Sponsor

By __SWARA__

16.7K 448 18

Name- Sponsor Web Name- Sponsor Author: 아노르이실 Translator: Nieve Genre: Adult, Drama, Mature, Romance, Slice... More

Description
Part [1.1] Z+U
Part [1.2] Z+U
Part [1.3] Z+U
Part [2.1] Z+U
Part [ 2.2 ]
Part [ 3 ]
Part [5]
Part [6]
Part [7]
Part [ 8 ]
Part [ 9 ]
Part [ 10 ]
Part [11]
Sponsor Tele paid channel
Part [12] Z+U
Paid Channel Promotion
Part [13] Z+U

Part [4]

441 20 1
By __SWARA__

Sponsor

[ Part 4 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve



*** 

လမ်းမပေါ်ကနေ ဖြတ်သန်းလာတဲ့ မူယွန့်ရဲ့ကားက အဆောက်အအုံရှေ့မှာ ရပ်လိုက်တဲ့အခါ ကြိုတင်ရပ်စောင့်နေကြတဲ့လူတွေက ပြေးလာကြတယ်။ မူယွန်က ကားထဲကမဆင်းသေးဘဲ အတွင်းရေးမှူးယောက အရင်ဆင်းသွားပြီး သူတို့ရဲ့နောက်ကလိုက်လာတဲ့ သက်တော်စောင့်တွေက ကားဆီကိုအပြေးလာပြီး အဲ့ဒီလူတွေကို ဖယ်ရင်း ပတ်ပတ်လည်မှာ ဝိုင်းလိုက်ကြတယ်။
ရုပ်ရှင်ကုမ္ပဏီဝန်ထမ်းတွေဖြစ်တဲ့ အဲ့ဒီလူတွေရဲ့မျက်နှာမှာ ပဟေဠိဆန်တဲ့အကြည့်တွေနဲ့ ပြည့်နှက်နေပြီး အတွင်းရေးမှူးယောနဲ့ စကားပြောပြီးတဲ့နောက် အဆောက်အအုံထဲ ဝင်သွားတော့မှသာ သက်တော်စောင့်တစ်ယောက်က ကားတံခါးကို လာဖွင့်ပေးတယ်။
မူယွန်က သူ့ရဲ့လက်ပတ်နာရီကို ဖြေချလိုက်တော့ အတွင်းရေးမှူးက အလိုက်တသိ ဆေးထိုးအပ်ကို ပြင်ဆင်ထားတယ်။
ဆေးက လျင်မြန်စွာ အစွမ်းပြလာပြီး ခေါင်းကိုက်လာတာကြောင့် မူယွန်က နားထင်ကိုဖိပြီး မော့ကြည့်လိုက်တော့ ထုတ်လုပ်ရေးကုမ္ပဏီရဲ့နာမည်ကို အဆောက်အအုံသေးသေးလေးမှာ ရေးထားပြီး ယူအီရင်းက အဲ့ဒီမှာ ရှိနေတယ်လေ။ ဝင်လာတဲ့အတွေးကြောင့် ခေါင်းကိုက်နေတာတွေတောင် ပျောက်ကင်းသွားသလို ထင်ယောင်ထင်မှားဖြစ်သွားတယ်။

“ဝင်ကြရအောင်”

မူယွန်က ပြောလိုက်တော့ သက်တော်စောင့်တွေက စတင်လှုပ်ရှားလာပြီး မူယွန်လည်း ခြေလှမ်းစလိုက်တယ်။

“မင်္ဂလာနံနက်ခင်းပါ CEO ကျွန်တော်က ဒီရုပ်ရှင်ရဲ့ဒါရိုက်တာပါ…..”

မူယွန် အဆောက်အအုံထဲကို ဝင်လာတာနဲ့ သူ့နားကို ကပ်လာတဲ့ဒါရိုက်တာက သူ့ရှေ့မှာရပ်ပြီး နှုတ်ဆက်လာပေမဲ့ မူယွန်က သူ့ကို အာရုံမစိုက်ဘဲ ကျော်သွားပြီး ဓာတ်လှေကားထဲကို ချက်ချင်းဝင်သွားလိုက်တော့ အတွင်းရေးမှူးယော၊ အခြားလက်ထောက်တွေနဲ့ သက်တော်စောင့်တွေကပါ ဓာတ်လှေကားထဲကို ဝင်လာကြတယ်။

ကုမ္ပဏီအရာရှိတွေနဲ့ ဒါရိုက်တာကပါ ဓာတ်လှေကားထဲကို ဝင်ဖို့ကြိုးစားလာပေမဲ့ သက်တော်စောင့်တွေက သူတို့ကို တားဆီးထားတယ်။

“ယူအီရင်းက ဒီမှာရှိတယ်လို့ ပြောတာမလား”

“ဟုတ်ကဲ့ ပထမဆုံး ဖုန်းခေါ်ဆိုကတည်းက ဒီမှာရောက်နေပြီလို့ ပြောပါတယ်”

ခပ်ကျဥ်းကျဥ်းဓာတ်လှေကားက လေးထပ်မြောက်ကို ရောက်တဲ့အခါ တံခါးပွင့်သွားတယ်။ တံခါးပွင့်တာကို အတည်ပြုပြီး ထွက်သွားတော့မဲ့မူယွန်က သူ့ရှေ့မှာ ရပ်နေတဲ့လူကို တွေ့လိုက်တဲ့အခါ ရပ်တန့်သွားတယ်။

“မစ္စတာ ယူအီရင်း”

“ မတွေ့ရတာကြာသွားပြီနော်။ ခင်ဗျား ကျွန်တော့်ကို လာရှာမယ်လို့ တကယ်မမျှော်လင့်ထားဘူး”

ယူအီရင်းက ဓာတ်လှေကားတံခါးရှေ့မှာ ရပ်နေခဲ့တယ်။
သူက စင်္ကြံနံရံကို ကျောမှီရင်း ပြုံးနေပေမဲ့ စိတ်အခြေအနေကောင်းတဲ့ပုံတော့မပေါ်ဘူး။ မူယွန်က အတွင်းရေးမှူးတွေနဲ့ ပတ်ဝန်းကျင်အနေအထားကို တစ်ချက်ကြည့်လိုက်တော့ သူတို့တွေက မူယွန့်ရှေ့က ဓာတ်လှေကားနားမှာရှိနေကြပြီး ဘေးပတ်ဝန်းကျင်နဲ့ ရုံးခန်းအတွင်းပိုင်းကို အကဲခတ်နေကြတယ်။
အတွင်းရေးမှူးက ဓာတ်လှေကားခလုတ် နှိပ်လိုက်တာကို မြင်လိုက်ရတဲ့နောက် မူယွန်က ယူအီရင်းဘက်ကို ပြန်ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာ လှေကားကနေ တက်လာတဲ့သူတွေက လေးထပ်ကို ရောက်လာကြတယ်။
ဒီနေရာမှာ မျက်လုံးတွေ၊နားတွေ အများကြီးပဲ။

“အထဲကိုသွားပြီး အေးအေးဆေးဆေး ပြောကြရအောင်”

မူယွန်က ယူအီရင်းနားကို ကပ်ပြီး လက်ကောက်ဝတ်ကနေ ဆွဲကိုင်လိုက်ရင်း ဘာရုံးခန်းလဲဆိုတာတောင် မစစ်ဆေးဘဲ မြင်လိုက်ရတဲ့ အနီးဆုံးတံခါးကိုဖွင့်ပြီး အထဲကို ဆွဲခေါ်သွားလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ဘာအခန်းလဲဆိုတာ အရေးမကြီးပါဘူးလေ။
တစ်ဆက်တည်းမှာပဲ ထုတ်လုပ်ရေးကုမ္ပဏီကလူတွေနဲ့ ဒါရိုက်တာကပါ လိုက်ဝင်လာဖို့ ကြိုးစားခဲ့ပေမဲ့ သက်တော်စောင့်တွေရဲ့တားဆီးခြင်းကို ခံလိုက်ရပြန်တယ်။
တံခါးပိတ်လိုက်ပြီးတာတောင် အပြင်မှာ အနှောင့်အယှက်အနည်းငယ် ရှိနေသေးပေမဲ့ မူယွန်ရော ယူအီရင်းရော အဲ့ဒါကို ဂရုစိုက်မနေပါဘူး။ ကြားရလောက်တဲ့နေရာအထိ အခန်းနားကို ကပ်မလာအောင် အတွင်းရေးမှူးယောက ကိုင်တွယ်ပါလိမ့်မယ်။
မူယွန်က ယူအီရင်းရဲ့လက်မောင်းကို လွှတ်ပေးလိုက်တော့ ယူအီရင်းက မူယွန်ကိုင်ထားတဲ့လက်မောင်းကို လှုပ်ခါပြီး ဆိုဖာပေါ်ကို ဝင်ထိုင်လိုက်ကာ မူယွန့်ကို မော့ကြည့်လိုက်တယ်။

“မင်းက ငါတွေးထားတာထက် အချိန်ပိုယူခဲ့တာပဲ”

“ကျွန်တော်က အနည်းဆုံးတစ်ခေါက်လောက်တော့ ခင်ဗျား လာတွေ့မယ်ထင်နေတာ”

“ငါ့ကို လွမ်းနေတာလား”

မူယွန်တစ်ယောက် မမျှော်လင့်ထားတဲ့အသံပေါက်အောင် ကြိုးစားပြီးပြောနေရတယ်...။
ယူအီရင်းက သူ့ကို တွေ့ချင်တယ်လို့တွေးလိုက်တာနဲ့ အရိုင်းဆန်စွာ ခုန်ပေါက်လာတဲ့ နှလုံးသားကို ဖိပြီး ပုံမှန်အသံဖြစ်အောင် ကြိုးစားပြီးပြောနေရတယ်။ သူက မူမပျက်အောင်ကြိုးစားပြီး ပြောလိုက်တော့ ကံကောင်းစွာနဲ့ ယူအီရင်းက သူ့ရဲ့မေးခွန်းကို အများကြီး လျှောက်မတွေးခဲ့ဘူး။

“ခင်ဗျားလာရင် ကျွန်တော်က ခင်ဗျားနဲ့ အတူတူအိပ်ပြီး တူညီတဲ့တုံ့ပြန်မှု ပြန်ပေးမလို့ပါပဲ”

