Sponsor
By __SWARA__
16.8K 449 18
Name- Sponsor Web Name- Sponsor Author: 아노르이실 Translator: Nieve Genre: Adult, Drama, Mature, Romance, Slice... More
Description
Part [1.1] Z+U
Part [1.2] Z+U
Part [1.3] Z+U
Part [ 2.2 ]
Part [ 3 ]
Part [4]
Part [5]
Part [6]
Part [7]
Part [ 8 ]
Part [ 9 ]
Part [ 10 ]
Part [11]
Sponsor Tele paid channel
Part [12] Z+U
Paid Channel Promotion
Part [13] Z+U
Part [2.1] Z+U
559 22 3
By __SWARA__
Sponsor
[ Part 2.1 ]
မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve
မူယွန်က ယူအီရင်းအကြောင်း ခဏလောက် မေ့ထားလိုက်တဲ့အပြင် သူ့ရဲ့ဖွင့်ဟဝန်ခံခြင်းနဲ့ ပတ်သက်တဲ့သတင်းတွေကို အကြိမ်ပေါင်းများစွာ အမှတ်မထင်တွေ့နေပေမဲ့လည်း ဒီအတိုင်းပဲ ထားလိုက်တော့တယ်။
ယူအီရင်းကို ဖုန်းထပ်မခေါ်တော့သလို ထပ်လည်း မရှာတော့ဘူး။ သူ့ကို ထပ်ပြီး မတွေ့ချင်တော့ဘူး။ လိင်မှုကိစ္စနဲ့ပတ်သက်လို့ ရခဲ့တဲ့နောင်တကလည်း အဲ့ဒီနေ့က အိပ်မပျော်ခင်အထိပါပဲ။
သူ့ရဲ့ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ပြောင်းလဲသွားတဲ့အရာဆိုလို့ သူသောက်ရတဲ့ဆေးတွေက ပိုပြင်းလာတာပဲရှိတယ်။
သူက ဆေးအသစ်နဲ့ အသားမကျသေးတာကြောင့် ခေါင်းကိုက်လာတော့ နားထင်ကိုဖိလိုက်ပြီး အလုပ်လုပ်တဲ့အချိန်မှ တပ်လေ့ရှိတဲ့မျက်မှန်ကို ချွတ်လိုက်တယ်။
"ကျွန်တော် ဆေးတွေကို လျှော့လိုက်သင့်လား"
"ဟင့်အင်း အရင်ဆေးတွေလိုပဲ မကြာခင် အသားကျသွားမှာပါ"
"အဆင်မပြေရင် ဒေါက်တာချားကို ခေါ်လိုက်ရမလား"
"ဟင့်အင်း အဲ့ဒီလောက်မဆိုးတာမလို့ ရေးကြီးခွင်ကျယ်လုပ်မနေနဲ့"
"တောင်းပန်ပါတယ်"
သူက နည်းနည်းလေး စိတ်ဖိစီးလာပြီး စိုးရိမ်စရာတွေ အများကြီးရှိနေတာကြောင့် ခေါင်းထဲမှာ တဝီဝီမြည်နေပေမဲ့ နောက်ထပ်အနှောင့်အယှက်ဖြစ်စေမဲ့အကြောင်းအရာတွေ မလိုချင်တော့ဘူး။
မူယွန်က နားထင်စပ်ကို အကြိမ်အနည်းငယ်ပွတ်ပြီး ထိုင်ခုံဆီ မှီချလိုက်တယ်။ မျက်စိကို မှိတ်ထားရင်း တံခါးခေါက်သံကို ကြားလိုက်ရပေမဲ့ မူယွန်က မျက်စိမဖွင့်ဘဲ အတွင်းရေးမှူးယောကသာ တံခါးဆီကို တိတ်တဆိတ် ထွက်ခွာသွားတယ်။
" CEO ကျွန်တော်တို့ နောက်ဆုံးရိုက်ကူးထားတဲ့ စီးပွားရေးကြော်ငြာရဲ့ တည်းဖြတ်ထားတဲ့ပုံစံ ထွက်လာပြီလို့ ပြောပါတယ်"
ပြန်ရောက်လာတဲ့ အတွင်းရေးမှူးယောက တိတ်တဆိတ်ပြောလာတော့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ကို သတိထားပြီး ကြည့်နေတာကြောင့် မူယွန်က ခဏလောက် မျက်ခုံးတွေ တွန့်ချိုးသွားတယ်။ နှာတံကို ဖိနှိပ်ရင်း မျက်မှန်ကို ကောက်ယူပြီး ပြန်ဝတ်ဆင်လိုက်တယ်။
အတွင်းရေးမှူးက အပြင်ကို ချက်ချင်းပြန်ထွက်သွားပြီး အစီရင်ခံဖို့ စောင့်နေတဲ့လူတွေကို သွားခေါ်လေရဲ့။
PR Team ကလူတွေ သူ့ရုံးခန်းထဲဝင်ရောက်လာပြီးတဲ့နောက်မှာတော့ အခန်းမီးရောင်က မှိန်ပျပျဖြစ်သွားတယ်။
"ကျွန်တော်တို့ရဲ့ ကြော်ငြာဗီဒီယိုအကြောင်းအရာက...."
