Majestic Love Story In Dae Go...

Autorstwa nuenueki

21.1K 3.5K 677

စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာ... Więcej

မိတ်ဆက်
1.ကံကြမ္မာနှစ်ခုမွေးဖွားလာခြင်း
2.လှည့်စားခံရသောကံကြမ္မာ
3.တွေ့ဆုံခြင်းအစ
4.ပထမဆုံးမိတ်ဆွေ
5.နှစ်ကြိမ်မြောက်ကယ်တင်ရှင်
6.အိမ်ပြန်ခရီး
7.နွေးထွေးသောနှစ်သိမ့်မှု
8.ခွဲခွာချိန်
9.တမ်းတခြင်း
10.သေမင်းတမန်စစ်သူကြီး
11.သမားတော်နဲ့အတိတ်မေ့လူနာ
12. ရှောင်လွှဲ၍မရသော မင်္ဂလာပွဲ
13.ထူးဆန်းသော မင်္ဂလာလက်ဖွဲ့
14.ဖြတ်သန်းခဲ့ရသောအတိတ်
15.ကံကြမ္မာစီစဥ်တဲ့မင်္ဂလာပွဲ
16.ရန်သူတော်ကိုစိတ်ဒုက္ခပေးခြင်း
17.ဖုံးကွယ်ထားသောမျက်နှာ
18. စစ်မှန်သောအိမ်ထောင်ဖက်
19.ကတိ
20.သဲလွန်စ
21. သိုဝှက်မေတ္တာ
22.အောင်နိုင်သူ
24. အတိတ်ကိုတူးဆွခြင်း
25. ဆောန်
26.စစ်ဗျူဟာစာအုပ်စင်ပေါ်က ပန်းပွင့်စာအုပ်
27.အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း
28. နိုင်ငံတော်စျာပန
29. မိုင်းဂါးမျိုးနွယ်သားအဖရဲ့ကျိန်စာသင့်အချစ်ဦးပုံပြင်
30.အပေးအယူ
31.မထင်မှတ်ထားသောလူနာရှင်
32. အမှန်တရားအပိုင်းအစ
32.နောက်ကွယ်မှစီစဥ်သူ
33.အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်း
34.ရပ်တည်ချက်
35.ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း
36.တာဝန်သိစိတ်
37.ပါရမီဖြည့်ဖက်
38.အချစ်=လူသားဆန်မှု
39. မြတ်နိုးရပါသော
40.ပွဲဦးထွက်အနိုင်ပွဲ
41.လက်ခံရန်ခက်ခဲသော..
42. အန္တရာယ်ကြားကရင်ခုန်သံ
43.မြားဒဏ်ရာ
44.ဓားစာခံရှာဖွေခြင်း
45.အားပေးဖော်
46.အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီတကား
47. ကောင်းကင်မှာလင်းတဲ့ကြယ်
48. အမှာစကား
49. နှလုံးသားခိုးယူခံရခြင်း
50.မထင်မှတ်ထားသောအကူအညီ
51. မထင်မှတ်ထားသောအကူအညီ (2)
52. ကောင်းကင်ဘုံ၏အပြစ်ဒဏ်
53.Majestic Love Story in Dae Goguyeo
Author Note
အမှတ်တရ Section

23.သေရွာပြန်

411 74 22
Autorstwa nuenueki

စစ်ပွဲမှာနိုင်သွားပြီဖြစ်ပေမယ့် နောက်ထပ် ထပ်မံပုန်ကန်ဖို့မလုပ်ဆောင်ရဲအောင် အရေးယူဆောင်ရွက်စရာရှိတာများကိုပြီးပြတ်အောင်ဆောင်ရွက်ရသည်။

ထို့နောက်ရက်အနည်းငယ်နေမှရောက်လာသော လက်ထောက်စစ်သူကြီးမန်းဘို့ဦးဆောင်လာသည့်သိန်းချီစစ်သည်များထဲမှအချို့တစ်ဝက်ကို
အစောင့်နေဖြင့် ခံတပ်မှာတာဝန်ချထားခဲ့ပြီးနောက် မြို့တော်သို့အပြန်ခရီးစတင်ခဲ့ချေပြီ။

နေ့ညမနားချီလာပြီး လမ်းတစ်ဝက်အရောက်တွင်တော့ နီးစပ်ရာမြို့မှ သက်ဆိုင်ရာမြို့တော်ဝန်ကို အသိပေးပြီး မြို့ထဲရှိစစ်စခန်းတွင် ခရီးတစ်ထောက်နားခဲ့သည်။

စခန်းချကာနားနေရင်း ဟုန်ရှစ်နဲ့အတူ သူလျှိုအကြောင်းပြောနေချိန် အခန်းအပြင်မှ တစ်ခုခုလဲပြိုသံနဲ့အတူ လူသံကြားလိုက်ရတာကြောင့်အပြင်ထွက်ကြည့်လိုက်မိတော့
လက်ထောက်စစ်သူကြီး မန်းဘို့က စစ်သည်ငယ်နှစ်ဦးကိုငေါက်ငမ်းနေတာတွေ့လိုက်ရတော့သည်။

" ဘာတွေဖြစ်နေကြတာလဲ "
ဟုန်ရှစ်၏အမေးကြောင့် စစ်သည်ငယ်လေးနှစ်ယောက်မှာ မျက်နှာငယ်လေးဖြင့် ဆောင်ဟွန်းတို့ရှိရာသို့လှမ်းကာအရိုအသေပေးသည်။

" ဒီကောင်တွေ ဆီမီးတိုင်တွေအတွက် လောင်စာဆီလိုက်ဖြည့်ရင်းနဲ့ စစ်သူကြီးချုပ်အခန်းရှေ့မှာမှ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြပြိး လောင်စာဆီတွေမှောက်ကုန်လို့ မာန်မဲနေတာပါ စိတ်မပူပါနဲ့ကျွန်တော်ရှင်းခိုင်းလိုက်ပါမယ်"

မန်းဘို့က အကျိုးအကြောင်းလှမ်းပြောပြပြီးနောက်
စစ်သည်ငယ်နှစ်ဦးကိုခေါ်ကာထွက်သွားလေတော့သည်။ အခန်းအပြင်မှာတော့ မှောက်သွားတဲ့လောင်စာဆီများက အတော်အတန်ပင်များကာ အနံ့များလှိုင်လှိုင်ထလျက်ရှိသည်။

ထိုညက ညစာအတန်ငယ်နောက်ကျမှရောက်လာသည်။
ဆောင်ဟွန်းက စစ်မှတ်တမ်းရေးရင်း ဆောနူးထည့်ပေးတဲ့ရိက္ခာခြောက်လေးတွေထဲမှ သစ်သီးယိုလေးတွေစားထားတာကြောင့်ဗိုက်မဆာသေးသော်လည်း ဟုန်ရှစ်မှာတော့ ဗိုက်ဆာတာကြောင့် ဆောင်ဟွန်းအနားမှာကူညီနေရင်းက ညစာလာပို့မည်ကို
လည်တမျှော်မျှော်စောင့်နေခဲ့တာဖြစ်သည်။

