CHANDLER { Ongoing }

By Xylo_19

172K 6.6K 326

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 8 Z

1.2K 24 0
By Xylo_19

ယိမ်းယိုင် Company ရှေ့ရောက်သည့်အခါ အချိန်ဟာ ထင်ထားသည်ထက် ပို၍ပင်နောက်ကျနေပြီဖြစ်သည်။ တက္ကစီပါငှားမရသည့်အပြင်သူ့မှာ မှတ်တိုင်နားထိ လမ်းတစ်ဆင့်ထပ်လျှောက်ကာနောက်ကျနေသည့်အတွက်ကြုံရာလိုင်းကားသာတိုးစီးခဲ့ရသည် ။ လူဟာ တကယ့်ကို မောပန်းနေကာ အသက်ရှူသံတွေဟာလည်း ပြင်းပြင်းထန်ထန် ။ ဝတ်ထားသည့် အနက်အမဲရောင် ဝမ်းဆတ်လေးဟာလည်း ချွေးများဖြင့် အနည်းငယ်မျှ စိုနေသည် ။

"" ယိမ်းယိုင် မြန်မြန်လာကွာ !! ""

COMPANY အပေါက်ရှေ့တည့်တည့်မှ သူ့ကိုလက်ယက်ခေါ်နေသည့် အဖွဲ့မှူးကိုမင်းထိုက်ကို တွေ့လိုက်ရသည် ။ သူ့မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုတွေ အပြည့်ပင်။ အဖွဲ့မှူးမင်းထိုက်က သူ့အပေါ်တကယ်ကောင်းသော လူပင် ။ ကနေဒါမြင်းစီးပြိုင်ပွဲရှိတုန်းကလည်းသူပဲ ခွင့်ရက်ရှည်ရအောင် ပြောပေးခဲ့တာ ဖြစ်သည် ။ ခုပြသနာတတ်တော့လည်း သူ့ကို တစ်ယောက်ထဲထားခဲ့ကာ ခေါင်းမရှောင်သွား အဆုံးစွန်ထိ ရပ်တည်ပေးနေတုန်းပင်။အဖွဲ့မှူးမင်းထိုက်က သူ့အပေါ်ညီငယ်တစ်ယောက်သဖွယ် ကြည့်ရှုဆောင်မပေးခဲ့တာပင် ။

"" နောက်ကျသွားတယ် !! ""

"" မင်းက တော်တော်ကြီးကိုနောက်ကျတာ ။
လူစုံရောက်နေပြီကွ ။ မင်းနဲ့ CEO ပဲကျန်တာ !! ""

"" ကျွန်တော်ပဲ ကျန်တယ်ထင်နေတာ !! ""

ကိုမင်းထိုက်နှင့် ယိမ်းယိုင်တို့ company အတွင်းဝင်လိုက်သည်နှင့် မနှစ်သက်သည့်အကြည့်တို့ဟာ သူ့အပေါ် ဒိုင်းခနဲ ။ အကြည့်တွေနဲ့အတူ စကားသံ အနည်းငယ်ကိုလည်း ကြားနေရသည် ။

' သူပေါ့ သူများဒီဇိုင်း အရှက်မရှိခိုးတာ '

' ရုပ်လေးနဲ့မှ မလိုက်ဟယ် သူတို့အဖွဲ့မှူးကလည်း
အဲ့ကောင်လေးကို အရမ်းကာပေးတာတဲ့ အိပ်ယာ
ပေါ်က ဆက်ဆံရေးတွေ ရှိနေတာနေမှာပေါ့ '

' အဲ့လိုကောင်လေးတွေ ကြည့်ရှောင် ရုပ်ကလေးဗန်း
ပြပြီး အတွင်းစိတ်က အကျင့်ပုတ်ဖို့ပဲ
တွေးနေကြတာ '

' အတည်ပါ အ‌မရေ မထင်ထားတာ ။
company ကို ဘယ်လို မျက်နှာနဲ့လာလည်း မသိပါဘူး ။ ဒီတစ်ခေါက်ပရောဂျက်က Ceo ကိုပါ ထိတာတဲ့ ငွေတွေ အရမ်းကုန်မှာမရေ ။ သူ့လျော်ရမယ့်
သုညဂဏန်းက နောက်မှ မရေတွက်နိုင်အောင်ကပ်ပါနေတာ ဟင်းဟင်း '

' ပုံစံကိုလည်းကြည့်ပါလား အခြောက်လေးနေမှာပေါ့
ယောကျာ်းတစ်ကာ နဲ့ ဖြစ်နေတာထင်ပါတယ်
ဟင်းဟင်း '