ထင်သာမြင်သာရှိတဲ့ရှင်းပြချက်တွေ စတင်တော့မဲ့အချိန်မှာ မူယွန်က ဖယ်ပေးဖို့ လက်ပြလာတယ်။ သူက ဒီနှစ်အတွက် ဆိုးဂန်အုပ်စုရဲ့ ပုံရိပ်နဲ့ အမြင်ကို မြှင့်တင်ဖို့ရာ လုံးဝ အာရုံစိုက်ထားတာပါ။
အစီအရင်ခံဖို့ လာတဲ့သူတွေက အလျင်အမြန် ဖယ်ပေးလိုက်ကြတော့ ရုံးခန်းထဲက မီးတွေက ပိတ်သွားပြီး စားပွဲရဲ့ရှေ့မှာ ရှိနေတဲ့ TV က ပွင့်သွားတာကြောင့် မူယွန်က ရှေ့ကိုနည်းနည်းကိုင်းလိုက်ရင်း အကြည့်တွေက TV ဆီမှာသာ ကပ်ငြိနေတော့တယ်။
အနည်းငယ်ဩရှပြီး သာယာလှတဲ့ ယူအီရင်းရဲ့အသံ တိုးတိုးလေးက ဇာတ်ကြောင်းပြောပြလာတာကို ကြားလိုက်ရတော့ မူယွန်က သူ့ရဲ့လက်ကို အနည်းငယ်ဖျစ်ညှစ်ပြီးတဲ့နောက် ပြန်ဖြည်လိုက်ပြီး သူသိပြီးသားအကြောင်းအရာတွေကို ရွတ်ပြနေတဲ့ အသံကို စူးစူးစိုက်စိုက်နဲ့ နားထောင်နေတယ်။
အသံရပ်သွားတဲ့အခါ အမည်းရောင်ဖန်သားပြင်က အဖြူရောင်ကို ပြောင်းသွားကာ စာတွေ ပေါ်လာပြီးတဲ့နောက် ယူအီရင်းရဲ့မျက်နှာကိုသာ တွေ့ရတော့တယ်။ အချိန်အနည်းငယ်ကြာ သူရဲ့မျက်နှာကို မြင်ပြီးတဲ့နောက်မှာတော့ မူယွန်က လက်ကို မြှောက်လိုက်ပြီး ဖန်သားပြင်ကို ချက်ချင်းရပ်ပစ်လိုက်တယ်။
ရုံးခန်းထဲက မီးတွေက ပြန်လင်းလာပြီး မူယွန်ရဲ့မျက်ခုံးတန်းတွေက အနည်းငယ် တွန့်ချိုးသွားတယ်။
"ဘာဖြစ်လို့လဲ sir မကြိုက်လို့လား"
"ဒါက အကောင်းဆုံးရလဒ်လား"
"ဘာကို...."
"ငါပြောချင်တာက ဒါက ယူအီရင်းရဲ့ ကြည့်ရအကောင်းဆုံး ပုံရိပ်လား"
မူယွန်ပြောလိုက်တဲ့ စကားကို အာရုံရောက်သွားကြပေမဲ့ လူတိုင်းက ဘာပြန်ဖြေရမှန်း မသိသလို ကြည့်နေကြပြီး အတွင်းရေးမှူယောကတောင် အံ့အားသင့်သွားပြီး မူယွန်ရဲ့အတွေးကို နားလည်နိုင်အောင် ကြိုးစားနေရတယ်။
သူတို့ ဘာကို စဥ်းစားနေလဲဆိုတာ မူယွန် မသိတာ မဟုတ်ပါဘူး။ ယူအီရင်းရဲ့သွင်ပြင်က လုံးဝကို ပြည့်စုံနေပြီး ဖန်သားပြင်ပေါ်မှာ အရင်က သူမြင်ဖူးထားတဲ့ပုံရိပ်ထက် အများကြီး လှနေတာပါ။
ဒါရိုက်တာက ကောင်းကောင်းရိုက်ကူးထားပြီး အကောင်းဆုံးအခန်းတွေကို ရွေးချယ်ထားရုံသာမက တည်းဖြတ်မှုကလည်း ကောင်းတဲ့အပြင် ဇာတ်ကြောင်းပြောတဲ့အသံကလည်း နားထောင်ရတာ သာယာနာပျော်ဖွယ်ရှိပေမဲ့ မူယွန့်အတွက်ကတော့ မလုံလောက်ပါဘူး။
အဲ့ဒီနေ့က မူယွန်တွေ့ခဲ့တဲ့ ယူအီရင်းရဲ့မျက်နှာက အခုထက် ပိုလှသလို သူ့ကိုပြုံးပြလာတဲ့မျက်နှာထားကလည်း ပိုပြီး အံ့အားသင့်စရာကောင်းတာကြောင့် သူ့ရဲ့လက်ချောင်းထိပ်တွေတောင် ထုံကျင်ပြီး မလှုပ်နိုင်ဖြစ်ခဲ့ရတာလေ။
ဒါပေမဲ့ အခု မျက်နှာပြင်ပေါ်မှာ မြင်နေရတဲ့ ယူအီရင်းရဲ့ပုံစံက အဲ့ဒီလို မခံစားရစေဘူး။ သူ့ရဲ့အသံက အရန်အာရုံကြောတွေကို ကုတ်ခြစ်သွားသလိုမျိုး လက်ချောင်းထိပ်တွေကို ယားယံသွားစေပေမဲ့ သူ့ရဲ့ပုံရိပ်ကတော့ အဲ့ဒီနေ့က သူမြင်လိုက်ရတဲ့ သွင်ပြင်ရဲ့တစ်ဝက်ကိုတောင် မမီပါဘူး။
"ယူအီရင်း သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျဘူးလား"
"ရိုက်ကူးရေးကို ပြန်စီစဥ်လိုက်ပါ"
***
မနက်ကတည်းက မူယွန်တစ်ယောက် မျှော်လင့်ချက်တွေ၊ ပျော်ရွှင်ကြည်နူးမှုတွေနဲ့အတူ အကြောက်တရားအနည်းငယ်ကိုပါ သယ်ပိုးထားရင်း အရင်တစ်ခေါက်ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းကို အရင်အချိန်အတိုင်း ရောက်ရှိသွားပြီး ကားပေါ်ကနေ ဆင်းလိုက်တယ်။ ကားက ရိုက်ကွင်းနေရာ အတွင်းတစ်ဝက်လောက်မှာ ရပ်လိုက်တာကြောင့် မူယွန်က မြေကြီးပေါ်ကို ခြေချစရာမလိုဘဲ ရိုက်ကူးရေးဆီကို သွားလိုက်တယ်။
ရိုက်ကွင်းထဲကို ဝင်ရောက်လိုက်တာနဲ့ သူ အမျှော်လင့်ဆုံးက ယူအီရင်းရဲ့ စိတ်ဆိုးနေတဲ့ပုံစံဖြစ်ပြီး ဖန်သားပြင်ပေါ်မှာ တွေ့ရခဲတဲ့ သူ့ရဲ့မျက်နှာကို သိချင်မိတယ်။ မူယွန်မျှော်လင့်ထားသလိုပဲ ယူအီရင်းက ရိုက်ကူးရေးအလယ်မှာ မျက်မှောင်ကြုတ်ရင်း ရပ်နေပြီး မန်နေဂျာက တစ်ခုခုပြောဖို့ ကြိုးစားနေပေမဲ့ နားထောင်နေတဲ့ပုံမပေါ်ပါ။
ဟုတ််တယ် သူမြင်ချင်တဲ့ သက်ဝင်နေတဲ့မျက်နှာထားပဲ။ ယူအီရင်းကို မြင်တာနဲ့ အပေါ်ကို ကွေးတက်တော့မလိုဖြစ်သွားတဲ့ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကို မူယွန်က ပြန်တည်ထားလိုက်််တယ်။
ပြီးတော့ သူက ရယ်ချင်စိတ်ကို ဖုံးဖိထားနေတုန်းမှာပဲ ယူအီရင်းက မူယွန့်ကို တွေ့သွားပုံပေါ်ပြီး စိန်းစိန်းဝါးဝါးကြည့်လာတယ်။
အကြည့်ချင်းဆုံသွားတဲ့အချိန်မှာ မူယွန်က နှုတ်ဆက်ဖို့ အနည်းငယ် လက်မြှောက်ပြလိုက်ပေမဲ့ ယူအီရင်းက ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတယ်။
" ဒါက ဘယ်လို ဟာသမျိုးလဲ....."
