စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.3K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 13

1K 36 2
By Ex_0069

Unicode
Episode _ 13

* ဟတ်ချိုး..!. *

" လူကမှ ချူချာပါတယ်ဆိုမှ လျှာရှည်တော့ အခု ဖျားတော့မယ်...၊ ဟမ်! "

" မင်းကလည်း ဖြေးဖြေးလုပ်ပါ...၊ ငါ့ဆံပင်တွေလည်း ကျွတ်ထွက်ကုန်တော့မှာပဲ "

ရေစိုနေတဲ့ကျွန်တော့်ဆံပင်တွေကို တပတ်ကြမ်းကြီးနဲ့အားထည့်ပြီးရေသုတ်ပေးနေတဲ့တေလွန်း။

" ငါက... တိုးလွင် ရေမကူးတက်မှန်းသိလို့ သွားကူပေးတာပါ... "

" တိုးလွင် ရေမကူးတက်ပေမဲ့ ဆရာအောင်ထူးမော်က ရေကူးတက်တယ်လေ...၊ ပြီးတော့!.... ငါ့ကို မပြောမဆိုနဲ့ ရေထဲခုန်ဆင်းစရာလား... တောက်စ်! "

" မင်းကလည်း.... "

ကျုပ် သူ့ကို စိတ်ပူရလွန်းလို့သေနိုင်တယ်ဆိုတာ သူ မသိဘူးဗျ။ တိုးလွင်အတွက် မစိုးရိမ်တာမဟုတ်ပေမဲ့ ဆရာရှိနေတော့ စိတ်ချရတယ်လေ။ ဒါပေမဲ့ ကျုပ်ကို မပြောမဆိုနဲ့ရေထဲခုန်ချသွားတဲ့သူ့ကြောင့် ကျုပ် တကယ်ထိတ်လန့်ပြီး တခါမှမကြောက်ဖူးတဲ့​အကြောက်တရားကို ခံစားလိုက်ရတယ်ဗျ။

" ဟင်.. တေလွန်း! မင်း ငိုနေတာလား..... "

ကျွန်တော့်ကိုမကြည့်ဘဲ အကြည့်လွဲသွားတဲ့တေလွန်းရဲ့မျက်နှာကို ကျွန်တော် မရမက လိုက်ကြည့်မိတယ်။ တကယ်ကို တေလွန်းက ငိုနေတာပဲ...။ ကျွန်တော့်ကြောင့်လား....။

" ဘာလို့ငိုနေတာလဲ... ငါ့ကြောင့်လား၊ ငါ ဘာလုပ်မိလို့လဲဟင်.... ၊ ငါ နောက်တခါကျရင် အခုလို မင်းကိုမပြောမဆိုဘဲ ဘာမှမလုပ်တော့ပါဘူးကွာ...၊ ငါ ကတိပေးပါတယ်... နော် "

" ငါ မင်းကြောင့် အရမ်းလန့်သွားတာ.. အဲ့တာ မင်း သိရဲ့လား၊ မွေးကတည်းက တခါမှမခံစားရဖူးတဲ့အကြောက်တရားကို ငါ မင်းကြောင့်ပဲ ခံစားရတာကွ...၊ အဲ့တာ မင်း သိလား... "

" တောင်းပန်ပါတယ်.. ငါ တကယ်တောင်းပန်ပါတယ်ကွာ... "

ကျွန်တော့်ပခုံးပေါ်မျက်နှာအပ်ပြီး တေလွန်းက မျက်ရည်တွေကိုဖုံးကွယ်လိုက်တယ်။ ကျွန်တော်လည်း တေလွန်းကို အခုလောက်ထိဖြစ်သွားလိမ့်မယ်လို့ မထင်ထားတာကြောင့် ကိုယ့်ကိုယ်ကို နောင်တရမိတယ်။ ကျွန်တော် တေလွန်းရဲ့ရေစိုနေသေးတဲ့ကျောပြင်ကို အသာပွတ်သပ်ပေးရင်း တောင်းပန်လိုက်သည်။

" ဟင်း... ရေစိုဝတ်တွေ အရင်လဲကြရအောင်....၊ ချွတ်.. ဆင်ပေါက် မင်းရဲ့အင်္ကျီတွေကို၊ ငါ့ အဝတ်တွေ ခဏယူဝတ်လိုက်... "

တေလွန်းအိမ်မှာက ဘယ်သူမှမရှိပေ။ တေလွန်းက ကျွန်တော့်ကို အိမ်ပြန်မပို့ပေးဘဲ သူ့အိမ်ကိုခေါ်လာတာလေ။ ဟန်သာကတော့ နိုင်ထွန်းတို့နဲ့ကျွန်တော့်အိမ်ကို ပြန်သွားတယ်။ ဆရာအောင်ထူးမော်နဲ့တိုးလွင်က အခု အဆင်ပြေသွားကြပြီဖြစ်သည်။ တိုးလွင် ရေနစ်ပြီးသတိမေ့သွားတော့ ဆရာအောင်ထူးမော်က တကယ့်ကိုပျာယာခတ်နေပြီး တိုးလွင်ကို လုံးဝအဆုံးရှုံးမခံနိုင်တော့မှန်း သူ့ကိုယ်သူ သိသွားသည်။ တိုးလွင်နဲ့ဆရာ့အကြောင်းကို တေလွန်းတို့က သိထားပြီးသားဖြစ်ပေမဲ့ ကျွန်တော်ကတော့ အစောနကမှသိတာဖြစ်သည်။ တိုးလွင် ရေနစ်တဲ့ကိစ္စကလည်း သွေးရိုးသားရိုးမဟုတ်၊ တမင်တကာ ဆရာ့ကို အကျပ်ကိုင်တာပင်။ ဆရာ့အနေနဲ့ကလည်း တိုးလွင်းအပေါ် သနားချစ်နဲ့ချစ်နေပေမဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ဂုဏ်သိက္ခာနဲ့တိုးလွင်ရဲ့အသက်အရွယ်အပိုင်းအခြားကြောင့် တိုးလွင်ကို လက်မခံနိုင်ခြင်းပင်။ ဒါပေမဲ့ အခုတော့ ဆရာအောင်ထူးမော်နဲ့တိုးလွင်က တစ်ယောက်ရင်ထဲကိုတစ်ယောက်နားလည်သွားပြီး အဆင်ပြေသွားကြပြီ။

တိုးလွင်တို့အကြောင်းကိုတွေးရင်း ကျွန်တော်နဲ့တေလွန်းရဲ့အကြောင်းကိုပါ မဆီမဆိုင်တွေးမိတယ်။ တေလွန်းနဲ့ကျွန်တော်လည်း သူတို့လို တစ်ယောက်ရင်ထဲကိုတစ်ယောက်မြင်ပါ့မလား....။

" ဆင်ပေါက်!! မင်းရဲ့ဆွဲကြိုးရော... "

" ဟင်.. ဟုတ်သားပဲ!! ငါ့ဆွဲကြိုးရော "

ကျွန်တော်အင်္ကျီချွတ်လိုက်တော့ ကျွန်တော့်လည်ပင်းကိုကြည့်ပြီး တေလွန်းက အထိတ်တလန့်ရေရွတ်သည်။ တကယ်လည်း ကျွန်တော်ပါ ထိတ်လန့်သွားသည်။ ထိုဆွဲကြိုးက လုံးဝပျောက်လို့မဖြစ်။ ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ဆွဲကြိုးဖြစ်သည်။

" မင်း တစ်နေရာရာမှာ အထားမှားခဲ့တာလား.... "

