CHANDLER { Ongoing }

By Xylo_19

190K 7.3K 341

Chandler Hayden β™‘ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 10 U

5K 227 8
By Xylo_19

ရှေ့ရှိကားပေါ်မှ လူတွေက သူတို့ဘက်စတိုက်မည်မဟုတ်ဆိုတာ ချန်ဒလာ အရိပ်အခြေ ကြည့်ရုံဖြင့်သိနိုင်သည်။နည်းနည်းလေးတောင်လှုပ်ရှားခြင်းမပြ ကိုယ်တွေဘက်က စတိုက်တာ စောင့်နေသည့်ပုံမျိုး။
နောက်ပြီး ဒီလိုအပေါစားကားတွေနှင့်လည်းသူမရင်းနှီး။ ကြည့်ရတာ သူ့ပြိုင်ဘက်တွေမဖြစ်နိုင် ထိပ်သီးမှမဟုတ်ရင် ဒီလိုငချွတ်တွေကို စာရင်းထဲတောင်ရှိမည်မဟုတ် ။  သူတစ်ယောက်ထဲသာဆို အကုန်လုံးကို စတိုက်နေမှာဖြစ်ပေမဲ့ ခုချိန်က ယိမ်းယိုင်မှိုင်းအနားက ကပ်ပါနေသည်။ ရှေ့နောက် တစ်ချက်စီလှည့်ကြည့်ကာ အကြံရသွားသည့်နှယ့် ယိမ်းယိုင်ဘက်ကို လှည့်ကာ ..

"" ကားကို drifting ဆွဲနိုင်လား ! ""

"" ဟင့်အင်း ""

ကျစ် !! ' ဘာမှကို မလုပ်တတ်ဘူး ! '

စုတ်တစ်ချက်သတ်ကာ ရှေ့ရှိခလုတ် တွေ ရှုပ်ရှုပ်ခက်‌နေသည့်ကြားထဲမှ တစ်ခုကိုနှိပ်လိုက်သည်နှင့် ကားထိုင်ခုံဘေးနားရှိအကန့်လေးကား  ပွင့်လာကာ သေနတ်နှစ်လက်အား ရှေ့သို့တွန်းပို့လိုက်သည့်နှယ့် ပေါ်ထွက်လာခဲ့သည် ။ ဒီတိုင်းကြည့်ရင်းရိုးရိုးတန်းတန်းသာထင်ရသည့်အတွက် ကားထဲ ဒီလိုတွေ ထည့်ထားမှန်းယိမ်းယိုင် မသိခဲ့။

"" မင်း ကားထဲ ဘယ်လိုလုပ်ပြီး !! ""

"" ကျုပ်လို ကောင်က တစ်နေရာနဲ့တစ်နေရာ လက်လွတ်စပယ်သွားမယ်ထင်နေလား !!""

"" ဒါပေမယ့် ဒါတွေက စည်းကမ်းနဲ့မညီ ... ""

"" အဟက် !! ချန်ဒလာဟေဒန်ဆိုတဲ့ကျုပ်က စည်းတွေနဲ့ဘောင်တွေနဲ့ ထိန်းချုပ်လို့ရတဲ့ကောင်မဟုတ်ဘူး ကျုပ်ဘဝမှာ ကျုပ်ကသာ အခရာပဲ
နားလည် ! ""

ပြောပြီးရှေ့သို့ပြန်လှည့်ကာ ကားကို လီဗာနာနာဆွဲလိုက်၏ ။ ထို့နောက် ရှေ့သုံးစီးနောက်သုံးစီး ပိတ်နေသည့်ကြားထဲမှ ကားကိုခပ်ပြင်းပြင်း ကြမ်းတမ်းစွာ  စက်ဝိုင်းပုံစံ drifting ဆွဲချလိုက်ပြန်သည်။

ယိမ်းယိုင် ကားခါးပတ်ကိုသာ နာနာဆုတ်ကိုင်ထားလိုက်သည်။ ချန်ဒလာသည် ရပ်မည့်ပုံမပေါ် ။ ထို့နောက် ကားလည်ပတ်နှုန်းဟာ တစ်ဖြေးဖြေးအရှိန်ရလာသည့်အခါ ခါးပါတ်ကြိုးကိုဖြုတ်ချကာ  ကားပြတင်းပေါက်ကို ဖွင့်လျှက် ခန္ဒာကိုယ်တစ်ဝက်ကို အပြင်ဘက်သို့ ထုတ်လိုက်သောကြောင့်
သူ့မှာ အလန့်တကြား အော်လိုက်ရသေးသည်။

"" ချန်ဒလာ !! ""

"" စီယာတိုင်ကို ခင်ဗျားဘက် အားကုန်ဆွဲချ !! ""

ခြေတံရှည်သည့် ချန်ဒလာသည် ကားဘရိတ် လီဗာတို့ကို ထိန်းကာ နင်းထားလေသည် ။ ကိုစိုးသူပြောသည့် ချန်ဒလာဟာ ကားထိပ်သီးဆိုတာကို သူခုမှ မျက်မြင်‌ တွေ့နေရသည် ။ သေနတ်ကိုင်ထားသည့်လက်နှစ်ဖက်ကို ဘေးနှစ်ဖက်ကားချကာ ချန်ဒလာ့၏ ဆံနွယ်နက်နက်တို့ဟာလည်း လေထဲတလွင့်လွင့် ။
လည်ပင်းပေါ်ရှိ အနီရောင်မျက်ဆံမြွေပုံစံတတ်တူးဟာလည်း ပိုင်ရှင်ဖြစ်သူ ‌ချန်ဒလာ၏မျက်ဝန်းတို့နှင့်တစ်ထေရာထဲတောက်လောင်နေသည်။

ဒိုင်း !! ဒိုင်း !!

