🌹🌹ပန်တော်မူ🌹🌹(Completed)
By yoonshweyeethoon
131K 5.3K 125
သနားစရာကောင်းp ရွာရဲ့အပယ်ခံ ဒွိလိင် ကောင်လေး တစ်ယောက်နဲ့ မိဘတေမရှိတော့လို့သူငယ်ချင်းနေတဲ့ရွာကိုလိုက်လာတဲ့ ဆရ... More
ပန်တော်မူ အပိုင်း(1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အသိပေးချက်
အပိုင်း(5)
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
အပိုင်း(12)
sorry
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
အပိုင်း(17)
အပိုင်း(18)
အပိုင်း(19)
အပိုင်း(20)
အပိုင်း(21)
တောင်းပန်ခြင်း
အပိုင်း(23)
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26) final
ကျေးဇူးတင်လွှာ
Promotion
Extra
Nèw fic
ရှင်းတမ်းလေးပါ
Thingyan...Present!!!
Present II
အပိုင်း(22)
3.5K 145 6
By yoonshweyeethoon
ရက်ကိုလစား လကိုနှစ်စားဆိုသလို အချိန်တွေကုန်တာ.သိပ်မြန်သည်။ အခုဆို ဖိုးကံကောင်းလေးက ၃နှစ်တောင် ပြည့်ခဲ့ပြီ။ ၃နှစ်အတွင်းမှာ မောင် နဲ့ပန်ကတော့အရင်တိုင်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့ လျှောက်လမ်းခဲ့တော့ ဘာပြသနာမှမရှိ။ ​ဘာမှမပြောင်းလဲ အရင်တိုင်းသာရှိသည်။.ပြောင်း လဲတာကတော့ ပန်းနုနဲ့ကိုသန့်စင်ပင် သားသားတနှစ်ပြည့်တော​့ မောင်ကရွာနောက်ဖက်က ခြံလွတ်ကြီးကိုဝယ်ခဲ့သည်။.ပထမတော့သားအတွက်ဝယ်ပေးခဲ့တာဖြစ်ပြီး သားအသက်ပြည့်မှ သူ့စိတ်ကြိုက်လုပ်ခိုင်းမည်ဆိုပြီး ဝယ်ခဲ့တာဖြစ်သည်။.နောက်ပိုင်းကျ မောင် က အာ့ခြံတွင် မွေးမြူရေးလုပ်ငန်းလုပ်သည်။ ကြက်နဲ့ဘဲကို အဓိက ထားမွေးသည်။.ကြက်ဥနဲ့ဘဲဥကိုမြို့ကိုတင်သည်။နို့စားနွားလဲမွေးပြီးနွားနို့လဲ ဖြန့်သည်။ကိုသန့်စင်နဲ့စပ်တူ.လုပ်ထားတာဖြစ်သည်။.လူပျိုကြီး ကမိန်းမယူရင် တင့်တောင်းတင့်တယ်ထားနိုင်ဖို့ဆိုပြီး ပန်တို့ပွဲရုံတွင်လဲ ပိုက်ဆံထည့်သေးသည်။ ပန်းနုကတော့ သူ့ဦးလေးရွာသွားရင်းနဲ့ ဖူးစာဆုံလာပါသည်။.အာ့ရွာကဆန်စက် သူဋ္ဌေးသားကိုသူရိန်နဲ့ပင်ဖြစ်သည်။.ကိုသူရိန်က ပန်းနုကိုသိပ်ချစ်သလို သိပ်အလိုလိုက်သည်။