နီးကပ်လာတဲ့ ယူအီရင်းက လက်ကို မြှောက်လိုက်တာက ရိုက်ဖို့ ရည်ရွယ်ချက်နဲ့မဟုတ်ဘဲ ကော်လာကိုဆွဲမဲ့ အမြင့်လောက်ပဲရှိနေတာလေ။ ယူအီရင်းရဲ့ စိတ်ဆိုးနေတဲ့ မျက်နှာကို အနီးကပ် မြင်နိုင်မဲ့အခွင့်အရေးဖြစ်တာကြောင့် မူယွန်က ကော်လာကို အဆွဲခံလိုပေမဲ့ သူ့ရဲ့သက်တော်စောင့်တွေကတော့ အဲ့ဒီလို မဟုတ်ပါဘူး။
ယူအီရင်းက မူယွန်ရဲ့ကော်လာကို ဆွဲတော့မဲ့ပုံစံနဲ့ ချဥ်းကပ်လာတော့ နောက်မှာရပ်နေတဲ့ သက်တော်စောင့်က သူတို့နှစ်ယောက်ကြားကို ဝင်ရပ်လိုက်ပြီး ယူအီရင်းရဲ့ရင်ဘတ်ကို တွန်းလိုက်တယ်။
တွန်းလိုက်တာ အားမပြင်းပေမဲ့ သူတို့နှစ်ယောက်ကြား အတော်ဝေးအောင် လွင့်သွားတာကြောင့် ယူအီရင်းက ပိုမိုရှုံ့မဲ့သွားသလို မူယွန်ကလည်း တားနေတဲ့သက်တော်စောင့်ကို ဖယ်ခိုင်းလိုက်တယ်။
ယူအီရင်းက ထပ်ပြီး ကော်လာကို ဆွဲဖို့ မကြိုးစားတော့ပေမဲ့ သက်တော်စောင့်ကတော့ သူနဲ့မျက်နှာချင်းဆိုင်ရပ်နေဆဲဖြစ်ပြီး နောက်ကို အနည်းငယ်ဆုတ်ရင်း ယူအီရင်းကို သတိထားကြည့်နေတယ်။
"ဒါက မင်းအနေနဲ့ လူတွေရဲ့အာရုံစိုက်မှုကို သတိထားရမဲ့ အလုပ်နေရာမဟုတ်ဘူးလား"
"ရလဒ်က အဆင်ပြေနေတာကို သောက်ကျိုးနည်း ဒါက ဘာသဘောလဲ"
"ငါ မင်းကို သင့်လျော်တဲ့ ပိုက်ဆံပမာဏပေးမှာပဲကို ဘာပြဿနာရှိလို့လဲ၊ မင်း အချိန်ကုန်သလောက် ငါတို့က ပိုပြီး ပေးမှာလေ ဒါဆိုရင် ပြဿနာမရှိတော့ဘူး မဟုတ်လား"
"ဒါဆိုရင် ခင်ဗျားပြောတာက ရိုက်ကူးချိန်တုန်းက ဘာအမှားမှ မရှိဘဲ ကျွန်တော်က ပြဿနာဖြစ်နေလို့ ကျွန်တော့်ကြောင့် ပြန်ရိုက်ရတာပေါ့ ဟုတ်လား"
မူယွန်က သူ့ထက် နည်းနည်းလေး လူကောင်သေးတဲ့ ယူအီရင်းကို ငုံ့ကြည့်လိုက်တယ်။ ယူအီရင်းကလည်း အရမ်းရှည်ပေမဲ့ မူယွန်ကိုက လူကောင်ထွားနေတာလေ။
ယူအီရင်းကို တခြားသရုပ်ဆောင်တွေနဲ့အတူ မြင်လိုက်တုန်းက သူက လူကောင်ထွားပုံပေါ်ပြီး နောက်ဆုံးတစ်ခေါက် ထိုင်ခုံပေါ်မှာ ထိုင်နေတာကို မြင်တုန်းကလည်း သေးညှက်နေတာမဟုတ်ပေမဲ့ မျက်နှာချင်းဆိုင် မြင်လိုက်ရရင်တော့ အကြောင်းပြချက်မရှိ ချစ်စရာကောင်းတယ်လို့ ထင်နေမိတယ်။
ဒီလိုမလုပ်သင့်ပေမဲ့ သူက ပါးစပ်ကို လက်နဲ့ အသာအယာအုပ်ပြီး ရယ်နေမိတယ်။
"တိတ်ဆိတ်တဲ့နေရာတစ်ခုခုကို သွားပြီး ဆက်ပြောကြတာပေါ့"
မူယွန် ပြောလိုက်တော့ ယူအီရင်းက လှည့်ကြည့်လာတယ်။ သူ ဘယ်လောက်ပဲ လုပ်ခဲ့ပါစေ လူအများရဲ့ရှေ့မှာ စပွန်ဆာဖြစ်တဲ့ မူယွန်နဲ့ ကတောက်ကဆဖြစ်တာကို ပြချင်တဲ့ပုံစံတော့ မပေါ်ဘူး။
"ငါ့နောက်ကို မလိုက်ခဲ့နဲ့"
" ဒါပေမဲ့ sir.."
