ဆေးရုံနားက ကော်ဖီဆိုင်လေးမှာ အစ်မ heather နဲ့အတူ ထိုင်နေကြသည်။ အစ်ကိုကတော့ ကျွန်တော့်ကို တစ်လှည့် လှမ်းငေးလို့ နေ၏။
"Heather တို့ မတွေ့တာ အတော်ကြာသွားပြီပဲ။ အစ်ကို စစ်မှုထမ်းပြီးပြန်လာတော့ Heather က show အတွက် Paris ကို ရောက်နေခဲ့တာ။ Heather ပြန်ရောက်လာတော့ အစ်ကို့ သတင်း မကြားရတော့ဘူး။ Wales ကို ထွက်သွားတယ်ဆိုလား ဒီလောက်ပဲ သိခဲ့ရတယ်"
အစ်မ Heather က အစ်ကို့ဘက် လှည့်လို့ ပြောပါသည်။ လူ ၃ ယောက် ပါသည့် စကားဝိုင်းမှာ ကျွန်တော်ဟာ အပြင်လူလို ထိုးထွက်နေတာ
"အင်း Wales ကို သွားပြီး တစ်စုံတစ်ယောက်ကို စောင့်နေခဲ့တာပါ။ အခုတော့ ကိုယ် ရှာတွေ့သွားခဲ့ပါပြီ"
အစ်ကိုဟာ ကျွန်တော့်လက်ကို ဆုပ်ကိုင်လျက် ပြုံးလို့ နေပါသည်။ အစ်မက ကျွန်တော့်ကို တစ်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်သည်။
"မင်းက နာမည်ကြီး ပန်းချီဆရာတောင် ဖြစ်နေပြီဆို မမ မင်းအတွက် ဝမ်းသာပါတယ်"
"ကျေးဇူးတင်ပါတယ်"
စကားဝိုင်းဟာ တစ်ခါပြန်ပြီး တိတ်ဆိတ်သွားသည်။ ကော်ဖီတွေတောင် အေးကုန်ရောမို့ တစ်ငုံသောက်ကြည့်တော့ ခါးသက်သက်ရယ်ပါ။
သို့ပေမယ့် အတိတ်က ဖြစ်ရပ်တချို့ကို ပြန်မြင်ယောင်မိတော့ ကော်ဖီ ခါးခါးက အခါးဓာတ်လျော့သွားသည်။
"Heather ကို မိတ်ဆက်ပေးချင်လို့ပါ။ Taehyung က ကိုယ့် ချစ်သူ၊ ကိုယ် လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ တစ်ဦးတည်းသော သူပါ။ မင်းနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားပေမယ့် ကိုယ်တို့တွေ နောက်ထပ် မတွေ့ကြရဖို့ မျှော်လင့်မိပါတယ်။ Taehyung ကို စိတ်မကောင်းဖြစ်အောင် မလုပ်ချင်လို့ပါ"
ကော်ဖီခွက်ကို ကိုင်ထားသည့် ကျွန်တော့်လက်ချောင်းတေွဟာ တုန်ရီလို့နေပါသည်။ မမေ့နိုင်သည့် အတိတ်ကို ခါးခါးသက်သက်ပင် မေ့ထားခဲ့သည် မဟုတ်ပါလား။
ရုတ်တရက်ကြီး အတိတ်တွေကို သတိရဖို့ အကြောင်းဖန်လာချိန်မှာတော့ ကျွန်တော့် နှလုံးသားဟာ အနာတရ ဖြစ်သွားပါသည်။
YOU ARE READING
Kissing In The Moonlight [Completed]
Fanfictionလရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပေးမယ်။ မသေချာတဲ့ အနာဂတ်ကို တမ်းတပြီး စိတ်ကူးယဉ်နေမှာထက် သေချာတဲ့ ပစ္စုပ္ပန်မှာ ပိုချစ်သွားပါ့မယ် start: October 15, 2023 end: January 18, 20...