သားသား၂နှစ်ပြည့်တော့ လူကြီးစုံရာနဲ့လာတောင်းရမ်းစေ့စပ်ထားတာဖြစ်သည်။ ဒီနေ့က ပန်းနုတိူ့မဂ်လာပွဲပင်။.မဂ်လာဆောင်ပြီးရင်ထုံးစံအတိုင်း ပန်းနုက သူတို့သားနောက်ကိုလိုက်ရမှာဖြစ်သည်။.သူ့တူလေးနဲ့မခွဲနိုင်လို့မလိုက်ပါဘူး ဆိုပြီးဂျီကျနေလို့ ပန့်မှာ ဆူရသေးသည်။ ရွာက နီးနီးလေး နေ့ချင်းပြန်ရင်တောင် ရနေတာကိူ တမင်ဂျီကျနေတာဖြစ်သည်။ ကိုသူရိန်ကလဲ ပန်းနုကအာ့လိုဂျီကျတော့ပြိုတော့မဲ့မိုးလိုပင် ကြားထဲ က ပန်ကပဲ လူဆိူးကြီး လုပ်ပြီး မာန်လိုက်မှ ရသည်။အခုလဲ မဂ်လာဆောင်သွားဖိူ့ ဟိုသားအဖကိုရေချိုးခိုင်းထားတာ ခုထိကိုထွက်မလာသေး။
"မောင် ရေ ရေချိူး တာကြာနေပြီနော် မပြီးသေးဘူးလား''
သားက ရေတအားကြိုက်သည်။.ကျန်တဲ့နေရာမှာသာ ပန့်စကားကိုနားထောင်ပေမဲ့ရေနဲ့ပက်သက်ရင်လုံးဝမရပါ။.တခါလဲ ပန်မသိခင် သားအဖတွေ မိူးရေဆင်းချိူးတာ ညကျသားသားကဖျားပါလေရော။ မာန်ပြန်တော့လဲ မျက်နှာငယ်လေးလုပ်ပြီး လာချွဲတော့ ပန့်မှာ မဆူရက်။ခုလဲ နာရီဝက်လောက်ရှိတော့မယ်ခုထိ ထွက်မလားသေး။
"မောင့် တအားကြာနေပြီနော် သားသားအအေးပက်မယ်လို့ ''
ပန် လေသံမာမာနဲ့အော်မှာ သားကို သဘက်ပတ်ပြီးထွက်လာသည်။.ငယ်ငယ်ထဲကထွားတဲ့သားက ခုထိလဲ ထွားတုန်းပင်။.ပါးကြီးနှစ်ဖက်က ဖောင်းနေတာ ပြေးကိုက်ချင်စရာပင်။.လက်မောင်းနဲ့ပေါင်လေးတွေကလဲ တစ်တုတ်နေတာ ငယ်ငယ်က အတိုင်းပင် မောင်က သားကို သဘတ်နဲ့အလုံထုတ်ပေးထားတော့ ကောက်ညှင်းထုတ်လေးလိုဖြစ်နေသည်။.မောင်ကတော့ ပုဆိူးသာဝတ်ထားပြီးအပေါ်ပိုင်းက ဗလာနဲ့။မောင်က ခုဆို သုံးဆယ်ကျော်နေပြီဖြစ်သည်။ ဒါပေမဲ့လဲ ခုထိ ချောမောကြည့်ကောင်းတုန်း ။ သားကိူကြည့်လိုက်တော့ သားက လက်မှာအရေတောင်တွန့်နေပြီ။
" တွေ့လား သားက အရေတောင်တွန့်နေပြီး အာ့တာကြောင့် ပြောတာ မောင် ကလေသားကို သိပ်အလိုလိုက်တာပဲ''
ပန်က သားကို ရေသုတ်အဝတ်လဲရင်း ပြောတော့ မောင်က ဘာမပြော ပြုံးပြီးကြည့်နေသည်။.ပန်မကြိုက်တာ အာ့တာ အမြဲ သူ့သားဘာလိုချင်ချင် အကုန်လုပ်ပေးသည်။.သားကအနေအေးသည်။ တခြားကလေးတွေလို ဂျီကျတာဘာညာမရှိ။.ဆော့ရင်လဲ သူ့ဘာသာ တစ်ယောက်ထဲ အရုပ်လေးတွေနဲ့ဆော့နေတတ်သည်။.လုပ် ချင်တာရှိရင်တော့ လုပ်ရမှ ကျေနပ်သည်။.လူကြီး တွေခွင့်မပြုရင်လဲ အတတ်လေးက စကားမျိုးစုံသုံးပြီး ခွင့်ပြုအောင်ပြောတတ်သေးသည်။.သူ့တီတီပန်းနုက သူ်ကိုသည်းသည်းလှုပ်တာအာ့တာတွေကြောင့်ဖြစ်သည်။