"ကျွန်တော်က ကလေးထိန်းလုပ်ပေးရမလား"
ယူအီရင်းက ထေ့ငေါ့ပြောလာတော့ အတွင်းရေးမှူးယောက သူ့ကို မကြည်သလို ကြည့်နေတာကြောင့် မူယွန်က ယူအီရင်းနဲ့ အတွင်းရေးမှူးယောကို ခဏလောက်ကြည့်ပြီး ယူအီရင်းရဲ့ဘက်ကို လှည့်ပြောလိုက်တယ်။
"ငါက မီအောင်လိုက်လာမှာမလို့ ဘာကြောင့် အရင်မသွားနှင့်တာလဲ"
"ကောင်းပြီ ထောင့်နားလေးမှာ ကျွန်တော့်ရဲ့နားနေခန်း ရှိတာမလို့ အဲ့ဒီကို လာခဲ့ပေးပါ"
မူယွန်က အသာခေါင်းညိတ်ပြလိုက်တော့ ယူအီရင်းက သူ့နားက အစောင့်တွေကို တွန်းထိုးပြီး ထွက်သွားတာကြောင့် မချေမငံ အတွန်းခံလိုက်ရတဲ့ အစောင့်တွေက သူ့ကို မကျေနပ်သလို ကြည့်နေကြတယ်။
"CEO"
"ဆေး"
အတွင်းရေးမှူးကို ပြန်မဖြေဘဲ မူယွန်က နာရီကို ချွတ်လိုက်ပြီး ပြောလာတော့ အတွင်းရေးမှူးက အင်္ကျီရင်ဘတ်ထဲက သတ္တုသေတ္တာကို ထုတ်ယူလိုက်တယ်။
"ဒါက ဒီနေ့အတွက် သုံးကြိမ်မြောက်ပါ၊ ရက်ပိုင်းအတွင်းမှာ ထိုးရတဲ့ဆေးပမာဏက မြင့်တက်လာနေသလိုပဲ"
"နှစ်ဆယ်ကျော်အရွယ်တုန်းက ဒီထက်တောင် ပိုသုံးခဲ့တယ်"
"ဒါပေမဲ့ အခု ဆေးက အဲ့ဒီတုန်းကထက် နှစ်ဆလောက် ပြင်းပါတယ်"
မူယွန်က ပြန်မဖြေဘဲ ဆေးထိုးပြီးတာနဲ့ နာရီကို ပြန်ဝတ်လိုက်ပြီး ယူအီရင်း သွားရာနောက်ကို လိုက်သွားလိုက်တယ်။
သက််တော်စောင့်အနည်းငယ်နဲ့ အတွင်းရေးမှူးယောက လိုက်လာဖို့ ကြိုးစားပေမဲ့ မူယွန်က လိုက်မလာဖို့ လက်ပြတားလိုက်ပြီး ယူအီရင်း ပျောက်ကွယ်သွားတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားတယ်။ ရိုက်ကူးရေးဝန်ထမ်းအချို့က အနားမှာရှိနေပြီး မူယွန့်ကို မြင်တာနဲ့ မောင်းထုတ်ခံလိုက်ရသလိုမျိုး ထွက်သွားကြတယ်။
လျှောက်လမ်းက သိပ်မရှည်ဘဲ မှောင်နေပြီး နားနေခန်းနဲ့ တိုက်ရိုက်ဆက်သွယ်ထားတယ်။
မူယွန်က 'ယူအီရင်းရဲ့နားနေခန်း'လို့ ရေးထားတဲ့ တံခါးရှေ့မှာ ရပ်နေပြီး တံခါးကို အသာခေါက်လိုက်တော့ ယူအီရင်းရဲ့အသံကို မကြားရဘဲ အဲ့ဒီအစား ယူအီရင်းက အတော်စိတ်ဆိုးနေတဲ့အမူအရာနဲ့ တံခါးကို ဖွင့်ပြီး သူ့ရဲ့လက်ကို ဆွဲလာတယ်။ အဲ့ဒီလက်က ဆေးထိုးထားတဲ့လက်ဖြစ်တာကြောင့် မူယွန်ရဲ့နဖူးကြောတွေက ရှုံ့တွသွားပေမဲ့ ချက်ချင်းပြေလျော့သွားတယ်။
ယူအီရင်းက မူယွန်ရဲ့လက်ကို ကြမ်းကြမ်းတမ်းတမ်းနဲ့ဆွဲပြီး အခန်းထဲကို ခေါ်သွားတော့တာပဲ။
သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်က အများကြီးမကွာခြားပေမဲ့ မူယွန်က သေချာပေါက် ပိုထွားပါတယ်။ သူက သဘာဝဆန်တဲ့သွင်ပြင်ရှိပေမဲ့ ကျွမ်းကျင်သူတွေနဲ့ ထိန်းသိမ်းထားတဲ့ ခန္ဓာကိုယ်ကတော့ တောင့်တောင့်ဖြောင့်ဖြောင့်ရှိလှပါတယ်။
တစ်ဖက်မှာတော့ မော်ဒယ်ဘဝကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ ယူအီရင်းက တောင့်တင်းပေမဲ့ သေးသွယ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်ပါ။ မူယွန်တစ်ယောက် ဆွဲခေါ်သွားတာကို တောင့်ခံချင်ရင် တောင့်ထားနိုင်ပေမဲ့ ထိန်းမထားဘဲ ယူအီရင်း ဆွဲခေါ်သွားတဲ့အတိုင်း အခန်းထဲကို လိုက်သွားတယ်။
