Chapter 7

1.3K 183 50
                                    

ကျောင်းတက် ခေါင်းလောင်းသံ မြည်နေပြီမို့ ကိုရိန်းက လက်ကို အတင်းဆွဲကာ ခပ်သုတ်သုတ် ပြေးရပြန်ပါသည်။

တချို့ရက်တွေ နောက်ကျလျှင်တော့ ဒီလိုပဲ အလောတကြီး ပြေးရတာမျိုး ဖြစ်၏။ ကျောင်းဝန်း တံခါးဝကို ရောက်တော့ တံခါးစောင့်ရန် တာဝန်ကျသည့် သိပ္ပံဆရာက ကြိမ်လုံးတစ်ချောင်းကိုင်ကာ တား ထားသည်။

ထို့နောက် နှုတ်ခမ်းမှာလည်း ဝီစီမှုတ်လို့ ကျောင်းသားတွေကို ဝင်ခွင့်မပေးတော့ပါဘူး။ ကိုရိန်းက ကျွန်တော့်ကို တစ်လှည့်ကြည့်ကာ မျက်မှောင်ကုပ်သည်။

"မင်းက နှေးတုံ့နှေးတုံ့ သွားနေတာကိုး"

ကျောပိုးအိတ်ကို ကျစ်ကျစ်ဆုပ်ကိုင်ထားရင်း ကျွန်တော့်ဘက်လည်း ဆူပုတ်ပုတ်ကြည့်ကာ အပြစ်တင်‌လို့ နေပါသည်။

"ကိုရိန်းကလည်း... ငါလည်း မြန်မြန်သွားတာပဲဟာ။ သူ့ဟာသူ ခြေထောက်က နောက်ကျနေတာ ဘယ်လိုလုပ်ရမှာလဲ။ မင်းပဲ ကုန်းပိုးပြီး သွားပါရောလား"

ကိုရိန်းက ဆံပင်တွေ ထိုးဖွပြီး မျက်မှောင်ကုပ်ကာ ကြည့်၏။

ထို့နောက်မှာတော့ ဆရာဟာ နောက်ကျသည့် ကျောင်းသားတွေကို ကျောင်းအဆောင် ဝင်ပေါက်ရှေ့မှာ တန်းစီ ရပ်ခိုင်းပါသည်။

ကျောပိုးအိတ်တွေချကာ ဒူးထောက်ရင်း လက်မြှောက်ထားရပါသေးသည်။ ကျောင်းသားတိုင်းက မျက်နှာမဲ့လို့ သိပ္ပံဆရာကို ကြည့်နေရတော့သည်။

"ဘာဖြစ်လို့လဲ မသိဘူး"

အသံကြောင့် ကျွန်တော့် မျက်နှာလေးဟာ မထားတတ်အောင် ပျက်ယွင်းသွားပြီး အောက်ငိုက်စိုက်ချထားလိုက်မိသည်။

အောက်ငိုက်ထားသည်မို့ ပြောင်လက်နေသည့် ရှူးဖိနပ် နက်ပြာရောင်လေးသာ မြင်နေရပါသည်။ သို့သော် ဒီဖိနပ်လေးဟာ ဘယ်သူများလဲလို့ မေးနေစရာ မလိုအောင်အထိ နှလုံးသားက သိနေခဲ့ခြင်း...

"ကလေးတွေပေါ့... စောစောလည်း မထကြဘူး။ အချိန်လည်း မလေးစားဘူးလေ ဆရာဂျွန်ရယ်"

သိပ္ပံဆရာက ရယ်မောကာ ပြောနေသည်မို့ ဆရာကလည်း ခေါင်းညိတ်ကာ အသိအမှတ်ပြု၏။

Kissing In The Moonlight [Completed]Where stories live. Discover now