ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာ...

By MyaHninn5

75.1K 6.2K 337

ပန်ဒိုရာဟာနိုင်ငံအစိုးရကတောင်ဖူးဖူးမှုတ်ထားရတဲ့လက်နက်ရာဇာကြီးတစ်ယောက်ဖြစ်သည်။သူ့ဘဝမှာတစ်ဖက်သတ်ချစ်ရတဲ့အကိုကြီ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32
33
34
35
36(Complete)
EXTRA

23

1.6K 148 2
By MyaHninn5

ပန်ဒိုရာသက်ပြင်းဘယ်နှကြိမ်ချမိသလဲတောင်မသိတော့။လူခြောက်ယောက်ကအခန်းထဲမှာဆွေးနွေးနေကြပေမယ့်တကယ်တမ်းတော့တစ်ယောက်ထဲကသာပြောဆိုနေရခြင်းဖြစ်ပြီးကျန်ငါးယောက်ကတော့တစ်ခွန်းမှဝင်ပြောခြင်းမရှိ။

"ဒါဆိုမင်းတို့ပြောကြည့်သမိုင်းမှာဘယ်ဘုရင်ကကြင်ယာတော်မပါပဲနန်းတက်သလဲ"

"......"

လူငယ်လေးတွေကမျက်မှောင်ကျုံ့ထားကြပြီးပါးစပ်တွေကိုတင်းတင်းပိတ်ထားကြသည်။

"မင်းတို့မျက်လုံးထဲမှာငါကကြင်ယာတော်တစ်ပါးရှိဖို့တောင်မတန်ဘူးလား"

သတိုးကျော်စွာ,အံကြိတ်လိုက်ပြီး

"အရှင့်သားရဲ့အတွေးထဲမှာရောကျွန်တော်မျိုးတို့ကဘာတွေလဲဒီတိုင်းအနောက်ဆောင်ကတန်ဖိုးမရှိတဲ့လူတွေပဲလား"

"ဘယ်သူကတန်းဖိုးမရှိဘူးလို့ပြောနေလို့လဲမင်းတို့ကငါ့အတွက်အရမ်းအဖိုးတန်တယ်"

"ထီးနန်းအတွက်လား"

တော်ဝင်နန်းဆောင်ထဲရှိလေထုမှာပြင်းထန်သထက်ပြင်းထန်လာသည်။

"ကောင်းပြီငါ့မှာကိုယ်လုပ်တော်အနေနဲ့မယ်နုလေးရှိတာပဲလေငါသူ့ကိုလက်ဖျားနဲ့တောင်ထိခဲ့လို့လား..မင်းတို့ဘာတွေဒီလောက်ထိ,အထိမခံဖြစ်နေကြတာလဲ"

"ကျွန်တော်မျိုးတို့သာမတားနိုင်ခဲ့ရင်အရှင့်သားမှာအခုဆိုကလေးဘယ်ယောက်တောင်ရနေလောက်ပြီလဲဟမ်!"

မင်းဆက်ဝဏ္ဏကပြောနေရင်းဒေါသထွက်ကာအရှင့်သားရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီးဘယ်လောက်ပင်ရုန်းနေပါစေမလွှတ်ပေးခဲ့။

"လူတွေအများကြီးထဲမှာမှဘာလို့ကျွန်တော်မျိုးရဲ့ညီမတော်လဲ"

သတိုးကျော်စွာရဲ့နားမလည်နိုင်သလိုမျက်နှာထားကိုလျစ်လျူရှုပြီးပန်ဒိုရာမတ်တပ်ထရပ်လိုက်ကာ

"ငါ့ကံကြမ္မာကိုငါစိန်ခေါ်ကြည့်ချင်လို့"

ထို့နောက်အခန်းတံခါးကိုတွန်းဖွင့်ပြီး​ခြေဦးတည့်ရာလျှောက်သွားနေလိုက်သည်။အိမ်ရှေ့စံစိတ်အခြေအနေမကောင်းမှန်းသိလို့ကုန်းကုန်းရောအပျိုတော်များကပါအနှောက်အယှက်မပေးရဲပဲတိတ်တိတ်ကလေးသာနောက်မှလိုက်လာကြသည်။

ဥယာဥ်အစွန်နားရှိသစ်ပင်ကြီးမှာအလွန်ကြီးမားပြီးအလွန်မွှေးရနံ့ရှိသောပန်းဝါဝါပွင့်လေးများကိုဖန်တီးပေးထားသည်။ပန်းပွင့်လေးများကပန်ဒိုရာဆီသို့အဆက်မပြတ်ကြွေကျနေပြီးပန်ဒိုရာလက်ဖြန့်လိုက်တော့ပန်းဝါလေးတစ်ချို့ကသူ့လက်ဖဝါပေါ်ကျဆင်းလာသည်။