"မေမေ ကလဲ တားက ရေကြာကြီး ချိူးချင်ယို့ ပေပေက ချိုးပေးတာပါ ''
"ရေအကြာကြီးချိုးရင်သားသား နေမကောင်းဖြစ်မှာလေ ပြီးတော့ ဒီနေ့ တီတီ မဂ်လာဆောင်လေ သားပဲ မြန်မြန်သွားချင်တာပါဆို''
"နေမတောင်းရင် ပေပေ ရှိတယ်ရေ တီတီရှီကို တွားမှာပါ ဒါပေမဲ်တားက နည်းနည်းယေးပဲ နောက်ကျတွားရာ တီတီနားလည်မှာပါ''
အတတ်လေး ဆိုင်က ကလေးတွေနေမကောင်းရင် မောင် ကဆေးထိုးပေး သောက်ဆေးပေးတာကိုမြင်လို့ပြောနေတာ။.ဟိုတခါသူဖျားတုန်းကလဲ မောင်ပဲ ဆေးကုပေးတာကိုမှတ်ထားပြီး သူ့အဖေရှိတယ်ပြောနေတာ။ ဆရာဝန်သားလို့မပြောရဘူး။.ဆေးသောက်တာလဲမကြောက်သလိုဆေးထိုးလဲမကြောက်။ကာကွယ်ဆေးထိူးတုန်းကလဲ တချက်မငို အာဂသတ္တိလေး။ သားဝတ်ဖို့ဆိုပြီးပန်းနုက မြို့က ဝယ်လာပေးတဲ့လက်ရှည်လည်ကတုံးကြက်ပေါက်ရောင်လေနဲ့ ပုဆိုးအဝါလေးကိုတွဲဝတ်ပေးထားတော့အသားဖြူတဲ့သားသားကထင်းနေသည်။အဝတ်ဝတ်ပြီးတော့ baby mind ပေါင်ဒါလေးလိမ်းပေးလိုက်သည်။
"မေ့ တားကို ခါးခါးလှလှလေး လူးပေးနော် တီတီက ပြောရယ် လှလှလေး လိမ်းပြီးလာတဲ့ ပြီးတော့ မွှေးမွှေးလေးလဲခေါင်းကို လိမ်းပေးနော်''
"ဟုကဲ့ပါရှင့် မေမေက သားအတွက်ခါးခါး သွေးပြီးသားပါရှင့် လိမ်းပေးမယ်နော် မွှေးမွှေးလေးလဲ လိမ်းပေးမယ် ဟုပြီလား''
"ဟု ဟု ''
သားကသိပ်အသန့်ကြိုက်သည်။.ရေချိုး ပြီးရင်သနပ်ခါး ကိုဖွေးနေအောင်လိမ်းပေးမှကြိုက်သည်။ပေါင်ဒါလဲ အမြဲလူးပေးရလို့သူ့အဖေက မြို့ကနေ ပေါင်ဒါဘူးကို ဒါဇင်လိုက်ဝယ်ပေးထားရသည်။.အားနေပေါင်ဒါပဲယူလူးနေလို့လေ။ သူပြောတဲ့မွှေးမွှေးဆိူတာ.ခေါင်းလိမ်းဆီ ကိုခေါ်တာဖြစ်သည်။.သူ့အဖေမြို့ကဝယ်လာတဲ့ ခေါင်းလိမ်းဆီ ကမွှေးနေတာကိုသူကအကြိုက်။.ခေါင်းလိမ်းဆီ လို့မပြောတတ်တော့မွှေးမွှေးတဲ့လေ။သားကိုသနပ်ခါးလိမ်းပေးပြီး ဒီဖက် လှည့်ကြည့်တော့မောင်က ခုနကရေချိုးခန်းထဲကထွက်လာတဲ့ပုံအတိုင်းပင် ။
