Kissing In The Moonlight [Com...

By VictoryKimTae

46.9K 5.4K 1.6K

လရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ‌ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Spoiler Alert - 1
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Spoiler Alert 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25

Final

2.2K 177 21
By VictoryKimTae

အပြာရောင် ဆေးတချို့ကို စုတ်တံနဲ့ သဲ့ယူလိုက်ပြီး canvas ပေါ် ဖြန့်ချလိုက်သည်။

ထို့နောက် အဖြူရောင် ဆေးသားတချို့ကို brush နဲ့ အနည်းငယ်မျှ အရောင်တင်လိုက်သည်။

မကြာခင်တော့ အဆုံးသတ်တော့မည့် ထိုပန်းချီကား... အဖေ့အတွက် လက်ဆောင်လေးဟူလည်း မမှားပေ။

ကောင်းကင်ပြာအောက်မှာ ပြုံးပျော်နေသည့် အဖေရယ်၊ ‌အမေရယ်... ဒီလောက်‌ဆို အဖေ့အတွက် အမှတ်တရကောင်းလေး ဖြစ်လောက်မည်။

"နားပါဦးလား"

အစ်ကိုက ရှုပ်ပွနေသည့် ရေခွက်တွေရယ်၊ ကုန်သွားလို့ ပြန့်ကျဲထားသည့် ဆေးဘူးတွေကို ရှင်းပေးရင်းမှ လှမ်းပြောသည်။

"ပြီးတော့မှာ အစ်ကိုရဲ့"

"နိုင်ငံခြား အဝင်ဖုန်း... ကိုရိန်းဆီကလား"

စုတ်တံကို ကိုင်ထားရင်းမှ တန့်သွားမိသည်။ ဒီကောင်က ဒီကိုရောက်နေသည့် ၆ လ လုံးလုံး ဖုန်းတောင် ဆက်ဖော်မရပါဘူး။

ကျွန်တော်ကလည်း အဖေ့ ကျန်းမာရေးကြောင့် မအားလပ်၍ မဆက်မိခြင်း

"မင်းရော အသက်ရှိသေးရဲ့လားလို့ လှမ်းဆက်လိုက်တာ.. Taehyung တို့မှာ ဆရာနဲ့ တွေ့တာနဲ့ ငါ့ကို မေ့ထားတော့တာ"

ကိုရိန်းကတော့ ကိုရိန်းပါပဲ။ ဘယ်အရွယ်ပဲရောက်ရောက် ဒီလိုစကားတွေနဲ့ ခပ်ရွဲ့ရွဲ့သာ ပြောသည်။

"Carlos ဆီကနေ မင်းအကြောင်း ကြားတယ်နော်။ ဗီဗီ့အနားပဲ ကပ်နေတာဆို"

"အဟွန်း... မဟုတ်ပါဘူး သူ့အ‌ဒေါ်က အကြွေးကိစ္စနဲ့ ခဏခဏ လာနေတော့ စောင့်ရှောက်ပေးရုံပါပဲ"

speaker ဖွင့်ထားသည်မို့ အစ်ကိုလည်း ကြားလိုက်ရသည်။ နှစ်ယောက်သား ပြိုင်တူပြုံးလိုက်မိကြ၏။

ဒီကောင့်အကြောင်း မသိတာ မှတ်လို့...

"ငါ... ငါ အနားယူတော့မယ့်အကြောင်း မင်းကို ပြောမလို့"

ဒီတစ်ခါတော့ စွံ့အသွားရသည်မှာ ကျွန်တော်ရယ်သာ...

"Championship ပွဲတွေ လာဦးမှာပေမယ့် ငါ အနားယူတော့မလို့လေ။ ပြီးတော့ ဒါက ငါ ဝါသနာကြီးတဲ့ အလုပ်မဟုတ်ဘူး ထင်တာပါပဲ။ ဗီဗီနဲ့ ပြောကြည့်တော့ ငါ့ စိတ်တိုင်းကျ ဆုံးဖြတ်ဆိုလို့လေ"

ကျွန်တော်က ချက်ချင်းကို ဒုတိယနေရာဆီ ရောက်သွားပုံ ရပါသည်။ ကိုရိန်းက ဘာပဲလုပ်လုပ် ကျွန်တော့်ကို ပထမဆုံး ပြောတတ်ပါသည်။

အခုတော့ ဗီဗီယာနာဟာ ပထမဆုံး ဖြစ်သွား၏။ စိတ်မကောင်း ဖြစ်မိခြင်းမဟုတ်ဘဲ ကိုရိန်းအတွက် ဝမ်းသာပီတိလေး ပေါ်လာသည်။

ဒီလိုဆို ကိုရိန်းရဲ့ အေးစက်စက် နှလုံးသားတံခါး အရည်ပျော်ကျသွားပြီ ဖြစ်၏။

"မင်း ပရိသတ်တွေတော့ အားလျော့ကုန်တော့မှာပဲ။ အဆင်မပြေတာ ရှိနေလို့လား"

"ဒီလိုကစားနည်းတွေက ငါ့အကြိုက်လည်း မဟုတ်ခဲ့ဘူးကိုး... ပြီးတော့ အရင်က တခြားအကြောင်းကြောင့်ပါ"

ကိုရိန်း အသံဟာ တိမ်ဝင်သွားတော့ အစ်ကိုက လှမ်းကြည့်လာသည်။

"တခြား အကြောင်း... ငါ မသိသေးတဲ့ မင်းအကြောင်း ရှိသေးတာလား"