ကားပတ်သည့် အပတ်ရေနှင့် အမျှ သေနတ်သံတို့ဟာလည်း ကျယ်လောင်စွာ ။ ချန်ဒလာ၏ကားသည် အရှိန်နှင့်လည်ပတ်နေသည့်အတွက် ချန်ဒလာ့ကို တော်တော်နှင့်မထိနိုင် ။ သူ့ကိုယ်၌လည်း ကျည်ကာဝတ်စုံကို အောက်၌ ခံဝတ်ထားလေသည်။ လမ်းကြောနည်းနည်းဝေးဝေးသွားလျှင်ကို ကျည်ကာဝတ်စုံကို အမြဲဝတ်တတ်သည်။ ဒါဟာလည်း ချန်ဒလာ့ အကျင့်ပင်။

ခန္ဓာကိုယ်ကိုကိုင်းကာ စီယာတိုင်နှင့် ဂီယာကို ထိန်းထားနေရင်းမှ ရှေ့နောက်တစ်ချက်ကြည့်မိသည် ။ တစ်ဖက်ကလူတွေဟာလည်း
ကားတံခါးတွေကို အကာအကွယ်ယူကာ ပစ်ခတ်နေကြသည်။ချန်ဒလာ့ကိုပဲ ချိန်ကာ တိုက်ခိုက်ခြင်းမဟုတ် သူ့ကိုပါ ချိန်ကာတိုက်ခိုက်ခြင်းဖြစ်သည်။
နောက်ကားက လူတွေအကုန်သွေးတွေဖြင့် လဲကျကာ ရှေ့ကားဆီမှ လူသုံးယောက်သာကျန်နေတော့သည်။

ဒိုင်း !!

ချန်ဒလာ လက်မောင်းကို ဖြတ်ချသွားသောသေနတ်တစ်ချက်ကြောင့် သူ့မှာ မျက်လုံပြူး မျက်ဆံပြူး
စီယာတိုင်ကို ကိုင်ထားသည့် လက်တွေက အစ တုန်ယင်လာကာ လွှတ်ချလိုက်မိသည်။ 

ကားက ချက်ချင်းယမ်းခါသွားသောကြောင့်ချန်ဒလာ  ကားထဲသို့အမြန်ပြန်ဝင်ကာ အရှိန်ကို ထိန်းချလိုက်ရ၏။

"" Shitt !! ဘာလုပ်တာလည်း ခင်ဗျားကြောင့် ကျုပ်ပါ သေမယ် !! ""

ကားထဲသို့လစ်ခနဲပြန်ဝင်လာကာ လက်က အနာကို သတိမထား အရင်ဆုံးသူ့ကိုသာ အရင်ပြောနေသူကိုကြည့်ကာ ...

"" မင်း မင်းလက်က .. ""

"" ကျစ် !! ဒီလောက်နဲ့မသေဘူး !! ""

ချန်ဒလာကားကို ဂီယာဂိတ်ဆုံးကို ထိုးချကာ ရှေ့ရှိ ကားနှစ်စီးအလယ်ကို အားပြင်းပြင်း ဖြတ်မောင်းချလိုက်သည်။ ယိမ်းယိုင်ကတော့ ဘာမှမ‌ ပြောတော့ မျက်လုံးစုံမှိတ်ချလိုက်သည်။ ရှေ့မှာ ကျန်‌ရှိ‌နေသည့် ဂိုဏ်းသား၃ ယောက်ဟာလည်း သူ့တို့ဆီ ကားမဲမဲလေး အရှိန်နှင့်ပြေးလာသောကြောင့် အမြန်တိမ်းရှောင်လိုက်ရသည် ။ ရှောင်တိမ်းသော်ညားမမီ
ရှေ့ဆုံးမှလူသည် ကားနဲ့ တိုက်မိကာ နောက်သို့ပင်လှိမ့်ကာ ပြုတ်ကျသွားသည်။

ရပ်ထားသည့် ကားနှစ်စီးမှာတော့ ခေါင်းပိုင်းစုတ်ပြတ်ကာ ကားကြားထဲညပ်သူက ညပ်သွားလေသည် ။ ချန်ဒလာကားပေါ်မှာဆင်းကာ မီးခိုးတစ်လူလူ ထွက်နေသည့် ကားတွေနားသွားကာ ဆေးလိပ်မီးခြစ်ကာ တစ်ဖွာ ရှိုက်ရှူလိုက်၏။ ဘယ်ချိန်ထပေါက်မှန်းမသိသည့် ကားတွေကြားမှာ ညပ်နေသည့် လူနှစ် ယောက်မှ တစ်ယောက်ကို လက်ကြမ်းကြီးနှင့်ဆွဲထုတ်ချကာ ..

"" မင်းကို ဘယ်သူခိုင်းတာလည်း !! ငါ့ကိုပြောစမ်း ""

"" မိုက်.. မိုက်ကယ် !! ""

ဖြေဆိုသူ၏အသံကား ခပ်ဖျော့ဖျော့ ..