ယူအီရင်းက ပေါ့ပေါ့ပါးပါး ပြောလာတဲ့အတွက် မူယွန် ရယ်လိုက်မိပေမဲ့ ရယ်လိုက်တဲ့အချိန်မှာပဲ စိတ်သက်သာရာရသလို ခံစားလိုက်ရတယ်။ ယူအီရင်းက ဟာသတစ်ခုလို ပေါ့ပေါ့ပါးပါးပြောလာခဲ့ပေမဲ့ မူယွန်ရဲ့ရယ်သံတွေက ဟာသတစ်ခုကို ရယ်နေတဲ့ပုံ သိပ်မပေါက်ပါဘူး။ မူယွန်က ယူအီရင်းကိုသာ အရင်တွေ့ဖြစ်ခဲ့ရင် သူ့ကို ချစ်သွားမိလိမ့်မယ်ထင်တယ်။
အရင်တွေ့တာနဲ့ အရင်တွေ့အောင်လုပ်တာက အံ့အားသင့်စရာကောင်းလောက်အောင်ကို ကွဲပြားပါတယ်။ အရင်တွေ့တာက အမြဲတမ်း စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ရှိနေတတ်ပါတယ်။

“ကံမကောင်းစွာနဲ့ပဲ အဲ့ဒီလို မဖြစ်ခဲ့ဘူး”

“ကျွန်တော်သိပါတယ်။ ခင်ဗျားက ကျွန်တော် အရှုံးပေးမှာကို စောင့်နေပြီး ရွေးချယ်ဖို့ ဖိအားပေးနေတာကြောင့် ဒါက အစကတည်းက မမျှတတဲ့ ကစားပွဲပဲ၊ အင်း…..ကျွန်တော် ရှုံးတာကို လက်ခံပါတယ်”

“ဒါကို ဝန်ခံလိုက်ဖို့ အတော်လေးရှည်လျားတဲ့ အကြောင်းပြချက်ပဲ”

“ဒါကို အတော်လေး သည်းခံနေရတယ်၊ အမှန်အတိုင်းပြောရရင် ခင်ဗျားရဲ့မျက်နှာကို ပိတ်ထိုးလိုက်ချင်တယ်”

“ဒီလိုလုပ်ဖို့ကိုတော့ အားမပေးချင်ဘူး၊ ငါက မလုပ်ချင်ရင်တောင် ငါ့အနေအထားကြောင့်…… မင်းအတွက် ဆိုးကျိုးတွေ ဖြစ်လာလိမ့််မယ်”

“ကျွန်တော်လည်း အထက်တန်းလွှာပိုင်ရှင်တစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့သတင်း ထပ်ပြီးလွှင့်ဖို့ စိတ်ကူးမရှိပါဘူး၊ တစ်ခါကြုံဖူးပြီးသားလေ”

ယူအီရင်းက ပခုံးတွန့်ပြလာပြီး မူယွန်က ယူအီရင်းနဲ့မျက်စောင်းထိုးနေရာမှာ ဝင်ထိုင်ရင်း တံခါးဘက်ကို ကြည့်လိုက်တယ်။
အပြင်ဘက်ကလူတွေက အခန်းထဲက စကားဝိုင်း အဆုံးသတ်မဲ့အချိန်ကို စောင့်နေကြပြီး မူယွန့်မှာလည်း နောက်ထပ်လုပ်ဆောင်ရမဲ့အချိန်ဇယားရှိပါသေးတယ်။ သူက ကြိုမပြောဘဲနဲ့ ဒီမှာ ကြာကြာနေရင်တောင် အတွင်းရေးမှူးယောက ညှိယူပေးမှာဆိုပေမဲ့ အဲ့ဒီလောက်လည်း မလွယ်ဘူးလေ။
မူယွန်က အဲ့ဒါကိုသိပေမဲ့လည်း ထပြီးတော့ သူတို့ကို မခေါ်လိုက်ချင်ဘူး။  ဒီအတောအတွင်း မူယွန်ထင်ထားတာက ယူအီရင်းကို အဲ့ဒီလောက်ကြီး မတွေ့ချင်ဘူးဆိုတာပဲ။ အများကြီးမတွေ့ရလည်း အဆင်ပြေပြီး တစ်ခါလောက် အသံကြားလိုက်ရရင်ပဲ ကောင်းပါတယ်ပေါ့။ ဒါပေမဲ့ သူနဲ့တွေ့တဲ့အခါ ခံစားနေရတာတွေက လွင့်ပြယ်သွားပြီး သူနဲ့မတွေ့ခင်တုန်းက သူ့အတွက် ပုံမှန်အတိုင်း ထူးခြားမနေပေမဲ့ သူနဲ့တွေ့လိုက်ရတဲ့အခါမှာတော့ ခံစားချက်တွေက ပိုကောင်းလာသလိုပါပဲ။
သူ့အကြည့်တွေက ယူအီရင်းရဲ့မျက်နှာကနေ မခွာနိုင်ဘဲ နှလုံးခုန်သံကလည်း နည်းနည်းပိုမြန်လာပြီး အာရုံအလုံးစုံက သူ့ဆီမှာ စုပြုံနေသလို သူ့မျက်နှာကို မြင်နေရတာနဲ့တင် ပျော်နေမိပြီ။
ယူအီရင်းရဲ့ပုံစံက နောက်ဆုံးတစ်ခေါက် တွေ့တုန်းကနဲ့ သိသိသာသာ ကွာခြားနေတယ်။ ဆံပင်ညှပ်လိုက်တာကြောင့် ဖြစ်နိုင်သလို နောက်ဆုံးအကြိမ်တွေ့တုန်းက ဆံပင်က အနက်ရောင်ဖြစ်နေပေမဲ့ ဒီနေ့မှာတော့ ခပ်ပွပွလှိုင်းတွန့်သဏ္ဌာန် အနည်းငယ်ကောက်ထားပြီး အရောင်ကိုလည်း အညိုဖျော့ရောင် ဆိုးထားတယ်။ အဲ့ဒီပုံစံကလည်း ကြည့်ကောင်းနေပြီး ချစ်စရာကောင်းတဲ့ခွေးပေါက်လေးလို့တောင် မူယွန် တွေးနေမိတယ်။ အကာအကွယ်ယူဖို့အတွက် တပ်ထားပုံရတဲ့ ခပ်ထူထူကော်ကိုင်းမျက်မှန်နဲ့လည်း ကြည့်ကောင်းနေပြီး ဘေးတိုက်အနီးကပ်ကြည့်လိုက်တော့ မှန်မပါပေမဲ့ ချစ်စရာကောင်းနေပြန်တယ်။

“ကျွန်တော့်မျက်နှာမှာ အပေါက်ဖြစ်တော့မယ်”

ယူအီရင်းက အကြည့်ချင်းဆုံပြီး ပြောလာတော့ မူယွန်က အနည်းငယ် ရှက်သွေးဖြာပြီး ပန်းရောင်သန်းသွားပေမဲ့ အဲ့ဒါက သိပ်မကြာဘဲ ယူအီရင်းကို ကြည့်လိုက်တော့ ယူအီရင်းက ရှေ့ကို ကိုင်းကာ ဒူးပေါ်ထောက်ထားတဲ့ လက်ပေါ်ကို မေးတင်ထားရင်း ရယ်နေလေတယ်။

“ကျွန်တော့်မျက်နှာက အဲ့ဒီလောက်တောင် ကြည့်ကောင်းတာလား”

“အရင်ရက်တွေက ပြောပြီးပြီထင်တယ်”

“အိုး….ဟုတ်တာပေါ့၊ လှတယ်လို့ ပြောခဲ့တာပဲ”

ယူအီရင်းက အနည်းငယ် ခေါင်းညိတ်ပြလာပြီး မူယွန်ရဲ့အကြည့်တွေကတော့ တဖျတ်ဖျတ်ခတ်နေတဲ့ သူ့ရဲ့မျက်ဝန်းရွဲကြီးတွေဆီမှာသာ။

“ကျွန်တော့်ရဲ့မျက်နှာကိုပဲ ကြိုက်တာလား၊ တခြားအရာတွေက ကြောက်စရာကောင်းနေတာလား၊ ခင်ဗျားက omega တစ်ယောက်ဖြစ်ပြီး ကျွန်တော်က alpha တစ်ယောက်ဖြစ်တာမလို့ တစ်ခါတလေမှ တွေ့ပြီး ခန္ဓာကိုယ်ချင်း နှီးနှောတာက ပိုပြီး အဆင်ပြေမယ်ထင်တယ်၊ ခင်ဗျားရော အဲ့ဒီလို မထင်ဘူးလား၊ ခင်ဗျား မလုပ်ချင်တဲ့ အချိန်ဇယားတွေကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးမနေဘဲ ခင်ဗျားလိုအပ်ချိန်တိုင်း သာယာချင်တိုင်း ကျွန်တော့်ကို ခေါ်လိုက်လို့ရပါတယ်”

“နောက်ဆုံးအကြိမ် တွေ့ကတည်းက ငါ သိချင်နေတာ”

ယူအီရင်းကို ပြန်ဖြေလာခြင်းမရှိဘဲ မူယွန်က မေးခွန်းနဲ့ ပြန်တုံ့ပြန်ဖို့ ရွေးချယ်ခဲ့တယ်။ သူ့ရဲ့တခြားအရာတွေက ကြောက်စရာကောင်းနေတာလားဆိုတာက မူယွန့်ရဲ့အဆင့်အတန်းကို အခြေခံပြီး ပြန်ဖြေဖို့ရာ မတန်တဲ့မေးခွန်းတစ်ခုပဲ။

“ဘာလဲ”

“မင်းက စပွန်ဆာကို အများကြီးမုန်းတယ်ဆိုရင် ဘာလို့ ငါ့ကို စပွန်ဆာမပေးရင် မတွေ့ဘူးလို့ ပြောခဲ့တာလဲ”

“ခင်ဗျားကို လူအိုကြီး တစ်ယောက်လို့ထင်ပြီး မပတ်သက်အောင် ကြိုးစားခဲ့တာလို့ အရင်တစ်ခေါက်က ပြောခဲ့တယ်လေ”

“ငါက လူအိုကြီးတစ်ယောက်ဖြစ်ပြီး ယူအီရင်းကို စပွန်ဆာပေးဖို့ ကြိုစားခဲ့မယ်ဆိုရင်ရော”

ယူအီရင်းက မူယွန်ရဲ့မေးခွန်းကို တစိမ့်စိမ့်တွေးပြီးတဲ့နောက်မှာတော့ ပခုံးတွန့်ပြလာတယ်။

“အဲ့ဒီအသက်ကြီးပြီး ညစ်ပတ်တဲ့အယုတ်တမာတွေက အရင်ဆုံး စပွန်ဆာပေးဖို့ ပြောလိုက်ရင် ကျွန်တော်တို့ကို စျေးပေါတဲ့လူတွေလို ညည်းညူပြီး ကမ်းလှမ်းမှုကို ပယ်ဖျက်သွားမယ်ဆိုတာ လောင်းကြေးထပ်ရဲတယ်၊ အဲ့ဒီလူယုတ်မာတွေက ပိုက်ဆံအကြောင်းပြောကတည်းက ဒေါ်လာတွေ ဆင့်တွေကို တွက်ချက်နေလိမ့်မယ်၊ အင်း ခင်ဗျားသာ မဟုတ်ခဲ့ရင်…. ကျွန်တော်က CEO ဆိုးကို ပြုမူတဲ့အတိုင်း ပြုမူမိမှာပဲ”

မူယွန်က ဒီမတိုင်ခင်က ယူအီရင်းရဲ့အပြုအမူတွေကို ပြန်စဥ်းစားရင်း ရယ်လိုက်ပြီး ဆိုဖာပေါ်ကို သက်သောင့်သက်သာနဲ့ မှီချလိုက်တယ်။

“ကျွန်တော့်မှာ CEO ဆိုးကို မေးစရာအများကြီးရှိတယ်”

“ဖြေဖို့ မခက်ခဲရင် ပြန်ဖြေပေးမယ်”

“sex လုပ်ဖို့ ရည်ရွယ်ချက်မရှိဘဲနဲ့ ဘာလို့ ကျွန်တော့်အတွက် ပိုက်ဆံတွေ အများကြီး သုံးနေတာလဲ၊ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို မဟုတ်ဘဲ ကျွန်တော့်ကို တကယ်သဘောကျလို့ဆိုပြီး ကြိုးစားတွေးကြည့်ရင်တောင် တကယ်ကြီး တွေ့ချင်တဲ့ပုံမပေါ်ဘူးလေ....”

“အင်း....”

မူယွန်က ယူအီရင်းအပေါ် ဘာလို့ အချိန်တွေ ပိုက်ဆံတွေအများကြီး ရင်းနှီးမြှပ်နှံနေလဲဆိုတာ အတော်ကြာ စဥ်းစားနေမိတယ်။
တကယ်တော့ ပိုက်ဆံက အရေးမကြီးပါဘူး။ သူ့မှာ ဘယ်လောက်ပိုင်ဆိုင်ထားလဲဆိုတာတောင် တိတိကျကျမသိရလောက်တဲ့အထိ ပိုက်ဆံတွေ အများကြီးရှိပြီး တခြားသူတွေလို စျေးကြီးတဲ့ပစ္စည်းတွေ ဝယ်စုတတ်တဲ့ ဝါသနာလည်း မရှိတာကြောင့် ပိုက်ဆံသုံးတာကို ဝါသနာတစ်ခုလို့ ပြောလို့မရပြန်ဘူး။ ဒါပေမဲ့ အချိန်ကတော့ မတူပါဘူး။
သူ့ရဲ့အချိန်ဇယားကို အများကြီးပိုင်းဖြာပြီး လူတွေနဲ့တွေ့ရတယ်၊ အစည်းအဝေးတွေလုပ်ရတယ်။ မနက်အစောမှ အိပ်ရာဝင်ရပြီး အိပ်ချိန်အများကြီးမရှိသေးခင်မှာပဲ ပြန်ထလာရတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အလုပ်သွားရတယ်။
သူ့ရဲ့နေ့စဥ်ဘဝက အချိန်ဇယားတွေနဲ့ ပြည့်ကျပ်နေတဲ့ အစီအစဥ်ကြီးတစ်ခုလိုပါပဲ။  ဒါပေမဲ့ သူက ယူအီရင်းရဲ့ကြော်ငြာရိုက်ကွင်းကို ကြည့်ဖို့ အချိန်နှစ်ရက်သုံးခဲ့တယ်။ အခုတောင်မှ သူ့ရဲ့အချိန်ဇယားက ပြည့်ကျပ်နေပြီး အခုချက်ချင်းထသွားရင်တောင် တချို့ကို ဖျက်သိမ်းရတော့မှာလေ။ ဒါပေမဲ့ သူတို့က ဒီနေရာမှာပဲဆက်ထိုင်နေပြီး တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းသတိချပ်ရင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်စေတဲ့ ထွေထွေထူးထူးမရှိတဲ့ စကားဝိုင်းကို ရှေ့ဆက်နေကြတယ်။ ဒါက တကယ်ကို ဘာသဘောပါလိမ့်။

“ငါလည်း မသိဘူး”

ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ သူက ဒီနေရာကနေ ထမသွားချင်သေးဘူး။ ဒါက နာရီပေါင်းများစွာ အင်အားအပြည့်နဲ့ ပြေးနေတုန်း ခဏရပ်လိုက်သလိုမျိုးပဲ။ သူရပ်လိုက်ရင် ပင်ပန်းပြီး ခြေထောက်တွေက လေးလံသွားမှာဖြစ်တာကြောင့် ထပ်ပြေးချင်မှာ မဟုတ်တော့ဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အားတွေ လျော့ကျသွားပြီး မြဲမြံနေတဲ့တင်းအားတွေကလည်း လျော့ကျသွားသလို ခံစားရပေမဲ့ ပင်ပန်းတယ်လို့တော့ မခံစားရဘူးလေ။ တိတိကျကျပြောရရင် ယူအီရင်းရဲ့ရှေ့မှာဆိုရင် စိုးရိမ်လာမိပေမဲ့ အလုပ်လုပ်လို့ရလာတဲ့ ဖိအားနဲ့တော့ မတူပါဘူး။
ယူအီရင်းကို ကြည့်လိုက်ရင် ရလာတဲ့ဖိအားကို သဘောကျသလို သူ့ရဲ့ကျောရိုးတွေက ညောင်းညာပြီး ရင်အုပ်တွေက တင်းကျပ်လာတာကြောင့် ထပ်ပြီး မပြေးချင်တော့ပါ။

“အင်း ကျွန်တော် စိတ်ဆိုးနေတုန်းပဲ”

“အဲ့ဒါကြောင့်မလို့ ငါ့ကို ခေါ်တာလား၊ ဒီလိုမျိုး ဖြစ်လာအောင်လား”

“ဒီနေရာမှာ ဒါကိုမလုပ်ရင် လုပ်စရာမရှိဘူးလေ မဟုတ်ဘူးလား၊ CEO အတွက် ကျွန်တော်က ခန္ဓာကိုယ်နဲ့ မျက်နှာပဲ သုံးနိုင်လို့ sex လုပ်ဖို့ ပြောရင်တောင်မှ ကျောက်တုံးတစ်တုံးလိုပဲ မလှုပ်ဘူးလေ၊ ကျွန်တော်တို့က အခုလို မျက်နှာချင်းဆိုင်ပြီး စကားပြောရုံပဲဆိုတော့ လူတွေကို ပိုက်ဆံနဲ့ ကစားတတ်တဲ့ CEO အတွက် ကံဆိုးတာပေါ့”

“ဟားဟားဟား”

မူယွန်က ညင်ညင်သာသာရယ်မောလိုက်ပြီး ယူအီရင်းကတော့ စိတ်တိုတိုနဲ့ တောက်ခေါက်လိုက်တော့ မူယွန်က ပြုံးပြုံးလေးနဲ့ စုတ်သပ်လာတယ်။ နှုတ်ခမ်းနှစ်ခုကြားက လျှာကို ပြန်ကြည့်လိုက်မိတော့ နမ်းတဲ့နေ့ကို ပြန်သတိရသွားတယ်။

‘အဲ့ဒါက အနမ်းလေးတစ်ပွင့်ပဲကို…..’

မူယွန်က ယူအီရင်းရဲ့နှုတ်ခမ်းကနေ အကြည့်မခွာနိုင်ဖြစ်နေပြီး အီရင်းက သက်ပြင်းရှည်ကြီးတစ်ချက်ချရင်း ဆိုဖာပေါ်ကို ကျောမှီချလိုက်တယ်။

“ဒါပေမဲ့ ခင်ဗျားနိုင်ပါတယ်၊ ဘယ်လိုလုပ် ဒီလောက် အရေးပေးရဲရတာလဲ၊ ကျွန်တော်ကတော့ တကယ်ကြီး လောင်သွားတော့မယ်တောင် ထင်နေတာ၊ rut period အတွင်းမှာတောင် လာထိပါးတာ မအံ့ဩတော့ပါဘူး”

“rut period အတွင်းလား”

ခုနက ပြုံးနေတဲ့ မူယွန်ရဲ့အမူအရာက တောင့်တင်းသွားပြီး စကားအဆုံးမှာ အသံအနည်းငယ် ကျယ်သွားတယ်။ ဆိုဖာကို ကျောမှီထိုင်နေတဲ့ အီရင်းက ခေါင်းထောင်လာပြီး မူယွန့်ကို ကြည့်လိုက်တော့ သူ့ရဲ့သာမန်ကာလျှံကာအကြည့်တွေမှာ သံသယအချို့ရှိနေတယ်။

“ဟုတ်တယ် rut ဖြစ်တဲ့အချိန် သူလာတော့ ဒီနေရာကနေ ချက်ချင်းထွက်သွားဖို့ သူ့ကို ကျွန်တော် ကျိန်ဆဲလွှတ်လိုက်တယ်”

“မင်း ဆေးမသောက်ဘူးလား”

“အဲဒါကို အတတ်နိုင်ဆုံး ဆေးမသောက်ဘဲနေလို့ရအောင် ဂရုစိုက်နေတာ”

“rut ကာလကို ဒီအတိုင်းကျော်ဖြတ်တယ်ဆိုတဲ့ သဘောလား”

“ကျွန်တော့်ကိုယ်ကျွန်တော်တော့ အဲ့ဒီလို မခံစားရဘူး၊ rut ကာလအတွင်းမှာ ဘယ်သူနဲ့မှ မတွေ့ချင်လို့ တရားထိုင်လေ့ရှိပြီး တစ်ခါတလေမှာတော့ အိပ်ဆေး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေး သောက်တယ်”

“အဲ့ဒါက မင်းရဲ့ကျန်းမာရေးကို မထိခိုက်စေဘူးလား”

“နေမကောင်းဖြစ်လို့ နှစ်ပတ်လောက် အိပ်ရာထဲလှဲနေရတယ်”

မူယွန်က ယူအီရင်းကို ခဏကြည့်ပြီး မတ်တတ်ရပ်လိုက်တော့ ယူအီရင်းက မူယွန့်လှုပ်ရှားမှုအတိုင်း လိုက်လာသလို မူယွန်က တံခါးဆီသွားပြီး ဖွင့်လာတယ်။ အတွင်းရေးမှူးယောက ဘာမှပြောစရာမလိုဘဲ သူတို့ဘာသာ စာချုပ်ချုပ်ကြမဲ့သူတွေကို ခေါ်ဝင်လာတယ်။
မူယွန်က စားပွဲထိပ်မှာ ထိုင်နေပြီး ယူအီရင်းရယ်၊ ထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင်၊ ဒါရိုက်တာနဲ့ ယူအီရင်းရဲ့ မန်နေဂျာ၊ ဥက္ကဌတို့ ရှိနေကြတယ်။
စာချုပ်က အထွေအထူးမဟုတ်ပါဘူး။
ထွက်ပြေးရလောက်အောင် စိတ်ပျက်နေတဲ့ လူတစ်ယောက်အနေနဲ့ ယူအီရင်းက စာချုပ်ကို  နာနာခံခံနဲ့ တိတ်တဆိတ် အဆုံးသတ်လိုက်တယ်။ အခြေအနေတွေက ယူအီရင်းကို ဆွဲဆောင်ဖို့ မျက်နှာသာပေးစိစစ်ထားတာဖြစ်ပြီး သူ့ရဲ့ရှေ့မှာ အကြိမ်ပေါင်းများစွာ ရွတ်ပြထားကြတာကြောင့် ဖတ်ကြည့်စရာတောင် မလိုတော့ဘူး။

“ဒီနေရာနဲ့ ဒီနေရာမှာ လက်မှတ်ထိုးပေးပါ...”

ထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင် ညွှန်ပြနေတဲ့နေရာတိုင်းကို ယူအီရင်းက ဘာတစ်ခွန်းမှမဆိုဘဲ လက်မှတ်ထိုးပေးနေပြီး စာရွက်အသီးသီးက လက်မှတ်ထိုးရမဲ့အကွက်တွေမှာ လက်မှတ်ထိုး လက်ဗွေနှိပ်ပြီးတဲ့နောက်မှာတော့ ယူအီရင်းက မကြည်မသာနဲ့ လက်မှာပေနေတဲ့ မင်တွေကို သုတ်နေတယ်။ မျက်ခုံးတွေတွန့်ချိုးထားပြီး သူ့ရဲ့လက်ပေါ်မှာ သူ မကြိုက်တဲ့အရာရှိနေသလိုမျိုး အကြမ်းပတမ်းသုတ်နေတော့ မူယွန်က အဲ့ဒီကြမ်းတမ်းမှုကြောင့် သူ့ရဲ့လက်တွေ ထိခိုက်ပျက်စီးသွားမှာ စိုးရိမ်နေတယ်။

“ရိုက်ကူးရေးက ဘယ်ချိန်စမှာလဲ”

“ရိုက်ကွင်းတည်နေရာကစလို့ အရာအားလုံး ပြင်ဆင်ထားပြီးသားမလို့ ယူအီရင်းသာ စိတ်မရှိရင် မနက်ဖြန်ချက်ချင်းစပါမယ်”

“ဘာဖြစ်လို့ အဲ့ဒီလောက် အလျင်လိုနေတာလဲ၊ လက်မှတ်ထိုးပြီးရုံရှိသေးတာကို နားပါရစေဦး”

ယူအီရင်းက သူတို့အေဂျင်စီCEO နဲ့ ထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင်တို့ရဲ့စကားဝိုင်းကို ရုတ်တရက် ကြားဖြတ်ပြီး ပွင့်ပွင့်လင်းလင်းပြောလာတယ်။
လက်သုတ်ထားတဲ့တစ်ရှူးကို စားပွဲပေါ်ပစ်တင်ပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း ဆိုဖာကို ကျောမှီချလိုက်ပြီး အဲ့ဒါကို ပစ်လိုက်သလိုမျိုး တဲ့တိုးပြောလာတယ်။
ယူအီရင်းရဲ့စကားကြောင့် ထုတ်လုပ်ရေးကုမ္ပဏီ CEO က  သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေကို တွန်းအားပေးပြီး ပြုံးဖို့အားထုတ်ခဲ့ပေမဲ့ အပြုံးက မပီပြင်ရှာဘူး။

“ဒါပေမဲ့ အခုတလော  ယူအီရင်းမှာ အချိန်ဇယားမရှိဘူးမလား”

“ဒါပေမဲ့ လူတွေက သူတို့ကိုယ်သူတို့ ပြင်ဆင်ဖို့ လိုတယ်လေ မဟုတ်ဘူးလား၊ ဒီနေ့မှ လက်မှတ်ထိုးပြီးတာကို ချက်ချင်းကြီးရိုက်မယ်ဆိုတာက ရက်စက်ရာမကျဘူးလား၊ CEO ဆိုးရော အဲ့ဒီလို မထင်ဘူးလား”

ယူအီရင်းက ရုတ်တရက် မူယွန့်ဘက်ကိုလှည့်ပြီး ခေါ်လိုက်တော့ အားလုံးရဲ့မျက်လုံးတွေက ယူအီရင်းဆီကနေ မူယွန့်ဆီကို ရောက်သွားတယ်။
သက်သောင့်သက်သာထိုင်ပြီး ယူအီရင်းရဲ့မျက်နှာကို ခံစားနေတဲ့မူယွန်က အနည်းငယ် စိတ်ပျက်သွားပြီး မတ်တတ်ရပ်လိုက်ရင်း ယူအီရင်းကို ကြည့်လိုက်တော့ ခုနက စိတ်ဆိုးပြီး မချေမငံဖြစ်နေတဲ့မျက်နှာထားက ပျောက်သွားပြီး လှပစွာ ပြုံးပြလာတယ်။
သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်နေတဲ့ပုံစံနဲ့ သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်နေတော့ မူယွန်က မျက်ခုံးတစ်ဖက် ပင့်လိုက်မိတယ်။

“ဘယ်လိုထင်လဲ CEO ဆိုး”

“ဟင် အင်း”

မူယွန်က ယူအီရင်းကိုကြည့်ရင်း သူလိုချင်တဲ့အရာကို ခန့်မှန်းနေပြီး အဲ့ဒါက သတိပြုမိဖို့ မခက်ခဲဘဲ ထင်ရှားနေတဲ့အဖြေပါပဲ။ မူယွန် အခုစိုးရိမ်ရမှာက ယူအီရင်းရဲ့ဆန္ဒတွေကို နားထောင်ပေးရမလား ယူအီရင်းရဲ့နောက်ကျောကို ဓားနဲ့ထိုးရမလားဆိုတာပါပဲ။ ယူအီရင်းက ပြုံးပြီး သူ့ကိုကြည့်နေတယ်။
ယူအီရင်းက မူယွန်ထုတ်ပြဖို့တုံ့ဆိုင်းနေတာကို သိတဲ့သူတစ်ယောက်ဖြစ်ပြီး လူတွေရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ ယူအီရင်းရဲ့ဆန္ဒကို လိုက်လျောလိုက်တာက အကျိုးရှိပေမဲ့….။
မူယွန်က ပြုံးပြီး ယူအီရင်းရဲ့မျက်ဝန်းတွေဆီ ပြန်ကြည့်လိုက်တယ်။

“ကျွန်တော်ကတော့ ရိုက်ကူးရေးကို တတ်နိုင်သမျှ မြန်မြန်စစေချင်တယ်၊ အဲ့ဒီအတွက် အချိန်ပေးထားတာ ကြာပြီလေ….”

အီရင်းရဲ့နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ်မဲ့ကျသွားပြီး မူယွန်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေကတော့ ဆန့်ကျင်စွာပဲ အပေါ်ကို ကွေးတက်သွားတယ်။

“CEO ဆိုး ကျွန်တော်ပြောခဲ့တာကို မကြားဘူးလား”

“ဟင့်အင်း အခု မင်းကြားလိုက်သလိုပဲ၊ မကြာသေးခင်က ယူအီရင်းရဲ့အချိန်ဇယားနဲ့ ဘဝကို ကျွန်တော်လည်း သိထားတာမလို့ နောက်ထပ် အနားယူဖို့ လိုတော့မယ်မထင်ဘူး၊ တကယ်တော့ အနားယူတာက များလွန်းနေပြီလို့တောင် ထင်တယ်”

“အဲ့ဒါဆိုရင် ရိုက်ကူးရေးကို ဒီတစ်ပတ်အတွင်း စတာပေါ့”

ယူအီရင်း ထပ်မပြောသေးခင်မှာပဲ ထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင်က ပြောလာတဲ့အတွက် ယူအီရင်းက ဘာမှပြန်မပြောဘဲ မူယွန့်ကို စိုက်ကြည့်နေတယ်။

Swara Webnovel Translation

[ Zawgyi  ]

*** 

လမ္းမေပၚကေန ျဖတ္သန္းလာတဲ့ မူယြန္႔ရဲ႕ကားက အေဆာက္အအုံေရွ႕မွာ ရပ္လိုက္တဲ့အခါ ႀကိဳတင္ရပ္ေစာင့္ေနၾကတဲ့လူေတြက ေျပးလာၾကတယ္။ မူယြန္က ကားထဲကမဆင္းေသးဘဲ အတြင္းေရးမႉးေယာက အရင္ဆင္းသြားၿပီး သူတို႔ရဲ႕ေနာက္ကလိုက္လာတဲ့ သက္ေတာ္ေစာင့္ေတြက ကားဆီကိုအေျပးလာၿပီး အဲ့ဒီလူေတြကို ဖယ္ရင္း ပတ္ပတ္လည္မွာ ဝိုင္းလိုက္ၾကတယ္။
႐ုပ္ရွင္ကုမၸဏီဝန္ထမ္းေတြျဖစ္တဲ့ အဲ့ဒီလူေတြရဲ႕မ်က္ႏွာမွာ ပေဟဠိဆန္တဲ့အၾကည့္ေတြနဲ႔ ျပည့္ႏွက္ေနၿပီး အတြင္းေရးမႉးေယာနဲ႔ စကားေျပာၿပီးတဲ့ေနာက္ အေဆာက္အအုံထဲ ဝင္သြားေတာ့မွသာ သက္ေတာ္ေစာင့္တစ္ေယာက္က ကားတံခါးကို လာဖြင့္ေပးတယ္။
မူယြန္က သူ႔ရဲ႕လက္ပတ္နာရီကို ေျဖခ်လိုက္ေတာ့ အတြင္းေရးမႉးက အလိုက္တသိ ေဆးထိုးအပ္ကို ျပင္ဆင္ထားတယ္။
ေဆးက လ်င္ျမန္စြာ အစြမ္းျပလာၿပီး ေခါင္းကိုက္လာတာေၾကာင့္ မူယြန္က နားထင္ကိုဖိၿပီး ေမာ့ၾကည့္လိုက္ေတာ့ ထုတ္လုပ္ေရးကုမၸဏီရဲ႕နာမည္ကို အေဆာက္အအုံေသးေသးေလးမွာ ေရးထားၿပီး ယူအီရင္းက အဲ့ဒီမွာ ရွိေနတယ္ေလ။ ဝင္လာတဲ့အေတြးေၾကာင့္ ေခါင္းကိုက္ေနတာေတြေတာင္ ေပ်ာက္ကင္းသြားသလို ထင္ေယာင္ထင္မွားျဖစ္သြားတယ္။

“ဝင္ၾကရေအာင္”

မူယြန္က ေျပာလိုက္ေတာ့ သက္ေတာ္ေစာင့္ေတြက စတင္လႈပ္ရွားလာၿပီး မူယြန္လည္း ေျခလွမ္းစလိုက္တယ္။

“မဂၤလာနံနက္ခင္းပါ CEO ကြၽန္ေတာ္က ဒီ႐ုပ္ရွင္ရဲ႕ဒါ႐ိုက္တာပါ…..”