ကိုရိန်းဆီမှ သက်ပြင်းသဲ့သဲ့ချသံ‌ကြောင့် အစ်ကိုက ခေါင်းယမ်း၍ အရိပ်အကဲ ပြပါသည်။

"မင်း ဘာပဲ လုပ်လုပ် အားပေးနေမှာမို့ မင်း လုပ်ချင်တာကိုပဲ ကြိုးစားနော်။ ပြီးတော့ မင်းကို လာတွေ့ပါဦးမယ်။ အစ်ကိုကလည်း တွေ့ချင်နေတာ "

"ဗီဗီ့ကို ကိုရီးယားလိုက်ပို့ရင်း လာခဲ့မယ်"

ကိုရိန်းဆီက ရယ်သံနှောသည့် စကားလေး ထွက်လာတော့ ကျွန်တော် ပြုံးလိုက်မိသည်။

ကိုရိန်း ဖုန်းကျသွားတော့မှ အစ်ကိုက အနားကို ရောက်လို့လာသည်။

"ဗီဗီယာနာဆိုတာ မင်းပြောနေကျ ကောင်မလေးလား။ ကိုရိန်းနဲ့ သဘောတူတယ် ဆိုပြီးလေ"

"ဗီဗီက ကိုရိန်းကိုကြည့်ရင် မျက်ဝန်းတောက်တောက်လေးတွေနဲ့မို့ အဲအချိန်ကတည်းက သတိထားမိသွားတာ... အခုတော့ သူတို့ တွဲကြတော့မှာထင်တယ်"

အစ်ကိုက ပြုံးလို့ ညအိပ်မီးကို ပိတ်လိုက်သည်။

"သူများအကြောင်း ပြောတာရပ်ပြီး ကိုယ်တို့အကြောင်း ပြောရအောင်"

"ဘာလို့ မီးကို ပိတ်လိုက်တာလဲ။ စကားပြောမှာဆို"

"မင်းပဲ အသင့်ဖြစ်ပြီလို့ ပြောထားတယ် မဟုတ်လား ကလေးလေးရဲ့"

ကျွန်တော့် ပါးနှစ်ဖက်ဟာ ရဲတက်သွားပြီး ပူထူလာရသည်။ မီးရောင်ပိတ်လိုက်သည်ကိုတောင် စိတ်ထဲ၌ ကျေးဇူးတင်လိုက်မိသေး၏။

အစ်ကိုက ခေါင်းကိုငုံ့လို့ နှုတ်ခမ်းထက်ကို အနမ်းပေးသည်။

"အစ်ကိုလည်း အသင့်ဖြစ်နေပြီ"

ကျွန်တော့်ဆီက ပြန်ဖြေသံ မထွက်လာဘဲ အစ်ကို့ အသက်ရှုသံတချို့သာ ပါးပြင်ပေါ်သို့ လာရိုက်ခတ်သည်။

အခန်းတွင်း အပူရှိန်ကြောင့်လား၊ ကိုယ်တွင်း အပူရှိန်ကြောင့်လား မသိနိုင်သည်အထိ လှိုက်တက်လာသည့် အပူလှိုင်းတွေ

ပြင်းပျသည့် စိတ်ဆန္ဒတွေနဲ့အတူ ညတာလည်း ရှည်လို့ ကျွန်တော်တို့လည်း အသွေးသားတွေ ရောယှက်လို့ သွားတော့သည်။

.

.

ကိုရိန်းနဲ့ ဖုန်းပြောပြီးနောက် သုံးရက်အကြာမှာတော့ Korain Garcia အနားယူလိုက်ပြီ ဆိုသည့် သတင်းဟာ တစ်ကမ္ဘာလုံးမှာတောင် တဟုန်းဟုန်းတောက်လို့ ရိုက်ခတ်သွားသည်။

Champion တစ်ယောက် ဖြစ်ခဲ့သည့်အပြင် စပိန်မှာအပြင် ကမ္ဘာ့နိုင်ငံတချို့မှာလည်း လူကြိုက်အများဆုံး အားကစားသမားမို့ ပရိသတ်တွေဟာတော့ ဝမ်းနည်းရရှာသည်။

အမြတ်ကြီးစား ပွဲစီစဉ်သူတချို့ဟာတော့ တက်လမ်းတွေ အများကြီးရှိသည့် ကစားသမားကို ဆုံးရှုံးလိုက်ရသောကြောင့် နှမြောတသဖြင့် ရင်ထုလို့နေသည်။

သို့သော် ကိုရိန်းကတော့ ဗီဗီယာနာနဲ့အတူ date နေပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ပြီး လူထုကို အုံကြွစေခဲ့ပြန်ပါသည်။

ဗီဗီယာနာ ပရိသတ်တချို့က ကိုရိန်းနဲ့ သဘောမတူဘဲ ငြင်းဆန်၍ သဘောတူသည့် လူထုကြား ဆူပူသည့် ရန်ပွဲတွေအထိ ဖြစ်သွားကြသည်။

တစ်ရက်ကနေ တစ်လ၊ တစ်လမှ တစ်နှစ်ကြာပြီးနောက် တီးတိုး စကားသံတချို့ ရပ်စဲလို့သွားသည်။