"ခင်ဗျားက အတူတူနေပေးဖို့ တောင်းဆိုလာရင် ကျွန်တော် နေပေးမှာပေါ့၊ ဝါသနာမပါပေမဲ့ CEO လို omega တစ်ယောက်ကိုတော့ ပွေ့ဖက်ပေးနိုင်မယ် ထင်ပါတယ်"
"အဲဲဒီနေ့ကတည်းက မလိုချင်ဘူးလို့ ပြောခဲ့တယ်လေ"
"ပြီးတော့ ခင်ဗျား ကျွန်တော့်ကို အဲ့ဒီလို စိတ်လှုပ်ရှားပြီး စိတ်ရှုပ်ထွေးနေတဲ့အကြည့်တွေနဲ့ ကြည့်တာကို ဘယ်နှကြိမ်တောင် မြင်ရဦးမှာလဲ"
မူယွန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ယူအီရင်းက သူ့ဆီကို ရန်လိုနေတဲ့အကြည့်တွေနဲ့ ချဥ်းကပ်လာတော့ ခန္ဓာကိုယ်ချင်းယှဥ်ရင် သိသိသာသာ သေးတာမလို့ မူယွန်က တွန်းထုတ်နိုင်တာပေါ့။
ဒါပေမဲ့ မူယွန်က တွန်းထုတ်ဖို့ ကြိုးစားလိုက်ပေမဲ့ အရာမထင်ကြောင်း သဘောပေါက်သွားချိန်မှာတော့ အခန်းထဲမှာ ပြည့်နေတဲ့ ယူအီရင်းရဲ့ pheromone နံ့တွေကို အနံ့ရလိုက်တယ်။
"ဒါက ကောင်းတဲ့နည်းလမ်းလို့တော့ မထင်ဘူး"
မူယွန်က အဆင်ပြေနေချင်ဟန်ဆောင်နေပေမဲ့ တကယ်တော့ စိတ်ပျက်အံ့အားသင့်နေပြီး pheromone နံ့တွေကို အခုအချိန်မှာ သူ မကိုင်တွယ်နိုင်တော့ဘူး။
"ခင်ဗျားရဲ့တားဆေးတွေက အလုပ်မဖြစ်လို့ ဝမ်းနည်းနေလား စိတ်မကောင်းပါဘူး ကျွန်တော်က dominant alpha ပဲ"
"တားဆေးတွေက မှန်ပေမဲ့ pheromone တွေ မသုံးတာ ပိုကောင်းလိမ့်မယ်၊ ခုနက မကျေနပ်ချက်တွေက..."
"အတူတူ နေတော့မှာလား မနေဘူးလား"
မူယွန်ရဲ့စကားတွေကို လျစ်လျူရှုပြီး ယူအီရင်းက အနားကို တိုးလာတော့ ဂနာမငြိမ်ဖြစ်လာပြီး ယူအီရင်းက သူ့ကို တွန်းလိုက်တာကြောင့် သားရေဆိုဖာဟောင်းပေါ်ကို လဲကျသွားတယ်။
မူယွန်က အနည်းငယ် အောက်သိုးသိုးအနံ့ရတဲ့ သားရေဆိုဖာပေါ်မှာ ထိုင်ရင်း အီရင်းကို မော့ကြည့်လိုက်တော့ ယူအီရင်းက သူ့ရဲ့မျက်လုံးတွေကို ဖောက်ထွက်မတတ်ကြည့်နေပြီး မူယွန်တစ်ယောက် စိတ်ရော ကိုယ်ပါ အရည်ပျော်ကျတော့မယ်လို့ ခံစားရတဲ့အထိ ခေါင်းအတွင်းပိုင်းထဲကနေ စူးရှတဲ့ခံစားမှုကြီး ထွက်ပေါ်လာတယ်။
မူယွန်က လည်ပင်းတွေ ခြောက်ကပ်ပြီး တံတွေးတွေက စေးကပ်ကပ်နဲ့ အမြှုပ်ထလာသလို ခံစားလိုက်ရတာကြောင့် တံတွေးအနည်းငယ် မျိုချလိုက်တယ်။ ရှူထုတ်လိုက်တဲ့ လေတွေက အနည်းငယ် အဖျားခတ်တုန်ယင်နေပြီး သူ့ရဲ့ရှေ့မှာ ရပ်နေတဲ့လူကပါ သူ့လို အခြေအနေဖြစ်နေတယ်ဆိုတာကို သိနေတယ်။
"တစ်ယောက်ယောက်က ကျွန်တော့်ကို ဖမ်းဆုပ်အသုံးချနေတာကို မုန်းတယ်"
"...အဲ့ဒါဆိုရင် ဒါက မင်းနဲ့ မသင့်လျော်တဲ့ အလုပ်ပဲ မဟုတ်ဘူးလား"
"သိတယ် အဲ့ဒါကြောင့်မလို့ ဒီလိုလုပ်ရတာ မုန်းတာပဲ"
'ဒါပေမဲ့ ဘာလို့ ဒီလိုလုပ်နေရတာလဲ'
မူယွန်က အဲ့ဒါကို သိချင်မိပေမဲ့ သိချင်စိတ်ကို အကြာကြီးထိန်းမထားနိုင်သလို ယူအီရင်းကလည်း သူ့ကို လွှတ်ပေးမဲ့ရည်ရွယ်ချက် ရှိပုံမပေါ်ဘူး။
"ကျွန်တော်နဲ့ အတူတူနေတော့မလား"
သူ့ရဲ့ခါးကို ကိုင်ထားတဲ့လက်တွေက ပိုမိုတင်းကျပ်လာပြီး နာရီက အဖိခံထားရတာကြောင့် သူ့ရဲ့လက်တွေက ပိုမိုကျပ်သိပ်လာတယ်။ ပြီးတော့ ယူအီရင်းရဲ့မျက်နှာက ပိုပြီးနီးကပ်လာတာကြောင့် သူ့ရဲ့ရင်အုပ်ကြွက်သားတွေက တင်းကျပ်လာပြီး အသည်းယားလာတယ်။ မြီးညောင်းရိုးကပါ တုန်ယင်လာပြီး မူယွန်တစ်ယောက် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း တံတွေးမျိုချလိုက်မိသလို ရလာတဲ့အနံ့ကလည်း ခုနကထက် ပိုပြင်းလာတယ်။
"မစ္စတာ ဆိုးမူယွန်"
သူ့ရဲ့နာမည်ကိုခေါ်သံက ဒီလိုမျိုးပဲ။ သူ့ရဲ့နာမည်ခေါ်သံကတောင် မူယွန့်ကို ညံ့သက်လိုစိတ်တွေ ဝင်လာစေတဲ့အထိ ယူအီရင်းရဲ့အသံက ချိုမြိန်လှတယ်။ သူ့ရဲ့အသက်ရှူလိုက်တဲ့လေက မူယွန်ရဲ့နားဖျားကို ကြင်ကြင်နာနာပွတ်သပ်နေသလိုမျိုး လာထိနေပြီး ခန္ဓာကိုယ်အပူချိန်ကို ခံစားမိလောက်အောင်အထိ သူ့ရဲ့နှုတ်ခမ်းတွေက နားဖျားဆီ ကပ်လာတယ်။
"ခင်ဗျားမမေ့နိုင်လောက်တဲ့အထိ ပွေ့ဖက်ပေးမှာမလို့ ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်"
ယူအီရင်းက သူ့ရဲ့နားထဲကို ထပ်ပြီး တိုးတိုးလေး ပြောလာပြီး လည်ပင်းရဲ့အနောက်ဘက်ကနေ ဆင်းသက်သွားတဲ့အသံကြောင့် မူယွန်က အနည်းငယ် တုန်လှုပ်သွားတယ်။ ယူအီရင်းရဲ့ အသက်ရှူသံ အနည်းငယ်ပါတဲ့ ဩရှရှ အနိမ့်သံက မူယွန်ရဲ့ခေါင်းထဲမှာ ထပ်တလဲလဲ ပဲ့တင်ထပ်နေပြီး ဆွဲဆောင်မှုက ချိုမြိန်နေရော။
'ဒီလူနဲ့ သွေးသားစပ်ယှက်လိုက်ရင် ဘယ်လို ခံစားရမှာပါလိမ့်'
မူယွန်က အဲ့ဒီမေးခွန်းကို ထပ်တွေးမိရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လူပျိုဖော်ဝင်စ အလယ်တန်းကျောင်းသားလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အတွေးတွေဝင်နေပြီး အဲ့ဒီအတွေးတွေကိုလည်း ပြည့်ဝနေစေချင်တဲ့ပုံ။
သူက မျက်လုံးကို တင်းတင်းမှိတ်ထားပြီး တစ်ခဏလောက် တဆတ်ဆတ်တုန်နေသလို ယူအီရင်းရဲ့ရယ်သွမ်းသွေးနေတဲ့ အသက်ရှူသံကိုပါ ခံစားလိုက်မိတယ်။
မူယွန်က တုန်တုန်ယင်ယင်နဲ့ သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး သူ့ရဲ့အာရုံအလုံးစုံက ယူအီရင်းဆီကိုပဲ ရောက်နေတော့ တွန်းဖယ်နေမိတယ်။ သူ့ရဲ့ပခုံးကို ကိုင်ပြီး ထိုင်ခုံကနေ ထနိုင်အောင် ခက်ခက်ခဲခဲတွန်းဖယ်နေရင်း သူ့ရဲ့စအိုတွင်းကနေ အနည်းငယ်စိုစွတ်လာတာကို ခံစားမိလိုက်တယ်။
"အရင်က ပြောခဲ့သလိုပဲ အဲ့ဒါကို ယူအီရင်းနဲ့လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး"
အဲ့ဒီစကားတွေ ဆုံးသွားတာနဲ့ မူယွန်ရဲ့အနားတစ်ဝိုက်မှာ ဖြန့်ကြက်ထားတဲ့ ယူအီရင်းရဲ့အနံ့တွေက ချက်ချင်းပျောက်ကွယ်သွားတာက ခုနကဖြစ်ခဲ့တဲ့အရာတွေက အိပ်မက်တွေအလား။
အနံ့ပျောက်သွားတာနဲ့ အနည်းငယ် စိတ်သက်သာရာရသွားပြီး တုန်ယင်နေတဲ့ခြေထောက်တွေက အားပြန်ပြည့်လာသလိုပင်။
ဒါပေမဲ့ ယူအီရင်းက သည်းမခံနိုင်တော့သလို မျက်မှောင်တွေကြုတ်ပြီး မူယွန်ထိုင်နေတဲ့ ဆိုဖာပေါ်ကို လှဲချလိုက်တယ်။ နဖူးကို ဖိကိုင်ထားရင်း သက်ပြင်းချလိုက်တော့ မူယွန်က ယူအီရင်းကို ငုံ့ကြည့်လိုက်တယ်။
"CEO ဆိုး"
"ခုနတုန်းကလို ဆိုးမူယွန်လို့ခေါ်တာကို သဘောကျတယ်"
"အမုန်းဆုံးအရာက တစ်ယောက်ယောက်က ကျွန်တော့်ကို ကစားနေတယ်လို့ ခံစားရတာကိုပဲ"
"အဲဲဒီလိုလား"
"ဒါပေမဲ့ အခု ခင်ဗျားက ကျွန်တော့်ကို ကစားနေတယ်လို့ ခံစားနေရတယ်"
"မဟုတ်ပါဘူး"
"ခင်ဗျားဘက်က မဟုတ်တာက အရေးကြီးလို့လား သောက်ကျိုးနည်း ကျွန်တော် ခံစားနေရတာကို ပြောတာလေ"