မူယြန္ အေဆာက္အအုံထဲကို ဝင္လာတာနဲ႔ သူ႔နားကို ကပ္လာတဲ့ဒါ႐ိုက္တာက သူ႔ေရွ႕မွာရပ္ၿပီး ႏႈတ္ဆက္လာေပမဲ့ မူယြန္က သူ႔ကို အာ႐ုံမစိုက္ဘဲ ေက်ာ္သြားၿပီး ဓာတ္ေလွကားထဲကို ခ်က္ခ်င္းဝင္သြားလိုက္ေတာ့ အတြင္းေရးမႉးေယာ၊ အျခားလက္ေထာက္ေတြနဲ႔ သက္ေတာ္ေစာင့္ေတြကပါ ဓာတ္ေလွကားထဲကို ဝင္လာၾကတယ္။

ကုမၸဏီအရာရွိေတြနဲ႔ ဒါ႐ိုက္တာကပါ ဓာတ္ေလွကားထဲကို ဝင္ဖို႔ႀကိဳးစားလာေပမဲ့ သက္ေတာ္ေစာင့္ေတြက သူတို႔ကို တားဆီးထားတယ္။

“ယူအီရင္းက ဒီမွာရွိတယ္လို႔ ေျပာတာမလား”

“ဟုတ္ကဲ့ ပထမဆုံး ဖုန္းေခၚဆိုကတည္းက ဒီမွာေရာက္ေနၿပီလို႔ ေျပာပါတယ္”

ခပ္က်ဥ္းက်ဥ္းဓာတ္ေလွကားက ေလးထပ္ေျမာက္ကို ေရာက္တဲ့အခါ တံခါးပြင့္သြားတယ္။ တံခါးပြင့္တာကို အတည္ျပဳၿပီး ထြက္သြားေတာ့မဲ့မူယြန္က သူ႔ေရွ႕မွာ ရပ္ေနတဲ့လူကို ေတြ႕လိုက္တဲ့အခါ ရပ္တန္႔သြားတယ္။

“မစၥတာ ယူအီရင္း”

“ မေတြ႕ရတာၾကာသြားၿပီေနာ္။ ခင္ဗ်ား ကြၽန္ေတာ့္ကို လာရွာမယ္လို႔ တကယ္မေမွ်ာ္လင့္ထားဘူး”

ယူအီရင္းက ဓာတ္ေလွကားတံခါးေရွ႕မွာ ရပ္ေနခဲ့တယ္။
သူက စႀကႍနံရံကို ေက်ာမွီရင္း ၿပဳံးေနေပမဲ့ စိတ္အေျခအေနေကာင္းတဲ့ပုံေတာ့မေပၚဘူး။ မူယြန္က အတြင္းေရးမႉးေတြနဲ႔ ပတ္ဝန္းက်င္အေနအထားကို တစ္ခ်က္ၾကည့္လိုက္ေတာ့ သူတို႔ေတြက မူယြန္႔ေရွ႕က ဓာတ္ေလွကားနားမွာရွိေနၾကၿပီး ေဘးပတ္ဝန္းက်င္နဲ႔ ႐ုံးခန္းအတြင္းပိုင္းကို အကဲခတ္ေနၾကတယ္။
အတြင္းေရးမႉးက ဓာတ္ေလွကားခလုတ္ ႏွိပ္လိုက္တာကို ျမင္လိုက္ရတဲ့ေနာက္ မူယြန္က ယူအီရင္းဘက္ကို ျပန္ၾကည့္လိုက္တယ္။ အဲ့ဒီအခ်ိန္မွာ ေလွကားကေန တက္လာတဲ့သူေတြက ေလးထပ္ကို ေရာက္လာၾကတယ္။
ဒီေနရာမွာ မ်က္လုံးေတြ၊နားေတြ အမ်ားႀကီးပဲ။

“အထဲကိုသြားၿပီး ေအးေအးေဆးေဆး ေျပာၾကရေအာင္”

မူယြန္က ယူအီရင္းနားကို ကပ္ၿပီး လက္ေကာက္ဝတ္ကေန ဆြဲကိုင္လိုက္ရင္း ဘာ႐ုံးခန္းလဲဆိုတာေတာင္ မစစ္ေဆးဘဲ ျမင္လိုက္ရတဲ့ အနီးဆုံးတံခါးကိုဖြင့္ၿပီး အထဲကို ဆြဲေခၚသြားလိုက္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အဲ့ဒါက ဘာအခန္းလဲဆိုတာ အေရးမႀကီးပါဘူးေလ။
တစ္ဆက္တည္းမွာပဲ ထုတ္လုပ္ေရးကုမၸဏီကလူေတြနဲ႔ ဒါ႐ိုက္တာကပါ လိုက္ဝင္လာဖို႔ ႀကိဳးစားခဲ့ေပမဲ့ သက္ေတာ္ေစာင့္ေတြရဲ႕တားဆီးျခင္းကို ခံလိုက္ရျပန္တယ္။
တံခါးပိတ္လိုက္ၿပီးတာေတာင္ အျပင္မွာ အေႏွာင့္အယွက္အနည္းငယ္ ရွိေနေသးေပမဲ့ မူယြန္ေရာ ယူအီရင္းေရာ အဲ့ဒါကို ဂ႐ုစိုက္မေနပါဘူး။ ၾကားရေလာက္တဲ့ေနရာအထိ အခန္းနားကို ကပ္မလာေအာင္ အတြင္းေရးမႉးေယာက ကိုင္တြယ္ပါလိမ့္မယ္။
မူယြန္က ယူအီရင္းရဲ႕လက္ေမာင္းကို လႊတ္ေပးလိုက္ေတာ့ ယူအီရင္းက မူယြန္ကိုင္ထားတဲ့လက္ေမာင္းကို လႈပ္ခါၿပီး ဆိုဖာေပၚကို ဝင္ထိုင္လိုက္ကာ မူယြန္႔ကို ေမာ့ၾကည့္လိုက္တယ္။

“မင္းက ငါေတြးထားတာထက္ အခ်ိန္ပိုယူခဲ့တာပဲ”

“ကြၽန္ေတာ္က အနည္းဆုံးတစ္ေခါက္ေလာက္ေတာ့ ခင္ဗ်ား လာေတြ႕မယ္ထင္ေနတာ”

“ငါ့ကို လြမ္းေနတာလား”

မူယြန္တစ္ေယာက္ မေမွ်ာ္လင့္ထားတဲ့အသံေပါက္ေအာင္ ႀကိဳးစားၿပီးေျပာေနရတယ္...။
ယူအီရင္းက သူ႔ကို ေတြ႕ခ်င္တယ္လို႔ေတြးလိုက္တာနဲ႔ အ႐ိုင္းဆန္စြာ ခုန္ေပါက္လာတဲ့ ႏွလုံးသားကို ဖိၿပီး ပုံမွန္အသံျဖစ္ေအာင္ ႀကိဳးစားၿပီးေျပာေနရတယ္။ သူက မူမပ်က္ေအာင္ႀကိဳးစားၿပီး ေျပာလိုက္ေတာ့ ကံေကာင္းစြာနဲ႔ ယူအီရင္းက သူ႔ရဲ႕ေမးခြန္းကို အမ်ားႀကီး ေလွ်ာက္မေတြးခဲ့ဘူး။

“ခင္ဗ်ားလာရင္ ကြၽန္ေတာ္က ခင္ဗ်ားနဲ႔ အတူတူအိပ္ၿပီး တူညီတဲ့တုံ႔ျပန္မႈ ျပန္ေပးမလို႔ပါပဲ”

ယူအီရင္းက ေပါ့ေပါ့ပါးပါး ေျပာလာတဲ့အတြက္ မူယြန္ ရယ္လိုက္မိေပမဲ့ ရယ္လိုက္တဲ့အခ်ိန္မွာပဲ စိတ္သက္သာရာရသလို ခံစားလိုက္ရတယ္။ ယူအီရင္းက ဟာသတစ္ခုလို ေပါ့ေပါ့ပါးပါးေျပာလာခဲ့ေပမဲ့ မူယြန္ရဲ႕ရယ္သံေတြက ဟာသတစ္ခုကို ရယ္ေနတဲ့ပုံ သိပ္မေပါက္ပါဘူး။ မူယြန္က ယူအီရင္းကိုသာ အရင္ေတြ႕ျဖစ္ခဲ့ရင္ သူ႔ကို ခ်စ္သြားမိလိမ့္မယ္ထင္တယ္။
အရင္ေတြ႕တာနဲ႔ အရင္ေတြ႕ေအာင္လုပ္တာက အံ့အားသင့္စရာေကာင္းေလာက္ေအာင္ကို ကြဲျပားပါတယ္။ အရင္ေတြ႕တာက အၿမဲတမ္း စိတ္ပိုင္းဆိုင္ရာဆိုးက်ိဳးေတြ ရွိေနတတ္ပါတယ္။

“ကံမေကာင္းစြာနဲ႔ပဲ အဲ့ဒီလို မျဖစ္ခဲ့ဘူး”

“ကြၽန္ေတာ္သိပါတယ္။ ခင္ဗ်ားက ကြၽန္ေတာ္ အရႈံးေပးမွာကို ေစာင့္ေနၿပီး ေ႐ြးခ်ယ္ဖို႔ ဖိအားေပးေနတာေၾကာင့္ ဒါက အစကတည္းက မမွ်တတဲ့ ကစားပြဲပဲ၊ အင္း…..ကြၽန္ေတာ္ ရႈံးတာကို လက္ခံပါတယ္”

“ဒါကို ဝန္ခံလိုက္ဖို႔ အေတာ္ေလးရွည္လ်ားတဲ့ အေၾကာင္းျပခ်က္ပဲ”

“ဒါကို အေတာ္ေလး သည္းခံေနရတယ္၊ အမွန္အတိုင္းေျပာရရင္ ခင္ဗ်ားရဲ႕မ်က္ႏွာကို ပိတ္ထိုးလိုက္ခ်င္တယ္”

“ဒီလိုလုပ္ဖို႔ကိုေတာ့ အားမေပးခ်င္ဘူး၊ ငါက မလုပ္ခ်င္ရင္ေတာင္ ငါ့အေနအထားေၾကာင့္…… မင္းအတြက္ ဆိုးက်ိဳးေတြ ျဖစ္လာလိမ့္္မယ္”