မိန်းမတန်မဲ့ စကားပြောဆိုနေကြသည်ကားစည်းမရှိလှ။ လူတွေဟာ လူတစ်ဖက်သားကို ချိုးနှိမ်ဖို့သာတတ်ကြ၏။ လဲကျနေသည့်လူကို ဆွဲမထူ ဘာလို့လဲကျအောင်နေလည်း ဒါလေးတောင်မမြင်ချော်လဲကြတာပေါ့ စသဖြင့် စကားတို့ဖြင့်ထိုးနှက်ကြပေလိမ့်မည် ။ ဒီလိုလူတွေကြား သူကောင်းကောင်းကြီးခေါင်းမော့နေရမည်။ ပြသနာ တစ်ခုကြုံလာတိုင်း ဖြေရှင်းနည်းနှစ်မျိုးရှိသည်။ ထိပ်တိုက်ရင်ဆိုင်မလား ခေါင်းရှောင်သွားမလား ။ သူမှန်နေသရွေ့ သူဘယ်အခက်အခဲကိုမှ ကြောက်မည်မဟုတ် ဒါကြောင့်လည်းသူ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုတဲ့ပထမအချက်ကို အမြဲရွေးချယ်မည် ။ သူရဲရဲကြီး‌ရှေ့သို့ ဆက်လှမ်းမည် ။ ဘေးပတ်ဝန်းကျင်စကားတွေဟာ ကိုယ့်ဘဝကို ထိုးချမည့် စကားတွေလို့သာ မှတ်ယူထားသည် ။ အရင်ဆုံး ကိုယ်မှန်နေရဲ့လား ကိုယ့်စိတ်သန့်ပြီး‌အေးချမ်း‌နေရဲ့လား သိအောင်လုပ်ရမည် ။ကိုယ့်စိတ်‌ အေးချမ်းနေဖို့ အဓိက လိုအပ်ချက်ကလည်း လိပ်ပြာသန့်နေဖို့ပဲ ။

လျှောက်လမ်းတစ်ခုလုံး အထင်သေးသည့်မျက်လုံးများဖြင့် အကြည့်ခံရလည်း သူခေါင်းမော့ထားသည် ။ဒီလိုလူတွေ အတွက် သူဘယ်တော့မှခေါင်းငုံ့စရာ
မလို။

"" ယိမ်းယိုင် ""

"" အင်း ""

"" စိတ်ကို အေးအေးထား ဟုတ်ပြီလား။
အစုရှယ်ယာကြီးတွေမို့ ဘာမှမဖြစ်နဲ့။ ""

"" ကျွန်တော်မကြောက်ပါဘူး ။ ""

"" ဟ အေးပါကွာ ။ ဘယ်ကသတ္တိတွေရနေတာ
လည်း ""

ယိမ်းယိုင် ခပ်ပြုံးပြုံးသာကြည့်လိုက်၏ ။

ကိုမင်းထိုက်ကလည်း ခေါင်းတစ်ချက်ခါက အစည်း
အဝေးခန်းမကြီး၏တံခါးကို ဖွင့်လိုက်တော့သည် ။
သူ့ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပေမယ့်ရှည်ရှည်ဝေးဝေးတွေးမနေပါ ကိုမင်းထိုက်နောက်ကပ်လျှက်သာ
လိုက်ဝင်သွားလိုက်သည် ။ အခန်းထဲရောက်သည်နှင့် ငှာနမှူးအပါအဝင် ရှယ်ယာအစုဝင်များ၏ မနှစ်လိုသည့် အကြည့်များကို ရရှိလိုက်သည်။ သူ့ကိုကြည့်ကာ တစ်ယောက်နှင့်တစ်ယောက်နားနားကပ်ကာ ပြောနေကြတာများလည်းရှိသည် ။

"" လာ ယိမ်းယိုင်
ဒီမှာထိုင် ။ ""

ကိုမင်းသူက သူ့ဘေးနားအားနေရာပြပေးသည်နှင့် ယိမ်းယိုင်လည်း ထိုနေရာတွင်ဝင်ထိုင်လိုက်၏။
ထိုင်ပြီးမကြာပါ ရှေ့တည့်တည့်ရှိလူမှ ..

"" မတွေ့တာကြာပြီနော် ကိုယိမ်းယိုင် ! ""

ယိမ်းယိုင်သူ့ရှေ့မှ လှောင်ပြုံးဖြင့်
နှုတ်ဆက်နေသည့်လူကို သိ၏ ။
သို့သော် သူ့ကို ခပ်မြန်မြန်မခန့်မှန်းနိုင် ။

"" ကိုယိမ်းယိုင် ကကျွန်တော့်ကို မမှတ်မိဘူးထင်ပါတယ် ။ ကျွန်တော့်နာမည်စောဝန်းပါ ကျွန်တော်တို့ Shopping mall တစ်ခုမှာ ဆုံဖူးပါတယ် ! ""

ထိုအခါမှသာ ယိမ်းယိုင်တစ်စုံတစ်ခုကိုသတိရသွားသည့်နှယ် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏ ။

' ချန်ဒလာရဲ့ ဘာလိုလိုညာလိုလိုကောင် '

ကိုမင်းထိုက်ကလည်း သူနှင့် ထိုကောင်လေးကို ဘယ်ပြန်ညာပြန်ကြည့်ကာ သိကြတာလား
ဘာလည်းဟူသည့်သဘော ။