သူအရင်ကမှ မိုက်ကယ်ဆိုသည့်လူကို သတ်ခဲ့သည်လေ။ ဒါဆိုဒီနောက်ထပ် မိုက်ကယ်ဆိုသည့်လူကား သူ့ကို ဦးတည်သည်မဟုတ် ။ ချန်ဒလာ မျက်မှောင်ကြုတ်ကာ ကားထဲတွင်ကျန်ခဲ့သည့်လူကို
လှမ်းကြည့်လိုက်မိသည်။ ထို့နောက်ခပ်ပါးပါးပြုံးကာ

"" မင်းကို အသက်ရှင်ခွင့်ပေးမယ် !! ""

"" ကျေး.. ကျေးဇူးတင်ပါတယ်.. ""

"" အဟက် ! မြန်မာနိုင်ငံက လူတွေများ ဂန်းစတားဆိုတာနဲ့ နာမည်ကို မိုက်ကယ်တို့ ဒေးဗစ်တို့ပဲ ပေးစရာရှိတာလား !! ""

"" ... ""

"" မင်းတို့ Boss မိုက်ကယ်ဆိုတဲ့ကောင်ကိုပြောလိုက် !! ကိုယ့်ဘာသာ မိုက်ကယ်အဆင့်မြင့်နို့မလိုင်ချောင်းရောင်းချင်ရောင်း၊ မရောင်းချင် ငါ့လူကိုထိဖို့ နာမည်ပြောင်း လို့ပြောလိုက် ငါပြောတာ နားလည်လား !""

‌ထဖို့တောင်မနည်းအားယူနေရသည့်လူကို ဆွဲမကာ ရှေ့သို့ဆောင့်တွန်းချလိုက်၏။ ထို့နောက် ဆေးလိပ်တိုက်ိုမီးခြစ်ကာ အငွေ့များကိုလည်း အဝရှူရှိုက်လိုက်ပြန်သည်။ ကားထဲတွင် ဆေးလိပ်မ‌သောက်ချင်။ တေးလိပ်မြင်တာနဲ့ အကြောင်းမဲ့ရင်ကျပ်‌ ရောဂါထသည့် ခေါက်ဆွဲခြောက်ကရှိသည်လေ။ ထို့နောက် ဆေးလိအ်တိုစကို ဖိနပ်ဖြင့် ဖိချေချကာ ကားထဲပြန်ဝင်လိုက်လေသည်။ ကားကို နောက်သို့ တစ်ပြန်စာလောက်ပြန်ဆုတ်ကာ မီးခိုးထနေသည့်ကားအမှိုက်ပုံကိုကျော်ချကာ ကွေ့ပတ်မောင်းချလိုက်သည်။

"" မင်းလက် .. ""

"" ရှပ်ထိတာ  တံတွေးစွတ်ပျောက်လိမ့်မယ် ! ""

"" တကယ်လား ငါစွတ်ပေးမယ်လေ !! ""

"" ဘာ !! ""

"" ငါစွတ်ပေးချင်တယ် !!

"" နေစမ်းပါ ! ကျုပ်က ရွံ့တတ်တယ် !! ""

"" ဒါဆိုမင်းဘာလို့ ညတိုင်း ငါ့ပါးစပ်ထဲ လျှာကြီးထည့်ထည့်ပြီး လာလာနမ်းလဲ !! '"

ဟုတ်သည်လေ နမ်းတိုင်း လျှာကြီးထိုးထည့်ကာတံတွေးတွေဖြင့်ရောယှက်နေသည်လေ ။

"" တူမလား !! ""

"" ဘာမတူတာလဲ .. ""

"' ကျုပ်သွေးက အချစ်သွေး ကျုပ်သွေးတွေ
ခင်ဗျား စုပ်မိပြီးကျုပ်အပေါ်ချစ်စိတ်တွေထကြွလာမှာ စိုးလို့ ""

"" မင်းအလှည့်မှပဲ အဲ့အချစ်တွေဆိုတာရှိ ""

"" မယုံဘူးလား မယုံရင်တံတွေးစွတ်ပြီးစုပ်ကြည့်ခုတော့လက်ကိုစုပ်ပေါ့ ညကျမှ
နောက်တစ်မျိုးပြောင်းစုပ်ရမယ် !! ""

"" ဘာကြီး ငါက ဘာကိုပြောင်းစုပ်ရမယ် ""

ဒူအောင်လုပ်နေပြန်သည်။ အရိပ်ပြလို့ အကောင်မထင်။

"" စိမ်းရွှင်ရွှင်နဲ့ ထောပတ်သီးအရသာလေး ""

"" ဪ ..""

သူရှည်ရှည်ဝေးဝေးတွေးမနေတော့ပါ ထောပတ်သီးဆိုတော့လည်း ထောပတ်သီးပေါ့။သူနားမလည်သာ တစ်ခုသာရှိသည် ထောပတ်သီးက စုပ်စားစရာလိုသလား ဇွန်းနဲ့ ခြစ်စားတောင်ရသည်လေ။

•~•~•~•~•~•~•~•~•~•~•

ယိမ်းယိုင်၏ အိမ်သို့ရောက်သည့်အခါ ခြံတံခါးကြီးဟာလည်းပွင့်နေသောကြောင့် ချန်ဒလာ ဒီတိုင်းပဲ ကွေ့၍သာဝင်လာခဲ့တော့သည်။ ထို့နောက် ဘေးနားတွင် ကုလားသေ ကုလားမော အိပ်နေသူအား ပါးကိုခပ်ဖွဖွရိုက်ကာ နှိုးလိုက်သည်။ တတ်လည်းတတ်နိုင်သည် ခုနကတော့ကြောက်နေလိုက်တာများသူ့အပြင် နှစ်ယောက်မရှိ ကမ္ဘာပေါ်မှာသူအကြောက်တတ်ဆုံး ခုကျတော့ မိုးပြိုတောင်နိုးမည့်ပုံမပေါ် ပုတ်သင်ညိုလိုကောင်လေး ...