ရေတွက်ကြည့်လိုက်တော့ငါးပွင့်တိတိ။ဒီပန်းတွေရဲ့အဓိပ္ပာယ်ကသစ္စာတရားဖြစ်ပြီးပါရှားရဲ့အထင်ကရပန်းတစ်မျိုးဖြစ်သည်။သူဒီကိုကူးပြောင်းလာစဥ်ကပထဆုံးတွေမိသည်မှာထွက်ပြေးသွားရန်ဖြစ်သည်။သို့သော်ကုန်းကုန်းနှင့်ဖခမည်းတော်ကိုကြည့်ပြီးသူမလုပ်နိုင်တော့။ဒုတိယအစီအစဥ်အနေနှင့်ထိုလူတွေကိုကာကွယ်ဖို့သာကြိုးစားခဲ့သည်။

အင်အားစုဆောင်းဖို့ကလေးငယ်များကိုပြုစုပေးရင်း၊ပညာရေးရာအမတ်များကိုစာပေသင်ကြားပေးရင်း၊ထိုလူသားများကိုလျှို့ဝှက်လူသတ်ပညာသင်ကြားပေးရင်းထိုလူတွေဆီကပညာတစ်ချို့ကိုပြန်လည်သင်ယူရင်းဖြင့်သတိမထားမိပဲဒီဘဝကိုသူအတော်စွဲလမ်းနေမိခဲ့ပြီ။

မော်ဒန်ခေတ်မှာနေခဲ့စဥ်ကသူ့ငယ်ဘဝကလွန်စွာမှဆိုးဝါးခဲ့တာကြောင့်ကြိုးစားပြီးထိပ်ဆုံးရောက်လုပ်ခဲ့ရသည်။အောင်မြင်မှုရပြီးနောက်ပိုင်းမှာတော့မျက်နှာဖုံးတပ်ထားသောလူတွေအမျိုးမျိုးကြားမှာနေ့စဥ်ပင်ပန်းခဲ့ရသည်။အကိုကြီးကြောင့်ပျော်စရာအချိန်တစ် ချို့ရှိခဲ့ပေမယ့်ထိုလေးစားစရာလူကသူ့ချစ်သူတွေကလွှဲပြီးဘယ်သူမှလူမထင်ခဲ့။

ကျည်ဆံတစ်ချို့သူ့ရင်ဘတ်ကိုဖောက်ဝင်လာချိန်မှာကြောက်ရွံ့မှုရောပျော်ရွှင်မှုရောခံစားခဲ့ရသည်။သာမာန်ဘဝလေးမှာမွေးဖွားချင်သည်။အချစ်တွေအများကြီးကိုခံယူချင်သည်။ကာကွယ်ခံရတဲ့အရသာကိုခံစားဖူးချင်သည်။သူ့မှာကိုယ်ပိုင်မိသားစုလေးရှိချင်သည်။ချစ်ရသောမိဘများနဲ့ချစ်ရသောလူများနဲ့.....။

သူအနောက်ကိုလှည့်ကြည့်လိုက်တော့ကုန်းကုန်းကသူ့ကိုသာတစ်စိုက်မတ်မတ်ကြည့်နေတာကြောင့်ပြုံးမိလိုက်ပြီး

"ကုန်းကုန်း,ဒီအိမ်ရှေ့စံကကုန်းကုန်းမျှော်လင့်သလိုဖြစ်မလာခဲ့ရင်ဖခမည်းတော်နဲ့ကုန်းကုန်းကိုဘေးဒုက္ခတွေ့စေခဲ့ရင်ဘယ်လိုလုပ်မလဲ"

အရှင့်သားရဲ့ငေးငိုင်နေသောမျက်လုံးများကြောင့်ကုန်းကုန်းသက်ပြင်းချလိုက်ရင်

"ကျွန်တော်မျိုးအတွက်ကတော့အိမ်ရှေ့စံကအမြဲတမ်းအကြီးကျယ်အခမ်းနားဆုံးပါပဲအရှင့်သားရဲ့မျက်နှာပေါ်မှာအပြုံးတစ်ပွင့်မြင်ရဖို့အတွက်ကျွန်တော်မျိုးအကြိမ်ကြိမ်သေရမယ်ဆိုရင်တောင်မတွေဝေပါဘူးအိမ်ရှေ့စံဘယ်အခြေအနေပဲရောက်ရောက်တိုင်းသူပြည်သားတွေကအရှင့်သားကိုဘယ်လိုပဲမုန်းမုန်းကျွန်တော်မျိုးအတွက်ကတော့အရှင့်သားကအမြဲတမ်းအကောင်းဆုံးပါပဲ"

ပန်ဒိုရာမျက်ရည်တွေကိုမျက်တောင်ခတ်သိမ်းဆည်းလိုက်ပြီး

"ဘာလို့လဲ!"