"မောင် အကျီ ဝတ်​လေ နောက်ကျကုန်တော့မယ်''
"ပန်မှဝတ်မပေးတာ ပန်ဝတ်ပေး​တာကိုစောင့်နေတာ''
"မောင် က ကလေးလား ဟိုမှာထုတ်ပေးထားတယ်လေ ယူဝတ်ပါ့လား ''
"ပန်ကလဲ သားကိုကျ ဝတ်ပေးပြီးတော့''
"သားက ကလေးလေမောင်ကလဲ ကလေးနဲ့လိုက်ပြိုင်နေတယ်''
ကျွန်တော် မိန်းမလေးကလေ ပါးစပ်ကသာပြောနေတာ သူလုပ်မပေးတာလဲမဟုဘူး။.အခုလဲပွစိပွစိသာပြောနေတာလက်က အကျီကြယ်သီးဆီရောက်နေပြီ။ သားသားနဲ့ဆင်တူ ကြက်ပေါက်ရောင် ချိတ်ဝမ်းဆက်ဝတ်ပြီး ဆံပင်အရှည်ကြီးကိုထုံး နှင်းဆီအဝါလေး ပန်ထားတဲ့ပန်က သိပ်ကိုလှနေတာ စတွေ့တုန်းက အတိုင်းပင်။မနေနိုင်လို့ ပန့်ပါးကို ကိုနမ်းမိတော့ ပန်က အလန့်တကြားမော့ကြည့်လာသည်။
"မောင့် သားရှိတယ်လေ ဘယ်လိုဖြစ်နေတာလဲ ''
"မောင့်် မိန်းမလေးက တအားလှနေတော့ မောင် မထိန်းနိုင်လို့ကွာ သားရှိလဲဘာဖြစ်လဲ သူ့ဖေဖေနဲ့မေမေက. ချစ်နေတာမြင်ရင်ဝမ်းတောင်သာဦးမယ်..ရွှတ်''
"မောင့် ပြောလေကဲလေ မလုပ်နဲ့နော်''
"ခစ်~ခစ် ပေပေက မေမေ့ကို နမ်းနေရယ် တားတား တွေ့ဘူးနော် တားတားကြည့်ဘူး''
ကုတင်ပေါ်က သားသားက သူ့လက်ချောင်းတုတ်တုတ်လေးတွေနဲ့ မျက်လုံး လေးတွေကို ကာပြီး တခစ်ခစ်ရယ်ရင်းပြောသည်။.ကာပေမဲ့လဲ လက်ချောင်းလေးက သေးသေးပုတိုလေးဆိုတော့ မျက်လုံး ကိုလုံအောင်မဖုံးနိုင်လက်ချောင်းကြားကနေခိုးကြည့်နေသေး။
"ကဲပါ လာသွားကြမယ် နောက်ကျနေရင်းမကောင်းဘူး ''
"ဟုပါပြီဗျာ လာသားသားကို ဖေဖေချီမယ်နော် သားက ချောလိုက်တာကွာ ဘယ်သူ့သားပါ့လိမ့်''
"ပေပေနဲ့မေမေရဲ့တားတား ချစ် တောမောင် လေးပါဗျာ့''
"ဟားးးး...ဟားး...ချစ်လိုက်တာ ကွာဖေဖေ့သားကို''
မောင် ကသူ့သားစကားကိုသဘောကျပြီး တဟားဟားအော်ရယ်နေသည်။.သူ့သားပါးကိုလဲ အနမ်းမပျက်။ သားက အိမ်ရဲ့ဆည်းလည်းလေးဖြစ်သည်။.မိုးလင်းလာရင်သားသားရဲ့စကားသံလေးတွေနဲ့ သာယာဖွယ် ကောင်းလှသည်။မဂ်လာဆောင်ရောက်တော့ ပန်းနုနဲ့ကိုသူရိန်က ဧည့်သည့်တွေဧည့်ခံနေရင်း ပန်တို့ကို မြင်တော့ အနားရောက်လာသည်။
"မိပန် ရယ် စောစောလာပါဆိုတာကို နောက်ကျနေသေးတယ်''
"အမလေး ညည်းတူပေါ့အေ ရေကိူအကြာကြီးချိုးနေတာ သူ့အဖေကလဲ သူ့သားကိုအလိုလိုက်နေတာလေ အာ့တာကြောင့် ကြာနေတာ''