"" ဟေးး !! ရောက်ပြီ ထတော့ ""

အိမ်ရှေ့သို့ရောက်သည့်တိုင် သူအိပ်ပျော်၍သာ လိုက်ပါနေမိသည်ထင်သည်။ ပါးကိုလှုပ်နိုးသူကြောင့်သာ သူမျက်စိကို အနည်းငယ်မျှ ပွတ်လိုက်လေသည်။ ‌မျက်ဝန်းတို့ကို ဖွင့်လိုက်သည့်နှယ့် ရှေ့ရှိမျက်နှာဟာဘွားခနဲ။ မျက်နှာကား အရမ်းနီးကပ်နီးကောကြောင့် သူမှာ သရဲ‌တွေ့သည်နှယ့်အလန့်တကြား !

"" ဘာဖြစ်လို့ အဲ့လောက် လန့်နေတာလဲ !! ""

"" မင်းမျက်နှာက အနီးကပ်ကြီးကို ""

"" အော် အဲ့တော့ ရင်ခုန်သွားတယ်ပေါ့ ""

"" သေပါလား မင်းရုပ်ကြည့်ပြီး လူကပြန်တောင်မေ့တော့မလို့ ""

ဟားး ! ဟားးးး!!

ပထမဆုံးအကြိမ် ချန်ဒလာရီတာကို တွေ့ဖူးခြင်းပင်။ မျက်လုံးကို လက်ဝါးအုပ်ကိုင်ကာ ခန္ဓာကိုယ်ပါတစ်သိမ့်သိမ့်တုန်သည်အထိ
ရီနေခြင်းမျိုး။သွားတတ်လေးနှစ်ချောင်းဟာလည်း ခုမှ အပြင်ဘက်သို့ပေါ်ထွက်နေသည်ပင်။ အရင်‌တွေကထက် ပို၍ပင်ခန့်ညားသည်။ ချန်ဒလာအပြုံးတွေကို ကြည့်ကာ ထိုအပြုံးတွေဖြစ်တည်လာဖို့ ဖန်တီးသူသည် သူကိုယ်တိုင်ပဲ ဖြစ်ချင်လာမိသည်။ ‌နောက်ပြီး သူကိုယ်တိုင်ပဲ မြင်နိုင်မယ့်သူ ..

"" မင်းမရီနဲ့ !! ""

"" ဘာလို့လည်း ကျုပ်အပြုံးတွေအောင် ခင်ဗျားလေးနစ်မြောသွားပြီလား ""

"" မဟုတ်ဘူး  မင်းရီရင် နွားပွဲစားကြီး
တစ်ဟီးဟီးလုပ်ပြနေသလိုပဲ ""

"" နွားဆိုတော့လည်း နွားပေါ့ ။
ယိမ်းယိုင်မှိုင်းတစ်ယောက်ထဲ ပိုင်တဲ့ နွားလေး ""

'" -ျီးကို ငါပိုင်တဲ့နွား ""

သူ့ဘက်ကို လှည့်ကာ စီယာတိုင်ကို ခေါင်းမှီကာ ပြုံးပြုံးကြီး ကြည့်နေသည်။ ကြည့်နေသူတော့မသိ အကြည့်ခံရသည့်သူတော့ မျက်နှာထားစရာ မရှိအောင်တော်တော်ကြီး ရှက်လာပြီဖြစ်သည်။
ကြည့်နေသည့် ထိုမျက်ဝန်းတွေကိုမှိတ်ချလိုက်ပစ်ချင်သည်။ ကြည့်ရမလား ကြည့်ရမလားဆိုပြီး ထိုးဖောက်ပလိုက်ချင်တာ လက်တယားယားပင်။

"" မင်း ဘာလို့စိုက်ကြည့်နေတာလဲ ""

"" ကြည့်ချင်လို့ကြည့်တာပေါ့ ကျုပ်မျက်စိနဲ့ကျုပ်ကြည့်တာ ဘာဖြစ်လဲ ။ ဘယ်သူ့ခွင့်ယူနေရမှာလဲ !! ""

ပြောတဲ့စကားဟာ ဘုဂလန့် ။ ဒီတစ်သတ်သူနဲ့လည်း ဘယ်တော့မှ တည့်မည်မဟုတ်။မတည့်မတူနေ မမြင်ချောင်းကြည့်ဆို‌ရအောင်လည်း ချန်ဒလာ့ကို သူတစ်ခါမှချောင်းမကြည့်ဖူး။ စိတ်လိုလက်ရတိုင်းသာ လုပ်မယ်ဆို ချန်ဒလာ သူ့လက်ထဲမှာ အမှုန့်မှုန့်အကြေကြေ ဖြစ်နေလောက်ပြီလေ ။ စကားကို ကန့်လန့်တစ်ခါပြောတိုင်း အမွှေုးနှုတ်ကြေးဆို သူ့တစ်ကိုယ်လုံး ဘယ်နေရာမှ အမွှေးရှိတော့မည်မဟုတ်။

"" မင်းလိုက်အုန်းမှာလား အိမ်ထဲ ""

"" အင်း  ""

"" ငါ့တို့အိမ်မှာ ဘာမှကျွေးစရာ မရှိဘူးနော် ""

"" ဘာလည်းမွဲနေလို့လား ""

"" အင်းလေ မင်းတစ်ယောက်ထဲကိုပဲ မကျွေးချင်လို့ကပ်မွဲတာ ""

"" ဆင်းဆင်း ခုကျုပ်ကားပေါ်ကာဆင်း တင်ခေါ်လာတာကိုက မှားတာ ခုဆင်း !! ""

"" ဆင်းတယ် ဆင်းတယ် ""

ကားပေါ်မှဆင်းကာတံခါးကို ဒုန်းခနဲ မြည်အောင် ပိတ်ချလိုက်သောကြောင့် ချန်ဒလာပါ ကားပေါ်က အသည်းအသန်ဆင်းလိုက်သည်။ ကားဆိုရင်တော့ သူနည်းနည်းလေးမျှ အထိမခံနိုင် ခုန တိုက်ထားသည့်အရှိန်ကြောင့် ကားက ရှေ့ပိုင်းတောင် ချိုင့်နေသည့်ဆိုကာမှ သူကပါ တံခါးကိုပါပြုတ်အောင်ဆောင့်ပိတ်နေသည်။

"" ကားကို .. ""

"" ဘာလဲပြော ဝင်မှာမလား လိုက်ဝင်ခဲ့ ""

ပြောမည့် စကားတို့ကား လေထဲ၌ရပ်တန့်သွားခဲ့ရပြန်သည်။ မသိရင် ကိုယ်ကပင် အပြစ်ရှိသလို ဆရာကြီး လုပ်သွားတာ ..

"" ကိုကြီး ""

ဧည့်ခန်းတစ်ခုလုံးဟာ ငြိမ်သတ်နေလေသည်။

"" ကိုကြီး ၊ ဖေဖေ ""

နောက်ထပ်နှစ်ခွန်းလောက်ခေါ်မှသာ အခန်းတစ်ခုထဲမှ ကိုကြီးဟာ ဝှီးချဲတစ်ခုကိုတွန်းကာ ထွက်လာခဲ့သည်။

"" ညီငယ် ရောက်တာကြာပလား ""

"" ဟင့်အင်း ။ ဖေဖေနေကောင်းလား ""

ယိမ်းယိုင်မှိုင်း ဝှီးချဲပေါ်ထိုင်နေသည့် ဦးဗလမှိုင်းနားသွားကာ ဒူးထောက်ထိုင်ချလိုက်သည်။ အဖေက
သူ့ကို့ နည်းနည်းလေးမျှ အကြည့်မစွန့် ..
နောက်ပါးမှ မတ်တပ်‌ရပ်နေသည့် ချန်ဒလာ့ ကိုသာ
တစ်စိုက်မတ်မတ် ကြည့်နေသည်။ ဖေဖေ့ရဲ့ မျက်ဝန်းတို့ဟာ ဝမ်းနည်းခြင်း အရိပ်အယောင်တွေပါကာ ညှို့မှိုင်းနေ၏။ 

"" ဟေ ဒန် မျိုး ဆက် .. လေး ကောင်း ကောင်း
ကြီး .. ပြင်း လာ တာ ပဲ ""

တစ်လုံးချင်း ထွက်ကျလာသည့် စကားအဆုံး ချန်ဒလာအပါအဝင် ကျန်ရှိနေသည့် ညီကိုနှစ်ယောက်လုံးပါ ဦးဗလမှိုင်းကို နားမလည်သည့် မျက်ဝန်းတို့ဖြင့် ကြည့်နေခဲ့သည်။

"" ဖေဖေ ချန်ဒလာ့ကို သိတာလား ""

ယိမ်းယိုင်မှိုင်း၏ အသံ ခပ်ပါးပါးလေးကိုကြားသည့်အခါ ဦးဗလမှိုင်း၏ လက်တို့သည် ယိမ်းယိုင်မှိုင်း၏ပါးပြင်နုနုလေးသို့သက်ဆင်းလာခဲ့သည်။
ထို့နောက်ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ကာ ..

"' ဖေဖေ သား .. ငယ် လေး ကို စိတ် ချ ပါ ပြီ ""

ဖေဖေ့ရဲ့အကြည့်တို့ဟာ အရင်ကနှင့်မတူတော့ တ‌စ်ဖြေးဖြေးပို၍ အုံ့မှိုင်းလာကာ တစ်ခုခုကို လွမ်းဆွတ်နေသည့်နှယ် ...

"" ဖေဖေ ဘာတွေပြောနေတာလဲ ""

ဒီတစ်ခါတော့ကိုကြီး ကပါဝင်ပြောလာပြီဖြစ်သည်။
ဖေဖေ့ရဲ့အသံတို့ဟာ အကုန်လုံးကို စိတ်ချကာ လက်လျော့တော့မယ့်နှယ့်။ ဖေဖေ့ရဲ့ခန္ဓာကိုယ်သည် တစ်ဖြေးဖြေးပိန်ချုန်းကျနေပြီဖြစ်သည်။ နှလုံးရောဂါဝေဒနာကို ခံစားနေရသည်မှာလည်း အမေဖြစ်သူ  ဒါလီပန်ပန် ဆုံးပြီးကတည်းက။ လူကြီးရောဂါတွေပါ အစုံဝင်‌နေသည့် လူကြီးဖြစ်ကာ သူကနေဒါမသွားခင်တုန်းကထက်ပင် ပိုဆိုးလာပြီ ဖြစ်သည်။