ယိမ်းယိုင်ခေါင်းတစ်ချက်ခါပြကာ ရှေ့ရှိစောဝန်းဆိသည့်လူကို ပြန်ကြည့်လိုက်၏ ။

"" ကျွန်တော်က အရေးမပါတာတွေ သိပ်မမှတ်တတ်တော့ မေ့သွားတယ်ဗျ Sorry ""

စောဝန်းမျက်နှာ တစ်ချက်ပျက်သွားကာ

"" ဪ ဖြစ်တတ်ပါတယ်ဒါမျိုးက
ကျွန်တော်ဆိုလည်း တစ်ခါတစ်လေ မေ့တတ် .. ""

"" မဟုတ်ဘူးဗျ ကျွန်တော်က ခင်ဗျားကို အရေးမပါလို့ တ မင် တ ကာ မမှတ်တာ ! ""

"" ဟင်း ! သူခိုးက လူပြန်ဟစ်ထားအုန်းပေါ့ ။
ခနနေ ခင်ဗျားက သူများပစ္စည်းခိုးတဲ့ သူခိုးဆိုတာ
ပေါ်လာတော့မှာ ! ""

"" ကျွန်တော်ကလည်း ပြုံးပြုံးကြီး ‌စောင့်နေပါတယ်
တဲ့ခင်ဗျာ !! ""

စကားသံတို့ဆုံးသည်နှင့် အခန်းအပြင်မှ မျက်မှန်တပ်ထားလျှက် နားတွင်လည်း earphone ကိုတပ်ထားသည့် Bodyguard ၏ အသံခပ်စူးစူးဟာ ပျံ့လွင့်လာသည် ။

"" အားလုံးဘေးဖယ်ကြစမ်း ။
ဘေးဖယ်ကြ !! ""

အစည်းအခန်းအတွင်း လူတွေအကုန်လှုပ်လှုပ်ရှားရှားဖြစ်ကုန်၏ ။တံခါးအပြင်ဘက်ကိုကျော်ကာ ဘယ်သူလာလို့လည်းဟူသည့် စပ်စုလိုသည့်စိတ်တို့ဟာ လွှမ်းမိုးကာ အပြင်ဘက်သို့ ခေါင်းတထောင်ထောင်နှင့်ကြည့်ကုန်၏ ။

လျှောက်လမ်းတစ်လျှောက်မှ အစည်းအဝေးခန်းမ တံခါးဝထိ Bodyguard 20 ယောက်ဝင်လာကာ
တစ်ဖက် 10 ယောက်စီမတ်တပ်ရပ်နေကြသည် ။

ထိုလူများ တန်းစီပြီးသည်နှင့် Formal Suits
အပြည့်အစုံဝတ်ထားသည့်လူက လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်လျှက် ကျန်လက်တစ်ဖက်ကတော့ အနည်းငယ်မျှလွှဲ၍ဝင်လာကာလျှောက်လမ်းတစ်လျှောက်လုံး ဘယ်သူ့မှကို ဂရုမစိုက်သည့်ပုံပင်။ ထို့လူနောက်တွင်တော့ လူသုံးယောက်ကား ထပ်ကပ်ပါလာသေး၏ ။

ယိမ်းယိုင်ထိုလူ့ကို မြင်သည်နှင့် မျက်ဝန်းတို့ဟာလည်း ဝိုင်းစက်သွား၏ ။ ထို့နောက်ပါးစပ်ဖျားမှလည်း ..

' ချန်ဒလာဟေဒန်က ဒီကိုဘယ်လိုလုပ်ပြီး ! '

ချန်ဒလာ အစည်းအဝေးခန်းမထဲရောက်သည်နှင့် အပြင်ဘက်ရှိ လူများဟာလည်း အလိုက်သိစွာ
ခန်းမတံခါးကြီးဂျိန်းခနဲ မြည်အောင်ပိတ်ချသွား၏။
သူအကုန်လုံးကိုတစ်ချက်မျှလှည့်မကြည့် ကြည့်လည်းမကြည့်ချင်ရုပ်ဆိုးသည်‌လေ။အကုန်လုံးကိုကျော်တတ်ကာ စားပွဲခုံအကြီးကြီး၏ ထိပ်တည့်တည့်၌ သွားထိုင်လိုက်၏။ သူ့ဘေးတွင်တော့ဟယ်ရီဟာ မပါမဖြစ်ပင် ။

"" ဒီမှာ မောင်ရင် ဒါမောင်ရင်ထိုင်ရမည့် နေရာမဟုတ်ဘူးနော် ။ ဦးလေးတို့ CEO ထိုင်ရမည့်နေရာ ။
မင်းဦးလေးနောက်ကို လာလိုက်ရင်ကောင်းမယ် ""

အသတ်လတ်ပိုင်းထင်ရသည့် အစုရှယ်ယာဝင်တစ်ယောက် ချန်ဒလာကိုကြည့်ကာ စိုက်ပြောလိုက်၏။
ဘာလို့ဆို သူတို့ကြားဖူးနားဝ ရှိဖူးသည့် CEO
သည် ဒီလို ခပ်မိုက်မိုက်ကောင်လေးပုံစံမဟုတ် ။
ထိပ်ပြောင်ကာ ဗိုက်ရွှဲလျှက် အရပ်ပုပု ကွတတဟုသာ ကြားထားခြင်း ။