" ဟင့်အင်း... ငါ အမြဲတမ်းဝတ်ထားတာ၊ တစ်ခါမှ မချွတ်ဘူး... "

" မဟုတ်မှ... မင်း ကြာကန်ထဲဆင်းတုန်းက ပြုတ်ကျသွားတာလား... "

" ..... ငါလည်း မသိ "

" တောက်စ်!!! "

တေလွန်းက တကယ်ဒေါသထွက်သွားသည်။ ကျွန်တော်လည်း ကျွန်တော့်အမှားမို့ တေလွန်းကိုပင် မကြည့်ရဲတော့။ ခေါင်းကိုသာ ငုံ့ထားမိသည်။

" မင်း အဲ့လောက်ထိ နမော်နမဲ့နိုင်ရသလား ... ဟမ်! "

" ငါ .. ငါ တောင်းပန်ပါတယ် "

" တောက်စ်! မင်းကို ပြောလိုက်ရင် အဲ့တောင်းပန်ပါတယ်ဆိုတဲ့စကားကလွဲပြီး ဘာမှပြန်မပြောတက်ဘူးလား!!!.. မင်း..! အသုံးကို မကျဘူး!!! "

ကျုပ် ကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲ ဆင်ပေါက်ကို အော်မိလိုက်တယ်။

" ဟင့်...! "

ဆင်ပေါက်ဆီကနေ ရှိုက်သံတိုးတိုးလေးထွက်လာသည်။ အဲ့ကျမှပဲ ကျုပ်လည်း ပြန်အသိဝင်လာတယ်။

" အဲ့တာက မင်းရဲ့အသက်အန္တရာယ်အတွက် အကာအကွယ်ထားတဲ့အဆောင်လေကွာ....၊ ဘာလို့... "

" ဟင့်!.... "

" ထားလိုက်တော့!!...၊ ဘဘုန်းဆီ သွားရအောင်...၊ မင်းဆီမှာ အဲ့အဆောင်ရှိနေတုန်းက ဒီလိုနေ့တွေက ဘာမှမဖြစ်ပေမဲ့ မင်းဆီမှာ အဲ့အဆောင်မရှိတော့ရင်... "

တေလွန်းရဲ့စကားကြောင့် ကျွန်တော် တေလွန်း ဘာလို့အဲ့လောက်ထိဒေါသထွက်သွားမှန်း သိလိုက်သည်။ အစက ကျွန်တော့်ကို တခါမှ အခုလောက်ထိဒေါသနဲ့မပြောဖူးတာမို့ ကျွန်တော် သူ့ကိုကြောက်လည်းကြောက်မိသလို တအားလည်းဝမ်းနည်းတာပေါ့။ ဒါပေမဲ့ ဒီနေ့က ဘာနေ့ဆိုတာကိုသိလိုက်တဲ့အချိန် တေလွန်းကိုလည်း စိတ်မဆိုးရဲတော့သလို ညရောက်မှာကို ကျွန်တော် ကြောက်သွားသည်။ ဒီနေ့က လပြည့်နေ့ပဲ။

ဘဘုန်းဆီကိုရောက်တော့ ကျုပ်တို့အဘတွေနဲ့အမေတွေက ကျောင်ဆောင်အောက်မှာ စကားပြောနေကြသည်။ ကျုပ်တို့လည်း ဘဘုန်းနေတဲ့ထန်းလက်တဲဆီကို အမြန်သွားပြီး ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တော့ ဘဘုန်းက အဆောင်ပြန်လုပ်ဖို့အတွက် နက္ခတ်ခွင်တွေကိုပြန်ချိန်တွက်ရအုံးမှာမို့ ချက်ချင်းမလုပ်ပေးနိုင်ဘူးဟု မိန့်ကြားသည်။ ထိုအစား.. ဒီနေ့ည ဆင်ပေါက်ကို ကျုပ်နဲ့ပဲ အတူတူအိပ်ဖို့​မှာသည်။ တစ်မျိုးလေး တွေးမနေနဲ့အုန်းဗျ။ ဒီတိုင်း ရိုးရိုးသားသားအိပ်တာကိုပြောတာ။

ဦးကြီးငြိမ်းသာနဲ့အရီးလေးနန်းမှုံကို ဒီအကြောင်းပြောပြဖို့ ပြောပေမဲ့ ဆင်ပေါက်က သူ့အဘနဲ့အမေ့ကို မစိုးရိမ်စေချင်တာကြောင့် ကျုပ်ကို တားသည်။ ထို့ကြောင့် ဒီအဆောင်ဆွဲကြိုးပျောက်သွားတဲ့အကြောင်းကို ကျုပ်နဲ့ဆင်ပေါက်၊ ပြီးတော့ ဘဘုန်းသာ သိသည်။

" ဆင်ပေါက်... "

" ... "

" အိပ်ပြီလား... "

" ဟင့်အင်း... မအိပ်သေးဘူး "

" အိပ်မပျော်ဘူးလား... "

" ..... "

" ကြောက်နေတာလား "

" အင်း... ငါ ကြောက်တယ် တေလွန်း..၊ အရင်က ဒါမျိုးကြုံခဲ့ဖူးရင် သိပ်ကြောက်မယ်လို့ ငါ မထင်ဘူး....၊ ဒါပေမဲ့ အခုလို တခါမှ မကြုံဘူးတော့ ပိုကြောက်တယ်....၊ ဒီဆွဲကြိုးနဲ့ပတ်သတ်ရင် ငါ့မိဘတွေရော၊ ဖေသောင်းတို့ကပါ အရမ်းစိတ်ပူကြမှန်းသိတော့ ငါ ပိုကြောက်တယ်.... "

ကျုပ်လည်း ကျုပ်ဘေးမှာအသံတိတ်ပြီးအိပ်နေတဲ့ဆင်ပေါက်ရဲ့ကိုယ်လေးကို ဆွဲဖက်ပြီး ကျုပ်ရင်ခွင်ထဲထည့်လိုက်သည်။ ဒီတစ်ခါတော့ ဆင်ပေါက်က မရုန်းဘဲ အသာလေး ဆွဲဖက်လိုက်တဲ့အတိုင်း ပါလာသည်။ ဒါက သူ ဘယ်လောက်ကြောက်နေလဲဆိုတာကို ကျုပ် ခန့်မှန်းလို့ရသည်။

" မကြောက်နဲ့နော်...၊ မင်းရဲ့ဘေးမှာ ငါ ရှိတယ်.. "

ကျွန်တော် တေလွန်းရဲ့ရင်ခွင်ထဲကို ပိုတိုးဝင်မိတယ်။ တေလွန်းရဲ့ထိုစကားလေးက ကျွန်တော့်ကို သူ့ရင်ခွင်ထဲမှာခိုနားခွင့်ပေးတာထက် ပိုပြီးနွေးထွေးတယ်။

" တေလွန်း... "

" ဟင် "

" ငါ ငယ်ငယ်တုန်းက တောထဲလိုက်ခဲ့ဖူးတယ်မလား.... "

" ဘာဖြစ်လို့လဲ... "

ဆင်ပေါက်စကားကြောင့် ကျုပ် စိတ်ရှုပ်သွားမိတယ်။ ဆင်ပေါက်က အဲ့ဒီအကြောင်းကို ဘာလို့ အခုလိုအချိန်ကျမှ လာမေးရတာလဲ...။

" ငါ့ကို ဘယ်သူမှ အဲ့အကြောင်းမပြောပြဘူးလေ၊ ပြီးတော့ အဲ့တုန်းကကိစ္စကို ငါလည်း မမှတ်မိဘူး...၊ ဒါပေမဲ့.. မင်းကကျ "

" ငါလည်း မမှတ်မိတော့ဘူး...၊ အဲ့တုန်းက ငါလည်း ငယ်သေးတာပဲကို!... "

ကျုပ်လည်း ဆင်ပေါက်ရဲ့စကားကိုဖြတ်ပြောပြီး မုသားသုံးမိသည်။ ထိုနေ့က အဖြစ်အပျက်ကို ကျုပ် ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်။ အဲ့အဖြစ်အပျက်ကြောင့်ပဲ ဆင်ပေါက်မှာ ကျုပ်ရဲ့သွေးနဲ့စီမံထားတဲ့အဆောင်ဆွဲကြိုးရှိနေရခြင်းပင်။ အခုတော့ အဆောင်ဆွဲကြိုးက ပျောက်သွားပြီ။ အဆောင်ဆွဲကြိုးအစား ကျုပ်ကို အခု ဘဘုန်းက ဆင်ပေါက်အနားနေဖို့ မှာရခြင်းဖြစ်သည်။

" ငါ သင်္ကြန်တုန်းကလည်း တောထဲမှာ ထူးဆန်းတာတစ်ခုကြုံခဲ့တယ်... "

ကျွန်တော့်စကားကြောင့် တေလွန်း ကျွန်တော့်ကိုဖက်ထားတဲ့လက်တွေက ပိုတင်းကျပ်သွားတာကို ကျွန်တော် ခံစားမိလိုက်တယ်။ တကယ်တော့ တေလွန်း မှတ်မိနေခဲ့တာပဲ။ ကျွန်တော့်ကို အဘနဲ့အမေ့လိုပဲ တမင်ပြောမပြခြင်းသာ။

" အဲ့တုန်းက မိန်းမတစ်ယောက်ရဲ့အသံကို ငါကြားခဲ့တယ် သိလား..... "

" ငါ အိပ်ချင်နေပြီ...၊ ဆင်ပေါက်လေးလည်း အိပ်တော့..၊ မောင် ဖက်ထားပေးမယ် "

" တေလွန်း!.. မင်းနော်!! "

" ဟား... ဘာလဲ မောင့်ရဲ့ဆင်ပေါက်လေးက စိတ်ဆိုးတာလား....၊ မောင်တို့က လက်ထပ်ရမဲ့သူတွေပဲကွာ...၊ အခုကတည်းက မောင်လို့ခေါ်သင့်တယ်မဟုတ်လား... မောင့်ရဲ့ဆင်ပေါက်လေး.... ဒါမှ နှစ်ယောက်အတူတူအိုးအိမ်ထူထောင်ကြတဲ့အခါ နှုတ်ကျိုးမှာပေါ့... မဟုတ်ဘူးလား "

" ဘာ.. ဘာကို လက်ထပ်ရမှာလဲ..၊ ဘာကို မောင်လဲ...၊ မင်း လျှောက်.. လျှောက်မပြောနဲ့...၊ ဘယ်သူက မင်းနဲ့တစ်အိုးတစ်အိမ်ထူထောင်ရမှာလဲ... အိမ်မက်ပဲ ဆက်မက်နေလိုက်တော့ "

" ဟောဗျာ.... "

ကျုပ်ကို ရင်ခွင်ထဲကနေမျက်စောင်းထိုးနေတဲ့ဆင်ပေါက်လေးက တကယ့်ကိုအသဲယားစရာကောင်းတာပဲဗျ။ ကျုပ်ကိုလည်း ရန်လုပ်သေးတယ်..၊ ကျုပ်ရင်ခွင်ထဲကိုလည်း ပိုတိုးပြီးဝင်လာသေးတယ်.. ဟား။ ကျုပ်တော့ တကယ်အူယားပြီး နမ်းမိတော့မှာပဲ... ဟင်း။

" အင်း..  စိတ်ချလက်ချအိပ်နော်...၊ မင်းကို မောင်က ဟော့ဒီလို ဖက်ထားပေးမယ်... "

" ဟာ.. တေလွန်း!! "

ကျုပ်က သူ့ကို အားနဲ့ဆွဲညှစ်လိုက်တော့ ဆင်ပေါက်က ရုန်းတော့သည်။ ဒါပေမဲ့ ကျုပ်က အလွတ်မပေးမှန်းသိတော့ ဆက်မရုန်းတော့ဘဲ အိပ်တော့မယ်ဟုဆိုကာ ငြိမ်ငြိမ်လေးစိတ်ချလက်ချနဲ့အိပ်သွားတော့သည်။ ခဏအကြာတော့ ပုံမှန်အသက်ရှူသံလေးက ကျုပ်ရင်ခွင်ထဲကနေ ဖွဖွလေးထွက်လာသည်။ ဆင်ပေါက် တကယ်အိပ်ပျော်သွားပြီပဲ။ ကျုပ် ဆင်ပေါက်ကိုဆက်ပြီး အတွေးမများစေချင်တာမို့ အာရုံလွှဲလိုက်တာက အဆင်ပြေတယ်ပြောရမည်။

" ကောင်းကောင်းအိပ်စက်ပါ... မောင့်ရဲ့ဆင်ပေါက်လေး...၊ မောင်က ဒီနာမ်စားလေးကို မောင်တို့လက်ထပ်ပြီးမှ သုံးမယ်လို့ စဥ်းစားထားတာ....၊ မောင့်ရဲ့ဆင်ပေါက်က တကယ့်ကိုယစ်ထုပ်လေး...၊ အခုတော့ မင်းကြောင့် မောင်ရဲ့အစီအစဥ်က အစောကြီးပြီးဆုံးသွားပြီကွာ....၊ မောင့်ရဲ့အနွေးဓာတ်ကြောင့် မောင့်ရဲ့ရင်ခွင်ထဲကဆင်ပေါက်လေး ဘာအပူအပင်မှမရှိဘဲအိပ်စက်နိုင်ပါစေဗျာ..... "

ကျုပ် ဆင်ပေါက်ရဲ့နဖူးလေးကို ခပ်ဖွဖွနမ်းပြီး ဆုတောင်းမိတယ်။ ထို့နောက် ဒုတိယအကြိမ်မြောက် ပန်းသီးပုံနှုတ်ခမ်းလေးကို မက်မက်မောမောနမ်းရှိုက်လိုက်ပြီး ကျုပ် ဆင်ပေါက်ရဲ့ခန္ဓာကိုယ်လေးကို လွတ်ထွက်သွားမှာစိုးတဲ့အတိုင်း တင်းတင်းကျပ်ကျပ်ဖက်ထားပြီး အိပ်ပျော်ဖို့ကြိုးစားသည်။ သိပ်မကြာခင်မှာပဲ ကျုပ်လည်း တကယ်အိပ်ပျော်သွားတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~

" မောင်ငယ်...... "

" ဘယ်သူလဲ...!!! "

" မောင်ငယ်... အမတော်နဲ့အတူတူလိုက်ခဲ့ပါ "

" ဘယ်သူလဲ..! အဘ.. အမေ.. ဘယ်သူရှိလဲ "

ကျွန်တော့်ဘေးမှာ အမှောင်ထုကြီးက ကြီးစိုးနေတယ်။ အလင်းရောင်ဆိုလို့ ကျွန်တော်မတ်တပ်ရပ်နေတဲ့နေရာတစ်နေရာသာ ရှိတယ်။ အမှောင်ထုထဲကနေ ကြားနေရတဲ့အသံဟာ ဟိုတစ်ခါ ကျွန်တော် တောထဲမှာကြားခဲ့ရတဲ့အမျိုးသမီးရဲ့အသံသာဖြစ်သည်။

" ရှီး........ ရှီး....... "

" ဘယ်သူလဲ!..... အဘ!! အမေ!!! "

ကျွန်တော့်အနားမှာ အကောင်တစ်ကောင်ရဲ့တွားသွားသံကိုကြားနေရပြီး ထိုအကောင်ရဲ့ပါးစပ်က မှုတ်ထုတ်နေတဲ့လေသံနဲ့မြူခိုးတွေလိုအငွေ့တွေက ကျွန်တော့်ကို တဖြည်းဖြည်းချင်း အင်အားယုတ်လျော့လာစေတယ်လို့ ကျွန်တော် ခံစားလိုက်ရသည်။

" မောင်ငယ်... အမတော်နဲ့ အတူတူလိုက်ခဲ့ပါတော့... "

" ဟင့်အင်း... ကျွန်တော် မလိုက်နိုင်ဘူး၊... "

" မရဘူး!! မင်း အမတော်နဲ့ ပြန်လိုက်ကို..လိုက်ခဲ့ရမယ် !!! "

ရုတ်တရက် ကျွန်တော့်ရှေ့မှာပေါ်လာတဲ့ အစိမ်းရောင်ဧရာမမြွေကြီးတစ်ကောင်။ ပုံမှန်ဆို ကျွန်တော် အဲ့နေရာမှာပဲ ကြောက်လန့်ပြီး သတိလစ်သွားနိုင်ပေမဲ့ အခုတော့ ကျွန်တော် အဲ့မြွေကြီးကို လုံးဝမကြောက်။ ကြည့်ရတာ ကျွန်တော် အခု အိမ်မက်မက်နေတာပဲဖြစ်ရမယ်။

" ဟင့်အင်း... မလိုက်ဘူး "

" မရဘူး...၊ အကိုတော်တို့ ဒီလိုအခွင့်အရေးကိုရဖို့အတွက် ဘယ်လောက်ထိစောင့်စားနေခဲ့ရသလဲဆိုတာ ညီတော် မသိလေရော့သလား....!! "

နောက်ထပ် မြွေကြီးပေါ်ကနေ ပေါ်လာတဲ့အမျိုးသားတစ်ဦး။ ဝတ်ထားတဲ့အဝတ်အစားတွေ အရမ်းကိုရှေးကျလွန်းပြီး အပြာရောင်တောက်တောက်ကိုသုံးထားသည်။ ဆံပင်ကိုဖားလျားချထားပြီး နထင်စပ်ကဆံပင်တွေကို ပခုံးအရှေ့မှာ အပြာရောင်ချည်ကြိုးနဲ့အသေအချာကျစ်စံမှီးကျစ်၍ စီးထားသည်။ အနောက်မှာချထားတဲ့ဆံပင်တွေကို ဆံပင်အဖျားမှာအားလုံးစုပြီး အပြာရောင်ချည်ကြိုးနဲ့ချည်ထားလိမ့်မည်ဟု ကျွန်တော့်စိတ်ထဲက အလိုလိုသိနေတယ်။ ဒါက ဘာကြောင့်ပါလိမ့်။

" အကိုတော်နဲ့ အတူတူ ပြန်လိုက်ခဲ့ပါကွယ်..... "

" ဟင့်အင်း... "

" အကိုတော်တို့ အနုနည်းနဲ့မှ မရရင် အကြမ်းနည်းသုံးလိမ့်မယ်... ညီတော် "

" ဟင့်အင်း.... မလိုက်ဘူး!! အဘ!.. အမေ!.. ဘယ်မှာလဲ!!!.... "

" ညီမတော်.. ညီတော့်ကို သွားခေါ်လာခဲ့! "

" ဟင့်အင်း!! ကျွန်တော် မလိုက်ချင်ဘူး...၊ ကျွန်တော် သူနဲ့မခွဲနိုင်ဘူး... အကိုတော်!.. အမတော်... အငယ့်ကို သနားသောအားဖြင့် လွှတ်ပေးပါ...၊ အငယ် သူနဲ့နောက်ထပ်တစ်ကြိမ် မခွဲခွာပါရစေနဲ့တော့!!.... "

ကျွန်တော် ကိုယ့်ကိုယ်ကို ငတိမထားမိဘဲ ကျွန်တော့်ဆီ တစ်ရွေ့ရွေ့လာနေတဲ့အသိမ်းရောင်မြွေကြီးနဲ့မြွေကြီးရဲ့အနောက်က အမျိုးသားကိုတောင်းပန်နေမိသည်။ သူတို့ကတော့ ကျွန်တော့်စကားကို လျစ်လျူရှုထားရင်း ကျွန်တော့်ခန္ဓာကိုယ်ကို မြွေကြီးက စတင်ရစ်ပတ်လာသည်။

" တေလွန်း ငါ့ကို လာခေါ်ပါအုံး....!!!! "

မြွေကြီးရဲ့လက်ထဲက အတင်းရုန်းထွက်ပေမဲ့ အင်အားချိနဲ့လာတဲ့ကျွန်တော့်ခန္ဓာနဲ့အတူတူ တဖြည်းဖြည်းအမြင်တွေဝေဝါးလာပြီး နောက်ဆုံး ကျွန်တော် ဘာကိုမှမသိတော့ဘဲ လုံးဝအမှောင်ကမ္ဘာထဲကို ခတ္တရောက်သွားတော့သည်။

Next episode ..............

Zawgyi
Episode _ 13

* ဟတ္ခ်ိဳး..!. *

" လူကမွ ခ်ူခ်ာပါတယ္ဆိုမွ လ်ွာရွည္ေတာ့ အခု ဖ်ားေတာ့မယ္...၊ ဟမ္! "

" မင္းကလည္း ေျဖးေျဖးလုပ္ပါ...၊ ငါ့ဆံပင္ေတြလည္း ကြၽတ္ထြက္ကုန္ေတာ့မွာပဲ "

ေရစိုေနတဲ့ကြၽန္ေတာ့္ဆံပင္ေတြကို တပတ္ၾကမ္းႀကီးနဲ႔အားထည့္ၿပီးေရသုတ္ေပးေနတဲ့ေတလြန္း။

" ငါက... တိုးလြင္ ေရမကူးတက္မွန္းသိလို႔ သြားကူေပးတာပါ... "

" တိုးလြင္ ေရမကူးတက္ေပမဲ့ ဆရာေအာင္ထူးေမာ္က ေရကူးတက္တယ္ေလ...၊ ၿပီးေတာ့!.... ငါ့ကို မေျပာမဆိုနဲ႔ ေရထဲခုန္ဆင္းစရာလား... ေတာက္စ္! "

" မင္းကလည္း.... "

က်ဳပ္ သူ႔ကို စိတ္ပူရလြန္းလို႔ေသႏိုင္တယ္ဆိုတာ သူ မသိဘူးဗ်။ တိုးလြင္အတြက္ မစိုးရိမ္တာမဟုတ္ေပမဲ့ ဆရာရိွေနေတာ့ စိတ္ခ်ရတယ္ေလ။ ဒါေပမဲ့ က်ဳပ္ကို မေျပာမဆိုနဲ႔ေရထဲခုန္ခ်သြားတဲ့သူ႔ေၾကာင့္ က်ဳပ္ တကယ္ထိတ္လန္႔ၿပီး တခါမွမေၾကာက္ဖူးတဲ့​အေၾကာက္တရားကို ခံစားလိုက္ရတယ္ဗ်။

" ဟင္.. ေတလြန္း! မင္း ငိုေနတာလား..... "

ကြၽန္ေတာ့္ကိုမၾကည့္ဘဲ အၾကည့္လြဲသြားတဲ့ေတလြန္းရဲ့မ်က္ႏွာကို ကြၽန္ေတာ္ မရမက လိုက္ၾကည့္မိတယ္။ တကယ္ကို ေတလြန္းက ငိုေနတာပဲ...။ ကြၽန္ေတာ့္ေၾကာင့္လား....။

" ဘာလို႔ငိုေနတာလဲ... ငါ့ေၾကာင့္လား၊ ငါ ဘာလုပ္မိလို႔လဲဟင္.... ၊ ငါ ေနာက္တခါက်ရင္ အခုလို မင္းကိုမေျပာမဆိုဘဲ ဘာမွမလုပ္ေတာ့ပါဘူးကြာ...၊ ငါ ကတိေပးပါတယ္... ေနာ္ "

" ငါ မင္းေၾကာင့္ အရမ္းလန္႔သြားတာ.. အဲ့တာ မင္း သိရဲ့လား၊ ေမြးကတည္းက တခါမွမခံစားရဖူးတဲ့အေၾကာက္တရားကို ငါ မင္းေၾကာင့္ပဲ ခံစားရတာကြ...၊ အဲ့တာ မင္း သိလား... "

" ေတာင္းပန္ပါတယ္.. ငါ တကယ္ေတာင္းပန္ပါတယ္ကြာ... "

ကြၽန္ေတာ့္ပခံုးေပၚမ်က္ႏွာအပ္ၿပီး ေတလြန္းက မ်က္ရည္ေတြကိုဖံုးကြယ္လိုက္တယ္။ ကြၽန္ေတာ္လည္း ေတလြန္းကို အခုေလာက္ထိျဖစ္သြားလိမ့္မယ္လို႔ မထင္ထားတာေၾကာင့္ ကိုယ့္ကိုယ္ကို ေနာင္တရမိတယ္။ ကြၽန္ေတာ္ ေတလြန္းရဲ့ေရစိုေနေသးတဲ့ေက်ာျပင္ကို အသာပြတ္သပ္ေပးရင္း ေတာင္းပန္လိုက္သည္။

" ဟင္း... ေရစိုဝတ္ေတြ အရင္လဲၾကရေအာင္....၊ ခြၽတ္.. ဆင္ေပါက္ မင္းရဲ့အက်ႌေတြကို၊ ငါ့ အဝတ္ေတြ ခဏယူဝတ္လိုက္... "

ေတလြန္းအိမ္မွာက ဘယ္သူမွမရိွေပ။ ေတလြန္းက ကြၽန္ေတာ့္ကို အိမ္ျပန္မပို႔ေပးဘဲ သူ႔အိမ္ကိုေခၚလာတာေလ။ ဟန္သာကေတာ့ ႏိုင္ထြန္းတို႔နဲ႔ကြၽန္ေတာ့္အိမ္ကို ျပန္သြားတယ္။ ဆရာေအာင္ထူးေမာ္နဲ႔တိုးလြင္က အခု အဆင္ေျပသြားၾကၿပီျဖစ္သည္။ တိုးလြင္ ေရနစ္ၿပီးသတိေမ့သြားေတာ့ ဆရာေအာင္ထူးေမာ္က တကယ့္ကိုပ်ာယာခတ္ေနၿပီး တိုးလြင္ကို လံုးဝအဆံုးရႈံးမခံႏိုင္ေတာ့မွန္း သူ႔ကိုယ္သူ သိသြားသည္။ တိုးလြင္နဲ႔ဆရာ့အေၾကာင္းကို ေတလြန္းတို႔က သိထားၿပီးသားျဖစ္ေပမဲ့ ကြၽန္ေတာ္ကေတာ့ အေစာနကမွသိတာျဖစ္သည္။ တိုးလြင္ ေရနစ္တဲ့ကိစၥကလည္း ေသြးရိုးသားရိုးမဟုတ္၊ တမင္တကာ ဆရာ့ကို အက်ပ္ကိုင္တာပင္။ ဆရာ့အေနနဲ႔ကလည္း တိုးလြင္းအေပၚ သနားခ်စ္နဲ႔ခ်စ္ေနေပမဲ့ ေက်ာင္းဆရာတစ္ေယာက္ရဲ့ဂုဏ္သိကၡာနဲ႔တိုးလြင္ရဲ့အသက္အရြယ္အပိုင္းအျခားေၾကာင့္ တိုးလြင္ကို လက္မခံႏိုင္ျခင္းပင္။ ဒါေပမဲ့ အခုေတာ့ ဆရာေအာင္ထူးေမာ္နဲ႔တိုးလြင္က တစ္ေယာက္ရင္ထဲကိုတစ္ေယာက္နားလည္သြားၿပီး အဆင္ေျပသြားၾကၿပီ။

တိုးလြင္တို႔အေၾကာင္းကိုေတြးရင္း ကြၽန္ေတာ္နဲ႔ေတလြန္းရဲ့အေၾကာင္းကိုပါ မဆီမဆိုင္ေတြးမိတယ္။ ေတလြန္းနဲ႔ကြၽန္ေတာ္လည္း သူတို႔လို တစ္ေယာက္ရင္ထဲကိုတစ္ေယာက္ျမင္ပါ့မလား....။

" ဆင္ေပါက္!! မင္းရဲ့ဆြဲႀကိဳးေရာ... "

" ဟင္.. ဟုတ္သားပဲ!! ငါ့ဆြဲႀကိဳးေရာ "

ကြၽန္ေတာ္အက်ႌခြၽတ္လိုက္ေတာ့ ကြၽန္ေတာ့္လည္ပင္းကိုၾကည့္ၿပီး ေတလြန္းက အထိတ္တလန္႔ေရရြတ္သည္။ တကယ္လည္း ကြၽန္ေတာ္ပါ ထိတ္လန္႔သြားသည္။ ထိုဆြဲႀကိဳးက လံုးဝေပ်ာက္လို႔မျဖစ္။ ကြၽန္ေတာ့္အတြက္ အရမ္းအေရးႀကီးတဲ့ဆြဲႀကိဳးျဖစ္သည္။

" မင္း တစ္ေနရာရာမွာ အထားမွားခဲ့တာလား.... "

" ဟင့္အင္း... ငါ အၿမဲတမ္းဝတ္ထားတာ၊ တစ္ခါမွ မခြၽတ္ဘူး... "

" မဟုတ္မွ... မင္း ၾကာကန္ထဲဆင္းတုန္းက ျပဳတ္က်သြားတာလား... "

" ..... ငါလည္း မသိ "

" ေတာက္စ္!!! "

ေတလြန္းက တကယ္ေဒါသထြက္သြားသည္။ ကြၽန္ေတာ္လည္း ကြၽန္ေတာ့္အမွားမို႔ ေတလြန္းကိုပင္ မၾကည့္ရဲေတာ့။ ေခါင္းကိုသာ ငံု႔ထားမိသည္။

" မင္း အဲ့ေလာက္ထိ နေမာ္နမဲ့ႏိုင္ရသလား ... ဟမ္! "

" ငါ .. ငါ ေတာင္းပန္ပါတယ္ "

" ေတာက္စ္! မင္းကို ေျပာလိုက္ရင္ အဲ့ေတာင္းပန္ပါတယ္ဆိုတဲ့စကားကလြဲၿပီး ဘာမျွပန္မေျပာတက္ဘူးလား!!!.. မင္း..! အသံုးကို မက်ဘူး!!! "

က်ဳပ္ ကိုယ့္စိတ္ကိုမထိန္းႏိုင္ဘဲ ဆင္ေပါက္ကို ေအာ္မိလိုက္တယ္။

" ဟင့္...! "

ဆင္ေပါက္ဆီကေန ရိႈက္သံတိုးတိုးေလးထြက္လာသည္။ အဲ့က်မွပဲ က်ဳပ္လည္း ျပန္အသိဝင္လာတယ္။

" အဲ့တာက မင္းရဲ့အသက္အႏၲရာယ္အတြက္ အကာအကြယ္ထားတဲ့အေဆာင္ေလကြာ....၊ ဘာလို႔... "

" ဟင့္!.... "

" ထားလိုက္ေတာ့!!...၊ ဘဘုန္းဆီ သြားရေအာင္...၊ မင္းဆီမွာ အဲ့အေဆာင္ရိွေနတုန္းက ဒီလိုေန့ေတြက ဘာမွမျဖစ္ေပမဲ့ မင္းဆီမွာ အဲ့အေဆာင္မရိွေတာ့ရင္... "

ေတလြန္းရဲ့စကားေၾကာင့္ ကြၽန္ေတာ္ ေတလြန္း ဘာလို႔အဲ့ေလာက္ထိေဒါသထြက္သြားမွန္း သိလိုက္သည္။ အစက ကြၽန္ေတာ့္ကို တခါမွ အခုေလာက္ထိေဒါသနဲ႔မေျပာဖူးတာမို႔ ကြၽန္ေတာ္ သူ႔ကိုေၾကာက္လည္းေၾကာက္မိသလို တအားလည္းဝမ္းနည္းတာေပါ့။ ဒါေပမဲ့ ဒီေန့က ဘာေန့ဆိုတာကိုသိလိုက္တဲ့အခ်ိန္ ေတလြန္းကိုလည္း စိတ္မဆိုးရဲေတာ့သလို ညေရာက္မွာကို ကြၽန္ေတာ္ ေၾကာက္သြားသည္။ ဒီေန့က လျပည့္ေန့ပဲ။

ဘဘုန္းဆီကိုေရာက္ေတာ့ က်ဳပ္တို႔အဘေတြနဲ႔အေမေတြက ေက်ာင္ေဆာင္ေအာက္မွာ စကားေျပာေနၾကသည္။ က်ဳပ္တို႔လည္း ဘဘုန္းေနတဲ့ထန္းလက္တဲဆီကို အျမန္သြားၿပီး ျဖစ္ေၾကာင္းကုန္စင္ကိုေျပာျပလိုက္ေတာ့ ဘဘုန္းက အေဆာင္ျပန္လုပ္ဖို႔အတြက္ နကၡတ္ခြင္ေတြကိုျပန္ခ်ိန္တြက္ရအံုးမွာမို႔ ခ်က္ခ်င္းမလုပ္ေပးႏိုင္ဘူးဟု မိန္႔ၾကားသည္။ ထိုအစား.. ဒီေန့ည ဆင္ေပါက္ကို က်ဳပ္နဲ႔ပဲ အတူတူအိပ္ဖို႔​မွာသည္။ တစ္မ်ိဳးေလး ေတြးမေနနဲ႔အုန္းဗ်။ ဒီတိုင္း ရိုးရိုးသားသားအိပ္တာကိုေျပာတာ။

ၪီးႀကီးၿငိမ္းသာနဲ႔အရီးေလးနန္းမႈံကို ဒီအေၾကာင္းေျပာျပဖို႔ ေျပာေပမဲ့ ဆင္ေပါက္က သူ႔အဘနဲ႔အေမ့ကို မစိုးရိမ္ေစခ်င္တာေၾကာင့္ က်ဳပ္ကို တားသည္။ ထို႔ေၾကာင့္ ဒီအေဆာင္ဆြဲႀကိဳးေပ်ာက္သြားတဲ့အေၾကာင္းကို က်ဳပ္နဲ႔ဆင္ေပါက္၊ ၿပီးေတာ့ ဘဘုန္းသာ သိသည္။

" ဆင္ေပါက္... "

" ... "

" အိပ္ၿပီလား... "

" ဟင့္အင္း... မအိပ္ေသးဘူး "

" အိပ္မေပ်ာ္ဘူးလား... "

" ..... "

" ေၾကာက္ေနတာလား "

" အင္း... ငါ ေၾကာက္တယ္ ေတလြန္း..၊ အရင္က ဒါမ်ိဳးႀကံဳခဲ့ဖူးရင္ သိပ္ေၾကာက္မယ္လို႔ ငါ မထင္ဘူး....၊ ဒါေပမဲ့ အခုလို တခါမွ မႀကံဳဘူးေတာ့ ပိုေၾကာက္တယ္....၊ ဒီဆြဲႀကိဳးနဲ႔ပတ္သတ္ရင္ ငါ့မိဘေတြေရာ၊ ေဖေသာင္းတို႔ကပါ အရမ္းစိတ္ပူၾကမွန္းသိေတာ့ ငါ ပိုေၾကာက္တယ္.... "

က်ဳပ္လည္း က်ဳပ္ေဘးမွာအသံတိတ္ၿပီးအိပ္ေနတဲ့ဆင္ေပါက္ရဲ့ကိုယ္ေလးကို ဆြဲဖက္ၿပီး က်ဳပ္ရင္ခြင္ထဲထည့္လိုက္သည္။ ဒီတစ္ခါေတာ့ ဆင္ေပါက္က မရုန္းဘဲ အသာေလး ဆြဲဖက္လိုက္တဲ့အတိုင္း ပါလာသည္။ ဒါက သူ ဘယ္ေလာက္ေၾကာက္ေနလဲဆိုတာကို က်ဳပ္ ခန္႔မွန္းလို႔ရသည္။

" မေၾကာက္နဲ႔ေနာ္...၊ မင္းရဲ့ေဘးမွာ ငါ ရိွတယ္.. "

ကြၽန္ေတာ္ ေတလြန္းရဲ့ရင္ခြင္ထဲကို ပိုတိုးဝင္မိတယ္။ ေတလြန္းရဲ့ထိုစကားေလးက ကြၽန္ေတာ့္ကို သူ႔ရင္ခြင္ထဲမွာခိုနားခြင့္ေပးတာထက္ ပိုၿပီးေနြးေထြးတယ္။

" ေတလြန္း... "

" ဟင္ "

" ငါ ငယ္ငယ္တုန္းက ေတာထဲလိုက္ခဲ့ဖူးတယ္မလား.... "

" ဘာျဖစ္လို႔လဲ... "

ဆင္ေပါက္စကားေၾကာင့္ က်ဳပ္ စိတ္ရႈပ္သြားမိတယ္။ ဆင္ေပါက္က အဲ့ဒီအေၾကာင္းကို ဘာလို႔ အခုလိုအခ်ိန္က်မွ လာေမးရတာလဲ...။

" ငါ့ကို ဘယ္သူမွ အဲ့အေၾကာင္းမေျပာျပဘူးေလ၊ ၿပီးေတာ့ အဲ့တုန္းကကိစၥကို ငါလည္း မမွတ္မိဘူး...၊ ဒါေပမဲ့.. မင္းကက် "

" ငါလည္း မမွတ္မိေတာ့ဘူး...၊ အဲ့တုန္းက ငါလည္း ငယ္ေသးတာပဲကို!... "

က်ဳပ္လည္း ဆင္ေပါက္ရဲ့စကားကိုျဖတ္ေျပာၿပီး မုသားသံုးမိသည္။ ထိုေန့က အျဖစ္အပ်က္ကို က်ဳပ္ ဘယ္ေတာ့မွ ေမ့လိမ့္မည္မဟုတ္။ အဲ့အျဖစ္အပ်က္ေၾကာင့္ပဲ ဆင္ေပါက္မွာ က်ဳပ္ရဲ့ေသြးနဲ႔စီမံထားတဲ့အေဆာင္ဆြဲႀကိဳးရိွေနရျခင္းပင္။ အခုေတာ့ အေဆာင္ဆြဲႀကိဳးက ေပ်ာက္သြားၿပီ။ အေဆာင္ဆြဲႀကိဳးအစား က်ဳပ္ကို အခု ဘဘုန္းက ဆင္ေပါက္အနားေနဖို႔ မွာရျခင္းျဖစ္သည္။

" ငါ သႂကၤန္တုန္းကလည္း ေတာထဲမွာ ထူးဆန္းတာတစ္ခုႀကံဳခဲ့တယ္... "

ကြၽန္ေတာ့္စကားေၾကာင့္ ေတလြန္း ကြၽန္ေတာ့္ကိုဖက္ထားတဲ့လက္ေတြက ပိုတင္းက်ပ္သြားတာကို ကြၽန္ေတာ္ ခံစားမိလိုက္တယ္။ တကယ္ေတာ့ ေတလြန္း မွတ္မိေနခဲ့တာပဲ။ ကြၽန္ေတာ့္ကို အဘနဲ႔အေမ့လိုပဲ တမင္ေျပာမျပျခင္းသာ။

" အဲ့တုန္းက မိန္းမတစ္ေယာက္ရဲ့အသံကို ငါၾကားခဲ့တယ္ သိလား..... "

" ငါ အိပ္ခ်င္ေနၿပီ...၊ ဆင္ေပါက္ေလးလည္း အိပ္ေတာ့..၊ ေမာင္ ဖက္ထားေပးမယ္ "

" ေတလြန္း!.. မင္းေနာ္!! "

" ဟား... ဘာလဲ ေမာင့္ရဲ့ဆင္ေပါက္ေလးက စိတ္ဆိုးတာလား....၊ ေမာင္တို႔က လက္ထပ္ရမဲ့သူေတြပဲကြာ...၊ အခုကတည္းက ေမာင္လို႔ေခၚသင့္တယ္မဟုတ္လား... ေမာင့္ရဲ့ဆင္ေပါက္ေလး.... ဒါမွ ႏွစ္ေယာက္အတူတူအိုးအိမ္ထူေထာင္ၾကတဲ့အခါ ႏႈတ္က်ိဳးမွာေပါ့... မဟုတ္ဘူးလား "

" ဘာ.. ဘာကို လက္ထပ္ရမွာလဲ..၊ ဘာကို ေမာင္လဲ...၊ မင္း ေလ်ွာက္.. ေလ်ွာက္မေျပာနဲ႔...၊ ဘယ္သူက မင္းနဲ႔တစ္အိုးတစ္အိမ္ထူေထာင္ရမွာလဲ... အိမ္မက္ပဲ ဆက္မက္ေနလိုက္ေတာ့ "

" ေဟာဗ်ာ.... "

က်ဳပ္ကို ရင္ခြင္ထဲကေနမ်က္ေစာင္းထိုးေနတဲ့ဆင္ေပါက္ေလးက တကယ့္ကိုအသဲယားစရာေကာင္းတာပဲဗ်။ က်ဳပ္ကိုလည္း ရန္လုပ္ေသးတယ္..၊ က်ဳပ္ရင္ခြင္ထဲကိုလည္း ပိုတိုးၿပီးဝင္လာေသးတယ္.. ဟား။ က်ဳပ္ေတာ့ တကယ္အူယားၿပီး နမ္းမိေတာ့မွာပဲ... ဟင္း။

" အင္း..  စိတ္ခ်လက္ခ်အိပ္ေနာ္...၊ မင္းကို ေမာင္က ေဟာ့ဒီလို ဖက္ထားေပးမယ္... "

" ဟာ.. ေတလြန္း!! "

က်ဳပ္က သူ႔ကို အားနဲ႔ဆြဲၫွစ္လိုက္ေတာ့ ဆင္ေပါက္က ရုန္းေတာ့သည္။ ဒါေပမဲ့ က်ဳပ္က အလြတ္မေပးမွန္းသိေတာ့ ဆက္မရုန္းေတာ့ဘဲ အိပ္ေတာ့မယ္ဟုဆိုကာ ၿငိမ္ၿငိမ္ေလးစိတ္ခ်လက္ခ်နဲ႔အိပ္သြားေတာ့သည္။ ခဏအၾကာေတာ့ ပံုမွန္အသက္ရႉသံေလးက က်ဳပ္ရင္ခြင္ထဲကေန ဖြဖြေလးထြက္လာသည္။ ဆင္ေပါက္ တကယ္အိပ္ေပ်ာ္သြားၿပီပဲ။ က်ဳပ္ ဆင္ေပါက္ကိုဆက္ၿပီး အေတြးမမ်ားေစခ်င္တာမို႔ အာရံုလႊဲလိုက္တာက အဆင္ေျပတယ္ေျပာရမည္။

" ေကာင္းေကာင္းအိပ္စက္ပါ... ေမာင့္ရဲ့ဆင္ေပါက္ေလး...၊ ေမာင္က ဒီနာမ္စားေလးကို ေမာင္တို႔လက္ထပ္ၿပီးမွ သံုးမယ္လို႔ စဥ္းစားထားတာ....၊ ေမာင့္ရဲ့ဆင္ေပါက္က တကယ့္ကိုယစ္ထုပ္ေလး...၊ အခုေတာ့ မင္းေၾကာင့္ ေမာင္ရဲ့အစီအစဥ္က အေစာႀကီးၿပီးဆံုးသြားၿပီကြာ....၊ ေမာင့္ရဲ့အေနြးဓာတ္ေၾကာင့္ ေမာင့္ရဲ့ရင္ခြင္ထဲကဆင္ေပါက္ေလး ဘာအပူအပင္မွမရိွဘဲအိပ္စက္ႏိုင္ပါေစဗ်ာ..... "

က်ဳပ္ ဆင္ေပါက္ရဲ့နဖူးေလးကို ခပ္ဖြဖြနမ္းၿပီး ဆုေတာင္းမိတယ္။ ထို႔ေနာက္ ဒုတိယအႀကိမ္ေျမာက္ ပန္းသီးပံုႏႈတ္ခမ္းေလးကို မက္မက္ေမာေမာနမ္းရိႈက္လိုက္ၿပီး က်ဳပ္ ဆင္ေပါက္ရဲ့ခႏၶာကိုယ္ေလးကို လြတ္ထြက္သြားမွာစိုးတဲ့အတိုင္း တင္းတင္းက်ပ္က်ပ္ဖက္ထားၿပီး အိပ္ေပ်ာ္ဖို႔ႀကိဳးစားသည္။ သိပ္မၾကာခင္မွာပဲ က်ဳပ္လည္း တကယ္အိပ္ေပ်ာ္သြားေတာ့တယ္။

~~~~~~~~~~~~~~~~~~~~~~~~

" ေမာင္ငယ္...... "

" ဘယ္သူလဲ...!!! "

" ေမာင္ငယ္... အမေတာ္နဲ႔အတူတူလိုက္ခဲ့ပါ "

" ဘယ္သူလဲ..! အဘ.. အေမ.. ဘယ္သူရိွလဲ "

ကြၽန္ေတာ့္ေဘးမွာ အေမွာင္ထုႀကီးက ႀကီးစိုးေနတယ္။ အလင္းေရာင္ဆိုလို႔ ကြၽန္ေတာ္မတ္တပ္ရပ္ေနတဲ့ေနရာတစ္ေနရာသာ ရိွတယ္။ အေမွာင္ထုထဲကေန ၾကားေနရတဲ့အသံဟာ ဟိုတစ္ခါ ကြၽန္ေတာ္ ေတာထဲမွာၾကားခဲ့ရတဲ့အမ်ိဳးသမီးရဲ့အသံသာျဖစ္သည္။

" ရွီး........ ရွီး....... "

" ဘယ္သူလဲ!..... အဘ!! အေမ!!! "

ကြၽန္ေတာ့္အနားမွာ အေကာင္တစ္ေကာင္ရဲ့တြားသြားသံကိုၾကားေနရၿပီး ထိုအေကာင္ရဲ့ပါးစပ္က မႈတ္ထုတ္ေနတဲ့ေလသံနဲ႔ျမဴခိုးေတြလိုအေငြ့ေတြက ကြၽန္ေတာ့္ကို တျဖည္းျဖည္းခ်င္း အင္အားယုတ္ေလ်ာ့လာေစတယ္လို႔ ကြၽန္ေတာ္ ခံစားလိုက္ရသည္။

" ေမာင္ငယ္... အမေတာ္နဲ႔ အတူတူလိုက္ခဲ့ပါေတာ့... "

" ဟင့္အင္း... ကြၽန္ေတာ္ မလိုက္ႏိုင္ဘူး၊... "

" မရဘူး!! မင္း အမေတာ္နဲ႔ ျပန္လိုက္ကို..လိုက္ခဲ့ရမယ္ !!! "

ရုတ္တရက္ ကြၽန္ေတာ့္ေရ႔ွမွာေပၚလာတဲ့ အစိမ္းေရာင္ဧရာမေႁမြၾကီးတစ္ေကာင္။ ပံုမွန္ဆို ကြၽန္ေတာ္ အဲ့ေနရာမွာပဲ ေၾကာက္လန္႔ၿပီး သတိလစ္သြားႏိုင္ေပမဲ့ အခုေတာ့ ကြၽန္ေတာ္ အဲ့ေႁမြၾကီးကို လံုးဝမေၾကာက္။ ၾကည့္ရတာ ကြၽန္ေတာ္ အခု အိမ္မက္မက္ေနတာပဲျဖစ္ရမယ္။

" ဟင့္အင္း... မလိုက္ဘူး "

" မရဘူး...၊ အကိုေတာ္တို႔ ဒီလိုအခြင့္အေရးကိုရဖို႔အတြက္ ဘယ္ေလာက္ထိေစာင့္စားေနခဲ့ရသလဲဆိုတာ ညီေတာ္ မသိေလေရာ့သလား....!! "

ေနာက္ထပ္ ေႁမြၾကီးေပၚကေန ေပၚလာတဲ့အမ်ိဳးသားတစ္ၪီး။ ဝတ္ထားတဲ့အဝတ္အစားေတြ အရမ္းကိုေရွးက်လြန္းၿပီး အျပာေရာင္ေတာက္ေတာက္ကိုသံုးထားသည္။ ဆံပင္ကိုဖားလ်ားခ်ထားၿပီး နထင္စပ္ကဆံပင္ေတြကို ပခံုးအေရ႔ွမွာ အျပာေရာင္ခ်ည္ႀကိဳးနဲ႔အေသအခ်ာက်စ္စံမွီးက်စ္၍ စီးထားသည္။ အေနာက္မွာခ်ထားတဲ့ဆံပင္ေတြကို ဆံပင္အဖ်ားမွာအားလံုးစုၿပီး အျပာေရာင္ခ်ည္ႀကိဳးနဲ႔ခ်ည္ထားလိမ့္မည္ဟု ကြၽန္ေတာ့္စိတ္ထဲက အလိုလိုသိေနတယ္။ ဒါက ဘာေၾကာင့္ပါလိမ့္။

" အကိုေတာ္နဲ႔ အတူတူ ျပန္လိုက္ခဲ့ပါကြယ္..... "

" ဟင့္အင္း... "

" အကိုေတာ္တို႔ အႏုနည္းနဲ႔မွ မရရင္ အၾကမ္းနည္းသံုးလိမ့္မယ္... ညီေတာ္ "

" ဟင့္အင္း.... မလိုက္ဘူး!! အဘ!.. အေမ!.. ဘယ္မွာလဲ!!!.... "

" ညီမေတာ္.. ညီေတာ့္ကို သြားေခၚလာခဲ့! "

" ဟင့္အင္း!! ကြၽန္ေတာ္ မလိုက္ခ်င္ဘူး...၊ ကြၽန္ေတာ္ သူနဲ႔မခြဲႏိုင္ဘူး... အကိုေတာ္!.. အမေတာ္... အငယ့္ကို သနားေသာအားျဖင့္ လႊတ္ေပးပါ...၊ အငယ္ သူနဲ႔ေနာက္ထပ္တစ္ႀကိမ္ မခြဲခြာပါရေစနဲ႔ေတာ့!!.... "

ကြၽန္ေတာ္ ကိုယ့္ကိုယ္ကို ငတိမထားမိဘဲ ကြၽန္ေတာ့္ဆီ တစ္ေရြ့ေရြ့လာေနတဲ့အသိမ္းေရာင္ေႁမြၾကီးနဲ႔ေႁမြၾကီးရဲ့အေနာက္က အမ်ိဳးသားကိုေတာင္းပန္ေနမိသည္။ သူတို႔ကေတာ့ ကြၽန္ေတာ့္စကားကို လ်စ္လ်ူရႈထားရင္း ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေႁမြၾကီးက စတင္ရစ္ပတ္လာသည္။

" ေတလြန္း ငါ့ကို လာေခၚပါအံုး....!!!! "

ေႁမြၾကီးရဲ့လက္ထဲက အတင္းရုန္းထြက္ေပမဲ့ အင္အားခ်ိနဲ႔လာတဲ့ကြၽန္ေတာ့္ခႏၶာနဲ႔အတူတူ တျဖည္းျဖည္းအျမင္ေတြေဝဝါးလာၿပီး ေနာက္ဆံုး ကြၽန္ေတာ္ ဘာကိုမွမသိေတာ့ဘဲ လံုးဝအေမွာင္ကမ႓ာထဲကို ခတၲေရာက္သြားေတာ့သည္။

Next episode ..............

Continue Reading

You'll Also Like

66.8K 4.1K 51
မိုးပြေးနဲ့အပြိုင် ငါ့ဘဝထဲကို ဝင်လာခဲ့တဲ့ကောင်လေးနာမည်က 'မိုးသည်း' တဲ့။ မိုးေျပးနဲ႔အၿပိဳင္ ငါ့ဘဝထဲကို ဝင္လာခဲ့တဲ့ေကာင္ေလးနာမည္က 'မိုးသည္း' တဲ့။
2.7K 70 17
ကိုကို ကျွန်တော်ကြောက်တယ် ရှိုင်းရိပ်ခန့် .............. ငါ့ကလေးကိုဘယ်သူထိရဲသလဲ သျှင်းကောင်းထက် .................. start _ 14.8.2023 end _ ......
35.9K 1.5K 10
A glimpse in to the married life of the complicated star crossed lovers arnav and khushi.
13.1K 328 27
ရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်၍အချက်အလက် အမှားများပါခဲ့လျှင်ကြိုတင်၍တောင်းပန်ပါသည်။ Mafia type Action-Romance-Science #Ongoin...