" ညစာ နောက်ကျသွားလို့ တောင်းပန်ပါတယ် စစ်သူကြီးချုပ်"

" ရပါတယ် အခက်အခဲတစ်ခုခုရှိလို့လား ခရီးတစ်ထောက်နားတုန်း လိုတာရှိရင်ဖြည့်ရအောင်ပြောလေ "

ဆောင်ဟွန်းအမေးကြောင့် စားတော်ကဲမှာ တစ်ခုခုကို နားမလည်နိုင်ဟန်ဖြင့် ဖြေကြားလာသည်။

" ရိက္ခာတွေကအလုံအလောက်ကျန်ပါသေးတယ် စစ်သူကြီးချုပ် ဒီနေ့ခရီးတစ်ထောက်နားတုန်း ရိက္ခာခြောက်တွေမစားဘဲ အားလုံးစိုစိုပြည်ပြည်စားသောက်ရအောင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်မယ်လို့စီစဥ်ထားပါတယ်။ သို့ပေမယ့် ချက်ပြုတ်ဖို့အတွက်လိုအပ်တဲ့ ထင်းလောင်စာတွေ အတော်အတန်လျော့ပါးပျောက်ဆုံးနေလို့ ညစာချက်ခါနီးမှ မြို့တော်ဝန်ဆီပြေးပြီး အကူအညီတောင်းလိုက်ရပါတယ်။

မြို့တော်ဝန်ဆီက ထင်းလောင်စာတွေရောက်မှစချက်ရတာမို့ အနည်းငယ်နောက်ကျသွားပါတယ်စစ်သူကြီးချုပ်။

ပုံမှန်ဆိုရင် အစားကြီးတဲ့စစ်သည်တွေကြောင့် ရိက္ခာခြောက်တွေပျောက်တာမျိုးကမထူးဆန်းပေမယ့် ထင်းလောင်စာတွေပျောက်တာက မကြုံဖူးပြီးထူးဆန်းနေတာပါ စစ်သူကြီးချုပ်"

စားတော်ကဲကြီးစကားကြောင့်ဆောင်ဟွန်းနဲ့ဟုန်ရှစ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။....

.
.
" မီး မီးလောင်နေပြီ "

တဟုန်းဟုန်းတောက်လာသောမီးအရှိန်က တော်တော်လေးပြင်းတာမို့ မီးငြှိမ်းသတ်ဖို့မပြောနှင့် အနားကိုပင် ကပ်နိုင်ဖို​့ အတော်လေးခဲယဥ်းနေတော့သည်။

မီးလောင်နေသောနေရာမှာ စစ်သူကြီးချုပ်အခန်းပင်ဖြစ်သည်။

ဟုန်ရှစ်တစ်ယောက် သွေးရူးသွေးတန်းဖြင့် မီးလောင်နေသော အခန်းအတွင်းပြေးဝင်ဖို့ကြိုးစားသော်လည်း လက်ထောက်စစ်သူကြီးမန်းဘို့နဲ့ ဂျိုဝီစစ်သည်တွေကဆွဲထားတာမို့ စစ်သူကြီးချုပ်အခန်းလောင်မြိုက်ပြာကျသွားတာကိုမျက်စိရှေ့မှာ မြင်ရုံသာမြင်လိုက်ရပြီး စစ်သူကြီးချုပ်ကိုကယ်ဆယ်ဖို့ မတတ်နိုင်တော့ပေ။

အရုပ်ကြိုးပြတ်ဒူးထောက်ကာထိုင်ချလိုက်ပြီး ခံပြင်းစွာငိူယိုရုံမှတစ်ပါး ။..

" ဘယ်လိုဖြစ်ရတာလဲ မီးကရုတ်တရက်ကြီးဘာလို့ဒီအခန်းကိုပဲကွက်ပြီးလောင်ရတာလဲ အခုငါတို့ ဘယ်လိုမျိုးသတင်းပို့ရတော့မှာလဲ "
လက်ထောက်စစ်သူကြီး မန်းဘို့ရဲ့အသံမှာလည်း ခံပြင်းစွာထွက်ပေါ်လာသည်။

စစ်သူကြီးချုပ်အခန်းမှာသီးသန့်ဖြစ်နေပြီး အခြားစစ်သည်များ၏ယာယီ စခန်းချတဲများနှင့်လည်း အလှမ်းဝေးလေသည်။

ထို့ကြောင့် မီးလောင်နေတာကို စစ်သည်များလည်းမသိလိုက်ပေ။ ကင်းစောင့်ကျနေသောလက်ထောက်စစ်သူကြီးမန်းဘို့နှင့် ဂျိုဝီစစ်သည်အချို့နဲ့အတူ စစ်သူကြီးချုပ်ခိုင်းတဲ့ကိစ္စဆောင်ရွက်ပြီး သတင်းလာပို့သောလက်ထောက်စစ်သူကြီးချုပ် ဟုန်ရှစ်တို့သာ မီးလောင်နေတာကိုမြင်လိုက်ရတာဖြစ်သည်။

အနီးအနားရှိရေကန်မှ ရေများကိုခပ်ပြီး ဝိုင်းငြှိမ်းကြသော်လည်း ခြေကုန်လက်ပမ်းတွေကျလာသည်အထိမီးမှာမငြိမ်းနိုင်ပေ။

မီးညွန့်ကျိုးမှ အပြေးအလွှား
မီးလောင်ပြင်ကိုဝင်ကြည့်ကြသည့်အခါ အခန်းအတွင်းရှိသမျှ ပြာကျနေပြီဖြစ်ပြီး စစ်သူကြီးချုပ်ကိုတော့မတွေ့ရတော့ပေ။

ပြာပုံများထဲမှ အရိုးအချို့ကိုတွေ့လိုက်ရသောအခါ ဟုန်ရှစ် တုန်ရီသောလက်များဖြင့်ထိကိုင်ကာ တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်သည်။

အရိုးများအနီးအနားမှာ ဆွဲပြားလေးတစ်ခုကိုတွေ့တဲ့အခါ ဟုန်ရှစ်က စစ်သူကြီးချုပ်ဆွဲထားတတ်တဲ့ ဆွဲပြားလေးဖြစ်ကြောင်း အားလုံးကိုပြောပြလိုက်သည့်အခါ ခံစားကိုမဖော်ပြတတ်သော ဂျိုဝီစစ်သည်များပင် ဒူးထောက်ထိုင်ချကာ မယုံနိုင်ခြင်း ခံပြင်းခြင်း ဝမ်းနည်းခြင်းတို့ကို တစ်ပြိုင်းတည်းခံစားလိုက်ရပြီး မျက်ရည်များစီးကျလာကြသည်။

" စစ်သူကြီးချုပ် မီးထဲမှာ ကွယ်လွန်သွားပြီဆိုတာ သေချာနေပြီဆိုတဲ့ သဘောပေါ့

ငါကလည်း ဟိုဘက်ကစစ်သည်တွေဘက်မှာကင်းလှည့်ရင်း စစ်သည်တွေအချင်းချင်းလောင်းကစားလုပ်နေတာတွေ့လို့ အပြစ်ပေးရင်းနဲ့ကြာသွားတာ။
ဒီဘက်ကိုရောက်တဲ့အချိန်မှာ မီးကတော်တော်ပြင်းနေပြီ မမီတော့ဘူး ငါ့အပြစ်တွေပါ ဟုန်ရှစ်ရယ် "