"" ဒီမှာကောင်ကလေး မင်းနဲ့အဲ့ထိုင်ခုံမတန်ဘူးကွဲ့ ။ မင်းပုံကြည့်ရတာလည်း ကြီးကြီးကျယ်ကျယ်နဲ့ကွယ်
ဟင်းဟင်း ! ""

ချန်ဒလာ နောက်တစ်မျိုးပြောလာသည့် ထိုမိန်းမကို လှောင်သလိုအပြုံးဖြင့် တစ်ချက်စိုက်ကြည့်လိုက်၏။

"" ကျုပ်ကိုကျုပ် မိတ်ဆတ်ရအုန်းမှာပေါ့ !""

တစ်ခန်းလုံးအတွင်း အပ်ကျသံပင် မကျရလောက်အောင်ငြိမ်သက်နေလှ၏။ ရှေ့ရှိကောင်လေး၏ အသံတစ်ခုသည်ပင် အရှိအဝါတစ်ခုကို ဖော်ညွှန်းနေပြီဖြစ်သည် ။

"" ကျုပ်နာမည် ချန်ဒလာဟေဒန်ဒမီထွီရပ်စ် ။
Dynamite Company ရဲ့ CEO နောက်ပြီး
ခင်ဗျားတို့ရဲ့ အသက်သေခြင်းရှင်ခြင်းကို
လက်ဖျောက်တစ်ချက်အတွင်း‌ဆုံးဖြတ်နိုင်တဲ့
အာဏာအပြည့်အဝကိုပိုင်ဆိုင်ထားတဲ့
ကောင် !! ""

အပြောနှင့် လက်တွေ့ညီစွာ ချန်ဒလာသူ့ကိုကြည့်‌‌
နေသည့်ယိမ်းယိုင်ကို မျက်စိတစ်ချက်မှိတ်ပြလိုက်ပြီး လက်ဖျောက်တစ်ချက်တီးပြလိုက်၏ ။

ထိုအခါ ချန်ဒလာဘေးနားတွင် မတ်တပ်ရပ်နေသည့် ဟယ်ရီက ခါး၌ချိတ်ဆွဲထားသောသေနတ်ကိုထုတ်ကာ ခုနချန်ဒလာ့ကိုပြောလိုက်သည့် မိန်းမ၏
နဖူးတည့်တည့်၌ ချိန်ရွယ်လိုက်၏ ။

ထိုမိန်းမကြီးက‌တော့ နည်းနည်းလေးတောင်မလှုပ်ရဲ။အခန်းအတွင်းထဲရှိလူများဟာလည်း ထိုအခြင်းအရာကိုကြည့်ကာ တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်၍ခေါင်းအလျှိုလျှိုငုံ့သွားကြသည်။
ထိုသေနတ်သေးသေးလေးဟာ
တစ်လက်ကိုင် ဆိုပေမယ့် သူတို့အသက်ကို
ခန‌အတွင်းနှုတ်ယူနိုင်လိုက်စွမ်းရှိ၏။
သူတို့လိုလူတွေအတွက် ဒါကဘာကိုသဘော
ဆောင်နေလည်းဆိုတာ မသိပဲတော့မဖြစ်နိုင်ပေ။

ချန်ဒလာမျက်ခုံးတစ်ချက်ပင့်ပြလိုက်ကာ အကုန်လုံးကို ဘယ်လိုလည်းဆိုသည့်အကြည့်ဖြင့်ကြည့်လိုက်၏။

"" ကျွန်တော်တို့ မသိလိုက်တဲ့အတွက်
တောင်းပန်ပါတယ် ""

ချန်ဒလာ လက်တစ်ဖက်ကိုမြှောက်ပြကာ ပြန်သိမ်းလိုက်ဆိုသည့်သဘောဖြင့် ဟယ်ရီ့ကိုအသိပေးလိုက်၏ ။ အခုမှ ချိန်ရွယ်ခံထားလိုက်ရသည့်
မိန်းမဟာလည်းအသက်ရှူချောင်သွားသည့်နှယ့် ..

အဟက် !!

"" ထားပါတော့ ။ ခုတော့ ဖြစ်နေသည့်ပြသနာကိုရှင်းရအောင်ပေါ့ ""

"" ဒီဘက်က Designer ကိုယိမ်းယိုင်က
BMS ဌာနချုပ်ဘက်က ရဲ့ Designer ကိုစောဝန်းရဲ့
Design ကို ခိုးယူထားတာမို့ပါ ။ နောက်ပြီး ငွေကလည် အမြောက်အမြား ... ""

"" နေတော့ !! ကိုစောဝန်း ကျုပ်ကို ဒီလည်ဆွဲကိုရှင်းပြ !! ""