“ကြၽန္ေတာ္လည္း အထက္တန္းလႊာပိုင္ရွင္တစ္ေယာက္ကို ကိုယ္ထိလက္ေရာက္က်ဴးလြန္တဲ့သတင္း ထပ္ၿပီးလႊင့္ဖို႔ စိတ္ကူးမရွိပါဘူး၊ တစ္ခါႀကဳံဖူးၿပီးသားေလ”

ယူအီရင္းက ပခုံးတြန္႔ျပလာၿပီး မူယြန္က ယူအီရင္းနဲ႔မ်က္ေစာင္းထိုးေနရာမွာ ဝင္ထိုင္ရင္း တံခါးဘက္ကို ၾကည့္လိုက္တယ္။
အျပင္ဘက္ကလူေတြက အခန္းထဲက စကားဝိုင္း အဆုံးသတ္မဲ့အခ်ိန္ကို ေစာင့္ေနၾကၿပီး မူယြန္႔မွာလည္း ေနာက္ထပ္လုပ္ေဆာင္ရမဲ့အခ်ိန္ဇယားရွိပါေသးတယ္။ သူက ႀကိဳမေျပာဘဲနဲ႔ ဒီမွာ ၾကာၾကာေနရင္ေတာင္ အတြင္းေရးမႉးေယာက ညႇိယူေပးမွာဆိုေပမဲ့ အဲ့ဒီေလာက္လည္း မလြယ္ဘူးေလ။
မူယြန္က အဲ့ဒါကိုသိေပမဲ့လည္း ထၿပီးေတာ့ သူတို႔ကို မေခၚလိုက္ခ်င္ဘူး။  ဒီအေတာအတြင္း မူယြန္ထင္ထားတာက ယူအီရင္းကို အဲ့ဒီေလာက္ႀကီး မေတြ႕ခ်င္ဘူးဆိုတာပဲ။ အမ်ားႀကီးမေတြ႕ရလည္း အဆင္ေျပၿပီး တစ္ခါေလာက္ အသံၾကားလိုက္ရရင္ပဲ ေကာင္းပါတယ္ေပါ့။ ဒါေပမဲ့ သူနဲ႔ေတြ႕တဲ့အခါ ခံစားေနရတာေတြက လြင့္ျပယ္သြားၿပီး သူနဲ႔မေတြ႕ခင္တုန္းက သူ႔အတြက္ ပုံမွန္အတိုင္း ထူးျခားမေနေပမဲ့ သူနဲ႔ေတြ႕လိုက္ရတဲ့အခါမွာေတာ့ ခံစားခ်က္ေတြက ပိုေကာင္းလာသလိုပါပဲ။
သူ႔အၾကည့္ေတြက ယူအီရင္းရဲ႕မ်က္ႏွာကေန မခြာႏိုင္ဘဲ ႏွလုံးခုန္သံကလည္း နည္းနည္းပိုျမန္လာၿပီး အာ႐ုံအလုံးစုံက သူ႔ဆီမွာ စုၿပဳံေနသလို သူ႔မ်က္ႏွာကို ျမင္ေနရတာနဲ႔တင္ ေပ်ာ္ေနမိၿပီ။
ယူအီရင္းရဲ႕ပုံစံက ေနာက္ဆုံးတစ္ေခါက္ ေတြ႕တုန္းကနဲ႔ သိသိသာသာ ကြာျခားေနတယ္။ ဆံပင္ညႇပ္လိုက္တာေၾကာင့္ ျဖစ္ႏိုင္သလို ေနာက္ဆုံးအႀကိမ္ေတြ႕တုန္းက ဆံပင္က အနက္ေရာင္ျဖစ္ေနေပမဲ့ ဒီေန႔မွာေတာ့ ခပ္ပြပြလႈိင္းတြန္႔သဏၭာန္ အနည္းငယ္ေကာက္ထားၿပီး အေရာင္ကိုလည္း အညိဳေဖ်ာ့ေရာင္ ဆိုးထားတယ္။ အဲ့ဒီပုံစံကလည္း ၾကည့္ေကာင္းေနၿပီး ခ်စ္စရာေကာင္းတဲ့ေခြးေပါက္ေလးလို႔ေတာင္ မူယြန္ ေတြးေနမိတယ္။ အကာအကြယ္ယူဖို႔အတြက္ တပ္ထားပုံရတဲ့ ခပ္ထူထူေကာ္ကိုင္းမ်က္မွန္နဲ႔လည္း ၾကည့္ေကာင္းေနၿပီး ေဘးတိုက္အနီးကပ္ၾကည့္လိုက္ေတာ့ မွန္မပါေပမဲ့ ခ်စ္စရာေကာင္းေနျပန္တယ္။

“ကြၽန္ေတာ့္မ်က္ႏွာမွာ အေပါက္ျဖစ္ေတာ့မယ္”

ယူအီရင္းက အၾကည့္ခ်င္းဆုံၿပီး ေျပာလာေတာ့ မူယြန္က အနည္းငယ္ ရွက္ေသြးျဖာၿပီး ပန္းေရာင္သန္းသြားေပမဲ့ အဲ့ဒါက သိပ္မၾကာဘဲ ယူအီရင္းကို ၾကည့္လိုက္ေတာ့ ယူအီရင္းက ေရွ႕ကို ကိုင္းကာ ဒူးေပၚေထာက္ထားတဲ့ လက္ေပၚကို ေမးတင္ထားရင္း ရယ္ေနေလတယ္။

“ကြၽန္ေတာ့္မ်က္ႏွာက အဲ့ဒီေလာက္ေတာင္ ၾကည့္ေကာင္းတာလား”

“အရင္ရက္ေတြက ေျပာၿပီးၿပီထင္တယ္”

“အိုး….ဟုတ္တာေပါ့၊ လွတယ္လို႔ ေျပာခဲ့တာပဲ”

ယူအီရင္းက အနည္းငယ္ ေခါင္းညိတ္ျပလာၿပီး မူယြန္ရဲ႕အၾကည့္ေတြကေတာ့ တဖ်တ္ဖ်တ္ခတ္ေနတဲ့ သူ႔ရဲ႕မ်က္ဝန္း႐ြဲႀကီးေတြဆီမွာသာ။

“ကြၽန္ေတာ့္ရဲ႕မ်က္ႏွာကိုပဲ ႀကိဳက္တာလား၊ တျခားအရာေတြက ေၾကာက္စရာေကာင္းေနတာလား၊ ခင္ဗ်ားက omega တစ္ေယာက္ျဖစ္ၿပီး ကြၽန္ေတာ္က alpha တစ္ေယာက္ျဖစ္တာမလို႔ တစ္ခါတေလမွ ေတြ႕ၿပီး ခႏၶာကိုယ္ခ်င္း ႏွီးေႏွာတာက ပိုၿပီး အဆင္ေျပမယ္ထင္တယ္၊ ခင္ဗ်ားေရာ အဲ့ဒီလို မထင္ဘူးလား၊ ခင္ဗ်ား မလုပ္ခ်င္တဲ့ အခ်ိန္ဇယားေတြကို လုပ္ဖို႔ ကိုယ့္ကိုယ္ကိုယ္ ဖိအားေပးမေနဘဲ ခင္ဗ်ားလိုအပ္ခ်ိန္တိုင္း သာယာခ်င္တိုင္း ကြၽန္ေတာ့္ကို ေခၚလိုက္လို႔ရပါတယ္”

“ေနာက္ဆုံးအႀကိမ္ ေတြ႕ကတည္းက ငါ သိခ်င္ေနတာ”

ယူအီရင္းကို ျပန္ေျဖလာျခင္းမရွိဘဲ မူယြန္က ေမးခြန္းနဲ႔ ျပန္တုံ႔ျပန္ဖို႔ ေ႐ြးခ်ယ္ခဲ့တယ္။ သူ႔ရဲ႕တျခားအရာေတြက ေၾကာက္စရာေကာင္းေနတာလားဆိုတာက မူယြန္႔ရဲ႕အဆင့္အတန္းကို အေျခခံၿပီး ျပန္ေျဖဖို႔ရာ မတန္တဲ့ေမးခြန္းတစ္ခုပဲ။

“ဘာလဲ”

“မင္းက စပြန္ဆာကို အမ်ားႀကီးမုန္းတယ္ဆိုရင္ ဘာလို႔ ငါ့ကို စပြန္ဆာမေပးရင္ မေတြ႕ဘူးလို႔ ေျပာခဲ့တာလဲ”

“ခင္ဗ်ားကို လူအိုႀကီး တစ္ေယာက္လို႔ထင္ၿပီး မပတ္သက္ေအာင္ ႀကိဳးစားခဲ့တာလို႔ အရင္တစ္ေခါက္က ေျပာခဲ့တယ္ေလ”

“ငါက လူအိုႀကီးတစ္ေယာက္ျဖစ္ၿပီး ယူအီရင္းကို စပြန္ဆာေပးဖို႔ ႀကိဳစားခဲ့မယ္ဆိုရင္ေရာ”

ယူအီရင္းက မူယြန္ရဲ႕ေမးခြန္းကို တစိမ့္စိမ့္ေတြးၿပီးတဲ့ေနာက္မွာေတာ့ ပခုံးတြန္႔ျပလာတယ္။

“အဲ့ဒီအသက္ႀကီးၿပီး ညစ္ပတ္တဲ့အယုတ္တမာေတြက အရင္ဆုံး စပြန္ဆာေပးဖို႔ ေျပာလိုက္ရင္ ကြၽန္ေတာ္တို႔ကို ေစ်းေပါတဲ့လူေတြလို ညည္းညဴၿပီး ကမ္းလွမ္းမႈကို ပယ္ဖ်က္သြားမယ္ဆိုတာ ေလာင္းေၾကးထပ္ရဲတယ္၊ အဲ့ဒီလူယုတ္မာေတြက ပိုက္ဆံအေၾကာင္းေျပာကတည္းက ေဒၚလာေတြ ဆင့္ေတြကို တြက္ခ်က္ေနလိမ့္မယ္၊ အင္း ခင္ဗ်ားသာ မဟုတ္ခဲ့ရင္…. ကြၽန္ေတာ္က CEO ဆိုးကို ျပဳမူတဲ့အတိုင္း ျပဳမူမိမွာပဲ”

မူယြန္က ဒီမတိုင္ခင္က ယူအီရင္းရဲ႕အျပဳအမူေတြကို ျပန္စဥ္းစားရင္း ရယ္လိုက္ၿပီး ဆိုဖာေပၚကို သက္ေသာင့္သက္သာနဲ႔ မွီခ်လိုက္တယ္။

“ကြၽန္ေတာ့္မွာ CEO ဆိုးကို ေမးစရာအမ်ားႀကီးရွိတယ္”

“ေျဖဖို႔ မခက္ခဲရင္ ျပန္ေျဖေပးမယ္”

“sex လုပ္ဖို႔ ရည္႐ြယ္ခ်က္မရွိဘဲနဲ႔ ဘာလို႔ ကြၽန္ေတာ့္အတြက္ ပိုက္ဆံေတြ အမ်ားႀကီး သုံးေနတာလဲ၊ ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္ကို မဟုတ္ဘဲ ကြၽန္ေတာ့္ကို တကယ္သေဘာက်လို႔ဆိုၿပီး ႀကိဳးစားေတြးၾကည့္ရင္ေတာင္ တကယ္ႀကီး ေတြ႕ခ်င္တဲ့ပုံမေပၚဘူးေလ....”