ရပ်စဲသွားသည့် အကြောင်းမှာ လူတွေ မထင်မှတ်ထားသည့် လက်ထပ်ပွဲကြောင့်သာ ဖြစ်၏။

ကိုရိန်းဂါစီယာ ဟာ မွေးရပ်မြေဖြစ်သည့် ကိုရီးယားကို ပြန်၍ ဗီဗီယာနာကို ရင်းနှီးသည့် မိတ်ဆွေတချို့ရှေ့၌ လက်ထပ်ခွင့်တောင်းခဲ့ပါသည်။

ကြီးကျယ်ခမ်းနားသည့် ပကာသနတွေကို ပုံအောပေးခြင်း မဟုတ်ဘဲ နက်ရှိုင်းသည့် မေတ္တာတရားကို ထုတ်ပြလို့ လက်ထပ်ခွင့်တောင်းခြင်း ဖြစ်၏။

ဗီဗီယာနာရဲ့ အပြုံးနုနုဟာ မင်္ဂလာပွဲ၌ ပြန့်ကျဲလို့နေသည်။

ကိုရိန်းကတော့ ခေါင်းကိုမော့လို့ ဦးစွာ လက်ထပ်ပြီမို့ Taehyung တို့ နှစ်ယောက်ကို ပေစောင်းစောင်းဖြင့် ပြုံးပြလို့နေသည်။

"ငါက အရင် ဦးသွားတာ"

နှုတ်ခမ်းလှုပ်ရုံမျှပြောတော့ Taehyung က Jungkook လက်မောင်းကို မနာအောင် တစ်ချက်ရိုက်သည်။

"အစ်ကို့ကို သူတို့ထက် အရင်ယူမယ်လို့ ပြောခဲ့တာကို... ရေနတ်သမီးပန်း ကြည့်ပြီးမှ ယူမယ်လုပ်လို့ အခုတော့ နောက်ကျသွားပြီ"

ဆူအောင့်အောင့်ပြောတော့ Jungkook က အသာပြုံးသည်။

"ကိုကိုက မင်းနဲ့ ရည်းစားဘဝမှာ ရေနတ်သမီးပန်းကို ကြည့်ချင်လို့ပါ"

Taehyung တစ်ခုခု ပြောရန် ပြင်လိုက်ပြီးမှ သတို့သမီး ပန်းစည်းပစ်တော့မည်မို့ အရှိန်သတ်လိုက်ရသည်။

လက်ကို ဆန့်ထုတ်လို့ ပန်းစည်းကို လှမ်းယူလိုက်သော်လည်း တောင့်တောင့်ကြီး ရပ်နေသည့် Jungkook ထံသို့ ပန်းစည်းဟာ ပြုတ်ကျသွားသည်။

ရင်ဘတ်ကို လာရိုက်သည့် ပန်းစည်းကို ကောက်ယူလိုက်ပြီး Taehyung ဘက်ကို လှည့်ကာ

"ကိုယ့်ကို လက်ထပ်နိုင်မလား"

ဖြည်းဖြည်းလေး ညိတ်ကျလာသည့် ခေါင်းကလေးရယ်၊ ကြင်ကြင်နာနာ အနမ်းတွေနဲ့အတူ အားပေးသည့် လက်ခုပ်သံတွေဖြင့် လက်ထပ်ပွဲဟာ ပြီးမြောက်လို့သွားသည်။

.

.

နွေဦးကို တစ်ဖန်ပြန်ရောက်လို့လာတော့ Wales ကို အရောက်လာခဲ့ကြသည်။

Jungkook ရဲ့ ကျောင်း အပြောင်းအရွှေ့က ဦးစားပေး ဖြစ်သော်လည်း ရေနတ်သမီးပန်းတွေ ကြည့်ရန်ဟာလည်း တန်းတူဖြစ်လို့နေသည်။

"ကလေးလေး... ကိုယ် ပြောင်းရွှေ့စာ ကျပြီ"

အစ်ကိုက စာရွက်အထပ်လိုက်ကို သိမ်းကြုံးယူလို့ ကျွန်တော့်ထံ ပြလာသည်။

"မင်းနဲ့အတူ လိုက်နေတော့မှာ"

ပြောင်းရွှေ့ရသွားသည့် အစ်ကိုဟာ ကလေးတစ်ယောက်လို ပြုံးပျော်လို့ ပန်းခင်းဆီ သွားသည့် လမ်းတစ်လျှောက် အသံဆာဆာလေး ဖြစ်လို့နေသည်။

နွေဦးဟာ သိပ်ပြီး ချမ်းစိမ့်သည်ရယ်လို့တော့ မဟုတ်။ နွေးနွေးထွေးထွေးနဲ့ အေးမြမြလည်း ရှိပါသည်။

နွေးထွေးသည်မှာတော့ ကျွန်တော့်လက်ကို တွဲထားသည့် အစ်ကို့လက်တွေကြောင့် ဖြစ်၏။

နွေဦးရောက်လျှင်တော့ Wales မှာ ရေနတ်သမီးပန်းတွေ လှိုင်လို့နေသည်။ နိုင်ငံရဲ့ National Flower ဖြစ်သည်ကြောင့်လည်း ပါ၏။

နွေဦးရဲ့ အငွေ့အသက်တွေ၊ နေရောင်အောက်မှ ရွှေဝါရောင်နှင်းပန်းတွေ... ပွင့်ဖတ်ပေါ်၌ တွဲခိုနေသည့် ရေစက်ကလေးတွေ

"အများကြီး လှတယ် "

သဘောတကျ ပြုံးလို့ ပြောတော့ အစ်ကိုက ကျွန်တော့် လက်ဖမိုးကို ဆုပ်ကိုင်၍ တစ်ချက် ဖိနမ်းသည်။

"‌နွေဦးမှာ မင်းနဲ့အတူ ရေနတ်သမီးပန်းတွေ ကြည့်နိုင်ဖို့က ကိုယ့်အိပ်မက်ပါပဲ"

လေညှင်းက သယ်ဆောင်လာသည့် ပန်းရနံ့တွေ.. ဒီလိုမျိုးပဲ နူးညံ့လို့၊ မွှေးကြိုင်လို့ပါပဲ။

မျက်စိတစ်ဆုံး မြင်နေရသည့် ပန်းခင်းကို ကြည့်လို့ ကျွန်တော် ပြုံးလိုက်မိသည်။

လေညှင်းနဲ့အတူ ယိမ်းထိုးလို့ ကခုန်နေသည့် ရေနတ်သမီးပန်းတွေကို ရှေ့ထား၍ ညရောက်သည်အထိ အမှတ်တရတချို့ကို အစဖော်ခဲ့ကြသည်။

ကျွန်တော်တို့ စတွေ့ပုံ၊ ချစ်ကြိုးကလေး ငြိတွယ်လာပုံ၊ မေတ္တာတရားတွေ ဆတိုးလို့ ပွားလာပုံ... အမျိုးစုံသော အကြောင်းအရာ တချို့ကို ပြောပြီးနောက် သတိထားမိချိန် လပြည့်ဝန်းကြီးဟာ ကောင်းကင်၌ နေရာယူလို့နေသည်။

အစ်ကိုက လပြည့်ကြီးကို တစ်ချက်ကြည့်လို့ ပြုံးလိုက်သည်။

"ကိုယ် မင်းကို အနမ်းပေးလို့ ရနိုင်မလား"

ဖြေးညှင်းစွာ ခေါင်းလေးညိတ်တော့ နှဖူးပြင်ပေါ် အနမ်းတစ်ချက် ရောက်လို့လာသည်။

"ရေနတ်သမီးပန်းချီကားထက် မင်းရဲ့ အချစ်ဦး ပုံပြင်လေးက ပိုလှပါတယ်။ ဒီလိုလေး ကြည်နူးစရာ ချစ်ခြင်းမေတ္တာတွေကြောင့်ပေါ့"

နှဖူးပြင်လေးကို ထိကပ်ထားရင်းမှ အစ်ကိုက တိုးသဲ့သဲ့ စကားဆိုသည်။

"ကျွန်တော့်ကို ‌လရောင်အောက်မှာ ထပ်ပြီး အနမ်းတွေ ပေးလှည့်ပါဦး"

အစ်ကို့ ရယ်သံလွင်လွင်လေးနဲ့အတူ ရေနတ်သမီးပန်းလေးဟာ ယိမ်းထိုးကြပြန်ပါသည်။

ထို့နောက်မှာတော့ နှုတ်ခမ်းလွှာတွေထံသို့ ချဉ်းကပ်လာသည့် ကြင်ကြင်နာနာ အနမ်းတွေ...

မျက်ဝန်းတွေ မှိတ်ချလိုက်ကာ အနမ်းတွေကို ခံယူမိတော့ တလက်လက်တောက်နေသည့် ကြယ်ကလေးတွေဟာ မှိတ်တုတ်မှိတ်တုတ်ဖြင့် အမှောင်ရီပျိုးလို့ နေတော့သည်။

.

.

ပြီးဆုံးသွားခဲ့မို့ ဝမ်းသာပီတိဖြစ်မိသလို လွမ်း‌မိတာလည်း အမှန်ပါရယ်။ ရှည်ကြာသွားပေမယ့် အခုလိုထိ အတူတူ ရှိပေးကြလို့ ကျေးဇူးတင်ပါတယ်နော်


(ရေနတ်သမီး ပန်းလေးတွေ)

VictoryKimTae

January 18, 2024

Zawgyi

အျပာေရာင္ ေဆးတခ်ိဳ႕ကို စုတ္တံနဲ႔ သဲ့ယူလိုက္ၿပီး canvas ေပၚ ျဖန္႔ခ်လိုက္သည္။

ထို႔ေနာက္ အျဖဴေရာင္ ေဆးသားတခ်ိဳ႕ကို brush နဲ႔ အနည္းငယ္မွ် အေရာင္တင္လိုက္သည္။

မၾကာခင္ေတာ့ အဆုံးသတ္ေတာ့မည့္ ထိုပန္းခ်ီကား... အေဖ့အတြက္ လက္ေဆာင္ေလးဟူလည္း မမွားေပ။

ေကာင္းကင္ျပာေအာက္မွာ ၿပဳံးေပ်ာ္ေနသည့္ အေဖရယ္၊ ‌အေမရယ္... ဒီေလာက္‌ဆို အေဖ့အတြက္ အမွတ္တရေကာင္းေလး ျဖစ္ေလာက္မည္။

"နားပါဦးလား"

အစ္ကိုက ရႈပ္ပြေနသည့္ ေရခြက္ေတြရယ္၊ ကုန္သြားလို႔ ျပန္႔က်ဲထားသည့္ ေဆးဘူးေတြကို ရွင္းေပးရင္းမွ လွမ္းေျပာသည္။

"ၿပီးေတာ့မွာ အစ္ကိုရဲ႕"

"ႏိုင္ငံျခား အဝင္ဖုန္း... ကိုရိန္းဆီကလား"

စုတ္တံကို ကိုင္ထားရင္းမွ တန္႔သြားမိသည္။ ဒီေကာင္က ဒီကိုေရာက္ေနသည့္ ၆ လ လုံးလုံး ဖုန္းေတာင္ ဆက္ေဖာ္မရပါဘူး။

ကြၽန္ေတာ္ကလည္း အေဖ့ က်န္းမာေရးေၾကာင့္ မအားလပ္၍ မဆက္မိျခင္း

"မင္းေရာ အသက္ရွိေသးရဲ႕လားလို႔ လွမ္းဆက္လိုက္တာ.. Taehyung တို႔မွာ ဆရာနဲ႔ ေတြ႕တာနဲ႔ ငါ႔ကို ေမ့ထားေတာ့တာ"

ကိုရိန္းကေတာ့ ကိုရိန္းပါပဲ။ ဘယ္အရြယ္ပဲေရာက္ေရာက္ ဒီလိုစကားေတြနဲ႔ ခပ္ရြဲ႕ရြဲ႕သာ ေျပာသည္။

"Carlos ဆီကေန မင္းအေၾကာင္း ၾကားတယ္ေနာ္။ ဗီဗီ့အနားပဲ ကပ္ေနတာဆို"

"အဟြန္း... မဟုတ္ပါဘူး သူ့အ‌ေဒၚက အေႂကြးကိစၥနဲ႔ ခဏခဏ လာေနေတာ့ ေစာင့္ေရွာက္ေပး႐ုံပါပဲ"

speaker ဖြင့္ထားသည္မို႔ အစ္ကိုလည္း ၾကားလိုက္ရသည္။ ႏွစ္ေယာက္သား ၿပိဳင္တူၿပဳံးလိုက္မိၾက၏။

ဒီေကာင့္အေၾကာင္း မသိတာ မွတ္လို႔...

"ငါ... ငါ အနားယူေတာ့မယ့္အေၾကာင္း မင္းကို ေျပာမလို႔"

ဒီတစ္ခါေတာ့ စြံ႕အသြားရသည္မွာ ကြၽန္ေတာ္ရယ္သာ...

"Championship ပြဲေတြ လာဦးမွာေပမယ့္ ငါ အနားယူေတာ့မလို႔ေလ။ ၿပီးေတာ့ ဒါက ငါ ဝါသနာႀကီးတဲ့ အလုပ္မဟုတ္ဘူး ထင္တာပါပဲ။ ဗီဗီနဲ႔ ေျပာၾကည့္ေတာ့ ငါ႔ စိတ္တိုင္းက် ဆုံးျဖတ္ဆိုလို႔ေလ"

ကြၽန္ေတာ္က ခ်က္ခ်င္းကို ဒုတိယေနရာဆီ ေရာက္သြားပုံ ရပါသည္။ ကိုရိန္းက ဘာပဲလုပ္လုပ္ ကြၽန္ေတာ့္ကို ပထမဆုံး ေျပာတတ္ပါသည္။

အခုေတာ့ ဗီဗီယာနာဟာ ပထမဆုံး ျဖစ္သြား၏။ စိတ္မေကာင္း ျဖစ္မိျခင္းမဟုတ္ဘဲ ကိုရိန္းအတြက္ ဝမ္းသာပီတိေလး ေပၚလာသည္။

ဒီလိုဆို ကိုရိန္းရဲ႕ ေအးစက္စက္ ႏွလုံးသားတံခါး အရည္ေပ်ာ္က်သြားၿပီ ျဖစ္၏။

"မင္း ပရိသတ္ေတြေတာ့ အားေလ်ာ့ကုန္ေတာ့မွာပဲ။ အဆင္မေျပတာ ရွိေနလို႔လား"

"ဒီလိုကစားနည္းေတြက ငါ႔အႀကိဳက္လည္း မဟုတ္ခဲ့ဘူးကိုး... ၿပီးေတာ့ အရင္က တျခားအေၾကာင္းေၾကာင့္ပါ"

ကိုရိန္း အသံဟာ တိမ္ဝင္သြားေတာ့ အစ္ကိုက လွမ္းၾကည့္လာသည္။

"တျခား အေၾကာင္း... ငါ မသိေသးတဲ့ မင္းအေၾကာင္း ရွိေသးတာလား"

ကိုရိန္းဆီမွ သက္ျပင္းသဲ့သဲ့ခ်သံ‌ေၾကာင့္ အစ္ကိုက ေခါင္းယမ္း၍ အရိပ္အကဲ ျပပါသည္။

"မင္း ဘာပဲ လုပ္လုပ္ အားေပးေနမွာမို႔ မင္း လုပ္ခ်င္တာကိုပဲ ႀကိဳးစားေနာ္။ ၿပီးေတာ့ မင္းကို လာေတြ႕ပါဦးမယ္။ အစ္ကိုကလည္း ေတြ႕ခ်င္ေနတာ "

"ဗီဗီ့ကို ကိုရီးယားလိုက္ပို႔ရင္း လာခဲ့မယ္"