စောဝန်း အနည်းငယ်တော့ မျက်နှာပျက်သွား၏ ။Dynamite Company CEO ကချန်ဒလာမှန်းသူမသိခဲ့ ။ ယိမ်းယိုင်နှင့် ချန်ဒလာဟာ လင်မယားဆက်ဆံရေး ။ သူလွယ်လွယ်တော့ ယိမ်းယိုင်ကို
ဖြုတ်ချမရဘူးဆိုတာ အတပ်သိလိုက်၏ ။

"" ကိုစောဝန်းက စွယ်စုံရတယ်နော် !! ကျုပ်
ထောင်ထားတဲ့ medical ပိုင်းဘက်မှာလည်း
ခင်ဗျားကပါတယ် ။ ခု Gum design ဘက်မှာလည်း ခင်ဗျားပါတယ် ။ အဟက် ခင်ဗျားက ဉာဏ်ကြီးရှင်ပဲ !! ""

ချန်ဒလာ ၊ စောဝန်းကို မျက်ဖြူတစ်ချက် လှန်ကြည့်ကာ ..

"" ထပြီး ခင်ဗျားရဲ့ ဒီဇိုင်းက မိတ္တူမဟုတ်ပဲ
မူရင်းဆိုတာ ရှင်းပြတော့ !! ""

"" ဟုတ်ကဲ့ ""

စောဝန်းထကာ စာရွက်စာတမ်းတစ်ချို့ကို လက်ကကိုင်လျှက် Projector ရှေ့မှာ မတ်တပ်ရပ်လိုက်၏။

"" အကုန်လုံးကို ပထမဆုံး အကျယ်ပြန့် အရင်ပြောပါရစေ ။ ကျောက်ရဲ့ အရည်အသွေးက တစ်ခါထဲရနိုင်တဲ့ အ‌ရည်အသွေးဆိုတာ ကျွန်တော်လူကိုယ်တိုင်စစ်ယူထားတာဖြစ်တဲ့အတွက် အာမခံပါတယ်။ နောက်ပြီး ကျောက်ရဲ့ ပတ်ချာလည်ကို နဂါးပုံစံနဲ့ အသေးစိတ်ပုံဖော်ထားတာကို တွေ့နိုင်ပါတယ် ။ ဘာလို့ဆို ကျွန်တော့်ကို တော်တော်များများသိတဲ့လူတွေဆိုသိပါလိမ့်မယ် ကျွန်တော် ဘယ်အရာတစ်ခုခု လုပ်လုပ် နဂါးကို ထည့်သွင်းထားတတ်တာပါပဲ ""

ယိမ်းယိုင် တစ်ချက်ဟက်ခနဲရီမိလိုက်၏ ။ သူ့အသံက ထွက်လာသည့်အတွက် အကုန်လုံးက သူ့ကို ဝိုင်းကြည့်လာ၏ ။ ထိုထဲတွဲ ချန်ဒလာကောအပါအဝင်ပင် ။ ဒါမယ့်မတူသည်ကား ချန်‌ဒလာက သူ့ကိုပြုံးပြုံးကြီး ကြည့်နေတာ။

' ဘာလိုဟာကြီးလဲ '

ယိမ်းယိုင်ရီချင်‌နေသည့်အချိန်သတ်လိုက်ကာ ..

"" ဆက်ပြောပါ ""

အရီခံလိုက်ရသည့်အတွက် စောဝန်းစိတ်ထဲစနိုးစနောင့်တော့ အနည်းငယ်ဖြစ်သွားရသည်။
ဒါပေမယ့်လည်း ခေါင်းတစ်ချက်ငြိမ့်ပြကာ..

"" ကနုတ်ဖော်စပ်ထားသည့် ကျောက်ရဲ့‌ဘေးပတ်လည်က ဟာတွေက ငွေရည်မဟုတ်ပါဘူး
စိန်ကို ထုကာ အပူပေးပြီးရလာတဲ့အရည်တွေပါ ။ တစ်နည်းပြောရမယ်ဆို လည်ဆွဲတစ်ခုလုံးကို
ကျောက် စိန်တွေနဲ့ပဲ တန်ဆာဆင်ထားတာပါ ။
သူများတွေလို ပေါပေါစားစား ငွေထည်ရည်
မဟုတ်ပါဘူး ၊ ကျွန်တော်ပြောချင်တာတော့
ဒီလောက်ပါပဲ ""

"' ဒါဆို ဒီဘက်က ကိုယိမ်းယိုင်ကကော ""

"" ကျွန်တော့်ဘက်က ထွေထွေထူးထူးပြောစရာမရှိပါဘူး ။ ဒါမယ့်ကို စောဝန်းကိုမေးချင်ပါတယ် ။ နဂါးနဲ့ မြွေကို မခွဲတတ်ဘူးလားခင်ဗျ ။ ဒီ Company ရဲ့ Logo မှာ Dynamite ဆိုတဲ့စာသားကို မြွေက ရစ်ပတ်ထားတာပါ ။ ကျွန်တော်က COMPANY ရဲ့
logo မြွေကို ထည့်သွင်းထားရုံပါ ။ ဘာလို့များ
ကိုစောဝန်းက မြွေနဲ့နဂါးကို မှားမြင်ရတာလည်း !!
နောက်ပြီး ကျောက်ရဲ့ အလည်တည့်တည့်မှာ designer ရဲ့နာမည် Y ကိုထည့်သွင်းထားပါတယ်""