“အင္း....”

မူယြန္က ယူအီရင္းအေပၚ ဘာလို႔ အခ်ိန္ေတြ ပိုက္ဆံေတြအမ်ားႀကီး ရင္းႏွီးျမႇပ္ႏွံေနလဲဆိုတာ အေတာ္ၾကာ စဥ္းစားေနမိတယ္။
တကယ္ေတာ့ ပိုက္ဆံက အေရးမႀကီးပါဘူး။ သူ႔မွာ ဘယ္ေလာက္ပိုင္ဆိုင္ထားလဲဆိုတာေတာင္ တိတိက်က်မသိရေလာက္တဲ့အထိ ပိုက္ဆံေတြ အမ်ားႀကီးရွိၿပီး တျခားသူေတြလို ေစ်းႀကီးတဲ့ပစၥည္းေတြ ဝယ္စုတတ္တဲ့ ဝါသနာလည္း မရွိတာေၾကာင့္ ပိုက္ဆံသုံးတာကို ဝါသနာတစ္ခုလို႔ ေျပာလို႔မရျပန္ဘူး။ ဒါေပမဲ့ အခ်ိန္ကေတာ့ မတူပါဘူး။
သူ႔ရဲ႕အခ်ိန္ဇယားကို အမ်ားႀကီးပိုင္းျဖာၿပီး လူေတြနဲ႔ေတြ႕ရတယ္၊ အစည္းအေဝးေတြလုပ္ရတယ္။ မနက္အေစာမွ အိပ္ရာဝင္ရၿပီး အိပ္ခ်ိန္အမ်ားႀကီးမရွိေသးခင္မွာပဲ ျပန္ထလာရတယ္။ ေလ့က်င့္ခန္းလုပ္ၿပီး အလုပ္သြားရတယ္။
သူ႔ရဲ႕ေန႔စဥ္ဘဝက အခ်ိန္ဇယားေတြနဲ႔ ျပည့္က်ပ္ေနတဲ့ အစီအစဥ္ႀကီးတစ္ခုလိုပါပဲ။  ဒါေပမဲ့ သူက ယူအီရင္းရဲ႕ေၾကာ္ျငာ႐ိုက္ကြင္းကို ၾကည့္ဖို႔ အခ်ိန္ႏွစ္ရက္သုံးခဲ့တယ္။ အခုေတာင္မွ သူ႔ရဲ႕အခ်ိန္ဇယားက ျပည့္က်ပ္ေနၿပီး အခုခ်က္ခ်င္းထသြားရင္ေတာင္ တခ်ိဳ႕ကို ဖ်က္သိမ္းရေတာ့မွာေလ။ ဒါေပမဲ့ သူတို႔က ဒီေနရာမွာပဲဆက္ထိုင္ေနၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အခ်င္းခ်င္းသတိခ်ပ္ရင္း ေျခမကိုင္မိလက္မကိုင္မိျဖစ္ေစတဲ့ ေထြေထြထူးထူးမရွိတဲ့ စကားဝိုင္းကို ေရွ႕ဆက္ေနၾကတယ္။ ဒါက တကယ္ကို ဘာသေဘာပါလိမ့္။

“ငါလည္း မသိဘူး”

ဒါေပမဲ့ အဲ့ဒီလိုဆိုရင္ေတာင္မွ သူက ဒီေနရာကေန ထမသြားခ်င္ေသးဘူး။ ဒါက နာရီေပါင္းမ်ားစြာ အင္အားအျပည့္နဲ႔ ေျပးေနတုန္း ခဏရပ္လိုက္သလိုမ်ိဳးပဲ။ သူရပ္လိုက္ရင္ ပင္ပန္းၿပီး ေျခေထာက္ေတြက ေလးလံသြားမွာျဖစ္တာေၾကာင့္ ထပ္ေျပးခ်င္မွာ မဟုတ္ေတာ့ဘူး။ ခႏၶာကိုယ္မွာရွိတဲ့ အားေတြ ေလ်ာ့က်သြားၿပီး ၿမဲၿမံေနတဲ့တင္းအားေတြကလည္း ေလ်ာ့က်သြားသလို ခံစားရေပမဲ့ ပင္ပန္းတယ္လို႔ေတာ့ မခံစားရဘူးေလ။ တိတိက်က်ေျပာရရင္ ယူအီရင္းရဲ႕ေရွ႕မွာဆိုရင္ စိုးရိမ္လာမိေပမဲ့ အလုပ္လုပ္လို႔ရလာတဲ့ ဖိအားနဲ႔ေတာ့ မတူပါဘူး။
ယူအီရင္းကို ၾကည့္လိုက္ရင္ ရလာတဲ့ဖိအားကို သေဘာက်သလို သူ႔ရဲ႕ေက်ာ႐ိုးေတြက ေညာင္းညာၿပီး ရင္အုပ္ေတြက တင္းက်ပ္လာတာေၾကာင့္ ထပ္ၿပီး မေျပးခ်င္ေတာ့ပါ။

“အင္း ကြၽန္ေတာ္ စိတ္ဆိုးေနတုန္းပဲ”

“အဲ့ဒါေၾကာင့္မလို႔ ငါ့ကို ေခၚတာလား၊ ဒီလိုမ်ိဳး ျဖစ္လာေအာင္လား”

“ဒီေနရာမွာ ဒါကိုမလုပ္ရင္ လုပ္စရာမရွိဘူးေလ မဟုတ္ဘူးလား၊ CEO အတြက္ ကြၽန္ေတာ္က ခႏၶာကိုယ္နဲ႔ မ်က္ႏွာပဲ သုံးႏိုင္လို႔ sex လုပ္ဖို႔ ေျပာရင္ေတာင္မွ ေက်ာက္တုံးတစ္တုံးလိုပဲ မလႈပ္ဘူးေလ၊ ကြၽန္ေတာ္တို႔က အခုလို မ်က္ႏွာခ်င္းဆိုင္ၿပီး စကားေျပာ႐ုံပဲဆိုေတာ့ လူေတြကို ပိုက္ဆံနဲ႔ ကစားတတ္တဲ့ CEO အတြက္ ကံဆိုးတာေပါ့”

“ဟားဟားဟား”

မူယြန္က ညင္ညင္သာသာရယ္ေမာလိုက္ၿပီး ယူအီရင္းကေတာ့ စိတ္တိုတိုနဲ႔ ေတာက္ေခါက္လိုက္ေတာ့ မူယြန္က ၿပဳံးၿပဳံးေလးနဲ႔ စုတ္သပ္လာတယ္။ ႏႈတ္ခမ္းႏွစ္ခုၾကားက လွ်ာကို ျပန္ၾကည့္လိုက္မိေတာ့ နမ္းတဲ့ေန႔ကို ျပန္သတိရသြားတယ္။

‘အဲ့ဒါက အနမ္းေလးတစ္ပြင့္ပဲကို…..’

မူယြန္က ယူအီရင္းရဲ႕ႏႈတ္ခမ္းကေန အၾကည့္မခြာႏိုင္ျဖစ္ေနၿပီး အီရင္းက သက္ျပင္းရွည္ႀကီးတစ္ခ်က္ခ်ရင္း ဆိုဖာေပၚကို ေက်ာမွီခ်လိုက္တယ္။

“ဒါေပမဲ့ ခင္ဗ်ားႏိုင္ပါတယ္၊ ဘယ္လိုလုပ္ ဒီေလာက္ အေရးေပးရဲရတာလဲ၊ ကြၽန္ေတာ္ကေတာ့ တကယ္ႀကီး ေလာင္သြားေတာ့မယ္ေတာင္ ထင္ေနတာ၊ rut period အတြင္းမွာေတာင္ လာထိပါးတာ မအံ့ဩေတာ့ပါဘူး”

“rut period အတြင္းလား”

ခုနက ၿပဳံးေနတဲ့ မူယြန္ရဲ႕အမူအရာက ေတာင့္တင္းသြားၿပီး စကားအဆုံးမွာ အသံအနည္းငယ္ က်ယ္သြားတယ္။ ဆိုဖာကို ေက်ာမွီထိုင္ေနတဲ့ အီရင္းက ေခါင္းေထာင္လာၿပီး မူယြန္႔ကို ၾကည့္လိုက္ေတာ့ သူ႔ရဲ႕သာမန္ကာလွ်ံကာအၾကည့္ေတြမွာ သံသယအခ်ိဳ႕ရွိေနတယ္။

“ဟုတ္တယ္ rut ျဖစ္တဲ့အခ်ိန္ သူလာေတာ့ ဒီေနရာကေန ခ်က္ခ်င္းထြက္သြားဖို႔ သူ႔ကို ကြၽန္ေတာ္ က်ိန္ဆဲလႊတ္လိုက္တယ္”

“မင္း ေဆးမေသာက္ဘူးလား”

“အဲဒါကို အတတ္ႏိုင္ဆုံး ေဆးမေသာက္ဘဲေနလို႔ရေအာင္ ဂ႐ုစိုက္ေနတာ”

“rut ကာလကို ဒီအတိုင္းေက်ာ္ျဖတ္တယ္ဆိုတဲ့ သေဘာလား”

“ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေတာ့ အဲ့ဒီလို မခံစားရဘူး၊ rut ကာလအတြင္းမွာ ဘယ္သူနဲ႔မွ မေတြ႕ခ်င္လို႔ တရားထိုင္ေလ့ရွိၿပီး တစ္ခါတေလမွာေတာ့ အိပ္ေဆး ဒါမွမဟုတ္ အကိုက္အခဲေပ်ာက္ေဆး ေသာက္တယ္”

“အဲ့ဒါက မင္းရဲ႕က်န္းမာေရးကို မထိခိုက္ေစဘူးလား”

“ေနမေကာင္းျဖစ္လို႔ ႏွစ္ပတ္ေလာက္ အိပ္ရာထဲလွဲေနရတယ္”