"ဟယ် တီတီ သားသားက ချောနေတာကြည့်စမ်း တီတီတောင် ကြွေသွားပြီ ''
"တားတားက ပေပေ နဲ့တူလို့ချောတာ''
"အမလေး ဟုပါပြီ ရှင့် ဖအေချစ်သားလေး ပန် လာ ဟိုဖက်ဝိုင်းကို ကိုကြီးရောပဲ လာ ''
ပန်းနုက ပန်လက်ကို ဆွဲ ပြီး စားပွဲဝိုင်ဆီခေါ်သွားပေးသည်။ မောင်ကတော့ နောက် ကနေသားကိုချီရင်း ကိုသူရိန်နဲ့စကားပြောလိုက်လာသည်။.ကိုသူရိန်က မောင်နဲ့အသက်တူတူဆိုတော့ သူငယ်ချင်း အသစ်ရနေသလိုပင်။ ပန်းနုက ရွှေရောင် ချိတ်ဝမ်းဆက်လေးနဲ့သိပ်ကိုလှနေသည်။နောက်ဆုံးတော့ပန့်သူငယ်ချင်းလေးလဲအိမ်ထောင်ကျသွားပြီဖြစ်သည်။ မဂ်လာဆောင်က ဘုန်းကြီးကျောင်းမှာ ဆိုတော့ ခေါက်ဆွဲပဲကျွေးသည်။ မောင် ရောက်လာတော့ပန်က မောင်စားဖို့ မုန့်ပြင်ပေးသည်။ကိုသူရိန်တို့က တော့တခြားဧည့်သည့်တွေရှိရာကို လိုက်ဧည့်ခံနေသည်။
"မောင် ကိုသန့်စင် ကိုမတွေ့သလိုပဲနော်''
ပန်ကပြင်ပေးထားတဲ့မုန့်ပန်းကန်ကို မောင့်ရှေ့ချပေးရင်ပြောတော့မောင်က
"အမလေး အာ့ကောင့် သူ့မိန်းမနားကပ်နေမှာပေါ့ ''
"အင်း လေ ညီမလေးက ကိုယ်ဝန်ုကြီးနဲ့ဆိုတော့ လဲ သူလဲ ကပ်နေမှာပေါ့ မောင် တောင်မကပ်လို့လား''
.ဟုပါသည် လူပျိုကြီး ကိုသန့်စင်တစ်ယောက်အိမ်ထောင်ကျသွားတာကြာပါပြီ။ ပန်းနုတို့မစေ့စပ်ခင်ထဲက ယူသွားတာဖြစ်သည်။.သားသားတနှစ်ပြည့် အလှူပြီးတော့သိပ်မကြာကိုသန့်စင်က မိန်းမကောက်ယူလိုက်သည်။ဘယ်သူနဲ့လဲဆိုတော့ဆရာမလေးနဲ့ပင် ဘယ်အချိန်ဘယ်လိုကြိုက်သွားလဲ မသိပေမဲ့ အခုဆို ဆရာမလေးမှာကိုယ်ဝန်တောင်ရှိပြီး မွေးခါတောင်နီးနေပြီဖြစ်သည်။ပြောနေရင်းနဲ့ကိုသန့်စင်က.သူ့မိန်းမကိုတွဲပြီး ပန့်တို့ဝိုင်းကိုရောက်လာသည်။
"ဟေ့ရောင် သန့်စင် မင်းကလဲကွာကိုယ့်ညီမ မဂ်လာဆောင်ကိုခုမှလာရလားကွ''
ကိုသန့်စင် က သူ့အမျိုးသမီးကို နေရာသေချာ မုန့်သေချာပြင်ပေးပြီးမှမောင့်ကိုစကားပြန်ပြောသည်။
"ပထမတခေါက်လာသေးတယ်ကွ လူသိပ်မလာခင် စံကားဝါကို သွားခေါ်တာ အိမ်မှာတစ်ယောက်ထဲ ဖြစ်နေလို့''