ယိမ်းယိုင် Projector‌မှာပေါ်နေသည့် လည်ဆွဲကိုအနီးကပ်ဆွဲပြလိုက်ရင်ဖြင့် ကျောက်ရဲ့ အလည့်တည့်တည့်က Y ဆိုတဲ့စာသားက ထင်းခနဲ။

"" မင်းသူ့ဟာ မှားပြင်ထည့်တာလည်း
ဖြစ်နိုင်တာပဲ ""

သူ့ကိုထပ်ဆွဲချချင်နေသည့် ဌာနမှူးက အခုမှထကာပြောလာသည်။ ယိမ်းယိုင် အကုန်လုံးကို သတိထားမိလိုက်သည် ။ ဒီတစ်ခန်းလုံးရှိ လူတွေက စောဝန်းဘက်ကဆိုတာပေါ့။ဒါဆို ချန်ဒလာ ကကော ..

ချန်ဒလာကိုလှမ်းကြည့်လိုက်သည်နှင့်
သူ့ကိုပြန်ကြည့်နေသည့် မျက်ဝန်းနီတစ်စုံဖြင့်အကြည့်ချင်းဆုံ၏ ။ ထို့နောက်ချန်ဒလာ၏ ပါးစပ်မှ အသံတတိတ် ပါးစပ်လှုပ်ရုံလောက်ပြောသည့် စကားတစ်ချို့ကို သူ့ပြတ်ပြတ်သားသားဖတ်လိုက်မိ၏။

"" ခင်ဗျားထက် အင်အားကြီးတဲ့ လူတွေကို ပြန်တိုက်ရမှာ မကြောက်နဲ့ !! ""

သူ့အတွက်အနည်းငယ်မျှအားတတ် စေခဲ့‌ သော်လည်း သူထပ်မယှဉ်နိုင်တော့ဘူး တစ်ခန်းလုံးမှာသူဟာအများနဲ့တစ်ယောက်ပင်။

"' မင်းရပ်လိုက်ပါတော့ ။ မင်းရဲ့ ရှုံးမယ့်ငွေတွေကို လျှော်ပြီး မင်းဒီနေရာကနေနှုတ်ထွက်လိုက် !! ""

"" မင်းရှုံးနေပြီနော် ကောင်လေး မင်းဘက်မှာ ဘယ်သူမှ မရှိဘူး ဟင်းဟင်း ""

"" ဒီတန်ဖိုးက မင်းတစ်သတ်ရှာတောင်မရဘူးနော်။
မင်းတော့ကောင်းကောင်းကြီးထောင်နန်းစံရတော့မယ်။ကိုယ့်လမ်းကိုယ်ပိတ်ချတာပဲ။ ""

"" မင်းတို့လိုလူငယ်တွေကွာ မင်းတို့ဘာသာ ထွန်းပေါက်အောင်လုပ်မယ်မရှိဘူးအ‌ချောင်လိုက်ဖို့ပဲ အဲ့တာကြောင့်လည်းအသုံးမကျတာ မင်းတို့လူငယ်တွေတကယ်ကိုညံ့တာပဲ အဟား !! ""

ယိမ်းယိုင် ဒီစကားတော့မခံ ပက်ခနဲ ပြန်ပြောလိုက်၏။

"" ဒါဆို ကျွန်တော်ဘက်ကတစ်ခုပြန်ပြောချင်တယ်။
ဟုတ်ပါတယ် ကျွန်တော်တို့လူငယ်သတ်ပိုင်းတွေညံ့ပါတယ် ဘာလိုညံ့တယ်လို့ထင်လည်း ဒီအစည်းအဝေးခန်းထဲမှာ အပြင်မှာကော ကျွန်တော်တို့လူငယ်တွေ အတုယူစရာ လူကြီးတစ်ယောက်မှမရှိဘူးလေ !! ""

"" မင်း .. မင်းစကားတွေက !! ""

ချန်ဒလာ အခြေအတင်ဖြစ်နေသည့်ကြားထဲမှ ယိမ်းယိုင်ကိုကြည့်ကာ အားမရတော့
ဟုတ်တာကျ ဘာမှဆက်မပြော ငြိမ်ခံနေ‌တယ်။
မဟုတ်တာကျ ပက်ခနဲနေတယ် စောက်ချိုးကို
မပြေဘူး။ တကယ်ဆိုယောကျာ်းအားကိုးနဲ့ အစွန်းဆုံးထိ မိုက်ပစ်လိုက်ရမှာလေ။

' ကျစ် ! အချိုးမပြေတဲ့ယောကျာ်းကိုရထားတာပဲ'

ဒုန်း !!

စားပွဲခုံကို ထုရိုက်သံဟာ ကျယ်ကျယ်လောင်လောင် ..

