CHANDLER { Ongoing }

By Xylo_19

187K 7.2K 337

Chandler Hayden β™‘ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 9 U

4.9K 260 22
By Xylo_19

"" Hello !! My Boy ! ""

"" ဘာကိစ္စနဲ့ ဖုန်းခေါ်တာလည်း !! ""

"" သူငယ်ချင်းလေးက ဆိုင်းမဆင့် ဘုံမဆင့် မြန်မာနိုင်ငံပြန်သွားတော့လည်း သတိရနေတဲ့လူက
ဖုန်းခေါ်ရတာပေါ့ ""

ချန်ဒလာ ဖုန်းကို စပီကာဖွင့်ကာပြောနေမိ၏။ယိမ်းယိုင်ကလည်း ဂရုမစိုက်သည့်ပုံဖြင့် အပြင်ဘက်သို့သာငေးနေသည်။ နည်းနည်းလေးတောင်စိတ်ဝင်စားခြင်းမပြ ။ ဒါပေမယ့်လည်း နားကားကားလေးတွေ နားစွင့်‌ထောင်နေသည်ကိုတော့သူသတိပြု‌မိပါသည်။

"" အရစ်မရှည်ပဲ ခု‌ဖုန်းခေါ်တာ ဘာကိစ္စလည်း ။
ကနေဒါမှာ ဒီချိန် ညချိန်မနည်းတော့ဘူးနော်
ကမ်မလီ ""

"" မြန်မာနိုင်ငံလာ‌မလို့ပေါ့ !! ""

"" အဟက် !! ဘာမွှေပြန်ပြီလည်း ! ""

"" ကျစ် ! ဘာမှမလုပ်ပါဘူးကွာ။
ဆေးရုံက လူနာစောင့်လေးတစ်ယောက်ကိုမလိမ္မာလို့ သူပါလူနာလေးဖြစ်အောင် လုပ်လိုက်မိတာ ဒါလေးကိုဝေဖန်တိုက်ခိုက်ခံနေရတယ် ! ""

""" အဲ့လိုဖြစ်နေလည်း မင်းက ဘယ်တုန်းက ဂရုစိုက်လို့လည်း ! ""

"" Yes ! အဲ့လိုဝေဖန်မှုတွေက ငါ့
Eye liner ဆွဲလို့မညီတာလောက်တောင် စိတ်သောကမဖြစ်ပါဘူး ""

ဟုတ်ပါသည် ကမ်မလီအသက် ၂၄ နှစ် ဆရာဝန်ဖြစ်ကာ ခုချိန်ထိ Eye liner ကိုဖြောင့်အောင်မဆွဲတတ်သူတစ်ဦးပင်။ makeup လိမ်းဖို့နေနေသာအမြဲမျက်နှာပြောင်။ဂျပန်၊ကနေဒါ ကပြားဖြစ်ကာ ရွှေအိုရောင်ဆံနွယ်တွေကို ပိုင်ဆိုင်ထားလေသည်။အဖေဖြစ်သူသည်လည်း လွှတ်တော်ဝန်အမတ်‌တွေထဲက တစ်ဦးဖြစ်၏။ကမ်မလီသည် အဖေတူသည်ပြောရမည် ကြမ်းကြမ်းတမ်းတမ်း‌မိန်းမသားမျိုးဖြစ်သည်။ အရပ်သည်လည်း ခန့်မှန်းခြေ 6 ပေးနီးပါးလောက်ထိရှည်သည်။ ထို့အတွေးကြောင့်ပင် ချန်ဒလာဘေးရှိကောင်လေး၏ အရပ်ကို ‌ခေါင်းစခြေဆုံးတစ်ချက်ကြည့်လိုက်သည် ။

' သူရင်ဘတ်လောက်သာရှိကာ တတ်ပု '

"" အင်း ! ဒါဆို အခုက !! ""

"" ငါ့ ဖားသားကြီး ဦးလေးတွေဆီပြန်ပို့မယ်လုပ်နေတယ် သူတို့ဆီသာရောက်ရင်ငါအသေအကျေပြန်လေ့ကျင့်ရမှာ !! ""

ဆာမူရိုင်းအနွယ်ဝင်တွေဖြစ်သည့်အတွက်
ပြင်းပြင်းထန်ထန်လေ့ကျင့်မှုတွေဟာလည်း ကျားမ မရွေး ညှာတာမှုမရှိသည်ကို ချန်ဒလာ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်ပင်။

"" အိုကေပါ ! မင်းလာမည့်အချိန်ကိုသာပြော
မတ်စ်ကို အကြို လွှတ်လိုက်မယ် ""

"" Ok ! My Boy !! ""

ဖုန်းသံတို့တိခနဲကျသွားမှ ယိမ်းယိုင်ကသူ့ဘက်သို့ပြန်လှည့်လာ၏။ ဘယ်သူလည်းဆိုတာ မေးချင်နေသည့်ပုံ ချန်ဒလာ မသိချင်အောင်ဆောင်ကာ ကားကိုသာမောင်းနေလိုက်သည်။ မေးတာစောင့်ရမည်လေ သူ့ဘက်က စပြီးဘာမှဖြေရှင်းချက်ပေးစရာမလို ‌
ပေးခဲ့လျှင် ချန်ဒလာမဟုတ် ။

ယိမ်းယိုင် ချန်ဒလာ ဖုန်းပြောနေသည့်တစ်လျှောက်လုံး " Hello My Boy နဲ့ Ok my boy " သာနားလည်လိုက်သည်။ English စကားကို သူသိပ်နားမလည်လှ။ ငယ်ငယ်ကတည်းကလည်း English စာအားနည်းသည့်အထဲ ပါလေသည်။ တစ်ခုခု မေးတိုင်းလည်းသူ့မှာ Google translate ကိုပြေးပြေးကြည့်နေရသည်သာ။မေးလည်းမေးချင်။ အခုသူနဲ့ရှိချိန်မှာ တောင် သူက တစ်ခြားတစ်ယောက်နဲ့ကြင်ကြင်နာနာပြောနေသည်တဲ့လား။

"" ခင်ဗျားလျှောက်တွေးမနေနဲ့ ! သူကကျုပ်သူငယ်ချင်း ""

"" ငါက အဲ့တာဘာလုပ်ရမှာလည်း ""

"" အဟက် ! ခင်ဗျားပုံ ကြည့်ရတာ အရမ်းသိချင်နေမယ်ထင်လို့ ! ""

ယိမ်းယိုင် မျက်မှောင်အနည်းငယ်မျှ ကြုတ်ကာ
ချန်ဒလာဘက်သို့ လှည့်ပြောလာ၏။

"" လဲသေလိုက် !! ""

"" ကျုပ်ခင်ဗျားကိုဘာမှမလုပ်ရသေးပဲ သေလို့မရသေးဘူး ! ""

"" မင်းနော် ငါ့ကိုပေါက်ကရတွေလာပြောမနေနဲ့ !! ""

အဟက် !!

ဘာမှပြန်မပြောတော့ပဲစီယာတိုင်ကို လက်တစ်ဖက်ထဲနဲ့ ကိုင်ကာမောင်းနေသူကို ယိမ်းယိုင်ကြည့်နေမိသည်။ မျက်တောင်မွှေးလေးတွေဟာ ဘေးတိုက်ကြည့်တော့ တော်တော်လေးရှည်သည်။ မျက်မှောင်တွေဟာလည်းဘယ်အချိန်ဖြစ်ဖြစ် ကျုံ့နေတတ်တော့ကာပါပဲ။ ချန်ဒလာပြုံးတာကိုမြင်ဖူးချင်သည်။ သူလိုလူပြုံးရင်ဘယ်လိုများနေလိုက်မလည်း။

"" ကျုပ်မျက်နှာမှာ ဘာရှိနေလို့လည်း ! ""

"" ဟင် ဘာမှ မရှိပါဘူး ! ""

"" ဒါလင်က အချိန်တော်တော်ကြာစိုက်ကြည့်
နေတာကို ""

"" မင်းမျက်တောင်မွှေးတွေက ရှည်တာပဲ ""

"" ခင်ဗျားတော့ အနမ်းခံချင်လို့ဂွင်ဆင်နေတာကို ""

"" ဘာကို .. မင်းဆုတောင်းလေ ""

ခုမှ ယိမ်းယိုင်သတိရသွားတော့သည်။ မောင်လို့မခေါ်တိုင်း နမ်းမည်ပြောထားသည်ကို ..

"" ကျုပ်‌ကားမောင်းနေလို့ ဒါလင် သက်သာသွားတယ်မှတ်ပါ ! ""

"" ကားမမောင်းလည်း မင်းက ဘာလုပ်နိုင်မှာ မို့လို့လည်း။ နမ်းပဲနမ်းတတ်တာကိုများ ""

"" နမ်းပဲနမ်းတတ်တာမဟုတ်ပါဘူး ! Dancing Car တွေလည်းလုပ်တတ်သေးတယ် !! ""

ထိုစကားကြောင့် ယိမ်းယိုင်မျက်နှာဟာရှိန်းခနဲ။

"" နှာဘူး ""

ယိမ်းယိုင် ခပ်တိုးတိုးလေးပြောကာ ကားမှန်အပြင်ဘက်သို့သာ‌ငေးမောနေလိုက်သည်။ သူ့ကိုနမ်းချင်လို့ဂွင်ဆင်တာမျိုးပဲ ဖြစ်ရအုန်းမည်။ နေရာက တစ်ဖြေးဖြေး အဆောက်အအုံတွေ တိုက်တွေကိုကျော်ဖြတ်လာကာ ကွင်းပြင်ကျယ်ကြီး တစ်ခုအနား၌ ရပ်ချသွားလေသည်။

"" ရောက်ပြီ ဆင်း !! ""

"" ဒါဘယ်နေရာကြီးလည်း ""

"" ဆင်းကြည့်စမ်းပါ !! ""

ယိမ်းယိုင်ခေါင်းတစ်ချက်ငြိမ့်ပြကာ ကားပြင်သို့ထွက်လိုက်သည်နှင့် ပန်းပေါင်းစုံရနံ့က နှာခေါင်းဝသို့တိုးဝင်လာခဲ့တော့သည်။ သူရှေ့နည်းနည်းလှမ်းကာဝင်ပေါက်ကိုကျော်လိုက်သည်နှင့် နှင်းဆီ ပန်းခင်းကြီးက ကြိုဆိုနေသည်။ တစ်နေရာနှင့်တစ်နေရာ သေချာစိုက်ပျိုးထားကာ သူမျိုးစေ့နှင့်အတူ ရောင်စုံပွင့်လန်းနေသည်။ Tulips ,Roses , Carnations , Marigolds , Dahlias,
Daisy,Aster,Peony, Jasmine ပန်းလေးတွေနဲ့ ကျယ်ပြန့်လှသည့် ခြံအကျယ်ကြီးဟာ ပြည့်နှက်လို့လေသည် ။ တစ်ချို့‌နေရာ‌လေးတွေဆို ပန်းပင်လေးတွေရောယှက်ကာပေါက်နေတတ်သေးသည် ။ ဥယျာဉ်မှူးက သေချာထိန်းသိမ်းထားပုံနှယ် ပန်းတစ်ပွင့်ချင်းစီတိုင်းသည်အပြစ်ပြောစရာမလိုအောင်လှပလွန်းနေသည်။ ဒါကြောင့်လည်းအချစ်ရေးတွေမှာ ပန်းပင်လေးတွေနှင့် ဥယျာဉ်မှူးကိုတင်စားကြသည်မဟုတ်ပါလား ။

ယိမ်းယိုင် ပန်းလေးတွေကို လက်ကနေ ဖွဖွလေးတိုက်သွားကာ မျက်နှာပေါ်၌လည်း အတိုင်းမသိ အပြုံးပန်းတို့ဟာပေါ်ထွက်လာခဲ့တော့သည်။

နောက်မှပါလာသည့် ချန်ဒလာဟာလည်း ရှေ့မှပြေးထွက်လာသည့် ကောင်လေးဆီအပြုံးတွေကို
အကြည့်လွှဲဖို့တစ်ချက်မျှမစွမ်းသာခဲ့ပါဘူး။

တစ်ချိန်လုံးရုံး၌ စိတ်မကြည်လင်မှုတွေက ခုမှစိတ်ကို ‌ကြည်လင်သွားခဲ့သည်။စိတ်ညစ်လာသည့်အချိန်တိုင်းပန်းတွေကိုကြည့်ရတာကြိုက်သည်။ ‌တိမ်တွေထူထပ်နေသည့် ကောင်းကင်ပြင်ကြီးရယ် ပန်းပေါင်းစုံပွင့်နေသည့် ပန်းခင်းကြီးရယ် နောက်ပြီးသူရယ်ချန်ဒလာရယ် ။

"" ငါ့ကိုဘာလို့ ဒီကိုခေါ်လာတာလဲ ""

"" ခင်ဗျားပုံစံက စိတ်ညစ်နေတဲ့ပုံစံကြီးမို့ သဘာဝတရားနဲ့ ‌နည်းနည်းလေးထိတွေ့ပေးလိုက်တာ။ တော်ကြာနေ အိမ်ပြန်ရောက်မှ စိတ်ညစ်လို့ရေမချိုးချင်ဘူးဆို ကျုပ်က သက်သက်မယ့်ဂျီးနံ့ရှုနေရအုန်းမယ်! ""

"" ငါဘယ်တုန်းက အဲ့လိုညစ်ပတ်ဖူးလို့လည်း ! ""

"" ခင်ဗျားသေချာလား ခင်ဗျားအိမ်သာတတ်ပြီး အိမ်သာထဲကပြန်ထွက်လာတာတောင်လက်ကိုဆပ်ပြာနဲ့ ပြန်ဆေးလို့လား ! ခုလည်း ကိုယ့်လက်ကို ပြန်အနံ့ခံကြည့်အုန်း ဝေါ့ ""

ဟန်မူယာနှင့် လက်ကရင်ဘတ်ကိုဖိလျှက် ပါးစပ်မှလည်း အန်နေသည့်ပုံစံပါလုပ်ပြနေသည်ကြောင့်သူမှာရှက်လာရတော့သည်။

"" မင်းတော်တော့နော် ! ""

"" ကျုပ်ထပ်သိတာရှိသေး ...
ဟေးဟေး!! ချီးကုန်းထားတဲ့ လက်ကြီးနဲ့
လာမကိုင်နဲ့ !! ""

ပါးစပ်ကို လက်ဖဝါးဖြင့် လာပိတ်မလို့ လုပ်နေသည်ကြောင့် သူမှာ အမြန်တိမ်းရှောင်းလိုက်ရသည်။

"" မင်းတော်တော့လို့ ငါပြောနေတယ် !! ""

"" အမှန်ပြောတာပဲ ဘာဖြစ်လဲ !!  "" 

ယိမ်းယိုင် တစ်ခြားသူတွေပါ ကြားသွားမလားအထင်ဖြင့် လှည့်ကြည့်သော်လည်းတစ်ခြံလုံး၌ သူတို့နှစ်ယောက်ထဲသာ။

"" တစ်ခြားလူတွေမရှိပါလား ""

"" ခင်ဗျားက လူရှုတ်ရင် မကြိုက်ဘူးလေ !
အဲ့တာကြောင့် တစ်မနက် ခနငှားထားတာ ""

"" အဲ့လိုရတာပဲလား ""

ချန်ဒလာ လက်ညှိုးနှင့်လက်မကိုဝိုင်းပြကာ ပုခုံးတစ်ချက် တွန့်ပြလိုက်၏။

"" Money is Power !! ""

"" ဟားဟား ဟုတ်ပါပြီ ""

ယိမ်းယိုင်၏သဘောတကျရီမောသံတို့ဟာလည်း လှိုက်လှိုက်လှဲလှဲ။

"" ငါတို့ ခြံကျယ်ကြီးထဲမှာလည်း
ငါပန်းစိုက်ချင်တယ် ""

"" ဘာပန်းစိုက်ချင်တာလည်း ! ""

"" လီလီပန်း ! မင်းကော
ဘာပန်းထပ်စိုက်ချင်လည်း ""

ချန်ဒလာ သက်ပြင်းတစ်ချက်ချလိုက်၏။ထို့နောက် ရှေ့ရှိကောင်လေး၏ နားပေါ်ဖုံးလာနေသည့်ဆံနွယ်ကောက်ကောက်လေးတွေကို နားနောက်သို့တစ်ချက်ညှပ်ပေးလိုက်ကာ ..

"" မင်းကပန်းတွေစိုက်ပါ ။ မောင်က
မင်းမျက်နှာပေါ်မှာ မောင့်ကြောင့်ဖြစ်တည်လာမယ့်
မောင့်အပြုံးပန်းတွေစိုက်ပျိုးပါ့မယ် ! ""

ယိမ်းယိုင်ထိုအပြုအမူကြောင့်ရင်ထဲရှိန်းမြမြဖြစ်သွားကာရှေ့ရှိလူကိုတစ်မေ့တစ်မောငေးကြည့်နေခဲ့မိသည်။သို့သော်လည်း ဆန္ဒကိုချုပ်ထိန်းချကာ
ချန်ဒလာ့ကို မျက်နှာသေဖြင့် တစ်ချက်ပြန်ကြည့်သည်။ သူမယုံကြည်ချင်သေး ...

"" မင်းငါ့ကို ဘာတွေ လာ‌ပြောနေတာလဲ ""

ပြန်ရိုမည်ထင်‌ထားသော်လည်း ပြန်မေးလာသည့်အမေးကြောင့်သူမှာ ချက်ချင်းဖြေဖို့တောင်အခက်တွေ့မိသွားသည်။

"" ရင် .. ရင်ထဲကစကားတွေ ! ""

လက်ပိုက်ကာ ခြေဖျားထောက်လျှက် ချန်ဒလာမျက်နှာနားထိ မမှီ့တမှီ အရပ်လေးနဲ့တိုးကပ်သွားကာ..

"" ဘယ်စာအုပ်ထဲကကျက်လာတာလဲ !
ဒီလိုနေရာမှာ အသုံးကျနေရင် မင်းကိုနာမည်ပြောင်းပေးလိုက်မယ် ""

"" ဘာတွေလာပြောနေတာလည်း ! ကျုပ်အတည်ပြောတော့လည်း ခင်ဗျားက ထထဖောက်တယ် !! ""

‌ပြောလည်းပြော ရှေ့ကနေ ခြေလှမ်းကျဲကြီးတွေဖြင့် ထွက်သွားသူနောက်ယိမ်းယိုင်အမှီလိုက်ရပြန်သည်။

ပန်းခင်းကြီးကိုခေါ်လာတာ ယိမ်းယိုင်ကို အပီအပြင်တော်ကီတွေနဲ့ချုပ်မယ်လို့ကြံထားတာပင်။
ကားပေါ်၌လည်း ဟယ်ရီဝယ်လာခဲ့သည့်စာအုပ်ကို
ရှေ့ပိုင်းတွေ‌ သေချာကျက်ထားတာကို ခုတော့စောက်တလွဲ။

"" မင်းဘာဖြစ်သွားတာလဲ ""

"" ကျုပ်က ဘာဖြစ်နေလို့လဲ။ ဘာဖြစ်ရမှာလဲ။
ဘာမှဖြစ်ဘူး !! ""

' ဘာမှမဖြစ်တဲ့လူက နှုတ်ခမ်းကြီးထော်နေသည်တဲ့လား' ယိမ်းယိုင်စိတ်ထဲ၌သာ မှတ်ထားလိုက်ပါသည်။

"" မဖြစ်လဲပြီးတာပဲလေ !! ""

မျက်စိက ဟိုဘက်ဒီဘက်လိုက်ကြည့်‌နေရင်းယိမ်းယိုင်၏ နောက်ဘက်ရှိ ပန်းပင်သေးသေးလေးတွေကိုအကြည့်ရောက်သွားတော့ ချန်ဒလာခေါင်းထဲ၌ အတွေးတစ်ခုဖြတ်သန်းသွားလေသည်။ထို့နောက် ထွက်သွားတော့မည့်ကောင်လေး၏ လက်ကလေးကို ဖမ်းဆုတ်လိုက်ကာ  ..

"" ယိမ်းဒါလင် ခင်ဗျားနောက်က ဘာပန်းလည်း ""

ယိမ်းယိုင်ကျောဘက်ရှိ ပန်းပင်ဘက်သို့တစ်ချက်
လည်ပြန်လှည့်ကြည့်ကာ ..

"" Kiss me ""

ပြွတ် !!

"" ဘာလုပ်တာလည်း ""

"" ခင်ဗျားပဲ Kiss me ဆို !! ""

"" ငါပြောတာ ဒီပန်းပွင့်က Kiss me လို့ ! ""

ပြွတ် !! ပြွတ် !!

"" ဘာလို့ထပ်နမ်းတာလဲ ! ""

"" ခင်ဗျားက ကျုပ်ရဲ့ ပန်းပွင့်လေးလေ ! ""

ချန်ဒလာ၏စကားသံကြောင့် ယိမ်းယိုင်၏မျက်နှာ ခပ်နုနုဟာဖုံးမရဖိမရအောင် နှင်းဆီပန်းပွင့်လေးတွေနှင့်အပြိုင် နီရဲနေတော့မည်ဆိုတာမလွဲဧကန်ပင်။

•~•~•~•~•~•~•~•~•~•~•~•~•~

"" ခင်ဗျား ဘယ်ဝင်ချင်သေးလည်း ""

လက်ထဲတွင် မျိုးစေ့အိတ်လေးကို ကိုင်ကာ အပြင်ဘက်သို့ငေးနေရာမှ ချန်ဒလာ့အသံကြောင့် သူ့ဘက်ကိုပြန်လှည့်ကြည့်လိုက်ကာ

"" အဖေ့ဆီဝင်ချင်သေးတယ် ""

လက်မှာပတ်ထားသည့်နာရီကိုတစ်ချက်ပြန်ငုံ့ကြည့်လိုက်သည်။ လက်တံတိုလေးက ၃ နာရီတွင်ညွှန်ပြတုန်းရှိသေးသည်ကြောင့်နည်းနည်းတော့ အချိန်ရသေးသည်ပင်။ ဒါကြောင့် ဘေးရှိခေါက်ဆွဲခြောက်ကို သူ့အဖေ့ဆီ ခဏပို့ခဲ့ကာ သူကတော့ လုပ်စရာတစ်ခုရှိသည်ကြောင့်ထပ်ထွက်ရအုန်းမည်ပင်။

"" ကောင်းပြီ !! ""

လမ်းဆုံ တစ်ခုရောက်လာသည့်အခါ ချန်ဒလာ၏ကားသည် ဘယ်ဘက်သို့ချိုးရမည့်အစား ညာဘက်သို့ပြောင်းချိုးလိုက်သည်။ တစ်နည်းဆို မြို့ပြင်ထွက်သည့်လမ်းပင်။ 

"" ဘယ်လို ဖြစ်လို့ညာဘက်ကိုချိုးလိုက်တာလဲ ""

ချန်ဒလာ နောက်ကြည့်ဘက်မှန်ကနေ အနောက်ကိုတစ်ချက်ပြန်ကြည့်ကာ ..

"" ကျုပ်တို့ကားနောက် ကားသုံးစီး လိုက်လာတယ် ""

"" ဟင် ""

ယိမ်းယိုင်ပြတင်းပေါက်အပြင်ဘက်သို့ခေါင်းထွက်ကြည့်လိုက်မည်အပြု နောက်ကနေ ခေါင်းကိုလှမ်းဆွဲလိုက်ခြင်းကို ခံလိုက်ရသည်။ နောက်မှ ကားသုံးစီးထဲမှ တစ်စီးကားသေနတ်ကိုလှမ်းထုတ်လိုက်သည်ကိုလည်း သူသေချာမြင်လိုက်မိသည်။  ခေါင်းကိုဆွဲလိုက်သည့်လူကိုလှည့်ကြည့်လိုက်တော့ မျက်မှောင်ကြုတ်ကာ ကြည့်နေသည့်မျက်ဝန်းနီတို့နှင့်ဆုံ‌လေသည်။ ဒီအချိန်မှ အနီရောင်မျက်ဝန်းတွေက ရှိရင်းစွဲအချိန်ထက်ပိုပြီး နီရဲတောက်လောင်နေလေသည်။

"" ကျစ် ! ခင်ဗျားကို အဲ့လိုကြည့်ရမယ်လို့ ဘယ်လင်က သင်ပေးလိုက်တာလဲ !! ""

"" ငါကဒီတိုင်း ""

"" ခင်ဗျား အဲ့လိုကြပ်ကြပ်လုပ် ငယ်ငယ်ရွယ်ရွယ်နဲ့ဂိသွားလိမ့်မယ် !! ""

"" ငါ့မသိလို့ပေါ့ ""

"" ခင်ဗျား ဦးနှောက်က ဒါကျမစဉ်းစားတတ်ဘူးလားဟမ် !! လူဆိုရင် လူလိုတွေးလေ ဦးနှောက်က ကောင်း‌ကောကောင်းလား မွေးကတည်းက ပုခက်ပေါ်ကပြုတ်ကျခဲ့ပြီး လွတ်နေလားပြန်စဉ်းစား !
ချန်ဒလာလိုကောင်က စောက်သုံးမကျတဲ့လူကိုရထားရတယ်လို့ တောက် !! ""

"" မင်းဘာသာမင်း လက်ထပ်တာလေ !! ငါမင်းကို အတင်းယူခိုင်းလားမင်းပြော ! ""

ယိမ်းယိုင်၏ အသံမှာတစ်ဖြေးဖြေးပင် တုန်ရီလာပြီဖြစ်သည်။ ခုချိန်မှာ သူရန်လည်းမဖြစ်ချင်။ ဒီလိုအချိန်မျိုးသူတစ်ခါမှလည်းမကြုံဖူး  အခုသူနဲ့နေမှ အသက်အန္တရာယ်တွေတောင်စကြုံနေရတာလေ ဒါတောင်သူက ပြန်အော်နေသည်တဲ့လား။

ပေါင်ပေါ်တင်ထားသည့် လက်ဖျား‌လေးတွေတုန်ခတ်နေကာ မျက်နှာတစ်ခုလုံး၌လည်း ကြောက်စိတ်တွေလွှမ်းနေသည်ဆိုတာ ချန်ဒလာသတိထားမိသည်။ သူ့ဖို့အတွက်က ဒါဟာကြုံနေကြ ဖြစ်စဉ်တစ်ခုပင် သူဂရုမစိုက်။ ဂရုစိုက်ဖို့နေနေသာသာ မျက်စိနဲ့တောင်စောင်းငဲ့ကြည့်စရာမလိုသည့်အရာမျိုး။ 16 နှစ်သားကတည်း ဒီလိုပုံစံအမျိုးမျိုးနှင့် ထိပ်တိုက်တွေ့ဖူးနေကြဖြစ်သည်။  ယိမ်းယိုင်၏ တုန်ယင်နေသည့် လက်တွေကို လက်တစ်‌ဖက်ဖြင့် ကားမောင်းနေရင်းမှ လှမ်းကိုင်လိုက်သည်။ လက်ဖျားတွေ အေးစက်နေလိုက်ပုံများ သူ့ကိုပါ အအေးဓါတ် ကူးလာစေသည်။ ကားကိုရပ်ကာ စကားပြောချင်သော်လည်းမရ နောက်ရှိကားသုံးစီးကား ထပ်ကြပ်မကွာ လိုက်လာနေသည်။

"" ခင်ဗျား ဘာကိုကြောက်တာလဲ ! ""

"" ဒီ .. ဒီလိုချိန်ကြီး ငါမကြုံဖူးဘူး ချန်ဒလာ !
ငါတို့နှစ်ယောက်လုံးသာတစ်ခုခု ဖြစ်သွားရင် !! ""

"" ခင်ဗျားယောကျာ်း ချန်ဒလာကိုပေါ့ပေါ့မတွေးနဲ့  ခင်ဗျားကိုတစ်ခုမှ အဖြစ်မခံဘူး !! "" 

"" ဒါပေ.. ! ""

ကျွီ !

စကားပြောနေရင်းမှ ရှေ့ကလာပိတ်ရပ်နေသည့် ကားသုံးစီးကြောင့် ချန်ဒလာအမြန်ဘရိတ်အုပ်လိုက်ရ၏။
လှမ်းကြည့်မိလို့သာပေါ့ နင့်မိုဆို သူမောင်းလာသည့်အရှိန်နှင့် ဒီလိုမြန်မြန်ဆန်ဆန်အရှိန်ထိန်းလိုက်နိုင်မည်မဟုတ် ။

' ကျစ် ရှေ့သုံးစီး နောက်သုံးစီး ပိတ်ချတာပဲ ' 

ယိမ်းယိုင်ဘရိတ်ခပ်မြန်မြန်အုပ်လိုက်သည်ကြောင့် ရှေ့ကိုယိုင်ကျသွားသော်လည်း ဘာမှမထိခိုက်လိုက်။
ချန်ဒလာ၏ လက်ဖဝါးကြီးကြီးက သူ့ရှေ့၌ခံကာ တားထားသည်ပင် ။

"" ချန်ဒလာ ဘယ်လို လုပ်မလဲ ""

နားထင်သွေးကြောတွေထောင်ကာ ချန်ဒလာ၏အမူအယာသည် တစ်မျိုးပြောင်းလဲနေလေသည်။ မျက်လုံးတို့ဟာလည်း နီလာပမာ ။ လက်ကသွေးကြောတွေဟာလည်း အပြင်ဘက်သို့ထိုးထွက်တော့မည့်အလား ဖောင်းကြွနေလေသည်။

ထိုအကြည့်ထိုအပြုအမူတွေက နည်းနည်းလေးမှမပြောင်းလဲ သူ့ဘက်သို့လှည့်ကာ
မျက်နှာနားထိ တိုးကပ်လာသောကြောင့်
မျက်စိတို့ကိုစုံမှိတ်လိုက်လေသည်။

ပြွတ် !!

ချန်ဒလာ ၊ ယိမ်းယိုင်၏ နဖူးပေါ်ကျနေသည့် ဆံပင်လေးတွေကိုလှန်တင်ကာတစ်ချက်ဖိနမ်းလိုက်၏။

"" မောင်ရှိတယ် မကြောက်နဲ့ !
မောင်ကာကွယ်ပေးမယ် !""

ထိုစကားတစ်ခွန်းကြောင့်ပင် ယိမ်းယိုင် ကြောက်စိတ်တွေ တုန်ရီစိတ်တွေ အနည်းငယ်မျှ လွင့်ပျယ်ကာ ထိုလူ၏ နောက်၌ရပ်တည်ဖို့ အကြောင်းပြချက်လုံလုံလောက်လောက်ရရှိနေပြီဖြစ်သည်။

"" ယိမ်း ဒါလင် ! ""

"" ဟင် ""

"" မောင်နဲ့  အဆုံးထိ  တူတူမိုက်ကြမလား !! ""

•~•~•~•~•~•~•~•~•~•~•~•

22 • 1 • 2024 •
Xylo
Vote & com

Sorry for late ♡

Continue Reading

You'll Also Like

23.8K 608 25
SMG3 was sick of SMG4, and he had enough of him. SMG3 decided to pull a 'prank' on SMG4 by putting poison in his coffee to finally finish him off. Bu...
829K 69.3K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
5.8K 320 11
Two incomplete souls met each other . They are being left abondoned n alone in this world still not find anyone for themselves but being having a hop...
2.8M 165K 38
Lenora did not have a wonderful life. After her engagement to Prince Ronan is broken, she loses everything... her reputation, her home, and her famil...