ဆရာမလေး နာမည် က စံကားဝါတဲ့လေ နာမည်လေးနဲ့လူလေးနဲ့ကသိပ်လိုက်သည်။.အသားလေးကဝါဝင်းပြီးချစ်စရာလေးဖြစ်သည်။ ပန့်ထက်တစ်နှစ်ပဲငယ်သည်။ သူ့ဘဝလေးကလဲသနားစရာ မိဘတွေမရှိလို့ဦးလေးလုပ်သူနဲ့နေပေမဲ့ ဦးလေးမိန်းမက သိပ်အမြင်မကြည်။အာ့တာကြောင့်ရွာကို ပြောင်းလာပြီးအခုတော့ကိုသန့်စင်နဲ့အိမ်ထောင်ကျနေပြီဖြစ်သည်။အရီးလေးကလဲ ချွေးမကိုသိပ်ချစ်သလို ပန်းနုကလဲ ယောင်းမကို ညီမလေးလိုပဲချစ်သည်။အခုပန်းနုအိမ်ထောင်ကျတော့ဟိုဖက်ရွာကိုလိုက်သွားရမယ်ဆိုတော့ အိမ်မှာ ကိုသန့်စင် တို့လင်မယားရယ် အရီးလေးရယ် သုံးယောက်သာကျန်ခဲ့မည်။
"ညီမလေးရော နေရတာ အဆင်ပြေလား ''
"ဟု မပန် နေရတာအဆင်ပြေပါတယ် တခါတလေ ကလေးက ကန် တော့နည်းနည်းနာတာကလွဲရင်ကျန်တာ အဆင်ပြေတယ်''
"မပြေလို့လဲမရ​ဘူးလေ မဟုရင် ဒီကောင်သန့်စင် မျောက်မီးခဲကိုင်သလိုဖြစ်နေမှာ''
"အမယ် မင်းရောဘာထူးလို့လဲ မင်းက ငါ့ထက်တောင်ဆိုးဦးမယ် ပန်ပန့်အနားမှာ တောက်တဲ့လိုပဲ ကပ်နေတာလေ''
"ကဲပါ သူငယ်ချင်း နှစ်ယောက် စကားများမနေနဲ့မုန့်စားတော့''
ပန်ပြောမှစကားနိုင်လုတာရပ်ပြီး မုန့်စားကြသည်။.မောင်က ကိုသန့်စင် ကို အရမ်းစ သည်။.ဟိုကလဲ လုံးဝ ဆတ်ဆတ်ထိမခံ ပြန်ပြော ပြီးရင်စကားနိုင်လု ကလေးတွေလိုပဲရန်ဖြစ်နေကြတာစစချင်းတုန်းကတော့စကားဝါက. လန့်သွားသေးသည် တကယ်ရန်ဖြစ်နေတာမှတ်လို့ ပန်ကတော့ရိုးနေပြီလေ။.အခုတော့စကားဝါလဲရိုးသွားပါပြီ။.အခုပဲကြည့်ပါလား မုန့်ကိုအေးဆေးထိုင်စားနေတာလေ။
မဂ်လာပွဲ အပြီးထိနေပေးပြီး ကူလုပ်စရာရှိတာအကုန်လုပ်ပေးပြီးတော့ နေ့လည်တောင်ရောက်နေပြီ။.သားကတော့ဘုန်းကြီးကျောင်းက ကိုရင်လေးတွေနဲ့ဆော့နေလေရဲ့။ တွေ့ရာနေရာ မှာ.သူငယ်ချင်း ရအောင်ရှာပြီး ဆော့သည်။.အိမ်မှာဆို တစ်ယောက်ထဲ ငြိမ်နေတတ်ပေမဲ့ ကလေး သဘာဝဆိုတော့ ကလေး အချင်းချင်း ဆော့ချင်ကြသည်။အကုန်လုံးသိမ်းဆည်းပြီးတော့ ပန်းနု က တခါထဲ လိုက်သွားရသည်။.ဟိုဖက်မှာက အလုပ်တွေလဲရှိသေးတာဆိုတော့ ညမအိပ်ပဲ ပြန်မှာဖြစ်သည်။.လူကြီးတွေကို ကန်တော့ တော့ ကိုသန့်စင် နဲ့မောင့် ကိုပါ သက်သက် ကန်တော့ သည်။.ပန်တို့က မဂ်လာ လက်ဖွဲ့အဖြစ် လက်စွပ်ဆင်တူလေး လက်ဖွဲ့ လိုက်သည်။ ပန်းနု က ပန့်အတွက် သူငယ်ချင်း ထက်ပိုတဲ့ညီအစ်မလို ချစ်ရသူဖြစ်သလို မောင့်အတွက်ကျလဲ ညီမလေးတစ်ယောက် လို ချစ်ရတဲ့သူဖြစ်သည်။.ပန်တို့ ကဒီထက်ပိုလက်ဖွဲ့ ချင်ပေမဲ့ ပန်းနုက တားထားလို့ဖြစ်သည်။
မဂ်လာဆောင်က ပြန်လာတော့ ညနေစာချက်ဖို့ လုပ်လိုက်သည်။သားသားအတွက်က မနေ့ထဲက ကြက်သားကို မွှပြီး ကြက်သွန်လေးနဲ့ ကြော်ပေးထားတာရှိသည်။.ပန်တို့အတွက်ကတော့ ကြက်သားကိုပဲ ငရုတ်သီးနဲ့ကြော်ထားသည်။အရည်သောက်ချက်ဖို့အတွက်ခြံထဲက ကန်စွန်းရွက် နဲ့ချည်ပေါင်ရွက်ကို ချည်ရည်ဟင်း လေး ချက်လိုက်သည်။.အကုန်လုံး ပြီးလို့ ရေချိူးဖို့အခန်းထဲဝင်တော့မောင်နဲ့သားက အိပ်နေတုန်း ဖြစ်သည်။.မဂ်လာဆောင်ကပြန်လာပြီး အဝတ်လဲ ပြီး ထဲကသားအဖတွေအိပ်နေကြတာဖြစ်သည်။.အချိန်လဲ မနည်းတော့ ရေချိူးဖို့ နှိုးရမည်။
"မောင်.. မောင့် ထတော့လေ ရေချိူးဖို့ ထတော့''
"သားသား ကံကောင်းလေး ထတော့လေ သားသားရယ် ရေချိုး ကြမယ်လေ''
သားအဖနှစ်ယောက်ကို တစ်ယောက်တပြန် နှိုးနေပေမဲ် အင်း အဲ လုပ်ပြီး နှစ်ယောက်လုံးထမလာပါ။.ကြာတော့ ပန်စိတ်မရှည်တော့ပေ။.နိုးနေရက်သားနဲ့တမင်မထကြတာဖြစ်သည်။ မနက် ဆိုလဲ ထိုနည်းလည်းကောင်းပင် သားအဖနှစ်ယောက်က လိုက်လဲလိုက်သည်။.ရုပ်တင် မောင်နဲ့တူတာမဟု အကျင့်စရိုက်ကပါ.မောင်နဲ့တူတာဖြစ်သည်။
"မောင့်..မထဘူးလား အေးမထရင်နေသားအဖနှစ်ယောက်လုံး စကားလာမပြောနဲ်''
"အမလေး စိတ်မဆိုးပါနဲ့ကွာ ထပြီနော် ထပြီ''
"တားတား လဲ ထပါပြီ မေမေရဲ့ စိတ်ချိူးရဘူးနော် တားတားကအာဘွားပေးမယ်ရေ''
တွေလား ပန်စိတ်ဆိုးပြမှ နှစ်ယောက်လုံး အလူးအလဲထလာကြသည်။.သားသား ကလဲအလည် သူ့ကို စိတ်ဆိူးမှာဆိုးလို့ အာဘွားတောင်ပေးဦးမယ်တဲ့။.တကယ်ပါ.ပန်အတွက် တော့သားက ချစ်မဝလေး ပင် ဖြစ်သည်။
"ကဲ အာ့တာဆို လဲ ထ မောင် သားကိုရေချိုးပေးလိုက် ပန်သနပ်ခါးသွေးပြီး အဝတ်ထုတ်ထားမယ် မြန်မြန်လုပ်နော် ကြာမနေနဲ့''
"ဟုကဲ့ပါဗျာ''
"သားသား မဆိုးရဘူးနော်ရေအကြာကြီး မချိူးရဘူး ''
"ဟု ဟု ''
သားအဖနှစ်ယောက်​ ရေချိူးခန်းထဲဝင်သွားမှပန် အဝတ်ထုတ်ပြီးသနပ်ခါးသွေးလိုက်သည်။ ဆယ့်ငါးမိနစ်ကြာတော့ နှစ်ယောက်ထွက်လာကြသည်။.သားကို ချည်ဝမ်းဆက်အနီရောင်လေးဝတ်ပေးပြီး သနပ်ခါးလိမ်းပေးလိုက်သည်။.ပေါင်ဒါက မမေ့မဖြစ်လိမ်းပေးရတာပေါ့ ။.သားပြီး တော့ မောင့်ကိုပါတခါထဲ အကျီဝတ်ပေးပြီးမှ ပန်ရေချိူးရသည်။.ပန်ရေချိူးပြီးတော့ ထမင်းစားကြသည်။.သားသားကို အရင်ခွံ့ပြီးမှ ပန်က စားသည်။
ညကျတော့ သားသားက ကာတွန်းကားကြည့်သည် ။.ပန် က ဘုရားရှိခိုးပြီး မောင်ကတော့အလုပ်ရှိရင်လုပ်မရှိရင်သားနဲ့အတူ.Tv ကြည့်ပေးသည်။ ဆိုင်က အရင်ထက်ပို ချဲ့လိုက်တော့ ဝန်ထမ်းလဲ ပိုခေါ်ထားသည်။.အာ့တော့မောင်ကအရင်လို သိပ်မပင်ပန်း ဆိုင်စဖွင့်ထဲက လုပ်လာတဲ့ ညီညီ့ကို စာရင်းကိုင်အဖြစ်တိူးခန့်ပြီး လစာလဲ ပိုပေးထားသည်။.ပန်ပန့်ဖက်ကဆိုင်မှာလဲ ထို့အတူပင် ပန်းနုနေရာတွင် စုစုကို ခန့်ထားသည်။.နောက်မှ အသစ်ခန့်တဲ့ အလုပ်သမားတွေကို ခါတိုင်းလိုတစ်လ၂သိန်းပေးပေမဲ့ အရင်ထဲက ခန့်ထားတဲ့ဝန်ထမ်းတွေကို တော့လစာ၃သိန်း အထိတိုးပေးထားသည်။ဘုရားရှိခိူးပြီးတော့ သုံးယောက်သားTv အတူတူကြည့်သည်။ကြည့်ရင်းနဲ့သားက သူနားမလည်တာဆို မောင့်ကိုမေးသည်။.မောင်ကလဲ သူ့သားမေးသမျှ တခွန်းမကျန်မညီးမညူဖြေပေးသည်။ သားက အရမ်းစူးစမ်းချင်စိတ်များသည်။.သူသိချင်တာဆိုလဲ မေးတတ်သည်။ ဧည့်ခန်းထဲမှာသားရဲ့တီတီတာတာအသံလေးတွေနဲ့သာပြည့်နေတော့သည်။
.................................................
Yoon
ပန်ပန် တို့ကလေ နောက်၂ပိုင်း၃ပိုင်းလောက်ဆိုပြီးတော့မှာပေါ့နော်။အစထဲက yoon စိတ်ကူးထဲက ပုံရိပ်လေးတွေကို စာအဖြစ်ဖတ်ချင်လို့ရေးဖြစ်တော့ အပိုင်းအရမ်းကြီးရှည်မှာမဟုပါဘူး။.အခုလဲ ၂၀ ကျော်လာပြီဆိုတော့ ဇာတ်သိမ်းတော့မှာပေါ့နော်။ အဆုံးထိဖတ်ပေးကြနော်။
Continue Reading
You'll Also Like
817 330 16
ئێرە ئامادەیی یۆنگسانە ئەگەر بتەوێ بژیت پێویستە لە تاقیکردنەوەکانی قوتابخانە دەربچی بەڵام ئایە قوتابییەکان دەردەچن لە تاقیکردنەوەکان!؟ -پرسیاری کۆتا...
1.1M 86.5K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
20.4K 2K 25
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...