"" Oh Shit !! အကောင်းမှတ်လို့နားထောင်နေတာ
ခင်ဗျားတို့က ကျုပ်ကိုဂရုမစိုက်တာလားဟမ် !! ""

"" မဟုတ် မဟုတ်ရပါဘူး !! ""

"" ဒီအထဲက လူတွေကို ကျုပ်တစ်ခါထဲပြောမယ် !!
ခင်ဗျားတို့ ပညာဘယ်လောက်တတ်နေပါစေ
မတရားတာကြီးကို တစ်ဖက်ပိတ် နှိပ်ကွပ်နေရင်တော့
ခင်ဗျားတို့က ပညာတတ်အောက်တန်းစားပဲ !! ""

"" ... ""

"" ခင်ဗျားတို့ Projector ကိုပြူးပြဲကြည့်
အေး ကျောက်ရဲ့ အလည်တည့်တည့်က Designer name က တစ်ခါထဲ ထည့်ရတာလား နောက်မှ ထည့်ဆွဲရတာလားဆိုတာ ကျုပ်အမျိုးသားထက် ခင်ဗျားတို့အောက်တန်းစားတွေက ပိုကောင်းကောင်းကြီး နားလည်လိမ့်မယ်ထင်တယ် ""

"" ဗျာ !! ""

သူတို့ ‌နားကြားမှားတာ မဖြစ်နိုင် CEO က
သူ့အမျိုးသားလို့ပြောလိုက်သည်ပင် ။

"" ကျုပ်အမျိုးသား လျော်ရမည့် နောက်ကသုည 9 လုံးအရေအတွက်အစား သူခိုးလေးကိုစောဝန်းက လျော်ရတော့မယ့်အတွက် ကျုပ်က ဂုဏ်ယူပါတယ် !! ""

‌စောဝန်း ခေါင်းကိုငုံ့ကာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်မိသည် ။ သူအမှတ်မထင်သတိမမူလိုက်သည့်အရာက ခုတော့သူထင်ထားသလိုဖြစ်မလာပဲကိုယ့်ရှူးကိုပြန်ပက်သလိုပြောင်းလဲလိုက်ပြီ။ မှိုင်းမိသားစုသားဆိုတာနဲ့ ဖြုတ်ချချင်‌နေသည့် တစ်ဉာဏ်ထဲ တစ်လှေထဲစီးလာသည့်လူတွေဟာလည်း ခုတော့ခေါင်းအလျှိုလျှိုငုံ့နေကြသည် ။

"" ဒါလင်!! မောင့်နား လာခဲ့ !! ""

"" ဟမ် !! ငါ့ကို ""

ယိမ်းယိုင်သူ့ကိုယ်သူ လက်ညှိုးထိုးကာ ပြန်မေးလိုက်၏။

"" မဟုတ်ဘူး !! ကျုပ်ရဲ့နောက်လင်ကို ....
ကျစ် !! လာခဲ့စမ်းပါ ! ""

သူ့ကိုတစ်ခါခေါ်ရတာ ဘုရားတစ်ခါပင့်ရသည့်အတိုင်း။ခေါ်တော့လည်း တစ်လှမ်းချင်းလှမ်းလာနေတာ ခြေတစ်လှမ်း ကု‌ဠေတစ်သန်းလိုနုယွနေသေး၏။
မြန်မြန်မလာဘူး ..

အနားရောက်လာသည်နှင့် လက်ကောက်ဝတ်ကနေ ဖြတ်ခနဲလှမ်းဆွဲလိုက်ကာ..

"" ယိမ်းယိုင် က ကျုပ်အမျိုးသား နောက်ခါဒီလိုမျိုးကျုပ်အမျိုးသားကို စကား‌မပြောနဲ့ မျက်လုံးနဲ့တောင်ဝံ့ကြည့်ဖို့ မစဉ်းစားနဲ့ ! ကျုပ်ဘာလုပ်မိမလဲဆိုတာမသိပေမယ့် နောက်နေ့ နေထွက်ချိန်ကို ခင်ဗျားတို့မမြင်နိုင်‌တော့ဘူးဆိုတာတော့ ကျုပ်အာမခံနိုင်တယ် !! ""

ခုလိုကျတော့လည်း တစ်ယောက်မှဟမလာကြတော့ ..

"" ဟယ်ရီ !! ""

"" ဟုတ်ကဲ့ သခင်လေး ""

"" ငါ့ Company မှာ အောက်တန်းစားတွေ မလိုချင်ဘူး ခုချက်ချင်းရှယ်ယာရဲ့ 5% ကိုပေးပြီး
ထုတ်ချပလိုက် !! ""

"" ဟုတ်ကဲ့ပါ သခင်လေး ""

"" ကျွန်တော်တို့ တောင်းပန်ပါတယ် ဒီတစ်ခေါက်တော့ခွင့်လွှတ်ပေးပါ ""

"" ဟုတ်ပါတယ် CEO ရယ် နောက်မဖြစ်စေရပါဘူး။ကျွန်တော်တို့ကတိပေးပါတယ် ""