သူက အဲ့ဒီလို ပြောပြီးတဲ့နောက် အိတ်ကပ်ထဲကို လှန်လှောရှာဖွေပြီး စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်တယ်။ "အတူတူမနေချင်ရင် ဘာလို့ ဒီလို သောက်ရေးမပါတာတွေ လုပ်နေသေးလဲ" ဆိုတဲ့ ညည်းညူသံက မူယွန့်ကို အနည်းငယ် ရယ်စေမိပြီး အပန်းပြေစေလောက်တဲ့အထိ မကျေနပ်ချက်တွေအပြည့် ပါဝင်နေပါတယ်။
ဖြူဖွေးနေတဲ့ ယူအီရင်းရဲ့လက်ထဲမှာ ခပ်သေးသေးအဖြူရောင်စီးကရက်ကို ကိုင်ထားရင်း အဲ့ဒါကို မီးညှိဖို့ မီးခြစ်ကို အိတ်ထဲမှာ လှန်လှောရှာဖွေနေပြန်တယ်။ သူ့ရဲ့ပါးတွေက ချိုင့်ဝင်သွားပြီး စီးကရက်ထိပ်ကလည်း မီးစွဲသွားတယ်။
"အဲဲ့ဒါဆိုရင် တကယ်ပဲ ကျွန်တော်နဲ့ အတူတူမနေချင်ဘူးလား"
"အခုကတော့.... အဲ့ဒိီလိုပဲ"
"အခုကတော့ ဆိုတာ ဘာသဘောလဲ၊ အဲ့ဒီလိုပဲ ဆိုတာကရော"
သူက မယုံကြည်နိုင်စွာနဲ့ ရယ်လာပြီး စီးကရက်ငွေ့တွေကို မှုတ်ထုတ်လိုက်တော့ ဘေးမှာထိုင်နေတဲ့ မူယွန်က သူ့ရဲ့နှုတ်ခမ်းပါးရဲရဲလေးတွေဆီကနေ ပျံ့လွင့်လာတဲ့ စီးကရက်ငွေ့တွေကို ကြည့်နေမိတယ်။ ယူအီရင်းက ရိုက်ကူးရေးအတွက် မိတ်ကပ်ထူထူလိမ်းထားပေမဲ့ အဲ့ဒါက သူနဲ့လိုက်ဖက်နေပြန်တယ်။
ယူအီရင်းက စီးကရက်ကို နောက်ထပ်တစ်ရှိုက်ရှူသွင်းပြီး မူယွန်ရဲ့မျက်နှာဆီကို မှုတ်ထုတ်လိုက်တော့ မူယွန်က အများကြီး မတုံ့ပြန်လာပေမဲ့ ပျော်နေပုံပါပဲ။
"အဲဲ့ဒါဆိုရင် ခင်ဗျားက ကျွန်တော်နဲ့ အတူတူမအိပ်ချင်ဘဲ ဘာလို့ ဒီနေရာကို ဆွဲခေါ်လာပြန်တာလဲ၊ ကျွန်တော်က CEOဆိုးကို အများကြီးသဘောမကျဘူးဆိုတာ သိသင့်တာကို မသိဘူးလား"
"ငါ တကယ်ပဲ တစ်ပုံစံတည်းဖြစ်နေတဲ့ရိုက်ကူးရေးတွေကို သဘောမကျဘူး"
"ကျွန်တော့်ရဲ့သရုပ်ဆောင်ချက်ကို မကောင်းဘူးထင်လို့လား အဲ့ဒီကနေ အသက်မွေးဝမ်းကျောင်းပြုနေတာနော်"
"မဟုတ်ဘူး အဲ့ဒါထက်....."
"အဲဲ့ဒါထက် ဘာဖြစ်လဲ"
"အဲဲ့ဒါက မင်းရဲ့တကယ့်ပုံစံအစစ်အမှန်လောက် မလှဘူး၊ အဲ့ဒါက မင်းရဲ့အလှတရားကို မပေါ်လွင်စေဘူး"
ယူအီရင်းရဲ့မျက်ဝန်းတွေက ခဏလောက်ပြူးကျယ်သွားပြီး မူယွန်က အကြည့်တွေကို မရှောင်ရှားဘဲ ယူအီရင်းကို ကြည့်နေမိသလို ယူအီရင်းကလည်း အော်မရယ်မိခင်အထိ မူယွန့်ကို အချိန်အတော်ကြာ ပြန်ကြည့်နေခဲ့တယ်။
သူက အရမ်းရယ်ရသလိုမျိုး ဗိုက်ကို ဖိပြီးတော့တောင် ရယ်နေပြီး ဆေးလိပ်မီးကို အမြန်ငြှိမ်းပစ်လိုက်တယ်။ သူက ကုပ်ကုပ်လေးနဲ့ ဗိုက်ကိုဖိပြီး တခစ်ခစ််မောရင်း အသက်ရှူထုတ်လိုက်တယ်။
ယူအီရင်းရဲ့ရယ်သံကြောင့် ပျာယာခတ်သွားတဲ့မူယွန်က အနည်းငယ် လှည့်လာသလို အသက်ရှူဝအောင် ကုပ်ကုပ်လေးနေနေတဲ့ ယူအီရင်းကလည်း မူယွန့်ကို မြင်ရအောင် ခေါင်းကို ပြန်လှည့်လာတယ်။
"တကယ်ပဲ အဲ့ဒီအကြောင်းပြချက်လား တကယ်လား"
"...ဟုတ်တယ်"
'အဲဲဒါက မထူးဆန်းလွန်းဘူးလား'
အဲ့ဒါက အရမ်းရယ်ရတဲ့ပုံပေါ်ပြီး ယူအီရင်းက နည်းနည်းပိုရယ်ထားတာကြောင့် ထွက်လာတဲ့ မျက်လုံးတစ်ဝိုက်က မျက်ရည်တွေကို သုတ်လိုက်ပြီး မတ်တတ်ရပ်ရင်း မူယွန့်ဆီကို လက်ကမ်းလာတယ်။ မူယွန်က ဘာကိုဆိုလိုတာလဲ မသိတာကြောင့် သူ့ရဲ့ရှေ့က ယူအီရင်းကိုတစ်လှည့် လှမ်းထားတဲ့လက်ကိုတစ်လှည့် ကြည့်နေမိတယ်။