မူယြန္က ယူအီရင္းကို ခဏၾကည့္ၿပီး မတ္တတ္ရပ္လိုက္ေတာ့ ယူအီရင္းက မူယြန္႔လႈပ္ရွားမႈအတိုင္း လိုက္လာသလို မူယြန္က တံခါးဆီသြားၿပီး ဖြင့္လာတယ္။ အတြင္းေရးမႉးေယာက ဘာမွေျပာစရာမလိုဘဲ သူတို႔ဘာသာ စာခ်ဳပ္ခ်ဳပ္ၾကမဲ့သူေတြကို ေခၚဝင္လာတယ္။
မူယြန္က စားပြဲထိပ္မွာ ထိုင္ေနၿပီး ယူအီရင္းရယ္၊ ထုတ္လုပ္ေရးကုမၸဏီေခါင္းေဆာင္၊ ဒါ႐ိုက္တာနဲ႔ ယူအီရင္းရဲ႕ မန္ေနဂ်ာ၊ ဥကၠဌတို႔ ရွိေနၾကတယ္။
စာခ်ဳပ္က အေထြအထူးမဟုတ္ပါဘူး။
ထြက္ေျပးရေလာက္ေအာင္ စိတ္ပ်က္ေနတဲ့ လူတစ္ေယာက္အေနနဲ႔ ယူအီရင္းက စာခ်ဳပ္ကို  နာနာခံခံနဲ႔ တိတ္တဆိတ္ အဆုံးသတ္လိုက္တယ္။ အေျခအေနေတြက ယူအီရင္းကို ဆြဲေဆာင္ဖို႔ မ်က္ႏွာသာေပးစိစစ္ထားတာျဖစ္ၿပီး သူ႔ရဲ႕ေရွ႕မွာ အႀကိမ္ေပါင္းမ်ားစြာ ႐ြတ္ျပထားၾကတာေၾကာင့္ ဖတ္ၾကည့္စရာေတာင္ မလိုေတာ့ဘူး။

“ဒီေနရာနဲ႔ ဒီေနရာမွာ လက္မွတ္ထိုးေပးပါ...”

ထုတ္လုပ္ေရးကုမၸဏီေခါင္းေဆာင္ ၫႊန္ျပေနတဲ့ေနရာတိုင္းကို ယူအီရင္းက ဘာတစ္ခြန္းမွမဆိုဘဲ လက္မွတ္ထိုးေပးေနၿပီး စာ႐ြက္အသီးသီးက လက္မွတ္ထိုးရမဲ့အကြက္ေတြမွာ လက္မွတ္ထိုး လက္ေဗြႏွိပ္ၿပီးတဲ့ေနာက္မွာေတာ့ ယူအီရင္းက မၾကည္မသာနဲ႔ လက္မွာေပေနတဲ့ မင္ေတြကို သုတ္ေနတယ္။ မ်က္ခုံးေတြတြန္႔ခ်ိဳးထားၿပီး သူ႔ရဲ႕လက္ေပၚမွာ သူ မႀကိဳက္တဲ့အရာရွိေနသလိုမ်ိဳး အၾကမ္းပတမ္းသုတ္ေနေတာ့ မူယြန္က အဲ့ဒီၾကမ္းတမ္းမႈေၾကာင့္ သူ႔ရဲ႕လက္ေတြ ထိခိုက္ပ်က္စီးသြားမွာ စိုးရိမ္ေနတယ္။

“႐ိုက္ကူးေရးက ဘယ္ခ်ိန္စမွာလဲ”

“႐ိုက္ကြင္းတည္ေနရာကစလို႔ အရာအားလုံး ျပင္ဆင္ထားၿပီးသားမလို႔ ယူအီရင္းသာ စိတ္မရွိရင္ မနက္ျဖန္ခ်က္ခ်င္းစပါမယ္”

“ဘာျဖစ္လို႔ အဲ့ဒီေလာက္ အလ်င္လိုေနတာလဲ၊ လက္မွတ္ထိုးၿပီး႐ုံရွိေသးတာကို နားပါရေစဦး”

ယူအီရင္းက သူတို႔ေအဂ်င္စီCEO နဲ႔ ထုတ္လုပ္ေရးကုမၸဏီေခါင္းေဆာင္တို႔ရဲ႕စကားဝိုင္းကို ႐ုတ္တရက္ ၾကားျဖတ္ၿပီး ပြင့္ပြင့္လင္းလင္းေျပာလာတယ္။
လက္သုတ္ထားတဲ့တစ္ရႉးကို စားပြဲေပၚပစ္တင္ၿပီး လက္ႏွစ္ဖက္ကို အိတ္ကပ္ထဲထည့္ရင္း ဆိုဖာကို ေက်ာမွီခ်လိုက္ၿပီး အဲ့ဒါကို ပစ္လိုက္သလိုမ်ိဳး တဲ့တိုးေျပာလာတယ္။
ယူအီရင္းရဲ႕စကားေၾကာင့္ ထုတ္လုပ္ေရးကုမၸဏီ CEO က  သူ႔ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေတြကို တြန္းအားေပးၿပီး ၿပဳံးဖို႔အားထုတ္ခဲ့ေပမဲ့ အၿပဳံးက မပီျပင္ရွာဘူး။

“ဒါေပမဲ့ အခုတေလာ  ယူအီရင္းမွာ အခ်ိန္ဇယားမရွိဘူးမလား”

“ဒါေပမဲ့ လူေတြက သူတို႔ကိုယ္သူတို႔ ျပင္ဆင္ဖို႔ လိုတယ္ေလ မဟုတ္ဘူးလား၊ ဒီေန႔မွ လက္မွတ္ထိုးၿပီးတာကို ခ်က္ခ်င္းႀကီး႐ိုက္မယ္ဆိုတာက ရက္စက္ရာမက်ဘူးလား၊ CEO ဆိုးေရာ အဲ့ဒီလို မထင္ဘူးလား”

ယူအီရင္းက ႐ုတ္တရက္ မူယြန္႔ဘက္ကိုလွည့္ၿပီး ေခၚလိုက္ေတာ့ အားလုံးရဲ႕မ်က္လုံးေတြက ယူအီရင္းဆီကေန မူယြန္႔ဆီကို ေရာက္သြားတယ္။
သက္ေသာင့္သက္သာထိုင္ၿပီး ယူအီရင္းရဲ႕မ်က္ႏွာကို ခံစားေနတဲ့မူယြန္က အနည္းငယ္ စိတ္ပ်က္သြားၿပီး မတ္တတ္ရပ္လိုက္ရင္း ယူအီရင္းကို ၾကည့္လိုက္ေတာ့ ခုနက စိတ္ဆိုးၿပီး မေခ်မငံျဖစ္ေနတဲ့မ်က္ႏွာထားက ေပ်ာက္သြားၿပီး လွပစြာ ၿပဳံးျပလာတယ္။
သူဘယ္လိုတုံ႔ျပန္မလဲဆိုတာကို ေစာင့္ေနတဲ့ပုံစံနဲ႔ သူ႔ရဲ႕မ်က္လုံးေတြကို စိုက္ၾကည့္ေနေတာ့ မူယြန္က မ်က္ခုံးတစ္ဖက္ ပင့္လိုက္မိတယ္။

“ဘယ္လိုထင္လဲ CEO ဆိုး”

“ဟင္ အင္း”

မူယြန္က ယူအီရင္းကိုၾကည့္ရင္း သူလိုခ်င္တဲ့အရာကို ခန္႔မွန္းေနၿပီး အဲ့ဒါက သတိျပဳမိဖို႔ မခက္ခဲဘဲ ထင္ရွားေနတဲ့အေျဖပါပဲ။ မူယြန္ အခုစိုးရိမ္ရမွာက ယူအီရင္းရဲ႕ဆႏၵေတြကို နားေထာင္ေပးရမလား ယူအီရင္းရဲ႕ေနာက္ေက်ာကို ဓားနဲ႔ထိုးရမလားဆိုတာပါပဲ။ ယူအီရင္းက ၿပဳံးၿပီး သူ႔ကိုၾကည့္ေနတယ္။
ယူအီရင္းက မူယြန္ထုတ္ျပဖို႔တုံ႔ဆိုင္းေနတာကို သိတဲ့သူတစ္ေယာက္ျဖစ္ၿပီး လူေတြရဲ႕အာ႐ုံစိုက္မႈကို ဆြဲေဆာင္ႏိုင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ ယူအီရင္းရဲ႕ဆႏၵကို လိုက္ေလ်ာလိုက္တာက အက်ိဳးရွိေပမဲ့….။
မူယြန္က ၿပဳံးၿပီး ယူအီရင္းရဲ႕မ်က္ဝန္းေတြဆီ ျပန္ၾကည့္လိုက္တယ္။

“ကြၽန္ေတာ္ကေတာ့ ႐ိုက္ကူးေရးကို တတ္ႏိုင္သမွ် ျမန္ျမန္စေစခ်င္တယ္၊ အဲ့ဒီအတြက္ အခ်ိန္ေပးထားတာ ၾကာၿပီေလ….”

အီရင္းရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေတြက အနည္းငယ္မဲ့က်သြားၿပီး မူယြန္ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေတြကေတာ့ ဆန္႔က်င္စြာပဲ အေပၚကို ေကြးတက္သြားတယ္။

“CEO ဆိုး ကြၽန္ေတာ္ေျပာခဲ့တာကို မၾကားဘူးလား”

“ဟင့္အင္း အခု မင္းၾကားလိုက္သလိုပဲ၊ မၾကာေသးခင္က ယူအီရင္းရဲ႕အခ်ိန္ဇယားနဲ႔ ဘဝကို ကြၽန္ေတာ္လည္း သိထားတာမလို႔ ေနာက္ထပ္ အနားယူဖို႔ လိုေတာ့မယ္မထင္ဘူး၊ တကယ္ေတာ့ အနားယူတာက မ်ားလြန္းေနၿပီလို႔ေတာင္ ထင္တယ္”

“အဲ့ဒါဆိုရင္ ႐ိုက္ကူးေရးကို ဒီတစ္ပတ္အတြင္း စတာေပါ့”

ယူအီရင္း ထပ္မေျပာေသးခင္မွာပဲ ထုတ္လုပ္ေရးကုမၸဏီေခါင္းေဆာင္က ေျပာလာတဲ့အတြက္ ယူအီရင္းက ဘာမွျပန္မေျပာဘဲ မူယြန္႔ကို စိုက္ၾကည့္ေနတယ္။

Swara Webnovel Translation

Continue Reading

You'll Also Like

5.2K 888 10
The one who I love is my big brother's old flame. ZhangYiXing × KimJunMyeon Fan Fiction
1.4M 61.3K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
22K 969 11
I will love you as long as the sun bruns in the sky, as long as the moon shines its light into the dark night, until the raging blue oceans become...
444K 23.2K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...