သူ့ Company မှာရှယ်ယာဝယ်ချင်သည့်လူတွေမှအများကြီး ရိုက်သတ်လို့မကုန်ပင်အဲ့တော့ဂရုစိုက်စရာလည်းမလို ငတ်လို့လုပ်စားနေတာမဟုတ် ဝါသနာပါလို့သာလုပ်နေတာ။ တောင်းပန်ကာပြောနေသည့်လူတွေရဲ့စကားကိုနားမထောင် ယိမ်းယိုင်ဘက်လှည့်ကာ

"" ခင်ဗျားက မောင်နဲ့လိုက်ခဲ့ ""

ပြောပြောဆိုဆို လက်တစ်ဖက်ကိုဆွဲကိုင်လာကာ ခြေလှမ်းကျဲကြီးတွေနဲ့ သွားနေသူကြောင့် သူ့မှာနောက်က လိုက်ရင်းမမှီတော့ တရွတ်တိုက်ပါလာချေပြီ။

"" နေ နေအုန်း ။မင်း ငါ့ကို ဘယ်ခေါ်သွားအုန်း
မလို့လဲ ။လွှတ်အုန်း ""

""... ""

ဝန်ထမ်းတွေကလည်း စပ်စုလိုချင်ပေမယ့် ခေါင်းတောင်မမော့ရဲကြ ...

"" ချန်ဒလာ ငါ့ကိုလွှတ်အုန်းလို့ ပြောနေတယ် !! ""

ချန်ဒလာ Company အပြင်ဘက်ကားပါကင်ထဲရောက်သည်နှင့် ခြေလှမ်းတွေကို ရပ်ချလိုက်၏။ ထို့နောက်ယိမ်းယိုင်ဘက်သို့လှည့်ကာ ..

"" မောင်လို့ခေါ် ""

"" ဟင် ""

"" ကျုပ်ကို မောင်လို့ခေါ် !! ""

"" ငါ .. ငါမခေါ်ချင်ဘူး ""

ပြွတ် !

"" ကျုပ် မောင်လို့မခေါ်မချင်း နမ်းနေမှာ!! ""

"" ငါမခေါ်ချင်ဘူး ပြောပြီးပြီလေ ""

"" ရတယ် အဲ့လိုစောက်ချိုးကိုကြိုက်တာ !! ""

အင့် !!

ရပ်ထားသည့်ကားနားထိ ဆောင့်တွန်းခံလိုက်ရသည့်အတွက်ကြောင့် သူ့မှာကားနှင့် ကျောကုန်းအနည်းငယ်မျှထိကာအင့်ခနဲ။ချန်ဒလာဟာလည်း
အလွတ်မပေး သူ့အပေါ်မှ အုပ်မိုးလာကာ ..

ပြွတ် !!

ထို့နောက် နှုတ်ခမ်းတစ်ခုလုံးကို ခပ်ဖွဖွလေး မထိတထိ တစ်ပြွတ်ပြွတ်နဲ့မြည်အောင်နမ်းနေတော့၏။

"" လွှတ်အုန်း ! ""

"" မလွှတ်ဘူး မခေါ်ရင် ဒီနေရာမှာပဲ
ရထားတစ်စီး လှိုင်ခေါင်းထဲခုတ်‌မောင်းပြမယ် !! ""

မျက်မှောင်တွေကျုံ့ကာ အတည်ပေါက်ကြီးပြောလာသူ၏ မျက်ဝန်းတွေကိုကြည့်လိုက်မိသည်။စနောက်ခြင်းမရှိ မယုံရင်ဆန်းကြည့်မလားဆိုသည့် စိန်ခေါ်နေသည့်အကြည့်မျိုး။ ဒီလိုနေရာမျိုးမှာတော့မဖြစ်လူသူသုံးပါးလုံးသွားလာနေသည့်နေရာလေ ..

ပြွတ် !!

ထို့နောက် ဒီအခြေအနေကိုရပ်တန့်ချင်သည့်သူကပဲ

"" မောင် ! မောင့် တော်တော့ ""

မျက်လုံးမှိတ်ကာ အော်လာသူကြောင့် ချန်ဒလာ
တစ်ဖန်နမ်းရှိုက်နေသည့်နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်ကာ ..

"" အဟက် !! မခေါ်‌ချင်တာလည်း မဟုတ်ပဲ
စောက်ကြောကတင်းနေသေး !! ""

•~•~•~•~•~•~•~•~•~•~•~•~•~•~•

18 • 1 • 2024 •
Xylo
vote & com

Continue Reading

You'll Also Like

7.1K 416 23
~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအခ...
12.5K 625 43
darkness is all that he sees: for he's a boy with broken dreams. •• in which a homeless boy goes to audition for an entertainment company, and there...
553K 17.9K 91
Harry James Potter has noticed Draco Lucian Malfoy disappearing from time to time from classes just as Lupin had been. Soon Harry realizes that Malfo...
55.9K 1.1K 12
"So I'm going to be staying with your son for three weeks?" She answered, "Yes Rachel, trust me, he's a nice guy. His name is Cory. I'm sure you'll l...