"ကျွန်တော်မျိုးကနိမ့်ကျတဲ့အတွက်ဒီအခြေအနေကိုမပြောပြဝံ့ပါဘူး"

"ခင်များကဘယ်သူပဲဖြစ်နေပါစေဒီအိမ်ရှေ့စံကအသက်နဲ့ရင်းပြီးကာကွယ်ပါ့မယ်..ဒါကြောင့်ရှေ့လျှောက်ဘာပဲလုပ်လုပ်လျစ်လျူရှုပေးပါ"

ဒီစကားကိုပြောချိန်မှာပန်ဒိုရာအသံတွေကတုန်ယင်နေခဲ့သည်။

"ကောင်းပါပြီ!"

'ဒါကသားတော်အလိုရှိတာဆိုတာဒီဖခင်ကမတားဆီးပါဘူး'

ညီလာခံသို့အစောကြီးရောက်နေသောအိမ်ရှေ့စံကြောင့်ဘုရင်ကြီးမှာပြုံးလိုက်ပြီး

"သားတော်ကတအားတက်ကြွလာတာပဲကောင်းတယ်..ကောင်းတယ်"

"ဒီနေ့ကစပြီးသားတော်ဘုရင်တစ်ပါးလိုပြုမူတော့မလို့ပါခမည်းတော်ဘုရား"

"ကောင်းပြီခမည်းတော်ရဲ့သားတော်ကတကယ်လိမ္မာတာပဲခမည်းတော်ပင်ပန်းနေတာသိလို့အမြန်ကြီးသန်မာလာတာပဲ"

"ခမည်းတော်ကျွန်တော်မျိုးကိုစည်ကမ်းများရေရွတ်ခွင့်ပြုပါ"

"ကောင်းပြီ..သားတော်ဒီတံဆိပ်တုံးကိုအသုံးပြုပါ"

ဘုရင့်တံဆိပ်တုံးကိုလက်လွှဲပေးတာကြောင့်မိဖုရားနှင့်မှူးမတ်တို့မှာအလန့်တကြားဖြစ်ကုန်ကြပေမယ့်ဘုရင်ကြီးကလက်ရမ်းပြလိုက်ပြီးတစ်ခွန်းမှဝင်ပြောခွင့်မပြုခဲ့။သက်တော်ရှည်ဘိုးဘိုးကတံဆိပ်တုန်းကိုအိမ်ရှေ့စံဆီတရိုတသေလွှဲပြောင်းပေးလိုက်သည်။

"ပထမတစ်ခုကရာထူးအဆင့်အတန်းပါ..ဒီတိုင်းပြည်မှာဘုရင်နဲ့မိဖုရားပြီးရင်အိမ်ရှေ့စံကရာထူးအမြင့်မားဆုံးပါအိမ်ရှေ့စံနဲ့ရာထူးတန်းတူရှိတယ်ဆိုတဲ့လူကိုဒီအိမ်ရှေ့စံကမကြားဖူးပါဘူး"

ညီလာခံထဲရှိလူများအားလုံးမှာနားမလည်နိုင်ကြသေး။ဒါကလူတိုင်းသိပြီးသားမဟုတ်ဘူးလား။အိမ်ရှေ့စံကဘာလို့ဒါကိုပြောနေရတာလဲ။

ပထမက,သတိုးကျော်စွာနားမလည်သေးပေမယ့်အရှင့်သားကိုကြည့်လိုက်တော့လူတစ်ယောက်ကိုသာစူးစိုက်စွာကြည့်နေတာကြောင့်သဘောပေါက်သွားပြီးသူ့ရဲ့တရားရေးရာမှတ်တမ်းစာအုပ်ကိုဖြန့်ချလိုက်ကာ

"တိုင်းပြည်ရဲ့ပင်မဥပဒေအရဘယ်သူကမှအိမ်ရှေ့စံနဲ့တန်းတူထိုင်ခွင့်မရှိပါဘူး"

"သတိုး!!!!!"

