Unicode
Episode _ 14
" ဆင်ပေါက်!! "
တေလွန်း သူ့အိမ်မက်ကြောင့် အလန့်တကြား အိပ်ရာကနေ ထထိုင်မိသည်။
" ဟူး.... တော်ပါသေးတယ်! အိမ်မက်ဖြစ်နေလို့... "
ကျုပ်ရဲ့အိမ်မက်ထဲမှာ ဆင်ပေါက်ကို မြွေတစ်ကောင်က တစ်ကျုယ်လုံးရစ်ပတ်ထားပြီး ဆင်ပေါက်က ကျုပ်ကို အကူအညီတောင်းနေသည်။ အဲ့ဒီအိမ်မက်ကြောင့် ကျုပ် လန့်နိုးလာတော့ အရင်ဆုံးလုပ်မိတာက ကျုပ်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသေးတဲ့ဆင်ပေါက်ကို ကြည့်မိတာပဲ။ တော်ပါသေးတယ်... ကျုပ်ရဲ့ဆင်ပေါက်လေး ဘာမှမဖြစ်လို့။ အိမ်အောက်မှာ မနက်ခင်းအာရုံဆွမ်းလောင်းဖို့အတွက် ကျုပ်အမေနဲ့အမရဲ့မီဖိုချောင်ဝင်တဲ့အသံတွေကို ကြာနေရတယ်။ ကျုပ်လည်း ဆက်မအိပ်ချင်တော့တာမို့ ဆင်ပေါက်ကိုယ်ပေါ်ကို စောင်အပါးလေးတစ်ထည်ခြုံပေးခဲ့ပြီး အိမ်အောက်ထပ်ကို ဆင်းလာသည်။
" သား.. တေလွန်း အစောကြီးနိုးတာလား...၊ သားငယ်လေးရော "
" ဆင်ပေါက်က အိပ်နေသေးတယ်.. အမေ၊ ကျုပ် အိပ်မပျော်တော့လို့ ထလာတာ... "
ကျုပ် စဥ့်အိုးထဲကရေကိုခပ်ယူပြီး အမြန်မျက်နှာသစ်လိုက်သည်။ ထို့နောက် ဘေးက မီးသွေးခဲကိုယူပြီး သွားတိုက်လိုက်တယ်။ မြို့ပေါ်မှာကျောင်းတက်တုန်းက သွားတိုက်ဆေး၊ သွားတိုက်တံနဲ့အကျအန သွားတိုက်ပေမဲ့ ကိုယ့်ရွာကိုယ့်ဒေသမှာတော့ ရိုးရာမပျက် သွားကိုဆားနဲ့ဖြစ်ဖြစ်၊ မီးသွေးခဲနဲ့ဖြစ်ဖြစ် အလွယ်တကူတိုက်လိုက်သည်။ တစ်ရွာလုံးမှာ သွားတိုက်ဆေးနဲ့သွားတိုက်တံသုံးတာဆိုလို့ အရီးလေးနန်းမှုံနဲ့ဆင်ပေါက်သာ ရှိတယ်။ ဒါကလည်း ဦးကြီးသာငြိမ်းရဲ့အကဲပိုမှုတွေလေ။ သူ့မိန်းမရဲ့သွားဖုံးလေးတွေထိခိုက်မှာစိုးလို့ဆိုပြီး သွားတိုက်ဆေးနဲ့မျက်နှာသစ်ကအစ လိုလေးသေးစိတ်မရှိစေရ၊ ရွာကိုခိုးပြေးလာကတည်းက မြို့သူတွေအတိုင်း ရေချိုးခန်းသီးသန့်လုပ်ပေးရတာနဲ့အိမ်သာကိုသီးသီးသန့်သန့်ဆောက်ပေးရတာနဲ့တကယ့်ကို ချစ်တက်မှုကြီးက အောချရလောက်သည်။
" ကျုပ် အရီးလေးတို့အိမ်က သွားတိုက်ဆေးနဲ့သွားတိုက်တံသွားတောင်းလိုက်အုံးမယ်.. အမေ "
" အေး.. အေး "
" ဟဲ့ တေလွန်း "
" ဘာလဲဟ "
" အော် နင်ကလည်း...၊ နင် အပြန်ကျရင် အကြော် ဝင်ဝယ်ခဲ့အုံး...၊ ဒီနေ့မနက် ထမင်းဆီစမ်းပြီး အကြော်နဲ့စားရအောင်... "
" အေး.. ဒါပဲမလား၊ ငါ သွားပြီ.. "
" အေး.. အေး "
သွားခါနီး မီးဖိုထဲကနေ ကျုပ်ရဲ့တစ်ဦးတည်းသောအမက ကျုပ်ကို မှာတမ်းချွေသေးတယ်။ လက်ထဲမှာလည်း လက်နှီးစုတ်ကတစ်ဖက်၊ ယောင်းမကြီးက တစ်ဖက်နဲ့၊ ကြည့်ရတာ ထမင်းအိုးတည်နေတယ်ထင်တယ်။ ကျုပ်လည်း ဟင်းရွက်သင်နေတဲ့အမေ့ဆီက ပိုက်ဆံတောင်းပြီး ဆင်ပေါက်တို့အိမ်ကို ခြေဦးလှည့်လိုက်တော့တယ်။
ကျုပ် အိမ်ကိုပြန်ရောက်တော့ ဆင်ပေါက်က မနိုးသေးပေ။ အကြော်ဆိုင်မှာ အကြော်အစုံရအောင် ထိုင်စောင့်ရသေစတာမို့ ကျုပ် အိမ်ကိုပြန်ရောက်တော့ မနက်ခြောက်နာရီကျော်နေပြီဖြစ်သည်။
" အမေ... "
" ဟေ.. "
" ဆင်ပေါက် မနိုးသေးဘူးလား.... "
" အေး.. အိပ်နေတုန်းထင်တယ်၊ အောက်မဆင်းလာသေးဘူး..."
အမေက မီးဖိုထဲမှာ အမနဲ့ဆွမ်းတော်အုပ်ပြင်နေရင်းမှ လှမ်းပြောသည်။ အဘကတော့ အခုချိန် ဘုရားဝတ်ပြုနေကျမို့ အိမ်ရှေ့ကတန်းလျားပေါ် မရောက်သေး။ ကျုပ်လည်း သွားတိုက်ဆေးအသင့်ထည့်ထားတဲ့သွားတိုက်တံလေးကို စဥ့်အိုးအဖုံးပေါ်တင်ထားခဲ့ပြီး အမေတို့ရှိတဲ့မီးဖိုတဲထဲကို အကြော်ထုပ်သွားပေးလိုက်တယ်။
" ကျုပ် ဘာကူရအုံးမလဲ.. အမေ "
" ရတယ်.. ရတယ် သားငယ်လေးကိုပဲ သွားနှိုးလိုက်တော့!... "
ကျုပ် လက်ထဲက အကြော်ထုပ်ကို အမေက ပန်းကန်ပြားတစ်ချပ်ထဲကို ပြောင်းထည့်လိုက်သည်။
" ဟဲ့ ဒီထမင်းဇလုံကို ရှေ့က စားပွဲပေါ်ယူသွားပေးစမ်းပါ...၊ ဟိုစင်ပေါ်က ပန်းကန်ပြားငါးချပ်ရော သယ်သွားလိုက် "
" ပေး...၊ နင်ကျ ဘာယူမှာလဲ "
" အမယ်လေး...၊ ဒါလေးလုပ်ရတာကို လာပြီးကပ်တွက်နေတယ်.. ဒီမှာ အဘနဲ့နင်တို့အတွက် အကြမ်းအိုးပြင်မလို့ဟဲ့...၊ ပြီးတော့ ငါ့မောင်ရှင်မွှေးလေးအတွက် ကွေကာအုပ်ဖျော်မယ်လေ... "
" ပြီးတာပဲ....! "
ကျုပ်လည်း အမရဲ့လက်ထဲက ထမင်းဇလုံကြီးနဲ့ စင်ပေါ်ကပန်းကန်ပြားငါးချပ်ကို ဆွဲယူပြီး အိမ်ရှေ့ကစားပွဲပေါ်တင်ကာ နှီးအုပ်ဆောင်းနဲ့သေချာအုပ်၍ အိမ်အပေါ်ထပ်က ဆင်ပေါက်ကို နှိုးဖို့ပြင်သည်။
ဆင်ပေါက်က ကျုပ် ထားခဲ့တဲ့အတိုင်းလေးပဲ စောင်ခြုံလျက်သား အိပ်ပျော်နေဆဲပင်။ ကျုပ်လည်း ဆင်ပေါက်ရဲ့အနားကိုသွားပြီး အိပ်ပျော်နေတဲ့ဆင်ပေါက်ရဲ့ပါးတစ်ဖက်ကို နမ်းဖို့ပြင်ပြီးမှ ဘုရားခန်းထဲကထွက်လာတဲ့အဘရဲ့ကြေးစည်ထုသံကြောင့် သူခိုးလူမိသလိုဖြစ်သွားသည်။
" ဆင်ပေါက်... ဟေ့ကောင် ဆင်ပေါက် ထတော့!... မိုးလင်းနေပြီ "
ကျုပ် နိုးတာကို တုတ်တုတ်မျှမလှုပ်ဘဲ ဆက်အိပ်နေတဲ့ဆင်ပေါက်။
" ဟေ့ကောင် အိပ်ပုတ်ကြီးမနေနဲ့... ထတော့ကွ၊ အိမ်အောက်မှာ အမေနဲ့အဘက ထမင်းစားဖို့စောင့်နေတယ်.... ထတော့! "
ဒါလည်း မနှိုးတဲ့ဆင်ပေါက်ကြောင့် ကျုပ် အနည်းငယ် သံသယဝင်သွားတယ်။ ဆင်ပေါက်က အိပ်ပုတ်ကြီးတာမှန်ပေမဲ့ အအိပ်မက်တာမှန်ပေမဲ့ အခုလောက်ကြီးထိ ခေါ်မကြားအော်မကြားအိပ်တာမျိုးတော့ မဟုတ်။ တစ်ခုခုတော့ မှားနေပြီဆိုတာ ကျုပ် သိလိုက်တယ်။
" အဘ!... အမေ! ဒီကို အမြန်လာပါအုံး...၊ ဆင်ပေါက်ကို ဘယ်လိုမှနှိုးလို့မရဘူး... "
" ဟဲ့ ဘာဖြစ်တာလဲ... "
" ငတေ ငါ့သားငယ် ဘာဖြစ်လို့လဲ!! "
ကျုပ်အော်ခေါ်တဲ့အသံကြောင့် လှေကားတစ်ဝက်က အောက်ဆင်းဖို့ပြင်နေတဲ့အဘနဲ့ အိမ်အောက်က အမေနဲ့အမပါ အပေါ်ထပ်ကိုရောက်လာတယ်။ ဆင်ပေါက်က ဘယ်လိုမှကို နှိုးလို့မရပေ။
" ကျုပ်.. ကျုပ်လည်း မသိဘူး၊ လုပ်ပါဦး အဘရာ...၊ ဆင်ပေါက်ကို နှိုးပါအုံး... "
" အသက်တော့ ရှူသေးတယ်..၊ သမီးကြီး မြန်မြန်သမားတော် သွားပင့်စမ်း!! "
" ဟုတ်ကဲ့ အဘ "
စုစုစံက အိမ်ပေါ်ကနေ အမြန်ပြေးဆင်းသွားကာ သမားတော်ကို သွားပင့်သည်။ အမေက ဆက်ပေါက်ရဲ့မိဘတွေကိုသွားခေါ်ပြီး ခဏအကြာမှာ ဆင်ပေါက်ရဲ့မိဘတွေရော.. သမားတော်ပါ ရောက်လာသည်။
သမားတော်က ဆင်ပေါက်ရဲ့အခြေအနေကို စမ်းသပ်ပြီး ဝေခွဲမရတဲ့မျက်နှာနဲ့ သက်ပြင်းချကာ အဘတို့ဘက်ကိုလှည့်ကြည့်သည်။
" ကျုပ် ဒါမျိုးတစ်ခါမှမတွေ့ဘူးဗျ...၊ ရှင်မွှေးလေးမှာ ဘာရောဂါလက္ခဏာမှရှာမတွေ့ဘူး...၊ အကုန်လုံးက ပုံမှန်ပဲ... "
" ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...၊ အကို သားငယ်အတွက် တစ်ခုခုလုပ်ပေးပါဦး... အကိုရယ် "
အရီးလေးနန်းမှုံက ငိုရှိုက်ကာ ဦးကြီးသာငြိမ်းလက်မောင်းကိုအားကိုးတကြီးနဲ့ဆွဲလှုပ်၍ ပြောသည်။ ဦးကြီးသာငြိမ်းရော...၊ ကျုပ်အဘနဲ့အမေရော မျက်နှာမကောင်းကြသလို ဆင်ပေါက်ကိုကြည့်ပြီး တော်တော်စိုးရိမ်နေသည်။ ကျုပ်က အဆိုးဆုံးပေါ့။ အခုကိစ္စက ကျုပ် အိမ်မက်နဲ့များဆိုင်နေမလား။
" အဘ ကျုပ်..ကျုပ် ညကအိမ်မက်မက်တယ်...၊ အိမ်မက်ထဲမှာ ဆင်ပေါက်ကို မြွေတစ်ကောင်က ဆွဲပတ်ပြီးခေါ်သွားတယ်... "
" ဘယ်လို... "
ကျုပ်စကားကြောင့် အဘနဲ့ဦးကြီးသာငြိမ်းက ချက်ချင်း အိပ်ပျော်နေတဲ့ဆင်ပေါက်ကိုဆွဲထူလိုက်ပြီး ဆင်ပေါက်ရဲ့အင်္ကျီတွေကို ဆွဲချွတ်ပစ်လိုက်တယ်။ ကျုပ် အစက အဘတို့ရဲ့လုပ်ရပ်ကိုနားမလည်စွာကြောင်ငေးကြည့်လိုက်မိပေမဲ့ ဆင်ပေါက်ရဲ့ခန္ဓာကိုယ်ပေါ်က ခပ်ကြီးကြီးမြွေတစ်ကောင်၏ကိုယ်ထည်ကအစင်းအရာများကိုမြင်လိုက်တဲ့အခါ အံ့သြမှင်သက်သွားသည်။
" အဆောင်ဆွဲကြိုးက ဘယ်မှာလဲ..! သာငြိမ်း "
" ငါ မသိဘူး...၊ သားငယ်က အဲ့ဆွဲကြိုးကို ဘယ်တုန်းကမှ ချွတ်တာမဟုတ်ဘူးကွ "
အဘနဲ့ဦးကြီးသာငြိမ်းက အချင်းချင်းပြောဆိုနေကြသလို ဆင်ပေါက်ရဲ့ခန္ဓာကိုယ်ပေါ်က မြွေအစင်းရာတွေမြင်လိုက်တဲ့အရီးလေးနန်းမှုံကတော့ ကျုပ်အမေရဲ့ပခုံးပေါ်ပြိုလဲကျပြီး ရှိုက်ကြီးဖိုငင်ငိုတော့သည်။
" မဖြစ်ဘူး... ငါတို့ ဆရာတော့်ဆီကို အမြန်သွားရမယ်... "
အဘက ဆင်ပေါက်ရဲ့ခန္ဓာကိုယ်ကိုပွေ့ချီဖို့ပြင်တော့ ကျုပ် အမြန်တားလိုက်သည်။ ထို့နောက် ဆင်ပေါက်ကို ကျုပ်ကိုယ်တိုင် ကုန်းပိုးပြီး ရွာဦးကျောင်းကိုအမြန်သယ်သွားလိုက်သည်။
" ဘုန်းဘုန်းဘုရား... တပည့်တော်မရဲ့သားကို ကယ်ပေးပါအုံး ဘုရား... "
" အိမ်း..... ဒကာလေးရှင်မွှေးက ရုပ်နဲ့နာမ်ကွဲထွက်သွားတာပဲ "
ရွာဦးကျောင်းကိုရောက်တော့ ကျောင်းစေတီရဲ့ရင်ပြင်တော်ပေါ်မှာ တရားထိုင်နေတဲ့ဘဘုန်းက ဆင်ပေါက်ကို ကျောင်းဆောင်ပေါ်ကိုသယ်သွားခိုင်းပြီး ပရိတ်ရေပတ်ဖြန်းကာ ယခုလိုမိန့်လိုက်ခြင်းဖြစ်သည်။ ဘဘုန်းမိန့်လိုက်တဲ့စကားကြောင့် အရီးလေးနန်းမှုံမှာ စိုးရိမ်ကြောက်လန့်၍ပိုပြီးငိုတော့သည်။ အရီးလေးနန်းမှုံကိုနှစ်သိမ့်ပေးနေတဲ့ကျုပ်အမေလည်း အရီးလေးလို စိုးရိမ်ကြောက်လန့်နေသည်ကို ကျုပ်သိသည်။ အားလုံးက ကျုပ်ရဲ့အမှားတွေပဲ...။ ကျုပ်သာ ဆင်ပေါက်ရဲ့စကားကိုနားမထောင်ဘဲ အဆောင်ဆွဲကြိုးပျောက်သွားတဲ့ကိစ္စကို အဘတို့နဲ့အရီးလေးတို့ကိုပြောပြလိုက်ရင် အခုလိုမျိုးဖြစ်လာမှာမဟုတ်ဘူး။
" ဆင်ပေါက်ကို ပြန်ခေါ်လို့ရတယ်မဟုတ်လား... ဘုန်းဘုန်း၊ ပြန်ခေါ်လို့ရတယ်မလား....၊ ဆင်ပေါက်ကို ပြန်ခေါ်ပေးပါ ဘုန်းဘုန်း....၊ တပည့်တော်က သူမရှိရင် မဖြစ်ပါဘူး ဘုရား.... "
ကျုပ် ဘဘုန်းကိုလက်အုပ်ချီကာ ခခယယတောင်းပန်မိသည်။ အခုချိန်က ဒေါသနဲ့ဖြေရှင်းလို့ရတဲ့အချိန်မဟုတ်မှန်း ကျုပ်သိသည်။ အခု ဆင်ပေါက်ကို ကယ်ပေးနိုင်တာက ဘဘုန်းသာ ရှိတော့သည်။
" စိတ်မပူပါနဲ့...၊ ဒကာလေးရှင်မွှေးက သူ့စိတ်ဆန္ဒနဲ့ ရုပ်နဲ့နာမ်ကိုကွဲထွက်တာမဟုတ်ပါဘူး....၊ ဒကာလေးရှင်မွှေးရဲ့ရှေးဘဝအဆက်ဆက် အနွယ်တော်တွေက အတင်းအကျပ်ခွဲထုတ်လိုက်တာဖြစ်ရမယ်... "
" တပည့်တော်တို့ရဲ့ကလေးကို ရအောင်ပြန်ခေါ်ပေးပါ... ဘုန်းဘုန်း၊ တပည့်တော်တို့ ဘာပဲလုပ်ရလုပ်ရ လုပ်ပါ့မယ်... ဘုန်းဘုန်းဘုရား "
အဘနဲ့ဦးကြီးသာငြိမ်းကပါ ပြောလာတော့ ဘဘုန်းက သက်ပြင်းချပြီး ကျုပ်ဘက်ကိုလှည့်ကြည့်လာသည်။
" ဟင်း... ဒါက လောကီရေးရာနဲ့ဆိုင်တဲ့ကိစ္စမို့ ဘုန်းကြီးလည်း မကူညီပေးနိုင်ဘူး...၊ ဒါပေမဲ့ ဒကာလေးရှင်မွှေးကို ပြန်ခေါ်နိုင်တဲ့လူတစ်ယောက်တော့ ရှိတယ် "
" အဲ့တာ ဘယ်သူပါလဲဘုရား.... "
" ဒကာလေးတေလွန်း ကိုယ်တိုင်ပဲ... "
အားလုံးရဲ့အကြည့်တွေက ကျုပ်ဆီကိုရောက်လာသည်။
~~~~~~~~~~~~~~~~~~~~~~~~~
ဆင်ပေါက် အိပ်ပျော်နေတာ ဒီနေ့နဲ့ဆို သုံးရက်တိတိပြည့်သွားပြီဖြစ်သည်။ ကျုပ်လည်း ဘဘုန်းမိန့်တဲ့အတိုင်း ဆင်ပေါက်ကိုပြန်ခေါ်ဖို့အတွက် ပြင်ဆင်နေရသည်။
" ဒကာလေး အဆင်သင့်ဖြစ်ပြီလား... "
" တင်ပါ့ဘုရား... "
ကျုပ် ဘဘုန်းကိုဦးချ၍ တပလ္လင်ခွေထိုင်ကာ ညာလက်ပေါ်ဘယ်လက်တင်လျက် မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။
" ဒကာလေး ဒီသုံးရက်အတွင်းမှာပြုခဲ့တဲ့ကောင်းမှုကုသိုလ်တွေ၊ ဆောက်တည်ခဲ့တဲ့ဥပုဂ်သီလတွေကိုအာရုံပြုပြီး သရဏံဂုဏ်သုံးပါးကိုစိတ်ထဲကနေ မှတ်ထားပါ.... "
" ...... "
" ဒကာလေးရဲ့အတွေးတွေအကုန်လုံးကို တည်ငြိမ်နေတဲ့ရေပြင်ကျယ်တစ်ခုလိုရှိနေပါစေ....၊ ဘာအကြောင်းကြောင်းနဲ့မှ နောက်ကျိရှုပ်ထွေးခြင်း မရှိပါစေနဲ့.... "
" ...... "
" ဝင်လေ ထွက်လေကို သေချာမှတ်ထားပါ "
" ....... "
" အဲ့အဆင့်တွေ အကုန်လုံးကို ဒကာလေးလုပ်နိုင်ပြီဆိုတာနဲ့ ဒကာလေးရဲ့ခန္ဓာကိုယ်က ငှက်မွေးလေးတစ်ခုလို ပေါ့ပါးလွတ်လပ်လာလိမ့်မယ်....၊ ပြီးရင် ဒကာလေး အလင်းရောင်ကို ခံစားမိလိမ့်မယ်... အဲ့ဒီအခါကျရင် ဒကာလေးရဲ့မျက်လုံးကို ဖွင့်လိုက်ပါ... "
ကျုပ် ဘဘုန်းပြောတဲ့အတိုင်း စိတ်ကိုစုစည်းပြီး သရဏံဂုဏ်သုံးပါးကိုစိတ်တွင်းက ရွတ်ဆိုပြီး ပြုခဲ့တဲ့ကုသိုလ်၊ဆောက်တည်ခဲ့တဲ့သီလတွေကို ပြန်မှတ်ရင်း တစ်ဖြည်းဖြည်း ကျွန်တော့်ခန္ဓာကိုယ်က ပေါ့ပါးလာသည်ကို ခံစားမိလာတယ်။ ထို့နောက် ကျုပ်အနားကနေဖြတ်သွားတဲ့လေညှင်းလေးတွေကို ခံစားမိသည်။ ရုတ်တရက် မှိတ်ထားတဲ့မျက်ခွံတွေက အလင်းရောင်နဲ့ထိတွေ့မိသွားသည်။ စိတ်လှုပ်ရှားစွာ ကျုပ်မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိတော့ ကျုပ် ရောက်နေတဲ့နေရာဟာ စိမ်းစိုအုံ့မှိုင်းနေသည့်တောကြီးရဲ့အလယ်တွင်ဖြစ်နေသည်ကို ကျုပ် သိလိုက်တယ်။
" ဒကာလေး အခုရောက်နေတဲ့နေရာက ဒကာလေးရှင်မွှေးရဲ့နာမ်ကို ပြန်ရှာရမဲ့နေရာပဲ...၊ ဒကာလေးရဲ့သိစိတ်ကို အသုံးချပြီး အခက်အခဲတွေကိုရင်ဆိုင်ပါ...၊ ဒကာလေးရဲ့အပါးတော်နှစ်ဦး မကြာခင်ရောက်လာပါလိမ့်မယ်... "
ကျုပ်ရောက်နေတဲ့ပတ်ဝန်းကျင်ကိုစူးစမ်းနေတုန်း အဝေးကနေလာတဲ့ဘဘုန်းရဲ့အသံကို ကြားလိုက်တယ်။ ကြည့်ရတာ ဘဘုန်း ကူညီပေးနိုင်တာက ဒီလောက်အထိပဲ ထင်တယ်...။ ဆင်ပေါက်ကို ပြန်ရှာတွေ့ရင် ခွဲထွက်လာတဲ့ခန္ဓာဆီကိုဘယ်လိုပြန်လာရမလဲဆိုတာကို ဘဘုန်းက ပြောထားပြီးသားမို့ အခု ကျုပ်က ဆင်ပေါက်ကို အမြန်လိုက်ရှာရမယ်။
* ဝုန်း..... ဝေါ.... ဟူး...... *
ရုတ်တရက် လေတိုးသံပြင်းပြင်းနဲ့တုန်ခါသွားတဲ့မြေပြင်က ကျုပ်ဆီကို တစ်စုံတစ်ခုက ပြေးလာနေသယောင်။ များမကြာမှီမှာပဲ ကျုပ် မျက်စိရှေ့တည့်တည့်ကိုရောက်လာတဲ့ခန္ဓာကိုယ်ကြီးကြီးသတ္တဝါကြီးနှစ်ကောင်။ ကျုပ် အထိတ်တလန့်ရေရွတ်မိတဲ့စကားက...
" ဘီလူးနှစ်ကောင်!!.... "
Next episode ...........