"" ညီငယ် ! ဖေဖေ့ကို ခနကြည့်ထား ကိုယ်ချန်ဒလာစားဖို့ တစ်ခုခု လုပ်လိုက်အုန်းမယ် ""

"" နေပါစေ ကျုပ်ပြန်တော့မယ် ခင်ဗျားကိုလာကြိုဖို့
ဟယ်ရီကို လွှတ်လိုက်မယ် ""

"" အင်း ""

ချန်ဒလာ ခေါင်းတစ်ချက်ငြိမ့်ပြကာ ခြံထဲသို့ထွက်သွားလေသည်။ယိမ်းယိုင်ကိုယ်တိုင်ဟာလည်းတစ်ခုခုကို‌ မေ့လျော့နေသည့်နှယ်ခြံထဲတွင်ရပ်ထားသည့် ကားမဲလေးတစ်စီးခြံပြင်ဘက်သို့ ထွက်သွားသည့်တိုင်တစ်ခုချင်းစီကိုလိုက်ကြည့်နေမိသည်။

"" ဒါဆိုလည်း ခနနေအုန်း ကိုကြီးစာရင်းချုပ်စရာကျန်တာ သွားလုပ်အုန်းမယ် ""

"" ဟုတ်ကိုကြီး ""

ကိုကြီးလည်း အပေါ်တတ်သွားသည်နှင့် အဖေက သူ့ကို အခန်းတစ်ခန်းထဲဝင်ဖို့ လက်ညှိုးထိုးပြနေသည်။
တစ်နည်းဆို ဖေဖေနှင့် မေမေရဲ့အခန်းပင်။ ဖေဖေနှင့် ဒါလီယာဝမ် ယူပြီးလည်း ဖေဖေက အခန်းခွဲနေသည်။ မေမေနှင့်နေခဲ့သည့်အခန်းထဲမှ ပြောင်းမသွား။ ဒါလီယာဝမ်ကတော့ တစ်ခါတစ်လေ အိမ်ပြန်လာချင်မှ ပြန်လာသည်ကြောင့် အပေါ်ထပ်အခန်းတစ်ခန်းက အမြဲလွတ်နေတတ်သည်။ ကိုကြီးကလည်း သူ့အလုပ်ကလွဲပြီး ဘယ်ဟာမှ ဂရုမစိုက်သည့်လူမျိုးပင်။

အခန်းထဲဖွင့်ကာ ဝင်လိုက်သည်နှင့် လီလီပန်းရနံ့လေးဟာ နှာခေါင်းထဲသို့တိုးဝင်လာခဲ့သည်။ ဖေဖေက မေမေ့အကြိုက်တွေကို အမြဲမှတ်ထားသည့်ပုံ။ ခုထိမပြောင်းလဲ။ လီလီပန်းလေးတွေရဲ့အဓိပ္ပါယ်က အချစ်ဦးဟုအဓိပ္ပါယ်ရသည်‌လေ။ မေမေဟာလည်း ဖေဖေကိုစတွေ့သည့်အချိန်မှ လီလီပန်းရနံ့လေးတွေကိုသုံးစွဲတတ်လာသည်တဲ့။ ပြောရမယ်ဆို ဖေဖေဟာ မေမေရဲ့အချစ်ဦး‌‌ပေါ့။ မှတ်မိပါသေးသည် သူ18 နှစ်သားလောက်က အချစ်ဆိုတာ ဘာလဲဟုမေမေ့ကိုမေးဖူးသည် မေမေဟာ ဖေဖေ့ကို အမြဲ လက်ညှိုးထိုးပြလေ့ရှိသည်။

အခန်းထဲ‌ ရောက်သည်နှင့် ဖေဖေနှင့်သူ၏ မျက်စိရှေ့မှာရှိနေသည့် ပန်းချီကားချပ်ကြီးဟာ ဝံ့ဝံ့ထည်ထည် .. မေမေ့ရဲ့ အပြုံးတွေဟာ ပန်းချီကားချပ်အတွင်း၌တောင်အသက်ဝင်နေသည်။

"" သား .. သားငယ် ""

"" ဗျာ ""

‌ဖေဖေက သူ့လည်ပင်း၌အမြဲ ဆွဲထားသည့် သော့ပုံစံ ဆွဲကြိုးလေးကို ချွတ်ပေးလာသည်။ ထို့နောက် ပန်းချီကားချပ်ကြီးကိုလက်ညှိုးထိုးပြကာ ...

"" သား ငယ် တစ် ခု ခု ကို .. ဆုံး ဖြတ် ချက် ချ ဖို့
ခက် ခဲ လာ တဲ့ အချိန် ရှိ ခဲ့ ရင် ဒီ သော့ လေး
နဲ့ ဟော့ ဒီ ပန်း ချီ ကား နောက် ကြီး က သေတ္တာ
လေး ကို ဖွင့် ကြည့် ""

"" ဗျာ အခုဖွင့်ကြည့်လို့ ... ""

"" ဟင့်အင်း ""

ဖေဖေက သူ့လက်ကိုအုပ်ကိုင်ကာ မဖွင့်ဖို့ ခေါင်းကိုဖြေးဖြေးချင်း ခါပြသည်။ ဒီပန်းချီကားချပ်ကြီးနောက်မှာ သေတ္တာထပ်ရှိနေသေးသည်တဲ့လား။ ဒီအိမ်မှာနေတာကြာသလို၊ ဒီခန်းထဲလည်းဝင်ထွက်နေကြ ဒါပေမယ့်သူမသိခဲ့ပေ။

' သူမသိတာ ဘာတွေများ ထပ်ရှိနေတာလည်း '

•~•~•~•~•~•~•~•~•~•~•~•~

ချန်ဒလာ ကလပ်သို့ မသွားခင် ဂိုဏ်းဘက်ကို ခနဝင်မည်ဖြစ်သည်။ မနက်က အတွေ့အကြုံ အရဆို ယိမ်းယိုင်မှာပါအန္တရာယ်ရှိပေသည်။ ဘာတွေလုပ်ထားမှန်းမသိပေ။ တယ်လည်း ပြသနာရှာနိုင်သည့်လူပင် ကြည့်ရင်တော့မခုတ်တတ်သည့်ကြောင် သားဖြူစင်တာ သားပဲသိတယ် ဆိုပြီး တစ်ယောက်ထဲ ကွက်ဖြူစင်နေသူ။

တီ တီ တီ !!

ကားဟွန်းတီးသံဟာ ခြံကျယ်ကြီးရှေ့၌ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။  အိုလစ် ခပ်မြန်မြန်ပင်သွားကာ ခြံတစ်ခါးကို ဖွင့်ပေးလိုက်သည်။ သခင်လေး ဟွန်းသုံးချက်ထက် ပိုတီးရင်မကြိုက်။ ဟွန်းသုံးချက်တီးလျှင်လည်း ချန်ဒလာဟေဒန်ဆိုတာ ပြေးကြည့်စရာမလို ။

ချန်ဒလာ ကားပေါ်က ဆင်းဆင်းခြင်း လေ့ကျင့်ကွင်းဆင်းနေသည့် သင်တန်းသားတွေဟာလည်း ချက်ချင်းဦးညွှန့်လိုက်ကြသည်။ ရေ့ချက်စ် အဖွဲ့၏
အဖွဲ့သားတော်တော်များများသည် လမ်းဘေးကလေး များစွာပါဝင်သည်။ ထိုကလေးတွေကို သူ့လက်အောက်ခိုလှုံခွင့်ပေးကာ အပစ်အခတ်တွေကို ကျွမ်းကျင်စွာသင်ကြားပေးသည်။ သင်ကြားပေးသည်နှစ်ယောက်ဟာလည်း မတ်စ်နှင့် အိုလစ် နှစ်ယောက်သာ ဖြစ်သည့်အတွက် လှည့်ကြည့်စရာမလို။

"" ဟယ်ရီ  !! ""

ပြန်ထူးသံမကြား ။နောက်မှပါလာသည့်
မတ်နှင့်အိုလစ်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်လိုက်သည်။
သခင်လေးမျက်နှာကား ကြည့်ရုံနှင့်တင် စိတ်မရှည်မှုတို့ပျော်ဝင်နေသည်။

"" ဟယ်ရီ !!! လုံးဂတီး !!! ""

( A/N လုံးဂတီး=လီးဂတုံး )

ဟယ်ရီသည် ဂတုံးဆံပင်ပေါက် ဖြစ်သည့်အတွက် သခင်လေးက တစ်ခါတစ်လေစိတ်တိုလာရင်အမြဲ လုံးဂတီးဟုအသံခပ်နက်နက်ဖြင့်ခေါ်တတ်သည်ပင်။ တစ်နည်းဆို သူ့ရဲ့ စိတ်မရှည်ခြင်းဟာနောက်ဆုံးအဆင့်ရောက်နေပြီဆိုတာပြသခြင်း။


"" ခင်ဗျာ ! ""

ဟယ်ရီ နောက်ဖေးမှ ခပ်ကုပ်ကုပ်သာထွက်လာခဲ့လိုက်သည်။ မထွက်လို့လည်းမရအော်သံကြီးကားဟိန်းထွက်နေသည်လေ။

' အိမ်သာတောင် ကောင်းကောင်းမတတ်ရပါလား '

"" အခန်းထဲ ခုလိုက်ခဲ့ ! ""

အခန်းထဲရောက်သည်နှင့် ချန်ဒလာဟာ သူ၏ အပေါ်coat ကို ချွတ်လိုက်ကာ ခုံပေါ် လှမ်းပစ်တင်လိုက်သည်။ ဝတ်ဆင်ထားသည့် Shirt အဖြူရောင်လက်‌မောင်းနား၌လည်း သွေးစတို့ဟာ ခြောက်နေပြီဖြစ်သည်။ ဆုံလည်ထိုင်ခုံပေါ် ထိုင်ချကာ မျက်လုံးတို့ကို မှိတ်ထားကာ ခနအနားယူလိုက်လိုက်သည်။ မျက်ခုံးတို့ကိုနှိပ်နေရင်းနဲ့မှ ပါးစပ်မှလည်း

' မိုက်ကယ် မိုက်ကယ် တောသားနာမည်နဲ့
ဘယ်ကောင်လဲ '

ဟယ်ရီ အခန်းထဲ ဝင်လာသည်နှင့်  ဆုံလည်ခုံပေါ် ထိုင်နေသူ၏ လက်ကို ချက်ချင်းအကြည့်ရောက်သွားသည်။

"" သခင်လေး လက်က !! ""

"" ဘာမှ မဖြစ်ဘူး ပြီးမှ အိုလစ်ကို ဆေးသေတ္တာယူခိုင်းလိုက် ""