မန်းဘို့ရဲ့ မချိတင်ကဲအသံကြီးကလည်း အက်ကွဲစွာထွက်ပေါ်လာသည်။

" ဒီအခြေအနေမှာ ငါတို့စိတ်အေးအေးထားရမယ် မန်းဘို့
မြို့တော်ကိုလည်းဒီကိစ္စသတင်းမပို့သေးနဲ့ဦး စစ်သူကြီးချုပ် မီးထဲမှာကွယ်လွန်သွားတာကိုသိရရင် ဒီစစ်သည်တွေက ထိတ်လန့်ပြီး ထိန်းချုပ်ဖို့ခက်ခဲလိမ့်မယ် ။
အဲဒါကြောင့် ငါတို့က စစ်သူကြီးချုပ်အရင်ပြန်နှင့်ပြီလို့ပဲ အသ်ိပေးပြီး မြို့တော်ရောက်မှ အရှင်မင်းကြီးကို အကျိုးအကြောင်းပြောပြပြီးအသိပေးကြမယ်။

ဒီကိစ္စကိုလုံးဝ လျှို့ဝှက်ထားမှဖြစ်မှာနော်မန်းဘို့ "

ရင်ကွဲမတတ် ဝမ်းနည်းနေကြသော်လည်း လုပ်စရာတွေကျန်သေးတာကြောင့် အတတ်နိုင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားပြီး မြို့တော်သို့ပြန်ဖို့သာပြင်ဆင်လိုက်ကြတော့သည်။
.
.
.
ဆောနူးတစ်ယောက် ခမည်းတော်ရဲ့နန်းဆောင်အတွင်းမှာ ကျန်းမာရေးစစ်ဆေးပေးရင်း အရင်ထက် သိသိသာသာအခြေအနေတိုးတက်လာတဲ့ ခမည်းတော်ကြောင့် ကြည်နူးဝမ်းသာနေမိသည်။

" ဒီပုံစံအတိုင်းလေး ဆက်ထိန်းထားနိုင်ရင် အရမ်းစိတ်ပူစရာမလိုတော့ပါဘူး အရှင်မင်းကြီး
စိတ်ဖိစီးစရာတွေမရှိဘဲဘပေါ့ပေါ့ပါးပါးနေနိုင်လေ ကောင်းလေးပါပဲ အရှင်မင်းကြီး "

ဆောနူးစကားကြောင့်ခမည်းတော်က သဘောကျစွာရယ်မောသည်။

" အေးကွယ် အခုရက်ပိုင်း နိုင်ငံအရေးကလည်းတည်ငြိမ်နေပြီး သားမက်တော်ကလည်း စစ်ပွဲမှာအနိုင်ရပြီးပြန်လာတယ်ဆိုတဲ့သတင်းကြားတော့ ကိုယ်တော်အထူးစိတ်ချမ်းသာနေတယ်။

သားမက်တော်က အားကိုးရလွန်းလို့ သားတော်ကိုလည်းစိတ်ချရပြီမို့လေ။
ဒီလိုဆိုတော့ ဒီလိုအရေးတွေမြင်ပြီး သားတော်ကိုစစ်သူကြီးချုပ်နဲ့ လက်ဆက်ပေးဖို့ အထူးတိုက်တွန်းတောင်းဆိုခဲ့တဲ့ဆိုဟုကိုရော ငါကိုယ်တော်ရဲ့ဆန္ဒကိုမငြင်းဆန်ဘဲ ခွင့်ပြုပေးခဲ့တဲ့ ဟွမ်ဟုကိုပါ ကျေးဇူးတင်ရမယ်။ "

ခမည်းတော်စကားကြောင့်ဆောနူးအနည်းငယ်အံ့သြသွားရသည်။
ဆိုဟုက ဘာကြောင့် သူ့လိုဒယ်ဂွန်တစ်ယောက်ရဲ့လက်ထပ်ပွဲကိုဝင်ရောက်စွက်ဖက်စီစဥ်ရဲရတာလဲ။
ဒီလက်ထပ်ပွဲကို မယ်တော်စီစဥ်တယ်လို့ထင်ခဲ့ပေမယ့်အခုတော့ ဆိုဟုကတိုက်တွန်းတာတဲ့လား ။

ထိုစဥ်မှာပင် အိမ်ရှေ့စံအခစားဝင်ခွင့်တောင်းနေပါတယ် ဆိုတဲ့ သတင်းပေးသံကြောင့် အထိန်းတော်ချုပ်ကြီးက ဆောနူးကို အတွင်းခန်းထဲဝင်စေသည်။

အတွင်းခန်းကလျှို့​ဝှက်တံခါးမှတစ်ဆင့် နန်းဆောင်အပြင်ထွက်ရန်ပြင်လိုက်စဥ်မှာပဲ အိမ်ရှေ့စံအလောတကြီးဝင်လာသံနဲ့အတူ
" ခမည်းတော် ဒုက္ခတော့များပါပြီ စစ်နိုင်ပြီးပြန်လာတဲ့ စစ်သူကြီးချုပ်က လမ်းခရီးမှာတစ်ထောက်နားရင်းကနေ မတော်တဆမီးလောင်မှုဖြစ်လို့ မီးထဲမှာပဲကွယ်လွန်သွားပါပြီဆိုတဲ့အကြောင်း သားတော်ရဲ့သတင်းပေးက အခုပဲ သတင်းပို့လာပါတယ်"
ဆိုတဲ့စကားသံကိုကြားလိုက်ရပြီးနောက် နေရာမှာတင်အရုပ်ကြိုးပျက်ခွေလဲကျသွားတော့သည်။.
.
.

လူခြေတိတ်ချိန်ညနက်နက်တွင် မြို့တော်ဆီသို့ဦးတည်ကာ ပြေးလွှားလာတဲ့ မြင်းခွာသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။
မြင်းပေါ်မှာတော့ ဝတ်ရုံအနက်ကြီးကိုတစ်ကိုယ်လုံးလုံအောင်ဖုံးထားပြီး မျက်နှာကိုလည်းဖုံးကွယ်ထားသောလူတစ်ဦးကမြင်းဇက်ကြိုးကိုကျင်လည်စွာထိန်းချုပ်ရင်းလိုက်ပါလာသည်။

မျက်နှာတစ်ခုလုံးမှာ မြင်တွေ့နေရတာဆိုလို့စူးရှအေးစက်တဲ့ မျက်ဝန်းတစ်စုံသာရှိပြီး ရုတ်တရက်မြင်လိုက်ရသူအဖို့ သေမင်းတမန်ကိုမြင်လိုက်ရသလိုထိတ်လန့်သွားစေနိုင်တဲ့အရှိန်အဝါလည်းရှိပေသည်။

မြို့တော်အဝင်တွင် မြို့တော်တံခါးကိုစောင့်နေကြသောအစောင့်များက တာဝန်အရသာ ထိုလူကိုတားဆီးစစ်ဆေးရပေမယ့် ကြောက်လန့်စိုးထိတ်လျှက်ရှိသည်။

ထိုသေမင်းတမန်နဲ့တူတဲ့သူက
အထက်တန်းလွှာအရာရှိများသာကိုင်ဆောင်နိုင်သော မြို့ဝင်ခွင့်တံဆိပ်ပြားကိုထုတ်ပြသောအခါ တံခါးစောင့်များမှာ ဆက်လက်မတားဆီးဝံ့ဘဲ ချက်ချင်းပင် မြို့တံခါးကိုဖွင့်ပေးလိုက်သည်။

မြို့တံခါးဖွင့်သည်နှင့် သေမင်းတန်ရဲ့မြင်းက လေးကြိုးမှပစ်လွှတ်လိုက်တဲ့မြားတစ်စင်းရဲ့အရှိန်အဟုန်ဖြင့် မြို့တော်အတွင်းဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
.
.
ဆောင်ဟွန်းတစ်ယောက် နန်းတော်ဆီသို့ ဦးတည်သွားမည်ပြင်လိုက်ပြီးမှ ဒီအချိန်သွားလျှင် ဘုရင်မင်းမြတ်နဲ့တွေ့ခွင့်ရဖို့ မသေချာတာကြောင့် မြို့စွန်ကအိမ်တော်လေးဆီကိုသာ ဦးတည်လိုက်သည်။

ညသန်းခေါင်ကျော်နေပြီဖြစ်သော်လည်း အိမ်တော်ထဲမှာမီးလင်းနေသေးတာကိုတွေ့လိုက်ရတာကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။
သမားတော်ဖြစ်ပြီး ကိုယ့်အိပ်ချိန်ကိုယ်တောင်ဂရုမစိုက်တဲ့တစ်ယောက်သောသူကို ဆူပူဖို့ အခန်းဆီဦးတည်လာချိန် စားဖိုဆောင်ဘက်မှ ခပ်သုတ်သုတ်လျှောက်လာတဲ့ခြေသံကိုကြားလိုက်ရတော့ အလန်းထဲမဝင်သေးဘဲ ရပ်ကြည့်နေလိုက်သည်။

ဆေးပန်းကန်တစ်လုံးကိုဗန်းငယ်လေးပေါ်တင်ပြီး ခပ်သုတ်သုတ်လျှောက်လှမ်းလာသူက ဆောနူးဘေးမှာ အမြဲရှိနေတတ်တဲ့ ဂျောင်ဝန်းဆိုလား ခေါ်တဲ့ သူငယ်ဖြစ်သည်။
ထိုသူငယ်က အခန်းရှေ့မှာရပ်နေတဲ့ ဆောင်ဟွန်းကိုမြင်လိုက်တာနဲ့ ဘယ်သူလဲဟု လှမ်းမေးလာသည်။

ဆောင်ဟွန်းလည်း စကားအပိုမပြောချင်တာနဲ့ ဝတ်ရုံနက်ကြီးကိုခွာချလိုက်ပြီး မျက်နှာမှာစည်းထားတဲ့အဝတ်ကို ဖယ်ရှားလိုက်တဲ့အခါမှာတေယ့ ထိုကောင်လေးလက်ထဲမှ ဆေးလင်ဗန်းဟာပြုတ်ကျသွားသည်။
" သ သရဲ သရဲ "

" ကြောင်တောင်တောင်နဲ့ "
ငယ်သံပါအောင်အော်နေသောထိုကေယင်လေးကို လျစ်လျူရှူလိုက်ပြီးဆောင်ဟွန်းအခန်းထဲဝင်ကာတံခါးကိုဆောင့်ပိတ်လိုက်သည်။

အခန်းထဲမှာတော့ လူတစ်ယောက်လုံးဝင်လာတာတောင် လှည့်မကြည့်ဘဲ တံခါးကိုကျောပေးကာ ဖျော့တော့စွာလှဲလျောင်းနေသော ဆောနူးကိုတွေ့လိုက်ရသည်။

" အိပ်ပျော်နေပါပြီလား အရှင့်သား "

တမင်တကာအသံပေးကာခေါ်လိုက်တော့ ချက်ချင်းပင် ကုတင်ပေါ်မှထထိုင်ကာ ဆောင်ဟွန်းရှိရာဘက်သို့လှည့်လာတဲ့ထိုကောင်လေးရဲ့မျက်ဝန်းတွေကစိတ်ဝိဉာဥ်ကင်းကွာကာမျှော်လင့်ချက်မဲ့နေသလိုဟာတာဖြစ်နေသည်။

ဆောင်ဟွန်းကိုမြင်တာတောင် မယုံနိုင်သလို မျက်လုံးကိုပွတ်ကြည့်နေသည်။ထို့နောက် ကုတင်ပေါ်မှာ အပြေးအလွှားဆင်းလာပြီး ဆောင်ဟွန်းမျက်နှာကို သူ့လက်ကလေးဖြင့်လက်စမ်းနေသည်။

နေပါဦး ဒီအိမ်ကလူတွေ သူမရှိတုန်း ဘာတွေဖြစ်ကုန်ကြတာလဲ။
တစ်ယောက်ကလည်း မြင်တာနဲ့သရဲလို့အော်တယ် တစ်ယောက်ကလည်းမြင်တာတောင်မယုံကြည်နိုင်သလို လက်နဲ့လိုက်စမ်းနေသေးသည်။

မျက်နှာကိုလိုက်စမ်းနေတဲ့လက်ကိုဖမ်းဆုပ်ကာ လူကိုပါရင်ခွင်ထဲထည့်ဖက်လိုက်တော့မှ အသံသေးသေးလေးတွေထွက်လာကာ ရုန်းကန်လာသည်။

" ဟွန်း တကယ်ပဲ ဟွန်းလားဟင်"

" အင်း ဟုတ်တယ် မင်းယောက်ျား ပတ်ဆောင်ဟွန်း အစစ်ပဲ "

ဆောင်ဟွန်းစကားကိုကြားမှ ထိုလူသားလေးက အတိုင်းမသိပျော်ရွှင်သွားဟန်ဖြင့်

" တော်သေးတာပေါ့ဟွန်းရယ် မင်းကိုထပ်ပြီးဆုံးရှုံးလိုက်ရပြီလို့ ထင်နေတာ " ဟုပြောကာ ဆောင်ဟွန်းကိုတင်းကြပ်စွာပြန်လည်ဖက်လာသည်။

(တစ်စုံတစ်ဟွန်း ပြန်ရောက်ပါပြီရှင်
ထုံးစံအတိုင်းစနေတနင်္ဂနွေupdate နားပြီး တနင်္လါနေ့မှာ ပြန်လာခဲ့ပါမယ်😘)

Zawgyi

စစ္ပြဲမွာနိုင္သြားၿပီျဖစ္ေပမယ့္ ေနာက္ထပ္ ထပ္မံပုန္ကန္ဖို႔မလုပ္ေဆာင္ရဲေအာင္ အေရးယူေဆာင္႐ြက္စရာရွိတာမ်ားကိုၿပီးျပတ္ေအာင္ေဆာင္႐ြက္ရသည္။

ထို႔ေနာက္ရက္အနည္းငယ္ေနမွေရာက္လာေသာ လက္ေထာက္စစ္သူႀကီးမန္းဘို႔ဦးေဆာင္လာသည့္သိန္းခ်ီစစ္သည္မ်ားထဲမွအခ်ိဳ႕တစ္ဝက္ကို
အေစာင့္ေနျဖင့္ ခံတပ္မွာတာဝန္ခ်ထားခဲ့ၿပီးေနာက္ ၿမိဳ႕ေတာ္သို႔အျပန္ခရီးစတင္ခဲ့ေခ်ၿပီ။

ေန႕ညမနားခ်ီလာၿပီး လမ္းတစ္ဝက္အေရာက္တြင္ေတာ့ နီးစပ္ရာၿမိဳ႕မွ သက္ဆိုင္ရာၿမိဳ႕ေတာ္ဝန္ကို အသိေပးၿပီး ၿမိဳ႕ထဲရွိစစ္စခန္းတြင္ ခရီးတစ္ေထာက္နားခဲ့သည္။

စခန္းခ်ကာနားေနရင္း ဟုန္ရွစ္နဲ႕အတူ သူလွ်ိုအေၾကာင္းေျပာေနခ်ိန္ အခန္းအျပင္မွ တစ္ခုခုလဲၿပိဳသံနဲ႕အတူ လူသံၾကားလိုက္ရတာေၾကာင့္အျပင္ထြက္ၾကည့္လိုက္မိေတာ့
လက္ေထာက္စစ္သူႀကီး မန္းဘို႔က စစ္သည္ငယ္ႏွစ္ဦးကိုေငါက္ငမ္းေနတာေတြ႕လိုက္ရေတာ့သည္။

" ဘာေတြျဖစ္ေနၾကတာလဲ "
ဟုန္ရွစ္၏အေမးေၾကာင့္ စစ္သည္ငယ္ေလးႏွစ္ေယာက္မွာ မ်က္ႏွာငယ္ေလးျဖင့္ ေဆာင္ဟြန္းတို႔ရွိရာသို႔လွမ္းကာအရိုအေသေပးသည္။

" ဒီေကာင္ေတြ ဆီမီးတိုင္ေတြအတြက္ ေလာင္စာဆီလိုက္ျဖည့္ရင္းနဲ႕ စစ္သူႀကီးခ်ဳပ္အခန္းေရွ႕မွာမွ တစ္ေယာက္နဲ႕တစ္ေယာက္ စေနာက္ၾကၿပိး ေလာင္စာဆီေတြေမွာက္ကုန္လို႔ မာန္မဲေနတာပါ စိတ္မပူပါနဲ႕ကြၽန္ေတာ္ရွင္းခိုင္းလိုက္ပါမယ္"

မန္းဘို႔က အက်ိဳးအေၾကာင္းလွမ္းေျပာျပၿပီးေနာက္
စစ္သည္ငယ္ႏွစ္ဦးကိုေခၚကာထြက္သြားေလေတာ့သည္။ အခန္းအျပင္မွာေတာ့ ေမွာက္သြားတဲ့ေလာင္စာဆီမ်ားက အေတာ္အတန္ပင္မ်ားကာ အနံ႕မ်ားလွိုင္လွိုင္ထလ်က္ရွိသည္။

ထိုညက ညစာအတန္ငယ္ေနာက္က်မွေရာက္လာသည္။
ေဆာင္ဟြန္းက စစ္မွတ္တမ္းေရးရင္း ေဆာႏူးထည့္ေပးတဲ့ရိကၡာေျခာက္ေလးေတြထဲမွ သစ္သီးယိုေလးေတြစားထားတာေၾကာင့္ဗိုက္မဆာေသးေသာ္လည္း ဟုန္ရွစ္မွာေတာ့ ဗိုက္ဆာတာေၾကာင့္ ေဆာင္ဟြန္းအနားမွာကူညီေနရင္းက ညစာလာပို႔မည္ကို
လည္တေမွ်ာ္ေမွ်ာ္ေစာင့္ေနခဲ့တာျဖစ္သည္။

" ညစာ ေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္ စစ္သူႀကီးခ်ဳပ္"

" ရပါတယ္ အခက္အခဲတစ္ခုခုရွိလို႔လား ခရီးတစ္ေထာက္နားတုန္း လိုတာရွိရင္ျဖည့္ရေအာင္ေျပာေလ "

ေဆာင္ဟြန္းအေမးေၾကာင့္ စားေတာ္ကဲမွာ တစ္ခုခုကို နားမလည္နိုင္ဟန္ျဖင့္ ေျဖၾကားလာသည္။

" ရိကၡာေတြကအလုံအေလာက္က်န္ပါေသးတယ္ စစ္သူႀကီးခ်ဳပ္ ဒီေန႕ခရီးတစ္ေထာက္နားတုန္း ရိကၡာေျခာက္ေတြမစားဘဲ အားလုံးစိုစိုျပည္ျပည္စားေသာက္ရေအာင္ ဖြယ္ဖြယ္ရာရာ ခ်က္ျပဳတ္မယ္လို႔စီစဥ္ထားပါတယ္။ သို႔ေပမယ့္ ခ်က္ျပဳတ္ဖို႔အတြက္လိုအပ္တဲ့ ထင္းေလာင္စာေတြ အေတာ္အတန္ေလ်ာ့ပါးေပ်ာက္ဆုံးေနလို႔ ညစာခ်က္ခါနီးမွ ၿမိဳ႕ေတာ္ဝန္ဆီေျပးၿပီး အကူအညီေတာင္းလိုက္ရပါတယ္။

ၿမိဳ႕ေတာ္ဝန္ဆီက ထင္းေလာင္စာေတြေရာက္မွစခ်က္ရတာမို႔ အနည္းငယ္ေနာက္က်သြားပါတယ္စစ္သူႀကီးခ်ဳပ္။

ပုံမွန္ဆိုရင္ အစားႀကီးတဲ့စစ္သည္ေတြေၾကာင့္ ရိကၡာေျခာက္ေတြေပ်ာက္တာမ်ိဳးကမထူးဆန္းေပမယ့္ ထင္းေလာင္စာေတြေပ်ာက္တာက မႀကဳံဖူးၿပီးထူးဆန္းေနတာပါ စစ္သူႀကီးခ်ဳပ္"

စားေတာ္ကဲႀကီးစကားေၾကာင့္ေဆာင္ဟြန္းနဲ႕ဟုန္ရွစ္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိသည္။....

.
.
" မီး မီးေလာင္ေနၿပီ "

တဟုန္းဟုန္းေတာက္လာေသာမီးအရွိန္က ေတာ္ေတာ္ေလးျပင္းတာမို႔ မီးျငႇိမ္းသတ္ဖို႔မေျပာႏွင့္ အနားကိုပင္ ကပ္နိုင္ဖို့ အေတာ္ေလးခဲယဥ္းေနေတာ့သည္။

မီးေလာင္ေနေသာေနရာမွာ စစ္သူႀကီးခ်ဳပ္အခန္းပင္ျဖစ္သည္။

ဟုန္ရွစ္တစ္ေယာက္ ေသြး႐ူးေသြးတန္းျဖင့္ မီးေလာင္ေနေသာ အခန္းအတြင္းေျပးဝင္ဖို႔ႀကိဳးစားေသာ္လည္း လက္ေထာက္စစ္သူႀကီးမန္းဘို႔နဲ႕ ဂ်ိဳဝီစစ္သည္ေတြကဆြဲထားတာမို႔ စစ္သူႀကီးခ်ဳပ္အခန္းေလာင္ၿမိဳက္ျပာက်သြားတာကိုမ်က္စိေရွ႕မွာ ျမင္႐ုံသာျမင္လိုက္ရၿပီး စစ္သူႀကီးခ်ဳပ္ကိုကယ္ဆယ္ဖို႔ မတတ္နိုင္ေတာ့ေပ။

အ႐ုပ္ႀကိဳးျပတ္ဒူးေထာက္ကာထိုင္ခ်လိဳက္ၿပီး ခံျပင္းစြာငိူယို႐ုံမွတစ္ပါး ။..

" ဘယ္လိုျဖစ္ရတာလဲ မီးက႐ုတ္တရက္ႀကီးဘာလို႔ဒီအခန္းကိုပဲကြက္ၿပီးေလာင္ရတာလဲ အခုငါတို႔ ဘယ္လိုမ်ိဳးသတင္းပို႔ရေတာ့မွာလဲ "
လက္ေထာက္စစ္သူႀကီး မန္းဘို႔ရဲ႕အသံမွာလည္း ခံျပင္းစြာထြက္ေပၚလာသည္။

စစ္သူႀကီးခ်ဳပ္အခန္းမွာသီးသန့္ျဖစ္ေနၿပီး အျခားစစ္သည္မ်ား၏ယာယီ စခန္းခ်တဲမ်ားႏွင့္လည္း အလွမ္းေဝးေလသည္။

ထို႔ေၾကာင့္ မီးေလာင္ေနတာကို စစ္သည္မ်ားလည္းမသိလိုက္ေပ။ ကင္းေစာင့္က်ေနေသာလက္ေထာက္စစ္သူႀကီးမန္းဘို႔ႏွင့္ ဂ်ိဳဝီစစ္သည္အခ်ိဳ႕နဲ႕အတူ စစ္သူႀကီးခ်ဳပ္ခိုင္းတဲ့ကိစၥေဆာင္႐ြက္ၿပီး သတင္းလာပို႔ေသာလက္ေထာက္စစ္သူႀကီးခ်ဳပ္ ဟုန္ရွစ္တို႔သာ မီးေလာင္ေနတာကိုျမင္လိုက္ရတာျဖစ္သည္။

အနီးအနားရွိေရကန္မွ ေရမ်ားကိုခပ္ၿပီး ဝိုင္းျငႇိမ္းၾကေသာ္လည္း ေျခကုန္လက္ပမ္းေတြက်လာသည္အထိမီးမွာမၿငိမ္းနိုင္ေပ။

မီးၫြန့္က်ိဳးမွ အေျပးအလႊား
မီးေလာင္ျပင္ကိုဝင္ၾကည့္ၾကသည့္အခါ အခန္းအတြင္းရွိသမွ် ျပာက်ေနၿပီျဖစ္ၿပီး စစ္သူႀကီးခ်ဳပ္ကိုေတာ့မေတြ႕ရေတာ့ေပ။

ျပာပုံမ်ားထဲမွ အရိုးအခ်ိဳ႕ကိုေတြ႕လိုက္ရေသာအခါ ဟုန္ရွစ္ တုန္ရီေသာလက္မ်ားျဖင့္ထိကိုင္ကာ ေတာက္တစ္ခ်က္ခပ္ျပင္းျပင္းေခါက္လိုက္သည္။

အရိုးမ်ားအနီးအနားမွာ ဆြဲျပားေလးတစ္ခုကိုေတြ႕တဲ့အခါ ဟုန္ရွစ္က စစ္သူႀကီးခ်ဳပ္ဆြဲထားတတ္တဲ့ ဆြဲျပားေလးျဖစ္ေၾကာင္း အားလုံးကိုေျပာျပလိုက္သည့္အခါ ခံစားကိုမေဖာ္ျပတတ္ေသာ ဂ်ိဳဝီစစ္သည္မ်ားပင္ ဒူးေထာက္ထိုင္ခ်ကာ မယုံနိုင္ျခင္း ခံျပင္းျခင္း ဝမ္းနည္းျခင္းတို႔ကို တစ္ၿပိဳင္းတည္းခံစားလိုက္ရၿပီး မ်က္ရည္မ်ားစီးက်လာၾကသည္။

" စစ္သူႀကီးခ်ဳပ္ မီးထဲမွာ ကြယ္လြန္သြားၿပီဆိုတာ ေသခ်ာေနၿပီဆိုတဲ့ သေဘာေပါ့

ငါကလည္း ဟိုဘက္ကစစ္သည္ေတြဘက္မွာကင္းလွည့္ရင္း စစ္သည္ေတြအခ်င္းခ်င္းေလာင္းကစားလုပ္ေနတာေတြ႕လို႔ အျပစ္ေပးရင္းနဲ႕ၾကာသြားတာ။
ဒီဘက္ကိုေရာက္တဲ့အခ်ိန္မွာ မီးကေတာ္ေတာ္ျပင္းေနၿပီ မမီေတာ့ဘူး ငါ့အျပစ္ေတြပါ ဟုန္ရွစ္ရယ္ "

မန္းဘို႔ရဲ႕ မခ်ိတင္ကဲအသံႀကီးကလည္း အက္ကြဲစြာထြက္ေပၚလာသည္။

" ဒီအေျခအေနမွာ ငါတို႔စိတ္ေအးေအးထားရမယ္ မန္းဘို႔
ၿမိဳ႕ေတာ္ကိုလည္းဒီကိစၥသတင္းမပို႔ေသးနဲ႕ဦး စစ္သူႀကီးခ်ဳပ္ မီးထဲမွာကြယ္လြန္သြားတာကိုသိရရင္ ဒီစစ္သည္ေတြက ထိတ္လန့္ၿပီး ထိန္းခ်ဳပ္ဖို႔ခက္ခဲလိမ့္မယ္ ။
အဲဒါေၾကာင့္ ငါတို႔က စစ္သူႀကီးခ်ဳပ္အရင္ျပန္ႏွင့္ၿပီလို႔ပဲ အသ်ိပေးပြီး ၿမိဳ႕ေတာ္ေရာက္မွ အရွင္မင္းႀကီးကို အက်ိဳးအေၾကာင္းေျပာျပၿပီးအသိေပးၾကမယ္။

ဒီကိစၥကိုလုံးဝ လွ်ို႔ဝွက္ထားမွျဖစ္မွာေနာ္မန္းဘို႔ "

ရင္ကြဲမတတ္ ဝမ္းနည္းေနၾကေသာ္လည္း လုပ္စရာေတြက်န္ေသးတာေၾကာင့္ အတတ္နိုင္ဆုံးစိတ္ကိုတည္ၿငိမ္ေအာင္ထားၿပီး ၿမိဳ႕ေတာ္သို႔ျပန္ဖို႔သာျပင္ဆင္လိုက္ၾကေတာ့သည္။
.
.
.
ေဆာႏူးတစ္ေယာက္ ခမည္းေတာ္ရဲ႕နန္းေဆာင္အတြင္းမွာ က်န္းမာေရးစစ္ေဆးေပးရင္း အရင္ထက္ သိသိသာသာအေျခအေနတိုးတက္လာတဲ့ ခမည္းေတာ္ေၾကာင့္ ၾကည္ႏူးဝမ္းသာေနမိသည္။

" ဒီပုံစံအတိုင္းေလး ဆက္ထိန္းထားနိုင္ရင္ အရမ္းစိတ္ပူစရာမလိုေတာ့ပါဘူး အရွင္မင္းႀကီး
စိတ္ဖိစီးစရာေတြမရွိဘဲဘေပါ့ေပါ့ပါးပါးေနနိုင္ေလ ေကာင္းေလးပါပဲ အရွင္မင္းႀကီး "

ေဆာႏူးစကားေၾကာင့္ခမည္းေတာ္က သေဘာက်စြာရယ္ေမာသည္။

" ေအးကြယ္ အခုရက္ပိုင္း နိုင္ငံအေရးကလည္းတည္ၿငိမ္ေနၿပီး သားမက္ေတာ္ကလည္း စစ္ပြဲမွာအနိုင္ရၿပီးျပန္လာတယ္ဆိုတဲ့သတင္းၾကားေတာ့ ကိုယ္ေတာ္အထူးစိတ္ခ်မ္းသာေနတယ္။

သားမက္ေတာ္က အားကိုးရလြန္းလို႔ သားေတာ္ကိုလည္းစိတ္ခ်ရၿပီမို႔ေလ။
ဒီလိုဆိုေတာ့ ဒီလိုအေရးေတြျမင္ၿပီး သားေတာ္ကိုစစ္သူႀကီးခ်ဳပ္နဲ႕ လက္ဆက္ေပးဖို႔ အထူးတိုက္တြန္းေတာင္းဆိုခဲ့တဲ့ဆိုဟုကိုေရာ ငါကိုယ္ေတာ္ရဲ႕ဆႏၵကိုမျငင္းဆန္ဘဲ ခြင့္ျပဳေပးခဲ့တဲ့ ဟြမ္ဟုကိုပါ ေက်းဇူးတင္ရမယ္။ "

ခမည္းေတာ္စကားေၾကာင့္ေဆာႏူးအနည္းငယ္အံ့ၾသသြားရသည္။
ဆိုဟုက ဘာေၾကာင့္ သူ႕လိုဒယ္ဂြန္တစ္ေယာက္ရဲ႕လက္ထပ္ပြဲကိုဝင္ေရာက္စြက္ဖက္စီစဥ္ရဲရတာလဲ။
ဒီလက္ထပ္ပြဲကို မယ္ေတာ္စီစဥ္တယ္လို႔ထင္ခဲ့ေပမယ့္အခုေတာ့ ဆိုဟုကတိုက္တြန္းတာတဲ့လား ။

ထိုစဥ္မွာပင္ အိမ္ေရွ႕စံအခစားဝင္ခြင့္ေတာင္းေနပါတယ္ ဆိုတဲ့ သတင္းေပးသံေၾကာင့္ အထိန္းေတာ္ခ်ဳပ္ႀကီးက ေဆာႏူးကို အတြင္းခန္းထဲဝင္ေစသည္။

အတြင္းခန္းကလွ်ို႔ဝွက္တံခါးမွတစ္ဆင့္ နန္းေဆာင္အျပင္ထြက္ရန္ျပင္လိုက္စဥ္မွာပဲ အိမ္ေရွ႕စံအေလာတႀကီးဝင္လာသံနဲ႕အတူ
" ခမည္းေတာ္ ဒုကၡေတာ့မ်ားပါၿပီ စစ္နိုင္ၿပီးျပန္လာတဲ့ စစ္သူႀကီးခ်ဳပ္က လမ္းခရီးမွာတစ္ေထာက္နားရင္းကေန မေတာ္တဆမီးေလာင္မႈျဖစ္လို႔ မီးထဲမွာပဲကြယ္လြန္သြားပါၿပီဆိုတဲ့အေၾကာင္း သားေတာ္ရဲ႕သတင္းေပးက အခုပဲ သတင္းပို႔လာပါတယ္"
ဆိုတဲ့စကားသံကိုၾကားလိုက္ရၿပီးေနာက္ ေနရာမွာတင္အ႐ုပ္ႀကိဳးပ်က္ေခြလဲက်သြားေတာ့သည္။.
.
.

လူေျခတိတ္ခ်ိန္ညနက္နက္တြင္ ၿမိဳ႕ေတာ္ဆီသို႔ဦးတည္ကာ ေျပးလႊားလာတဲ့ ျမင္းခြာသံက က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာသည္။
ျမင္းေပၚမွာေတာ့ ဝတ္႐ုံအနက္ႀကီးကိုတစ္ကိုယ္လုံးလုံေအာင္ဖုံးထားၿပီး မ်က္ႏွာကိုလည္းဖုံးကြယ္ထားေသာလူတစ္ဦးကျမင္းဇက္ႀကိဳးကိုက်င္လည္စြာထိန္းခ်ဳပ္ရင္းလိုက္ပါလာသည္။

မ်က္ႏွာတစ္ခုလုံးမွာ ျမင္ေတြ႕ေနရတာဆိုလို႔စူးရွေအးစက္တဲ့ မ်က္ဝန္းတစ္စုံသာရွိၿပီး ႐ုတ္တရက္ျမင္လိုက္ရသူအဖို႔ ေသမင္းတမန္ကိုျမင္လိုက္ရသလိုထိတ္လန့္သြားေစနိုင္တဲ့အရွိန္အဝါလည္းရွိေပသည္။

ၿမိဳ႕ေတာ္အဝင္တြင္ ၿမိဳ႕ေတာ္တံခါးကိုေစာင့္ေနၾကေသာအေစာင့္မ်ားက တာဝန္အရသာ ထိုလူကိုတားဆီးစစ္ေဆးရေပမယ့္ ေၾကာက္လန့္စိုးထိတ္လွ်က္ရွိသည္။

ထိုေသမင္းတမန္နဲ႕တူတဲ့သူက
အထက္တန္းလႊာအရာရွိမ်ားသာကိုင္ေဆာင္နိုင္ေသာ ၿမိဳ႕ဝင္ခြင့္တံဆိပ္ျပားကိုထုတ္ျပေသာအခါ တံခါးေစာင့္မ်ားမွာ ဆက္လက္မတားဆီးဝံ့ဘဲ ခ်က္ခ်င္းပင္ ၿမိဳ႕တံခါးကိုဖြင့္ေပးလိုက္သည္။

ၿမိဳ႕တံခါးဖြင့္သည္ႏွင့္ ေသမင္းတန္ရဲ႕ျမင္းက ေလးႀကိဳးမွပစ္လႊတ္လိုက္တဲ့ျမားတစ္စင္းရဲ႕အရွိန္အဟုန္ျဖင့္ ၿမိဳ႕ေတာ္အတြင္းဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ့သည္။
.
.
ေဆာင္ဟြန္းတစ္ေယာက္ နန္းေတာ္ဆီသို႔ ဦးတည္သြားမည္ျပင္လိုက္ၿပီးမွ ဒီအခ်ိန္သြားလွ်င္ ဘုရင္မင္းျမတ္နဲ႕ေတြ႕ခြင့္ရဖို႔ မေသခ်ာတာေၾကာင့္ ၿမိဳ႕စြန္ကအိမ္ေတာ္ေလးဆီကိုသာ ဦးတည္လိုက္သည္။

ညသန္းေခါင္ေက်ာ္ေနၿပီျဖစ္ေသာ္လည္း အိမ္ေတာ္ထဲမွာမီးလင္းေနေသးတာကိုေတြ႕လိုက္ရတာေၾကာင့္ မ်က္ေမွာင္က်ဳံ႕လိုက္မိသည္။
သမားေတာ္ျဖစ္ၿပီး ကိုယ့္အိပ္ခ်ိန္ကိုယ္ေတာင္ဂ႐ုမစိုက္တဲ့တစ္ေယာက္ေသာသူကို ဆူပူဖို႔ အခန္းဆီဦးတည္လာခ်ိန္ စားဖိုေဆာင္ဘက္မွ ခပ္သုတ္သုတ္ေလွ်ာက္လာတဲ့ေျခသံကိုၾကားလိုက္ရေတာ့ အလန္းထဲမဝင္ေသးဘဲ ရပ္ၾကည့္ေနလိုက္သည္။

ေဆးပန္းကန္တစ္လုံးကိုဗန္းငယ္ေလးေပၚတင္ၿပီး ခပ္သုတ္သုတ္ေလွ်ာက္လွမ္းလာသူက ေဆာႏူးေဘးမွာ အၿမဲရွိေနတတ္တဲ့ ေဂ်ာင္ဝန္းဆိုလား ေခၚတဲ့ သူငယ္ျဖစ္သည္။
ထိုသူငယ္က အခန္းေရွ႕မွာရပ္ေနတဲ့ ေဆာင္ဟြန္းကိုျမင္လိုက္တာနဲ႕ ဘယ္သူလဲဟု လွမ္းေမးလာသည္။

ေဆာင္ဟြန္းလည္း စကားအပိုမေျပာခ်င္တာနဲ႕ ဝတ္႐ုံနက္ႀကီးကိုခြာခ်လိဳက္ၿပီး မ်က္ႏွာမွာစည္းထားတဲ့အဝတ္ကို ဖယ္ရွားလိုက္တဲ့အခါမွာေတယ့ ထိုေကာင္ေလးလက္ထဲမွ ေဆးလင္ဗန္းဟာျပဳတ္က်သြားသည္။
" သ သရဲ သရဲ "

" ေၾကာင္ေတာင္ေတာင္နဲ႕ "
ငယ္သံပါေအာင္ေအာ္ေနေသာထိုေကယင္ေလးကို လ်စ္လ်ဴရႉလိုက္ၿပီးေဆာင္ဟြန္းအခန္းထဲဝင္ကာတံခါးကိုေဆာင့္ပိတ္လိုက္သည္။

အခန္းထဲမွာေတာ့ လူတစ္ေယာက္လုံးဝင္လာတာေတာင္ လွည့္မၾကည့္ဘဲ တံခါးကိုေက်ာေပးကာ ေဖ်ာ့ေတာ့စြာလွဲေလ်ာင္းေနေသာ ေဆာႏူးကိုေတြ႕လိုက္ရသည္။

" အိပ္ေပ်ာ္ေနပါၿပီလား အရွင့္သား "

တမင္တကာအသံေပးကာေခၚလိုက္ေတာ့ ခ်က္ခ်င္းပင္ ကုတင္ေပၚမွထထိုင္ကာ ေဆာင္ဟြန္းရွိရာဘက္သို႔လွည့္လာတဲ့ထိုေကာင္ေလးရဲ႕မ်က္ဝန္းေတြကစိတ္ဝိဉာဥ္ကင္းကြာကာေမွ်ာ္လင့္ခ်က္မဲ့ေနသလိုဟာတာျဖစ္ေနသည္။

ေဆာင္ဟြန္းကိုျမင္တာေတာင္ မယုံနိုင္သလို မ်က္လုံးကိုပြတ္ၾကည့္ေနသည္။ထို႔ေနာက္ ကုတင္ေပၚမွာ အေျပးအလႊားဆင္းလာၿပီး ေဆာင္ဟြန္းမ်က္ႏွာကို သူ႕လက္ကေလးျဖင့္လက္စမ္းေနသည္။

ေနပါဦး ဒီအိမ္ကလူေတြ သူမရွိတုန္း ဘာေတြျဖစ္ကုန္ၾကတာလဲ။
တစ္ေယာက္ကလည္း ျမင္တာနဲ႕သရဲလို႔ေအာ္တယ္ တစ္ေယာက္ကလည္းျမင္တာေတာင္မယုံၾကည္နိုင္သလို လက္နဲ႕လိုက္စမ္းေနေသးသည္။

မ်က္ႏွာကိုလိုက္စမ္းေနတဲ့လက္ကိုဖမ္းဆုပ္ကာ လူကိုပါရင္ခြင္ထဲထည့္ဖက္လိုက္ေတာ့မွ အသံေသးေသးေလးေတြထြက္လာကာ ႐ုန္းကန္လာသည္။

" ဟြန္း တကယ္ပဲ ဟြန္းလားဟင္"

" အင္း ဟုတ္တယ္ မင္းေယာက္်ား ပတ္ေဆာင္ဟြန္း အစစ္ပဲ "

ေဆာင္ဟြန္းစကားကိုၾကားမွ ထိုလူသားေလးက အတိုင္းမသိေပ်ာ္႐ႊင္သြားဟန္ျဖင့္

" ေတာ္ေသးတာေပါ့ဟြန္းရယ္ မင္းကိုထပ္ၿပီးဆုံးရႈံးလိုက္ရၿပီလို႔ ထင္ေနတာ " ဟုေျပာကာ ေဆာင္ဟြန္းကိုတင္းၾကပ္စြာျပန္လည္ဖက္လာသည္။

(တစ္စုံတစ္ဟြန္း ျပန္ေရာက္ပါၿပီရွင္
ထုံးစံအတိုင္းစေနတနဂၤႏြေupdate နားၿပီး တနလၤါေန႕မွာ ျပန္လာခဲ့ပါမယ္😘)

Czytaj Dalej

To Też Polubisz

55.2K 1.1K 84
Egyptian mythology is the collection of myths from ancient Egypt, which describe the actions of the Egyptian gods as a means of understanding the wor...
45.7K 1.2K 23
What would you do if you found a baby on your doorstep? it seems boring at first, but it's fun.
1.3M 56.9K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
246K 7.2K 81
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...