Zawgyi
Episode _ 14
" ဆင္ေပါက္!! "
ေတလြန္း သူ႔အိမ္မက္ေၾကာင့္ အလန္႔တၾကား အိပ္ရာကေန ထထိုင္မိသည္။
" ဟူး.... ေတာ္ပါေသးတယ္! အိမ္မက္ျဖစ္ေနလို႔... "
က်ဳပ္ရဲ့အိမ္မက္ထဲမွာ ဆင္ေပါက္ကို ေႁမြတစ္ေကာင္က တစ္က်ဳယ္လံုးရစ္ပတ္ထားၿပီး ဆင္ေပါက္က က်ဳပ္ကို အကူအညီေတာင္းေနသည္။ အဲ့ဒီအိမ္မက္ေၾကာင့္ က်ဳပ္ လန္႔ႏိုးလာေတာ့ အရင္ဆံုးလုပ္မိတာက က်ဳပ္ေဘးမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနေသးတဲ့ဆင္ေပါက္ကို ၾကည့္မိတာပဲ။ ေတာ္ပါေသးတယ္... က်ဳပ္ရဲ့ဆင္ေပါက္ေလး ဘာမွမျဖစ္လို႔။ အိမ္ေအာက္မွာ မနက္ခင္းအာရံုဆြမ္းေလာင္းဖို႔အတြက္ က်ဳပ္အေမနဲ႔အမရဲ့မီဖိုေခ်ာင္ဝင္တဲ့အသံေတြကို ၾကာေနရတယ္။ က်ဳပ္လည္း ဆက္မအိပ္ခ်င္ေတာ့တာမို႔ ဆင္ေပါက္ကိုယ္ေပၚကို ေစာင္အပါးေလးတစ္ထည္ၿခံဳေပးခဲ့ၿပီး အိမ္ေအာက္ထပ္ကို ဆင္းလာသည္။
" သား.. ေတလြန္း အေစာႀကီးႏိုးတာလား...၊ သားငယ္ေလးေရာ "
" ဆင္ေပါက္က အိပ္ေနေသးတယ္.. အေမ၊ က်ဳပ္ အိပ္မေပ်ာ္ေတာ့လို႔ ထလာတာ... "
က်ဳပ္ စဥ့္အိုးထဲကေရကိုခပ္ယူၿပီး အျမန္မ်က္ႏွာသစ္လိုက္သည္။ ထို႔ေနာက္ ေဘးက မီးေသြးခဲကိုယူၿပီး သြားတိုက္လိုက္တယ္။ ၿမိဳ႔ေပၚမွာေက်ာင္းတက္တုန္းက သြားတိုက္ေဆး၊ သြားတိုက္တံနဲ႔အက်အန သြားတိုက္ေပမဲ့ ကိုယ့္ရြာကိုယ့္ေဒသမွာေတာ့ ရိုးရာမပ်က္ သြားကိုဆားနဲ႔ျဖစ္ျဖစ္၊ မီးေသြးခဲနဲ႔ျဖစ္ျဖစ္ အလြယ္တကူတိုက္လိုက္သည္။ တစ္ရြာလံုးမွာ သြားတိုက္ေဆးနဲ႔သြားတိုက္တံသံုးတာဆိုလို႔ အရီးေလးနန္းမႈံနဲ႔ဆင္ေပါက္သာ ရိွတယ္။ ဒါကလည္း ၪီးႀကီးသာၿငိမ္းရဲ့အကဲပိုမႈေတြေလ။ သူ႔မိန္းမရဲ့သြားဖံုးေလးေတြထိခိုက္မွာစိုးလို႔ဆိုၿပီး သြားတိုက္ေဆးနဲ႔မ်က္ႏွာသစ္ကအစ လိုေလးေသးစိတ္မရိွေစရ၊ ရြာကိုခိုးေျပးလာကတည္းက ၿမိဳ႔သူေတြအတိုင္း ေရခ်ိဳးခန္းသီးသန္႔လုပ္ေပးရတာနဲ႔အိမ္သာကိုသီးသီးသန္႔သန္႔ေဆာက္ေပးရတာနဲ႔တကယ့္ကို ခ်စ္တက္မႈႀကီးက ေအာခ်ရေလာက္သည္။
" က်ဳပ္ အရီးေလးတို႔အိမ္က သြားတိုက္ေဆးနဲ႔သြားတိုက္တံသြားေတာင္းလိုက္အံုးမယ္.. အေမ "
" ေအး.. ေအး "
" ဟဲ့ ေတလြန္း "
" ဘာလဲဟ "
" ေအာ္ နင္ကလည္း...၊ နင္ အျပန္က်ရင္ အေၾကာ္ ဝင္ဝယ္ခဲ့အံုး...၊ ဒီေန့မနက္ ထမင္းဆီစမ္းၿပီး အေၾကာ္နဲ႔စားရေအာင္... "
" ေအး.. ဒါပဲမလား၊ ငါ သြားၿပီ.. "
" ေအး.. ေအး "
သြားခါနီး မီးဖိုထဲကေန က်ဳပ္ရဲ့တစ္ၪီးတည္းေသာအမက က်ဳပ္ကို မွာတမ္းေခြၽေသးတယ္။ လက္ထဲမွာလည္း လက္ႏွီးစုတ္ကတစ္ဖက္၊ ေယာင္းမႀကီးက တစ္ဖက္နဲ႔၊ ၾကည့္ရတာ ထမင္းအိုးတည္ေနတယ္ထင္တယ္။ က်ဳပ္လည္း ဟင္းရြက္သင္ေနတဲ့အေမ့ဆီက ပိုက္ဆံေတာင္းၿပီး ဆင္ေပါက္တို႔အိမ္ကို ေျခၪီးလွည့္လိုက္ေတာ့တယ္။
က်ဳပ္ အိမ္ကိုျပန္ေရာက္ေတာ့ ဆင္ေပါက္က မႏိုးေသးေပ။ အေၾကာ္ဆိုင္မွာ အေၾကာ္အစံုရေအာင္ ထိုင္ေစာင့္ရေသစတာမို႔ က်ဳပ္ အိမ္ကိုျပန္ေရာက္ေတာ့ မနက္ေျခာက္နာရီေက်ာ္ေနၿပီျဖစ္သည္။
" အေမ... "
" ေဟ.. "
" ဆင္ေပါက္ မႏိုးေသးဘူးလား.... "
" ေအး.. အိပ္ေနတုန္းထင္တယ္၊ ေအာက္မဆင္းလာေသးဘူး..."
အေမက မီးဖိုထဲမွာ အမနဲ႔ဆြမ္းေတာ္အုပ္ျပင္ေနရင္းမွ လွမ္းေျပာသည္။ အဘကေတာ့ အခုခ်ိန္ ဘုရားဝတ္ျပဳေနက်မို႔ အိမ္ေရ႔ွကတန္းလ်ားေပၚ မေရာက္ေသး။ က်ဳပ္လည္း သြားတိုက္ေဆးအသင့္ထည့္ထားတဲ့သြားတိုက္တံေလးကို စဥ့္အိုးအဖံုးေပၚတင္ထားခဲ့ၿပီး အေမတို႔ရိွတဲ့မီးဖိုတဲထဲကို အေၾကာ္ထုပ္သြားေပးလိုက္တယ္။
" က်ဳပ္ ဘာကူရအံုးမလဲ.. အေမ "
" ရတယ္.. ရတယ္ သားငယ္ေလးကိုပဲ သြားႏိႈးလိုက္ေတာ့!... "
က်ဳပ္ လက္ထဲက အေၾကာ္ထုပ္ကို အေမက ပန္းကန္ျပားတစ္ခ်ပ္ထဲကို ေျပာင္းထည့္လိုက္သည္။
" ဟဲ့ ဒီထမင္းဇလံုကို ေရ႔ွက စားပြဲေပၚယူသြားေပးစမ္းပါ...၊ ဟိုစင္ေပၚက ပန္းကန္ျပားငါးခ်ပ္ေရာ သယ္သြားလိုက္ "
" ေပး...၊ နင္က် ဘာယူမွာလဲ "
" အမယ္ေလး...၊ ဒါေလးလုပ္ရတာကို လာၿပီးကပ္တြက္ေနတယ္.. ဒီမွာ အဘနဲ႔နင္တို႔အတြက္ အၾကမ္းအိုးျပင္မလို႔ဟဲ့...၊ ၿပီးေတာ့ ငါ့ေမာင္ရွင္ေမႊးေလးအတြက္ ေကြကာအုပ္ေဖ်ာ္မယ္ေလ... "
" ၿပီးတာပဲ....! "
က်ဳပ္လည္း အမရဲ့လက္ထဲက ထမင္းဇလံုႀကီးနဲ႔ စင္ေပၚကပန္းကန္ျပားငါးခ်ပ္ကို ဆြဲယူၿပီး အိမ္ေရ႔ွကစားပြဲေပၚတင္ကာ ႏွီးအုပ္ေဆာင္းနဲ႔ေသခ်ာအုပ္၍ အိမ္အေပၚထပ္က ဆင္ေပါက္ကို ႏိႈးဖို႔ျပင္သည္။
ဆင္ေပါက္က က်ဳပ္ ထားခဲ့တဲ့အတိုင္းေလးပဲ ေစာင္ၿခံဳလ်က္သား အိပ္ေပ်ာ္ေနဆဲပင္။ က်ဳပ္လည္း ဆင္ေပါက္ရဲ့အနားကိုသြားၿပီး အိပ္ေပ်ာ္ေနတဲ့ဆင္ေပါက္ရဲ့ပါးတစ္ဖက္ကို နမ္းဖို႔ျပင္ၿပီးမွ ဘုရားခန္းထဲကထြက္လာတဲ့အဘရဲ့ေၾကးစည္ထုသံေၾကာင့္ သူခိုးလူမိသလိုျဖစ္သြားသည္။
" ဆင္ေပါက္... ေဟ့ေကာင္ ဆင္ေပါက္ ထေတာ့!... မိုးလင္းေနၿပီ "
က်ဳပ္ ႏိုးတာကို တုတ္တုတ္မ်ွမလႈပ္ဘဲ ဆက္အိပ္ေနတဲ့ဆင္ေပါက္။
" ေဟ့ေကာင္ အိပ္ပုတ္ႀကီးမေနနဲ႔... ထေတာ့ကြ၊ အိမ္ေအာက္မွာ အေမနဲ႔အဘက ထမင္းစားဖို႔ေစာင့္ေနတယ္.... ထေတာ့! "
ဒါလည္း မႏိႈးတဲ့ဆင္ေပါက္ေၾကာင့္ က်ဳပ္ အနည္းငယ္ သံသယဝင္သြားတယ္။ ဆင္ေပါက္က အိပ္ပုတ္ႀကီးတာမွန္ေပမဲ့ အအိပ္မက္တာမွန္ေပမဲ့ အခုေလာက္ႀကီးထိ ေခၚမၾကားေအာ္မၾကားအိပ္တာမ်ိဳးေတာ့ မဟုတ္။ တစ္ခုခုေတာ့ မွားေနၿပီဆိုတာ က်ဳပ္ သိလိုက္တယ္။
" အဘ!... အေမ! ဒီကို အျမန္လာပါအံုး...၊ ဆင္ေပါက္ကို ဘယ္လိုမွႏိႈးလို႔မရဘူး... "
" ဟဲ့ ဘာျဖစ္တာလဲ... "
" ငေတ ငါ့သားငယ္ ဘာျဖစ္လို႔လဲ!! "
က်ဳပ္ေအာ္ေခၚတဲ့အသံေၾကာင့္ ေလွကားတစ္ဝက္က ေအာက္ဆင္းဖို႔ျပင္ေနတဲ့အဘနဲ႔ အိမ္ေအာက္က အေမနဲ႔အမပါ အေပၚထပ္ကိုေရာက္လာတယ္။ ဆင္ေပါက္က ဘယ္လိုမွကို ႏိႈးလို႔မရေပ။
" က်ဳပ္.. က်ဳပ္လည္း မသိဘူး၊ လုပ္ပါၪီး အဘရာ...၊ ဆင္ေပါက္ကို ႏိႈးပါအံုး... "
" အသက္ေတာ့ ရႉေသးတယ္..၊ သမီးႀကီး ျမန္ျမန္သမားေတာ္ သြားပင့္စမ္း!! "
" ဟုတ္ကဲ့ အဘ "
စုစုစံက အိမ္ေပၚကေန အျမန္ေျပးဆင္းသြားကာ သမားေတာ္ကို သြားပင့္သည္။ အေမက ဆက္ေပါက္ရဲ့မိဘေတြကိုသြားေခၚၿပီး ခဏအၾကာမွာ ဆင္ေပါက္ရဲ့မိဘေတြေရာ.. သမားေတာ္ပါ ေရာက္လာသည္။
သမားေတာ္က ဆင္ေပါက္ရဲ့အေျခအေနကို စမ္းသပ္ၿပီး ေဝခြဲမရတဲ့မ်က္ႏွာနဲ႔ သက္ျပင္းခ်ကာ အဘတို႔ဘက္ကိုလွည့္ၾကည့္သည္။
" က်ဳပ္ ဒါမ်ိဳးတစ္ခါမွမေတြ့ဘူးဗ်...၊ ရွင္ေမႊးေလးမွာ ဘာေရာဂါလကၡဏာမွရွာမေတြ့ဘူး...၊ အကုန္လံုးက ပံုမွန္ပဲ... "
" ဒါ.. ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ...၊ အကို သားငယ္အတြက္ တစ္ခုခုလုပ္ေပးပါၪီး... အကိုရယ္ "
အရီးေလးနန္းမႈံက ငိုရိႈက္ကာ ၪီးႀကီးသာၿငိမ္းလက္ေမာင္းကိုအားကိုးတႀကီးနဲ႔ဆြဲလႈပ္၍ ေျပာသည္။ ၪီးႀကီးသာၿငိမ္းေရာ...၊ က်ဳပ္အဘနဲ႔အေမေရာ မ်က္ႏွာမေကာင္းၾကသလို ဆင္ေပါက္ကိုၾကည့္ၿပီး ေတာ္ေတာ္စိုးရိမ္ေနသည္။ က်ဳပ္က အဆိုးဆံုးေပါ့။ အခုကိစၥက က်ဳပ္ အိမ္မက္နဲ႔မ်ားဆိုင္ေနမလား။
" အဘ က်ဳပ္..က်ဳပ္ ညကအိမ္မက္မက္တယ္...၊ အိမ္မက္ထဲမွာ ဆင္ေပါက္ကို ေႁမြတစ္ေကာင္က ဆြဲပတ္ၿပီးေခၚသြားတယ္... "
" ဘယ္လို... "
က်ဳပ္စကားေၾကာင့္ အဘနဲ႔ၪီးႀကီးသာၿငိမ္းက ခ်က္ခ်င္း အိပ္ေပ်ာ္ေနတဲ့ဆင္ေပါက္ကိုဆြဲထူလိုက္ၿပီး ဆင္ေပါက္ရဲ့အက်ႌေတြကို ဆြဲခြၽတ္ပစ္လိုက္တယ္။ က်ဳပ္ အစက အဘတို႔ရဲ့လုပ္ရပ္ကိုနားမလည္စြာေၾကာင္ေငးၾကည့္လိုက္မိေပမဲ့ ဆင္ေပါက္ရဲ့ခႏၶာကိုယ္ေပၚက ခပ္ႀကီးႀကီးေႁမြတစ္ေကာင္၏ကိုယ္ထည္ကအစင္းအရာမ်ားကိုျမင္လိုက္တဲ့အခါ အံ့ၾသမွင္သက္သြားသည္။
" အေဆာင္ဆြဲႀကိဳးက ဘယ္မွာလဲ..! သာၿငိမ္း "
" ငါ မသိဘူး...၊ သားငယ္က အဲ့ဆြဲႀကိဳးကို ဘယ္တုန္းကမွ ခြၽတ္တာမဟုတ္ဘူးကြ "
အဘနဲ႔ၪီးႀကီးသာၿငိမ္းက အခ်င္းခ်င္းေျပာဆိုေနၾကသလို ဆင္ေပါက္ရဲ့ခႏၶာကိုယ္ေပၚက ေႁမြအစင္းရာေတျြမင္လိုက္တဲ့အရီးေလးနန္းမႈံကေတာ့ က်ဳပ္အေမရဲ့ပခံုးေပၚၿပိဳလဲက်ၿပီး ရိႈက္ႀကီးဖိုငင္ငိုေတာ့သည္။
" မျဖစ္ဘူး... ငါတို႔ ဆရာေတာ့္ဆီကို အျမန္သြားရမယ္... "
အဘက ဆင္ေပါက္ရဲ့ခႏၶာကိုယ္ကိုေပြ့ခ်ီဖို႔ျပင္ေတာ့ က်ဳပ္ အျမန္တားလိုက္သည္။ ထို႔ေနာက္ ဆင္ေပါက္ကို က်ဳပ္ကိုယ္တိုင္ ကုန္းပိုးၿပီး ရြာၪီးေက်ာင္းကိုအျမန္သယ္သြားလိုက္သည္။
" ဘုန္းဘုန္းဘုရား... တပည့္ေတာ္မရဲ့သားကို ကယ္ေပးပါအံုး ဘုရား... "
" အိမ္း..... ဒကာေလးရွင္ေမႊးက ရုပ္နဲ႔နာမ္ကြဲထြက္သြားတာပဲ "
ရြာၪီးေက်ာင္းကိုေရာက္ေတာ့ ေက်ာင္းေစတီရဲ့ရင္ျပင္ေတာ္ေပၚမွာ တရားထိုင္ေနတဲ့ဘဘုန္းက ဆင္ေပါက္ကို ေက်ာင္းေဆာင္ေပၚကိုသယ္သြားခိုင္းၿပီး ပရိတ္ေရပတ္ျဖန္းကာ ယခုလိုမိန္႔လိုက္ျခင္းျဖစ္သည္။ ဘဘုန္းမိန္႔လိုက္တဲ့စကားေၾကာင့္ အရီးေလးနန္းမႈံမွာ စိုးရိမ္ေၾကာက္လန္႔၍ပိုၿပီးငိုေတာ့သည္။ အရီးေလးနန္းမႈံကိုႏွစ္သိမ့္ေပးေနတဲ့က်ဳပ္အေမလည္း အရီးေလးလို စိုးရိမ္ေၾကာက္လန္႔ေနသည္ကို က်ဳပ္သိသည္။ အားလံုးက က်ဳပ္ရဲ့အမွားေတြပဲ...။ က်ဳပ္သာ ဆင္ေပါက္ရဲ့စကားကိုနားမေထာင္ဘဲ အေဆာင္ဆြဲႀကိဳးေပ်ာက္သြားတဲ့ကိစၥကို အဘတို႔နဲ႔အရီးေလးတို႔ကိုေျပာျပလိုက္ရင္ အခုလိုမ်ိဳးျဖစ္လာမွာမဟုတ္ဘူး။
" ဆင္ေပါက္ကို ျပန္ေခၚလို႔ရတယ္မဟုတ္လား... ဘုန္းဘုန္း၊ ျပန္ေခၚလို႔ရတယ္မလား....၊ ဆင္ေပါက္ကို ျပန္ေခၚေပးပါ ဘုန္းဘုန္း....၊ တပည့္ေတာ္က သူမရိွရင္ မျဖစ္ပါဘူး ဘုရား.... "
က်ဳပ္ ဘဘုန္းကိုလက္အုပ္ခ်ီကာ ခခယယေတာင္းပန္မိသည္။ အခုခ်ိန္က ေဒါသနဲ႔ေျဖရွင္းလို႔ရတဲ့အခ်ိန္မဟုတ္မွန္း က်ဳပ္သိသည္။ အခု ဆင္ေပါက္ကို ကယ္ေပးႏိုင္တာက ဘဘုန္းသာ ရိွေတာ့သည္။
" စိတ္မပူပါနဲ႔...၊ ဒကာေလးရွင္ေမႊးက သူ႔စိတ္ဆႏၵနဲ႔ ရုပ္နဲ႔နာမ္ကိုကြဲထြက္တာမဟုတ္ပါဘူး....၊ ဒကာေလးရွင္ေမႊးရဲ့ေရွးဘဝအဆက္ဆက္ အႏြယ္ေတာ္ေတြက အတင္းအက်ပ္ခြဲထုတ္လိုက္တာျဖစ္ရမယ္... "
" တပည့္ေတာ္တို႔ရဲ့ကေလးကို ရေအာင္ျပန္ေခၚေပးပါ... ဘုန္းဘုန္း၊ တပည့္ေတာ္တို႔ ဘာပဲလုပ္ရလုပ္ရ လုပ္ပါ့မယ္... ဘုန္းဘုန္းဘုရား "
အဘနဲ႔ၪီးႀကီးသာၿငိမ္းကပါ ေျပာလာေတာ့ ဘဘုန္းက သက္ျပင္းခ်ၿပီး က်ဳပ္ဘက္ကိုလွည့္ၾကည့္လာသည္။
" ဟင္း... ဒါက ေလာကီေရးရာနဲ႔ဆိုင္တဲ့ကိစၥမို႔ ဘုန္းႀကီးလည္း မကူညီေပးႏိုင္ဘူး...၊ ဒါေပမဲ့ ဒကာေလးရွင္ေမႊးကို ျပန္ေခၚႏိုင္တဲ့လူတစ္ေယာက္ေတာ့ ရိွတယ္ "
" အဲ့တာ ဘယ္သူပါလဲဘုရား.... "
" ဒကာေလးေတလြန္း ကိုယ္တိုင္ပဲ... "
အားလံုးရဲ့အၾကည့္ေတြက က်ဳပ္ဆီကိုေရာက္လာသည္။
~~~~~~~~~~~~~~~~~~~~~~~~~
ဆင္ေပါက္ အိပ္ေပ်ာ္ေနတာ ဒီေန့နဲ႔ဆို သံုးရက္တိတိျပည့္သြားၿပီျဖစ္သည္။ က်ဳပ္လည္း ဘဘုန္းမိန္႔တဲ့အတိုင္း ဆင္ေပါက္ကိုျပန္ေခၚဖို႔အတြက္ ျပင္ဆင္ေနရသည္။
" ဒကာေလး အဆင္သင့္ျဖစ္ၿပီလား... "
" တင္ပါ့ဘုရား... "
က်ဳပ္ ဘဘုန္းကိုၪီးခ်၍ တပလႅင္ေခြထိုင္ကာ ညာလက္ေပၚဘယ္လက္တင္လ်က္ မ်က္လံုးေတြကိုမိွတ္ခ်လိုက္တယ္။
" ဒကာေလး ဒီသံုးရက္အတြင္းမွာျပဳခဲ့တဲ့ေကာင္းမႈကုသိုလ္ေတြ၊ ေဆာက္တည္ခဲ့တဲ့ဥပုဂ္သီလေတြကိုအာရံုျပဳျပီး သရဏံဂုဏ္သံုးပါးကိုစိတ္ထဲကေန မွတ္ထားပါ.... "
" ...... "
" ဒကာေလးရဲ့အေတြးေတြအကုန္လံုးကို တည္ၿငိမ္ေနတဲ့ေရျပင္က်ယ္တစ္ခုလိုရိွေနပါေစ....၊ ဘာအေၾကာင္းေၾကာင္းနဲ႔မွ ေနာက္က်ိရႈပ္ေထြးျခင္း မရိွပါေစနဲ႔.... "
" ...... "
" ဝင္ေလ ထြက္ေလကို ေသခ်ာမွတ္ထားပါ "
" ....... "
" အဲ့အဆင့္ေတြ အကုန္လံုးကို ဒကာေလးလုပ္ႏိုင္ၿပီဆိုတာနဲ႔ ဒကာေလးရဲ့ခႏၶာကိုယ္က ငွက္ေမြးေလးတစ္ခုလို ေပါ့ပါးလြတ္လပ္လာလိမ့္မယ္....၊ ၿပီးရင္ ဒကာေလး အလင္းေရာင္ကို ခံစားမိလိမ့္မယ္... အဲ့ဒီအခါက်ရင္ ဒကာေလးရဲ့မ်က္လံုးကို ဖြင့္လိုက္ပါ... "
က်ဳပ္ ဘဘုန္းေျပာတဲ့အတိုင္း စိတ္ကိုစုစည္းၿပီး သရဏံဂုဏ္သံုးပါးကိုစိတ္တြင္းက ရြတ္ဆိုၿပီး ျပဳခဲ့တဲ့ကုသိုလ္၊ေဆာက္တည္ခဲ့တဲ့သီလေတြကို ျပန္မွတ္ရင္း တစ္ျဖည္းျဖည္း ကြၽန္ေတာ့္ခႏၶာကိုယ္က ေပါ့ပါးလာသည္ကို ခံစားမိလာတယ္။ ထို႔ေနာက္ က်ဳပ္အနားကေနျဖတ္သြားတဲ့ေလၫွင္းေလးေတြကို ခံစားမိသည္။ ရုတ္တရက္ မိွတ္ထားတဲ့မ်က္ခြံေတြက အလင္းေရာင္နဲ႔ထိေတြ့မိသြားသည္။ စိတ္လႈပ္ရွားစြာ က်ဳပ္မ်က္လံုးေတြကို ျဖည္းျဖည္းခ်င္း ဖြင့္ၾကည့္မိေတာ့ က်ဳပ္ ေရာက္ေနတဲ့ေနရာဟာ စိမ္းစိုအံု႔မိႈင္းေနသည့္ေတာႀကီးရဲ့အလယ္တြင္ျဖစ္ေနသည္ကို က်ဳပ္ သိလိုက္တယ္။
" ဒကာေလး အခုေရာက္ေနတဲ့ေနရာက ဒကာေလးရွင္ေမႊးရဲ့နာမ္ကို ျပန္ရွာရမဲ့ေနရာပဲ...၊ ဒကာေလးရဲ့သိစိတ္ကို အသံုးခ်ၿပီး အခက္အခဲေတြကိုရင္ဆိုင္ပါ...၊ ဒကာေလးရဲ့အပါးေတာ္ႏွစ္ၪီး မၾကာခင္ေရာက္လာပါလိမ့္မယ္... "
က်ဳပ္ေရာက္ေနတဲ့ပတ္ဝန္းက်င္ကိုစူးစမ္းေနတုန္း အေဝးကေနလာတဲ့ဘဘုန္းရဲ့အသံကို ၾကားလိုက္တယ္။ ၾကည့္ရတာ ဘဘုန္း ကူညီေပးႏိုင္တာက ဒီေလာက္အထိပဲ ထင္တယ္...။ ဆင္ေပါက္ကို ျပန္ရွာေတြ့ရင္ ခြဲထြက္လာတဲ့ခႏၶာဆီကိုဘယ္လိုျပန္လာရမလဲဆိုတာကို ဘဘုန္းက ေျပာထားၿပီးသားမို႔ အခု က်ဳပ္က ဆင္ေပါက္ကို အျမန္လိုက္ရွာရမယ္။
* ဝုန္း..... ေဝါ.... ဟူး...... *
ရုတ္တရက္ ေလတိုးသံျပင္းျပင္းနဲ႔တုန္ခါသြားတဲ့ေျမျပင္က က်ဳပ္ဆီကို တစ္စံုတစ္ခုက ေျပးလာေနသေယာင္။ မ်ားမၾကာမွီမွာပဲ က်ဳပ္ မ်က္စိေရ႔ွတည့္တည့္ကိုေရာက္လာတဲ့ခႏၶာကိုယ္ႀကီးႀကီးသတၲဝါႀကီးႏွစ္ေကာင္။ က်ဳပ္ အထိတ္တလန္႔ေရရြတ္မိတဲ့စကားက...
" ဘီလူးႏွစ္ေကာင္!!.... "
Next episode ...........