"ခင်ဗျားရဲ့ဖုန်းပေး"
"ဖုန်းက ငါ့ဆီမှာ မရှိဘူး"
"ကိုယ့်ဖုန်းကိုတောင် မသယ်ဘူးလား"
"ငါက အချိန်ဇယားတွေကို စီမံရသေးတာမလို့ မလိုအပ်တဲ့ ရုတ်တရက်ချိန်းဆိုမှုတွေ မဖြစ်လာအောင် သတိထားတဲ့သဘောပါပဲ"
"ကျွန်တော့်ကို ဓာတ်ပုံရိုက်ဖို့ အတင်းဆွဲခေါ်ပြီး ဒီနေရာထိ ရောက်လာစေတဲ့ လူလိုမျိုးလား"
"ဟင်း ဟင်း အင်း ငါလည်း လူတစ်ယောက်ပဲလေ ဒါကြောင့်... တစ်ခါတလေတော့ ရှိတာပေါ့"
"အဲဲ့ဒါဆိုရင် ခင်ဗျားမှာ ကိုယ်ပိုင်နံပါတ် မရှိဘူးပေါ့"
မူယွန်က ပခုံးတွန့်ပြလိုက်တော့ ယူအီရင်းက အရှုံးပေးလိုက်သလိုမျိုး လက်ကို ပြန်ရုတ်လိုက်တယ်။
သူက အိတ်ကပ်ထဲကို လက်ထည့်လိုက်ပြီး မူယွန်ကို တစ်လှည့် နားနေခန်းတံခါးကိုတစ်လှည့် ကြည့်နေတယ်။
"ကျွန်တော် သွားပြီ"
"စိတ်ဆိုးပြေသွားပြီလား"
"အင်း... အကြောင်းပြချက်ကို သဘောကျတယ်၊ အရင်တစ်ခေါက်က တကယ်ကို ဆိုးပေမဲ့ ဒီတစ်ခေါက်ကတော့ ဆိုးတယ်ဆိုရုံပါပဲ"
အဲ့ဒီနောက် သူက တံခါးနားကို ရောက်သွားကာ တံခါးဖွင့်လိုက်ပြီး မူယွန်ကို ပြန်ကြည့်လာတော့ မူယွန်ကလည်း ထိုင်ခုံကနေထပြီး သူဖွင့်ထားတဲ့တံခါးကနေ ထွက်သွားဖို့ ကြိုးစားလိုက်တယ်။
ပြီးတော့ သူထွက်သွားတော့မဲ့အချိန်မှာ ယူအီရင်းက မူယွန်ရဲ့ပခုံးကို ဆွဲတားလိုက်ပြီး သူ့ကို ပြုံးပြလာတာက အရမ်းနီးကပ်လွန်းတာကြောင့် မူယွန်ရဲ့နှလုံးသားလေး ပြုတ်ကျသွားတော့မလိုပါပဲ။
"အတူအိပ်ဖို့ ကမ်းလှမ်းချက်က တရားဝင်သေးတယ်နော်"
***
Swara Web Novel Translation
[ Zawgyi ]
"တောင်းပန်ပါတယ်"
"ဘာကို...."
***
ဟုတ်တယ် သူမြင်ချင်တဲ့ သက်ဝင်နေတဲ့မျက်နှာထားပဲ။ ယူအီရင်းကို မြင်တာနဲ့ အပေါ်ကို ကွေးတက်တော့မလိုဖြစ်သွားတဲ့ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကို မူယွန်က ပြန်တည်ထားလိုက်တယ်။
" ဒါက ဘယ်လို ဟာသမျိုးလဲ....."
" ဒါပေမဲ့ sir.."
"CEO"
"ဆေး"
"အဲဒီနေ့ကတည်းက မလိုချင်ဘူးလို့ ပြောခဲ့တယ်လေ"
"မစ္စတာ ဆိုးမူယွန်"
"CEO ဆိုး"
"အဲဒီလိုလား"
"မဟုတ်ပါဘူး"
"အဲ့ဒါဆိုရင် တကယ်ပဲ ကျွန်တော်နဲ့ အတူတူမနေချင်ဘူးလား"
"အခုကတော့.... အဲ့ဒီလိုပဲ"
"အဲ့ဒါဆိုရင် ခင်ဗျားက ကျွန်တော်နဲ့ အတူတူမအိပ်ချင်ဘဲ ဘာလို့ ဒီနေရာကို ဆွဲခေါ်လာပြန်တာလဲ၊ ကျွန်တော်က CEOဆိုးကို အများကြီးသဘောမကျဘူးဆိုတာ သိသင့်တာကို မသိဘူးလား"
"မဟုတ်ဘူး အဲ့ဒါထက်....."
"အဲ့ဒါထက် ဘာဖြစ်လဲ"
"အဲ့ဒါက မင်းရဲ့တကယ့်ပုံစံအစစ်အမှန်လောက် မလှဘူး၊ အဲ့ဒါက မင်းရဲ့အလှတရားကို မပေါ်လွင်စေဘူး"
"...ဟုတ်တယ်"
'အဲဒါက မထူးဆန်းလွန်းဘူးလား'
"ခင်ဗျားရဲ့ဖုန်းပေး"
"အဲ့ဒါဆိုရင် ခင်ဗျားမှာ ကိုယ်ပိုင်နံပါတ် မရှိဘူးပေါ့"
"ကျွန်တော် သွားပြီ"
***
Continue Reading
You'll Also Like
1.3M 46.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
451K 23.4K 51
321K 31.6K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...
1.5M 64.2K 75
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...