သိမ်မွေ့လှတဲ့မင်းသမီးလေးမှာဆက်ပြီးမသိမ်မွေ့နိုင်တော့။

"အခုသတိုးဘာပြောလိုက်တယ်ဆိုတာရောသိရဲ့လား"

သူမကလက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ထားတာကြောင့်လက်ဖဝါးထဲသို့လက်သည်းများပင်စိုက်ဝင်နေသည်။

သတိုးကျော်စွာကတည်တည်ငြိမ်ငြိမ်ပင်

"မင်းသမီးလေးကကျွန်တော်မျိုးကမကြာခင်မှာတော်ဝင်တရားသူကြီးဖြစ်လာတော့မယ့်သူပါကျေးဇူးပြုပြီးအခေါ်အဝါ်ဆင်ခြင်ပေးပါပြီးတော့ပင်မဥပဒေကိုလိုက်နာပေးပါ"

"ငါမလုပ်နိုင်ဘူး..ငါမဆင်းနိုင်ဘူးငါကသူ့ထက်ဘယ်နေရာမှမနိမ့်ကျနေဘူး"

"မင်းသမီးလေးပင်မဥပဒေကိုလိုက်နာပေးပါ"

"ဖိုးဖိုး!!!""

အမတ်ချုပ်ကြီးမှာဒေါသကြောင့်ပေါက်ကွဲမတတ်ဖြစ်နေပေမယ့်စိတ်ထိန်းကာသူ့ရဲ့မြေးမကိုသာထိန်းချုပ်လိုက်ရသည်။မဟုတ်ပါကပင်မဥပဒေမလိုက်နာမှုနှင့်ဖမ်းဆီးခံရပြီးအကျဥ်းကျကာနာမည်ကလည်းလုံးဝပျက်စီးသွားလိမ့်မည်။

တော်ဝင်မင်းသမီးကအောက်တစ်ဆင့်သို့ဆင်းလိုက်ချိန်မှာသတိုးကျော်စွာရဲ့တည်ငြိမ်တဲ့အသံကပြန်လည်ထွက်ပေါ်လာသည်။

"မင်းသမီးတစ်ပါးကိုညီလာခံအပြင်မထုတ်တဲ့အိမ်ရှေ့စံကမြင့်မြတ်လှပါတယ်မင်းသမီးလေးသိပ်ကံကောင်းပါတယ်"

သတိုးကျော်စွာ,နီရဲနေသောမျက်လုံးတစ်စုံနှင့်စိုက်ကြည့်နေသောသူမကိုလှည့်ပင်မကြည့်။သူပြောတာဘာအမှားမှအမှားမပါ။ဒီအမျိုးသမီးကသိပ်လောဘကြီးလွန်းသည်။ဒီညီလာခံပြီးရင်စေ့စပ်ပွဲဖျက်ပြစ်မည်။

ညီလာခံအခြေအနေတည်ငြိမ်သွားမှပန်ဒိုရာနောက်ထပ်စာရွက်တစ်ခုကိုကိုင်မြှောက်လိုက်ပြီး

"ဒုတိယတစ်ခုကစပ်တပ်နဲ့ပတ်သက်တာပါ
ပါရှားပြည်မှာဘုရင့်ရဲ့လက်အောက်ခံစစ်သူကြီးလေးယောက်ရှိပြီးစပ်တပ်လေးခုရှိပါတယ်ဒါကတရားဝင်တပ်မဟာလေးခုပါ..ဒါပေမယ့်ဘယ်သူပိုင်ဆိုင်မှန်းမသိရသေးတဲ့စစ်တပ်သုံးခုကိုရှာတွေ့ထားပါတယ်ဘယ်သူပိုင်တာပါလဲ"

ညီလာခံတစ်ခုလုံးပွတ်လောရိုက်သွားတော့သည်။ပထမကအိမ်တွင်းရေးပြသနာပေမယ့်အခုကတော့တိုင်းပြည်ပြသနာဖြစ်နေသည်။

စစ်တပ်သုံးခု။ဘာလို့ဒီလောက်များရတာလဲ။ဒါပုန်ကန်မှုပဲ။

ဘယ်သူကလုပ်ရဲတာလဲ။

စစ်သူကြီးလေးယောက်မှာဓါးတွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။ဘာလို့သူတို့ကဒါကိုမသိခဲ့ရတာလဲ။ဒါကအရှင့်သားအတွက်ဘယ်လောက်တောင်အန္တယ်များလိုက်သလဲ။အရှင့်သားသာမသိခဲ့ရင်..အရှင့်သားသူတို့ကိုမယုံသာမထူးဆန်းတော့ပါဘူး။တော်သေးတာပေါ့..တော်သေးတာပေါ။

သူကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်းသူသေချာသိသည်။စစ်တပ်သုံးခုရဲ့တည်နေရာတွေကိုမြေပုံဆွဲပြီးသူ့လက်အောက်ကလူတွေကိုစုံးစမ်းစေပြီးပြီ။အစကထိုလူတွေသူ့ဘက်မှာမရှိမှာစိုးတာကြောင့်မစွန့်စားရဲပေမယ့်အခုတော့သူ့စိတ်ထဲမှာလုံးဝသေချာနေသည်။ဒီလူတွေကသူ့ကိုဘယ်တော့မှထိခိုက်အောင်လုပ်မှာမဟုတ်ဘူး။

အမတ်ချုပ်ကြီးရဲ့ကစိတ်လှုပ်ရှားမှုကိုတောင့်မခံနိုင်တော့ပဲသတိလစ်ကာလဲကျသွားတော့သည်။

"အမတ်ချုပ်ကြီးကအသက်ကြီးလာတော့စိတ်လှုပ်ရှားမှုဒဏ်ကိုသည်းမခံနိုင်တော့ဘူးပဲအပြင်ကလူတွေအထဲဝင်လာပြီးသမားတော်ဆီခေါ်သွားလိုက်ကြမိဖုရားကြီးနဲ့သမီးတော်ကအမတ်ချုပ်ကြီးကိုလိုက်ပို့ပေးလိုက်ပါဒီအချိန်မှာအမတ်ချုပ်ကြီးကသူ့သမီးနဲ့မြေးတော်ကိုတွေ့ချင်နေမှာပဲ"

မိဖုရားကြီးကတုန်ယင်နေသောသူမရဲ့လက်တွေကိုဝတ်စုံဖားဖားကြီးအောက်ထိုးထည့်လိုက်ပြီးတုန်တုန်ယင်ယင်ဖြင့်ပင်အချွေအရံများရဲ့အကူအညီယူကာသမီးတော်နှင့်အတူထွက်သွားလိုက်သည်။

ဘုရင်းကြီးမှာလည်းတည်ငြိမ်ချင်ယောင်ဆောင်နေပေမယ့်ချွေးများဖြင့်စိုချွဲနေသည်။တော်သေးလို့..တော်သေးလို့။သူ့သားတော်လေးကထက်မြတ်နေလို့..မဟုတ်ရင်အနာဂတ်ကိုသူမတွေးရဲ။

"ဒီကိစ္စကိုစစ်သူကြီးလေးယောက်ကကိုင်တွယ်လိုက်ပါကိုယ်တော်စိတ်ချလို့ရတယ်မလား"

"အမိန့်အတိုင်းပါအရှင်မင်းကြီး"×4

ညီလာခံမှာဘုရင်ပြန်ကြွသွားပြီးနောက်မှူးမတ်တွေကလည်းအလျိုလျိုထွက်ခွာသွားတာကြောင့်လူခြောက်ယောက်သာကျန်ခဲ့တော့သည်။

ပန်ဒိုရာသူ့ရဲ့ဝတ်ရုံကိုခါထုတ်လိုက်ရင်း

"ဟွန့်ပြောတော့ဖြင့်မိုးကြီးလေကြီးနဲ့ကာကွယ်မယ်ဆိုတာချည်းပဲဒီအိမ်ရှေ့စံထက်ဘာတစ်ခုမှလည်းပိုသိမနေကြပဲနဲ့ဒီနေ့ညအားလုံးနန်းဆောင်ကိုလာခဲ့ဒီအိမ်ရှေ့စံကမင်းတို့ကိုဘယ်လိုပြစ်ပေးမလဲဆိုတာကြည့်နေ"

အိမ်ရှေ့စံထွက်ခွာသွားမှလူငယ်တွေကစိတ်လက်ပေါ့ပါးစွာရယ်မောမိလိုက်ကြသည်။ဖြစ်နိုင်ရင်အခုချက်ချင်းညရောက်သွားပြီးအရှင့်သားရဲ့အပြစ်ပေးမှုကိုခံချင်လှပြီ။

_____________________________________

614❤️
နည်းနည်းနောက်ကျသွားတယ်❤️
______________________________________



Continue Reading

You'll Also Like

63.7K 1.5K 25
Arranged marriage mikhaiah, with plot twist
580K 17.8K 95
ဘယ်သူ့ဘယ်သူမှ ထိခိုက်စေလိုချင်းမရှိပါ
299K 6.1K 56
Olivia was taken from her family at the age of 2 by her families rivals. She can't remember anything before then, the only thing she can remember is...
106K 1.5K 15
18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါတယ်