုနဲ့ပြည့်ပါစေ ပြောပြီး သားသားကို မုန့်ဖိူးပေးဦးတဲ့လေ။.ပန်က အားနာနေပေမဲ့ မောင်က သူ့သားကိုကြည့်ပြီးသဘောတွေကျနေသည်။ ပန်းနုက မုန့်ဖိုးတစ်သိန်းပေးသလို ကိုသန့်စင် ကလဲပေးသည်။
"ကဲ သားသား တီတီနဲ့ဦးဦး ကို ကျေးဇူးတင်ပါတယ် လို့ပြောလိုက်ဦးလေ''
" ကျေးကျူး တင်ပါတယ် ဗျာ့''
"ဟုကဲ့ပါရှင့် ကဲပြောပါဦး တီတီ့ ကံကောင်းလေးက တီတီကိုာသတိရောရလားဟင်''
"တားတားက တီတီ့ကို တတိရပါတယ် များကြီးရွမ်းနေတာ ''
"များကြီး လွမ်းနေတာဟုလား ''
"ဟုတ် ''
"အမလေး အတတ်လေး ရွှတ် တီတီကလဲသတိရပါတယ်ရှင်''
"အာ့ချို ပြန်နဲ့တော့ရေ တားတားအိမ်ကို ရိုက်ခဲ့မရား''
"အမလေး တကယ် ခေါ်မှာလား ပြော''
"ခေါ်မယ်ရေ မေမေ ခေါ်မယ်မရား''
"မေမေက ခေါ်ချင်ပေမဲ့ ဦးဦး သူရိန်ကထည့်ပါ့မလားသားရဲ့မေးကြည့်ပါဦး ''
"ဦးဦး တီတီ့ကို ထားခဲ့မယ် မရား ဟင်''
"ဟာ.ထားခဲ့စရာ ဦးဦး မိန်းမကို ''
"တားတား တီတီ အရင်ဖြစ်တာပါနော်''
"ဟားဟား အေးပါ ကွာ ဒါပေမဲ့ သားသားက မေမေနဲ့ဖေဖေရှိတယ်လေ ဦးဦးက တစ်ယောက်ထဲဆိုတော​့ တီတီကို ပြန်ခေါ်သွားမှ ဖြစ်မှာ သားရဲ့''
"အာ့ချိုလဲ   ခေါ်တွားပါရေ တားတားကပဲ နားယဲပေးယိုက်ပါ့မယ်''
"ဟားးးး   ဟားးး''
သားပြောတာကို သဘောကျပြီးအကုန်လုံးက ဝိုင်းရီကြသည်။အရီးလေးအိမ်က ပြန်ရောက်တော့ ဆိုင်က ကလေးတွေက မောင်နဲ့ပန့်ကို လာကန်တော့ကြလို့ မုန့်ဖိုးပြန်​ပေးလိုက်သည်။ ကလေးတွေက နှစ်တိုင်း လာကန်တော့ လို့ ပန်လဲအသားကျနေပါပြီ စစချင်း ကဆို မနေတတ်လို့ အတင်းငြင်းပေမဲ့ မရမက ပြောကြလို့ အခုတော​့ နေသားကျနေပြီ။.ကလေးတွေပြန်သွားတော့ မောင်နဲ့သားက ခြံထဲသွားပြီး ဆီမီးထွန်းနေသည်။သားသားသဘောကျ မီးပုံးလဲထွန်းပေးရသည်။သားသားက ကလေးသဘာဝဆိုတော့ သဘောကျပြီး တခစ်ခစ်ကိုရီနေသည်။ မောင်နဲ့သားကို ကြည့်ပြီး ပန်ကြည်နူးမိသလို နောက်နှစ်တွေမှာလဲ ခူလိုမျိုး ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ဆုတောင်းမိသည်။
............................................
Yoon
Continue Reading
You'll Also Like
2.6M 151K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.3M 270K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
21.9K 2.1K 27
147K 16.3K 21
Teach Me ~~ Train Me ~~ Love Me ~~