"" ကျွန်တော်ထည့်ပေးရမလား ""

"" မလိုဘူး ""

"" ဟုတ်ကဲ့ ! ""

ချန်ဒလာဟာ ဘာမှ မပြောတော့သလို ဟယ်ရီဟာလည်းတောင့်တောင့်ကြီးရပ်နေမိသည်။ ချန်ဒလာ အကြောင်းအရာတစ်ချို့ကိုတွေး‌တောနေမည်ဆိုတာပိုမှန်မည်။ တစ်အောင့်လောက်နေသည့်အခါ ချန်ဒလာဘက်မှ ပြတ်ပြတ်သားသားစကားသံတို့ထွက်လာခဲ့သည်။

"" ဟယ်ရီ ငါ့ကို Kangal ခွေးရှာပေး ! ""

"" မဖြစ်နိုင်လောက်ဘူးသခင်လေး ။ Kangal ခွေးတွေက တစ်ချို့နိုင်ငံတွေမှာ ပိတ်ပင်ထားတဲ့ ခွေးမျိုးစိတ်ပါ  ""

"" ကျစ် ! ငါ့ကို စောက်ဆရာကြီးလုပ်တာ ငါအမုန်းဆုံးပဲ ။ ငါရှာခိုင်းရင် ရှာလိုက် ပြန်မမေးနဲ့ ။အတွန့်မတတ်နဲ့ ""

"" ဟုတ်ကဲ့ သခင်လေး ""

"" သွားတော့ ""

ဟယ်ရီ ခေါင်းတစ်ချက်ငြိမ့်ပြကာ အခန်းပြင်ထဲသို့သာထွက်လာခဲ့သည်။ အိုလစ်ကို ဆေးသေတ္တာယူသွားခိုင်းဖို့လည်းမမေ့ ..

Kangal ခွေးမျိုးစိတ်သည် တစ်ချို့နိုင်ငံတော်တော်များများတွင်မွေးဖို့ ပိတ်ပင်ထားသည့်ခွေးအမျိုးအစား။မတ်တပ်ရပ်လိုက်လျှင် လူ့တစ်ရပ်စာထက်ကျော်ကာ လူတစ်ယောက်ကို မသေမချင်း အမဲဖြတ်နိုင်သည့် ကောင်ကြီးမျိုးပင်။ ရက်စက်သည်။ ကြမ်းကြုတ်သည် ။ ဒီလိုခွေးမျိုးသာ အကိုက်ခံရရင် အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားမည်ဆိုတာ မလွဲဧကန်။ တစ်ချို့တွေဆို တောတောင်ဘက်သိုးထိန်း နွားထိန်းအဖြစ် စားကျက်နေရာ၌ သုံးကြသည်။ သိုးတွေနား ကပ်လာမည့် တစ်ခြားသားရဲတိရိစ္ဆာန်ကိုမဆို မပူရအောင်ပင်။  Kangal ခွေးမျိုးသည် ကျားနှင့်တောင်ဖက်ကိုက်နိုင်သည့်ခွေးအမျိုးအစားဖြစ်သောကြောင့် ပိုင်ရှင်တွေကတော့ သိုးပျောက်မှာ မပူရ နှပ်နေရုံသာ။

'ဒီနဲ့ယမ်ကို ပစ်ပြီးများ ခွေးပြောင်းမွေးတော့မလို့လား ' ဒါလည်း မဖြစ်လည်း ဒီနဲ့ယမ်ဟာ ချန်ဒလာ၏
လက်စွဲတော် ။

မနက်ကအခြေအနေကြောင့်သူ့မရှိသည့်အချိန်များ၌ ယိမ်းယိုင်မှိုင်းအတွက် ရင်ဆိုင်နိုင်မည်မဟုတ် ။
ဒီနဲ့ယမ်ကို ယိမ်းယိုင်မှိုင်းအနား ပို့ထား၍လည်းမဖြစ်။  တွေ့တာနဲ့တင်လန့်လို့သေသွားနိုင်သည်လေ။
Kangal ခွေးမျိုးကို သုံးနှစ်သားကတည်းက မွေးမြူကာ သေချာလေ့ကျင့်ပြီး ယိမ်းယိုင်မှိုင်းအနားပို့ထားရမည်။ သူမရှိသည့်အချိန်တွေမှာ အနည်းနဲ့အများတော့ စိတ်ချရသည်မလား .....

(A/N ချန်ဒလာရှာခိုင်းသည့်ခွေးမျိုးစိတ်မျိုးပါ
ဇိုင်လို ရှာကြည့်သလောက်တော့မွေးလို့မရတဲ့နိင်ငံတွေရှိပါတယ်။ မွေးဖို့မသင့်သည့်ထဲမှာလည်း
နံပါတ် 1 ချိတ်ထားတာပါ )

•~•~•~•~•~•~•~•~•~•~•~•~•~•~

26 • 1 • 2024 •
Xylo

Continue Reading

You'll Also Like

2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.6M 119K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.5M 135K 46
✫ 𝐁𝐨𝐨𝐀 𝐎𝐧𝐞 𝐈𝐧 π‘πšπ­π‘π¨π«πž π†πžπ§'𝐬 π‹π¨π―πž π’πšπ πš π’πžπ«π’πžπ¬ ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
54.6K 2.4K 15
MyanmarΓ—Bl 6.1.2022<>11.3.2023 //Unicode+Zawgyi//