ကိုရိန္းဆီက ရယ္သံေႏွာသည့္ စကားေလး ထြက္လာေတာ့ ကြၽန္ေတာ္ ၿပဳံးလိုက္မိသည္။

ကိုရိန္း ဖုန္းက်သြားေတာ့မွ အစ္ကိုက အနားကို ေရာက္လို႔လာသည္။

"ဗီဗီယာနာဆိုတာ မင္းေျပာေနက် ေကာင္မေလးလား။ ကိုရိန္းနဲ႔ သေဘာတူတယ္ ဆိုၿပီးေလ"

"ဗီဗီက ကိုရိန္းကိုၾကည့္ရင္ မ်က္ဝန္းေတာက္ေတာက္ေလးေတြနဲ႔မို႔ အဲအခ်ိန္ကတည္းက သတိထားမိသြားတာ... အခုေတာ့ သူတို႔ တြဲၾကေတာ့မွာထင္တယ္"

အစ္ကိုက ၿပဳံးလို႔ ညအိပ္မီးကို ပိတ္လိုက္သည္။

"သူမ်ားအေၾကာင္း ေျပာတာရပ္ၿပီး ကိုယ္တို႔အေၾကာင္း ေျပာရေအာင္"

"ဘာလို႔ မီးကို ပိတ္လိုက္တာလဲ။ စကားေျပာမွာဆို"

"မင္းပဲ အသင့္ျဖစ္ၿပီလို႔ ေျပာထားတယ္ မဟုတ္လား ကေလးေလးရဲ႕"

ကြၽန္ေတာ့္ ပါးႏွစ္ဖက္ဟာ ရဲတက္သြားၿပီး ပူထူလာရသည္။ မီးေရာင္ပိတ္လိုက္သည္ကိုေတာင္ စိတ္ထဲ၌ ေက်းဇူးတင္လိုက္မိေသး၏။

အစ္ကိုက ေခါင္းကိုငုံ႔လို႔ ႏႈတ္ခမ္းထက္ကို အနမ္းေပးသည္။

"အစ္ကိုလည္း အသင့္ျဖစ္ေနၿပီ"

ကြၽန္ေတာ့္ဆီက ျပန္ေျဖသံ မထြက္လာဘဲ အစ္ကို႔ အသက္ရႈသံတခ်ိဳ႕သာ ပါးျပင္ေပၚသို႔ လာ႐ိုက္ခတ္သည္။

အခန္းတြင္း အပူရွိန္ေၾကာင့္လား၊ ကိုယ္တြင္း အပူရွိန္ေၾကာင့္လား မသိႏိုင္သည္အထိ လႈိက္တက္လာသည့္ အပူလႈိင္းေတြ

ျပင္းပ်သည့္ စိတ္ဆႏၵေတြနဲ႔အတူ ညတာလည္း ရွည္လို႔ ကြၽန္ေတာ္တို႔လည္း အေသြးသားေတြ ေရာယွက္လို႔ သြားေတာ့သည္။

.

.

ကိုရိန္းနဲ႔ ဖုန္းေျပာၿပီးေနာက္ သုံးရက္အၾကာမွာေတာ့ Korain Garcia အနားယူလိုက္ၿပီ ဆိုသည့္ သတင္းဟာ တစ္ကမၻာလုံးမွာေတာင္ တဟုန္းဟုန္းေတာက္လို႔ ႐ိုက္ခတ္သြားသည္။

Champion တစ္ေယာက္ ျဖစ္ခဲ့သည့္အျပင္ စပိန္မွာအျပင္ ကမၻာ့ႏိုင္ငံတခ်ိဳ႕မွာလည္း လူႀကိဳက္အမ်ားဆုံး အားကစားသမားမို႔ ပရိသတ္ေတြဟာေတာ့ ဝမ္းနည္းရရွာသည္။

အျမတ္ႀကီးစား ပြဲစီစဉ္သူတခ်ိဳ႕ဟာေတာ့ တက္လမ္းေတြ အမ်ားႀကီးရွိသည့္ ကစားသမားကို ဆုံးရႈံးလိုက္ရေသာေၾကာင့္ ႏွေျမာတသျဖင့္ ရင္ထုလို႔ေနသည္။

သို႔ေသာ္ ကိုရိန္းကေတာ့ ဗီဗီယာနာနဲ႔အတူ date ေနၿပီျဖစ္ေၾကာင္း တရားဝင္ထုတ္ျပန္ၿပီး လူထုကို အုံႂကြေစခဲ့ျပန္ပါသည္။

ဗီဗီယာနာ ပရိသတ္တခ်ိဳ႕က ကိုရိန္းနဲ႔ သေဘာမတူဘဲ ျငင္းဆန္၍ သေဘာတူသည့္ လူထုၾကား ဆူပူသည့္ ရန္ပြဲေတြအထိ ျဖစ္သြားၾကသည္။

တစ္ရက္ကေန တစ္လ၊ တစ္လမွ တစ္ႏွစ္ၾကာၿပီးေနာက္ တီးတိုး စကားသံတခ်ိဳ႕ ရပ္စဲလို႔သြားသည္။

ရပ္စဲသြားသည့္ အေၾကာင္းမွာ လူေတြ မထင္မွတ္ထားသည့္ လက္ထပ္ပြဲေၾကာင့္သာ ျဖစ္၏။

ကိုရိန္းဂါစီယာ ဟာ ေမြးရပ္ေျမျဖစ္သည့္ ကိုရီးယားကို ျပန္၍ ဗီဗီယာနာကို ရင္းႏွီးသည့္ မိတ္ေဆြတခ်ိဳ႕ေရွ႕၌ လက္ထပ္ခြင့္ေတာင္းခဲ့ပါသည္။

ႀကီးက်ယ္ခမ္းနားသည့္ ပကာသနေတြကို ပုံေအာေပးျခင္း မဟုတ္ဘဲ နက္ရႈိင္းသည့္ ေမတၱာတရားကို ထုတ္ျပလို႔ လက္ထပ္ခြင့္ေတာင္းျခင္း ျဖစ္၏။

ဗီဗီယာနာရဲ႕ အၿပဳံးႏုႏုဟာ မဂၤလာပြဲ၌ ျပန္႔က်ဲလို႔ေနသည္။

ကိုရိန္းကေတာ့ ေခါင္းကိုေမာ့လို႔ ဦးစြာ လက္ထပ္ၿပီမို႔ Taehyung တို႔ ႏွစ္ေယာက္ကို ေပေစာင္းေစာင္းျဖင့္ ၿပဳံးျပလို႔ေနသည္။

"ငါက အရင္ ဦးသြားတာ"

ႏႈတ္ခမ္းလႈပ္႐ုံမွ်ေျပာေတာ့ Taehyung က Jungkook လက္ေမာင္းကို မနာေအာင္ တစ္ခ်က္႐ိုက္သည္။

"အစ္ကို႔ကို သူတို႔ထက္ အရင္ယူမယ္လို႔ ေျပာခဲ့တာကို... ေရနတ္သမီးပန္း ၾကည့္ၿပီးမွ ယူမယ္လုပ္လို႔ အခုေတာ့ ေနာက္က်သြားၿပီ"

ဆူေအာင့္ေအာင့္ေျပာေတာ့ Jungkook က အသာၿပဳံးသည္။

"ကိုကိုက မင္းနဲ႔ ရည္းစားဘဝမွာ ေရနတ္သမီးပန္းကို ၾကည့္ခ်င္လို႔ပါ"

Taehyung တစ္ခုခု ေျပာရန္ ျပင္လိုက္ၿပီးမွ သတို႔သမီး ပန္းစည္းပစ္ေတာ့မည္မို႔ အရွိန္သတ္လိုက္ရသည္။

လက္ကို ဆန္႔ထုတ္လို႔ ပန္းစည္းကို လွမ္းယူလိုက္ေသာ္လည္း ေတာင့္ေတာင့္ႀကီး ရပ္ေနသည့္ Jungkook ထံသို႔ ပန္းစည္းဟာ ျပဳတ္က်သြားသည္။

ရင္ဘတ္ကို လာ႐ိုက္သည့္ ပန္းစည္းကို ေကာက္ယူလိုက္ၿပီး Taehyung ဘက္ကို လွည့္ကာ

"ကိုယ့္ကို လက္ထပ္ႏိုင္မလား"

ျဖည္းျဖည္းေလး ညိတ္က်လာသည့္ ေခါင္းကေလးရယ္၊ ၾကင္ၾကင္နာနာ အနမ္းေတြနဲ႔အတူ အားေပးသည့္ လက္ခုပ္သံေတြျဖင့္ လက္ထပ္ပြဲဟာ ၿပီးေျမာက္လို႔သြားသည္။

.

.

ေႏြဦးကို တစ္ဖန္ျပန္ေရာက္လို႔လာေတာ့ Wales ကို အေရာက္လာခဲ့ၾကသည္။

Jungkook ရဲ႕ ေက်ာင္း အေျပာင္းအေရႊ႕က ဦးစားေပး ျဖစ္ေသာ္လည္း ေရနတ္သမီးပန္းေတြ ၾကည့္ရန္ဟာလည္း တန္းတူျဖစ္လို႔ေနသည္။

"ကေလးေလး... ကိုယ္ ေျပာင္းေရႊ႕စာ က်ၿပီ"

အစ္ကိုက စာရြက္အထပ္လိုက္ကို သိမ္းႀကဳံးယူလို႔ ကြၽန္ေတာ့္ထံ ျပလာသည္။

"မင္းနဲ႔အတူ လိုက္ေနေတာ့မွာ"

ေျပာင္းေရႊ႕ရသြားသည့္ အစ္ကိုဟာ ကေလးတစ္ေယာက္လို ၿပဳံးေပ်ာ္လို႔ ပန္းခင္းဆီ သြားသည့္ လမ္းတစ္ေလွ်ာက္ အသံဆာဆာေလး ျဖစ္လို႔ေနသည္။

ေႏြဦးဟာ သိပ္ၿပီး ခ်မ္းစိမ့္သည္ရယ္လို႔ေတာ့ မဟုတ္။ ေႏြးေႏြးေထြးေထြးနဲ႔ ေအးျမျမလည္း ရွိပါသည္။

ေႏြးေထြးသည္မွာေတာ့ ကြၽန္ေတာ့္လက္ကို တြဲထားသည့္ အစ္ကို႔လက္ေတြေၾကာင့္ ျဖစ္၏။

ေႏြဦးေရာက္လွ်င္ေတာ့ Wales မွာ ေရနတ္သမီးပန္းေတြ လႈိင္လို႔ေနသည္။ ႏိုင္ငံရဲ႕ National Flower ျဖစ္သည္ေၾကာင့္လည္း ပါ၏။

ေႏြဦးရဲ႕ အေငြ႕အသက္ေတြ၊ ေနေရာင္ေအာက္မွ ေရႊဝါေရာင္ႏွင္းပန္းေတြ... ပြင့္ဖတ္ေပၚ၌ တြဲခိုေနသည့္ ေရစက္ကေလးေတြ

"အမ်ားႀကီး လွတယ္ "

သေဘာတက် ၿပဳံးလို႔ ေျပာေတာ့ အစ္ကိုက ကြၽန္ေတာ့္ လက္ဖမိုးကို ဆုပ္ကိုင္၍ တစ္ခ်က္ ဖိနမ္းသည္။

"‌ေႏြဦးမွာ မင္းနဲ႔အတူ ေရနတ္သမီးပန္းေတြ ၾကည့္ႏိုင္ဖို႔က ကိုယ့္အိပ္မက္ပါပဲ"

ေလညႇင္းက သယ္ေဆာင္လာသည့္ ပန္းရနံ႔ေတြ.. ဒီလိုမ်ိဳးပဲ ႏူးညံ့လို႔၊ ေမႊးႀကိဳင္လို႔ပါပဲ။

မ်က္စိတစ္ဆုံး ျမင္ေနရသည့္ ပန္းခင္းကို ၾကည့္လို႔ ကြၽန္ေတာ္ ၿပဳံးလိုက္မိသည္။

ေလညႇင္းနဲ႔အတူ ယိမ္းထိုးလို႔ ကခုန္ေနသည့္ ေရနတ္သမီးပန္းေတြကို ေရွ႕ထား၍ ညေရာက္သည္အထိ အမွတ္တရတခ်ိဳ႕ကို အစေဖာ္ခဲ့ၾကသည္။

ကြၽန္ေတာ္တို႔ စေတြ႕ပုံ၊ ခ်စ္ႀကိဳးကေလး ၿငိတြယ္လာပုံ၊ ေမတၱာတရားေတြ ဆတိုးလို႔ ပြားလာပုံ... အမ်ိဳးစုံေသာ အေၾကာင္းအရာ တခ်ိဳ႕ကို ေျပာၿပီးေနာက္ သတိထားမိခ်ိန္ လျပည့္ဝန္းႀကီးဟာ ေကာင္းကင္၌ ေနရာယူလို႔ေနသည္။

အစ္ကိုက လျပည့္ႀကီးကို တစ္ခ်က္ၾကည့္လို႔ ၿပဳံးလိုက္သည္။

"ကိုယ္ မင္းကို အနမ္းေပးလို႔ ရႏိုင္မလား"

ေျဖးညႇင္းစြာ ေခါင္းေလးညိတ္ေတာ့ ႏွဖူးျပင္ေပၚ အနမ္းတစ္ခ်က္ ေရာက္လို႔လာသည္။

"ေရနတ္သမီးပန္းခ်ီကားထက္ မင္းရဲ႕ အခ်စ္ဦး ပုံျပင္ေလးက ပိုလွပါတယ္။ ဒီလိုေလး ၾကည္ႏူးစရာ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ေပါ႔"

ႏွဖူးျပင္ေလးကို ထိကပ္ထားရင္းမွ အစ္ကိုက တိုးသဲ့သဲ့ စကားဆိုသည္။

"ကြၽန္ေတာ့္ကို ‌လေရာင္ေအာက္မွာ ထပ္ၿပီး အနမ္းေတြ ေပးလွည့္ပါဦး"

အစ္ကို႔ ရယ္သံလြင္လြင္ေလးနဲ႔အတူ ေရနတ္သမီးပန္းေလးဟာ ယိမ္းထိုးၾကျပန္ပါသည္။

ထို႔ေနာက္မွာေတာ့ ႏႈတ္ခမ္းလႊာေတြထံသို႔ ခ်ဉ္းကပ္လာသည့္ ၾကင္ၾကင္နာနာ အနမ္းေတြ...

မ်က္ဝန္းေတြ မွိတ္ခ်လိုက္ကာ အနမ္းေတြကို ခံယူမိေတာ့ တလက္လက္ေတာက္ေနသည့္ ၾကယ္ကေလးေတြဟာ မွိတ္တုတ္မွိတ္တုတ္ျဖင့္ အေမွာင္ရီပ်ိဳးလို႔ အလင္းကိုလည္း ေပးေနၾကေတာ့သည္။

.

.

ၿပီးဆုံးသြားခဲ့မို႔ ဝမ္းသာပီတိျဖစ္မိသလို လြမ္း‌မိတာလည္း အမွန္ပါရယ္။ ရွည္ၾကာသြားေပမယ့္ အခုလိုထိ အတူတူ ရွိေပးၾကလို႔ ေက်းဇူးတင္ပါတယ္ေနာ္

(ေရနတ္သမီး ပန္းေလးေတြ)

VictoryKimTae

January 18, 2024

Continue Reading

You'll Also Like

3.5K 89 12
Maya is best friends with Riley. Maya has always liked her brother Lucas, but doesn't know how he feels. How will she deal with her feelings, will sh...
15.3K 1.6K 21
"မင်းငါ့ကိုမချစ်လဲ လက်ထပ်ရမယ်..." Kim Taehyung × Jeon jungkook Top-Jeon jungkook botton-Kim Taehyung start date-12.5.2024 end date-2.6.2024
18.4K 237 7
Drex and Invisible Brad are both jealous of Kid Danger. They want him gone. Forever. What happens when these two team up to get rid of Kid Danger? He...
1.3M 57K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC