Chapter 6

1.3K 171 51
                                    

အိမ်ရှေ့မှာ ဘဲလ်မြည်နေသည်မို့ ခပ်သုတ်သုတ် ပြေးထွက်လာရသည်။ အမေ့ကို လှမ်းအော်ပြောလိုက်ပေမယ့် အမေကလည်း မကြားဘူး ထင်၏။

ခြံတံခါးကို ဆွဲဖွင့်လိုက်တော့ ခေါင်းစွပ်မပါသည့် Hoodie မီးခိုရောင်လေးနဲ့ ဆရာက ရပ်နေပါသည်။

"ဆရာ..."

အနောက်ဘက်မှာက Porsche ကား အဖြူရောင်လေး ရပ်ထားပါသည်။ ဆရာက အမြဲတမ်း တွေ့နေကျတွေလို လူကြီးဆန်ဆန် အပြင်အဆင်မျိုး မဟုတ်ဘဲ လူငယ်ဆန်ဆန်လေး ပြင်ဆင်ထားသည်။

ထို့နောက် ဆံပင်တွေကို နှဖူးပေါ်ကို ဖရိုဖရဲ ချထား‌ပါသေးသည်။ အခုတော့ ဆရာက ကျွန်တော်တို့ ဆယ်ကျော်သက်တွေနဲ့ မတိမ်းမယိမ်းကဲ့သို့ ဖြစ်နေပါသည်။

"ဆရာနဲ့ မင်းရဲ့ မိဘတွေက ပြောစရာရှိတယ် ဆိုလို့လေ"

"ဟုတ်.. ဟုတ်ကဲ့ပါ ဆရာ။ အိမ်ထဲ ဝင်ပါဦး။အမေရေ အမေ... ဆရာရောက်နေပြီ"

အပေါက်ဝမှာ ပိတ်ရပ်ကာ ဆရာ့ကို ကြည့်နေမိသည်မို့ အားနာစွာ ခပ်သုတ်သုတ်လေး ဖယ်ပေးပြီး အမေ့ကို လှမ်းခေါ်ရသည်။

ဟုတ်ပါရဲ့... ဒီနေ့မှာ အင်္ဂလိပ်ဘာသာစကား သင်တန်းအတွက် အမေတို့က ဆရာနဲ့ ဆွေးနွေးမည် ဖြစ်သည်။

အိမ်ထဲကို ခေါ်လာလိုက်ကာ ဧည့်ခန်းမှာ ဆရာ့ကို ထားခဲ့လိုက်သည်။ ဆရာ့ အရှေ့ရောက်သွားလျှင် ဘာလုပ်လို့ ဘာကိုင်ရမည်လဲတောင် မသိတော့သည်မို့ မကြာခဏ အမှားလုပ်မိတတ်သေးသည်။

"မင်းရဲ့ ဆရာ ရောက်နေပြီဆို"

အဖေက အပေါ်ထပ်ကနေ ဆင်းလာရင်းက လှမ်းမေးသည်မို့ ခေါင်းညိတ်ပြလိုက်မိသည်။

"ဆရာ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က Taehyung ရဲ့ အဖေပါ"

ဧည့်ခန်းထဲကို မဝင်သေးဘဲ အခန်းဝကနေ ထောင့်ကပ်ကာ အတွင်းထဲကို ချောင်းကြည့်နေမိသည်။

ဆရာက လူယဉ်ကျေးလေးမို့ အဖေ့ကို ရိုရိုသေသေနဲ့ မတ်တပ်ကလေးရပ်ကာ နှုတ်ဆက်ပါသည်။

ထို့နောက် အပြုံးချိုချိုကလေးလည်း ပေးသေး၏။ သဘောတကျ ပြုံးမိရင်းက အမေဟာ အနောက်မှာ လာရပ်လို့နေသည်မှန်းတောင် မသိခဲ့ပါဘူး။

Kissing In The Moonlight [Completed]Where stories live. Discover now